ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

တင်ပါးဆုံနှင့် ပေါင်သားရှိအဆီခဲများကို အဆီကျ သက်သာစေရန် နည်းလမ်း ၅သွယ်

သင်ဟာ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ အရွယ်ရောက်ပြီးတဲ့ နောက်ပိုင်းမှာ သင့်ခန္ဓါကိုယ်ရဲ့ နေရာအချို့၌ ဆယ်လူလိုက် လို့ခေါ်တဲ့ အဆီခဲတွေ ဖြစ်လာတဲ့ အခြေအနေကို သတိထားမိလာပါလိမ့်မယ်။ ဒီအဆီခဲတွေဟာ ရွေ့လျားတဲ့ ပုံပန်းသွင်ပြင် ရှိပြီးလိမ္မော်သီးခွံရဲ့ ချိုင့်နေတဲ့ မျက်နှာပြင် ပွယောင်းယောင်း ပုံစံနှင့် ဒိန်ခဲအပျော့ကဲ့သို့ ပုံစံတွေ ရှိနေကြပါတယ်။ ဒီလိုဖြစ်ခြင်းဟာ အန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာမျိုး ဖြစ်နေတာမဟုတ်ပေမယ့်လည်း အဆီခဲတွေဟာ သင့်ရဲ့အရေပြားကို ကြည့်ရတာရုပ်ဆိုးစေပါတယ်။ အဆီခဲတွေဖြစ်ပေါ်ခြင်း နှေးကွေးလာအောင်နှင့် အရွယ်အစားသေးသွားအောင် အောက်ဖော်ပြပါ အသုံးဝင်တဲ့ နည်းလမ်း ၅သွယ် ကိုကြိုးစားကြည့်ပါ။   ကိုယ်အလေးချိန် လျှော့ချခြင်း သင်ဟာ ကိုယ်အလေးချိန်တိုးလာမယ်ဆိုရင် သင့်ရဲ့ အဆီဆဲလ်တွေဟာ ပိုပြီးကြီးထွားလာပြီး အဆီခဲတွေ ထပ်ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အဝလွန်တဲ့ သူတွေမှာ ကိုယ်အလေးချိန်လျှော့ချပေးခြင်းဟာ အဆီခဲတွေရဲ့ ပုံပန်းသွင်ပြင်ကို လျော့ကျအောင် လုပ်ဆောင်နိုင်ပါတယ်။ လေ့ကျင့်ခန်းအချို့ […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

နောက်ကျောနာတာသက်သာစေမယ့်လေ့ကျင့်ခန်း ၃ မျိုး

ခါးနာခြင်းအတွက် လေ့ကျင့်ခန်းများ ခါးနာခြင်းဟာအဖြစ်များတဲ့ ကြွက်သားနာကျင်ခြင်း အမျိုးအစားတမျိုး ဖြစ်ပါတယ်။ ပြင်းထန်တဲ့ ထိခိုက်မှု၊ ရောဂါတို့ကြောင့် ဖြစ်တတ်ပြီး သာမန်အဆစ်လွဲခြင်း၊ ဒဏ်ဖြစ်ခြင်း ဒါမှမဟုတ် အာရုံကြောညပ်ခြင်း၊ ထိခိုက်ခြင်းတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီပြဿနာကိုကာကွယ်ဖို့၊ ကုသဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ဖို့ ဆရာဝန်များက အကြံပြုပါလိမ့်မယ်။ ခဏတာခါးနာခြင်းကိုတော့ အိပ်ရာထဲလှဲပြီးမလှုပ်ရှားဘဲနေခြင်းဟာ အထောက်အကူပြုတယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် သုတေသနအချို့အရ မလှုပ်ရှားဘဲနေခြင်းဟာ ခဏတာမျှဘဲ အထောက်အကူပြုတယ်လို့ သိရပါတယ်။ ဘာလှုပ်ရှားမှုမှမရှိဘဲနေခြင်းဟာ ပျောက်ကင်းမှုကို ကြာရှည်စေပြီး ကြွက်သားတောင့်တင်းခြင်းကို ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ လှုပ်လှုပ်ရှားရှားနေမှသာ ကြွက်သားများကိုအသုံးချနိုင်မှာ ဖြစ်ပါတယ်။ ခါးနာတဲ့အခါ ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အချက်တွေကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီအစီအစဉ်မစခင်မှာ • သက်တောင့်သက်သာရှိတဲ့ အဝတ်အစားတွေ ဝတ်ဆင်သင့်ပါတယ်။ • လုပ်သင့်တဲ့ အတိုင်းအတာထက် ပိုပြီးလုပ်အောင် မိမိကိုယ်ကိုဖိအားမပေးပါနဲ့။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ထိခိုက်ရတာမျိုးမဖြစ်သင့်ပါ။ • လေ့ကျင့်ခန်းကိုဖြည်းဖြည်းမှန်မှန် စတင်ဖို့လုပ်ပါ။ ချက်ချင်းကြီးမစပါနဲ့။ […]


