အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ

အဖျားကျဆေး လို့ ပြောလိုက်ရင် တော်တော်များများ ပြေးမြင်တာက ဖျားမှ၊ ကိုယ်ပူမှ အဖျားကျအောင် ကိုယ်ပူကျအောင် သောက်ရတဲ့ ဆေးလို့ပါ။ မဟုတ်ဘူးလားဆိုတော့ ဟုတ်ပါတယ်။ အဖျားကျဆေးရဲ့ အဓိက ရည်ရွယ်ချက်ကိုက အအေးမိဖျားနာတာကို သက်သာစေဖို့ အဖျားတစ်ရပ်ရပ်ကြောင့် ကိုယ်ပူအဖျားတက်တာကို သက်သာစေဖို့ ထုတ်ထားတာပါ။ ဒါပေမယ့် အဖျားကျဆေးကို အဖျားကျစေဖို့အပြင် သုံးလို့ရတဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ ဒီနည်းလမ်းတွေကို သိထားပြီးသူတွေလည်း  ရှိနေနီုင်သလို မသိသေးသူတွေလည်း သိရှိစေဖို့ ဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ အဖျားကျဆေးကို တခြားဘယ်နေရာမှာ သုံးနိုင်သေးလဲ အဖျားကျဆေးဆိုတာ အလွယ်ခေါ်တာပါ။ တကယ်က ပါရာစီတမောကို ပြောတာပါ။ အဖျားကျဆေးတွေကို အသုံးအများဆုံးကတော့ အအေးမိ ဖျားနာတဲ့အချိန်မှာပါ။ ဖျားနေချိန်၊ ကိုယ်ပူနေချိန်မှာ ပါရာစီတမောကို သောက်ပေးတာက ချွေးတွေထွက်စေပြီး အဖျားသက်သာစေသလို ကိုယ်ပူကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါ့ပြင် ပါရာစီတမောမှာ အဖျားကျတာအပြင် […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

Claudication (ခြေသလုံးကြွက်သားနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Claudication (ခြေသလုံးကြွက်သားနာခြင်း) ကဘာလဲ။ သွေးလည်ပတ်မှုနည်းခြင်းကြောင့်ဖြစ်သော ခြေသလုံး ကြွက်သား နာကျင်ခြင်းဆိုသည်မှာ လေ့ကျင့်ခန်းလုပ်ပြီး နောက် ခြေထောက်တွင် ဆတ်ဆတ်တုန်၍ စူးရှစွာ နာခြင်း ဖြစ်သည်။ ပိုဆိုးလာပါက နာကျင်ခြင်းသည် အနားယူနေစဉ် တွင် ဖြစ်နိုင်သည်။ ခြေသလုံးကြွက်သားနာခြင်းသည် အဓိက မဟုတ်သော သွေးကြောများ ရောဂါ၏ ရောဂါလက္ခဏာ တစ်ခု ဖြစ်သည်။ ထိုရောဂါ သည် လက် နှင့်ခြေထောက်သို့ သွားသော သွေးကြောများ ကျဉ်းစေကာ ထိုနေရာများသို့ သွေး မရောက်ခြင်းကို ဖြစ်စေသည်။ ခြေသလုံးကြွက်သားသည် အထိခိုက်ခံရဆုံး ဖြစ်ပြီး ခြေ ထောက်၊ ပေါင် နှင့်တင်ပါးတွင်လည်း နာကျင်နိုင်ပါသည်။ နာကျင်ခြင်း သည် လေ့ကျင့်ခန်းလုပ်စဉ်နှင့် လုပ်အပြီးတွင် ဖြစ်လေ့ရှိပြီး အနားယူခြင်းနှင့် အတူ ပျောက်ကင်းသွားသည်။ Claudication (ခြေသလုံးကြွက်သားနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ခြေသလုံးကြွက်သားနာခြင်းသည် […]


