ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

အမျိုးသမီးယောနိ အတွက် Kegel လေ့ကျင့်ခန်း

အမျိုးသမီးယောနိ အတွက် Kegel(ကီဂျဲလ်) လေ့ကျင့်ခန်း ကြားဖူးကြလား! အချို့အမျိုးသမီးတွေက ကလေးမွေးဖွားပြီးလို့ ဒါမှမဟုတ် သွေးဆုံးသွားလို့ ဒါမှမဟုတ် ပိုမိုကြည်နူးဖွယ်ကောင်းတဲ့ ချစ်တင်းနှောမှုကို လိုချင်ကြလို့ ယောနိကြွက်သားတွေ လျော့ရဲလာတာကို မလိုလားကြပါဘူး။ အမျိုးသမီးယောနိ အတွက် Kegel(ကီဂျဲလ်) လေ့ကျင့်ခန်း ဘယ်လို အကြောင်းပြချက်ကြောင့်ဖြစ်ပါစေ။ တင်းကျပ်တဲ့ ယောနိဖြစ်လိုတာကတော့ အမျိုးသမီးဦးစားပေးစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိတာပါပဲ။ အဓိကကတော့ တင်းကျပ်တဲ့ ယောနိက အတူနေတဲ့အခါ သင့်ကို ကောင်းမွန်တဲ့ ခံစားမှုကို ရရှိစေတယ်လို့ ယူဆလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီးမထိန်းနိုင်တဲ့ ပြဿနာ၊ သားအိမ်ကျွံတဲ့ ပြဿနာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။ တင်ပါးဆုံ ကြွက်သားတွေအားနည်းတာက အမျိုးသမီးတိုင်းအတွက် ပြဿနာပါ တင်ပါးစုံကြွက်သားကို အားနည်းစေတဲ့ အချက်အလက်တွေ အများကြီးရှိပါတယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်း၊ မိန်းမကိုယ်တွင်း ခွဲစိတ်မှုပြုလုပ်ထားခြင်း၊ အသက်ကြီးခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ နာတာရှည်ချောင်းဆိုးခြင်းတို့လို […]


အခြားလေ့ကျင့်ခန်းများ

ထိုင်မနေဘဲနဲ့ ကြွက်သားတက်အောင် စလေ့ကျင့်စို့

သင်ဟာ ပိန်လွန်းလို့ ဖြစ်စေ မပိန်သော်လည်း ခန္ဓါကိုယ်ပုံစံကို ပြောင်းလဲချင်လို့ ဖြစ်စေ ကြွက်သားထုတက်အောင် ကြိုးစားနေသူဖြစ်ပါက အကျိုးသက်ရောက်မှုရှိတဲ့ ကြွက်သားတည်ဆောက်ခြင်းဟာ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း ဖြစ်စဉ်မဟုတ်မှန်း သိစေလိုပါတယ်။ သို့ပေမယ့်လည်း အသုံးဝင်တဲ့ နည်းလမ်းအချို့ကို လိုက်နာမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါသေးတယ်။   ကြွက်သားတည်ဆောက်မှုကို အမြင့်ဆုံး တင်ခြင်း အစာအဟာရနှင့် ပတ်သက်ပြီး Virginia Tech University (ဗာဂျီးနီးယားနည်းပညာတက္ကသိုလ်) မှ Ph.D ရရှိထားသည့် ပါမောက္ခ Micheal Houston ရဲ့ အတည်ပြုချက်အရ လူသားတွေရဲ့ ခန္ဓါကိုယ်ဟာ လုပ်ငန်းဆောင်တာ အတော်များများအတွက် အသားဓါတ် (protein) ကို အသုံးပြုရပါတယ်။ ထို့အတွက် ကြွက်သားတည်ဆောက်မှုအတွက် ပရိုတိန်းဓါတ် မလုံလောက်တတ်ကြပါဘူး။ ထိုရလဒ်အရ အကယ်၍ သင်ဟာ ကြွက်သားထု ကြီးကြီးမားမား တည်ဆောက်လိုပါက ပရိုတိန်းအဟောင်းတွေကို ခန္ဓါကိုယ်က […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

