ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

မိမိချစ်ရသူများအတွက် ယောဂလေ့ကျင့်ရေးအစီအစဉ် ကူညီဆွဲပေးခြင်း

ယောဂသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို အားကောင်းစေသည့် အာနိသင်ထက်သောနည်းဖြစ်ပါသည်။ ၎င်းသည် ကိုယ်၊ စိတ်၊ ဝိဉာည် သုံးခုစလုံးအား တိကျသော ကိုယ်ဟန်ပုံစံများ၊ အသက်ရှုနည်းများနှင့် တရားမှတ်ခြင်းတို့မှတစ်ဆင့် ဆက်သွယ်ပေးသော ရှေးဟောင်းနည်းလမ်းလည်း ဖြစ်ပါသည်။ ယောဂလုပ်ပြီး ကျန်းမာမှုကို အမှန်အကန်ရရှိစေရန် သင်လုပ်နေသည့် အစီအစဉ်မှန်မှဖြစ်မည်။ အောက်ပါအဆင့်များကို လိုက်နာပြီး သင့်အမျိုးသမီးအတွက် သင့်လျော်မည့် ယောဂအစီအစဉ်ကို ရှာဖွေကြည့်ပါ။ ယောဂနှင့်ပါတ်သတ်သမျှ အချက်အလက်များကို ရှာဖွေကာ သင့်ဇနီးနှင့် အသင့်လျော်ဆုံးကို ရွေးချယ်ပေးပါ ရွေးချယ်စရာ ယောဂပုံစံအမျိုးမျိုး ရှိပါသည်။ သင့်ဇနီးသည်၏ ကျန်းမာရေးလယ်ဗယ်နှင့်ကိုက်ညီသည့် ယောဂစတိုင်၊ လုပ်ရသည့် ရည်မှန်းချက်နှင့် ကိုက်မည့်ယောဂစတိုင်တို့ကို ရွေးချယ်သင့်ပါသည်။ သင့်ပါတနာသည် ယခုမှစလုပ်မည့်သူဆိုပါက Hatha သည် သူမအတွက် အကောင်းဆုံးဖြစ်သည်။ ၎င်းတွင် အသက်ရှုခြင်းနှင့် အခြေခံကိုယ်ဟန်ပုံစံများကို အဓိကအသားပေးထား၏။ ချွေးထုတ်ဖို့ရန် ယောဂကျင့်ချင်သူဆိုပါက တစ်ကိုယ်လုံးလှုပ်ရှားရသည့် Vinyasa class […]


အခြားလေ့ကျင့်ခန်းများ

ယောဂအကြောင်း သင်ဘာတွေသိသင့်သလဲ

ယောဂဆိုတာ အိန္ဒိယကနေ အစပြုပြီး နှစ်ပေါင်း ၅၀၀၀ကျော်ကြာခဲ့ပြီးဖြစ်တဲ့ သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ လူတွေဟာ ယောဂဆိုတာ ခန္ဓါကိုယ်ကို ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ လိမ်ချိုးနေတာလို့မြင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ယောဂဆိုတာ သင့်ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိဉာဉ်ဆိုင်ရာတွေအားလုံးကို ကုသပေးနိုင်တဲ့ လေ့ကျင့်ခန်းအုပ်စုတစ်ခုပါ။ ယောဂဟာ ခုမှစကျင့်တဲ့သူတွေအတွက်ရော ပုံမှန်လေ့ကျင့်သူတွေအတွက်ပါ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေပါဝင်တဲ့ လေ့ကျင့်မှုတစ်ခုပါ။ ယောဂဆိုတဲ့စကားလုံးကတော့ သက္ကတဘာသာစကား “yuj” မှလာပါတယ်။ အဓိပ္ပါယ်ကတော့ “ ပေါင်းစည်းရန်”၊ “ပူးပေါင်းရန်” ၊ “ဆက်စပ်ပေးရန်” သို့မဟုတ် “ တွဲဆက်ပေးရန်” လို့ အဓိပ္ပါယ်ရပါတယ်။ ယောဂဟာ စိတ်နဲ့ကိုယ်နဲ့ဟာ တစ်ထပ်တည်းဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပါတယ်။ ယောဂမှာ အသက်ရှူနည်းစနစ်တွေ၊ ကိုယ်နေဟန်ထားတွေ (asana တွေလို့လည်းခေါ်ပါတယ်) နဲ့ တရားထိုင်ခြင်းတွေ […]


