အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးပြီးနောက် ပြန်လည် သတိရလာချိန်တွင် လူနာ၏ အခန်းကဏ္ဍ

လူအများစုသည် မေ့ဆေးလိုအပ်သော ခွဲစိတ်မှုများကို ပြုလုပ်ကြရသည်။ မေ့ဆေးပေးခြင်းတွင် မပေးမီနှင့် ပေးပြီးသည့်နောက်တွင် လုပ်ဆောင်ရမည့်အရာများ ပါဝင်သည်။ ထိုအရာများတွင် လူနာ၏ အခန်းကဏ္ဍသည် အရေးကြီးသည်။ မေ့ဆေးပေးပြီးနောက် ပြန်သတိရလာချိန်တွင် လူနာသည် ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးသည်။ အောက်ပါတို့သည် လူနာ လုပ်သင့်သည် မလုပ်သင့်သည်များကို ဖော်ပြထားခြင်းဖြစ်သည်။ လုပ်ရမည့်အရာများ ကျန်းမာရေးဌာနမှလူကြီးတစ်ယောက်နှင့် အတူပြန်ပါ။ ခွဲစိတ်ပြီးသည့်နောက်တွင် သင်သည် နေမကောင်းဖြစ်ပြီး အားနည်းနေပါသည်။ ထို့ကြောင့် အိမ်သို့တစ်ယောက်တည်း မပြန်သင့်ပါ။ မိတ်ဆွေ သို့မဟုတ် မိသားစုနှင့် အတူနေပါ။ အနည်းဆုံး ၂၄ နာရီအတွင်း အဖော် တစ်ယောက်နှင့် အတူရှိနေသင့်သည်။ သင့်အိမ်ကို တိတ်ဆိတ်ပြီး အနားယူနိုင်အောင်ထားပါ။ မေ့ဆေးပေးပြီးနောက် သင်အနားယူသင့်သည့် အပြင် ခွဲစိတ်ပြီးနောက်တွင် ပြန်လည် ကျန်းမာလာရန် သင်အနားယူရန် လိုအပ်ပါသည်။ သင်ပြန်လည် ကျန်းမာလာစေရန် အကောင်းဆုံးသော နည်းလမ်းများကို သင့်ဆရာဝန်နှင့် တိုင်ပင်ပါ။ သင့်ကလေးများကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သင့်မိသားစုဝင် နှင့် မိတ်ဆွေများကို မေ့ဆေးအတွက် ပြင်ဆင်နိုင်အောင် ကူညီပေးခြင်း

လူများစွာသည် ခွဲစိတ်ရန် လိုအပ်သော ကျန်းမာရေး ပြဿနာများ ရှိတတ်ကြသည်။ ဆေးရုံတွင် ခွဲစိတ်ရန် စောင့်ဆိုင်းနေရခြင်းသည် သင်၊ သင့်မိသားစုနှင့် မိတ်ဆွေများကို စိတ်ပူစေပါသည်။ ကျန်းမာရေး ဝန်ထမ်းများက စိတ်သက်သာစေရန်၊ စိုးရိမ်မှုနည်းစေရန် မေ့ဆေးကို အသုံးပြုကြသည်။ ထို့အပြင် သင့်မိသားစုနှင့် သူငယ်ချင်းများကိုလည်း မေ့ဆေးပေးခြင်းကို စိတ်မပူတတ်စေရန် ပြင်ဆင်ထားနိုင်ရန် ကူညီပေးသင့်သည်။ သင့်မိသားစုနှင့် မိတ်ဆွေများကို ရိုးသားစွာ ပြောပြခိုင်းပါ။ သင့်မိသားစုနှင့် မိတ်ဆွေများကို သူတို့၏ ကျန်းမာရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆရာဝန်အား အမှန်အတိုင်း ပြောပြခိုင်းပါ။ သို့မှသာ ဆရာဝန်က မှန်ကန်သော ဆေးရွေးချယ်မှု လုပ်နိုင်ပေမည်။ သတင်းအချက်ပေးခြင်း ဆေးကုသမှုနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ပြီးလျှင် သင့်မိသားစု၊ မိတ်ဆွေများကို ပြန်ပြောပြပါ။ အသုံးပြုမည့် မေ့ဆေး၊ ဆေးပမာဏ၊ ဘေးထွက်ဆိုးကျိုးများနှင့် ထည့်သွင်း စဉ်းစားရမည်တို့ကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးနေစဉ် စောင့်ကြပ်ကြည့်ရှုမှုအောက်တွင် ထားပါ