ရောဂါလက္ခဏာများ

Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) ကဘာလဲ။ ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်းဆိုသည်မှာ ခန္ဓါ ကိုယ်မှ အပူထုတ်နိုင်မှုထက် ပို၍မြန်မြန် အပူများ ဆုံးရှုံးနေ သော အခြေအနေတစ်ခုကို ခေါ်ပါသည်။ ခန္ဓါကိုယ်အပူချိန် သည် ၃၅ ဒီဂရီ စင်တီဂရိတ် (၉၈.၆ ဒီဂရီ ဖာရင်ဟိုက်) အောက် ကျဆင်းသောအခါ ဖြစ်ပွားပါသည်။ ကိုယ်အပူချိန် အလွန်အမင်း ကျဆင်းခြင်း ကိုမကုသဘဲထားပါက အန္တရာယ် ရှိပါသည်။ နှလုံး၊ အာရုံကြောစနစ် နှင့် အခြားကိုယ်အင်္ဂါများ ပျက်စီးစပြုလာပြီး အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။ Hypothermia (ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ ကိုယ်အပူချိန်အလွန်အမင်း ကျဆင်းခြင်းသည် အေးသော ဒေသများတွင် နေထိုင်သော အသက်ကြီးသူများနှင့် ကလေး ငယ်များတွင် အများဆုံးဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေ သော အချက်များကို လျော့ချခြင်းဖြင့် ကိုယ်အပူချိန် […]


အခြေခံကျန်းမာရေး

Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) ကဘာလဲ။ သိုင်းရွိုက် ဟော်မုန်းများသော ရောဂါဆိုသည်မှာ သိုင်းရွိုက် ကလန်း အလုပ် အလွန် လုပ်ခြင်းကြောင့်ဖြစ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။ သိုင်းရွိုက်ဂလန်းသည် လည်ပင်းတွင် ရှိပြီး ခန္ဓါကိုယ်၏ လှုပ်ရှားမှုများစွာကို ထိန်းချုပ်သော သိုင်းရွိုက် ဟော်မုန်းကို ထုတ်လုပ်ပေးပါသည်။ သိုင်းရွိုက်ဂလန်း၏ လုပ်ငန်းအချို့မှာ သွေးတွင်း ကယ်စီယမ်ပမာဏကို ထိန်းချုပ်ခြင်း၊ ဇီဝကမ္မ ဖြစ်စဉ်ကို အားသန်စေခြင်း၊ နှလုံး၊ အာရုံကြောစနစ်ကို နိုးဆွပေးခြင်း နှင့် ခန္ဓါကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်းတို့ ဖြစ်သည်။ သို့သော် ဟော်မုန်းများခြင်းသည် လည်ပင်းသိုင်းရွိုက် ဟော်မုန်းများသော ရောဂါ၏ လက္ခဏာများကို ဖြစ်စေသည်။ Hyperthyroidism (သိုင်းရွိုက် ဟော်မုန်းများသော ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သိုင်းရွိုက် ဟော်မုန်းများသော ရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ အမျိုးသားများထက် […]


ရောဂါလက္ခဏာများ

Vomiting (အန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vomiting (အန်ခြင်း) ကဘာလဲ။ Vomiting (အန်ခြင်း) ဆိုတာ အစာအိမ်တွင်းမှ အရာများကို ပါးစပ်မှ မထိန်းနိုင်ပဲ အားနှင့်ထွက်စေတဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။ ပျို့ခြင်းဆိုတာ အန်ခြင်းနဲ့တွဲပြီးလာတတ်တဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ တခါတရံမှာခန္ဓါကိုယ်တွင်းမှ အဆိပ်တွေကို စွန့်ထုတ်တဲ့အနေနဲ့ အန်တာလဲဖြစ်နိုင်ပါတယ်။ အန်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရာများစွာရှိပါတယ်။ အန်ခြင်းဖြစ်စေတဲ့ အရာကို ကုခြင်းဟာ အန်ခြင်းအတွက် အကောင်းဆုံး ကုထုံးဖြစ်ပါတယ်။ Vomiting (အန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အန်ခြင်းဟာ အသက်အရွယ် ကျားမ မရွေးဖြစ်တဲ့ အလွန်အဖြစ်များတဲ့ လက္ခဏာဖြစ်ပါတယ်။ အန်ခြင်းဟာ ပျို့ခြင်းနဲ့အတူ ဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ရှိစ အချိန်မှာ၊ ခေါင်းတစ်ခြမ်းကိုက်တဲ့ လူနာတွေမှာ သို့ အစာအဆိပ်သင့်ချိန်တွေမှာ အန်တတ်ပါတယ်။ ကင်ဆာရောဂါသည်တွေမှာ ကင်ဆာဆေးပေးခြင်းကြောင့်လဲ အန်တတ်ပါတယ်။ လက္ခဏာများVomiting (အန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အန်ခြင်းဟာ အခြေအနေတော်တော်များများရဲ့ လက္ခဏာအနေနဲ့ လာတတ်ပါတယ်။ […]


