ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

ပြေးပြီး ဘယ်လို အကြောလျှော့မလဲ

ပြေးပြီး ဘယ်လို အကြောလျှော့မလဲ ပြေးလွှားခြင်းပြီးတဲ့နောက် မှာလုပ်ဆောင်တဲ့ အကြောလျှော့ခြင်း လေ့ကျင့်ခန်းများ။ အကြောလျှော့ခြင်း- ဟာ ပြေးလွှားခြင်းအတွက် အရေးကြီးတဲ့ သွေးပူလေ့ကျင့်ခန်းတစ်မျိုးပဲဖြစ်ပါတယ်။ တကယ်တော့ အကြောလျှော့ခြင်းဟာ မပြေးခင်ရော၊ ပြေးပြီးချိန်မှာပါ အရေးကြီးပါတယ်။ ကျွန်ုပ်တို့အားလုံးသိထားတဲ့အတိုင်း ပြေးလွှားလေ့ကျင့်သူတစ်ယောက်အနေနဲ့ ပြေးလွှားပြီးချိန်မှာ မလုပ်သင့်တာလေးတွေရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ ပြေးပြီး ပုံမှန်အနေအထားပြန်ရောက်အောင် လုပ်ရမယ့်အဆင့်ကို မလုပ်ဘဲကျော်လိုက်ခြင်း ပဲဖြစ်ပါတယ်။ အကြောလျှော့ခြင်းနဲ့ လမ်းလျှောက်ခြင်းဟာ အဲဒီအဆင့်မှာ ပါဝင်တဲ့ ပုံစံနှစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် လူတွေဟာ မိနစ်အနည်းငယ်လောက် လမ်းလျှောက်ကြပြီးနောက်မှာအိမ်ပြန်သွားတတ်ကြပါတယ်။ ဒါပေမယ့်လည်း ဒီလမ်းလျှောက်ခြင်းအပြင် အကြောလျှော့တာလေး အနည်းငယ်ထပ်ပေါင်း လုပ်ဆောင်လိုက်မယ်ဆိုရင် သင့်ကြွက်သားလေးတွေကို ကြံ့ခိုင်ဖို့ နဲ့ ခန္ဓါကိုယ်ပျော့ပျောင်း နိုင်ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ အဲလို အကြောလျှော့ဖို့ ကုန်သွားတဲ့အချိန်ဟာ အကျိုးရှိပါတယ်။   ဒါဆို ဘယ်လို အကြောလျှော့ကြမလဲ? Calf Stretch (ခြေသလုံးကြွက်သား အကြောလျှော့နည်း။) သင့်ရဲ့ခြေထောက်တစ်ဖက်ကို အရှေ့ထုတ်ပြီး […]


အခြားလေ့ကျင့်ခန်းများ

သင်ဘယ်လောက်အကြာမှာ ဘယ်နှစ်ကြိမ်လောက် ပြေးသင့်သလဲ

လေ့ကျင့်ခန်းလို့ဆိုလိုက်ရင်ပဲ ဘယ်နှစ်ကြိမ်လုပ်သင့်တယ်ဆိုတာက အရေးကြီးလွန်းလှပါတယ်။ ပြေးခြင်းမှာလည်း ခြွင်းချက်မရှိပါဘူး။ တစ်ပတ်အတွင်းမှာ ဘယ်လောက်ပြေးရမယ်ဆိုတဲ့ အချိန်နဲ့ အကြိမ်အကန့်အသတ်ဟာ ထိရောက်မှုရှိစေပါတယ်။   သင်ဘယ်နှစ်ကြိမ်ပြေးသင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ သင်ပြေးရခြင်းရဲ့ ရည်ရွယ်ချက်ကို အရင်သိဖို့လိုမှာပါ။ ဘာလို့ ပြေးတာလဲ။ ပြေးရခြင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ ကျန်းမာရေးဆိုင်ရာ ရည်ရွယ်ချက်တွေ၊ အလေးချိန်ချချင်တာတွေ ဒါမှမဟုတ် သင့်ကောင်မလေးက သင်ညဘက် သူငယ်ချင်းတွေနဲ့ ညလုံးပေါက် အပြင်ထွက်တာမျိုး၊ အရက်သောက်တဲ့ အကျင့်မျိုးတွေထက်ပိုကောင်းတဲ့ အလေ့အထကို ရစေချင်လို့ ဆိုတာလည်း ပါမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တကယ်လို့များသင်က ပြေးဖို့ဆုံးဖြတ်လိုက်ပြီး သေချာပေါက်လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိနေရင်တော့ တစ်ပတ်မှာ ၃ရက်ပြေးတာက သင့်လျော်ပါလိမ့်မယ်။ တစ်ပတ်သုံးရက် အချိန်ဇယား ဘာကြောင့် တစ်ပတ်မှာ ၃ရက်တည်း ပြေးရမှာလဲ။ တစ်ပတ်မှာ ၇ရက်လုံးပြေးချင်လဲရပါတယ်။ သင်က ခုမှ ပြန်ပြီးပြေးတာဖြစ်နိုင်သလို ခုမှ စပြီးပြေးမယ့်သူလည်း ဖြစ်နိုင်ပါတယ။် တစ်ပတ်မှာ ၃ရက်ပြေးတာက […]