မေ့ဆေးပေးခြင်းသည် လူနာကို တစ်နေရာ သို့မဟုတ် အားလုံးတွင် ခံစားသိရှိမှုများပျောက်စေသည်။ မေ့ဆေးဆရာဝန်မှ လူနာ၏ ဘေးကင်းစိတ်ချရမှုအတွက် စောင့်ကြပ်ကြည့်ရှုပေးရန် လိုအပ်ပါသည်။ မေ့ဆေးပေးထားသော လူနာကို စောင့်ကြည့်ခြင်းသည် မေ့ဆေးပေးနေစဉ်တစ်လျှောက် အချိန်ကြာမြင့်နိုင်ပါသည်။ ပေးသောမေ့ဆေးပေါ်မူတည်ပြီး လူနာအဆင်ပြေစေရန် စောင့်ကြည့်ခြင်းကို ထိန်းညှိရပါမည်။ မေ့ဆေးမပေးခင် လိုအပ်သော စက်ကိရိယာများကို စစ်ဆေးရပါမည်။ ထို့ကြောင့် အရေးကြီးသော လက္ခဏာများကို ၅မိနစ် တစ်ခါ တိုင်းတာပြီး လူနာကို စောင့်ကြပ် ကြည့်ရှုခြင်းသည် မေ့ဆေးပေးနေစဉ် တစ်လျောက် လုပ်ရန်လိုအပ်ပါသည်။ အရေးကြီးသော လက္ခဏာများ (၅ မိနစ် တစ်ခါတိုင်းပါ) အသက်ရှူလမ်းကြောင်းဆိုင်ရာ • အသက်ရှူလမ်းကြောင်း- မေ့ဆေးဆရာဝန်မှ လူနာ၏ အသက်ရှူလမ်းကြောင်းကို ပုံမှန်စစ်ဆေးရပါမည်။ အောက်ဆီဂျင်ပေးနေသော ပိုက်ကိုလည်း ပြုတ်ထွက်နေခြင်း၊ နေရာလွဲနေခြင်းမဖြစ်စေရန် စစ်ဆေးရပါမည်။ • အသက်ရှူနှုန်း • ပုံမှန်တွင် တစ်မိနစ်လျှင် ၁၀-၂၀ ကြိမ် ထိရှိပြီး […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သွားဘက်ဆိုင်ရာကုသမှုတွင် ထုံဆေး အသုံးပြုခြင်း

သွားဘက်ဆိုင်ရာ ကုသမှုများတွင် လူနာကို အနာသက်သာစေရန် ဆေးများစွာ အသုံးပြုကြသည်။ သင့်ကျန်းမာရေ အခြေအနေ၊ လုပ်ဆောင်ချက်၊ ကျန်းမာရေးရာဇဝင် တို့ပေါ်တွင် မူတည်ပြီး သင့် သွားဆရာဝန်မှ ထောက်ခံချက်ပေးသော မေ့ဆေး၊ ထုံဆေးကို အသုံးပြုရမည် ဖြစ်ပါသည်။ သွားကုသမှုများတွင် အသုံးများသည် မှာ ထုံဆေးဖြစ်ပါသည်။ စာကိုယ် ထုံဆေးသည် ခေတ်သစ်သွားဆေးပညာတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်သည်။ သွားဆရာဝန်များမှ နှစ်ရာပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ သင့်သွားနှင့် တစ်ဝိုက်တွင် နာကျင်မှုကိုသက်သာစေရန် ဆေးဝါးများကို အသုံးပြုကြသည်။ သွားဆေးပညာတွင် အသုံးပြုသော ထုံဆေးအမျိုးအစားများ သိပ္ပံပညာရှင်များသည် သွားဆေးကုသမှုတွင် ထုံဆေးပေးရန် နည်းလမ်းများကို စမ်းသပ်ထုတ်ဖော်ခဲ့ကြသည်။ ဆေးများတွင် ထိုးဆေးနှင့် ထုံလိုသည့် နေရာတွင် လိမ်းဆေး ဟူ၍ နှစ်မျိုးရှိသည်။ ထုံဆေး လိမ်းဆေး ဤအမျိုးအစားကို ဆေးထိုးသည့်အခါ နာကျင်မှုကို သက်သာစေရန်နှင့် ရောဂါပိုးဝင်ခြင်းကို သက်သာစေရန် အသုံးပြုကြသည်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

