ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

အိမ်မှာလုပ်ရမယ့် ယောဂလေ့ကျင့်ခန်း အစီအစဉ်

ယောဂသင်တန်းတွေကို သွားဖို့ အချိန်လုံးဝမရ၊ မအားဖြစ်နေတယ်ဆိုရင် ဒါမှမဟုတ် ယောဂသင်တန်းတွေကို တစ်သက်လုံးတော့ တက်မနေနိုင်ပါဘူးဆိုရင် ယောဂကို အိမ်မှာပဲ လေ့ကျင့်လို့ရပါတယ်။ ၁။ ယောဂကို ဘာကြာင့် အိမ်မှာလေ့ကျင့်သင့်တာလဲ။ ပထမဆုံးအနေနဲ့ ယောဂကို သင်ကိုယ်တိုင်လေ့ကျင့်ခြင်းက အာရုံစူးစိုက်မှုပို အားကောင်းစေပြီး တုံ့ပြန်မှုတွေကို ပိုပြီးကောင်းမွန်စေပါတယ်။ အရှိန်၊ ကြံ့ခိုင်မှုကစလို့ ပြင်းထန်မှုထိ သင်နှစ်သက်သလို လေ့ကျင့်လို့ရပါတယ်။ စတူဒီယိုနဲ့ သင်တန်းတွေမှာ လေ့ကျင့်မယ်ဆိုရင်တော့ တစ်ပတ်ကို ၂ကြိမ်ကနေ ၃ကြိမ်လောက်သာ လေ့ကျင့်နိုင်မယ်ဆိုပေမယ့် အိမ်မှာလေ့ကျင့်မယ်ဆိုရင်တော့ နေ့တိုင်းလေ့ကျင့်လို့ရပါတယ်။ ရလာတဲ့ရလဒ်က အရေးအကြီးဆုံးပါပဲ။ နေ့စဉ် နာရီဝက်လောက်လေ့ကျင့်တာက တစ်ပတ်မှာ ၄၅မိနစ် ၂ကြိမ်လောက်လေ့ကျင့်တာထက်စာရင် အများကြီးပိုကောင်းပါတယ်။ ငွေနည်းနည်းသာကုန်ပြီး ယောဂရဲ့ အကျိုးကျေးဇူးတွေ ပိုရနိုင်တာပေါ့။ ၂။ လေ့ကျင့်ခန်းအစီအစဉ်တွေ ဘယ်လိုဆွဲမလဲ။ အစီအစဉ်အစမှာတည်းက သက်တော့သက်သာရှိမယ့် အနေအထားကို အရင်ရွေးပါ။ ဥပမာ corpse pose လိုပေါ့။ […]


အခြားလေ့ကျင့်ခန်းများ

ယောဂသင်တန်းမတက်ရောက်မီ ဘာတွေကို ပြင်ဆင်ထားသင့်သလဲ

ပထမဆုံး ယောဂသင်တန်းအတွက် ပြင်ဆင်ရတာဟာ စိတ်လှုပ်ရှားစရာပါ။ ဒါပေမဲ့ ဘာတွေကို မျှော်လင့်ပြင်ဆင်ရမလဲမသိရင်တော့ ကြောက်စရာပါပဲ။ သင့်မှာ ယောဂလေ့ကျင့်တဲ့ သူငယ်ချင်းတစ်ယောက်မှမရှိဘူးဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်လိုက်ပါ။ ယောဂသင်တန်းမတက်ခင်မှာ ပြင်ဆင်ထားသင့်တဲ့ အရေးအကြီးဆုံး အချက်တွေကို ဖော်ပြထားပါတယ်။ ၁။ အဝတ်အစားများ သင်တက်မယ့် သင်တန်းရဲကပုံစံကိုလိုက်ပြီး ပြင်ဆင်ရမယ့် အဝတ်အစားတွေလည်း မတူညီနိုင်ပါဘူး။ Hot yoga သင်တန်းဆိုရင်တော့ ချွေးတွေကို ခံနိုင်ရည်ရှိတဲ့ အဝတ်အစားလိုပါလိမ့်မယ်။ ဥပမာ သင့်ရဲ့ အပြေးဝတ်စုံလိုပေါ့။ တကယ်လို့ သင်က ယောက်ျားလေးဖြစ်နေမယ်ဆိုရင်တော့ ပုံမှန် တီရှပ်သာ ဝတ်သွားလိုက်ပါ။ အခြားသူဆိုရင်တော့ ကင်းမြီးကောက်ထောင်နေစဉ်မှာ အင်္ကျီအပေါ်လှန်တက်မလာဖို့ ကြပ်တဲ့ အင်္ကျီမျိုးတွေ ရွေးသင့်ပါတယ်။ ဗိုက်မပေါ်ဖို့ လိုက်ဖုံးနေရရင်တော့ သင် ဒဏ်ရာရသွားနိုင်ချေ များပါပြီ။ ၂။ ပစ္စည်းကိရိယာများ ဖျာတစ်ချပ်သာ မရှိရင်တော့ ယောဂသင်တန်းမှာ သင့်အတွက် တစ်ခုငှားပေးနိုင်မလားမေးလိုက်ပါ။ ယောဂသင်တန်းအများစုကတော့ […]