အခြားလေ့ကျင့်ခန်းများ

အောက်ဆီဂျင်အသုံးပြုရသော ကိုယ်ကာယလေ့ကျင့်ခန်းများသည် သင့်ခန္ဓါကိုယ်ကို မည်သို့ အကျိုးပြုပါသနည်း။

အောက်ဆီဂျင်ကိုအသုံးပြုရသော ကာယလေ့ကျင့်ခန်းများသည် သင့်ခန္ဓါကိုယ်ကို အင်ဆူလင်ဟော်မုန်းကို ပို၍အသုံးပြုစေရန် အထောက်အကူပြုသည်။ ၎င်းသည် သင်၏နှလုံး နှင့် အရိုးများကို သန်မာစေပြီး စိတ်ဖိစီးမှုကိုသက်သာစေသည်၊ သွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေသည်၊ သွေးထဲရှိ သကြားဓါတ်ကို လျော့နည်းစေပြီးသွေးပေါင်ကို ကျစေသေည်၊ ကိုလက်စထရောကို တက်စေသည်။   ညွှန်ကြားချက်- ကိုယ်ကာယလေ့ကျင့်ခန်းများကို အသင့်အတင့်မှ ပြင်းပြင်းထန်ထန်လုပ်ခြင်းကို မိနစ် ၃၀ ခန့် တစ်ပတ်တွင် အနည်းဆုံး ၅ ရက် သို့မဟုတ် ၁၅၀ မိနစ် လုပ်ရန် အကြံပြုထားသည်။ တစ်ပတ်တွင် အနည်းဆုံး ၃ရက် ဆက်တိုက်လုပ်ပေးပြီး လေ့ကျင့်ခန်းမလုပ်ပဲ ၂ ရက်ထက်ပို၍ မနေသင့်ပါ။ မှတ်ချက်- အသင့်အတင့်လေ့ကျင့်ခန်းလုပ်နေစဉ် သင်သည် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း သီချင်မဆိုနိုင်သော်လည်း စကားပြောနိုင်သည်။ အပြင်းအထန်လေ့ကျင့်ခန်းလုပ်နေစဉ်တွင်မူ သင်သည် အသက်ရှူခြင်းကိုမရပ်တန့်ပဲ စကားအနည်းကိုပင် မပြောနိုင်ပါ။ စတင်လုပ်ဆောင်ခြင်း သင်သည် ယခုမှလေ့ကျင့်ခန်းစတင်လုပ်မည် […]


