အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

သင့်အမျိုးသမီး ယောဂလုပ်နေစဉ် မပြောသင့်သည့်စကားများ

ကျန်းမာရေးအကျိုးကျေးဇူး များသောကြောင့် ယောဂကို အမျိုးသမီးများက ရွေးချယ်ကြသည်။ ယောဂသည် ခန္ဓါကိုယ် အနေအထားပုံစံများ၊ ထိန်းချုပ်အသက်ရှုခြင်းနှင့် တရားမှတ်ခြင်းတို့မှ ကိုယ်၊ စိတ်၊ ဝိဉာည် သုံးပါးစလုံးအား ဆက်သွယ်ပေးနိုင်၏။ သို့သော် အစပိုင်းတွင် ကိုယ်ဟန်ပုံစံများသည် အလွန်ခက်သောကြောင့် သင့်အမျိုးသမီးသည် မကျေမနပ်ဖြစ်နေနိုင်ပါသည်။ တစ်ခါတစ်ရံတွင် သင်၏အားပေးမှုကို လိုအပ်တတ်၏။ ထို့ကြောင့် သူမကို ပိုဆိုးဝါးသွားစေမည့် စကားများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။   သူမ၏စွမ်းဆောင်နိုင်ရည်နှင့်ပါတ်သတ်ပြီး အရှက်ရစေရန်မလုပ်ပါနှင့် ယခုမှယောဂလုပ်မည်သူများသည် တစ်ရက်တည်းနှင့် ကျွမ်းကျင်အဆင့် မရောက်နိုင်ပါ။ သူမ၏အမျိုးသားဖြစ်သည်နှင့်အညီ သင်ဖက်ကလည်း “ဒီလောက်လွယ်တာကို ဘာလို့မလုပ်နိုင်ရန်တာလဲ” “အရမ်းခက်တယ် ယောဂနဲ့မင်းနဲ့ မသင့်တော်ဘူးထင်တယ်” စသည့် အပျက်ဆန်ဆန်စကားများကို ရှောင်ပါ။ ထိုစကားများသည် သူမကို မချစ်ကြောင်း နာကျင်စေကြောင်း ခံစားသွားစေပြီး သင့်ကိုစိတ်ဆိုးသွားပါလိမ့်မည်။ သူမ၏ရည်မှန်းချက်ကို မလှောင်ပါနှင့် သင့်အမျိုးသမီးမှ ယောဂလုပ်ရန်ရွေးချယ်လိုက်ပြီဆိုပါက သူမ၏ခေါင်းထဲတွင် ပန်းတိုင်ကို သတ်မှတ်ပြီးသားပင်။ ကိုယ်အလေးချိန် ကျချင်တာမျိုး […]


အခြားလေ့ကျင့်ခန်းများ

အပြေးသမား ရှောင်ရမည့် အကျင့်ဆိုးများ

အပြေးလေ့ကျင့်သူ တစ်ယောက်မလုပ်ဆောင် သင့်တဲ့ အချက်များ။ ‘ တစ်ချို့သူတွေက ငါဟာ စစ်မှန်တဲ့ အပြေးလေ့ကျင့်သူတစ်ယောက် မဟုတ်ပါဘူး လို့ပြောတာ မကြာခဏကြားဖူးပါတယ်။ တစ်ချို့တွေက အခြားသူတွေထက် ပြေးတာပိုမြန်တာ ကလွဲရင် အားလုံးဟာ အပြေးလေ့ကျင့်သူတွေပါပဲ။ အပြေးလေ့ကျင့်သူ အတုဆိုတာ တစ်ခါမှ မတွေ့ဖူးပါဘူး။’ လို့ Bart Yasso လို့ခေါ်တဲ့ အပြေးလောကမှာ လူသိများတဲ့ အပြေးသမားတစ်ယောက်က စာတို လေးတစ်ခု အနေနဲ့ ဖော်ပြခဲ့ပါတယ်။ ပုံမှန်အခြေခံ တစ်ခုနဲ့ အပြေးလေ့ကျင့်နေသမျှ သင်ဟာ ပြေးလွှားသူ၊ အပြေးသမား တစ်ဦးပါပဲ။ အဲလိုပြောခဲ့တဲ့အတွက် သင်ဟာ အပြေးလေ့ကျင့်မယ်ဆိုရင် ဘာတွေကို ရှောင်ရှားရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။   ကောင်းမွန်သော ပြင်ဆင်မှု မရှိခြင်း။ အပြေးသမားတိုင်းဟာ ပြေးလွှားခြင်းဆိုတာကို နှစ်သက်ကြပါတယ်။ အဲလို ပြေးလွှားတာ တစ်ခုတည်းကို နှစ်သက်ခြင်းက မပြေးခင် သွေးပူလေ့ကျင့်ခန်း မလုပ်ချင်တာမျိုး […]