ယောဂ၏ ကောင်းကျိုးများ

ယောဂ၏ ကောင်းကျိုးများ ယောဂ ကျင့်တဲ့အခါ သင့်စိတ်ရော၊ခန္ဓာပါ ပိုပြီး ကျန်းမာလာတယ်ဆိုတာ အမှန်တရားပါ။ အခု ဒီဆောင်းပါးလေးမှာတော့ သင်မသိလောက်သေးမယ့် ယောဂ၏ ကောင်းကျိုးများ ကို ဖော်ပြပေးသွားမှာပါ။ ယောဂ၏ ကောင်းကျိုးများ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ ယောဂဟာ ခန္ဓာကိုယ်တစ်ခုတည်းကိုပဲ ကျန်းမာသန်စွမ်းစေတဲ့ လေ့ကျင့်ခန်းမဟုတ်ပေမယ့် ယောဂကျင့်ခြင်းအားဖြင့် နာတာရှည်နာကျင်မှုဝေဒနာတွေဖြစ်တဲ့ အဆစ်အမြစ်တွေ နာကျင်ရောင်ရမ်းတာ၊ ကျောနာ၊ ကျောအောင့်တာ၊ ခေါင်းကိုက်တာနဲ့ carpal tunnel syndrome လို့ခေါ်တဲ့ ခြေလက်တွေမှာ ဖြစ်လေ့ရှိသော ကြွက်သားနဲ့ အကြောဆိုင်ရာ ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ယောဂကျင့်ခြင်းဟာ သွေးပေါင်ကို ကျစေပြီး အိပ်မပျော်တာတွေကိုလည်း သက်သာစေတယ်လို့ ဆိုပါတယ်။ ယောဂ ကျင့်ခြင်းရဲ့ အခြားသော ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကတော့ အားကစားသမားတွေအတွက် စွမ်းဆောင်ရည် မြင့်မားလာခြင်း။ နှလုံးနဲ့ သွေးလည်ပတ်မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုကောင်းမွန်လာခြင်း။ ခန္ဓာကိုယ်ပျော့ပျောင်းခြင်း။ ဇီဝဖြစ်စဉ် […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ

စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်း၏ အကျိုးကျေးဇူးများ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးရှိရုံသာမက သင့်ကျန်းမာရေးကိုပါ အထောက်အကူပြုတဲ့အပြင် ပျော်ရွှင်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။   ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ် စက်ဘီးစီးခြင်းဟာ ကယ်လိုရီများစွာ လောင်ကျွမ်းစေပါတယ်။ ကိုယ်အလေးချိန် ၁၅၅ပေါင်လောက်ရှိသူတယောက်အနေနဲ့ ပုံမှန်အရှိန်နဲ့ နာရီဝက်လောက် စက်ဘီးစီးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ၂၆၀ ကယ်လိုရီလောက် လောင်ကျွမ်းစေပါတယ်။ အကယ်၍ သင့်ကိုယ်အလေးချိန် ပိုများရင် ဒါမှမဟုတ် အရှိန်ပြင်းပြင်းနဲ့ ပိုပြီးအားစိုက်နင်းရင် ကယ်လိုရီပမာဏ ပိုလို့တောင် လောင်ကျွမ်းပါလိမ့်ဦးမယ်။   အဆစ်အမြစ်ထိခိုက်မှုကို နည်းစေမယ် ရွရွပြေးတာ၊ဘောလုံးကန်တာအပါအဝင် ကိုယ်လက်လှုပ်ရှား အားကစားအများအပြားဟာ အဆစ်အမြစ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် စက်ဘီးစီးလေ့ကျင့်ခန်းလုပ်တာဟာ အဆစ်အမြစ်တွေအပေါ် ပြင်းပြင်းထန်ထန် မထိခိုက်စေ၊အားမစိုက်ရစေဘဲ နှလုံးညှစ်အားကို ပိုမိုကောင်းအောင် လုပ်ပေးနိုင်ပါတယ်။ Cleveland Clinic ရဲ့ အဆိုအရ ပုံမှန်ရှိရမယ့် ကိုယ်အလေးချိန်ထက် အနည်းဆုံး ပေါင် ၅၀လောက် ပိုနေသူတွေအတွက် စက်ဘီးစီးလေ့ကျင့်ခန်းလုပ်ခြင်းဟာ အထူးသင့်တော်တယ်လို့ […]