အခြားလေ့ကျင့်ခန်းများ

သင်သိသင့်သော ယောဂကျင့်စဉ်အမျိုးအစားကွဲများ

လေ့ကျင့်ခန်းအမျိုးအစားသစ်တစ်ခုဖြစ်တဲ့ ယောဂကိုတော့ လူတိုင်းသိကြပါတယ်။ ယောဂပေါ်ပေါက်လာတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ လူတွေကလည်း သူတို့ ကြံ့ခိုင်ဖို့ ပိုပြီး အာရုံစိုက်လာကြတာကြောင့် ခုနောက်ပိုင်းမှ ပြန်လည်ထင်ပေါ်လာပါတယ်။ ယောဂကို စတင်လေ့ကျင့်ဖို့ အနည်းငယ်တော့ ခက်ခဲမယ်နဲ့တူပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အမျိုးအစားအများကြီးနဲ့ အနေအထားအများကြီးရှိနေတာ မဟုတ်ပါလား။ သင်သိချင်လောက်မယ်ထင်တဲ့ လူသိများတဲ့ ယောဂပုံစံတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။   ယောဂအမျိုးအစားများရဲ့ မူလဇစ်မြစ် ယောဂကို အမျိုးအစားတွေအများကြီးခွဲခြားထားပါတယ်။ ဟိန္ဒူ၊ ဗုဒ္ဓ၊ Jainism နဲ့ Tantra ဆိုပြီးတော့ပေါ့။ သင်ကြားဖူးလောက်နိုင်မယ့် ယောဂအများစုကတော့ ဟိန္ဒူကျောင်းက ယောဂအမျိုးအစားပါ။ ဒီအမျိုးအစားဟာ ပိုများပြီး လေ့ကျင့်သူရဲ့ အနေအထားပေါ်လိုက်ပြီး ပြုပြင်ပြောင်းလဲလို့ရပါတယ်။ အခြားယောဂအမျိုးအစားသုံးမျိုးကတော့ ဗုဒ္ဓဘာသာယောဂလို တရားထိုင်ခြင်းတွေ ( ဗုဒ္ဓဘာသာမှာ တရားထိုင်တယ်ခေါ်ပါတယ် ) ကို ပိုပြီး အာရုံစိုက်ကြပါတယ်။ ယောဂအမျိုးအစားဘယ်နှစ်မျိုးရှိတာပါလိမ့်? ဆိုရင်တော့ ဖြေရအတော်ခက်ခဲပါတယ်။ အချို့သော […]


အခြားလေ့ကျင့်ခန်းများ

ယောဂက ရုပ်ပိုင်းဆိုင်ရာကို ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်သလဲ

တကယ်လို့သင်က ယောဂလေ့ကျင့်ဖို့ စီစဉ်နေတယ် ဒါမှမဟုတ် လက်ရှိမှာလည်း လေ့ကျင့်နေတယ်ဆိုရင် ယောဂရဲ့ ကောင်းကျိုးအချို့ကို ကြားဖူးနေမှာပါ။ ဒါပေမဲ့ သင်က ခုမှစမယ့်သူဖြနေတာမို့ “ ဒါက စွမ်းအင်တွေ စီးဆင်းဖို့ ကူညီပေးနိုင်တယ်လေ” လို့ရှင်းပြနေတာက ယုံကြည်ဖို့ အတော်ခက်ခဲပါလိမ့်မယ်။ ဒါဆိုရင် ယောဂက ပေးစွမ်းနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။ သေချာတာတော့ ဒီအကျိုးတွေကို အချိန်တစ်ခုအကြာယောဂလေ့ကျင့်ပြီးသွားရင် မျက်မြင်ကိုယ်တွေ့ တွေ့ရမှာပါ။   ၁။ ပျော့ပြောင်းလာခြင်းနဲ့ နာကျင်မှုတွေ သက်သာစေခြင်း ပျော့ပျောင်းလာခြင်းဟာ ယောဂက ခန္ဓါကိုယ်ပေါ်သက်ရောက်တဲ့ အထင်ရှားဆုံး အကျိုးပါပဲ။ ယောဂသင်တန်းကို စတက်တက်ချင်းအချိန်မှာ သင့်ခြေချောင်းလေးတွေနဲ့ လက်ချောင်းတွေထိနိုင်ဖို့တောင် အတော်ရုန်းကန်ရပါလိမ့်မယ်။ ဒါပေမဲ့ သင်စိတ်ရှည်ခဲ့ရင်တော့ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေကို တွေ့ရမှာပါ။ သင့်ခန္ဓါကိုယ်က တဖြည်းဖြည်းနဲ့ အကြောတွေ လျော့လာပြီး အရင်က မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေတောင် ခုဖြစ်လာနိုင်ပါလိမ့်မယ်။ […]


