ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

တစ်နေ့တာလုံးပိုပြီးတက်တက်ကြွကြွဖြစ်နေစေဖို့ ဘယ်လိုလုပ်ရမလဲ

တစ်နေ့တာလုံး ပိုပြီးတက်တက်ကြွကြွဖြစ်နေစေဖို့ ဘယ်လိုလုပ်ရမလဲ ? ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ခွန်အားလေ့ကျင့်ခန်းလုပ်ခြင်းအပြင် တစ်နေ့လုံးတက်ကြွနေစေနိုင်တဲ့ တခြားနည်းလမ်းတွေအများကြီးရှိပါသေးတယ်။ သင်မှတ်ထားရမှာက သင်လှုပ်ရှားလေ သင့်ကိုယ်ထဲက ကယ်လိုရီပိုလောင်ကျွမ်းလေ သင့်သွေးချိုကို ပုံမှန်ထားနိုင်လေပဲဖြစ်ပါတယ်။ အချိန်အကြာကြီးထိုင်ခြင်းက ကျန်းမာရေးအတွက်ထိခိုက်နိုင်လားဆိုတာ သိစေဖို့ လေ့လာမှုတွေပိုပိုပြီးလုပ်နေကြပါတယ်။ ရုံးမှာထိုင်နေရင်းက တစ်နာရီတစ်ခါလောက် ခြေလက်အကြောဆန့်ပြီး ရုံးခန်းထဲလမ်းလျှောက်ပေးခြင်းက ခုံမှာဘဲနာရီပေါင်းများစွာထိုင်နေတာထက် သာပါတယ်။ သင်ထပြီးလှုပ်ရှားနိုင်သလောက် လှုပ်ရှားပါ။ အောက်မှာဖော်ပြထားတာတွေက သင်လုပ်နိုင်တာလေးတွေပါ။   အလုပ်မှာဆိုရင် … ကားပါကင်နေရာနဲ့ ရုံးခန်းတွေမှာသွားလာရင် ဓါတ်လှေကားအစား ရိုးရိုးလှေကားသုံးပါ။ ရုံးမှာတစ်နာရီတစ်ခါလောက်ထပြီး ခြေလက်ဆန့်ပြီးရုံးတစ်ပတ်လမ်းလျှောက်ပါ။ သင့်ခုံမှာဘဲ ထပြီး အကြောဆန့်ပါ။ နေ့လည်စာစားချိန်ဆိုရင် စားသောက်ဆိုင်ဆီ လမ်းလျှောက်သွားပါ။ တကယ်လို့ သင်ကဘတ်စ်ကားတွေ ရထားတွေစီးပြီး အလုပ်လာတယ်ဆိုရင် မှတ်တိုင်စောဆင်းပြီး ရုံးထိကျန်တဲ့ခရီးလမ်းလျှောက်ပါ။ သင့်ခုံမှာထိုင်နေတုန်း ခုံနဲ့လုပ်ရတဲ့လေ့ကျင့်ခန်းတွေလုပ်ပါ။ Fidgetဆိုတဲ့ ခုံမှာထိုင်ရင်းလုပ်လို့ရတဲ့ လှုပ်ရှားမှုအသေးစားလေးတွေကို သုံးလို့ရမယ်ဆိုရင်သုံးပါ။   အိမ်မှာဆိုရင် … ခွေးကိုခေါ်ပြီး လမ်းလျှောက်ပါ။ သင့်ခြံထဲက အမှိုက်လှဲတာလိုမျိုး သစ်ရွက်ကောက်တာလိုမျိုး အလုပ်တွေလုပ်ပါ။ တံမြက်စည်းလှည်းခြင်း ပန်းကန်ဆေးခြင်းစတဲ့ အိမ်အလုပ်တွေကိုယ်တိုင်လုပ်ပါ။ ကလေးတွေနဲ့ ကစားပေးပါ။ သင်ကြိုက်တဲ့ရုပ်ရှင်ကြည့်နေတုန်းကြော်ငြာလာရင် လမ်းထလျှောက်ပါ။ ကားကနေ တစ်ခုခုသယ်တာပဲဖြစ်ဖြစ် လှေကားပေါ်သယ်တာဘဲဖြစ်ဖြစ် […]