အခြားလေ့ကျင့်ခန်းများ

ကိုယ်လက်လေ့ကျင့်ခန်းအတွက် ဘယ်လိုရည်မှန်းချက် အစီအစဉ်ဆွဲမလဲ

ကိုယ်လက်လေ့ကျင့်ခန်းအတွက် ဘယ်လိုရည်မှန်းချက်အစီအစဉ်ဆွဲမလဲ သင်စတင်လှုပ်ရှားဖို့ အဆင်သင့်ဖြစ်ရင် ရည်မှန်းချက်တွေချပြီးအစီအစဉ်ဆွဲရပါမယ်။ သင့် အနေနဲ့အစမှာစိတ်သိပ်မပါသေးဘူး၊ ကိုယ့်ကိုကိုယ်မနာကျင်စေချင်ဘူးဆိုရင် နည်းနည်းနဲ့ပဲစတင်ဖို့ သတိပြုပါ။ ရည်မှန်းချက်ချပါ ကိုယ်ကာယလေ့ကျင့်ခန်းအတွက် ရည်မှန်းချက်ချဖို့ရာအဓိကသုံးချက်ကိုထည့်စဉ်းစားရပါမယ်။ ဘယ်လိုလှုပ်ရှားမှုမျိုးကိုဘယ်လောက်ကြာကြာလုပ်မယ်ဆိုတာတိတိကျကျ သတ်မှတ်ပါ။ ဘယ်အချိန်မှာလုပ်မှာလဲ သင့်ရည်မှန်းချက်ဟာလက်တွေ့ကျရဲ့လား။ တခါတည်းနဲ့ အများကြီးအပြောင်းအလဲမလုပ်ပါနဲ့။ ဒီသုံးချက်ပါဝင်တဲ့ ဥပမာတစ်ခုကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ တစ်ပတ်မှာလေးရက် နေ့လယ်စာစားချိန်မှာ ၁၀ မိနစ်လောက် လမ်းမြန်မြန်လျှောက်မယ် (ထမင်းစားချိန်မှာတစ်ချိန်လုံးထိုင်စားနေမှာမဟုတ်လို့ပါ) ရည်မှန်းချက်ဆိုတာ ‘’ငါ ပိုပြီးလမ်းလျှောက်မယ်’’ ‘’ငါပိုပြီးကျန်းမာရမယ်’’ဆိုတာမျိုးပဲမဟုတ်ပါဘူး။ ဒီစကားတွေကသိပ်မတိကျပါဘူး။ စာနဲ့ချရေးပါ ရည်မှန်းချက်များကိုချရေးထားတာဟာအထောက်အကူပြုပါတယ်။ အဲ့ဒီစာတွေကိုသင်မြင်ရမယ့် နေရာမျိုးမှာထားပါ။ ရေခဲသေတ္တာမှာ၊ ရေချိုးခန်းမှန်မှာကပ်ထားပါ။ ပိုက်ဆံအိတ်ထဲမှာထည့်ထားပါ။ ရည်မှန်းချက်တွေချတဲ့အပြင် ဘယ်လိုအောင်မြင်အောင်လုပ်မယ်ဆိုတာအစီအစဉ်ဆွဲပါ။ အောက်ပါမေးခွန်းတွေကိုဖြေကြည့်ပါ။ ဒါဆိုရင် ပြီးပြည့်စုံတဲ့ အစီအစဉ်ဖြစ်မှာပါ။ တခြားအရန် အစီအစဉ်ပါ ဆွဲထားပါ။ လက်ရှိဘယ်အခြေအနေမှာရှိလဲ ဥပမာ။ ငါဟာအထိုင်များတယ်။ အများဆုံးလုပ်ဖြစ်တဲ့ လေ့ကျင့်ခန်းကတော့ အိမ်အလုပ်နဲ့ အိမ်အပြင်မှာရေလောင်းပေါင်းသင် တစ်ပတ်တစ်ခါ လုပ်တာပဲ။ ငါ့ရည်မှန်းချက်ဟာ ဥပမာ။ တစ်ပတ်မှာလေးရက် နေ့လယ်စာစားချိန်မှာ ၁၅ မိနစ်လောက် လမ်းမြန်မြန်လျှောက်မယ်။ ထမင်းစားချိန်မှာတချိန်လုံးထိုင်စားနေစရာမှ မလိုတာပဲ။ ငါဘာတွေလိုအပ်လဲဆိုတော့ ဥပမာ။ လမ်းလျှောက်ဖိနပ်နဲ့ […]


ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ဒဏ်ရာကင်းဝေး လေ့ကျင့်ရေး (ဘေးကင်းစေရန် အကြံပြုချက် ၁၁ ချက်)

ဒဏ်ရာကင်းဝေး လေ့ကျင့်ရေး (ဘေးကင်းစေရန် အကြံပြုချက် ၁၁ ချက်) ကိုယ်လက်လှုပ်ရှားမှုများများလုပ်ခြင်းဟာသင့်ရဲ့ဆီးချိုရောဂါကိုရောအလုံးစုံသောကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ပျော်ရွှင်နှစ်သက်စရာကောင်းပြီးဘေးကင်းဖို့တော့လိုပါတယ်။ အခုဖော်ပြမယ့် အချက်တွေမှာတော့ လေ့ကျင့်ခန်းပြုလုပ်စဉ် ဒဏ်ရာရခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ သွေးတွင်းသကြားဓါတ်နည်းသွားခြင်းတွေကိုဘယ်လိုကာကွယ်ရမယ်ဆိုတာအကြံပေးထားပါတယ်။ ယခင်ကလေ့ကျင့်ခန်းမလုပ်ဖူးရင် ဖြည်းဖြည်းပဲစတင်ပါ။ သင့်ကျန်းမာရေးအတွက် သိပ်စိတ်မချရင် ဘယ်လိုလေ့ကျင့်ခန်းတွေဟာသင့်အတွက် ဘေးအကင်းဆုံးဖြစ်မယ်ဆိုတာကျန်မာရေးစောင့်ရှောက်ပေးတဲ့ အဖွဲ့နဲ့ တိုင်ပင်ပါ။ သူတို့ပေးတဲ့အကြံတွေဟာသင့်ရဲ့ နှလုံး၊ သွေးကြော၊ မျက်စိ၊ ကျောက်ကပ်၊ ခြေထောက်နဲ့ အာရုံကြောစနစ်တွေပေါ် မူတည်ပါလိမ့်မယ်။ ယခုအထိတော့ ဆီးချိုဝေဒနာရှင် အတော်များများဟာသာမန်လူတွေလုပ်တဲ့ လေ့ကျင့်ခန်းအတိုင်းပဲလိုက်လုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းမစခင် ၅ မိနစ် သွေးပူအောင်ကိုယ်လက်လှုပ်ရှားပါ။ လေ့ကျင့်ခန်းပြီးချိန်တွင်လည်း ၅မိနစ်ခန့် အကြောလျှော့ပါ။သွေးပူလေ့ကျင့်ခန်းနဲ့အကြောလျှော့ခြင်းဟာလုပ်တဲ့လေ့ကျင့်ခန်းထက် ပိုပြီးသက်သက်သာသာရှိဖို့ လိုပါတယ်။ သွေးလည်ပတ်မှုကောင်းစေပြီးအဆစ်အမြစ်တွေ သွေးပူလာစေပါတယ်။ အရမ်းအေးတဲ့အချိန် အရမ်းပူတဲ့အချိန် လေ့ကျင့်ခန်းလုပ်ခြင်းရှောင်ကြဉ်ပါ။ ရာသီဥတုပြင်းထန်ချိန်မှာခန်းမတွင်းလှုပ်ရှားမှုသာလုပ်ဆောင်ပါ။ ရေဓါတ်မခမ်းအောင် လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်စဉ်နဲ့ လုပ်ပြီးတဲ့အခါ ရေများများသောက်ပါ။ […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