အခြားလေ့ကျင့်ခန်းများ

ယောဂလေ့ကျင့်သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာများ

ယနေ့ခေတ်မှာ ယောဂကို ခန္ဓါကိုယ်နဲ့ စိတ်ကြားထဲ ဟာမိုနီတစ်ခုဖန်တီးဖို့နဲ့ ညီညွတ်မျှတဖို့အတွက် ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုအနေနဲ့ လူတော်တော်များများက ရွေးချယ်လာကြပါတယ်။ ယောဂဟာ သင့်ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ ကောင်းကျိုးတွေကို ယူဆောင်လာပေးပါတယ်။ ပျော့ပျောင်းမှုနဲ့ ကြံ့ခိုင်မှုတွေ၊ အင်အားတွေ တိုးလာစေပါတယ်။ အေဂျင်စီစနစ်ရဲ့လုပ်ကိုင်ပုံတွေကို တိုးတက်လာစေပါတယ။် စိတ်ကိုအေးချမ်းစေပြီး စိတ်ဝိဉာဉ်ကို မြင့်မားစေပါတယ်။ ယောဂဟာ ပိုပြီးလွယ်ကူလာတာတွေ၊ သက်တောင့်သက်သာရှိလာတာတွေနဲ့ ပိုပြီး အကျိုးရှိစေတာတွေကြောင့်လည်း ယောဂအတွက် မရှိမဖြစ်လိုမယ့် အရာတွေကို သင်သိသင့်တာပေါ့။   တကယ်လို့များသင်က ယောဂကိုခုမှစကျင့်မယ်ဆိုရင် ယောဂကျူတိုရီယယ်လ်တွေအတွက် စာအုပ်တစ်အုပ် ဒါမှမဟုတ် DVD တစ်ချပ်လိုအပ်ပါတယ်။ အနေအထားအချို့ကို လေ့ကျင့်ပြီး အိမ်မှာ စာအုပ်၊ DVD တွေကို ကြည့်ပြီး လုပ်ကြည့်တာက ယောဂနဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်လာစေကာ ယောဂသင်တန်းမတက်ခင်တည်းက ယုံကြည်မှုရှိနေစေပါတယ်။ ကျူတိုရီယယ်လ်စာအုပ်နဲ့ ယောဂဗီဒီယို လေ့ကျင့်ခန်းတွေကို ကြည့်တာက ဘယ်ယောဂလေ့ကျင့်ခန်းက သင့်ရည်ရွယ်ချက်နဲ့ […]


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

ယောဂကြောင့် ဖြစ်စေနိုင်တဲ့ အန္တရာယ်အခြေအနေများ

ယောဂကျင့်ခြင်းကြောင့် ဒဏ်ရာရရှိမှုတွေဟာ အလျင်အမြန်ကို တိုးတက်လာပါတယ်။ ဒီလို အကြောင်းရင်းတွေကြောင့်ပါ။ ဂိုက်က အတွေ့အကြုံမရှိတာကြောင့်၊ လိုအပ်တဲ့အရည်အသွေးနဲ့ ဗဟုသုတ မရှိတာကြောင့် အထူးသဖြင့် ယောဂဒဏ်ရာတွေအတွက် အန္တရာယ်ကင်းစေဖို့ ဗဟုသုတ မရှိမှုတွေကြောင့်ပါ။ စံအနေနဲ့ဆိုရင် ယောဂကိုသင်မယ့်ဆရာတစ်ယောက်ဟာ နာရီ ၂၀၀လောက် သင်ယူရမှာဖြစ်ပြိး စာတွေ့ရော လက်တွေ့စစ်ဆေးမှုတွေကိုပါ အောင်မြင်ရမှာပါ။ ဒါပေမဲ့ လူများလွန်းတဲ့ အတန်းတွေမှာဆိုရင် ဆရာ့မှာလည်း တစ်ယောက်ချင်းစီကို သေချာရှင်းပြသင်ပြပေးနေဖို့ အချိန်ရမှာမဟတ်ုပါဘူး။ ကျောင်းသားတွေအတွက်တော့ သင်ယူလိုစိတ်ပြင်းထန်လွန်းတာတွေ၊ မာတိကာတွေကျော်လွန်ဖို့ကြိုးစားတာတွေ၊ ခက်ခဲတဲ့ အနေအထားတွေကို လုပ်လွန်းတာတွေ၊ စာပေးစာယူနဲ့ သင်ကြားတာတွေ၊ကိုယ့်ဖာသာလေ့လာတာတွေ ကလည်း မှန်ကန်မှာမဟုတ်တဲ့အပြင် ဒဏ်ရာရလွယ်စေပါတယ်။   ကျောနာခြင်း ယောဂမှာ ဝပ်တွားရတဲ့ ပုံစံတွေအများကြီးရှိတာကြောင့် ကျောရိုးတစ်လျှောက်မှာရှိတဲ့ အရွတ်တွေနဲ့ ကျောရိုးဘေးက ကြွက်သားတွေကို များများဆွဲဆန့်ဖို့လိုပါတယ်။ ပိုပြီး အန္တရာယ်များတာကတော့ သင့်အနေအထားမှားတဲ့အခါ ကျောရိုးချပ်ပြားဒဏ်ရာရရှိနိုင်တာပါပဲ။ (ဥပမာ- ရှေ့ကိုကွေးပြီးလိမ်ရတဲ့ အနေအထား) ပုခုံးဒဏ်ရာရခြင်း ပုခုံးဟာ အဆစ်တွေအများကြီးနဲ့ […]