အခြားလေ့ကျင့်ခန်းများ

အရပ်အမောင်း နဲ့ ပတ်သက်ပြီးဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ

အံ့အားသင့်စရာကောင်းတဲ့အချက်တစ်ချက်က လူတော်တော်များများက သူတို့ရဲ့အရပ်နဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုမရရှိကြပါဘူး။ အချို့က သူတို့ကိုယ်သူတို့ အရပ်အရမ်းမြင့် တယ်၊လို့ယူဆနေကြပြီး အချို့ကသူတို့အရပ် အရမ်းပုလို့ အလိုမကျဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။ အရပ်ရှည်ခြင်း၊ပုခြင်းက များသောအားဖြင့်တော့ မျိုးရိုး နဲ့ဆိုင်ပါတယ်။ ဘဝနေထိုင်မှုပုံစံနဲ့ နေထိုင်တဲ့ ပတ်ဝန်းကျင်ကလည်းအနည်အကျဉ်းလောက် သက်ရောက်မှုရှိနေပါတယ်။ ဖြစ်ရပ်တော်တော်များများမှာတော့ကျွန်တော်တို့က အရပ် အတိုင်းအထွာ ကို မပြောင်းလဲနိုင်ပါဘူး။ ကြိုက်ကြိုက် မကြိုက်ကြိုက် ကိုယ် ရှိတဲ့အရပ်အတိုင်းနေနေကြရပါတယ်။ အရပ်နဲ့ပတ်သက်ပြီးဖြေရှင်းမှုလေးတွေလုပ်ဖို့လိုအပ် ပါလိမ့်မယ်။ အချက်အနည်းငယ်ပြောပါရစေ။ ၁။ အရပ်အတိုင်းအတာက ပြဿနာတစ်ရပ် မဟုတ်ဘူးဆိုတာကိုသိထားဖို့လိုပါတယ်။ အရပ်အမောင်းကြောင့် အနိုင်ကျင့်ဗိုလ်ကျခံရတဲ့ အပေါ်မှာ ပြဿနာကအခြေတည်ပါတယ်။ အရပ်ကြောင့် လူတွေက သင့်ကိုမထီမဲ့မြင် ဆက်ဆံတာကြောင့် ကိုယ့်အရပ်အမောင်းကိုယ် မုန်းနေသလား။ အဖြေကတော့ မဖြစ်သင့်ပါဘူး လို့ ပဲဆိုပါရစေ။ သင့်ရဲ့အတွေးအမြင်ကပဲ လူမှုရေး ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထင်ဟပ်ပုံဖော်ပေး တာဖြစ်ပါတယ်။ […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

သင့်စိတ်ခံစားမှုအပေါ် အားကစား၏ အကျိုးသက်ရောက်မှု

အားကစားပြုလုပ်ခြင်းဟာ သင့်ရဲ့ စိတ်နဲ့ခန္ဓါနှစ်ခုစလုံးကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဘယ်အားကစားမျိုးကိုပဲ လုပ်လုပ် လိုအပ်မှာဖြစ်တဲ့ ကိုယ်ကာယ ကြံ့ခိုင်မှုကို ခဏဘေးဖယ်ထားမယ်ဆိုရင် သင့်အနေနဲ့ အားကစားပြုလုပ်တဲ့အခါ အာရုံစူးစိုက်နိုင်ဖို့အတွက် စိတ်ဓါတ်အားကောင်းဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ စိတ်ခံစားမှုကို တက်ကြွစေ၊မြှင့်တင်ပေးစေတဲ့ endorphins လိုမျိုး ဓါတ်ပစ္စည်းတွေလည်း (ဘယ်လိုအားကစားမျိုးကိုပဲ လုပ်လုပ်) ထွက်လာစေပါသေးတယ်။ ဒါပေမယ့် သတိပြုသင့်တဲ့အချက်က အားကစားပြုလုပ်ခြင်းဟာ အပျော်သက်သက်ချည်းပဲတော့ မဟုတ်ပါဘူး။   စိတ်ခံစားမှုအရ ဘယ်လိုကောင်းကျိုးတွေ ဖြစ်စေသလဲ။ အားကစားပွဲတွေမှာ ပါဝင်ကစားမယ်ဆိုရင် သင့်အနေနဲ့ စိတ်ဓါတ်ကျတာတွေ နည်းသွားမှာ ဖြစ်ပါတယ်။ Michael Babyak ဦးဆောင်တဲ့ သုတေသန အဖွဲ့ဟာ စိတ်ကျရောဂါခံစားနေရသူတွေကို အုပ်စုလေးတွေခွဲပြီး လေ့လာမှု ပြုခဲ့ကြပါတယ်။ ဒီလေ့လာချက်အရ အားကစားလှုပ်ရှားမှုတွေကို လေးလတိတိပြုလုပ်ခဲ့တဲ့ စိတ်ကျဝေဒနာရှင်တွေဟာ ဆေးချည်းပဲသောက်တဲ့၊ ဒါမှမဟုတ် ဆေးသောက်တာနဲ့ကိုယ်လက်လေ့ကျင့်ခန်း […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