အခြားလေ့ကျင့်ခန်းများ

ခွဲစိတ်ပြီး နာလန်ထူနိုင်ဖို့ လေ့ကျင့်ခန်းများ

ခွဲစိတ်မှုပြီးရင် သင်ဟာ အိပ်ရာထဲမှာသာ မနေသင့်ပါဘူး။ ဒါဟာ သင့်ကို နာလန်ထချိန် ကြာမြင့်စေပါတယ်။ တတ်နိုင်သမျှစောစော ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးပြီး ပုံမှန်အလုပ်တွေကို ပြန်လုပ်သင့်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်း ခွဲစိတ်မှုအပြီးမှာ အထူးသဖြင့် သင်လှုပ်လိုက်ချိန်၊ အသက်ရှူချိန်၊ ချောင်းဆိုးချိန်တွေမှာ သက်တောင့်သက်သာ မရှိမှု၊ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ စောစီးစွာ လေ့ကျင့်ခန်း လုပ်ခြင်းဟာ အဆုတ်တွေထဲမှာ congestion ဖြစ်ခြင်းကို ဖယ်ရှားပေးပြီး အဆုတ်အအေးမိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ခွဲစိတ်ပြီး နာကျင်မှုကြောင့် လူနာတွေက အသက်ပြင်းပြင်း မရှူကြတာကြောင့် အဆုတ်အတွင်းမျာ အကျိအချွဲတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် အောက်ပါအချက်တွေကို လိုက်နာပြီး အသက်ရှူလေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။ သင့်နှာခေါင်းကနေ အသက်ရှူသွင်းပြီး ပါးစပ်ကနေ ရှူထုတ်သင့်ပါတယ်။ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကြားမှာ လက်ကို တင်ထားပါ။ သင့်လက်ဟာ လေမှုတ်ထားတဲ့ ဘောလုံးရဲ့ […]


အခြားလေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်း ပြေးလွှားတာက လုံခြုံမှုရှိရဲ့လား

အခြားကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ဘယ်လိုပြေးနေကြတယ်ဆိုတာနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ပြေးသင့် သလား မပြေးသင့်ဘူးလားဆိုတာ ကို စဉ်းစားကြည့်ဖူးပါသလား? အလွန်လေးလံ တဲ့ ဝမ်းဗိုက်ကို သယ်ဆောင်ပြီးပြေးရတယ်ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။ တကယ်တမ်းမှာလည်း ကိုယ်ဝန်ဆောင်နေစဉ် ပြေးတဲ့ အမျိုးသမီးတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒါက လုံခြုံမှုရှိနိုင်ပါ့မလား?     ပုံမှန်အားဖြင့် မိခင်နဲ့ကလေးရဲ့ ကျန်းမာရေး ကောင်းနေတယ် ဆိုရင်တော့ လုံခြုံမှုရှိပါတယ်။ ကိုယ်ဝန်ရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကြောင့် ဘာလေ့ကျင့်ခန်းမှမလုပ်နိုင်တဲ့ အမျိုးသမီး တစ်ချို့လည်း ရှိပါတယ်။ ဒါပေမယ့် ပထမဆုံးလုပ်ဆောင်ရမှာက သင့်ရဲ့သားဖွားကျွမ်းကျင် ပညာရှင်နဲ့ စစ်ဆေးတိုင်ပင်ရပါမယ်။ ပထမအဆင့်အနေနဲ့ သင့်ရဲ့ သားဖွားကျွမ်းကျင်ပညာရှင်က သင့်ကို ပြေးဖို့ခွင့်ပြုတယ်ဆိုရင် ဒုတိယ အဆင့်ကတော့ သင့် ခန္ဓါကိုယ် အခြေအနေကို သတိထားရပါမယ်။ ပြေးလွှားခြင်းလုပ်ဆောင်နိုင်ပေမယ့် အဲလို လုပ်နိုင်တာဟာ နေ့တိုင်းပြေးရမယ်၊ အဝေးကြီးပြေးရမယ်၊ […]


အခြားလေ့ကျင့်ခန်းများ

ပြေးလွှားခြင်းနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်များနဲ့ သမိုင်းကြောင်းများ

