အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

ခုခံတဲ့လေ့ကျင့်ခန်းပြုလုပ်စဉ် ကိုယ်ဟန်အနေအထားမှန်ကန်ဖို့ ဘာကြောင့်အရေးကြီးတာလဲ

အခုပြောမှာကို သင်အပြင်မှာ မြင်ဖူးပြီးသားဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် သတိမထားမိပဲ သင်ကိုယ်တိုင် လုပ်ဖူးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကတော့ လေ့ကျင့်နေစဉ် ကိုယ်နေဟန်ထားမှားယွင်းခြင်းပါပဲ။ ခုခံတဲ့ လေ့ကျင့်ခန်းတွေဟာ ကြွက်သားကို ပိုမိုသန်မာစေပေမယ့် သင့်ပုံစံဟာ လျော့တိလျော့ရဲဖြစ်နေမယ်ဆိုရင် လေ့ကျင့်ခန်းက အကျိုးအပြည့်အဝမရနိုင်ပဲ ဒဏ်ရာရရှိမှုပါ ဖြစ်နိုင်ပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်ပြီး သင့်တော်တဲ့ ကြွက်သားတွေကို ပစ်မှတ်ထားလေ့ကျင့်မှသာ လေ့ကျင့်ခန်းလုပ်ပြီး လိုချင်တဲ့အရာတွေကို ရနိုင်မှာဖြစ်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ ဘာလို့ ကိုယ်နေဟန်ထားကို အလေးထားသင့်လဲဆိုတာ ဖေါ်ပြထားတာတွေပဲဖြစ်ပါတယ်။   ပိုမိုကောင်းမွန်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိတဲ့ ပုံစံရှိခြင်း ရာဇဝင်ထဲမှာ စွမ်းအားကြီးတဲ့လူအကုန်လုံးဟာ သူတို့ရဲ့ဓါတ်ပုံကိုကြည့်လိုက်ရင် ကိုယ်နေဟန်ထား ဆင်တူကြပါတယ်။ နောက်ကျောကို မတ်မတ်ရပ်တယ်၊ ပုခုံးကားတယ်၊ မေးစေ့ကိုမော့ထားကြပါတယ်။ ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားဟာ ယုံကြည်မှုနဲ့ အားအင်ကို ဆောင်ကျဉ်းပေးပါတယ်။ တကယ်တော့ မကြာသေးမီက လေ့လာမှုတစ်ခုက လူတွေရှေ့မှာ စကားပြောတဲ့လူအချို့ဟာ […]


အခြားလေ့ကျင့်ခန်းများ

ယောဂ နှင့် ကျန်းမာရေးအကျိုးအာနိသင်

ယောဂဟာ ကိုယ်နေဟန်ထားတွေနဲ့ ဆက်စပ်နေတာကြောင့် သူ့ရဲ့ အကျိုးကျေးဇူးတွေဟာ ကိုယ်ခန္ဓါကိုပဲ အကျိုးသက်ရောက်မှု ရှိတယ်ဆိုတဲ့ အယူအဆအများတွေ ရှိနေကြပါတယ် ။ ဒါပေမယ့် ယောဂရဲ့ ကိုယ်နေဟန်ထားတိုင်းဟာ ပိုမို လေးနက်တဲ့ ရည်ရွယ်ချက် ရှိပါတယ်။ ဥပမာ - downward-facing dog posture ဟာ ကိုယ်ခန္ဓါကို အားအင်ပြည့်စေခြင်း၊ ဦးနှောက်ကို တည်ငြိမ်စေခြင်း၊ အစာခြေခြင်းကို တိုးတက်စေခြင်း၊ လက်၊ ခြေထောက်တွေကို ကျန်းမာသန်စွမ်းစေခြင်းတွေ ဖြစ်နိုင်ပါတယ်။ သူဟာ သွေးတိုးတတ်တဲ့သူတွေအတွက်လည်း အလွန်အကျိုးရှိပါတယ်။ ဒါအကုန်မဟုတ်သေးပါဘူး။ ယောဂကျင့်စဉ်ရဲ့ အသေးစိတ် လုပ်ကိုင်ပုံတစ်ခုစီဟာ ကျန်းမာရေး အကျိုးကျေးဇူးတစ်ခုစီကို ဖေါ်ပြပါတယ်။ ဥပမာ ယောဂဟာ ကိုယ်ခန္ဓါ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ကိုယ်ခန္ဓါနဲ့စိတ်ဟာ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ မညီမျှမှုဟာ ကိုယ်ခန္ဓါကိုလည်း မညီမျှမှု ဖြစ်စေပါယတ်။ ဒါကို […]