အခြားလေ့ကျင့်ခန်းများ

အိမ်တွင်လုပ်နိုင်သော လေ့ကျင့်ခန်းများ

အားလုံးဟာ ပုံပန်းတကျ ဖြစ်လိုကြပါတယ်။ ဒါပေမယ့် အလုပ်များလွန်းလို့ အားကစားခန်းမ မသွားနိုင် ဖြစ်နေရင် ဘယ်လိုလုပ်ရပါမလဲ။ စိတ်မပူပါနဲ့။ သင့်ဆီမှာ ကိုယ်ခန္ဓါ ပုံပန်းတကျဖြစ်အောင် လေ့ကျင့်ဖို့ အခွင့်အရေး ရှိပါသေးတယ်။ အားကစားခန်းမဆိုတာ အားလုံးအတွက် အဆင်အပြေဆုံး ဖြေရှင်းနည်း တခုတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်း ဟာလည်း ပုံမှန်လုပ်နိုင်မှသာ ထိရောက်ပါတယ်။ ဒီအခြေအနေမှာ အိမ်တွင်းလေ့ကျင့်ခန်းများဟာ အကောင်းဆုံး ဖြေရှင်းမှုဖြစ်ပါတယ်။ အောက်ပါ အကြောင်းအရာတွေကတော့ ပစ္စည်းကိရိယာမလိုဘဲ အိမ်မှာနဲ့ ဘယ်နေရာမှာမဆို ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ကိုယ်ခန္ဓါတခုလုံးအတွက် လေ့ကျင့်ခန်းများ Tuck jump ဒီနည်းလမ်းဟာ ရိုးရှင်းပြီး ပျော်ဖို့ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ နှလုံးညှစ်အားကို ကောင်းစေပါတယ်။ နှလုံးလေ့ကျင့်ခန်းများဟာ အမြဲတမ်း ပြေးခြင်းတမျိုးထဲတော့ မဟုတ်ပါဘူး။ နှလုံးခုန်နှုန်းကို မြင့်စေတဲ့ ဘယ်ကိုယ်ကာယလှုပ်ရှားမှု မဆို အကျုံးဝင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ကိုယ်ခန္ဓါကို […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ကျစ်လစ်သေးသွယ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ချင်ပါသလား

ပျိုပျိုမေတိုင်းကတော့ ဝဝတုတ်တုတ် မဖြစ်ချင်ကြပါဘူး။ လူတကာ ငေးကြည့်ရတဲ့ ကျစ်လစ်သေးသွယ် ပြီး လှပတဲ့ ခန္ဓါကိုယ်လေးပဲ ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ ကျစ်လစ်သေးသွယ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ရဖို့ဆိုတာ ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓါတ်က အရေးအကြီးဆုံးပါ။ ဘာတွေ လုပ်ဆောင်မလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ ကျစ်လစ်သေးသွယ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ချင်ပါသလား ဘယ်သူပဲ ဖြစ်ဖြစ် ခန္ဓါကိုယ်နဲ့ ပတ်သက်ပြီး ကိုယ်အားကျရတဲ့သူတော့ ရှိကြတာပါပဲ။ ဒီတော့ ပထမဆုံးအနေနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်ထားတဲ့သူကို ကြည့်ပါ။ ကိုယ်လိုချင်တဲ့ အလေးချိန်ကိုလည်း သတ်မှတ်ပါ။ ကိုယ်စားသုံးတဲ့ အစားအစာတွေမှာလည်း ကယ်လိုရီ ဘယ်လောက် ပါဝင်တယ်ဆိုတာ သိထားရင် အကောင်းဆုံးပါပဲ။ ကယ်လိုရီ မများဖို့ ဂရုစိုက်ပါမယ်။ မနက်စာ မိန်းကလေးတော်တော်များများကတော့ မနက်စာ စားခြင်းကို ရှောင်ရှားကြပါတယ်။ မနက်စာ မစားတာက ကယ်လိုရီတွေ လျှော့ချနိုင်မယ်လို့ တွေးထင်တာကြောင့် မစားကြတာပါ။ တကယ်တော့ […]