အခြားလေ့ကျင့်ခန်းများ

မာရသွန်လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ

မာရသွန်လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ မာရသွန်လေ့ကျင့်ခန်းတွေ မလုပ်ခင် သိသင့်သိထိုက်တာတွေ အားလုံးကို သိရှိနိုင်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်နေစဉ်အချိန်မှာ ခန္ဓါကိုယ်ကို ဘယ်လိုဂရုစိုက်ရမယ်ဆိုတာကို သိရှိနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို အချိန်ခဏပေးပြီး ဖတ်ကြည့်လိုက်ပါဦး။   သင့်ခန္ဓါကိုယ်ကို ဂရုစိုက်ပါ။ မာရသွန်လေ့ကျင့်မှု မစတင်မီမှာ ကျန်းမာရေးစစ်ဆေးမှုအားလုံးကို ပြုလုပ်ထားရပါမယ်။ နှလုံးကို အထူးတလည် စစ်ဆေးမှုပြုလုပ်ဖို့ လိုမလို သိနိုင်ဖို့အတွက် ဆရာဝန်တွေကို မေးမြန်းနိုင်ပါတယ်။ အပြေးလေ့ကျင့်တာ (အထူးသဖြင့် အခုအခြေအနေလိုမျိုး ပြင်းပြင်းထန်ထန် လေ့ကျင့်ရတာ)ဟာ ထိခိုက်ဒါဏ်ရာ ရလွယ်တဲ့ အားကစားနည်းတမျိုး ဖြစ်တဲ့အပြင် တခါတရံမှာလည်း သင့်ကို အခြားသော ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဘာလေးပဲ ဖြစ်လိုက်ဖြစ်လိုက် (အပရိကနာကျင်တာမျိုး၊ခြေထောက်နည်းနည်းနာတာမျိုးလောက်နဲ့) MRI ပြေးရိုက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် တောက်လျှောက်နာကျင်နေတာ ဒါမှမဟုတ် ပုံမှန်မဟုတ်တော့ဖူးလို့ သင်ထင်မြင်ယူဆတဲ့ အနေအထားမျိုးတွေမှာတော့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှုကို ခံယူသင့်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တချက်ကတော့ […]


အခြားလေ့ကျင့်ခန်းများ

ဝိုင်သောက်ခြင်း နဲ့ အားကစားလုပ်ခြင်း

ဝိုင်သောက်ခြင်း နဲ့ အားကစားလုပ်ခြင်း ဝိုင်ကို နေ့စဉ် သောက်ပေးခြင်း သို့မဟုတ် ပုံမှန်သောက်ပေးခြင်းဟာ အားကစားလေ့ကျင့်ခန်းလုပ်သလိုပဲ အကျိုးရှိထိရောက်တယ်ဆိုတဲ့ အယူအဆတွေဟာ အခုနောက်ပိုင်းမှာ ပိုပိုများလာပါတယ်။ ဒါဟာမှန်ပါသလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုဆောင်းပါးမှာ ဆွေးနွေးပေးထားပါတယ်။ "ဥရောပတိုက်ဆိုင်ရာ နှလုံးကျန်းမာ အဖွဲ့"ကြီးက သုတေသနပညာရှင်တွေဟာ တစ်ပတ်ကို အနည်းဆုံးငါးရက်လောက် အရက်အတန်အသင့် သောက်ဖြစ်သူတွေကို လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒီနောက်သူတို့ကို အရက်လည်းသောက်လေ့ကျင့်ခန်းလည်း လုပ်သူတွေ နဲ့ အရက်ပဲသောက်ပြီး လေ့ကျင့်ခန်းမလုပ်သူတွေ ဆိုပြီး နှစ်အုပ်စုခွဲလိုက်ပါတယ်။ လေ့လာမှုတွေ ပြုလုပ်တဲ့အခါ အရက်ပဲသောက်ပြီး အားကစားမလုပ်သူတွေရဲ့ သွေးတွင်းဂလူးကို့စ်ပမာဏ၊အဆီဓာတ်ပမာဏ၊ကိုလက်စထရောပမာဏ ဒါမှမဟုတ် C-reactive protein လို့ခေါ်ပြီး တစ်ရှူးထိခိုက်ရောင်ရမ်းမှုတွေကို ပြသပေးနိုင်တဲ့ ပရိုတင်းတမျိုးရဲ့ ပမာဏ စတာတွေအပေါ် အရက်က ဘယ်လိုမှ ထူးခြားကောင်းမွန်တဲ့ အာနိသင်သက်ရောက်မှုတွေကို မပြသတာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် အရက်လည်းသောက်၊လေ့ကျင့်ခန်းလည်း လုပ်သူတွေမှာတော့ (တစ်ပတ်နှစ်ခါလောက် […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