အခြားလေ့ကျင့်ခန်းများ

ချိတ်ဆက် လှုပ်ရှားမှု kinetic chain အကြောင်းသိကောင်းစရာ

Kinetic chain ရဲ့ အယူအဆကို ၁၈၇၅ မှာ စတင် အစပြုခဲ့ပြီးတော့ Franz Reuleaux လို့ခေါ်တဲ့ စက်မှုအင်ဂျင်နီယာ က တကယ်လို့ ထပ်နေတဲ့ အစိတ်အပိုင်းတွေဟာ ချိတ်ဆက်အဆစ် (pin joint) တွေနဲ့သာ ဆက်သွယ်နေခဲ့မယ်ဆိုရင် မပြုတ်ထွက်အောင်ဆက်ထားပြီးသား အဆစ်တွေဟာ တစ်ခုလှုပ်လိုက်ရင် နောက်တစ်ခုကပါ လိုက်လှုပ်တဲ့ စနစ်တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ Dr. Arthur Steindler ဟာ ဒီသီအိုရီကို ၁၉၅၅ မှာ သဘောတူ လက်ခံခဲ့ပြီးတော့ လူတွေရဲ့ လှုပ်ရှားမှုတွေ ပါဝင်တဲ့ ခွဲခြမ်း စိတ်ဖြာမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ Steindler ဟာ လက်ဖျားခြေဖျားတွေကို တောင့်တင်းပြီး ထပ်နေတဲ့ အစိတ်အပိုင်းတွေအဖြစ် မြင်ကြည့်ပြီး Kinetic chain ကို များစွာသော အဆစ်များ […]


အခြားလေ့ကျင့်ခန်းများ

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ယောဂပုံစံများနှင့် အစားအစာများ

ကိုယ်အလေးချိန်ကျခြင်းဟာ လူအတော်များများအတွက် အတော်ကို ကြိုးစားရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကို ကျအောင်ကြိုးစားရတာ၊ ထိန်းထားရတာနဲ့ ကျန်းမာပြီး အရသာရှိတဲ့ အစားအစာတွေကို စားရတာဟာ မလွယ်ကူလှပါဘူး။ ကိုယ်အလေးချိန်လျှော့ဖို့အတွက် ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေရတာပါပဲ။ ယောဂဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ထဲက ရှိခဲ့ပြီးတော့ အေရိုးဗစ် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ သူဟာ သွေးလှည့်ပတ်မှု တိုးတက်စေခြင်း၊ ကြွက်သားတွေကို ဆန့်ပေးခြင်းနဲ့ ကိုယ်အလေးချိန် လျော့ကျခြင်းတို့ကိုတောင် အားပေးနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားတွေကို ပုံစံအမျိုးမျိုးနဲ့ ပစ်မှတ်ထားပြီးတော့ ပျော့ပျောင်းမှုနဲ့ အားအင်တွေကို တဖြည်းဖြည်းခြင်း ရရှိလာစေပါတယ်။ တကယ်တမ်းတော့ ကျော်ကြားသူတွေဟာ ယောဂကို ကိုယ်အလေးချိန်လျှော့ဖို့အတွက် ကစားကြပါတယ်။ ဒါဟာ ထိရောက်မှုရှိပြီး နေ့စဉ်လုပ်ဖို့လဲ လွယ်ကူပါတယ်။ ယောဂကို လေ့ကျင့်ခန်းအဖြစ် ယူဆခြင်းမရှိကြပဲ ကိုယ်ခန္ဓာအနှံ့မှာ ဆက်ကြောင်းတွေ […]