အခြားလေ့ကျင့်ခန်းများ

လည်ပင်းဆစ်များ အနေအထားမမှန်ခြင်းဖြစ်သူများအတွက် အသုံးဝင်သည့် ယောဂလေ့ကျင့်ခန်းများ

သင်သည် လည်ပင်းဆစ်ချော်ခြင်းကြောင့် ဝေဒနာများ ခံစားနေရလျှင် ရောဂလေ့ကျင့်ခန်းများသည် သင့်အတွက် အကူအညီဖြစ်စေပါလိမ့်မည်။ သို့သော် ရောဂလေ့ကျင့်ခန်းများ မပြုလုပ်မီ သိထားရမည့်အချက်များရှိပါသည်။   ရောဂလေ့ကျင့်ခန်းများနှင့် လည်ပင်းဆစ်ချော်ခြင်း လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ လည်ပင်းရှိ အဆစ်များသည် မူလအနေအထားမှ အနေအထားမမှန်ဖြစ်ကာ ချော်ထွက်ခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် လည်ပင်းတွင် နာကျင်ခြင်းကို ခံစားရမည်ဖြစ်ပြီး လက်မောင်း၊ ပခုံးများပါနာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် လည်ပင်းသည် လှုပ်ရှားချိန်တွင် ပိုနာပြီး ငြိမ်နေလျှင် သက်သာပါသည်။ ရောဂလေ့ကျင့်ခန်းသည် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကတည်းက ပြုလုပ်ကြသော လေ့ကျင့်ခန်းဖြစ်ပြီး ယင်းသည် အသက်ရှုခြင်း၊ ကိုယ်ဟန်အနေအထားမှန်ကန်ခြင်းနှင့် စိတ်ငြိမ်စေအောင် တရားထိုင်ခြင်းတို့ ပြုလုပ်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။ အောက်ပါတို့သည် ရောဂလေ့ကျင့်ခန်း၏ကောင်းကျိုးများဖြစ်ပါသည်။ ကြွက်သားများကို သန်မာစေခြင်း ရောဂလေ့ကျင့်ခန်းကို ပြုလုပ်နေစဉ်တွင် စက္ကန့်၊ မိနစ်အနည်းငယ်မျှ အနေအထားတစ်ခုတွင် ငြိမ်နေရမည်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် အချို့သောကြွက်သားများကို အသုံးပြုလိုက်ရသောကြောင့် ထိုကြွက်သားများကို သန်မာလာစေပါသည်။ ရောဂလေ့ကျင့်ခန်းသည် လှုပ်ရှားနိုင်မှုစွမ်းရည်များကို မြင့်တက်စေသည့်အတွက် ကျောရိုးကို အနေအထားမှန်စေခြင်း၊ […]


