အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ရဲ့ဇနီးဟာ ခွဲစိတ်ကုသမှုမပါဝင်သော မျက်နှာအသားအရေ တင်းရင်းအောင် ပင့်တင်ခြင်းကို ပြည့်စုံစွာ ကုသမှု ခံယူပြီးတဲ့အခါ ပြန်ကောင်းလာအောင် ဘယ်လိုကူညီရမလဲ။

သင့်ရဲ့ဇနီးဟာ ခွဲစိတ်ကုသမှုမပါသော မျက်နှာအသားအရေ တင်းရင်းအောင် ပင့်တင်ခြင်းကို ပြည့်စုံစွာ ကုသမှု ခံယူပြီးတဲ့အခါ ပြန်ကောင်းလာအောင် ဘယ်လိုကူညီရမလဲ။   သင့်ဇနီးရဲ့ အိမ်အလုပ်တွေကို ကူညီပြီး လုပ်ပေးပါ ခွဲစိတ်ကုသမှု မပါသော မျက်နှာအသားအရေ တင်းရင်းအောင်ပင့်တင်ခြင်း ၏ ဘေးထွက်ဆိုးကျိုးအချို့မှာ အောက်ပါတို့ပါဝင်နိုင်ပါတယ်။ သွေးခြည်ဥခြင်း၊ ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ အဖုဖြစ်ခြင်းနှင့် မျက်နှာပြင်နှစ်ဖက် မညီခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူမရဲ့ နေ့စဉ်အိမ်အလုပ်တွေကို သင်ဟာ ကူလုပ်ပေးသင့်ပြီး ကုသမှု ခံယူပြီးတဲ့နောက် ကောင်းကောင်းအနားယူဖို့ရာ အကြံပေးသင့်ပါတယ်။ သွေးခြည်ဥနေတဲ့ နေရာတွေကို အေးမြအောင် ပြုလုပ်ပေးပါ။ ရောင်ရမ်းခြင်း ၊နီရဲခြင်း နှင့် ယားယံခြင်းတို့ဟာ အဆီများအရည်ပျော်ခြင်းကြောင့် ဖြစ်လာပြီး အချိန်တိုတွင်း ပျောက်သွားနိုင်ပါတယ်။ သို့သော် သွေးခြည်ဥခြင်းကို လျော့ကျစေရန် ရေခဲဝတ်ကပ်ပေးခြင်း အားဖြင့် သူမကို ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် Andol ၊ Acetasol […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင့်ရဲ့အရေပြားမှာ အနာကိုအကျက်မြန်စေတဲ့ အစားအသောက်များ

လူတိုင်းဟာ သူတို့ရဲ့ဘဝမှာ အကြောင်းအရင်းများစွာကြောင့် ဒဏ်ရာရလေ့ရှိပါတယ်။ ကျွန်ုပ်တို့ ဘယ်လိုပဲဂရုစိုက်စိုက် ဒါကိုရှောင်ရှားနိုင်တဲ့ သူဆိုတာမရှိပါဘူး။ သင့်ရဲ့ဒီလိုဖြစ်လာတဲ့အနာတရတွေကို သန့်သန့် ရှင်းရှင်းထားခြင်း၊ ပိုးမဝင်အောင် ကာကွယ်ထားခြင်း သို့မဟုတ် ပိုဆိုးလာတဲ့ အနာတွေကို ဆေးဝါးကုသမှုခံယူခြင်း စတာတွေကို ပြုလုပ်ပေးရပါမယ်။ ဒါ့အပြင် သင့်ရဲ့ ဒဏ်ရာပိုပြီးမြန်မြန်ကျက်ဖို့ရာ လိုအပ်တဲ့ အာဟာရဓါတ်ကို သဘာဝအတိုင်း များလာစေဖို့အတွက် အစားအစာတွေရဲ့ အခန်းကဏ္ဍ ဟာလည်းအရေးကြီးတဲ့ နေရာမှာပါဝင်တယ်ဆိုတာ သင်သိပါသလား။ ဒီမှာ သင့်အတွက် နည်းလမ်းကောင်းလေးတွေ ညွှန်ပေးထားပါတယ်။   ဗီတာမင်စီဓါတ် ကြွယ်ဝသော အစားအသောက်များ ဗီတာမင်စီဓါတ်များစွာ ပါဝင်တဲ့အစားအသောက်တွေဟာ သင်နေ့စဉ်စားတဲ့ အစားအစာထဲမှာ ဖြည့်စွက်ဖို့လိုအပ်တဲ့ အရာတစ်ခုအဖြစ် ပါဝင်ပါတယ်။ ဗီတာမင်စီဓါတ်ရဲ့ အကူအညီနှင့် သင့်ရဲ့အနာတွေကို ကျက်ဖို့ရာ အချိန်အနည်းငယ်သာ လိုအပ်စေပြီး အရေပြားအလွှာသစ်ဖြစ်စေမယ့် ကော်လဂျင်ဓါတ် ဖန်တီးပေးရာမှာလည်း ကူညီပေးနိုင်ပါတယ်။ အသားဓါတ်ဟာ ကော်လဂျင်ကို […]