အခြားလေ့ကျင့်ခန်းများ

ကိုယ်အလေးချိန် ပြန်မတက်စေနိုင်သော ဝိတ်ချနည်း

ကိုယ်အလေးချိန် ကျလိုက် ပြန်တက်လိုက်ဖြင့် သံသရာလည်နေခြင်းမျိုးသည် အလွန်အဖြစ်များပါသည်။ ယခင်က ဝိတ်ချ ခြင်း မအောင်မြင်ခဲ့ဖူးသည့်အခါ အခြားနည်းလမ်းတစ်ခု ပြောင်းသုံးသင့်ပါသည်။ ဝိတ်ချပြီးမှ ဘာလို့ ဝိတ်ပြန်တက်လာသလဲ လေ့လာမှုများက လူအများစုသည် ဝိတ်ချပြီးသောအခါ အနှေးနှင့်အမြန် ဝိတ်ပြန်တက်လာစမြဲဟု ပြောသည်။ ထိုအချင်းအရာက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုဖြစ်စေပါသည်။ အစားအလွန်စားခြင်း နှင့် ကိုယ်ခန္ဓါ ပုံပန်းသွင်ပြင်ကို အထူးပြုလေ့လာသော မက်ဟန်တန်မှ စိတ်ပညာရှင် Alexis Conason က အစားစားခြင်းဖြင့် ဝိတ်လျှော့လိုက် ဝိတ်ပြန်တက်လာလိုက်ဖြစ်ခြင်းသည် ဖြစ်နေကျ သံသရာလည်ခြင်းဖြစ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့ အပြစ်ကြောင့်ဟုပြောဆိုခံနေရပါသည် ဟုဆိုပါသည်။ ချထားပြီးသော ကိုယ်အလေးချိန် ပြန်တက်လာသောအခါ သူတို့သည် ရှက်ခြင်း၊ ရှုံးနိမ့်ခြင်း၊မိမိကိုယ်ကိုလက်ခံနိုင်မှု လျော့ကျခြင်း နှင့် အပြစ်ရှိသလို ခံစားရခြင်းတို့နှင့် ရင်ဆိုင်ရသည်။ သူတို့တွင် အားတက်စရာမရှိတော့ဘဲ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှုလည်း မရှိတော့ချေ။ လူတို့သည် […]


အခြားလေ့ကျင့်ခန်းများ

တင်ပါးဆုံလေ့ကျင့်ခန်းများ Kegel exercises အဆင့်ဆင့် လမ်းညွှန်ချက်

Kegel လေ့ကျင့်ခန်းများသည် ဆီးအိမ်နှင့် မိန်းမကိုယ်လမ်းကြောင်းကို ထောက်ပံ့ပေးသော ကြွက်သားများကို သန်မာစေသည်ဟု ယုံကြည်ကြပါသည်။ ဒီလေ့ကျင့်ခန်းများမှ အကောင်းဆုံးရလဒ်ကိုရစေရန် သင်ကိုယ်တိုင် ဒီအရာနဲ့ပတ်သက်တဲ့ ဗဟုသုတများကို သိရှိပြင်ဆင်ထားဖို့အရေးကြီးပါတယ်။ အောက်မှာ သင့်အတွက် လမ်းညွန်ချက် အဆင့်ဆင့်ကို ဖေါ်ပြထားပါတယ်။   Kegels ဆိုသည်မှာ အဘယ်နည်း   Kegel လေ့ကျင့်ခန်းများ (သို့) Kegel ဆိုသည်မှာ သင် ခန္ဓါကိုယ်ဧ။် တင်ပါးဆုံအောက်ခြေနေရာရှိ ကြွက်သားများအတွက် ပြုလုပ်ထားသော လိုက်နာလုပ်ဆောင်ရန် ရိုးရှင်း လွယ်ကူသည့် လေ့ကျင့်ခန်းများဖြစ်သည် ။ Kegel လေ့ကျင့်ခန်းများသည် တင်ပါးဆုံ အောက်ခြေနေရာရှိ ကြွက်သားများကို သန်မာစေသည့်အပြင် များစွာသော သက်တောင့်သက်သာမဖြစ်သည့် လက္ခဏာများကိုလည်း သက်သာစေပါသည်။ သတင်းကောင်းတစ်ခုကတော့ ဒီလေ့ကျင့်ခန်းကို ဘယ်အချိန် ဘယ်နေရာမှာမဆို သင့်ဘေးမှလူများ သတိမထားမိစေဘဲ လုပ်ဆောင်နိုင်ခြင်းပဲဖြစ်ပါတယ်။ ရေချိုးနေရင်း၊ လုပ်ငန်းခွင်သို့ ကားမောင်းသွားနေရင်း […]