သင်က ဘယ်လို ခန္ဓါကိုယ်အမျိုးအစားပိုင်ရှင်လဲ

လူသားတွေရဲ့ ကိုယ်ခန္ဓါဟာ ဆန်းသစ်တဲ့ အသေးစိတ်ကျမှုတွေနဲ့ လုပ်ငန်းဆောင်တာတွေ ပေါင်းစပ်ထားတဲ့ ရှုပ်ထွေးတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ အရိုးကြွက်သားတွေနဲ့ ပုံဖေါ်ထားမှုနဲ့ ကြွက်သားတွေနဲ့ အဆီတွေ ဖြန့်ဝေမှုပေါ်မူတည်ပြီး ကိုယ်ခန္ဓါပုံစံဆိုတာ ဖြစ်လာတာ ဖြစ်ပါတယ်။ အသက် ဆယ့်ရှစ်နှစ်လောက်ရောက်တဲ့အခါ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါကို သေချာစွာ သတ်မှတ်လို့ရနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဘဝပုံစံတွေ ပြောင်းလဲ သွားချိန်မှာတော့ ကိုယ်ခန္ဓါတွေဟာလည်း ပြောင်းလဲသွားကြတာ ဖြစ်ပါတယ်။ ကိုယ်ခန္ဓါအမျိုးအစားနဲ့ပတ်သက်ပြီး ဘာတွေ သိသင့်သလဲ။ ယေဘုယျအားဖြင့် လူတွေဟာ ကိုယ်ခန္ဓါပုံစံနဲ့ပတ်သက်ပြီး သိပ်ပြီး ဂရုမစိုက်တတ်ကြပါဘူး။ ပထမဦးစွာ ကိုယ်ခန္ဓါပုံစံကို သေချာစွာသိရှိခြင်းဟာ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားရွေးချယ်မှုမှာ အသုံးဝင်ပါတယ်။ ဥပမာ သစ်တော်သီးပုံ လူတစ်ယောက်ဟာ သူတို့ခြေထောက်တွေ ကို ကြီးစေတာကြောင့် ဂျင်းတွေကို ဘယ်တော့မှ မဝတ်သင့်ပဲ ပန်းသီးပုံစံရှိတဲ့ သူဟာတော့ ဗိုက်ပူတာကို သိသာစေတာကြောင့် […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

တင်ပါး နှင့် ပေါင် လေ့ကျင့်ခန်းများ

တင်ပါး နှင့် ပေါင် လေ့ကျင့်ခန်းများ မြန်မြန်ပြေးချင်သည် ဖြစ်စေ၊ လှေကားတက်လို့ ပေါ့ပေါ့ပါးပါး ပြေးတက်လိုသည် ဖြစ်စေ တင်ပါးဆုံနဲ့ ပေါင်လေ့ကျင့်ခန်းတွေဟာ အသုံးဝင်ပါတယ်။ သင့်ကိုယ်ခန္ဓါအောက်ပိုင်းကို လျစ်လျုရှုထားခြင်းဟာ လှုပ်ရှားမှုတွေမှုတွေ ဆုံးရှုံးနိုင်စေပါတယ်။ ကလေးတွေနဲ့ ကြမ်းပြင်ပေါ်မှာ ကစားခြင်း၊ ဇိမ်ကျတဲ့ ကုလားထိုင်ပေါ်က အလွယ်တကူ ထရပ်ခြင်းတို့ကို မပြုလုပ်နိုင်အောင် ဒုက္ခပေးနိုင်ပါတယ်။ လူအတော်များများဟာ တစ်နေကုန် ထိုင်နေကြပြီး glute ကြွက်သား (တင်ပါးကြွက်သား) တွေကို အသုံးမပြုကြဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ လူအတော်များများဟာ ကားကိုသာ တစ်ချိန်လုံး အသုံးပြုကြပြီး ကိုယ်ခန္ဓါအောက်ပိုင်းကို အသုံးပြုမှု နည်းပါးတယ်လို့ ဆိုပါတယ်။ တင်ပါး နှင့် ပေါင် လေ့ကျင့်ခန်းများ အောက်ဖေါ်ပြပါ လှုပ်ရှားမှု ငါးမျိုးကို တစ်ပတ်အနည်းဆုံးနှစ်ရက်၊ ၁၂-၁၅ ကြိမ် ကို သုံးခါပြုလုပ် ပြီးစီးပါက ကိုယ်ခန္ဓာအောက်ပိုင်းကို သန်စွမ်းစေပါတယ်။ ၁။ […]


