အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ကျန်းခံ့သာလို့ မာပါစ

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားက တကယ်ကို မှန်ပါတယ်။ ကျန်းမာရေးက အဖိုးဖြတ်လို့မရတဲ့ အရာတစ်ခုပါ။ ငွေပေးဝယ်လို့မရသလို လက်ဆောင်အနေနဲ့ လက်ခံဖို့လည်း မဖြစ်နိုင်ပါဘူး။ ရောဂါ တစ်ခုခု ဖြစ်တဲ့အခါ ကုသလို့ ရပေမယ့် အကောင်းပကတိ ဖြစ်ဖို့ကတော့ မလွယ်ကူပါဘူး။ ဒီတော့ ကျန်းမာရေးကို နေ့စဉ်မပြတ် စောင့်ကြည့်ဖို့ လိုပါမယ်။ ဒီတော့ ကိုယ်တိုင် ကျန်းမာရဲ့လား ဆိုတာကို ဘယ်လို ဆန်းစစ်ရမယ်လို့ သိလား။ မသိဘူးဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ကျန်းခံ့သာလို့ မာပါစ ကိုယ့်ကျန်းမာရေး အခြေအနေကို ကိုယ်တိုင် ဆန်းစစ်ကြည့်ရအောင်လား........... ကျန်းမာသန်စွမ်းတဲ့ ဆံသားတွေရှိမယ် ဆံပင်တွေက ခြောက်သွေ့တာ၊ ကျိုးပျက်တာ၊ ကြမ်းတမ်းတာမျိုး မရှိဘူး။ ဆံပင်တွေလည်း တအား မကျွတ်ဘူးဆိုရင် ကျန်းမာသန်စွမ်းတဲ့ ဆံသားလို့ ပြောလို့ရပါတယ်။ ဆံပင်က ပါးမနေဘဲ။ ချောမွေ့မယ်။ နက်မှောင် သန်စွမ်းတယ်ဆိုရင် ဒါဟာ စိတ်ဖိစီးမှု […]


အခြေခံကျန်းမာရေး

အိမ်မွေးတိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ရောဂါပိုးကနေ ဘယ်လိုကာကွယ်ပေးမလဲ

ခွေးရူးပြန်ရောဂါပိုးက လူတွေအတွက်ပဲ အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ အိမ်မှာမွေးထားတဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေ အတွက်လည်း အရေးကြီးပါတယ်။ လူတွေမှာ ကူးစက်ခံရရင် အသေအပျောက်များသလိုပဲ သူတို့လေးတွေမှာလည်း ကုစရာ ဆေးမရှိဘဲ သေတတ်ပါတယ်။ ဒါကြောင့် အိမ်မှာ မွေးထားတဲ့ ချစ်စရာကောင်လေးတွေကိုလည်း ခွေးရူးရောဂါကနေ ကာကွယ်ပေးဖို့လိုပါတယ်။ ခွေးရူးရောဂါပိုးကနေ ဘယ်လိုကာကွယ်ပေးကြမလဲ။ ကာကွယ်ဆေးထိုးပေးပါ။ လူတွေပဲ ခွေးရူးကာကွယ်ဆေးထိုးလို့ရတာ မဟုတ်ပါဘူး။ သူတို့လေးတွေလည်း ထိုးလို့ရပါတယ်။ အိမ်မွေးခြံပေါက်ဆိုရင်တော့ မွေးပြီး ၃လအရွယ် (ကြောင်လေးတွေဆို ၂လလို့ပြောပါတယ်။ အသေးစိတ်ကို တိရစ္ဆာန်အထူးကုဆရာဝန်နဲ့ တိုင်ပင်ပါ)ဆို စထိုးပေးလို့ရပါပြီ။ တစ်နှစ်ကို တစ်ခါထိုးရပါတယ်။  ခွေးဖြစ်ဖြစ် ကြောင်ဖြစ်ဖြစ်ပါ။ ပြီးရင်နှစ်တိုင်း booster doseလို့ ခေါ်တဲ့ ထပ်ဆောင်းကာကွယ်ဆေး ထပ်ထိုးပေးရပါတယ်။ ခုမှ အပြင်က ဝယ်မွေးမယ်ဆိုရင်လည်း ကာကွယ်ဆေးထိုးထားလား။ မေးကြည့်ပါ။ မထိုးရသေးရင် ထိုးပေးလိုက်ပါ။ ထိုးပြီး ၂၈ရက်နေရင် […]