အခြားလေ့ကျင့်ခန်းများ

အမြဲတက်ကြွသောအားကစားသမားတစ်ဦးဖြစ်နေစေသောလျှို့ဝှက်ချက်များ

-ရေရှည်တွင်အမြဲစိတ်ဓါတ် တက်ကြွနေသောအားကစားသမားဖြစ်စေသော လျှို့ဝှက်ချက်ကဘာလဲ။ ယခု ဆောင်းပါးတွင် သင်၏အားကစားလုပ်သောအစီအစဉ်တွင်အမြဲစိတ်ဝင်စားတက်ကြွအောင်မည်သို့နေထိုင်ရမည်ကိုဆွေးနွေးထားပါသည်။ အားကစားပစ္စည်းများကိုအဝေးမှာမထားပါနှင့် -သင့်အားကစားလုပ်သောပစ္စည်းများကိုအဝေးမှာထားလိုက်သည်နှင့်အားကစားလုပ်ချင်စိတ်လည်းပျောက်သွားမည်ဖြစ်သည်။ အားကစားလုပ်ချင်စိတ်ကိုဖြစ်စေရန်အိမ်တွင် အားကစားပစ္စည်းများထားပါ။ အိမ်တွင်ဟိုနားဒီနားအားကစားပစ္စည်းများကိုတွေ့လျှင်သင်အာကစားလုပ်ရမည်ကိုသတိရလိမ့်မည်။ အလေးမတုံးများ၊ဟန်ချက်ထိန်း ဘောလုံးများ၊ယောဂကျင့်သောဖျာနှင့်ကြိုးခုန်ပစ္စည်းများကိုရေးချိုးခန်း နှင့်အခြား အိမ်တွင်းနေရာများ:၌ရှိနေပါစေ။ သင့်အိမ်တွင်အားကစားပစ္စည်းများထားစရာနေရာမရှိပါကနဂိုကပင်နေရာတစ်ခု၊နှစ်ခုကြိုတင်စဉ်းစားပြင်ဆင်ထားပါ။ -အိမ်တွင်လေ့ကျင့်ခန်းလုပ်ရန် မဖြစ်နိုင်ပါကလည်းအားကစားဝတ်စုံများကို အိပ်ရာမဝင်မီအိပ်ယာအနား၌ထားပါ။ ထိုအခါမနက်အိပ်ယထလျှင်သင်၏အားကစားဝတ်စုံနှင့်ဖိနပ်တို့ကိုမြင်တွေ့ရပြီးအားကစားလုပ်ရန်မေ့လျော့ခြင်းမျိုးလဲရှိတော့မည်မဟုတ်ပါ။ -မျက်စိဖြင့်မြင်ရခြင်းဖြင့်မိမိဦးနှောက်ကိုသတိပေးရာရောက်သောကြောင့်ထိုကဲ့သို့မိမိကိုယ်ကို သတိပေးခြင်းမျိုးကလည်းအလုပ်ဖြစ်ပါသည်။ စတန်းဖို့ဒ်မှစိတ်ကျန်းမာရေးနှင့်ခန္ဓါကိုယ် ကြံ့ခိုင်ရေးသင်ပြသူပညာရှင် Kelly McGonigal ကကျွန်ုပ်တို့တွင်အလုပ်၊မိသားစုနှင့် အခြားလူမှုကိစ္စများစွာရှိသည့်အတွက်လေ့ကျင့်ခန်းလုပ်ခြင်းကိုသတိရ၍ရှေ့တန်းတင်ရန်လိုအပ်ပါသည်ဟုဆိုပါသည်။ ရည်မှန်းချက်ထားပါ ခန္ဓါကိုယ်ကြံ့ခိုင်ရေးတွင်စိတ်အားထက်သန်သူMarie Chooက အောင်မြင်မှုရရှိရန်သင်လုပ်နိုင်သောပန်းတိုင်သေးသေးလေးများကိုလုပ်ရန်အရေးကြီးသည်ဟုဆိုပါသည်။ ရိုးရှင်းလွယ်ကူသောရည်ရွယ်ချက်များမှစတင်၍ တဖြည်းဖြည်းချင်းစီရှေ့တိုးသွားပါ။ အစပိုင်းလေ့ကျင့်မှုကခက်ခဲပင်ပန်းလျှင်အရှိကိုအရှိတိုင်းလက်ခံပြီးသင်ပြုနေကျစွမ်းဆောင်ရည်ကိုလျှော့ချပါ။ ဖြည်းဖြည်းချင်းစီတိုး၍လေ့ကျင့်သွားဖို့အရေးကြီးပါသည်။ -သင်လိုချင်သောပန်းတိုင်တစ်ခုသတ်မှတ်ပြီးသောအခါရောက်ရှိရန်အဆင့်များခွဲ၍ကြိုးစားပါ။ အဆင့်တစ်ဆင့်ပြီးဆုံးသွားသောအခါရှေ့ဆက်လိုစိတ်ပြင်းပြလာပြီးစိန်ခေါ်မှုများကိုလည်း ပိုမိုရင်ဆိုင်လိုစိတ်ပြင်းပြလာသည်။ -ဥပမာအားဖြင့်ယခင်ကသင်သည်အပြေးလေ့ကျင့် ခြင်းမလုပ်ဖူးဘဲ ၃လမှ၄လအတွင်း၅ကီလိုမီတာအထိပြေးဖို့ရည်မှန်းထားသည်ဆိုလျှင်အကွားအဝေး တစ်ခုကိုသတ်မှတ်ပြီးပြေးလိုက်လျှောက်လိုက်လုပ်၍တဖြည်းဖြည်းနှင့်နှုန်းကိုတင်သွားပါ။ အချိန်တစ်ခုကြာပြီးသောအခါလေ့ကျင့်ရင်းဖြင့်သင်အလိုရှိသော၅ကီလိုမီတာကိုမိမိလိုချင်သော အမြန်နှုန်းဖြင့်ပြေးနိုင်လာပါမည်။ အားကစားလိုက်စားခြင်းကိုဘဝနေမှုအဖြစ်ပုံသွင်းပါ -အခြားအရေးကြီးကိစ္စများမှလွဲ၍လေ့ကျင့်ခန်း လုပ်ခြင်းကိုမပျက်ကွက်ပါစေနှင့်။ အချို့သူများအတွက်နေ့စဉ်အချိန်တစ်ခုသတ်မှတ်ပြီးလေ့ကျင့်ခန်း လုပ်ခြင်းကအသုံးဝင်တတ်ရာမနက်ပိုင်းတွင်ပြုလုပ်ပါကပိုကောင်းပါသည်။ ထိုနည်းအားဖြင့်သင့်နေ့စဉ်လူနေမှုဘဝသည် သင်၏လေ့ကျင့်ခန်းဆိုင်ရာပန်းတိုင်နှင့်နီးကပ်လာသည်။ လေ့ကျင့်ခန်း လုပ်ခြင်းအပြင်တစ်နေ့တာလုံးသွက်သွက်လက်လက်နေတတ်သည့်အကျင့်ကိုလည်းလုပ်ပါ။ဥပမာအလုပ်တွင်အချိန်ရပါကဓါတ်လှေကားမစီးဘဲလှေကားကိုသာအသုံးပြုပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လူနေမှုပုံစံဖြစ်လာပါကလေ့ကျင့်ခန်းလုပ်ရန်ပျင်းရိခြင်းမျိုးရှိတော့မည်မဟုတ်ပါ။ -ထို့ကြာင့်မိမိလက်လှမ်းမီသလောက်ပြုလုပ်ရန်အကြံပေးထားပါသည်။ အကယ်၍အားကစားခန်းမတွင်အသင်းဝင်မထားလျှင်ကောဘယ်လိုလုပ်ရမည်နည်း။ စိတ်မပူပါနှင့်။ ပြေးခြင်း၊လမ်းလျှောက်ခြင်းမျိုးပြုလုပ်ပေးနိုင်သည်။ ထို့ပြင်ကြိုးခုန်သည့် ပစ္စည်း၊အလေးမတုံး၊ဟန်ချက်ထိန်းဘောလုံးများ ဝယ်၍အိမ်တွင်လေ့ကျင့်နိုင်သည်။ ရာသီဥတု မကောင်း၍လေ့ကျင့်ခန်းမလုပ်ဖြစ်ခြင်းမျိုးလည်းမရှိနိုင်တော့ပါ။ အားကစားလိုက်စားသောသူငယ်ချင်းများနှင့် ပေါင်းဖော်ပါ -အားကစားဝါသနာပါသော သူငယ်ချင်းများက သင့်ကိုအားကစားလုပ်ခြင်းဖြင့်ပျော်ရွှင်စေပြီး […]