ကိုယ်လက်လှုပ်ရှားမှုအတွက်တိုက်တွန်းခြင်း

ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ပေးခြင်း အကျိုးကျေးဇူးတွေ

ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ပေးခြင်း (Physiotherapy)ဟာ ဆေးပညာရဲ့ တစိတ်တဒေသ ဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာအများအပြားကို ကုသပေးနိုင်ပါတယ်။ ဟုတ်ပြီ ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ပေးခြင်း (Physiotherapy) က ဘယ်လိုပြဿနာတွေကို ဖြေရှင်းကုသပေးနိုင်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။   အရိုးအကြောကြွက်သားဆိုင်ရာ ပြဿနာများ (ကြွက်သား၊အရွတ်၊အရွတ်ကြော၊အဆစ်အမြစ်၊အရိုး စသည်) ခြေဖဝါးပြားခြင်း ခြေဖဝါးမှာကွေးနေတဲ့နေရာမရှိတော့ဘဲ တဖြောင့်တည်းဖြစ်သွားတာမျိုးကို ခြေဖဝါးပြားခြင်း လို့ ခေါ်ပါတယ်။ ဒီလို ပြားနေတာကြောင့် သင်မတ်တပ်ရပ်တဲ့အခါ ခြေဖဝါးဟာ ကြမ်းပြင်ပေါ်မှာ တပြေးတည်း ဖြစ်လို့ နေပါလိမ့်မယ်။ သင်ကလေးဘဝမှာ အဆိုပါ ခြေဖဝါးအကွေးလေးဟာ ဖြစ်ပေါ်လာခြင်း မရှိသေးဘဲ အသက်ကြီးလာမှသာ တဖြည်းဖြည်း ဖြစ်ပေါ်လာတာပါ။ ဒါပေမယ့် တချို့လူတွေမှာ ခြေဖဝါးအကွေးလေးဟာ လုံးဝဖြစ်ပေါ်လာခြင်းမရှိပါဘူး။ ထိခိုက်ဒါဏ်ရာ ဒါမှမဟုတ် အခြားသော ပြဿနာတွေကြောင့်လည်း ဒီအခြေအနေကို ရင်ဆိုင်ရနိုင်ပါတယ်။ ခြေဖဝါးပြားရင် ခြေထောက်၊ခြေကျင်းဝတ် ဒါမှမဟုတ် နောက်ကျောတို့မှာ နာကျင်မှုကို ခံစားရတတ်ပါတယ်။ ခြေဖဝါးပြားခြင်းကို ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ပေးခြင်း […]


သန်စွမ်းကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ

ပြန်လည်သန်စွမ်းလေ့ကျင့်ခန်းမှ လူတွေမသိသေးသောအချက်များ

ခန္ဓါကိုယ်လှုပ်ရှားလေ့ကျင့်ခြင်း (Physiotherapy)ဟာ သင့်ကျန်းမာရေးအတွက် အထူးအကျိုးရှိပါတယ်။ ဒါပေမယ့် Physiotherapy နဲ့ ပတ်သက်လို့ သင်အကုန်သိတယ်ဆိုတာ သေချာပြီလား။ တကယ်တော့ Physiotherapy နဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အံ့ဩစရာ အချက်လေးတွေ ရှိနေပါတယ်။ ဘာတွေလဲဆိုတာ သိရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။   Physiotherapy ကုသမှုဟာ ပထမကမ္ဘာစစ်ကာလက စတင် ပေါ်ပေါက်ခဲ့တယ်။ Physiotherapyရဲ့ သမိုင်းကို သင့်အနေနဲ့ သိချင်မှသိပါလိမ့်မယ်။ ဒါပေမယ့် Physiotherapy ဟာ အဖိုးတန်ထိရောက်တဲ့ ကုသမှုတခုဆိုတာကို ပထမကမ္ဘာစစ်အချိန်ကတည်းက လူတွေစတင်သိရှိခဲ့ကြပြီး ဒါဏ်ရာရတဲ့ စစ်သားတွေကို ကုသပေးဖို့ Physiotherapy ကို စတင်အသုံးပြုခဲ့ကြပါတယ်။ Physiotherapy ကို အိမ်နေရင်း ပြုလုပ်နိုင်တယ်။ Physiotherapyကို နေရာအစုံမှာ ပြုလုပ်နိုင်ပါတယ် (ဥပမာ ကျန်းမာရေးစင်တာတွေ၊ပုဂ္ဂလိက ဆေးခန်း၊ဆေးရုံတွေ၊ကျောင်းတွေ ဒါမှမဟုတ် အိမ်မှာ)။Physiotherapy ကုသမှုနည်းလမ်းမှာ အားစိုက်သုံးစရာမလိုတဲ့ ပုံစံ (ဥပမာ […]