အခြားလေ့ကျင့်ခန်းများ

ယောဂလေ့ကျင့်သူတို့ လိုအပ်သော အစားအစာများ

သင်က ယောဂလေ့ကျင့်သူတစ်ယောက် သို့မဟုတ ်ယောဂီတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်နဲ့ စိတ်အတွက် ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေစားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိနှင့်ပြီးသားဖြစ်ပါလိမ့်မယ်။ သသင့်ကျန်းမာရေးဟာ သင့်ရဲ့အစာခြေစနစ်ရဲ့ လွှမ်းမိုးမှုကိုလည်း ခံနေရပါတယ်။ အစာချေစနစ်ကို သန်စွမ်းနေစေဖို့အတွက် ယောဂမှာ ရိုးရှင်းတဲ့ စားသောက်ပုံတွေ ရှိနေပါတယ်။ သဘာဝစားစရာတွေ အနည်းငယ်မျှသာစားပေးရုံပါပဲ။ ၁။ နံနက်စောစော ရေနွေးသောက်ပါ။ သင်အိပ်ပျော်နေစဉ်မှာ ခန္ဓါကိုယ်က စွမ်းအင်တွေကိုဖြည့်ဆည်းပြီး အလိုအလျောက် သန့်စင်ပေးနေပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေဟာ အနိမ့်ဆုံးအခြေအနေကိုရောက်နေပါတယ်။ သင်နိုးလာတဲ့အခါ သင့်ရဲ့ ဇီဝယန္တရားကို စတင်လည်ပတ်ဖို့ အချိန်လိုပါတယ်။ တကယ်လို့ နံနက်ခင်းမှာ အစားအသောက်တွေ အများကြီးကို အရင်စစားလိုက်မယ်ဆိုရင် သင့်ခန္ဓါကိုယ်က မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်စွမ်းမရှိသေးတဲ့အတွက် အစာချေစနစ်မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် သင့်ရဲ့ အစာချေစနစ်ကို အရင်နှိုးဆွဖို့ နေ့တစ်နေ့ရဲ့ နံနက်ခင်းကို ရေတစ်ဖန်ခွက်နဲ့သာ စတင်လိုက်ပါ။ ၂။ နေ့လည်စာ အတွက် […]