နှလုံးကျန်းမာရေးလေ့ကျင့်ခန်းများ

နှလုံးရောဂါ ကာကွယ်နိုင်သော လေ့ကျင့်ခန်းများ

နှလုံးရောဂါသည် ပြင်းထန်သောရောဂါတစ်ခုဖြစ်ပြီး သင့်လျော်သော စားသောက်နေထိုင်မှု ပုံစံမရှိပါက မည်သူမဆို ရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိသည် ။ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများကို ဖြစ်စေသည့်အကြောင်းရင်းများမှ တစ်ခုမှာ လှုပ်ရှားမှုနည်းသည့် နေထိုင်မှုပုံစံဖြစ်သည်။ ထို့ကြောင့် ဤရောဂါကို ကာကွယ်သည့် ရိုးရှင်းသောနည်းလမ်းတစ်ခုအဖြစ် လေ့ကျင့်ခန်းလုပ်သင့်သည်။ လမ်းသွက်သွက်လျှောက်ခြင်း လမ်းလျှောက်ခြင်းသည် အလွန်ကောင်းသောလေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဖြည်းဖြည်းချင်း လေ့ကျင့်ယူပါက အင်အားစိုက်ထုတ်ရန် မလိုသောကြောင့် နှလုံးနှင့် သွေးကြောဝေဒနာရှင်များအတွက်လည်း သင့်တော်သည်။ နံနက်စောစောလမ်းလျှောက်ခြင်း (သို့) လမ်းသွက်သွက်လျှောက်ခြင်းသည် နှလုံးခုန်နှုန်းကို မြန်စေပြီး မကြာခဏပြုလုပ်ပါက ရုတ်တရက်နှလုံးထိခိုက်မှုအန္တရာယ်ကို လျော့ချနိုင်သည်။ ဤလှုပ်ရှားမှုသည် ခန္ဓာကိုယ်တွင်း မကောင်းသည့်အဆီများကို ကျစေပြီး ကောင်းသည့်အဆီများကို တက်စေသည်။ သွေးပေါင်ကျစေပြီး ကိုယ်အလေးချိန်လည်း ကျကာ စိတ်ခံစားမှုကိုလည်း ကောင်းစေသည်။ သင်သည် အိမ်တွင်လမ်းလျှောက်စက်ဖြင့် လျှောက်နိုင်သလို လမ်းမပေါ်တွင်လည်း လျှောက်နိုင်သည်။ လမ်းလျှောက်စဉ်တွင် ချွေးအလွန်ထွက်သည် မောပန်းသည်ဟု […]