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

kinesiology တိပ်တွေဟာ အပြေးသမားတွေအတွက်ရော အသုံးဝင်သလား

သင်ဟာ အပြေးသမားတယောက်လား။ ဘောလုံးသမားတွေ၊အလေးမသမားတွေ ဒါမှမဟုတ် တင်းနစ်ကစားသမားတွေရဲ့ ခန္ဓါကိုယ်မှာ ရောင်စုံတိပ်လေးတွေ ကပ်ထားတာ တွေ့ဖူးပါသလား။ ဒီတိပ်လေးတွေဟာ သင့်အတွက်ရော အသုံးဝင်မလားလို့ တွေးဖူးပါသလား။ kinesiology တိပ်နဲ့ပတ်သက်တဲ့ သင့်မေးခွန်းတွေအားလုံးအတွက် အဖြေကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။   အပြေးသမားတွေ ရင်ဆိုင်ကြုံတွေ့လာရနိုင်တဲ့ ပြဿနာများ အပြေးသမားတွေ အနေနဲ့ အလွန်အကျွံလှုပ်ရှားခြင်း ဒါမှမဟုတ် လှုပ်ရှားမှုပုံစံမမှန်ခြင်းတို့ကြောင့် ထိခိုက်ဒါဏ်ရာတွေ ရရှိလာနိုင်ပါတယ်။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာအချို့ကို အောက်မှာဖော်ပြထားပါတယ်။ · ဒူးထိခိုက်ခြင်း : သင့်ဒူးကို အသုံးပြုမှုများပြားတဲ့အခါ ဒူးခေါင်းကို အုပ်ထားတဲ့ အရိုးနုဟာ တဖြည်းဖြည်းနဲ့ ထိခိုက်ပျက်စီးလို့ လာပါတယ်။ အကျိုးဆက်အနေနဲ့ လှေကားအတက်အဆင်းလုပ်ချိန်တွေမှာ နာကျင်မှုကို ခံစားရပါတော့တယ်။ · ဖိစီးမှုများခြင်းကြောင့် အရိုးအက်ခြင်း : သင့်အနေနဲ့ လှုပ်ရှားမှု/ပြေးလွှားမှုတွေကို အလွန်အကျွံပြုလုပ်ပြီးတဲ့နောက်မှာ ဒီအခြေအနေကို ခံစားရလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ သင့်ခန္ဓါကိုယ်ဟာ ဒီလိုလှုပ်ရှားဆောင်ရွက်မှုတွေနဲ့ မရင်းနှီးသေးလို့ […]