အခြားလေ့ကျင့်ခန်းများ

ဆီးချိုဝေဒနာရှင်တို့အတွက် ယောဂကျင့်စဉ်များ

ဆီးချိုရောဂါဆိုတာ ခန္ဓါကိုယ်က အင်ဆူလင်တွေကို မှန်မှန်ကန်ကန်အသုံးမပြုနိုင်တော့တဲ့အခါ ဒါမှမဟုတ် မှန်မှန်မထုတ်ပေးနိုင်တဲ့အခါဖြစ်လာတတ်တဲ့ အခြေအနေပါ။ ဒါဟာ သွေးကြောထဲမှာ ဂလူးကို့စ်လယ်ဗယ်မြင့်တက်လာခြင်းကို ဖြစ်စေပါတယ်။ ဆီးချိုဝေဒနာရှင်တွေကတော့ ဒီဝေဒနာတွေကို ဆေးဝါးတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေနဲ့ နေ့စဉ်ယောဂလေ့ကျင့်ခြင်းတွေလုပ်ပြီး ထိန်းချုပ်နိုင်ပါတယ်။ ၁။ ယောဂက ဆီးချိုကို ဘယ်လိုတိုက်ဖျက်နိုင်တာလဲ။ ယောဂကိုနေ့စဉ်လေ့ကျင့်ခြင်းဟာ သွေးကြောထဲက ဂလူးကို့စ်လယ်ဗယ်ကို နိမ့်ကျစေပြီး သွေးဖိအားကိုလည်း လျော့နည်းစေပါတယ်။ ပြီးတော့သင့်ရဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းနိုင်စေပါတယ်။ ဒါ့အပြင် ယောဂဟာ ရောဂါလက္ခဏာတွေကိုလည်း လျှော့ချပေးနိုင်တဲ့အပြင် ဆီးချိုကြောင့် ဖြစ်လာမယ့် ဖြစ်စဉ်တွေကိုလည်း နှေးကွေးစေပြီး နောက်ဆက်တွဲပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ (က) ယောဂနှင့် စိတ်ဖိစီးမှု အခြားသော ကျန်းမာရေးပြဿနာတွေလိုပါပဲ။ ဆီးချိုဝေဒနာဟာ စိတ်ဖိစီးမှုတွေကြောင့် ပိုပြီး ဆိုးရွားလာနိုင်ပါတယ်။ သောကတွေဟာ glucagon ဟောမုန်းတွေထုတ်လွှတ်ခြင်းကို တိုးမြှင့်စေပါတယ်။ ဒီဟော်မုန်းတွေကတော့ သွေးထဲက ဂလူးကို့စ်လယ်ဗယ်အတွက် အဓိက […]


အခြားလေ့ကျင့်ခန်းများ

ယောဂက သင့်ပုံစံကို ဘယ်လိုပြောင်းလဲပေးနိုင်သလဲ

ယောဂကပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကို လူအများစုက သိပြီးသားပါ။ ဒါပေမဲ့ ယောဂရဲ့ကောင်းကျိုးတွေက ကျွန်တော်တို့ရဲ့ ပုံပန်းသွင်ပြင်ကို ပြောင်းလဲပေးနိုင်တယ်ဆိုတာကတော့ တော်တော်များများ မသိကြပါဘူး။ ၁။ ယုံကြည်မှုရှိလာစေဖို့ ယောဂက ကူညီပေးနိုင်ပါတယ်။ ယောဂဟာ သင့်ရဲ့ နောက်ကျော၊ ပုခုံးနဲ့ ကျောရိုးတွေကို သန်မာစေခြင်းအားဖြင့် သင့်ကိုယ်နေဟန်ထားကို ကောင်းမွန်စေပါတယ်။ ကျောမတ်မတ်ထားပြီး ခေါင်းမော့လို့ လမ်းလျှောက်တာလောက် ယုံကြည်မှုရှိတဲ့ပုံပေါက်တာမရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတဲ့အခါ သင်ဟာ အခြားသူတွေအားလုံးရဲ့ မျက်လုံးထဲမှာ ပိုလှလာပါလိမ့်မယ်။ ၂။ ယောဂက သင့်ခန္ဓါကိုယ်က အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ အဆိပ်တွေဟာ နေရာတိုင်းမှာရှိနိုင်ပါတယ်။ သင်နေထိုင်နေသ၍တော့ တစ်နည်းနည်းနဲ့ သင့်ကိုယ်ထဲ ဝင်နေမှာပါပဲ။ ယောဂအနေအထားတွေက သွေးလည်ပတ်မှုကို လှုံ့ဆော်ပေးနိုင်ပြီး အလိုအလျောက်အဆိပ်ဖယ်ရှားခြင်းဖြစ်စဉ်ကို ပိုပြီးမြန်ဆန်စေပါတယ်။ သင့်ခန္ဓါကိုယ်မှာ အဆိပ်တွေကင်းစင်သွားတဲ့အခါ ပိုပြီးကျန်းမာလာတာကို ခံစားရမှာပါ။ အသားအရေကလည်း ပိုပြီးတောက်ပလာမှာဖြစ်ပြီး လွတ်လပ်ပေါ့ပါးနေစေပါတယ်။ ၃။ ယောဂက စိတ်ဖိစီးမှုတွေကို […]