ဖျတ်လက်တက်ကြွတဲ့ ခန္ဓါကိုယ်မျိုး ပိုင်ဆိုင်စေဖို့

ခန္ဓါကိုယ်ဖျတ်လတ်တက်ကြွနေဖို့ အရေးကြီးကြောင်းကို လူတော်တော်များများ သိထားကြပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်ဖို့အတွက် ကိုယ်လက်လေ့ကျင့်ခန်းအပြင် ကျန်းမာမျှတစေတဲ့ အစားအသောက်ကိုလည်း ချင့်ချိန်ပြီး စားသင့်ပါတယ်။ ခုပြောမယ့် အချက်တွေကတော့ တက်ကြွဖျတ်လတ်တဲ့ ကိုယ်ခန္ဓါဖြစ်စေဖို့ အထောက်အကူပေးနိုင်တဲ့ အရာတွေပဲဖြစ်ပါတယ်။   ၁။ အာဟာရစုံလင်စွာရရှိအောင်စားပါ အသီးအနှံ၊ ပြောင်း၊ ပဲနဲ့ အဆီထုတ်ထားတဲ့နို့ စတဲ့ စုံလင်တဲ့အစာတွေ စားခြင်းဖြင့် သင့်ခန္ဓါကိုယ်အတွက် လိုအပ်တဲ့အဟာရတွေကို ရရှိနိုင်ပါတယ်။ အဆီနဲ့ အချိုဓါတ်များတဲ့ အစားအသောက်တွေကို လျှော့ဖို့ ရှောင်ဖို့ မမေ့ပါနဲ့။   ၂။ ပြောင်းဆံကနေ စွမ်းအင်ရယူပါ။ စပါးစေ့နဲ့ ပြောင်းစေ့တွေက စွမ်းအင်ဖြစ်စေတဲ့ အဓိကအစာတွေဖြစ်ပါတယ်။ ဂျုံနဲ့ ပြုလုပ်ထားတဲ့ပေါင်မုန့်နဲ ဆန်လုံးညိုတွေက အာဟာရဖြစ်စေပြီး ကယ်လိုရီနည်းတဲ့အတွက် ရွေးချယ်သင့်တဲ့အစာတွေပဲဖြစ်ပါတယ်။   ၃၊ ကြွက်သားအတွက် ပရိုတင်းဓါတ်လိုအပ်ပါတယ်။ ခန္ဓါကိုယ်မှာ ကြွက်သားကို ထိန်းသိမ်းဖို့နဲ့ အသစ်ထပ်ဖြစ်စေဖို့ ပရိုတင်းဓါတ် လိုအပ်ပါတယ်။ အဆီနည်းတဲ့အသားဖြစ်ဖို့ အရေးကြီးပါတယ်။ အပြောင်းအလဲဖြစ်အောင် […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

အဆီကျဖို့အတွက် သင်ကိုယ်သင်မေးသင့်တဲ့ မေးခွန်း ၄ ခု

အဆီကျဖို့ ကိုယ်ရည်စစ်ဖို့အတွက်က ကျန်းမာရေးအကြောင်း သင်ဘယ်လောက်သိသလဲ ဆိုတာနဲ့ မဆိုင်ပါဘူး။ သင်သိထားတဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်တွေကို ဘယ်လောက်လုပ်နိုင်သလဲ ဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ လူတော်တော်များများက ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစားအသောက်တွေကို ရွေးစားသင့်တယ်ဆိုတာ နားလည်ထားကြပါတယ်။ ပိုပြီး နားလည်တဲ့သူက ကိုယ်ခန္ဓါကိုယ်ကို ပိုပြီးကျန်းမာကြံခိုင်အောင် လုပ်နိုင်ဖို့ လွယ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှားယွင်းတဲ့ဇီဝကမ္မ ဖြစ်စဉ်တွေမရှိဘဲ ဟိုမုန်းမညီမျှမှုတွေမရှိဘဲနဲ့ ကျန်းမာနေတယ်ဆိုရင်တော့ ဒါ ကံကောင်းတာပါပဲ။ ခန္ဓါဗေဒနဲ့ပတ်သက်လို့ ကျွမ်းကျင်သူတွေကတော့ အားသိပ်မစိုက်ရတဲ့ လွယ်ကူပြီးရိုးရှင်းတဲ့ ဆောင်ရွက်ချက်လေးတွေလုပ်ရုံနဲ့ အကျိုးရှိမယ့်မရာတွေကို ရှာဖွေနေခဲ့ပါတယ်။ ရိုးရှင်းတဲ့လုပ်ဆောင်ချက်တစ်ခုကတော့ မိမိအစာစားမယ် ဒါမှမဟုတ် စားဖို့ပြင်ဆင်နေအချိန်မှာ မေးခွန်းလေးတွေ မေးဖို့ပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေမေးခြင်းအားဖြင့် ကိုယ်စားမယ့် အစားအသောက်က ကိုယ့်ကျန်းမာရေးအတွက် ဘယ်လို သက်ရောက်မှု ရှိစေလဲဆိုတာ သိနိုင်မှာဖြစ်ပြီး စားသင့်မစားသင့် ဆုံးဖြတ်ချိန်ရမှာလည်း ဖြစ်ပါတယ်။ အကောင်းဆုံးရလဒ်တွေရဖို့ မေးခွန်းအတွက် ရှင်းလင်းတိကျတဲ့ […]