လမ်းလျှောက်ခြင်းက အကောင်းဆုံးစတင်မှုတစ်ခုပါ

လမ်းလျှောက်ခြင်းက ကျန်းမာဖို့အတွက် အကောင်းဆုံးနည်းပါ။ ဒီဆောင်းပါးမှာ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးတွေကို ဖော်ပြသွားမှာပါ။ လမ်းလျှောက်တာက Gym ကစားတာလိုမျိုး အသင်းဝင်ကြေးတွေ ကိရိယာတွေမလိုသလို ဘာအကုန်အကျမှလည်း မရှိပါဘူး။ ဒါက ကျွန်တော်တို့နေ့စဉ် လုပ်နေကျဖြစ်တဲ့အတွက် ထူးထူးထွေထွေ သင်ကြားစရာမလိုတဲ့ အလွယ်ကူဆုံးနည်းလမ်း တစ်ခုပါ။ လမ်းလျှောက်ခြင်းက အကောင်းဆုံးစတင်မှုတစ်ခုပါ လမ်းလျှောက်ခြင်းက သွေးတိုး၊ ကိုလက်စထရော၊ စိတ်ဖိစီးမှုနဲ့ စိတ်ကျခြင်းတို့ကို သက်သာစေပါတယ်။ ကိုယ်အလေးချိန်ကျအောင် ကူညီပေးတဲ့အပြင် နှလုံးရောဂါနဲ့ လေဖြတ်၊ လေဖြန်းစတဲ့ နာတာရှည်ရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။ လူအများနဲ့ ပျော်ပျော်ရွှင်ရွှင် အတူလုပ်လို့ရတဲ့ နည်းလမ်းတစ်မျိုးလည်းဖြစ်ပါတယ်။ လမ်းလျှောက်တာက အန္တရာယ်မရှိသလို အနာတရဖြစ်တာတွေလည်း မရှိပါဘူး။ ဒါက အလွယ်တကူ လိုက်လုပ်လို့ရတာမျိုးဖြစ်ပြီး လုပ်လို့ရတဲ့နေရာတွေလည်းအများကြီးပါ။ သင်က တက်တက်ကြွကြွ နေကျင့်မရှိသူဆိုရင် အရင်ဆုံးတစ်ရက် ၁၀မိနစ်လမ်းလျှောက်ရာကနေ တဖြည်းဖြည်းတိုးသွားပါ။ သင်လမ်းစလျှောက်ရင် သက်သောင့်သက်သာဖြစ်စေမယ့် အရှိန်နဲ့ စလျှောက်ပြီး တစ်ပတ်ပြီးတစ်ပတ် […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