အခြားလေ့ကျင့်ခန်းများ

ယောဂသင်တန်းမစမီ ရှောင်ကြဉ်ရမယ့် စားစရာများ

ကိုယ်လက်လှုပ်ရှားမှုတွေဟာ သွေးတွေကို အစာချေနစ်ကနေပြီး ကြွက်သားတွေကို ထိန်းချုပ်ဖို့ ပို့ပေးကြတယ်လို့ လူတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် ယောဂအပါအဝင် ဘယ်လိုလေ့ကျင့်ခန်းမျိုးမဆို မလုပ်ခင် ဘာအစာမှမစားတာပိုကောင်းပါလိမ့်မယ်။ ဒါပေမဲ့ တကယ်လု့ိများ ဗိုက်အရမ်းဆာနေခဲ့ရင် ရိုးရှင်းတဲ့ စားစရာတွေကို စားသုံးနိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေမပါဝင်ခဲ့ရင်ပေါ့။ ၁။ အခွံမာသီးနဲ့ အစေ့အဆံများ အခွံမာသီးနဲ့ အစေ့အဆံတွေဟာ အာဟာရဓါတ်တွေ၊ အဆီတွေနဲ့ ပရိုတိန်းတွေများပါတယ်။ ဒါတွေက သင့်ရဲ့ ကျန်းမာရေးအတွက် ယေဘုယျအားဖြင့်တော့ ကောင်းမွန်ပေမယ့် သင့်ခန္ဓါကိုယ်မှာ သွေးစီးဆင်းဖို့ လိုအပ်နေတဲ့ အချိန်မှာတော့ ကောင်းမွန်တော့မှာမဟုတ်ပါဘူး။ သင့်ရဲ့ခန္ဓါကိုယ်ကို လှည့်နေ၊ လိမ်နေတဲ့အချိန်မှာ အစာတွေက အစာအိမ်ထဲရှိနေတာမျိုး မဖြစ်စေဖို့ ရက်စ်ဘယ်ရီလိုအသီးတွေလောက်သာ စားသုံးတာက ပိုကောင်းပါလိမ့်မယ်။ အစာမကြေခြင်းဟာ ယောဂီတစ်ယောက်အတွက် ဘယ်သောအခါမှ ကောင်းမွန်တယ်လို့ မရှိပါဘူး။။ ၂။ အကြော်များ သင့်ခန္ဓါကိုယ်က အကြော်စာတွေကို ချေဖျက်နိုင်ဖို့ အချိန်အကြာကြီးယူရပါတယ်။ […]