အခြေခံကျန်းမာရေး

အိမ်တွင်းအကြမ်းဖက်ခြင်းကိုဘယ်လိုဖြေရှင်းမလဲ။

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာခင်ပွန်းသည်၊ လက်တွဲဖော်၊ ကလေး၊ အသက်ကြီးသူ(သို့) အခြားမိသားစုဝင်တို့အတွင်း တွေ့ရသည့် အရာတစ်ခုဖြစ်သည်။ ၎င်းသည်မည်သူ့ထံတွင် မဆိုဖြစ်နိုင်ပြီးထိခိုက်ခံရသူ၏ ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာပါ သက်ရောက်မှုရှိသည်။ အကြမ်းဖက်သူများသည် ကြောက်ရွံခြင်း၊ အပြစ်ရှိခြင်း၊ ရှက်ရွံမှုတို့ကိုအသုံးပြုပြီး သင့်ကိုပင်ပန်းအောင်(သို့) ထိခိုက်အောင် လုပ်သကဲ့သို့ သင်နှင့်သင့်နားရှိလူများကိုလည်း ခြိမ်းခြောက်ပါသည်။ အိမ်တွင်းအကြမ်းဖက်ခြင်း၏ ပြဿနာများနှင့် လက္ခဏာများကိုနားလည်ထားခြင်းသည် သင် အကြမ်းဖက်ခံရသည့်အခါ မည်ကဲ့သို့ စီမံရန်နှင့် ကိုယ့်ကိုကိုယ် ကူညီနိုင်ရန် အထောက်အပံ့ပေးပါသည်။ အိမ်တွင်းအကြမ်းဖက်ခြင်းဆိုသည်မှာဘာလဲ။ ရုပ်ပိုင်းဆိုင်ရာ(ကာယပိုင်းဆိုင်ရာ) အကြမ်းဖက်ခြင်းနှင့် အိမ်တွင်းအကြမ်းဖက်ခြင်း ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း ဆိုသည်မှာ လူတစ်ယောက်ကို ထိခိုက်စေလိုသော(သို့) အန္တရာယ်ရှိစေနိုင်သော ရည်ရွယ်ချက်များဖြင့် အားအသုံးပြုခြင်းဖြစ်သည်။ အကြမ်းဖက်ခံရသူ၏ ခန္ဓါကိုယ်တွင် အနာများ(သို့) ထိခိုက်မှုများ ဖြစ်စေနိုင်သည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုခြင်းသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းတစ်မျိုးပင်ဖြစ်ကြောင်းသိထားရမည်။ အကယ်၍သင်သည် သင်မလိုချင်သော(သို့) အရှက်ရသောလိင်ဆက်ဆံခြင်းတစ်ခုတွင် ပါဝင်ရန် အတင်းတိုက်တွန်းခံရပါက ၎င်းကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခြင်းဟု သတ်မှတ်နိုင်သည်။ သင့်ခင်ပွန်း(သို့) […]


