ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ခုံပေါ်က အာလူးလေးတွေ မဖြစ်စေဖို့

ခုံပေါ်က အာလူးလေးဆိုတာ Couch potato ဆိုတဲ့ အင်္ဂလိပ်စကားကို မြန်မာလို တိုက်ရိုက်ပြန်ဆိုလိုက်ခြင်း ဖြစ်ပါတယ်။ Couch potato ဆိုတာဟာ ကိုယ်လက်လှုပ်ရှားခြင်းမရှိဘဲ တချိန်လုံး ခုံပေါ်မှာ ထိုင်နေပြီး တီဗီကြည့်နေသူေတွကို တင်စားပြီးခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ အိပ်ရာပေါ်၊ ထိုင်ခုံပေါ်က မထဘဲ တချိန်လုံး ဖုန်းပွတ်နေသူတွေလည်း ဒီအဓိပ္ပါယ်မှာ အကျုံးဝင်ပါတယ်။ တချိန်လုံးထိုင်နေခြင်းဟာ ဘာဖြစ်မလဲ မလှုပ်မရှားဘဲ တချိန်လုံးထိုင်နေခြင်းဟာ သင့်ကျန်းမာရေးကို ဆိုးရွားစေတယ်လို့ မဲလ်ဘုန်းက သွေးတိုးနဲ့ဆီးချိုဆိုင်ရာ ကုသမှုဌာနက ဒေါက်တာဒေးဗစ်ဒန်စတန်က ဆိုပါတယ်။ တနေ့တာကို တီဗီရှေ့မှာတင်ထိုင်ပြီး အချိန်ဖြုန်းနေသူတွေဟာ မြန်မြန်သေဆုံးနိုင်ခြေရှိတယ်လို့ သူက ဘွင်းဘွင်းပဲ ပြောခဲ့ပါတယ်။ သူဟာ အကြောင်းမဲ့တော့ ပြောတာမဟုတ်ပါဘူး။ တနေ့ကို တီဗီရှေ့မှာ ၄နာရီလောက် အချိန်ပေးနေသူတွေဟာ ၂နာရီအောက်ပဲ အချိန်ပေးသူတွေထက်စာရင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၈၀% ပိုများတယ်ဆိုတဲ့ […]


ဟန်ချက်ထိန်းနှင့် အကြောဖြေလျှော့လေ့ကျင့်ခန်းများ

မာဆတ်သွားကြမယ်

မာဆတ်သွားကြမယ် ခေါင်းစဉ်ကို ကြည့်ပြီး Hello ဆရာဝန်က ဘာတွေပေါက်ကရ ရေးမှာလဲလို့ တွေးနေပြီလား။ ကျွန်တော်တို့နိုင်ငံမှာက မာဆတ်ဆိုတဲ့ စာလုံးမြင်တာနဲ့ မကောင်းတဲ့အရာကြီးတခုလို ရုတ်တရက် မြင်သွားတတ်ကြပါတယ်။ ဒါပေမယ့် အခုဆောင်းပါးလေးမှာတော့ အနှိပ်ခံခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာပါ။   (၁) ကိုယ်စိတ်ဖြေလျှော့မှု ရှိစေခြင်း သင့်စိတ်နဲ့ခန္ဓါမှာ တင်းကြပ်မှု၊ဖိစီးမှုတွေရှိနေပြီ၊နွမ်းနယ်နေပြီဆိုရင် ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းတမျိုးကို ခန္ဓါကိုယ်ကနေ ထုတ်ပေးပါတယ်။ ဒီဟော်မုန်းထွက်ရှိလာခြင်းရဲ့ အကျိုးဆက်တွေအနေနဲ့ ကိုယ်အလေးချိန်တက်ခြင်း၊အိပ်မပျော်ခြင်း၊အစာမကြေခြင်း၊ခေါင်းကိုက်ခြင်း အစရှိတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဦးတည်လာစေပါတယ်။ အနှိပ်ခံခြင်းဟာ သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ ကော်တီဇောဟော်မုန်းပမာဏကို လျှော့ချပေးတယ်လို့ လေ့လာသုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဒါကြောင့် သင့်ခန္ဓါကိုယ်အနေနဲ့ ဖိစီးမှုမျိုးစုံကနေ အနားရသွားမှာဖြစ်တဲ့အတွက် စိတ်နဲ့ခန္ဓါကို ပြန်လည်လန်းဆန်းစေပါလိမ့်မယ်။ (၂) အနှိပ်ခံခြင်းဟာ လတ်တလော စိတ်နဲ့ခန္ဓါဖိစီးမှုတွေကို လျှော့ချပေးနိုင်ရုံသာမက ကာလကြာရှည်စွာ ပုံမှန်အနှိပ်ခံပေးခြင်းအားဖြင့် သင့်ခန္ဓါကိုယ်ရဲ့ လှုပ်ရှားသွားလာလုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးတဲ့အပြင် စိတ်ခံစားမှုကိုလည်း ကြည်လင်ကောင်းမွန်စေတယ်လို့ ဆိုပါတယ်။ (၃) […]