ပြေးလွှားခြင်းဟာ ကိုယ်ကျန်းမာရေးကောင်းမွန်စေခြင်း၊ ခန္ဓါကိုယ်လှစေခြင်း၊ ကယ်လိုရီလောင်ကျွမ်းစေနိုင်ခြင်း ကဲ့သို့ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်ဆိုတာ သတိထားမိကြပြီး ဖြစ်ပါတယ်။ သို့ပေမယ့် ပြေးလွှားခြင်းမှာ ဒီလို အကျိုးကျေးဇူးလေးတွေ ထက်ပိုတာတွေရှိပါတယ်။ သင်အရင်က သင်သိကောင်းသိနိုင်မယ့် အချက်လေးတွေ ကို အောက်မှာ ဆက်လက်ဖော်ပြပေးပါမယ်။ အချက်အလက်များ။ ပြေးလွှားခြင်းဟာ စွန့်စားမှုဖြစ်နိုင်သလို ရှုပ်ထွေးတာတွေလည်းရှိနိုင်ပါတယ်။ ပုံမှန်မာရသွန်ပြေးနည်းတွေ အပြင် အခြားစိတ်ဝင်စားစရာကောင်းတဲ့ ရွှံ့ထဲမှာပြေးခြင်း နည်းလမ်းနဲ့ ပြေးလမ်းမှာ အနှောက်အယှက်တွေရှိ တဲ့ပြေးနည်း တွေလည်းရှိပါတယ်။ ၂၀၁၄ တစ်နှစ်ထဲမှာတင် ပုံမှန် ပြေးနည်းမဟုတ်တဲ့ပြေးနည်းတွေမှာ ပြီးမြောက်အောင်မြင်ခဲ့သူ ၄ သန်းလောက်ရှိခဲ့ပါတယ်။ လူတွေက ဒီတိုင်းရိုးရိုးပြေးနည်းထက် အထက်ပါ ပြေးနည်းတွေက ပိုပြီး စိန်ခေါ်မှုတွေရှိတယ်လို့ ထင်ကြ ပါတယ်။ သင်ကမ္ဘာတစ်ပတ်လုံးပြည့်အောင် ပြေးနိုင်ပါတယ်။ အဲဒီအချက်က မှန်ပါတယ်။ သင်ဟာ ၅နှစ်လောက်( အတိအကျကတော့ ၅.၇ နှစ်)ဆက်တိုက် ပြေးမယ်ဆိုရင် ၂၄၉၀၀ မိုင်လောက် ပြေးနိုင်ပါတယ်။ ကမ္ဘာရဲ့ […]


အခြားလေ့ကျင့်ခန်းများ

လူသိများတဲ့ ပြေးနည်းများ

ပြေးလွှားတယ်ဆိုတာ ရှုးဖိနပ်လေးစီးပြီး ကြည့်ကောင်း နေရုံလောက် မရိုးရှင်းပါဘူး။ သင်ဟာ အမှန်တကယ် ပြေးလွှား လေ့ကျင့် သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့သင်ဟာ ပြေးလွှားခြင်း အမျိုးအစား များစွာကို သေချာသိနားလည်ထားရပါမယ်။ တစ်မျိုးချင်းဆီက မတူညီတဲ့ ကောင်းကျိုးတွေ ပေးနိုင်ပါတယ်။ သင်သိထားသင့်တဲ့ ပြေးလွှားခြင်းနဲ့ ပတ်သတ်တဲ့ပုံစံ ၈မျိုးကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။ ၁။ Recovery run Recovery run ဆိုတာဟာ ခြေလှမ်းတိုတိုနဲ့ အကွာအဝေးနည်းနည်း ပြေးတာမျိုးကို ဆိုလိုပါတယ်။ ဒီလို ပြေးနည်းမျိုးကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ အပြီးမှာ လေ့ကျင့်သင်ကြားမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လုပ်ဆောင်လေ့ရှိပါတယ်။ recovery run ဆိုတဲ့ သဘောက သင်ဟာ အရင်က အကြာကြီး အဝေးကြီးပြေးတာကြောင့် ဖြစ်နေတဲ့ မောပန်းနွမ်းနည်မှုတွေကို ပြန်လည်ကောင်းမွန် အောင် လုပ်ဆောင်ရတာမျိုးပါ။ ဒါ့ကြောင့် ဒီပြေးနည်းအတွက် သင်ဟာ […]