အခြေခံကျန်းမာရေး

ပရိုတင်းချို့တဲ့မှု၏ လက္ခဏာများ

ပရိုတင်းဟာ သင့်ခန္ဓာကိုယ်ကြွက်သားများ၊ တစ်ရှူးများအတွက် အခြေခံအဆောက်အဦဖြစ်တဲ့အပြင် အင်ဇိုင်းများ၊ ဟော်မုန်းများအနေနဲ့လည်း အရေးကြီးလုပ်ငန်းတာဝန်တွေ ထမ်းဆောင်ပေးပါတယ်။ အစားအစာအားလုံးလိုလိုမှာ ပရိုတင်းဓာတ် ပါဝင်တတ်ပါတယ်။ အထူးသဖြင့် အသားငါးနဲ့ ပဲအမျိုးမျိုးမှာ ဖြစ်ပါတယ်။ ပရိုတင်းဓာတ်ဟာ လူ့ကိုယ်ခန္ဓာရဲ့ အခြေခံဖြစ်တာမို့ ပရိုတင်းချို့တဲ့ရင် ကျန်းမာရေးကို ထိခိုက်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ ပရိုတင်းချို့တဲ့ရင် ဖြစ်တတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဖောရောင်ခြင်း လူ့သွေးထဲမှာ အယ်လ်ဗျူမင်လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးရှိပါတယ်။ အယ်လ်ဗျူမင်ဟာ သွေးကြောတွေထဲမှာ ရေဓာတ် ကိုထိန်းသိမ်းပေးပြီး တစ်ရှူးများအပါအဝင် အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းများဆီ ရေတွေသွားမစုအောင် ကာကွယ်ပေးပါတယ်။ အယ်လ်ဗျူမင်နည်းသွားချိန်မှာတော့ အဆိုပါ ဟန်ချက်ညီမှုကို ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ဘဲ အရည်များလည်း တစ်ရှူးများဆီရောက်သွားတာမို့ ခြေလက်များ ဖောရောင်ခြင်း၊ ရေဖျဉ်းစွဲခြင်း စတဲ့ပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အသည်းအဆီဖုံးခြင်း အသည်းမှာ အဆီများ လိုတာထက်ပိုပြီး စုဝေးလာခြင်းဖြစ်ပါတယ်။ မကာကွယ်မကုသဘဲထားရင် အသည်းရောဂါအထိ ဖြစ်သွားနိုင်ပါတယ်။ အသည်းအဆီဖုံးခြင်းကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသားစိမ်းတွေကို တာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ

ခုခေတ် အိမ်ရှင်မတွေထဲမှာ နေ့တိုင်းစျေးသွားပြီး ချက်ပြုတ်စားသောက်တဲ့သူ အတော်ကိုနည်းသွားပါပြီ။ အိမ်အလုပ်က တစ်ဖက်၊ အခြားအပြင်အလုပ်ကတစ်ဖက် တွဲပြီးလုပ်လာကြတဲ့သူ များလာတာကြောင့် ရေခဲသေတ္တာ ဆိုတာ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက် အဆင်အပြေဆုံး ပစ္စည်းသိမ်းဆည်းစရာ နေရာဖြစ်လာပါပြီ။ ဒါပေမယ့် ရေခဲသေတ္တာထဲမှာ စားစရာတွေကို သေချာမသိမ်းထားတတ်ရင် ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ အများကြီးသက်ရောက်နိုင်ပါတယ်။ အရေးအကြီးဆုံးကတော့ အသားစိမ်းတွေပေါ့။ အသားစိမ်း၊ ငါးစိမ်းဆိုတာ ဘက်တီးရီးယားတွေ အပြည့်ဖြစ်နေတတ်လို့ သေချာမသိမ်းထားရင် ရေခဲသေတ္တာဆိုတာ ဘက်တီးရီးယားတို့ ပေါက်ဖွားရာ အသိုက်အမြုံကြီး ဖြစ်သွားနိုင်ပါတယ်။ အသားစိမ်းတွေကို တာရှည်ခံအောင် ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းထားသင့်လဲ ရေခဲသေတ္တာထဲ ထည့်ထားလို့ အသားငါးတွေ လုံးဝပုပ်မသွားနိုင်ဘူးဆိုတဲ့ အယူအဆကလည်း မှားနေတဲ့အရာတစ်ခုပါ။ ရေခဲသေတ္တာထဲ ဘယ်လောက်ထည့်ထည့် အသားတွေမှာလည်း သက်တမ်းကုန်ဆုံးရက်ရှိပါတယ်။ ဒီတော့ အသားငါးတွေကို ရေခဲသေတ္တာထဲ ဘယ်လိုသိမ်းဆည်းမလဲ၊ ဘယ်လောက်တာရှည်ခံနိုင်မလဲဆိုတာ အိမ်တစ်အိမ်ရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးတာဝန်ယူထားတဲ့ […]


