ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

လေ့ကျင့်ခန်းလုပ်ဖို့၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင် နေဖို့ဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ လေ့ကျင့်ခန်းလုပ်တာကြောင့် နှလုံးတွေ ကျန်းမာမယ်၊ ကြွက်သားတွေ သန်မာမယ်၊ စိတ်တွေ လန်းဆန်းလာပါမယ်။ ဒါ့ပြင် လေ့ကျင့်ခန်းလုပ်တာက တချို့ရောဂါတွေ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ

ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ်

ခေါင်းတစ်ခြမ်းကိုက်တာက အဖြစ်များတဲ့ ခေါင်းကိုက်ဝေဒနာ တစ်ရပ်ပါ။ ခေါင်းတစ်ခြမ်းကိုက်တာက တစ်ခါတလေမှာ တော်တော်လေး ပြင်းထန်ပြီး နေ့စဉ်လုပ်ငန်းတာဝန်တွေကို ထိခိုက်စေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ ခေါင်းကိုက်တာနဲ့အတူ မအီမသာဖြစ်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ ခေါင်းတစ်ခြမ်းပဲ ပြင်ပြင်းထန်ထိုးကိုက်တာမျိုး ခံစားရနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မကြာခဏဖြစ်မယ်။ ပြင်းထန်မယ်ဆိုရင်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့အတွက် သဘာဝ နည်းလမ်းလေးတွေ လုပ်ဆောင်တာ ယောဂလေ့ကျင့်တာမျိုးတွေ လုပ်ဆောင်ပေးလို့ရပါတယ်။ ဒီတစ်ခေါက်တော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် ယောဂပို့စ် တွေ အကြောင်း ပြောပြပေးချင်ပါတယ်။ [embed-health-tool-bmi] ယောဂက ခေါင်းတစ်ခြမ်း ကိုက်တာကို သက်သာစေနိုင်လား သုတေသီတွေရဲ့ လေ့လာမှုတွေအရတော့ ယောဂ လေ့ကျင့်တာက ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကိုတင် သက်သာစေတာ မဟုတ်ဘဲ ယောဂလေ့ကျင့်တာ [embed-health-tool-bmr] စိတ်ဖိစီးမှုကို ပြေလျော့စေတယ် စိုးရိမ်စိတ် လျော့ပါးစေတယ် အခြား စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလျော့စေတယ် မကြာခဏ ခေါင်းကိုက်တာကို သက်သာစေတယ် ခေါင်းကိုက်တာကို […]

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့် ကိုယ်လက်လှုပ်ရှားမှုများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကိုကြည့်ပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိ၊ မရှိ ခန့်မှန်းပြမယ်