အေရိုးဗစ် လေ့ကျင့်ခန်းက သင့်ခန္ဓါကိုယ်အတွက် ဘယ်လိုကောင်းစေသလဲ

အေရိုးဗစ်လေ့ကျင့်ခန်းတွေကလူ့ခန္ဓါကိုယ်ကိုဘယ်လိုကူညီလဲ အေရိုးဗစ်လေ့ကျင့်ခန်းတွေကသင့်ကိုယ်ထဲကအင်ဆူလင်တွေကို ကောင်းကောင်းအသုံးပြုနိုင်အောင်ကူညီပေးပါတယ်။ ဒါ့အပြင်သင့်ရဲ့နှလုံးနဲ့အရိုးတွေကိုသန်မာစေတဲ့အပြင်စိတ်ဖိစီးမှုတွေကိုလျော့ကျစေပြီးသွေးလည်ပတ်မှုအားကောင်းစေပါတယ်။ ဒါကြောင့် သွေးချိုနဲ့ သွေးတိုးကျစေပြီးသင့်ကိုနှလုံးရောဂါဖြစ်နိုင်ချေလျော့ကျစေပါတယ်။ တစ်ပတ်မှာငါးရက်၊တစ်ရက်မှာအနည်းဆုံးမိနစ်၃၀မိနစ်ဒါမှမဟုတ်တစ်ပတ်မိနစ်၁၅၀ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ သင့်ရဲ့လေ့ကျင့်ခန်းကိုတစ်ပတ်မှာ၃ရက်ထက်ပိုလုပ်သင့်ပြီး၂ရက်ထက်ပိုပြီးနားတာမျိုးမဖြစ်ပါစေနဲ့။ မှတ်ချက်။ ။ အလယ်အလတ်လေ့ကျင့်ခန်းဆိုတာက လေ့ကျင့်ခန်းလုပ်နေစဉ်သင်စကားပြောနိုင်ပေမယ့်သီချင်းမဆိုနိုင်တဲ့အနေအထားဖြစ်ပါတယ်။ အပြင်းစားလေ့ကျင့်ခန်းဆိုတာကလေ့ကျင့်ခန်းလုပ်နေစဉ်သင်ခဏမနား၊အသက်မရှူဘဲနဲ့စကားအများကြီးမပြောနိုင်တဲ့အနေအထားဖြစ်ပါတယ်။   စတင်ခြင်း သင်မကြာသေးခင်ကသိပ်မလှုပ်ရှားဖြစ်ဘူးဆိုရင်အစပိုင်းတစ်ရက်ကို၅မိနစ်ကနေ၁၀မိနစ်လောက်ကနေပဲစတင်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့တစ်ပတ်ချင်းစီမိနစ်အနည်းငယ်တိုးတိုးလုပ်သွားပါ။ အချိန်ကြာလာတာနဲ့အမျှသင်လေ့ကျင့်ခန်းလုပ်တာကတိုးတက်မှုရှိတာကိုတွေ့ရပြီးသင်ပိုပိုပြီးလုပ်နိုင်လာတာလည်းတွေ့မြင်လာမှာပါ။   အချိန်ရအောင်ယူပါ တကယ်လို့သင်ကအရမ်းအလုပ်များပြီးတစ်ရက်မိနစ်၃၀အချိန်မပေးနိုင်ဘူးဆိုရင်၁၀မိနစ်စီခွဲလုပ်လို့ရပါတယ်။ လေ့လာမှုတွေအရဒီလိုခွဲလုပ်တာကလည်းဆက်တိုက်လုပ်တာနဲ့အကျိုးသက်ရောက်မှုတူတယ်ဆိုတာ တွေ့ရပါတယ်။ ဥပမာ - အစာစားပြီးတိုင်း၁၀မိနစ်အမြန်လမ်းလျှောက်ခြင်း၊ဒါမှမဟုတ်အလုပ်မသွားခင် လေ့ကျင့်ခန်း၁၅မိနစ်အလုပ်ကပြန်လာရင်၁၅မိနစ်လုပ်ခြင်း စသည်ဖြင့်ခွဲလုပ်လို့ရပါတယ်။ တကယ်လို့သင်ကဝိတ်ချနေတယ်ဆိုရင်တော့တစ်ရက်ကိုလေ့ကျင့်ခန်းမိနစ်၆၀နီးပါးလုပ်ရပါမယ်။ အောက်မှာပြထားတာတွေကတော့လေ့ကျင့်ခန်းဥပမာတွေပါ။ • အမြန်လမ်းလျှောက်ခြင်း • စက်ဘီးစီးခြင်း • ကခြင်း • အေရိုးဗစ်အပျော့စား • ရေကူးခြင်း/ ရေထဲအေရိုးဗစ်ကစားခြင်း • တင်းနစ်ကစားခြင်း • လှေကားတက်ခြင်း • ပြေးခြင်း • တောင်တက်ခြင်း • လှေလှော်ခြင်း • ရေခဲပြင်စကိတ်စီးခြင်း • စကိတ်စီးခြင်း • ဥယျာဉ်စိုက်ခြင်း ခွန်အားလေ့ကျင့်ခြင်း ခွန်အားလေ့ကျင့်ခြင်း/ခံနိုင်ရည်အားလေ့ကျင့်ခြင်းကသင့်ရဲ့ခန္ဓါကိုယ်က အင်ဆူလင်ကို ပိုတုံ့ပြန်စေပြီး သွေးတွင်းသကြားဓါတ်ကို ကျစေပါတယ်။ ခွန်အားလေ့ကျင့်ခြင်းကသင့်ကြွက်သားနဲ့အရိုးတွေကိုတည်ဆောက်ထိန်းသိမ်းပေးပြီးသင့်ကိုအဆစ်ရောင်ခြင်းနဲ့အရိုးအက်ခြင်းမှကာကွယ်ပေးပါတယ်။ သင့်မှာကြွက်သားများလေလေသင့်ရဲ့ကယ်လိုရီများများလောင်ကျွမ်းလေပါဘဲ။ အနားယူချိန်မှာတောင်လောင်ကျွမ်းပါတယ်။ ကြွက်သားတွေဆုံးရှုံးမှုမဖြစ်အောင်ခွန်အားလေ့ကျင့်ပေးခြင်းကသင့်နေထိုင်မှုပုံစံကိုပိုအဆင်ပြေစေတဲ့အပြင်အသက်ကြီးလာရင်လည်းအကျိုးကျေးဇူးတွေရစေပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းတွေအပြင်ခွန်အားလေ့ကျင့်ခြင်းတစ်မျိုးမျိုးကိုပါတစ်ပတ်အနည်းဆုံး၂ကြိမ်လောက်လုပ်ပေးသင့်ပါတယ်။ အောက်ဖော်ပြပါတွေကတော့ခွန်အားလေ့ကျင့်နည်းဥပမာတွေပါ။ • Gym မှာရှိတဲ့အလေးမစက်တွေမှာအလေးမခြင်း • ခပ်ပေါ့ပေါ့အရာတွေကို‘မ’ခြင်း၊အိမ်မှာရေသန့်ဘူးတွေ ‘မ’ခြင်း • ဒိုက်ထိုးခြင်း၊ထိုင်ထလုပ်ခြင်းစတဲ့မိမိကိုယ်လက်တွေကိုပဲအသုံးပြုရတဲ့လေ့ကျင့်ခန်းတွေကိုလုပ်ခြင်း • ပြင်းထန်တဲ့ဥယျာဉ်စိုက်ပျိုးခြင်းလိုမျိုးတခြားလှုပ်ရှားမှုများ ဒါ့အပြင်သင်ပြုလုပ်နိုင်တဲ့ အခြားသောလေ့ကျင့်ခန်းတွေလည်းအများကြီးကျန်ရှိပါသေးတယ်။