သွားဘက်ဆိုင်ရာဆေးခန်းတွင် နာကျင်မှုနှင့် စိုးရိမ်မှုကို ထိန်းချုပ်ခြင်း

လူအများစုသည် သွားဆေးခန်းသို့ သွားရန် စိုးရိမ်စိတ်များတတ်ကြသည်။ သွားကျန်မာရေးအတွက် ကုသမှုယူရန် မသွားလိုကြပဲ သူတို့၏သွားပြသနာများ ပိုဆိုးလာတတ်ကြသည်။ ထို့ကြောင့် သွားဘက်ဆိုင်ရာ ကုသမှုများတွင် နာကျင်မှုနှင့် စိုးရိမ်စိတ် ကို မည်ကဲ့သို့သက်သာစေသည် ကို ထိုသူများ သိရှိရန်လိုအပ်ပါသည်။ မေ့ဆေးသုံးခြင်းသည် လူသိများသော နည်းလမ်းတစ်ခုဖြစ်သည်။ အောက်တွင် သွားဘက်ဆိုင်ရာမေ့ဆေးနှင့် ပတ်သတ်ပြီး ဆွေးနွေးထားပါသည်။ သွားဘက်ဆိုင်ရာမေ့ဆေးပညာသည် လူများကို နာကျင်မှုမှ သက်သာစေပြီး ဆရာဝန်ကိုလည်း ကုသမှုများ ပြီးမြောက်အောင်မြင်စေရန် ကူညီပေးသည်။ ၎င်းတွင် ထုံဆေး၊ စိတ်ငြိမ်ဆေးနှင့် မေ့ဆေး တို့ပါဝင်သည်။ သွားဘက်ဆိုင်ရာကုသမှုများတွင် နာကျင်မှုနှင့် စိုးရိမ်စိတ်ကိုသက်သာစေရန် ဆေးများ အသုံးပြုရန် အရေးကြီးသည်။ ထုံဆေး ထုံဆေးသည် သွားဘက်ဆိုင်ရာကုသမှုများတွင် နာကျင်မှုနှင့် စိုးရိမ်စိတ်ကို သက်သာစေရန် အခြေခံဖြစ်သည်။ ထုံဆေးသည် ကုသမှုပြုလုပ်မည့် နေရာတစ်ကွက်ကို ထုံစေပြီး နာကျင်မှုကို သက်သာစေသည်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