အခြားလေ့ကျင့်ခန်းများ

ယောဂလေ့ကျင့်သူ တစ်ယောက်သိသင့်တဲ့ အခြေခံစည်းမျဉ်းများ

ယောဂဟာ သင့်အတွက် အနားရစေပြီး အတွင်းစိတ်ကို လတ်လပ်စေပေမယ့် ယောဂသင်တန်းတွေမှာလည်း အခြားသင်တန်းတွေလိုပဲ လိုက်နာရမယ့်စည်းကမ်းတွေရှိပါတယ်။ သင့်ကျောင်းတွေမှာ မြင်နေရသလို ဒီစည်းကမ်းတွေကို နံရံတွေမှာ စာထုတ်ပြီးကပ်ထားတာမဟုတ်တော့ ဒီစည်းကမ်းတွေကို သင်သိချင်မှ သိနိုင်ပါလိမ့်မယ်။ ယောဂသင်တန်းက စည်းကမ်းတွေကို ယောဂရဲ့လောကဝတ်လို့လည်းဆိုကြပြီး ဒါတွေဟာ သိမ်မွေ့လှပါတယ်။ ဒါပေမဲ့ တကယ်လို့များ ဒီစည်းကမ်းတွေကို တစ်ယောက်ယောက်က ချိုးဖောက်လိုက်မယ်ဆိုရင် ဘယ်လောက်တောင် အနှောက်အယှက်ဖြစ်စေသလဲဆိုတာ သင်သိရင် အံ့သြသွားပါလိမ့်မယ်။   ၁။ အတန်းထဲမှာ စကားမပြောပါနဲ့။ ဒါဟာ ရင်းနှီးနေတဲ့စည်းကမ်းပါ။ ဒါပေမဲ့ လူအများစုက ဒီစည်းကမ်းကို လိုက်နာနိုင်ဖို့ ခဲယဉ်းနေကြဆဲပါပဲ။ သင့်ရဲ့ ဘဝဇာတ်ကြောင်းတွေကိုသင့်ဘေးက သူငယ်ချင်းတွေနဲ့ ဝေမျှချင်တယ်ဆိုတာ နားလည်ပေးလို့ရပါတယ်။ အထူးသဖြင့် သင်တို့နှစ်ယောက် ယောဂသင်တန်းမှာ တွေ့တဲ့အချိန်ပေါ့။ ဒါပေမဲ့ ယောဂဟာ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာပဲ သင့်ကို ငြိမ်းချမ်းစေတာပါ။ ဒါ့အပြင် တိတ်ဆိတ်ခြင်းက အသက်ရှူခြင်းကို ပိုပြီးအာရုံစိုက်မိစေပြီး မှန်ကန်တဲ့ […]