အခြားလေ့ကျင့်ခန်းများ

ဓမ္မတာလာနေစဉ်အတွင်း လေ့ကျင့်နိုင်မယ့် ယောဂ ပုံစံများ

ဓမ္မတာလာနေစဉ်အတွင်းမှာ ယောဂလေ့ကျင့်ဖို့ စိုးရိမ်နေပါသလား။ မစိုးရိမ်ပါနဲ့။ ယောဂ ဆိုတာ လူတိုင်းလုပ်နိုင်တဲ့ အံ့သြစရာလေ့ကျင့်မှုတစ်ခုပါ။ ကိုယ်ဝန်ဆောင်တွေတောင် လေ့ကျင့်နိုင်ပါတယ်။ တကယ်တမ်းတော့ ယောဂကို သင့်ရဲ့ရာသီချိန်မှာ လေ့ကျင့်တာက ဒီလိုအချိန်တွေမှာ ဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲခြင်းတွေကိုတောင် လျော့ကျစေပါသေးတယ်။ ရာသီလာနေစဉ်မှာ ခန္ဓာကိုယ်က ဟော်မုန်းတွေအပြည့် ဖြစ်နေပါတယ်။ ဒါဟာ သင့်ပတ်ဝန်းကျင်ပေါ်ကြည့်တဲ့ သင့်ရဲ့အမြင်ကို ပြောင်းလဲသွားစေပါတယ်။ ကိစ္စသေးသေးလေးကစ ဒေါသထွက်နေတာမျို၊ ခံစားချက်တွေ ပြင်းထန်နေတာမျိုးတွေနဲ့ နာကျင်မှုတွေကတော့ ပြောမနေပါနဲ့တော့။ စိတ်နဲ့ခန္ဓာကိုယ် လေ့ကျင့်မှုတစ်ခုအနေနဲ့ ယောဂဟာ သင့်ရဲ့ခန္ဓာကိုယ်ပုံစံကို တုံ့ပြန်မှုတွေ ပိုကောင်းအောင်၊ ကြံ့ခိုင်မှုပိုကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ယောဂဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို တည်ဆောက်တဲ့နေရာမှာ ကူညီပေးနိုင်တာမျိုး၊ မလုံမခြုံခံစားနေရမှုကို လျော့နည်းစေတာမျိုး (ဒါကတော့ ရာသီလာချိန်မှာ ဖြစ်တတ်ပါတယ် ) အမျိုးသမီးတွေ သူတို့ခန္ဓာကိုယ်နဲ့ ပိုပြီးလိုက်လျောညီထွေဖြစ်လာဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ယောဂလေ့ကျင့်နေစဉ်မှာ […]


အခြားလေ့ကျင့်ခန်းများ

အလုပ်များသူတို့အတွက် ယောဂပုံစံ ၄မျိုး

ယောဂဆိုတာ ရှေးဟောင်းစိတ်နဲ့ ခန္ဓါလေ့ကျင့်ရေးကျင့်စဉ်ဖြစ်ပြီး ဒီထဲမှာ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေ၊ အသက်ရှူခြင်းကို ထိန်းချုပ်မှုတွေနဲ့ တရားထိုင်ခြင်း သို့မဟုတ် အနားယူခြင်း စတာတွေ ပါဝင်ပါတယ်။ ယောဂဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာနှစ်မျိုးလုံးအတွက် လေ့ကျင့်ပေးပြီး ဒါက သက်တောင့်သက်သာနဲ့ အနားရစေကာ ဖိအားတွေ၊ ေသောကတွေကို သက်သာစေပါတယ်။ ယောဂမှာ လူတိုင်းနဲ့ သင့်လျော်မယ့် စတိုင်လ်တွေ၊ ပုံစံတွေ ပြင်းအားတွေ အမျိုးမျိုးရှိပါတယ်။ ယောဂရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။ ယောဂရဲ့ ကောင်းကျိုးတွေကို လေ့လာထားတဲ့ သုတေသနတွေအများကြီးရှိပါတယ်။ ယောဂကို လေ့ကျင့်တဲ့သူတိုင်းနီးနီးကလည်း အစောကြီးတည်းက ကျင့်မိရင် ကောင်းသားလို့ တွေးဖူးကြတာချည်းပါပဲ။ ယောဂဟာ ဒီလိုကောင်းကျိုးတွေအများကြီးကို ယူဆောင်လာပေးနိုင်ပါတယ်။ - ဖိအားလျော့ကျစေခြင်း။ သုတေသနအများစုကတော့ ယောဂဟာ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်သောကတွေကို လျော့ကျစေတယ်လို့ တွေ့ရှိကြပါတယ်။ ဒါဟာ သင့်ရဲ့ စိတ်ခံစားချက်တွေကို ပိုမိုကောင်းမွန်စေပြီး […]