နှလုံးခွဲစိတ်ခြင်း

နှလုံးခွဲစိတ်မှုဆိုတာ ဘာလဲ။ နှလုံးခွဲစိတ်မှုဆိုသည်မှာ သင့် နှလုံးတွင် ရောဂါရှိသောကြောင့် ကုသရန် ခွဲစိတ်ခြင်းဖြစ်သည်။ သင့်ရင်ခေါင်းကိုဖွင့်ပြီး နှလုံးကိုခွဲစိတ်ခြင်း၊ နှလုံးကြွက် သားများ အဆို့ရှင်များ၊ သွေးကြောများကို ခွဲစိတ်ခြင်း ဖြစ်သည်။ ၎င်းကို ရင်ခေါင်းဖွင့်ပြီး နှလုံးခွဲစိတ်ခြင်းဟု ခေါ်သည်။ နောက်ပိုင်းတွင် ဆေးပညာတိုးတက်မှုကြောင့် တချို့သောနှလုံးခွဲစိတ်မှုများသည် ခွဲကြောင်းသေးသေးဖြင့် နှလုံးခွဲစိတ်မှု ပြုလုပ်နိုင်သည်။ ဘာကြောင့်နှလုံးခွဲစိတ်မှုကို လုပ်ရသလဲ။ နှလုံးခွဲစိတ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဖြစ်သည်။ နှလုံးသွေးကြော ကျဉ်းရောဂါဆိုသည်မှာ နှလုံးသွေးကြောထဲတွင် အဆီဖတ် များစုပုံလာပြီး သွေးကြောမာ လာကာ ကျဉ်းမြောင်းသွားပြီး သွေးကောင်းကောင်း မစီးနိုင်ခြင်းဖြစ်သည်။ ထိုအခြေအနေမျိုးတွင် နှလုံးသွေးကြောလမ်းကြောင်းလွှဲ ကုသနည်း (coronary artery by pass surgery) ကို လုပ်ဆောင်ရပါသည်။ တခြားသောနှလုံးခွဲစိတ်မှုများမှာ နှလုံးအဆို့ရှင်ကို ပြု ပြင်ခြင်း၊ ပျက်စီးနေသော နှလုံးကြွက်သားများကို ပြုပြင်ခြင်း၊ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေး၏ ဘေးထွက်ဆိုးကျိုးများ ခွဲစိတ်မှုပြီးရင်ဘာတွေမျှော်လင့်ပြင်ဆင်ထားရမလဲ

မေ့ဆေးဆိုတာ ခွဲစိတ်မှုတစ်ခုပြုလုပ်စဉ်မှာပဲ ဖြစ်စေ၊ မေ့ဆေးကို အသုံးပြုရတဲ့ လုပ်ငန်းစဉ်တစ်ခုမှာပဲ ဖြစ်စေ နာကျင်မှုကို ထိန်းချုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါက သင့်ရဲ့ အသက်ရှူခြင်း၊ နှလုံးခုန်နှုန်း၊ သွေးလည်ပတ်မှု (သွေးဖိအား)၊ အစာခြေစနစ်ရဲ့လှုပ်ရားမှုတွေနဲ့ လည်ချောင်းလှုပ်ရှားမှုတွေ (ဥပမာ -မျိုချခြင်း၊ ချောင်းဆိုးခြင်း သို့မဟုတ် အဆုတ်တွေထဲ ထူးဆန်းတဲ့ပစ္စည်းတွေ မရှူမိနိုင်အောင် ကာကွယ်ပေးတဲ့ ဟပ်ခြင်း)စတာတွေကို ကူညီထိန်းချုပ်ပေးနိုင်ပါတယ်။ မေ့ဆေးဟာ တခြားသောဆေးတွေနဲ့ တွဲသုံးနိုင်ပြီး ဒီလိုသုံးစွဲခြင်းက မေ့ဆေး ရဲ့ ဆိုးကျိုးတွေကို သက်သာလျော့နည်းစေပါတယ်။ ဘေးထွက်ဆိုးကျိုးများ ကံကောင်းထောက်မစွာနဲ့ပဲ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ အခြားသော ပြဿနာတွေဟာ ဖြစ်လေ့ဖြစ်ထမရှိတဲ့အပြင် ဖြစ်လာခဲ့ရင်တောင် အလွယ်တကူဖြေရှင်းလို့ရနေတာပါပဲ။ အထူးသဖြင့် ကျန်းမာရေးကောင်းတဲ့သူတွေမှာဆိုရင်ပေါ့။ ဒါပေမယ့် မေ့ဆေးတွေအားလုံးမှာတော့ ကျွန်တော်တို့ စိတ်ပူမယ်ဆို စိတ်ပူလို့ရမယ့် အချို့သော ဘေးထွက်ဆိုးကျိုးတွေ ရှိနေနိုင်ပါတယ်။ ဥပမာ- • မေ့ဆေးကို သုံးစွဲထားတဲ့ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးအသုံးပြုနေချိန်အတွင်း ရုတ်တရက် သတိပြန်လည်လာရခြင်း အကြောင်းစုံ။