အခြားလေ့ကျင့်ခန်းများ

ယောဂစတင်လေ့ကျင့်သူတွေ လုပ်လေ့ရှိတဲ့ အမှားများ

နေ့စဉ်ယောဂကျင့်ခြင်းဟာ လူအများစုရဲ့ အလေ့အကျင့်တစ်ခု ဖြစ်လို့လာပါတယ်။ ယောဂလေ့ကျင့်ခန်းတွေဟာ အနားရစေမှုတွေ၊ ကျန်းမာရေးအတွက် ကောင်းမွန်တာတွေ၊ ပျော့ပျောင်းစေတာတွေ၊ အလှအပရေးရာအတွက်တွေနဲ့ အထူးသဖြင့် ဦးနှောက်အတွက် အထူးကောင်းမွန်စေပါတယ်။ လူတိုင်းကတော့ ဒီလိုပြည့်စုံနေဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါပေမဲ့ တကယ်လို့များ သတိမမူဘဲလေ့ကျင့်ခန်းတွေ လုပ်နေမယ်ဆိုရင်တော့ ခန္ဓါကိုယ်ရဲ့ ပျော့ပျောင်းမှုတွေ တိုးတက်လာမှာမဟတ်ုပါဘူး။ ယောဂလေ့ကျင့်ခြင်းနဲ့ ပတ်သက်လို့ သင်မှတ်သားထားသင့်တဲ့ အဖြစ်အများဆုံး အမှားအချို့ကို ဖော်ပြပေးထားပါတယ်။     အလေ့ကျင့်လွန်ခြင်း ပုံမှန်ယောဂလေ့ကျင့်တဲ့သူတွေ လုပ်တတ်တဲ့အမှားကတော့ လေ့ကျင့်လွန်းတာပါပဲ လေ့ကျင့်သူတွေဟာ သူတို့ခန္ဓါကိုယ်ပေါ် အာရုံစိုက်သင့်ပြီး လိုအပ်တာထက် ပိုလုပ်မိတဲ့အခါ ခန္ဓါကိုယ်ရဲ့ တတ်နိုင်မှုအပေါ်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ခန္ဓါကိုယ်ရဲ့ အသံကို နားထောင်ခြင်းက ယောဂလေ့ကျင့်ခန်းတွေအတွက် အရေးအကြီးဆုံးပါပဲ။ လိုချင်တဲ့ ရလဒ်တွေ ပိုင်ဆိုင်နိုင်စေဖို့ သင့်ခန္ဓါကိုယ်ကို အတင်းကြီး အလွန်အကျွံတွေ ဖိအားမပေးပါနဲ့။ ဒါတွေက သင့်ကို ဒဏ်ရာရစေနိုင်ပါတယ်။ မတူညီတဲ့အရာတွေကို လုပ်တဲ့အခါ လူတိုင်းမှာလည်း […]


အခြားလေ့ကျင့်ခန်းများ

ယောဂကြောင့်ဖြစ်လာနိုင်သည့် အန္တရာယ်များကို မိမိအမျိုးသမီးအား ကူညီစီမံပေးခြင်း

ယနေ့ခေတ်တွင် အမျိုးသမီးများသည် လေ့ကျင့်ခန်းမျိုးစုံများကြားမှ ရုပ်ရောစိတ်ပါကျန်းမာစေသည့် ယောဂကို ပိုရွေးချယ်လေ့ ရှိကြပါသည်။ ယောဂကျင့်ခြင်းသည် သင့်အမျိုးသမီးကို ပျော့ပြောင်းနေစေရန် ကိုယ်အလေးချိန်ပုံမှန်ရှိစေရန် ဖိစီးမှုနည်းစေရန် နုပျိုနေစေရန် အကူအညီပေးနိုင်ပါသည်။ အကျိုးများစွာ ရှိသော်လည်း ပြသသူမရှိပဲ ပြင်းပြင်းထန်ထန် လုပ်မိလျှင် သင့်အမျိုးသမီးအတွက် အန္တရာယ်ရှိနိုင်ပါသည်။ အောက်ပါအကြံဉာဏ်တို့သည် ယောဂမှဖြစ်လာနိုင်သည့် အန္တရာယ်များအတွက် သင့်အမျိုးသမီးကို အကူအညီပြုနိုင်မည့် နည်းလမ်းကောင်းများဖြစ်ပါသည်။     ကျွမ်းကျင်သူဆရာမှ ညွှန်ကြားချက်ဖြင့်သာ ဖြည်းဖြည်းချင်း လေ့ကျင့်ပါစေ တော်သောယောဂဆရာကို စိတ်ချရသူများထံမှ စုံစမ်းပါ။ ကောင်းကောင်းလေ့ကျင့်ထားသည့် ဆရာထံမှ ညွှန်ကြားချက်များကို လိုက်နာခြင်းသည် အန္တရာယ်အကင်းဆုံးပင်။ ဆရာမှ သင့်အမျိုးသမီး၏ လှုပ်ရှားပုံနှင့် ပုံစံအနေအထားများ မှန်ကန်စေရန် လမ်းညွှန်ပေးပြီး ထိခိုက်ဒဏ်ရာ မဖြစ်စေရန် ကူညီပေးနိုင်ပါသည်။   ယောဂမလေ့ကျင့်ခင် သူမ၏ကျန်းမာရေးပြဿနာများနှုင့် အရင်ချိန်ဆပါ သူမတွင် ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေပါက ဆရာဝန် သို့မဟုတ် လမ်းညွှန်ကို ပြောပြတိုင်ပင်ပါ။ · ကိုယ်ဝန် - […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း