အခြေခံကျန်းမာရေး

ဖိအားကြောင့် ဖြစ်သောအနာကို ဘယ်လိုကာကွယ် ကုသမလဲ

ဖိအား သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာသော အနာ များကို ကုသဖို့ထက် ကာကွယ်ဖို့က ပိုလွယ်ကူပါတယ်။ ဒီလိုဆိုလို့လည်း ဖြစ်စဉ်က ရိုးရှင်းလွယ်ကူတယ်လို့တော့ မဆိုလိုပါဘူး။ ထိုပြဿနာကို ကာကွယ်ဖို့အတွက်ရော၊ ကုသဖို့အတွက်ရော အဆင့်ဆင့်လိုတယ် ဆိုတာသိဖို့တော့ အရေးကြီးပါတယ်။ ဘယ်လိုကာကွယ်မလဲ ကာကွယ်ဖို့ပဲဖြစ်ဖြစ်၊ ကုသဖို့ပဲဖြစ်ဖြစ် အရေပြားပေါ် သက်ရောက် နေတဲ့ဖိအားကို လျှော့ချဖယ်ရှားပစ်ဖို့က အရေးကြီးဆုံးအချက်ပါ။ တစ်နေရာထဲကို အချိန်အကြာကြီး ဖိထားတာကြောင့် ထိုနေရာကို သွေးလျှောက်မှု နည်းပြီး ဆဲလ်များကို သေစေ၊ ပျက်စီးစေတာကြောင့် အနာဖြစ်ရခြင်း ဖြစ်တယ်။ မကြာခဏ ပုံစံအမျိုးမျိုး ပြောင်းပေးခြင်း အပြင် ပွတ်တိုက်ခြင်း၊ အရှိန်နှင့် ပွတ်မိခြင်း၊ တစ်နေရာတည်းကို တိုက်ရိုက်ဖိမိနေသော အနေအထားတွင် နေခြင်း များကိုရှောင်ရှားခြင်း စသည်ဖြင့် နည်းအမျိုးမျိုးနဲ့ ဖိအားသက်ရောက်ခြင်းကို သက်သာစေနိုင်ပါတယ်။ နောက်တစ်နည်းကတော့ မွေ့ရာ၊ အိပ်ရာခင်း၊ ထိုင်ခုံကူရှင်တွေလို အကာအကွယ် အထောက်အပံ့ […]