မေ့ဆေး သုံးပြီး ခွဲစိတ်ကုသမှုခံယူနေစဉ်မှာ ရုတ်တရက်ကြီးသတိပြန်ရလာတာမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲအခြေအနေမျိုးပါ။ သူတို့ဟာ မေ့ဆေးပေးတဲ့ကိစ္စတွေမှာဖြစ်တတ်ပြီး စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်စေတဲ့အထိ ဆိုးရွားကြောက်ရွံ့စရာကောင်းလှတဲ့ အခြေအနေမျိုးဖြစ်သွားနိုင်ပါတယ်။ ဒီလိုအခြေအနေအကြောင်း ပိုပြီးသိရဖို့အတွက် ဆက်ပြီးဖတ်ကြည့်ရအောင်။ မေ့ဆေး အသုံးပြုနေချိန်အတွင်းမှာ သတိပြန်လည်လာခြင်းဆိုတာ ဘာလဲ။ မေ့ဆေးပေးစဉ်ကာလမှာဆိုရင် လူနာတွေကို မေ့နေစေဖို့နဲ့ နာကျင်မှုကိုသက်သာစေဖို့အတွက် ဆေးတွေသုံးစွဲရလေ့ရှိပါတယ်။ ဒါပေမယ့် အချို့သော အခြေအနေတွေမှာ ဒီဆေးတွေဟာ မအောင်မြင်ဘဲ လူနာသတိပြန်လည်လာတာမျိုးလည်း ဖြစ်သွားတတ်ပါတယ်။ လူနာတွေဟာ နိုးလာပြီး ခွဲစိတ်နေစဉ်အတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာ အားလုံးသိသွားပါတယ်။ တကယ်လို့ နာကျင်မှုသက်သာစေတဲ့ဆေးက မတိုးဘူးဆိုရင်တော့ လူနာက နာကျင်မှုကို ပိုပြီးခံစားရမှာပါ။ ဒါဟာ အန္တရာယ်များလွန်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်စက်စေဖို့နဲ့ နာကျင်မှုကိုသက်သာစေဖို့ စီမံထားတဲ့ ရည်ရွယ်ချက်ဟာ ရှုံးနိမ့်သွားပေမယ့် Paralytic agent (လေဖြတ်သကဲ့သို့ မလှုပ်ရှားစေနိုင်သောဆေး) တွေက အလုပ်လုပ်နေဆဲဖြစ်တာမို့ လူနာတွေဟာ သူတို့အခြေအနေကို […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးခြင်းနှင့် ခွဲစိတ်ပြီးနောက်ပိုင်းနာကျင်မှု ဆက်စပ်ပုံ