အခြေခံကျန်းမာရေး

သကြားဓာတ်များလွန်းခြင်း၏ ဆိုးကျိုးများ

ယနေ့အစားအစာတွေမှာ သကြားဓာတ်ဟာ အတွေ့ရများတဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အဆင့်ဆင့်ပြုပြင်ထားတဲ့ အစားအစာများ၊ အသင့်စားသရေစာများကို ထုတ်လုပ်မှုမြင့်တက်လာတာနဲ့အမျှ သကြားသုံးစွဲမှုလည်း များပြားလာပါတယ်။ သကြားဓာတ်ဟာ ကိုယ်ခန္ဓာ စွမ်းအင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပေမယ့် သုံးစွဲမှုလွန်ကဲလာရင်လည်း ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြပေးမှာကတော့ သကြားဓာတ်လွန်ကဲရင် တွေ့နိုင်မယ့် ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။ ၁။ ကိုယ်အလေးချိန်မြင့်တက်ခြင်း စားသောက်ဖွယ်ရာတွေကို အချိုဓာတ်များပြီး စားကောင်းအောင် ပြင်ဆင်လာတာနဲ့အမျှ ကိုယ်အလေးချိန်တိုးခြင်း၊ အဝလွန်ခြင်း စတဲ့ပြဿနာတွေ ကြုံလာရပါတယ်။ ဆိုဒါ၊ အသီးဖျော်ရည်၊ ကော်ဖီလက်ဖက်ရည် စတာတွေနဲ့ အသင့်စားသရေစာတွေမှာ ပါဝင်တဲ့ သကြားဟာ ဖရက်တို့စ်အမျိုးအစားဖြစ်ပြီး ဂလူးကို့စ်သကြားထက်စာရင် ဆာလောင်မှုနဲ့ စားသောက်ချင်စိတ်ကို ပိုမိုဖြစ်ပေါ်စေပါတယ်။ ဗိုက်ပြည့်ပြီး စားသောက်ချင်စိတ်ကို ရပ်စေတဲ့ leptin ဟော်မုန်းကိုလည်း အာနိသင်မတိုးဘဲ ဖြစ်စေပါတယ်။ ဒါကြောင့် အချိုစာများဟာ အစာကို ပိုမိုစားသောက်ချင်စိတ်ဖြစ်စေပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Endocrine System (ဟော်မုန်းစနစ်)မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်များ