အခြားလေ့ကျင့်ခန်းများ

စတင်အပြေးလေ့ကျင့်မည့်သူများအတွက် လိုက်နာရမည့်အခြေခံစည်းမျဉ်းများ

စတင်ပြေးသောအခါ သင်ဘာတွေသိသင့်လဲ စည်းမျဉ်းများသည် အရာဝတ္ထုများအခြေကျအောင် ပြုလုပ်ထားသောအခြေခံအုတ်မြစ် ဖြစ်သည်။ အရာရာတိုင်းတွင် စည်းမျဉ်းများရှိပါသည်။ ညစာစားခြင်း မှ အစလူအများနှင့် တွေ့ဆုံခြင်းထိတိုင် စည်းမျဉ်းများရှိပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အပြေးအားကစားတွင်လည်း ထိုနည်းတူ ချွင်းချက်မရှိ စည်မျဉ်းများရှိပါသည်။ ထိုစည်မျဉ်းများသည် သင့်ကို ပို၍ကောင်းမွန်သော အပြေးသမားဖြစ်အောင် ကူညီနိုင်ရန်သာ ဖြစ်ပါသည်။ အမှန်စင်စစ် ထိုစည်းမျဉ်းများသည် သင်အပြေးလေ့ကျင့်ရန်အတွက် အကြံပြုချက်များသာ ဖြစ်သည်။ ၁။ ရှူးဖိနပ် အပြေးအားကစားအတွက် အရေးကြီးဆုံးပစ္စည်းတစ်ခုမှာ ရှူးဖိနပ်ဖြစ်သည်။ အားကစားဖိနပ်မဟုတ်သော ဖိနပ်ကို ဝတ်ဆင်လျှင် များမကြာမီတွင် ဟောင်းနွမ်းစုတ်ပြတ်သွားနိုင်ပြီး ရှူးဖိနပ်ဆိုင်ကို မကြာခဏ သွားနေရပါလိမ့်မည်။ မသင့်တော်သော ရှူးဖိနပ်ကို ဝတ်ဆင်ပါက သက်တောင့်သက်သာမရှိသကဲ့သို့ ဒဏ်ရာရမည့်အန္တရာယ် ပိုများနိုင်ပါသည်။ ထို့ပြင် သက်သောင့်သက်သာ မရှိခြင်းသည် အပြေးအားကစားပေါ်တွင် မကောင်းသောခံစားမှု ဖြစ်စေနိုင်ပြီး စိတ်ဓါတ်ခွန်အားပါ ကျဆင်းစေနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ရှူးဖိနပ်များသည် […]


အခြားလေ့ကျင့်ခန်းများ

အပြေးသမားများအတွက် အာဟာရလမ်းညွှန်

အပြေးလေ့ကျင့်ခြင်းသည် လူတိုင်းစိတ်ဝင်စားသော အခြေခံလှုပ်ရှားမှု ဖြစ်သည်။ အကယ်၍သင်သည် အပြေးလေ့ကျင့်ခန်း စတင်တော့မည်ဆိုလျှင် သင့်လျော်သော စားသောက်မှုပုံစံ ရှိသင့်ပါသည်။ လိုအပ်သော အာဟာရစားခြင်းသည် ကြီးမားသော အကျိုးကျေးဇူးရရန်အတွက် အရေးကြီးသည်။ အောက်ဖော်ပြပါ အစားအစာများသည် အပြေးသမားအတွက် အသုံးဝင်နိုင်ပါသည်။ ဗာဒံစေ့ ဗာဒံစေ့တွင် တခြားသောအစားအစာများ၌ ပါဝင်မှုနည်းသော ဗီတာမင်အီး အမြောက်အမြားပါရှိသည်။ ဗာဒံစေ့ လက်တစ်ဆုပ်ပမာဏကို တစ်ပတ်လျှင် (၃)ကြိမ်မှ (၅)ကြိမ်ထိ သုံးဆောင်ခြင်းသည် ကိုလက်စထရောပမာဏ နှင့် နှလုံးသွေးကြောကျဉ်းရောဂါကို လျော့ချစေနိုင်ပါသည်။ ထို့ပြင် ဗာဒံစေ့တွင်ပါသော ဗီတာမင်အီး သည် ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါသည်။ ဥများ ယေဘူယျအားဖြင့် ဥများသည် အကောင်းဆုံးအစာများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ပုံမှန်လူတွေအတွက် မနက်စာ ကြက်ဥမွှေကြော်ဟင်းတစ်ခွက်သည် နေ့တစ်နေ့ကို ပြည့်စုံစေနိုင် ပါသည်။ အပြေးသမားများအတွက် ဥများသည် အသားဓါတ် ကြွယ်ဝစွာ ပါဝင်ရုံမျှမက အရိုးအတွက်ကောင်းသော […]


အခြားလေ့ကျင့်ခန်းများ

သင်ချစ်ခင်သောသူအပြေးကစားခြင်းကြောင့်ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို ကာကွယ်ဖို့ သင်ဘယ်လိုကူညီနိုင်မလဲ