အခြေခံကျန်းမာရေး

အသားပုပ်ခြင်း ဖြစ်ပွားစေသည့်အကြောင်းများ၊ လက္ခဏာများ၊ ကုသချက်များ

အသားပုပ်ခြင်းအကြောင်းကိုသေချာမသိရင် ကြောက်စရာကောင်းပါတယ်။ အသားပုပ်ခြင်းဟာကိုယ်ခန္ဓါ ဘယ်အစိတ်အပိုင်းကိုမဆိုထိခိုက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အဲ့ဒီရောဂါအကြောင်းသိထားရင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ အကြောင်းရင်းများ၊ လက္ခဏာများ၊ ဖြစ်နိုင်ခြေကုသပုံများကိုလေ့လာကြည့်ပါစို့။ ဘယ်အရာတွေကအသားပုပ်ခြင်းဖြစ်သလဲ သွေးဟာကိုယ်ခန္ဓါရဲ့ဆဲလ်တွေကလိုအပ်တဲ့ အောက်ဆီဂျင်၊ အာဟာရဓါတ်နဲ့ ကိုယ်ခံပစ္စည်းတွေကိုသယ်ပေးပါတယ်။ အဲဒီအခါ ဆဲလ်တွေဟာပုံမှန်ကြီးထွားနိုင်ပြီး ရောဂါပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးစီးဆင်းမှုမှာ ပြသနာရှိရင်တော့ ဆဲလ်တွေဟာမရှင်သန်နိုင်တော့ပါဘူး။ ရောဂါပိုးဝင်ခြင်းကြောင့် အသားစတွေပျက်စီးပြီးအသားပုပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ အသားပုပ်ခြင်းကို ဖြစ်နိုင်ခြေရှိတဲ့အရာတွေကဘာတွေလဲ အောက်ပါအချက်တွေရှိရင် ဖြစ်လာနိုင်ပါတယ်။ • ဆီးချိုရှိတဲ့အခါ သကြားဓါတ်ကိုဖြိုခွဲမယ့် အင်ဆူလင်ကိုမထုတ်နိုင်တာ၊ လုံလောက်စွာမသုံးနိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဆီးချိုကို ထိရောက်စွာမကုရင် သွေးတွင်းသကြားဓါတ်ဟာ မြင့်တက်လာပြီးသွေးကြောတွေကို ပျက်စီးစေတဲ့အခါ အဲဒီသွေးကြောတွေနဲ့ ထောက်ပံ့ပေးထားတဲ့ သက်ဆိုင်ရာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို အကျိုးသက်ရောက်စေပါတယ်။ • သွေးကြောပြသနာများဖြစ်တဲ့ သွေးကြောမာကျစ်၍ ကျဉ်းမြောင်းလာခြင်း၊ အရေပြားကိုသွားတဲ့ သွေးကြောကျဉ်းခြင်း၊ သွေးခဲခြင်းစတဲ့ပြသနာတွေဖြစ်ရင် သွေးစီးဆင်းမှုကို ပိတ်ဆို့စေပါတယ်။ • ထိခိုက်ဒဏ်ရာရခြင်း၊ ခွဲစိတ်ကုသမှု ခံယူခြင်းစတာတွေကလည်း အသားပုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တခါတရံမှာသွေးစီးဆင်းမှုကို ထိခိုက်ပြတ်တောက်စေလို့ ဖြစ်ပါတယ်။ • […]


အခြေခံကျန်းမာရေး

သွေးကြောထုံးခြင်းနှင့် ပင့်ကူမျှင်ပုံစံသွေးကြောဖြစ်ပေါ်ခြင်းတို့အတွက် သိသင့်သည့် အကြောင်းအရာများ။

သွေးကြောထုံးခြင်းနဲ့ ပင့်ကူမျှင်သွေးကြော ဖြစ်ပေါ်ခြင်းကို ဘယ်လိုကုသမလဲ။ ကုသမှုရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လက္ခဏာတွေ သက်သာဖို့နဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်မှာ လက္ခဏာတွေ အများကြီး မရှိခဲ့ရင် ဆရာဝန်က နေထိုင်ပုံကို ပြောင်းလဲဖို့ အကြံပေးမှာ ဖြစ်ပါတယ်။ နေထိုင်ပုံ ပြောင်းလဲပေမယ့် မသက်သာဘူးဆိုရင် (သို့) ပိုမိုပြင်းထန်တဲ့ လက္ခဏာတွေ ရှိတယ်ဆိုရင် ဆေးကုသမှု ယူသင့်ပါတယ်။ ဖိထားနိုင်တဲ့ ခြေအိတ်များ - ဒီကုသမှုဟာ သွေးကြောတွေပေါ်မှာ ဖိအားသက်ရောက်စေပြီး ရောဂါဖြစ်နေတဲ့ သွေးကြောတွေကို သက်သာစေပါတယ်။ Sclerotherapy - သင့်ဆရာဝန်ဟာ အရည်တစ်မျိုးကို ရောဂါဖြစ်နေတဲ့ သွေးကြောထဲကို ထိုးထည့်ပေးနိုင်ပါတယ်။ ဒါဟာ သွေးကြောတွေကို အမာရွတ်ဖြစ်စေပြီး ဖြည်းညင်းစွာ ပျောက်ကွယ်သွားနိုင်ပါတယ်။ သွေးတွေဟာ ပိုမိုကျန်းမာတဲ့ သွေးပြန်ကြောတွေကနေ စီးဆင်းသွားပါလိမ့်မယ်။ […]