Endocrine System ကို ဂလင်း များစွာနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ ဒီတစ်ခေါက်တော့ Endocrine System မှာပါဝင်တဲ့ ဂလင်းတွေနဲ့ သူတို့ရဲ့ တာဝန်တွေက ဘာတွေလဲ၊ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို တာဝန်ယူပေးထားလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ တူတူ ဖတ်ကြည့်လိုက်ရအောင်လား။ ဘယ်ဂလင်းတွေ ဘယ်နေရာမှာရှိလဲ ........... Endocrine System မှာပါတဲ့ ဂလင်းတွေထဲက hypothalamus၊ pituitary ဂလင်း နဲ့ pineal ဂလင်းတို့က ဦးနှောက်ထဲမှာ နေရာယူထားပါတယ်။ သိုင်းရွိုက် ဂလင်း နဲ့ parathyroid ဂလင်းတို့ကတော့ လည်ပင်းမှာ နေရာယူ ထားပါတယ်။ thymus ဂလင်းကတော့ ရင်ညွန့်ရိုး ရှေ့မှာပါ။ adrenals ဂလင်းကတော့ ကျောက်ကပ် အထက်ပိုင်းနားလေးမှာပါ။ ပန်ကရိယကတော့ အစာအိမ်ရဲ့ နောက်ဘက်နားလေးမှာပါ။ အမျိုးသမီးတွေမှာ သားဥအိမ်က တင်ပါးဆုံပိုင်းမှာပါ။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ

မကြာခဏ ဖျားနာတာမျိုး မရှိဘူးဆိုရင်တော့ သင်ဟာ ကံကောင်းသူ တစ်ဦးလို့ ဆိုရပါမယ်။ အထူးသဖြင့် အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး  ပြဿနာများ ကို ကောင်းကောင်းကာကွယ်ထားနေနိုင်တာပါ။ အလုပ်ခွင်ဆိုတာ များသောအားဖြင့် အလုံပိတ်အခန်း၊ လူစုလူဝေးနဲ့ နေကြတာဆိုတော့ ရောဂါပိုးတွေ ကူးစက်လွယ်ပြီး ဖျားနာလွယ်ပါတယ်။ ဒါတွေအပြင် တစ်ချိန်ကုန် အလုပ်လုပ် နေရတာကြောင့် နဲ့ အလုပ်ဖိအားတွေကြောင့် ခံစားရနိုင်တဲ့ တခြားကျန်းမာရေးပြဿနာတွေလည်း ရှိနေနိုင်ပါတယ်။ အလုပ်ခွင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး ပြဿနာများ တစ်နေ့တာမှာ ၈ နာရီလောက် အလုပ်လုပ်နေရတဲ့ အလုပ်ခွင်မှာ အလုပ်လုပ်ရင်းကနေ အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ တုပ်ကွေး တုပ်ကွေးက ကူးစက်လွယ်တဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပါ။ လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ယောက်မှာ ဖြစ်နေပြီဆိုရင် အခြားသူတွေဆီကို အလျင်အမြန် ကူးစက်နိုင်ပါတယ်။ ရုံးမှာရှိတဲ့ အများသုံး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေး ပြဿနာ

အလုပ်ခွင်တွေထဲမှာ အလုပ်မှ အလုပ်ဆိုပြီး လုပ်နေတတ်တဲ့ အလုပ်သရဲလေးတွေ ရှိတတ်ကြပါတယ်။ မြင်ဖူးကြတယ်ဟုတ်။  ဒါမှမဟုတ် ကိုယ်တိုင်ကရော အလုပ်မှ အလုပ် ဖြစ်နေတဲ့ အလုပ်သရဲလေးများလား။ ဟုတ်နေပြီဆိုရင်တော့ ဒီ ကျန်းမာရေး ပြဿနာလေးတွေ ခံစားရနိုင်လို့ ဂရုစိုက် ကာကွယ်ဖို့ ပြောပါရစေ။ အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ ရုံးရောက်တဲ့ မနက်ခင်းကစလို့ ရုံးပြန်ချိန်အထိ အလုပ်မှ အလုပ် လုပ်နေသူတွေမှာ အလုပ်တွေ ပြီးတယ်ဆိုတဲ့ ခံစားချက်က ပျော်စရာအတိ ဆိုပေမယ့် ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာတွေကလည်း ရှိနေတယ် ဆိုတာ မမေ့စေချင်ပါဘူး။ အထူးသဖြင့် ဒီလို ပြဿနာတွေပါ။ အလုပ်သရဲလေးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ တွေကို အတူတူ ကြည့်လိုက်ရအောင်နော်။ အစားပုံမှန် မစားဖြစ်တာ အလုပ် မပြီးမှာစိုးပြီး အလုပ်ကို ဆက်တိုက်လုပ်နေရင်းက အစားစားချိန် ကျော်သွားတာမျိုး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ကျန်းမာရေးအတွက် ရိုးရှင်းလှတဲ့အချက် ၅ ချက်ကိုလိုက်နာပါ