ရောဂါလက္ခဏာများ

သယ်လ်ဆီးမီးယား (thalassemia) ရောဂါ အကြောင်းသိကောင်းစရာ

thalassemia ရောဂါဆိုတာဘာလဲ။ thalassemia ဆိုတာ မူမမှန်တဲ့ ဟေမိုဂလိုဘင်တွေ ထုတ်တာကြောင့် ဖြစ်ပေါ်လာတဲ့ သွေးရောဂါတမျိုးပါ။ တကယ်လို့ သင့်ကလေးမှာ thalassemia ရောဂါရှိတယ်ဆိုရင် သူတို့ရဲ့ ခန္ဓါကိုယ်ထဲမှာ ဟေမိုဂလိုဘင်ဓါတ်နဲ့ သွေးနီဥတွေဟာ ပုံမှန်ထက် နည်းနေပါလိမ့်မယ်။ ဒီလိုရောဂါမျိုးကို Mediterranean ဒေသ၊အာဖရိက နဲ့ အာရှဒေသက ကလေးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။thalassemia ရောဂါ အမျိုးအစား အများကြီးရှိပါတယ်။ တချို့အမျိုးအစားတွေက ဘာရောဂါလက္ခဏာမှ မပြသလို တချို့အမျိုးအစားတွေကလည်း အချိန်မီ ကုသမှုမပေးရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ကလေးမှာ thalassemia ရှိနေကြောင်း ဘယ်လိုသိမလဲ။ thalassemia ရောဂါရဲ့ လက္ခဏာတွေက -အားနည်းမယ်။ -ပင်ပန်းနွမ်းနယ်နေမယ်။ -အသားအရေဖြူဖျော့မယ်။ -မျက်နှာကအရိုးတွေငေါလာမယ်။ -အရပ်အမောင်းပုသေးမယ်။ -ဆီးမည်းမယ်။ -ဗိုက်ကြီးဖောင်းလာမယ် စတာတွေပဲဖြစ်ပါတယ်။ ကလေးမှာ ဘာလို့thalassemia ဖြစ်ရတာလဲ။ thalassemia ဟာ ဟေမိုဂလိုဘင်ထုတ်ပေးတဲ့ gene မှာ အပြစ်အနာအဆာပါတာကြောင့် ဖြစ်ရတာပါ။ ဒီလို ပါတာကြောင့် ဟေမိုဂလိုဘင်ဓါတ်ကို ပုံမှန်အတိုင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မွေးကာစကလေးများသည် မည်ကဲ့သို့ ဆက်သွယ်ကြသနည်း။