အခြေခံကျန်းမာရေး

အရေပြားအစားထိုးကုသခြင်း ဆိုတာဘာလဲ

အရေပြားအစားထိုးခြင်းဟာ အရေပြား တစ်စိတ်တစ်ပိုင်းကို ဖယ်ရှားပြီး အခြားအစိတ်အပိုင်း တစ်ခုမှာ အစားထိုးခြင်းပဲ ဖြစ်ပါတယ်။ အရေပြားအစားထိုးခြင်းကို ကြီးမားတဲ့ အနာတွေဖြစ်တဲ့ အရေပြားပေါက်သွားတဲ့ အရိုးကျိုးခြင်း၊ မီးလောင်ခြင်းနဲ့ ရောဂါပိုးဝင်ပြီး အနာမကျက်ခြင်းတွေပေါ်မှာ ကပ်ဖို့ အသုံးပြုနိုင်ပါတယ်။ အရေပြားအစားထိုးခြင်း နှစ်မျိုးရှိပါတယ်။ • Split-Level Thickness Grafts ဒီအမျိုးအစားဟာ အရေပြား အပေါ်လွှာ နှစ်လွှာကို ဖယ်ရှားလိုက်ပါတယ်။ Split-Level Thickness Grafts ဟာ ကျက်သွားတဲ့အခါ ကျန်တဲ့အရေပြားတွေနဲ့ ယှဉ်ရင် ပိုပြီး ပြောင်ပါတယ်။ ဒီအရေပြားဟာ ကျန်အရေပြားတွေနဲ့ လိုက်ပြီး ဖွံ့ဖြိုးခြင်းမရှိပါဘူး။ ဒါကြောင့် ဒီလို အရေပြားအစားထိုးမှု လုပ်ထားတဲ့ကလေးတွေဟာ အသက်ကြီးလာတဲ့အခါမှာ နောက်တစ်ခါ ထပ်လုပ်ဖို့ လိုပါတယ်။ • Full-Thickness Grafts ဒီအမျိုးအစားကတော့ အရေပြား အလွှာနှစ်လွှာနဲ့အတူ သွေးကြောတွေနဲ့ ကြွက်သားတွေကို ဖယ်ရှားလိုက်ပါတယ်။ ဒီအစားထိုးခြင်းဟာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပင်ပန်းနွမ်းနယ်နေမှုကို ဘယ်လိုရင်ဆိုင်မလဲ

ပင်ပန်းခြင်း (သို့) စိတ်ဖိစီးခြင်းဟာ အရာရှိတွေအတွက်တင် အဓိက ပြဿနာ ဖြစ်နေရုံမကပဲ လူကြီးတွေနဲ့ ကျောင်းသားတွေအတွက်ပါ ပြဿနာ ဖြစ်ပါတယ်။ ဒါဟာ သင့်ကို စိတ်ရှုပ်ထွေးစေပြီး သင့်အလုပ်တွေကို ထိရောက်အောင် လုပ်နိုင်မှုကို နည်းပါးစေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘာလုပ်ရမလဲဆိုတာ စိတ်ရှုပ်နေတယ်ဆိုရင် ဒီဆောင်းပါးက သင့်ကို အဖြေအချို့ကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဖြစ်စေတဲ့ အချက်များ အရက်သောက်ခြင်း၊ ဆေးသုံးခြင်း လေယာဉ် အကြာကြီးစီးသောကြောင့် ပင်ပန်းခြင်း ကိုယ်လက် လှုပ်ရှားမှု မရှိခြင်း မအိပ်ခြင်း ရောဂါလက္ခဏာများ စိတ်ပူခြင်း ဆီးချို အဝလွန်ခြင်း စိတ်ဖိစီးခြင်း နှလုံးရောဂါ စိတ်ကျခြင်း Hyperthyroidism Hypothyroidism ကုသနည်းများ ၁။ လှုပ်လှုပ်ရှားရှားနေပါ။ သင်ပင်ပန်းနေချိန်မှာ နောက်ဆုံးမှ စဉ်းစားမှာက လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းဟာ သင့် အားအင် ပမာဏကို မြှင့်တင်ပေးပါတယ်။ Johns […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သင့်ရဲ့ကလေးကို မေ့ဆေးပေးရန် ပြင်ဆင်ခြင်း