ကျန်းမာရေး ကောင်းဖို့ဟာ လူတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းမှ တခြားလူမှုစီးပွားရေးကိစ္စတွေကို အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ရောဂါဘယကင်းဝေးပြီး ကျန်းမာရေးကောင်းဖို့အတွက်ဆိုရင် ရောဂါဖြစ်မှကုသတာထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်ပါတယ်။ အထူးသဖြင့် နေထိုင်မှုပုံစံ (Lifestyle) ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေဖြစ်အောင် နေထိုင်ကျင့်သုံးသင့်ပါတယ်။ ယခုဖော်ပြပေးမှာကတော့ သင့်ကျန်းမာရေးကို အထောက်အကူပြုမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ အဆိုပါနည်းလမ်းတွေဟာ ရိုးရှင်းသလောက် လိုက်နာရင်လိုက်နာသလို သင့်အတွက် အကျိုးရှိမှာပဲ ဖြစ်ပါတယ်။ ၁။ သင့်ကိုယ်ခန္ဓာကို အဆိပ်အတောက်တွေ မပေးပါနဲ့ လူအများစုဟာ အဆိပ်အတေက်တွေကို မကောင်းမှန်းသိလျက်နဲ့ ကိုယ်ခန္ဓာအတွက် သုံးစွဲနေကြပါတယ်။ ဥပမာပေးရရင် ဆေးလိပ်စီးကရက်၊ အရက်၊ မူးယစ်ဆေး စတာတွေပဲ ဖြစ်ပါတယ်။ အဆိုပါ အဆိပ်အတောက်များဟာ စတင်သုံးစွဲမိတာနဲ့ နောက်ပိုင်းမှာ မသုံးစွဲရရင်မနေနိုင်အောင် ဖြစ်စေတာမို့ စတင်ခြင်းမပြုအပ်တဲ့ အရာတွေပါပဲ။ ခြွင်းချက်အနေနဲ့ အယ်လ်ကိုဟောကတော့ အတိုင်းအတာတခုအထိ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေကူးကန်ထဲ ရှူးမပေါက်ချပါနဲ့

မြင်ဖူးကြမှာပါ။ “ရေကူးကန်ထဲ အပေါ့မသွားရ” ဆိုပြီး ရေးထားတဲ့ ဆိုင်းဘုတ်လေးတွေ။ ဒါပေမဲ့ တော်တော်များများတော့ အလေးမထားဘဲ ကိစ္စက ထိပ်ဝရောက်လာတဲ့အခါမျိုးတွေမှာ ပေါက်ချလိုက်လေ့ရှိပါတယ်။ ဒါက ရေကူးကန်ကို ညစ်ပတ်စေရုံမက ရေကူးကန်ထဲက လူတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရစေနိုင်ပါတယ်နော်။ ဒါဆို ရေကူးကန်ထဲ အပေါ့စွန့်မိရင် ဘာတွေ ဖြစ်တတ်လဲ။ ဆီးတင်မက ကျွန်တော်တို့ ခန္ဓာကိုယ်ပေါ်က မိတ်ကပ်၊ ချိုင်းချွေးနံ့ပျောက်ဆေး၊ နေရောင်ကာ လိမ်းဆေးတွေနဲ့ ချွေးထဲမှာ ပါဝင်တဲ့ နိုက်ထရိုဂျင်ဟာ ကလိုရင်းနဲ့ ဓာတ်ပြုပြီး အဆိပ်အတောက် ဖြစ်စေတဲ့ chloramines ဆိုတဲ့ ဓာတ်ကို ထုတ်ပေးပါတယ်။ ဒီဓာတ်ဟာ မျက်လုံး နဲ့ အရေပြားကို ယားယံစေပြီး အသက်ရှူရခက်ခဲတာတွေဖြစ်စေပါတယ်။ ဘယ်ရေကူးကန်ကိုမဆို E.coli ၊ Giardia နဲ့ Salmonella တို့လို ပိုးလေးတွေ ရောက်ရောက်လာလေ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း