ဒိုက်မထိုးတတ်တဲ့ အမျိုးသားရယ်လို့ သိပ်မရှိလောက်ပါဘူးနော်။ ဒိုက်ထိုးတာက ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လျစ်စေနိုင်သလိုနောက်ကျောကြွက်သွားတွေကို သန်မာစေနိုင်ပါတယ်။ ခန္ဓာကိုယ်အချိုးအစားကျနစေဖို့ အမျိုးသားတော်တော်များများက ဒိုက်ထိုးလေ့ကျင့်ခန်းကိုလုပ်လေ့ရှိကြပါတယ်။ ဒီတစ်ခေါက်တော့ Hello ဆရာဝန်ပရိသတ်အတွက် ဒိုက်ထိုးတာနဲ့ ပတ်သက်တဲ့လေ့လာတွေ့ရှိမှုတစ်ရပ်အကြောင်းပြောပြပေးချင်ပါတယ်။ ဒါကတော့ အမျိုးသားတစ်ဦးရဲ့ ဒိုက်ထိုးနိုင်တဲ့ အကြိမ်ရေကို တွက်ချက်ပြီး နှလုံးရောဂါခံစားရနိုင်ခြေ ရှိ၊မရှိကို ခန့်မှန်းပြမှာဖြစ်ပါတယ်။လေ့လာမှုအသစ်တစ်ရပ်အရ အမျိုးသားတွေအနေနဲ့ ဒိုက်များများထိုးနိုင်လေလေ နှလုံးရောဂါခံစားရနိုင်ခြေနည်းလေလေလို့သိရပါတယ်။ ဒီတွေ့ရှိချက်က နှလုံးရောဂါခံစားရနိုင်ခြေရှိလားဆိုတာကို စရိတ်စက ကုန်ကျခံပြီး စက်ကိရိယာတွေနဲ့ စမ်းသပ်စရာမလိုဘဲ ရိုးစင်းလွယ်ကူတဲ့နည်းလမ်းအသစ်နဲ့ ဆုံးဖြတ်နိုင်တော့မှာဖြစ်ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ စစ်တမ်းများအရ နှစ်စဉ်နှလုံးရောဂါကြောင့်သေဆုံးသူဦးရေက ၁၇.၉ သန်းခန့်ရှိနေပြီး ကမ္ဘာတလွှားကသေဆုံးမှုတွေရဲ့ ၃၁ ရာခိုင်နှုန်းက နှလုံးရောဂါကြောင့်သေဆုံးရတာဖြစ်တယ်။ လို့တွေ့ရှိခဲ့ရပါတယ်။တိုးတက်လာမှုတွေကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေခံစားရနိုင်ခြေကလည်း အရင်ကထက်ပိုပိုများလာနေပါတယ်။ အဓိက ကတော့ကျန်းမာရေးနဲ့မညီတဲ့ စားသောက်မှုပုံစံ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ ဘဝနေထိုင်မှုပုံစံ၊ဆေးလိပ်သောက်တာနဲ့ မကြာခဏဆိုသလို အရက်နဲ့အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို မကြာခဏသောက်သုံးမှုတွေကြောင့် […]


အခြားလေ့ကျင့်ခန်းများ

ဘီယာဗိုက် မြန်မြန်ကျဖို့ လမ်းလျှောက်မလား၊ ပြေးမလား

အသက်ကြီးကြီး ဗိုက်ပူပူနဲ့ အမျိုးသားတွေကို ဘီယာဗိုက် ဆိုပြီး နောက်ပြောင်ခေါ်ဝေါ်ကြတာ ကြားဖူးကြမယ်ထင်ပါတယ်။ အဓိကကတော့ ဗိုက်နဲ့ ခါးမှာ အဆီတွေစုမိပြီး ဗိုက်ပူပြီး ဖောရောင်သလို ဖြစ်နေတာပါ။ ဘီယာဗိုက် ဆိုတဲ့ နာမည်ပြောင်လိုပါပဲ၊ ဘီယာ၊ အရက်သောက်တာ များတာကြောင့်လည်း ဖြစ်နိုင်သလို အဆီစားတာ များသူတွေ၊ အစာအာဟာရ မမျှတသူတွေ၊ အထိုင်များပြီး လှုပ်ရှားမှု နည်းသူတွေ၊ အဝလွန်သူတွေ၊ လေ့ကျင့်ခန်း မလုပ်တဲ့သူတွေမှာ ဗိုက်အဆီဖုံးနိုင်ပါတယ်။ ဝတဲ့သူတွေသာမက ပိန်တဲ့သူတွေမှာလည်း ဘီယာဗိုက် ဖြစ်နိုင်ပါတယ်။ သွေးထဲမှာ မလိုအပ်တဲ့ ကိုလက်စထရော၊ ကယ်လိုရီနဲ့ အဆီတွေ စုမိပြီး ကြာလာတဲ့အခါ အဝလွန်ရောဂါနဲ့ နောက်ဆက်တွဲ ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်အဆီဖုံးတာအပြင် ကင်ဆာရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးရှုထောင့်ကနေပြီး ဗိုက်အဆီ မြန်မြန်ကျစေဖို့ ဘယ်လို လေ့ကျင့်ခန်းက […]