အခြားလေ့ကျင့်ခန်းများ

ယောဂသင်တန်းအပြီးမှာ သင်မလုပ်သင့်သော အရာများ

တကယ်လို့ သင်က ယောဂီတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် သင့်ရဲ့နည်းပြက ယောဂသင်တန်းမစမီနဲ့ ပြီးဆုံးတဲ့အချိန်အတွင်း ဘာတွေလုပ်ရမယ်ဆိုတာက စိတ်နဲ့ ခန္ဓါအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောပြဖူးပြီလို့ ထင်ပါတယ်။ ယောဂသင်တန်းမစမီ လုပ်လိုက်တဲ့အရာတွေက သင်တန်းချိန်အတွင်းသင့်ရဲ့ လုပ်ဆောငမှုတွေကို ဆုံးဖြတ်ပေးမှာဖြစ်ပြီး သင်တန်းချိန်နောက်ပိုင်းမှာ လုပ်လိုက်တာတွေက ပိုလို့တောင်အရေးကြီးနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒါကပဲ သင့်အတွက် တကယ်ရလာမယ့် အကျိုးကျေးဇူးကို ဆုံးဖြတ်ပေးနိုင်မှာမို့ပါ။ ၁။ အရက်နဲ့ သကြားပါဝင်တဲ့ သောက်စရာတွေကို မသောက်ပါနဲ့။ ယောဂဟာ အသိမ်မွေ့ဆုံးနဲ့ မပင်ပန်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပေမယ့် သင့်ကိုတော့ ချွေးထွက်စေနိုင်သေးတာပါပဲ။ သင့်ခန္ဓါကိုယ်အတွင်းပိုင်းက အပူတွေကို တိုက်ထုတ်နိုင်ဖို့ ဆိုဒါ သို့မဟုတ် ဘီယာကို ရွေးချယ်လိုက်ချင်စရာပါ။ ဒါပေမဲ့ ဒါဟာ ကျန်းမာရေးအတွက်တော့ သိပ်ကောင်းမှာ မဟုတ်ပါဘူး။ ချွေးထွက်များတဲ့ ယောဂသင်တန်းချိန်ပြီးတဲ့နောက် သင့်ခန္ဓါကိုယ်အတွက် သင်ဖြည့်ဆည်းပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ဖန်ခွက်အကြီးကြီးနဲ့ ရေတစ်ခွက်သောက်တာပါပဲ။ ဒါက […]


အခြားလေ့ကျင့်ခန်းများ

အိပ်ရေးပျက်ခြင်းကို ယောဂက ဘယ်လိုကူညီပေးနိုင်မလဲ

ယောဂက သင့်ကျန်းမာရေးကို ကောင်းမွန်စေပြီး နေထိုင်ကောင်းစေတဲ့အပြင် အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းကိုပါ ပျောက်ကင်းစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ သင့်ကိုကောင်းကောင်းအိပ်ပျော်စေမယ့် လေ့ကျင့်ခန်းတစ်ခုကိုရှာဖွေနေတယ်ဆိုရင်တော့ ယောဂဟာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ ၁။ အိပ်ရေးမဝခြင်း၊ အိပ်ရေးပျက်ခြင်းဟာ အန္တရာယ်များတဲ့ အခြေအနေတစ်ခုပါ။ Primary Insomnia ကိုတော့ ဆေးဝါးကြောင့်မဟုတ်ဘဲ အလိုလို အိပ်မရခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဒုတိယဆင့် အိပ်မရခြင်း (Secondary insomnia) ဆိုတာကတော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတစ်ခု သို့မဟုတ် လက္ခဏာတစ်ခုလို့ ဆိုပါတယ်။ ကင်ဆာ၊ arthritis ၊ fibromyalgia နဲ့ စိတ်ကျရောဂါတွေပါ အပါအဝင် ရောဂါအတော်များများဟာ အိပ်မရခြင်းတွေကိုဖြစ်စေပါတယ်။ အချို့သောဆေးဝါးတွေကလည်း secondary insomnia ကိုဖြစ်စေပြီး စွဲလမ်းခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ အိပ်မရခြင်းနဲ့ သိစိတ်ပုံမှန်အလုပ်မလုပ်ခြင်းကြားမှာ ဆက်စပ်မှုတွေရှိနေပါတယ်။ gray matter ပျက်စီးခြင်းတောင်ဖြစ်နေနိုင်ပါသေးတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း