မည်သည့် ဆေးကုသခြင်းမဆို ဘေးထွက်ဆိုးကျိုး အနည်းနှင့် အများ ရှိသည်။ မေ့ဆေးသည်လည်း ဆေးတစ်မျိုးပင်ဖြစ်သည့်အတွက် ဘေးထွက်ဆိုးကျိုးများရှိသော်လည်း ကျန်းမာရေးကောင်းသူများတွင် အလွယ်တကူ သက်သာသွားအောင် ပြုလုပ်နိုင်သည်။ အောက်ပါတို့သည် ခွဲစိတ်ခြင်းမပြုမီ ဖြစ်လေ့ရှိသော ဘေးထွက်ဆိုးကျိုးအချို့ဖြစ်ပါသည်။ ပျို့အန်ခြင်း ခွဲစိတ်ပြီးနောက် ၂၄ နာရီအတွင် အဖြစ်များသော ဘေးထွက်ဆိုးကျိုးဖြစ်ပါသည်။ ၂၀-၃၀ ရာခိုင်နှုန်းသော လူနာများတွင် ဤလက္ခဏာများဖြစ်တတ်သည်။ ဆေးလိပ်သောက်သူများနှင့် လှုပ်ရှားမှုများတွင် မူတတ်သော အမျိုးသမီးလူနာများတွင် ဖြစ်နိုင်ချေပိုများသည်။ နား ခွဲစိတ်ခြင်းနှင့် အူလမ်းကြောင်းခွဲစိတ်ခြင်းတွင် အဖြစ်များသည်။ ဤဘေးထွက်ဆိုးကျိုးများကို ကာကွယ်ရန် သင့်ဆရာဝန်ကို မော်ဖင်းနှင့် ဓါတ်ငွေ့ မပါသော မေ့ဆေးကို အသုံးပြုရန် တောင်းဆိုနိုင်သည်။ လက္ခဏာများ ဆက်ရှိနေလျှင် ခွဲစိတ်ခြင်းမတိုင်မီ အအန်ပျောက်ဆေးကို ကြိုသောက်နိုင်သည်။ လည်ချောင်းနာခြင်း လည်ချောင်းနာခြင်းနှင့် အသံဝင်ခြင်းသည် လူနာ ၄၀ ရာခိုင်နှုန်းတွင် ခွဲစိတ်ပြီး ပထမနာရီအတွင်းတွင် ဖြစ်ကြသည်။ အသက် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးသူအမျိုးအစားများ

ခွဲစိတ်မှုအတောအတွင်းတွင် လူနာကို မေ့ဆေးဆရာဝန်မှ စောင့်ကြပ်ကြည့်ရှုပြီး မေ့ဆေးပေးပါလိမ့်မည်။ မေ့ဆေးဆရာဝန်မှ မည်သည့်ဆေးကို အသုံးပြုမည်၊ ပမာဏမည်မျှသုံးမည်၊ နှင့် မည်ကဲ့သို့ထိန်းချုပ်မည်ကို ဆုံးဖြတ်ပါလိမ့်မည်။ မေ့ဆေးပေးသူ သုံးမျိုးရှိပါသည်။ မေ့ဆေးအထူးကုဆရာဝန် မေ့ဆေးအထူးကုသည် ဆေးကုသမှုဖြစ်စဉ် အတောအတွင်းတွင် မေ့ဆေးပေးခြင်းကို ကြီးကြပ်ရန်၊ စောင့်ကြည့်ရန် လေ့ကျင့်ထားသော ဆရာဝန်ဖြစ်ပါသည်။ သူတို့သည် မေ့ဆေးပေးခြင်းအတွက် အကျွမ်းကျင်ဆုံးသော ပညာရှင်များဖြစ်ကြပါသည်။ သူတို့သည် လူနာ၏ စိတ်ကျန်းမာရေးနှင့် ကိုယ်ကာယကျန်းမာရေးကို မေ့ဆေးမပေးမီ၊ ပေးနေစဉ်နှင့် ပေးပြီးနောက်ပိုင်းတွင် တာဝန်ယူကြရသည်။ အောက်ပါတို့သည် သူတို့၏ တာဝန်များဖြစ်ပါသည်။ • လူနာ၏ကျန်းမာရေးကို အကဲဖြတ်ရန် ၊ လူ၏အခြေအနေသည် ပြုလုပ်တော့မည့် ခွဲစိတ်မှုအတွက် သင့်တော်၊ မတော်စဉ်စားရန် နှင့် လူနာအတွက် သင့်တော်သော မေ့ဆေးအမျိုးအစားကို ဆုံးဖြတ်ရန်လိုအပ်ပါသည်။ • လူနာကို မေ့ဆေးနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များ ပေးရန်လိုပြီး လူနာကို စိတ်သက်သာစေရန် ပြုလုပ်ပေးရပါသည်။ • […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း