လူအများသည် ကျန်းမာရေးအတွက် အကျိုးများသော အပြေးလေ့ကျင့်ခန်းကိုရွေးချယ်ကြသော်လည်း အပြေးသမားများရင်ဆိုင်ရမည့် အန္တရာယ်ကို သတိထားမိသူ နည်းပါသည်။ မည်သည့်အရာတွင်မဆို ကောင်းကျိုး၊ ဆိုးကျိုးရှိတတ်ကြသည်။ ထို့ကြောင့် သင့်ချစ်သူသည် အပြေးကစားနည်းကိုနှစ်သက်သူဆိုလျှင် အောက်တွင်ဖော်ပြထားသည်ကို ကြည့်ရှုပေးပါ။ ပြေးခြင်းသည် testosterone ဟော်မုန်းအပါအဝင် တချို့သောဟော်မုန်းများကို လျော့နည်းစေသည်။ testosterone သည် အမျိုးသားကျန်းမာရေးကိစ္စတွင် ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်။ testosterone ပမာဏလျော့နည်းခြင်းသည် ကြွက်သားပြန်လည်သန်စွမ်းခြင်းနှင့် ခန္ဓါကိုယ်ရှိ စွမ်းအင်ပမာဏကို လျော့နည်းနှေးကွေးစေသည်။ ပြေးခြင်းဖြင့် ဟော်မုန်းပမာဏမမျှမတဖြစ်ပြီးကိုယ်အင်္ဂါအစိတ်အပိုင်းများကိုထိခိုက်နိုင်ပါသည်။ အပတ်စဉ် အနည်းငယ်ပြေးခြင်းသည် ကျန်းမာရေးကိုအထောက်အကူပြုနိုင်ပြီး၎င်းထက်ပို ၍ပြေးခြင်းသည် ဘေးထွက်ဆိုးကျိုးများ ဖြစ်နိုင်ပါသည်။ လူတစ်ယောက်နှင့်တစ်ယောက် မတူနိုင်သောကြောင့် မည်မျှပမာဏပြေးခြင်းသည် လူတစ်ယောက်အတွက်များသည်ကို မခန့်မှန်းနိုင်ပါဘူး။ ထို့ကြောင့် သင့်ချစ်သူသည် မိမိလုပ်နိုင်သော အတိုင်းအတာကို သိရှိရန်နှင့် မိမိကိုယ်ကို တွန်းအားမပေးရန် အရေးကြီးသည်။ မှန်ကန်သောအစားအသောက်ပုံစံနှင့် ဖြည့်စွက်စာများသည် ခန္ဓါကိုယ်အလေးချိန် မျှတအောင် […]


အခြားလေ့ကျင့်ခန်းများ

အပြေးသမားများ ရှောင်ရှားသင့်သောမကောင်းသည့် အလေ့အထများ

သင်ပြေးချင်ပါသလား။ အောက်ဖော်ပြပါ အရာများသည် သင် မလုပ်သင့်သောအကြောင်းအရာများ ဖြစ်သည်။ Runer’s World မှ အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်သော Bart Yasso က ဒီလိုဆိုထားပါတယ်။ “တစ်ခါတစ်ရံတွင် တချို့လူတွေဟာကိုယ့်ကိုကိုယ် အပြေးသမားအစစ် မဟုတ်ဘူးလို့ ဆိုကြတယ်။ တကယ်တော့ကျွန်ုပ်တို့အားလုံးဟာအပြေးသမားပါပဲ။ တချို့ကတခြားလူတွေထက် ပိုပြေးနိုင်ရုံပါ။ ကျွန်ုပ် အပြေးသမားအတုနှင့် တခါမျှ မကြုံဖူးပါဘူး။”သင် သည် ပုံမှန်ပြေးနေသူတစ်ယောက်ဆိုလျှင် သင်သည် အပြေးသမားတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် ပြေးသည့်အခါတွင်ရှောင်ရှားသင့်သည့်အချက်များကိုသတိထားရန်လိုပါသည်။ မသင့်လျော်သော ပြင်ဆင်မှု အပြေးသမားများသည် ပြေးခြင်းကို ကြိုက်နှစ်သက်ကြပါသည်။ ထိုအချက်ကသင့်ကိုသွေးပူလေ့ကျင့်ခန်း ပြုလုပ်လိုသောဆန္ဒကင်းမဲ့စေသည် ။ အချိန်မရှိခြင်း၊ အလျင်လိုနေခြင်း၊ ပြေးလိုစိတ်တစ်ခုသာရှိနေခြင်းကြောင့်လည်း သွေးပူလေ့ကျင့်ခန်း မလုပ်ခြင်းဖြစ်နိုင်ပါသည်။ သို့သော် ဤအချင်းအရာသည် ရေရှည်တွင် သင့်ကိုထိခိုက်စေပါသည်။ သင့်ကြွက်သားနှင့် သွေးလည်ပတ်မှုစနစ် ကောင်းမွန်စေဖို့ အတွက် သွေးပူလေ့ကျင့်ခန်းလုပ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း