အခြားလေ့ကျင့်ခန်းများ

ယောဂကျင့်စဉ်အတွက်အစားအစာ

ယောဂဟူသောစကားလုံးကိုဟိုနားဒီနားမှသင်မကြာခဏကြားဖူးလိမ့်မည်။ လူအများစု၏စိတ်တွင်ယောဂကို လေ့ကျင့်ခန်းတစ်မျိုးဟုထင်တတ်ကြသည်။ သို့သော်ကျွန်ုပ်တို့အံ့အားသင့်စေမည့်အချက်မှာလေ့ကျင့်ခန်းအပြင် ယောဂကျင့်စဉ်၌ သူမတူသော ကိုယ်ပိုင်အစားအစာပုံစံလည်းပါရှိခြင်းဖြစ်သည်။ ထိုအရာကို ယောဂအစားအစာ ဟုခေါ်ပါသည်။   ယောဂကျင့်စဉ်အတွက်အစားအစာဆိုသည်မှာအဘယ်နည်း ယောဂကျင့်သူများကအစာအာဟာရသည်အသက်ရှင်မှုအတွက်မောင်းနှင်အားကိုဖန်ဆင်းသူဟုသတ်မှတ်ပြီး “ပရာနာ” (Prana) ဟုခေါ်ကြသည်။ သူတို့ကအစာအာဟာရသည် ကျန်းမာခြင်းနှင့်အသက်ရှင်ရပ်တည်မှုကိုပေးစွမ်းသည်ဟု ယုံကြည်ကြသည်။ ထို့ပြင်အစာအာဟာရသည် လူသားနှင့်နေထိုင်ရာကမ္ဘာမြေကြီး၏ ဦးဆုံးသော ပေါင်းကူးဆက်ဆံမှုလည်းဖြစ်သည်။ ထို့ကြောင့်ယောဂကျင့်သူသည် အစာအာဟာရကိုချစ်ခြင်းမေတ္တာ ၊ငြိမ်းချမ်းခြင်းနှင့် သဘာဝတရားတို့ကို ပေါင်းစပ်အာရုံဝင်စား၍ စားသုံးရမည်ဟုဆိုပါသည်။ -ယောဂကျင့်သူများသည် ဟင်းသီးဟင်းရွက်ကိုသာစားသုံးရသောမူကိုကျင့်သုံးရာ သတ္တဝါတစ်ကောင်တလေကိုမှ ညှင်းပန်းခြင်း ၊ သတ်ဖြတ်ခြင်းမပါဝင်ရပါ။ ယောဂအစားအစာသည် အစာအာဟာရတို့ကို သဘာဝနှင့်လိုက်ဖက်ညီစွာဖွံ့ဖြိုးအောင်အားပေးပြီး လုံးဝရင့်မှည့်မှသာစားသုံးရသည်။ ထို့ပြင်အစားအသောက်ပြင်ဆင်ချက်ပြုတ်ရာ၌ ဂရုစိုက်ခြင်း ၊ မေတ္တာတရား ၊ ကိုယ်ချင်းစာတရားနှင့် အကောင်းမြင်စိတ်တို့ကိုလက်ကိုင်ထားရသည်။   ယောဂအစားအစာ၏ကောင်းကျိုးများ ယောဂအစားအစာများသည် ခန္ဓါကိုယ်ကိုအာဟာရဖြစ်စေသည့်အပြင် စိတ်၏ငြိမ်းချမ်းရေးကိုပါ ယူဆောင်ပေးသည်။ အသန့်ရှင်းဆုံးအစားအစာများအဖြစ် သတ်မှတ်ခံရသောကြောင့် ယောဂကျင့်သူများနှင့် လိုက်ဖက်ညီပေသည်။ သို့သော်လည်းယောဂအစားအစာတွင် သတ္ထုဓါတ် ၊ အမျှင်ဓါတ် ၊ အသားဓါတ် ၊ […]