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

ဒဏ်ရာအနာတရကင်းဝေးသော လေ့ကျင့်ခန်းများအတွက် ဘေးကင်းစေမည့်အချက် ၁၁ ချက်

ဒဏ်ရာအနာတရကင်းသော လေ့ကျင့်ခန်းများ - ဘေးကင်းစေတဲ့အချက်၁၁ချက် သင့်လှုပ်ရှားမှုကိုတိုးမြှင့်ခြင်းက ဆီးချိုအတွက်သာမက သင့်ကျန်းမာရေးတစ်ခုလုံးအတွက် ကောင်းပါတယ်။ ဒါပေမယ့် ပျော်စရာကောင်းဖို့နဲ့ ဘေးကင်းဖို့တော့ လိုတာပေါ့။ အခုပြောပြသွားမှာကလေ့ကျင့်ခန်းလုပ်ချိန်မှာအနာတရတွေ ရေဓါတ်ခမ်းခြင်းတွေသွေးပေါင်ကျခြင်းတွေမဖြစ်စေဖို့လုပ်ရမယ့်အရာတွေပါ။   သင်အရင်က လှုပ်လှုပ်ရှားရှား လုံးဝမနေဖူးရင် ဒါမှမဟုတ်လှုပ်လှုပ်ရှားရှားမနေတာကြာပြီဆိုရင် ဖြည်းဖြည်းချင်းစလုပ်ပါ။ သင့်ကျန်းမာရေးကို သင်စိတ်မချရင် သင့်ဆရာဝန်ကိုဘယ်လေ့ကျင့်ခန်းက သင့်အတွက် သင့်တော်လဲ အကြံတောင်းပါ။ သင့်ဆရာဝန်ရဲ့အကြံဉာဏ်ကသင့်ရဲ့နှလုံး၊သွေးကြော၊မျက်စိ၊ ကျောက်ကပ်၊ ခြေထောက်နဲ့အာရုံကြောအခြေအနေတွေအပေါ်မူတည်ပြီးဆုံးဖြတ်သွားမှာပါ။ ဒါပေမယ့်ဆီးချိုရှိသူတွေကလည်းသာမန်လူတွေလုပ်တဲ့ လေ့ကျင့်ခန်းတွေလုပ်နိုင်ပါတယ်။ လေ့ကျင့်ခန်းမစခင် ၅မိနစ်သွေးပူအောင်လုပ်ပြီး လေ့ကျင့်ခန်းပြီးသွားရင်လည်း၅မိနစ်အကြောဖြေပါ။ သွေးပူခြင်းနဲ့အကြောဖြေခြင်းက လေ့ကျင့်ခန်းလုပ်တာလောက် မပြင်းထန်ရပါဘူး။ ဒါကသင့်သွေးလည်ပတ်မှုကိုကောင်းစေသလိုအဆစ်တွေကိုလည်းလိုက်လျောညီထွေဖြစ်စေပါတယ်။ ပူလွန်း၊အေးလွန်းတဲ့အခြေအနေတွေမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ ရာသီဥတုကပြင်းထန်နေရင်အိမ်ထဲမှာပဲလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခင်၊လုပ်နေစဉ်နဲ့လုပ်ပြီး မှာရေဓါတ်မခမ်းအောင် ရေများများသောက်ပါ။ သွေးတွင်းသကြားဓါတ် ကျနေတယ်လို့ ခံစားရရင်သွားစစ်ဆေးပြီးကုသပါ။ သင်နဲ့အတူကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့စားစရာတစ်ခုခုကိုအမြဲဆောင်ထားပါ။ ဒါမှသာသွေးတွင်းသကြားဓါတ် ရုတ်တရက် ထိုးကျသွားရင်အဆင်သင့်ဖြစ်နေမှာပါ။ တကယ်လို့သင့်မှာဆီးချိုသွေးချို အမျိုးအစား (၂)ရှိနေရင်ဒါမှမဟုတ် အင်ဆူလင်သုံးနေရရင် ဒါကပိုအရေးကြီးပါတယ်။ တကယ်လို့သင်ကတစ်နာရီနှစ်နာရီလောက် […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