အခြားလေ့ကျင့်ခန်းများ

မပြေးလွှားခင် လုပ်ဆောင်နိုင်တဲ့သွေးပူလေ့ကျင့်ခန်းများ

သွေးပူလေ့ကျင့်ခန်း လုပ်ချင်ပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဖြစ်နေပါသလား ? ဘယ်လိုလုပ်ရမယ်ဆိုတာကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။ ဘယ်လိုပြေးရမယ်ဆိုတာ ကျွန်ုပ်တို့ အားလုံးသိကြပါတယ်။ မပြေးခင်မှာ သွေးပူလေ့ကျင့်ခန်း မလုပ်ရင် ဘာတွေဖြစ်မယ်ဆိုတာလည်း သိကြပါတယ်။ စူးပြီးအောင့်တာမျိုး၊ အမောလွယ်တာမျိုး စတာတွေဟာ သွေးပူလေ့ကျင့်ခန်းသေချာ မလုပ်တာကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေထဲမှာ ပါဝင်ပါတယ်။ အဲဒါကြောင့် သွေးပူလေ့ကျင့်ခန်းဘယ်လိုသေချာ လုပ်ရမယ်ဆိုတာ မသိသေးရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လေ့ကျင့်ခန်းတစ်ချို့ကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။   လမ်းလျှောက်ခြင်း။ လမ်းလျှောက်ခြင်းဟာ အလွယ်ကူဆုံး သွေးပူလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းမှာ လည်း ပြေးလွှားခြင်းလိုပဲ ခန္ဓါကိုယ်က လုပ်ငန်းတွေ လုပ်ဆောင်ဖို့လိုပါတယ်။ ဒါပေမယ့်ပြေးခြင်းလောက်တော့ ပြင်းထန်မှုမရှိပါဘူး။ လမ်းလျှောက်ခြင်းက သင့်ရဲ့ နှလုံးခုန်နှုန်း၊ ကြွက်သားတွေ၊ ကိုယ်တွင်းအပူချိန်စတာတွေကို တဖြည်းဖြည်း မြင့်တက်လာစေနိုင်ပြီး၊ သွေးစီးမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အထူးသဖြင့် ဒဏ်ရာရပြီး ပြန်ကောင်းခါစ အပြေးသမားတွေ အတွက်ဆိုရင် လမ်းလျှောက်ခြင်းက စတင်ဖို့ […]


အခြားလေ့ကျင့်ခန်းများ

ပြင်းထန်တဲ့ပြေးလွှားလေ့ကျင့်ခြင်း အပြီးမှာ ကြွက်သားနာကျင်မှုတွေကို ပျောက်အောင်လုပ်နိုင်တဲ့ နည်းလမ်းများ

ပြေးလွှားလေ့ကျင့်ခြင်းအပြီးမှာ ကြွက်သားနာကြင်မှုဖြစ်ခြင်း နဲ့ အဲလိုနာကြင်ခြင်းကို ဘယ်လိုပျောက်အောင်လုပ်နိုင်မလဲ? အနာခံမှ အသာစံရမယ် ဆိုတဲ့ ဆိုလိုရင်းအတိုင်း စိတ်ပိုင်းဆိုင်ရာ ပဲဖြစ်ဖြစ်၊ ကိုယ်ခန္ဓါပိုင်းဆိုင်ရာပဲဖြစ်ဖြစ် ဘယ်အရာမဆို လုပ်ဆောင်ရာမှာ နာကြင်မှုဆိုတာကတော့ ရှိစမြဲပဲဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း၊ (သို့) ကိုယ်ခန္ဓါ ကြံ့ခိုင်ဖို့ လေ့ကျင့်ခြင်းတွေမှာလည်း နာကြင်တာတွေ ရှိမှာပါ။ ဒါပေမယ့်လည်း ပြေးခြင်းအတွက်ဆိုရင်တော့ အထူးသဖြင့် စစချင်းပြေးသူတွေ(သို့) အကြာကြီးမပြေးဘဲနေပြီး ပြန်ပြေးတဲ့သူတွေ အတွက် ကြွက်သားနာတာဟာ ကောင်းတဲ့အချက်တစ်ချက် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ လေ့ကျင့်ခန်းတွေလုပ်ဆောင် တဲ့အခါမှာ ကြွက်သားတွေက ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို ကျွန်ုပ်တို့ အားလုံးသိကြပါတယ်။ အဓိက လုပ်ဆောင်ချက်နှစ်ခုကတော့ အကြောလျှော့ခြင်းနဲ့ ကြွက်သားကျုံ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို မသုံးဘဲ ပစ်ထားတာလတွေ၊ နှစ်တွေ ကြာနေပြီဖြစ်တဲ့ အရာတွေဆိုရင် သံချေးတက်တဲ့ အခါတွေရှိမှာပါ။ ကြွက်သားတွေ အတွက်လည်း ဒီလိုပါပဲ။ […]