ကလေးငယ်များသည ်လူ့လောကအတွင်းသို့ စတင်ဝင်ရောက်ပြီဆိုသည်နှင့် ကြည့်စရာ၊ခံစားစရာ၊တွေ့ကြုံစရာ၊စိတ်လှုပ်ရှားစရာ အသစ်အသစ်များစွာရှိနေုပြီဖြစ်သည်။ သို့သော်လည်း သင့်ကလေးသည် စကားမပြောနိုင်သေးသောကြောင့် သူ အဆင်ပြေသလား၊မပြေဘူးလားဆိုသည်ကို သင်ဘယ်လိုသိနိုင်မလဲ။ တကယ်တော့ စကားလုံးတွေ မလိုအပ်ပါဘူး။ သင့်ကလေးကို လေ့လာစောင့်ကြည့်ခြင်းဖြင့် သူဘာတွေစဉ်းစားနေသလဲ၊ဘာတွေခံစားနေသလဲဆို သည်ကို သိနိုင်ပါသည်။ ငိုခြင်း(ကလေး၏ပထမဆုံးဆက်သွယ်ခြင်း) မွေးဖွားလာသောအချိန်မှစပြီး ကလေးငယ်များသည် သူတို့စဉ်းစားနေသော၊ လိုချင်သော၊မနှစ်သက်သောအရာများကို ပြောပြရန် သဘာဝအလျောက် နည်းလမ်းတစ်ခု တတ်လာပါသည်။ စိတ်ဝင်စားစရာကောင်းတယ်မှတ်လား။ အကယ်၍သင်သည် ဤအဖြေကိုငိုခြင်းဟု သင်ထင်သည်ဆိုပါက အဖြေမှန်ဖြစ်ပါသည်။ ငိုခြင်းသည် ကလေးများသူတို့၏ခံစားချက် နှင့် လိုအပ်ချက်တွေကို ဖော်ပြနေသည့် လက္ခဏာပင်ဖြစ်သည်။ ဥပမာပြောရလျှင် ကလေးသည် အလွန်အေးခြင်း ၊ပူခြင်း၊ဆာခြင်း၊ ပင်ပန်းခြင်းကို ခံစားနေရသည်ဆိုလျှင် သင်ကလေးငိုသံကြားရမည်ဖြစ်ပါသည်။ သင့်စိတ်ထဲတွင်သိရမည်က ကလေးများသည် အကြောင်းမရှိဘဲ မငိုပါ။ သို့ဖြစ်၍ကလေးများငိုပြီဆိုပါက သေချာစွာလေ့လာပါ။ ကလေးများကိုစကားပြောပါ။ မိဘအချို့သည်စကားမပြောတတ်သေးသောကလေးကိုစကားပြောနေရခြင်းသည်ရယ်စရာကောင်းသည်၊ကြောင်တောင်တောင်နိုင်သည်ဟုထင်ကြသည်။ သို့သော်လည်း ကလေးများကိုစကားပြောခြင်းသည် ကလေးငယ်များ၏ဘာသာစကားဖွံ့ဖြိုးမှုကို တိုးတက်စေပါသည်။ သင်သည်သင့်ကလေးနှင့်စကားများများပြောလေလေ သင့်ကလေးသည်စကားမြန်မြန်စပြောလေလေဖြစ်ပါသည်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး

အလုပ်ရှုပ်လှသော ခေတ်သစ်လူနေမှုဘဝမှာ ကျွန်တော်တို့ဟာ အလုပ်ရဲ့ စိတ်ဖိအားတွေကို လျော့နည်းစေဖို့ အချိန်နည်းနည်းပဲ ပေးနိုင်ပါတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ဟာ ထင်ထားတာထက် ကျန်းမာရေးကို ပိုမိုသက်ရောက်နေတဲ့ အိမ်သန့်ရှင်းရေး ကို လျစ်လျူရှုနေကြပါတယ်။ ကလေးတွေ အိမ်မွေးတိရစ္ဆာန်လေးတွေရှိတဲ့ အိမ်တွေက အိမ်သန့်ရှင်းဖို့၊ ရောဂါပိုးရှင်းနေဖို့ ပိုတောင် လိုပါသေးတယ်။ အောက်ပါ ဆောင်းပါးက အိမ်ကို မိနစ်၂၀အတွင်း သန့်ရှင်းသပ်ရပ်နေအာင် ဘယ်လို ထားမလဲ ရှင်းပြပါလိမ့်မယ်။ မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀စာ အိမ်သန့်ရှင်းရေး မိသားစု ကျန်းမာရေးအတွက် မိနစ်၂၀ စာ အိမ်သန့်ရှင်းရေး ကတော့ ဘာတွေဖြစ်မလဲ ဆိုတော့ နေရာ(၁) ရေချိုးခန်း ရေပန်း၊ ဘေစင်၊ မှန်တင်ခုံနဲ့ ရေစည်တို့ကို Sprayဖျန်း သန့်စင်ကာ နေရာတကျ ထားပါ။ တစ်ခါတရံကို အိမ်သာကို ပြောင်အောင် ဆေးဖို့ဆိုတာ ခက်ပါတယ်။ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးသည် ခန္ဓာယ်ထဲတွင်မည်မျှ ကြာကြာရှိနေနိုင်ပါသနည်း။