အကြောလျှော့လေ့ကျင့်ခန်း နှင့် ဟန်ချက်ထိန်း လေ့ကျင့်ခန်းများ

အကြောလျှော့လေ့ကျင့်ခန်း နှင့် ဟန်ချက်ထိန်း လေ့ကျင့်ခန်းများ အကြောလျှော့လေ့ကျင့်ခန်း အကြောလျှော့လေ့ကျင့်ခန်း က သင့် အဆစ်တွေကို ပျော့ပျောင်းစေပြီး အဆစ် တောင့်တင်းခြင်းကို ကာကွယ်ပေး တဲ့အပြင် လှုပ်ရှားမှုတွေ လေ့ကျင့်ခန်းတွေလုပ်နေစဉ် မှာလည်း အနာတရ ဖြစ်ခြင်းကို လျှော့ချပေး ပါတယ်။ ၅ မိနစ် ကနေ ၁၀ မိနစ် အထိ ညင်ညင်သာသာ အကြောလျှော့ခြင်းက သင့်ရဲ့ ခန္ဓာကိုယ်ကို သွေးပူစေပြီး လမ်းလျှောက်ခြင်း၊ ရေကူးခြင်းအစရှိတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ အတွက် အဆင်သင့် ဖြစ်စေပါတယ်။ တချို့ လူတွေကတော့ လေ့ကျင့်ခန်းလုပ်ပြီးမှ အကြောလျှော့တာကို ပိုနှစ်သက် ကြပါတယ်။ အဲဒါကလည်း အဆင်ပြေ ပါတယ်။ အကြောလျှော့လေ့ကျင့်ခန်းထဲမှာပါတဲ့ အချို့သော လေ့ကျင့်ခန်းတွေ ကတော့ - အခြေခံ အကြောလျှော့ခြင်း အားစိုက် အကြောလျှော့ခြင်း (ဥပမာ- […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