အခြားလေ့ကျင့်ခန်းများ

အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများ

မည်သူမျှ မိမိမျက်နှာကို အရေးအကြောင်းများဖြင့် မြင်လိုမည် မဟုတ်ပါ။ မျက်နှာ အရေးအကြောင်း ဖြစ်ပေါ်ခြင်းကို သက်သာစေသော အလှကုန်များ ရှိသော်လည်း အသားအရေတိုင်း နှင့် မတည့်သလို ဘေးထွက်ဆိုးကျိုးများလည်း ရှိပါသည်။ ထို့ကြောင့် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများကို ရှောင်ရှား နိုင်ရန် အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများကို ပြုလုပ်သင့် ပါသည်။ အရေးကြောင်း ဆိုသည်မှာ မျက်နှာ အသားအရေ ပုံမမှန်ခြင်း နှင့် အသက်ကြီးခြင်းကို ပြသသည့် လက္ခဏာ ဖြစ်ပါသည်။ စိတ်ဖိစီးမှုများ၊ လေရေ ညစ်ညမ်းမှုများ စသည်ကြောင့် အရေးအကြောင်းများ ဖြစ်လာနိုင်ပြီး စတင်ဖြစ်ပေါ်လာသည်နှင့် မြန်မြန်ပြန်ပျောက်နိုင်ရန် လိုအပ်ပါသည်။ အရေးအကြောင်းများကို သက်သာစေသည့် မျက်နှာ လေ့ကျင့်ခန်းများ ထိုကြောင့် အရေးအကြောင်း ဖြစ်ခြင်းကို တားဆီးနိုင်ပြီး မဖြစ် အောင်လည်း ထိန်းသိမ်းနိုင်သော မျက်နှာကြွက်သား […]


အခြားလေ့ကျင့်ခန်းများ

သင်သိထားသင့်တဲ့ ပြေးခြင်း၏အကျိုးကျေးဇူးများ

လေ့လာချက်များအရ ပြေးခြင်း ဟာ စိတ်ပိုင်းဆိုင်ရာအတွက်ရော၊ ကိုယ်ခန္ဓါအတွက်ပါ အကျိုးများစွာ ဖြစ်စေပါတယ်။ ပုံမှန် ပြေးခြင်းဖြင့် ရရှိနိုင်သော အကျိုးများကို အောက်တွင် ဖေါ်ပြထားပါတယ်။   ပျော်ရွှင်မှု ကိုယ်လက်လှုပ်ရှားမှု တိုင်းဟာ သင့်ကို တက်ကြွစေပါတယ်။ ပြေးခြင်းဟာ သင့်ခန္ဓါကိုယ်ပေါ် ကြီးမားသော သက်ရောက်မှုရှိသောကြောင့် အခြားအားကစားနည်းများထက် ဟော်မုန်းပမာဏကို ပိုမိုကောင်းမွန်စေပါတယ်။ လေ့လာချက်အရ ပြေးခြင်းဟာ ခန္ဓါကိုယ်အတွင်းမှ endocannabinoid လို့ခေါ်သော ဟော်မုန်းတစ်မျိုးကို ထွက်စေခြင်းဖြင့် စိတ်ကျေနပ် မှုကိုရစေပါတယ်။ ချက်ချင်း စိတ်ဓါတ်ပြန်လည် တက်ကြွစေတဲ့အတွက် စိတ်ဖိစီးမှုခံစားနေရသူများအတွက် သင့်တော်ပါတယ်။ ကိုယ်ခန္ဓါကြံ့ခိုင်မှု ပြေးခြင်းက အဆီများကို လျင်မြန်စွာကျစေပြီး ခန္ဓါကိုယ်ကို ပုံစံကျလှပစေပါတယ်။ ကိုယ်အလေးချိန်လျော့ကျကာ ကယ်လိုရီများ လောင်ကျွမ်းစေပါတယ်။ အရမ်းမြန်မြန်ပြေးစရာမလိုပါ။ အရမ်းမပြင်းထန်သော အားကစားနည်းများက သင့်ခန္ဓါကိုယ်ကို ပို၍ အကျိုးဖြစ်ထွန်းစေပါတယ် ဟု သိပ္ပံပညာအရ တွေ့ရှိထားပါတယ်။ သို့သော် ပြေးခြင်းက ဆာလောင်ခြင်းကို […]


အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ

ပြေးခြင်းကြောင့် ရတတ်တဲ့ ထိခိုက်ဒဏ်ရာများ

ပြေးတဲ့အခါ ဖြစ်လေ့ဖြစ်ထအရှိဆုံး ပြဿနာကတော့ နာကျင်မှုပါပဲ။ ပြေးတဲ့အလေ့အကျင့်ရှိသူ မည်သူမဆို တစ်ခါမဟုတ်တစ်ခါ မပြောပလောက်တဲ့ ဝေဒနာများ ခံစားရတတ်ပေမယ့် ပြေးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အကြီးစားထိခိုက်ဒဏ်ရာတွေကိုလည်း သတိပြုသင့်ပါတယ်။ ဒူးအနာတရဖြစ်ခြင်း - Patellofemoral pain syndrome လို့ အမည်တွင်တဲ့ ဒူးဝေဒနာဟာ ပြေးတဲ့အလေ့အကျင့်ရှိသူတွေမှာ အဖြစ်အများဆုံး ပြဿနာဖြစ်ပါတယ်။ ပြေးတဲ့အခါ အဆက်မပြတ် လှုပ်ရှားရတဲ့အတွက် ဒူးနှစ်ဘက်ပေါ် အလေးချိန်ပိုပိစေပြီး အချိန်ကြာလာတာနဲ့အမျှ ဒူးနာတဲ့ဝေဒနာကို ခံစားရမှာ ဖြစ်ပါတယ်။ ခြေဖဝါးနှစ်ဖက်ကို လိုတာထက်ပိုပြီး အပြင်ဘက်လှည့်တတ်သူတွေ၊ ပေါင်ရဲ့အရှေ့ဘက်ခြမ်းက အဓိကကြွက်သားလေးမြှောင်း အားနည်းသူတွေ၊ တင်ပါးဆုံနဲ့ တင်ပါးဆုံကြွက်သား အားနည်းသူတွေမှာ အဖြစ်များပြီး ပြေးတဲ့အကွာအဝေးလျှော့ချခြင်း၊ အရောင်ကျဆေး အသုံးပြုခြင်း၊ ဒူးစွပ်စွပ်ခြင်းအားဖြင့် ဒူးနှစ်ဘက်ပေါ်သက်ရောက်မယ့် အလေးချိန်ကို လျှော့ချနိုင်ပါတယ်။ ခြေဖနောင့်အရွတ်ရောင်ခြင်း - ပြေးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ထပ်ပြဿနာတစ်ခုကတော့ Archilles tendon […]


အခြားလေ့ကျင့်ခန်းများ

ယောဂလုပ်ခြင်းဖြင့် အမျိုးသားမျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေမည်

ယောဂသည် စိတ်ရောကိုယ်ပါ ကျန်းမာစေသည့် နည်းလမ်းဖြစ်ကြောင်း သိထားကြသည်မှာ အတော်ကြာပြီဖြစ်သည်။ သို့သော် ယောဂကျင့်သူ အများစုမှာ အမျိုးသားမျိုးပွားမှုဆိုင်ရာစနစ်အတွက်ပါ အကျိုးကျေးဇူးရှိနေကြောင်း မသိတာများ၏။ မျိုးပွားနိုင်စွမ်း ကောင်းမွန်စေရန်အတွက် အမျိုးသမီးများတင် ယောဂလုပ်နိုင်သည်မဟုတ်။ အမျိုးသားများ၏ မျိုးပွားစနစ်ကိုပါ အားမြှင့်နိုင်ကြောင့် သက်သေများ ရှိထားပါပြီ။ ၁။ ယောဂလုပ်ခြင်းသည် တင်ပဆုံဧရိယာသို့ သွေးစီးဆင်းမှု ကောင်းစေသည်။ သုတေသနများအရ ယောဂသည် အောက်ပိုင်းများကို သွေးစီးဆင်းမှုကောင်းစေပြီး အမျိုးသားများတွင် လိင်ထောင်မတ်မှုကို လွယ်လွယ်ကူကူဖြစ်စေနိုင်ပါသည်။ သွေးထောက်ပံ့မှု လုံလောက်ခြင်းသည် လိင်ဟော်မုန်းများကို သက်ရောက်စေပြီး သုက်ပိုးအရေအတွက်ရော အရည်အသွေးကိုပါ ကောင်းမွန်များပြားစေသည်။ ထို့အပြင် ယောဂသည် ဆီးကျိတ်အရွယ်အစားကို လျော့ချစေနိုင်ပြီး ဆီးကျိတ်ရောဂါများဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်၏။ ယောဂသည် စိတ်ပူပန်မှုနှင့် စိတ်ကျခြင်းကို လျော့ချပေးနိုင်သောကြောင့် မျိုးပွားစနစ် ကျန်းမာရေးအပြင် တစ်ကိုယ်လုံးကျန်းမာရေးကို အထောက်အကူပြုပါသည်။ ၂။ မျိုးပွားအင်္ဂါအတွက် အကောင်းဆုံးယောဂလုပ်နည်းများ သင်နှင့်သင့်ပါတနာတို့တွင် ကလေးမရနိုင် […]