အခြားလေ့ကျင့်ခန်းများ

နေ့တစ်နေ့တာကိုသွက်လက်လှုပ်ရှားစွာဖြင့်ဖြတ်သန်းသင့်ပုံ

သင့်တစ်နေ့တာကိုသွက်သွက်လက်လက်လှုပ်ရှားဖြတ်သန်းပါကအဝလွန်ခြင်း၊သွေးပေါင်တက်ခြင်း၊သွေးတွင်းသကြားဓါတ်များခြင်းစသောကျန်းမာရေးပြဿနာများကိုကာကွယ်ပေးနိုင်သည့်အပြင် သင်အလိုရှိသောခန္ဓါကိုယ်ပုံစံကိုလည်းရရှိစေပါမည်။ ကျွန်ုပ်တို့၏သွက်လက်လှုပ်ရှားမှုကိုပိုမိုတိုးမြှင့်ရန်မည်သည့် လွယ်ကူရိုးရှင်းသောနည်းလမ်းများရှိပါသလဲ။ အောက်ပါတို့ကို လိုက်နာခြင်းဖြင့်အားကစားခန်းမသို့သွားစရာမလိုဘဲသင်၏ ကယ်လိုရီများကိုလောင်ကျွမ်းအောင်ကူညီပေးပါလိမ့်မည်။   လုပ်ငန်းခွင်၌ အညောင်းထိုင်ရသောနေ့စဉ်ဘဝတွင်ပင်အဆီကို လောင်ကျွမ်းစေနိုင်သောနည်းလမ်းများစွာရှိပါသည်။ ဓါတ်လှေကားနှင့်တက်မည့်အစားရိုးရိုးလှေကားနှင့်တက်ပါကနှလုံးကျန်းမာရေးအတွက်ကောင်းသော ကာဒီယိုလေ့ကျင့်ခန်း လုပ်သလိုဖြစ်နိုင်သည်။ အလုပ်တစ်နာရီ၊နှစ်နာရီလုပ်ပြီးတိုင်းစားပွဲခုံမှထ၍ လမ်းလျှောက်ခြင်း၊အကြောလျှော့လေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းများလုပ်ပေးနိုင်သည်။ တတ်နိုင်သမျှလှုပ်လှုပ်ရှားရှားနေပါ။ နေ့လည်စာကို အပြင်ထွက်စားပါ။ ကားမှတ်တိုင်ကို မရောက်ခင်ကြိုဆင်း၍ရုံးကိုလမ်းလျှောက်သွားခြင်းမျိုးပြုပါ။   အိမ်၌ သင်နှစ်သက်သောအားကစားတစ်ခုခုလုပ်ခြင်း၊ဝါသနာပါရာအလုပ်တစ်ခုခုလုပ်ခြင်း၊ခွေးနှင့်လမ်းလျှောက်ထွက်ခြင်း၊ကလေးငယ် များနှင့်ဆော့ကစားခြင်းဖြင့်လှုပ်လှုပ်ရှားရှားနေပါ။ ထို့ပြင် လုပ်ဆောင်ရလွယ်ကူသောဖုန်စုပ်ခြင်း၊ပန်းကန်ဆေးခြင်း၊တံမြက်လှည်းခြင်းတို့လည်းလုပ်၍ရသည်။ သင့်အနေဖြင့် မြက်ရိတ်ပေါင်းသင်ခြင်း၊မလိုအပ်သောအရွက်များကိုဖြတ်ခြင်း၊ အိမ်တွင်းရှိသေတ္တာများကိုသိမ်းဆည်းရှင်းလင်းခြင်းများလည်း ဆန္ဒရှိပါကပြုလုပ်နိုင်သည်။ နောက်ဆုံးတွင်လေ့ကျင့်ခန်းလုပ်ရင်း တီဗီအစီအစဉ်များနှင့်ရှိုးပွဲများ၊ကြော်ငြာများကိုပါကြည့်ရှုခံစားနိုင်ပါသည်။   အိမ်ပြင်ဟိုနားဒီနားသွားသောအခါ သွက်လက်လှုပ်ရှားစွာနေထိုင်ဖို့အတွက်အချိန်ယူအားစိုက်ထုတ်မှု တော့တစ်ခါတရံလိုအပ်သည်။ဥပမာ- ဈေးဝယ်ရန်ကုန်တိုက်ကိုသွားသောအခါကားကိုခပ်လှမ်းလှမ်းရှိ ကားပါကင်တွင်ရပ်၍ လမ်းပိုလျှောက်ခြင်း၊စတိုးဆိုင်များကိုနှံ့အောင်ဝင်ထွက်ကြည့်ရှုခြင်း၊လေဆိပ်တွင်စောင့်ဆိုင်းနေစဉ် အတက်အဆင်းပြုလုပ်နေခြင်း၊ကားလမ်းခရီးသွားရာတွင်တစ်နာရီ၊နှစ်နာရီမောင်းပြီးတိုင်းခေတ္တရပ်၍ အကြောလျှော့လေ့ကျင့်ခန်းလုပ်ခြင်းမျိုးတို့ဖြစ်သည်။