မေ့ဆေးသည် နာကျင်မှုကို သက်သာစေရန်နှင့် ခွဲစိတ်နေစဉ်တွင် မသက်မသာဖြစ်ခြင်းကို လျော့နည်းစေရန် အသုံးပြုသော ဆေးများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်း၏ အာနိသင်သည် အချိန်အနည်းငယ်ထိ ရှိနေနိုင်ပြီး ခွဲစိတ်ပြီးနောက်ပိုင်းတွင် ပျောက်သွားပါလိမ့်မည်။ ခွဲစိတ်မှုပြီးဆုံးလျှင် ဆေးပေးခြင်းကို ရပ်လိုက်ပါလိမ့်မည်။ မေ့ဆေး သင့်ခန္ဓာကိုယ်ထဲတွင် အချိန်မည်မျှကြာကြာရှိနေခြင်းသည် သင့်ကို အသုံးပြုသော ဆေးအမျိုးအစား၊ အခြားအသုံးပြုသောဆေးများ၊ ဆေးပမာဏနှင် သင့်ကျန်းမာရေးအခြေအနေများပေါ်တွင် မူတည်ပါသည်။ ထုံဆေး ထုံဆေးသည် သင့်ခန္ဓာကိုယ်၏ တစ်နေရာတွင် ထုံနေစေရန်အသုံးပြုသောဆေး ဖြစ်ပါသည်။ ဆေးထိုးခြင်း သို့မဟုတ် လိမ်းခြင်းအားဖြင့် ထုံသွားစေရန် ပြုလုပ်နိုင်ပါသည်။ ခွဲစိတ်ခြင်း ပြီးဆုံးပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ထိုခံစားမှုပျောက်သွားနိုင်ပါသည်။ သိပ်မကြာခင် သင်သည် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားနိုင်ပါသည်။ Regional anesthesia Regional anesthesia သည် သင့်ခန္ဓာကိုယ်၏ အစိတ်အပိုင်းနေရာကြီးကြီး (ဥပမာ လက်မောင်း၊ ခြေထောက်၊ ဝမ်းဗိုက် စသည်ဖြင့်) ထုံနေစေရန် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးခြင်းကို ကြောက်နေခြင်းကို ကျွန်ုပ် မည်ကဲ့သို့ကျော်လွှားနိုင်ပါမည်နည်း။