အခြားလေ့ကျင့်ခန်းများ

ပြေးလွှားခြင်း က လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို သက်ရောက်မှုရှိနိုင်သလား?

ပြေးလွှားခြင်း ဟာ နှလုံးကျန်းမာရေးအတွက် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ပြေးလွှားခြင်းက အဆီတွေကို လောင်ကျွမ်းစေပြီး သင့်ခန္ဓာကိုယ် ပုံစံကိုလှစေတဲ့ အပြင် သင့်နှလုံးကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်။ ဒီလို ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာစေတဲ့ ကောင်းကျိုးတွေ အပြင် စိတ်ကျန်းမာရေးကို အတွက် ကောင်းကျိုးတွေကိုလည်း အများအပြား ရရှိစေနိုင်ပါတယ်။ ၁။ စိတ်ပူပန်မှုတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ သင်ပြေးတဲ့အခါ သင့်ခန္ဓာကိုယ်က endorphins လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထုတ်ပါတယ်။ အဲဒီဟော်မုန်းက စိတ်ကျရောဂါကုသပေးနိုင်တဲ့ ဆေးတွေနဲ့ သတ်ရောက်မှုခြင်း တူပါတယ်။ Endorphins ဟော်မုန်းက adrenaline နှင့် cortisol လိုမျိုး စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်တာကို လျှော့ချပေးနိုင်တဲ့ အတွက် စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေ ကို လျော့နည်းစေနိုင်ပါတယ်။ ပြေးလွှားခြင်း က သင့်ရဲ့ […]


အခြားလေ့ကျင့်ခန်းများ

သာယာတဲ့ လိင်မှုဘဝပိုင်ဆိုင်နိုင်စေဖို့အတွက် လုပ်ဆောင်သင့်တဲ့ လေ့ကျင့်ခန်းများ

ယောက်ျားလေးတိုင်းက လိင်ဆက်ဆံတဲ့နေရာမှာ ပိုပြီးကျွမ်းကျင်တဲ့သူတွေဖြစ်ချင်ကြပါတယ်။ အဖော်ဖြစ်သူအတွက် လုံလောက်တဲ့ ကြာချိန်နဲ့ ကောင်းမွန်တဲ့ လိင်မှု ခံစားချက်ကို မပေးနိုင်တဲ့အခါမှာ အမျိုးသားတွေ စိတ်ဖိစီးမှု ခံစားတတ်ကြပါတယ်။ လိင်မှုကိစ္စဆိုတာ ပြီးပြည့်စုံတဲ့ အိမ်ထောင်ရေးတစ်ခုမှာတော့ ခွဲထားလို့မရတဲ့ အရာတစ်ခုပါပဲ။ ဒါ့အပြင် လိင်မှုကိစ္စဟာ ဇနီး မောင်နှံ ၂ ဦးရဲ့ သံယောဇဉ်ကြိုးတွေကို ချည်နှောင်ပေးတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ ကောင်းမွန်တဲ့ လိင်မှု ကိစ္စ တစ်ရပ်အတွက် လိုအပ်တဲ့ ကျန်းမာရေး မရှိတဲ့ အချိန်မှာတော့ သင့် အိမ်ထောင်ရေးကလည်း သာယာသင့်သလောက် သာယာမှာ မဟုတ်ပါဘူး။ ကျန်းမာရေး၊ ပျော်ရွှင်ခြင်းနဲ့ အိမ်ထောင်ရေးတို့ဟာ တစ်ခုခုနဲ့ တစ်ခု ဆက်နွှယ်နေတာပါ။ ဒါ့ကြောင့် သင့်အနေနဲ့ သာယာတဲ့ အိမ်ထောင်ရေး တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် ကောင်းမွန်တဲ့ လိင်ကိစ္စတစ်ရပ်ရှိဖို့ လိုပါတယ်။ […]