ကလေး၊ ခွဲစိတ်ခြင်း၊ မေ့ဆေး၊ နှစ်သိမ့်ခြင်း သင့်ရဲ့ကလေးဟာမေ့ဆေးသုံးရမယ့် ခွဲစိတ်မှု၊ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ရတော့မယ်ဆိုရင် သင်သိချင်တာတွေ အများကြီးရှိနိုင်ပါတယ်။ အမေးအများဆုံးမေးခွန်းတွေကတော့ မေ့ဆေးနဲ့ ပတ်သက်တာပါပဲ။ ကောင်းတဲ့အချက်ကတော့ မေ့ဆေးဟာဘေးကင်းတတ်ပါတယ်။ ခွဲစိတ်မှုမတိုင်မီဘယ်လိုပြင်ဆင်မလဲ သင့်ရဲ့ကလေးနဲ့ သင်ဟာခွဲစိတ်မှုကိုကောင်းကောင်းစတင်ဖို့ အသင့်ဖြစ်နေသင့်ပါတယ်။ အောက်ပါအချက်သုံးချက်ကတော့ အရေးကြီးပါတယ်။ သင့်ကလေးကိုကုသနေသူများထံမှရသောအချက်အလက်များကိုသုံးသပ်ပါ။ ဘာဖြစ်နေတယ်ဆိုတာကိုရှင်းပြပါ။ သင့်ရဲ့ကလေးအသက်အရွယ်နဲ့ ကိုက်ညီမယ့် အသုံးအနှုန်းများနဲ့ ဘာကိုမျှော်လင့်ကြောင်းရှင်းပြပါ။ ဒါဟာလူနာတွေကို နှစ်သိမ့်မှုပေးနိုင်ဖို့ အရေးကြီးတဲ့နည်းလမ်း ဖြစ်ပါတယ်။ သင့်ကလေးရဲ့ အသက်အရွယ် ခံစားမှုအလိုက်ပြောပြဖို့ အကောင်းဆုံးနည်းလမ်းဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ကလေးရဲ့ အသက်နဲ့ ဖွံ့ဖြိုးမှုဟာသူတို့မေ့ဆေးကိုကြောက်ခြင်းရှိမရှိဆိုတဲ့နေရာမှာအများကြီးမူတည်ပါတယ်။ တချို့ငယ်ရွယ်တဲ့ကလေးများဟာမိဘများနဲ့ ခွဲခွာရမယ့်အချိန်ကိုကြောက်ရွံ့တတ်ကြပါတယ်။ ခွဲစိတ်မှု ပြင်ဆင်တဲ့အခန်း၊ ခွဲစိတ်ခန်းစတာတွေမှာသူတို့အိပ်ပျော်မသွားခင်ထိမိဘများနဲ့ နီးနေရင် စိတ်လုံခြုံမှု ရှိပါတယ်။   တကယ့်နေ့မှာဘာကိုမျှော်လင့်လဲ ခွဲစိတ်မှုပြုတဲ့နေ့မှာဆေးအဖွဲ့ဟာသင့်ရဲ့ကလေးကိုသက်တောင့်သက်သာရှိအောင် ကူညီပေးပါလိမ့်မယ်။ အောက်ပါအချက်တွေကိုသင်ကြိုပြင်ထားနိုင်ပါတယ်။ ဆာလောင်ခြင်းဟာကလေးကိုစိတ်တိုစေနိုင်ပါတယ်။ မေ့ဆေးပေးချိန်မှာစားသောက်ထားခြင်းမရှိဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ကလေးဟာမခွဲစိတ်မီ ၈နာရီနောက်ပိုင်း စားသောက်မှုမပြုဖို့ လိုပါတယ်။ အဲဒီအခြေအနေမှာသင့်ကလေးစိတ်မကြည်မလင်ဖြစ်တဲ့အခါ နှစ်သိမ့်ပေးဖို့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနှင့် မေ့ဆေးပေးခြင်း