အခြားလေ့ကျင့်ခန်းများ

အမျိုးသမီးယောနိ အတွက် Kegel လေ့ကျင့်ခန်း

အမျိုးသမီးယောနိ အတွက် Kegel(ကီဂျဲလ်) လေ့ကျင့်ခန်း ကြားဖူးကြလား! အချို့အမျိုးသမီးတွေက ကလေးမွေးဖွားပြီးလို့ ဒါမှမဟုတ် သွေးဆုံးသွားလို့ ဒါမှမဟုတ် ပိုမိုကြည်နူးဖွယ်ကောင်းတဲ့ ချစ်တင်းနှောမှုကို လိုချင်ကြလို့ ယောနိကြွက်သားတွေ လျော့ရဲလာတာကို မလိုလားကြပါဘူး။ အမျိုးသမီးယောနိ အတွက် Kegel(ကီဂျဲလ်) လေ့ကျင့်ခန်း ဘယ်လို အကြောင်းပြချက်ကြောင့်ဖြစ်ပါစေ။ တင်းကျပ်တဲ့ ယောနိဖြစ်လိုတာကတော့ အမျိုးသမီးဦးစားပေးစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိတာပါပဲ။ အဓိကကတော့ တင်းကျပ်တဲ့ ယောနိက အတူနေတဲ့အခါ သင့်ကို ကောင်းမွန်တဲ့ ခံစားမှုကို ရရှိစေတယ်လို့ ယူဆလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးမထိန်းနိုင်တဲ့ ပြဿနာ၊ သားအိမ်ကျွံတဲ့ ပြဿနာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ တင်ပါးဆုံ ကြွက်သားတွေအားနည်းတာက အမျိုးသမီးတိုင်းအတွက် ပြဿနာပါ တင်ပါးစုံကြွက်သားကို အားနည်းစေတဲ့ အချက်အလက်တွေ အများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်း၊ မိန်းမကိုယ်တွင်း ခွဲစိတ်မှုပြုလုပ်ထားခြင်း၊ အသက်ကြီးခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ နာတာရှည်ချောင်းဆိုးခြင်းတို့လို […]


အခြားလေ့ကျင့်ခန်းများ

ထိုင်မနေဘဲနဲ့ ကြွက်သားတက်အောင် စလေ့ကျင့်စို့

သင်ဟာ ပိန်လွန်းလို့ ဖြစ်စေ မပိန်သော်လည်း ခန္ဓါကိုယ်ပုံစံကို ပြောင်းလဲချင်လို့ ဖြစ်စေ ကြွက်သားထုတက်အောင် ကြိုးစားနေသူဖြစ်ပါက အကျိုးသက်ရောက်မှုရှိတဲ့ ကြွက်သားတည်ဆောက်ခြင်းဟာ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း ဖြစ်စဉ်မဟုတ်မှန်း သိစေလိုပါတယ်။ သို့ပေမယ့်လည်း အသုံးဝင်တဲ့ နည်းလမ်းအချို့ကို လိုက်နာမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါသေးတယ်။   ကြွက်သားတည်ဆောက်မှုကို အမြင့်ဆုံး တင်ခြင်း အစာအဟာရနှင့် ပတ်သက်ပြီး Virginia Tech University (ဗာဂျီးနီးယားနည်းပညာတက္ကသိုလ်) မှ Ph.D ရရှိထားသည့် ပါမောက္ခ Micheal Houston ရဲ့ အတည်ပြုချက်အရ လူသားတွေရဲ့ ခန္ဓါကိုယ်ဟာ လုပ်ငန်းဆောင်တာ အတော်များများအတွက် အသားဓါတ် (protein) ကို အသုံးပြုရပါတယ်။ ထို့အတွက် ကြွက်သားတည်ဆောက်မှုအတွက် ပရိုတိန်းဓါတ် မလုံလောက်တတ်ကြပါဘူး။ ထိုရလဒ်အရ အကယ်၍ သင်ဟာ ကြွက်သားထု ကြီးကြီးမားမား တည်ဆောက်လိုပါက ပရိုတိန်းအဟောင်းတွေကို ခန္ဓါကိုယ်က […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း