အခြားလေ့ကျင့်ခန်းများ

အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင်

အဆီပိုတွေမရှိတဲ့ ပေါင်တံသွယ်လျလျလေး ဖြစ်ချင်တယ်ဆိုရင် မိန်းကလေးတွေတို့ရေ ပေါင်တံစင်းစင်းလေး ဖြစ်တဲ့ တခြားမိန်းကလေးတွေ မြင်ရင် အားကျနေပြီလား။ ဒါဆိုရင်တော့ ကိုယ်တိုင်လည်း ပေါင်တံလေးတွေ သွယ်လျအောင် လုပ်ဖို့ လိုလာပါပြီ။ ပေါင်တံလေးတွေ သွယ်လျနေမယ်ဆိုရင် စကတ်၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်လေးတွေ ဝတ်တဲ့အခါမှာလည်း ယုံကြည်မှု တိုးလာမှာဖြစ်ပြီး ပိုပြီးတော့လည်း ခန္ဓါကိုယ် ကောက်ကြောင်းလေး ပေါ်လာမှာပါနော်။ ဘာတွေ လုပ်ဖို့လိုမလဲဆိုတာ ဖတ်ကြည့်ပါဦးနော်။ (၁) ကယ်လိုရီလျှော့ချခြင်း သွယ်လျတဲ့ပေါင်တံလေးရဖို့ဆိုတာ အဆီပိုတွေ မရှိမှပါ။ ဒီတော့ ကယ်လိုရီတွေ လျှော့ချပစ်ဖို့ လိုပါတယ်။ တစ်နေ့ကို ကယ်လိုရီ(၂၅၀) ကနေ (၅၀၀) အထိ လျှော့ချနိုင်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ စားပေးဖို့ လိုပါတယ်။ ကယ်လိုရီ(၃၅၀၀) လျှော့မှ ခန္ဓါကိုယ်အလေးချိန်(၁) ပေါင်လျှော့မှာကို သတိချပ်ပါ။ ဒါကြောင့် ကယ်လိုရီ လျော့ကျဖို့ […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

ရုံးစားပွဲမှာတင် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း ၅ မျိုး

သင့်ကျန်းမာရေးအတွက်  အလုပ်လုပ်ချိန်တန်လုပ်၊ နားချိန်တန်နားဖို့ လိုပါတယ်။ နားချိန်မရှိဘဲ ကွန်ပျူတာရှေ့ စားပွဲမှာ အချိန်ကြာကြာ ထိုင်နေတာမျိုးက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်း လုပ်တာမျိုး လုပ်ပေးဖို့ လိုပါမယ်။ လေ့လာချက်တွေအရ တစ်ပတ်ကို ၅ကြိမ် တစ်ကြိမ်ကို မိနစ်၃၀လောက် လေ့ကျင့်ခန်း ပြုလုပ်တာက သင့်ကျန်းမာရေးအန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ ဘယ်လိုမျိုး ကျန်းမာရေးပြဿနာတွေကို ရှောင်နိုင်တယ်။ ဘယ်လေ့ကျင့်ခန်းမျိုးကိုတော့ လုပ်နိုင်တယ်ဆိုတာကို သိထားခြင်းဖြင့် ကျန်းမာတဲ့ဘဝတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ရုံးသမားများအတွက် တွေ့ရများတဲ့ ကျန်းမာရေးပြဿနာများ ရုံးအလုပ်က အချိန်အကြာကြီးထိုင်နေရပြီး ရေရှည်မှာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေပါတယ်။ တစ်နေရာတည်းမှာ အချိန်အတော်ကြာထိုင်နေခြင်းက သင့်ကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်ကို နှေးစေပါတယ်။ သွေးတွင်းသကြားပမာဏ၊ သွေးပေါင်ချိန်နဲ့ အဆီချေဖျက်ခြင်းနည်းလမ်းတွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ရုံးချိန်အတွင်းလှုပ်ရှားမှုမရှိခြင်းက ကျန်းမာရေးရဲ့ အကြီးဆုံးစိန်ခေါ်မှုများထဲက တစ်ခုဖြစ်ပါတယ်။ နှလုံးရောဂါ၊ အမျိုးအစား၂ ဆီးချိုရောဂါနဲ့ စိတ်ကျန်းမာရေးချို့တဲ့တာတွေက လှုပ်ရှားမှုမရှိခြင်းကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း