သင် လေ့ကျင့်ခန်း ဘယ်လောက်လုပ်ဖို့ လိုအပ်လဲ

သင် လေ့ကျင့်ခန်းဘယ်လောက်လုပ်ဖို့လိုအပ်လဲ ? ရုံးမှာအမြဲထိုင်ပြီး အလုပ်လုပ်နေရတဲ့ သူတွေက တစ်ရက်ကို တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်မှ သာမန်လူတွေနဲ့ အမှီလိုက်နိုင်မယ်လို့ ထင်ကြပါတယ်။ သူတို့ရဲ့တစ်နေ့တာ လမ်းလျှောက်တဲ့ ခြေလှမ်းကို pedometer (ခြေလှမ်းတိုင်းကိရိယာ)နဲ့ တိုင်းရာမှာ အလွန်နည်းကြောင်း တွေ့ရပါတယ်။ တကယ်လို့ သင်ကဒီလို လှုပ်ရှားမှုနည်းတဲ့လူမျိုးဆိုရင် pedometer challenge ကို စလိုက်ပါ။ Pedometer တစ်ခုကို ဈေးအရမ်းလည်းမကြီး အရမ်းလည်းမပေါတဲ့ဟာထဲက ရွေးဝယ်လိုက်ပါ။ တစ်နေ့လုံးပတ်ထားပါ။ အမေရိကန်လူမျိုးတစ်ယောက်ရဲ့ တစ်ရက်ကိုပျှမ်းမျှ ခြေလှမ်းပေါင်းက ငါးထောင်ဖြစ်ပါတယ်။ တကယ်လို့ သင့်ခြေလှမ်းတွေက ဒီထက်နည်းနေမယ်ဆိုရင် လေ့ကျင့်ခန်းကြာကြာလုပ်ရန် စီစဉ်ဖို့ လိုပါပြီ။ တစ်ရက်ကို ခြေလှမ်အနည်းဆုံး တစ်သောင်းပြည့်ဖို့က ပန်းတိုင်ပါ Pedometer က သင့်ရဲ့လှုပ်ရှားမှုကို ချက်ချင်းပြန်ဆန်းစစ်ပေးနိုင်တဲ့ ကိရိယာတစ်ခုပါ။ သူဟာ သင့်ရဲ့လှုပ်ရှားမှုလုပ်ငန်းစဉ်ကိုနည်းနည်းချင်းပြောင်းလဲခြင်းဖြင့် တိုးတက်လာအောင် ကူညီပေးပါတယ်။ ဒီပြောင်းလဲမှု သေးသေးလေးတွေကနေ သင့်အနေနဲ့ ကြီးမားတဲ့အောင်မြင်မှု […]


အခြားလေ့ကျင့်ခန်းများ

ခုခံတဲ့လေ့ကျင့်ခန်းပြုလုပ်စဉ် ကိုယ်ဟန်အနေအထားမှန်ကန်ဖို့ ဘာကြောင့်အရေးကြီးတာလဲ

အခုပြောမှာကို သင်အပြင်မှာ မြင်ဖူးပြီးသားဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် သတိမထားမိပဲ သင်ကိုယ်တိုင် လုပ်ဖူးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကတော့ လေ့ကျင့်နေစဉ် ကိုယ်နေဟန်ထားမှားယွင်းခြင်းပါပဲ။ ခုခံတဲ့ လေ့ကျင့်ခန်းတွေဟာ ကြွက်သားကို ပိုမိုသန်မာစေပေမယ့် သင့်ပုံစံဟာ လျော့တိလျော့ရဲဖြစ်နေမယ်ဆိုရင် လေ့ကျင့်ခန်းက အကျိုးအပြည့်အဝမရနိုင်ပဲ ဒဏ်ရာရရှိမှုပါ ဖြစ်နိုင်ပါတယ်။ ကိုယ်နေဟန်ထားမှန်ကန်ပြီး သင့်တော်တဲ့ ကြွက်သားတွေကို ပစ်မှတ်ထားလေ့ကျင့်မှသာ လေ့ကျင့်ခန်းလုပ်ပြီး လိုချင်တဲ့အရာတွေကို ရနိုင်မှာဖြစ်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ ဘာလို့ ကိုယ်နေဟန်ထားကို အလေးထားသင့်လဲဆိုတာ ဖေါ်ပြထားတာတွေပဲဖြစ်ပါတယ်။   ပိုမိုကောင်းမွန်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိတဲ့ ပုံစံရှိခြင်း ရာဇဝင်ထဲမှာ စွမ်းအားကြီးတဲ့လူအကုန်လုံးဟာ သူတို့ရဲ့ဓါတ်ပုံကိုကြည့်လိုက်ရင် ကိုယ်နေဟန်ထား ဆင်တူကြပါတယ်။ နောက်ကျောကို မတ်မတ်ရပ်တယ်၊ ပုခုံးကားတယ်၊ မေးစေ့ကိုမော့ထားကြပါတယ်။ ကောင်းမွန်တဲ့ ကိုယ်နေဟန်ထားဟာ ယုံကြည်မှုနဲ့ အားအင်ကို ဆောင်ကျဉ်းပေးပါတယ်။ တကယ်တော့ မကြာသေးမီက လေ့လာမှုတစ်ခုက လူတွေရှေ့မှာ စကားပြောတဲ့လူအချို့ဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း