အခြားလေ့ကျင့်ခန်းများ

ပြေးနေစဉ် ကြွက်တက်ခြင်းကို ဘယ်လိုကာကွယ်မလဲ

ပြေးလွှားနေချိန်မှာ ကြွက်တက်ခြင်း ဖြစ်လာပြီဆိုရင် အထူးသဖြင့် အပြေးသမားတွေအတွက် ကြွက်တက်ခြင်းဟာ ဆိုးရွားတဲ့ အိပ်မက်တစ်ခုပါ။ သင်ဟာ ပြီးမြောက်အောင်မြင်ဖို့ ၅မီတာသာ လိုတော့တယ်လို့ စဉ်းစားကြည့်လိုက်ပါ။ အဲဒီအချိန်မှာ သင့်ရဲ့ ညာခြေထောက်က ထူးဆန်းစွာစတင်ပြုမူလာပြီဆိုပါစို့။ သင့်ခြေထောက် ကြွက်သားတွေ တောက်လျောက် ကြွက်တက်နေပြီး ခြေထောက်မှာ တစ်ခုခုဖြစ်နေပြီလားဆိုတဲ့ကြောက်စိတ်နဲ့ တစ်သက်လုံး ဒုက္ခွတဘ၀ ဖြစ်သွားမလားဆိုတဲ့ စိတ်ဖြစ်နေတတ်ပါတယ်။ အဲဒါက ကြောက်စရာကောင်းတဲ့ အတွေးတစ်ခုပါ။ ဒါပေမယ့်လည်း ကြွက်တက်တယ်ဆိုတာဟာ အဖြစ်များ တဲ့ အခြေအနေတစ်ခုဖြစ်ပြီး လူတိုင်းရဲ့ ဘဝမှာ အနည်းဆုံးတစ်ကြိမ်တစ်ခါ လောက်တွေ့ကြုံရလေ့ရှိပါတယ်။ ဘယ်လောက်ပဲ သက်တောင့်သက်သာရှိတဲ့ မွေ့ရာမှာ ဖြစ်စေ (သို့) ပွဲကြည့်စဉ် ၊တီဗီ ဖန်သားပြင်မှ ကြည့်ရှုသူများပြားနေတဲ့ ပြိုင်ပွဲ အတွင်းမှာ ဖြစ်စေ ဆိုးရွားပြင်းထန်တဲ့ ကြွက်သားတွေကို လိမ်ထား သလို ခံစားချက်မျိုး ဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်တာက […]


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

ပြေးနေစဉ် ဖြစ်နိုင်ချေရှိသော အန္တရာယ်များ

ပြေးလွှားခြင်းဟာ ရိုးရှင်းတယ်လို့ထင်ရပေမယ့် ပြေးလွှားရင်း ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ အန္တရာယ်တွေရှိပါတယ်။ မာရသွန်ပြေးရင်း လူတွေမူးမေ့နိုင်ချေ (သို့) ထိခိုက်ဒဏ်ရာရနိုင်ချေ ဟာ အလွန်များပါတယ်။ အဲဒါကြောင့် အပြေးသမားတွေအတွက် ဒီလို မရှောင်ရှားနိုင်တဲ့ အန္တရာယ်တွေကို ဘယ်လိုဖြေရှင်းရမယ် ဆိုတာ အပြေးလေ့ကျင့်သူတွေ အတွက် သိမှ ဖြစ်မယ့် အချက်တွေပဲဖြစ်ပါတယ်။   ကြွက်တက်ခြင်း။ ပြေးလွှားတဲ့အခါမှာ ကြွက်တက်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လူတွေက အချိန်တိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ပါတယ်။ ဘောလုံးကွင်းတွေမှာ၊ လျှောက်လမ်းတွေမှာ၊ တင်းနစ်ကွင်းတွေမှာ တစ်စုံတစ်ယောက်က ခြေထောက်ကို ကိုင်ပြီး မြေပြင်၊ ကွင်းပြင်ပေါ်ထိုင်နေတာတွေက အမြဲတမ်းမြင်နေကျ တွေပါ။ ကြွက်တက်တယ်ဆိုတာကတော့ ကြွက်သားတွေ အလွန်အကျွံ အလုပ်လုပ်ရတဲ့ အတွက် ကြွက်သားတွေ မကျုံ့သင့်တဲ့အချိန်မှာ လည်း ကျုံ့နေတာတွေကြောင့် ဖြစ်လာရတာပါ။ ကြွက်တက်ခြင်း ဖြစ်လာပြီဆိုရင် သင် အကောင်းဆုံးလုပ်နိုင်တာတွေက အသက်ပြင်းပြင်းရှု၊ စိတ်ငြိမ်ငြိမ်ထား၊ ထိုင်ချပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း