အခြားလေ့ကျင့်ခန်းများ

ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ ဘာစားထားသင့်သလဲ

သင့်ရဲ့ တနေ့တာလှုပ်ရှားမှုတွေအတွက် လုံလောက်တဲ့ ကယ်လိုရီနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ လိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ တော့ သိပ်အများကြီး စားဖို့ မလိုအပ်ဘဲ အဆာပြေသဘောလောက်သာ စားသင့်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ ဘာစားထားသင့်သလဲ စားတဲ့အခါမှာလည်း သင့်တော်တဲ့ အစားအသောက်ကို ရွေးချယ်မှ အထောက်အကူဖြစ်ပါလိမ့်မယ်။ လေ့ကျင့်ခန်းမစမီ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေကတော့ လေ့ကျင့်ခန်းမလုပ်မီ ရေ ၅၀၀ မီလီလီတာ (ရေသန့်ဗူးကြီးတစ်ဝက်) လောက် သောက်ထားသင့်တယ်လို့ အကြံပေးထားပါတယ်။ လေ့ကျင့်ခန်းမစမီ စားသင့်တဲ့ သွားရည်စာ ၉ မျိုး အဆီဓာတ်ပါဝင်မှု နည်းတဲ့ အစားအစာ (ကယ်လိုရီ ၁၀၀ - ၃၀၀) ရှိတဲ့ အစားအသောက်က အသားဓာတ်နဲ့ ကစီဓာတ်ကို ပြည့်ဝစေနိုင်ပါတယ်။ ကစီဓာတ်က စွမ်းအင်ပေးပါတယ်။ အသားဓာတ်ကတော့ ကြွက်သားတည်ဆောက်မှုမှာ အရေးပါပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ ဒါလေးတွေ […]


အခြားလေ့ကျင့်ခန်းများ

ခွဲစိတ်ကုသမှုခံယူပြီးနောက် လုပ်သင့်သည့် လေ့ကျင့်ခန်းများ

ခွဲစိတ်မှုအပြီး လေ့ကျင့်ခန်းလုပ်ခြင်းက လူနာတွေအတွက် အရေးကြီးပါတယ်။ ဒီလို လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ကို ဘယ်လိုခွဲစိတ်မှုမျိုးကနေမဆို လျင်မြန်စွာပြန်ကောင်းစေပါတယ်။ ခွဲစိတ်မှုအပြီး ပြန်သက်သာလာပြီး ခွန်အားပြန်ရလာတဲ့အခါ ဘယ်လို လေ့ကျင့်ခန်းတွေ လုပ်ရမလဲဆိုတာ သင်သိထားသင့်ပါတယ်။ ခွဲစိတ်ကုသမှုခံယူပြီးနောက် လုပ်သင့်သည့် လေ့ကျင့်ခန်းများ အကြောင်း လေ့လာကြည့်ရအောင်နော်။ လေ့ကျင့်ခန်းလုပ်ဖို့ ဘာကြောင့်လိုအပ်လဲ။ လေ့ကျင့်ခန်းက လူတိုင်းကို စိတ်ခံစားမှုကောင်းမွန်စေခြင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေခြင်းအပြင် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးပါတယ်။ အောက်မှာဖော်ပြထားတဲ့လှုပ်ရှားမှုတွေက သင့်ကို ကျန်းမာရေးကောင်းကျိုးတွေ ရစေပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဒီလေ့ကျင့်ခန်းတွေက သင့်ကိုကြံ့ခိုင်စေတယ်၊ ကိုယ်အလေးချိန်ကျစေတယ်၊ အလေးချိန်တက်နည်းစေတဲ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆီးချိုကိုပါ ကာကွယ်ပေးပါတယ်။ ခွဲစိတ်မှုအပြီးမှာ ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ တကယ်လို့ သင်က ခွဲစိတ်မှု တစ်ခုခု လုပ်ပြီးခါစဆိုရင် သင်လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ လိုပါတယ်။ စွမ်းအင်တွေလောင်ကျွမ်းခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းက သင့်ကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးပါလိမ့်မယ်။ တကယ်လို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း