လူအများဟာခွဲစိတ်မှု၊ ဒါမှမဟုတ် တချို့ဆေးကုသမှု တွေ ခံယူတဲ့အခါ မေ့ဆေးပေးတာ ကြုံဖူးနိုင်ပါတယ်။ မေ့ဆေးဟာခွဲစိတ်မှု အဆင်ပြေအောင် ကူညီပေးပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့ ဒီလိုအနာသက်သာစေတဲ့နည်းအကြောင်းကိုသိရှိဖို့ အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်မေ့ဆေးပေးခြင်း ကိုယ်ဝန်ဆောင်တွေဟာ တစ်ခါတရံမှာရောဂါအခြေအနေအရခွဲစိတ်ကုသမှုခံယူဖို့ ဖြစ်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ မေ့ဆေးပေးတာ၊ ခွဲစိတ်တာဟာအတော် ရှုပ်ထွေးပါတယ်။ လိုအပ်ချက်တွေ နဲ့မိခင်၊ ကလေးဘေးကင်းမှု ကြားမှာဟန်ချက်ညီဖို့ လိုပါတယ်။ ဆရာဝန်တွေအနေနဲ့ မိခင်ရဲ့ရောဂါဟာမိခင်ကိုရောကလေးကိုပါ သက်ရောက်မှုရှိတယ်ဆိုမှသာခွဲစိတ်ဖို့ အကြံပေးပါတယ်။ ဒါကြောင့် အမေရိကန်မှာဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဝ.၇၅ ကနေ ၂ရာခိုင်နှုန်းလောက်ထိပဲခွဲစိတ်မှု လုပ်ဖြစ်ပါတယ်။ မေ့ဆေးပေးတဲ့အခါ ဆေးတွေဟာအချင်းကနေတဆင့် ကလေးရဲ့ကိုယ်ခန္ဓါထဲကိုရောက်သွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ မေ့ဆေးဟာအဆိပ်အတောက်ဖြစ်စေတယ်လို့တော့ အထောက်အထားမရှိပါဘူး။ တိရစ္ဆာန်တွေကိုစမ်းသပ်တဲ့အခါ နောက်ပိုင်းမှာအပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာတယ်လို့ သိရပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် နေရာအလိုက် ထုံဆေးပေးခြင်းကိုပိုပြီးအသုံးပြုကြပါတယ်။ ဒါဟာမိခင်အတွက်ရောကလေးအတွက်ပါ အန္တရာယ်လျော့နည်းစေပါတယ်။   မီးဖွားစဉ်မေ့ဆေးပေးခြင်း မီးဖွားစဉ်မေ့ဆေးပေးတာဟာအထူးကိစ္စတရပ်ပါ။ ဒီအခြေအနေမှာမိခင်နဲ့ကလေးဆိုပြီး လူနာ၂ယောက်အတွက် စဉ်းစားရပါတယ်။ ရိုးရိုးမွေးသည်ဖြစ်စေ၊ ဗိုက်ခွဲမွေးသည်ဖြစ်စေအဓိကပြင်ဆင်ရမှာကမေ့ဆေးပေးရမယ့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း