မေ့ဆေးပေးခြင်းကိုကြောက်ခြင်းသည် ခွဲစိတ်ခံရမည့် လူနာအများစုတွင် ဖြစ်တတ်ကြသည်။ အချို့သည် မေ့ဆေးပေးခြင်းကို ခွဲစိတ်ခံရခြင်းထက်ပင် ကြောက်ကြသည်။ သင့်တွင် လုံလောက်သော ဗဟုသုတမရှိပါကထိုကဲ့သို့ ကြောက်ရွံ့ခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ အမေရိကန်မေ့ဆေးအဖွ့ဲအစည်း၏ အဆိုအရ ၂၅% သော လူနာများသည် မေ့ဆေးအကြောင်းကို သေချာစွာမသိခြင်းကြောင်း ခွဲစိတ်ခြင်းကို ရှောင်လွှဲကြသည်။ ကံကောင်းစွာပင် အောက်ပါတို့ကိုလိုက်နာခြင်းဖြင့် မေ့ဆေးနှင့်ပတ်သတ်သော ကြောက်ရွံ့ခြင်းများကို သက်သာစေနိုင်သည်။ သင့်ဆရာဝန်နှင့် ဆက်သွယ်ပြောဆိုပါ။ ကုသခြင်းများမစတင်မီ သင့်ဆရာဝန်၊ မေ့ဆေးဆရာဝန်တို့နှင့် ချိန်းဆိုပြီး၊ သင့်၏ ခွဲစိတ်မှုတွင် မည်သည့် မေ့ဆေးကိုသုံးမည်၊ မည်ကဲ့သို့ ဆေးသွင်းမည်၊ မည်ကဲ့သိုသော အန္ကရာယ်များရှိသည်ကို မေးမြန်းပါ။ မေ့ဆေးဆရာဝန်တိုင်းတွင် သူတို့၏ အလုပ်နှင့် ပတ်သတ်ပြီး ကောင်းစွာကျွမ်းကျင်ကြပြီး သင့်ကို အကောင်းဆုံးပြုလုပ်ပေးလိုကြပါသည်။ သူတို့နှင့် ဆက်သွယ်ခြင်းသည် သင်၏ ကြောက်ရွံ့ခြင်းကို သက်သာစေပါလိမ့်မည်။ ဆရာဝန်နှင့် မေ့ဆေးဆရာဝန်မှ သင့်၏ ခွဲစိတ်ခြင်းနှင့် […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

မေ့ဆေးပေးထားစဉ် သင့်ခန္ဓါကိုယ်တွင် မည်ကဲ့သို့ ဖြစ်ပျက်ပါသနည်း၊

လူအများစုသည် မေ့ဆေးလိုအပ်သော ခွဲစိတ်မှုများကို ပြုလုပ်ကြရသည်။ ထိုသူများမှ အများစုသည် သူတို့၏ ခန္ဓါကိုယ်တွင် မည်ကဲ့သို့ ဖြစ်ပျက်ပြောင်းလဲမည်ကို မသိသောကြောင့် မေ့ဆေးပေးရန် စိုးရိမ်ထိတ်လန့်တတ်ကြသည်။ မေ့ဆေးသည် သင်ခွဲစိတ်ခံနေစဥိအတွင်း နာကျင်မှုမရှိစေရန်၊ စိတ်သက်သာစေရန် ကူညီပေးသည်။ ခွဲစိတ်မှုပြုလုပ်နေစဉ်၊ သင့်ခန္ဓါကိုယ်တွင် ပုံမှန်မဟုတ်သော ဖြစ်စဉ်များဖြစ်ပေါ်သည်။ နာကျင်မှုကို မခံစားရခြင်း နာကျင်မှုမရှိပဲ ခွဲစိတ်နိုင်ရန်သည် မေ့ဆေးပေးခြင်း၏ ရည်ရွယ်ချက်ဖြစ်ပါသည်။ သင့်ခန္ဓါကိုယ်ကို သွင်းလိုက်သော ဆေးများသည် အာရုံကြောများကို ပိတ်လိုက်သောကြောင့် နာကျင်မှုကို ဦးနှောက်သို့ အချက်ပြခြင်းမဖြစ်ပေါ်တော့ပေ။ ထို့ကြောင့် ဆေးအရှိန်ပြယ်သည်အထိ နာကျင်မှုကို ခံစားရမည်မဟုတ်ပေ။ သင်သည် တစိတ်တစ်ပိုင်း သိုမဟုတ် အပြည့်အ၀ သတိလစ်နေမည်ဖြစ်သည်။ ထုံဆေးများ အသုံးပြုလျှင် သင်နိုးနေပြီး သင့်ကို မည်သို့ပြုလုပ်နေသည်ကို သိရှိနေသော်လည်း နာကျင်မှုကို ခံစားရမည်မဟုတ်ပေ။ မေ့ဆေးပေးလျှင်သင်သည် အပြည့်အ၀ သတိလစ်နေနိုင်ပြီး ဆေးအာနိသင်ကြောင့် သင့်စိတ်သည် ပေါ့ပါးနေနိုင်သည်။ သင့်ကြွက်သားများသည် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း