အခြားလေ့ကျင့်ခန်းများ

ခွန်အားတိုးစေသောလေ့ကျင့်မှုသည်ဆယ်ကျော်သက်များအတွက်အန္တရာယ်ကင်းခြင်းရှိ/မရှိ

ဆယ်ကျော်သက်များအတွက် အလေးမခြင်းနှင့်ခွန်အားလေ့ကျင့်ခန်းဆိုင်ရာမှတ်သားဖွယ်အချို့ အသက်၁၇နှစ်အရွယ် Ella (အမည်ရင်းမဟုတ်)ဆိုသူကခွန်အားတိုးစေရန်အလေးမခြင်း ပြုလုပ်လိုသော်လည်းဘောလုံးအားကစားသမားများ၏ ခန္ဓါကိုယ်ကဲ့သို့လည်းမဖြစ်လိုဟုဆိုသည်။ အသက်၁၄နှစ်အရွယ် Josh ဆိုသူကတော့ဘောလုံး အားကစားသမားများနှင့်တူလိုပြီးနောက်နှစ်တွင်အားကစားအသင်းဝင် ဖြစ်လာမှာဖြစ်သည့်အတွက် ကြွက်သားများကြီးထွားလိုကြောင်းဆိုပြန်သည်။ Ella နှင့် Josh တို့၏ရည်ရွယ်ချက်မတူသော်လည်း ဆယ်ကျော်သက်များအနေဖြင့်ခွန်အားတိုးစေသော လေ့ကျင့်မှုများပြုလုပ်သင့်ကြောင်း အကြောင်းပြချက်ကောင်းများရှိပါသည်။ ထိုလေ့ကျင့်မှုသည်ကြွက်သားများကိုသန်မာစေသည်။ ခန္ဓါကိုယ်ကို ကျစ်လစ်တောင့်တင်းစေသည်။ သက်လုံကောင်း စေသည်။ အရိုးများကိုသန်မာစေပြီးကိုယ်အလေးချိန် လျော့ကျခြင်းကိုပါဖြစ်စေနိုင်သည်။ သို့သော်ထိုလေ့ကျင့်မှုကို ပြုလုပ်ခြင်းဖြင့်ဒဏ်ရာ မဖြစ်အောင်ရှောင်ရှားတတ်ဖို့လည်းလိုပါသည်။ အောက်ပါ အမေး၊အဖြေနှင့်အကြံပြုချက်များကိုလေ့လာကြည့်ပါ။ ခွန်အားတိုးစေသောလေ့ကျင့်မှုဆိုသည်မှာအဘယ်နည်း ကြွက်သားများကိုသန်မာစေပြီး သက်လုံကောင်းစေသောလေ့ကျင့်ခန်းများကိုအစီအစဉ်တကျပြုလုပ် ခြင်းကိုခေါ်ပါသည်။ ခွန်အားလေ့ကျင့်မှုတွင် ကြီးမားသောအလေးများကို မဖြစ်မနေ မ, ရမည်ဟုမဆိုထားပါ။ ကြွက်သားထုထည်ကြီးမားလိုသူများကအလေးချိန်ကြီးကြီးကို မ,ခြင်းဖြင့်ကြွက်သားများ ကြီးမားအောင်အားထုတ်သည်။ ခွန်အားသက်သက်တိုးလိုသူက ပေါ့ပါးသောအလေးများနှင့်ထပ်ကာထပ်ကာလေ့ကျင့်ခြင်းကိုပြုလုပ်နိုင်ပါသည်။ လေ့ကျင့်ရာတွင ်အလေးမစက်များတွင် အလေးချိန်ထည့်၍လေ့ကျင့်နိုင်သကဲ့သို့အလေးမပါဘဲလည်း လေ့ကျင့်နိုင်ပါသည်။ မိမိခန္ဓါကိုယ်၏အလေးချိန်ကိုသာသုံး၍ တွန်းကန်ရသောလေ့ကျင့်မှုကို ခြေကျင်းဝတ် နှင့် ခါး စသည်တို့အပေါ်သက်ရောက်၍ လေ့ကျင့်မှုမျိုးလည်း ပြုလုပ်နိုင်သည်။ ခွန်အားတိုးစေသာလေ့ကျင့်မှုသည်အန္တရာယ်ရှိနိုင်ပါသလား ညွှန်ကြားသင်ပြမှုများက ိုသေချာစွာလိုက်နာပါကအန္တရာယ်မရှိနိုင်ပါ။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း