အခြားလေ့ကျင့်ခန်းများ

မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား

လူတစ်ယောက်ရဲ့ သွင်ပြင်မှာ အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုကတော့ မျက်နှာပါ။ မျက်နှာလှလှလေးနဲ့ ကြည့်ကောင်းတဲ့ သွင်ပြင်ကို လူတိုင်းလိုလားကြပါတယ်။ မျက်နှာမှာ အဆီပိုတွေ အရေးအကြောင်းတွေဖြစ်နေမယ်ဆိုရင်တော်တော်လေးစိတ်ပျက်စရာကောင်းတာပါ။ ဒီတော့ အခုတစ်ခေါက် မျက်နှာပေါ်က အဆီပိုတွေကြောင့် စိတ်ညစ်နေတဲ့ ပရိသတ်ကြီးအတွက် နည်းလမ်းကောင်းလေးတွေဝေမျှပေးပါရစေ။ မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပေးဖို့လိုသလား မျက်နှာကိုကြွက်သားပေါင်း ၅၂ ခုနဲ့ဖွဲ့စည်းထားတာပါ။ မျက်နှာပြင်ပေါ်ကကြွက်သားတွေက ခန္ဓါကိုယ်အခြားအစိတ်အပိုင်းကကြွက်သားတွေလိုပါပဲ။ အဆီပိုကင်းပြီး ကျန်းမာစေဖို့အတွက်လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုအပ်ပါမယ်။ တကယ်လို့ မျက်နှာကြွက်သားတွေကိုလေ့ကျင့်ခန်းမလုပ်ဘဲ ထားမယ်ဆိုရင်လျော့ရဲရဲဖြစ်နေပြီး အဆီပိုတွေနဲ့ ကြည့်ရဆိုးနေမှာပါ။ မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပေးတာက အဆီပိုတွေတင်ဖယ်ရှားပေးတာမဟုတ်ဘဲ အရေးအကြောင်းတွေကင်းပြီး တင်းရင်းလှပနေစေမှာအသေအချာပါ။ ဒီလောက်ဆိုရင် Hello ဆရာဝန်ပရိသတ်ကြီးရဲ့ သဘောကရော ဘယ်လိုလဲ။ မျက်နှာကိုလေ့ကျင့်ခန်းလုပ်သင့်တယ်ထင်လား။ မျက်နှာလေ့ကျင့်ခန်းလုပ်ဖို့လိုမယ်ထင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကို အတူတူဖတ်ရင်း လိုက်လုပ်ကြည့်ရအောင်ပါနော်။ မျက်နှာအဆီပိုတွေကင်းစေမယ့်လေ့ကျင့်ခန်း ခေါင်းမော့မယ် - ဒီလေ့ကျင့်ခန်းမှာခေါင်းကို အပေါ်ကိုမော့နိုင်သမျှမော့ရမှာပါ။ မျက်လုံးက မျက်နှာကြတ်ကိုမြင်ရတဲ့အထိခေါင်းကို အပေါ်ကိုဖြည်းဖြည်းချင်းမော့ရမှာပါ။ပြီးရင်တော့အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းကိုအုပ်သွားတဲ့အထိ ထော်ပေးရမှာပါ။ ဒါမှမေးစေ့ကို အပေါ်ဘက်ကို ဆွဲတင်သလိုဖြစ်မှာပါ။ တစ်ခါလုပ်ရင် […]


အခြားလေ့ကျင့်ခန်းများ

မျက်နှာပေါ်မှာ အဆီပိုတွေကင်းစေဖို့

ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းပဲဖြစ်ဖြစ် အဆီပိုတွေရှိနေရင် ကြည့်မကောင်းပါဘူးနော်။ ဒီလိုပါပဲ မျက်နှာမှာ အဆီပိုတွေရှိနေရင်လည်းကြည့်ရဆိုးပါတယ်နော်။ ဒီအဆီပိုတွေက ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ လုပ်ဆောင်နေကျ အလေ့အထတွေကြောင့်ဖြစ်လာရတာပါ။ ဒီတော့ မျက်နှာမှာ အဆီမတက်ချင်ဘူးဆိုရင် အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်းလုပ်ဆောင်ကြည့်ဖို့ပြောပါရစေ။ မျက်နှာအဆီပိုတွေမရှိစေဖို့ လိုက်နာသင့်သည့်အချက်အချို့ မျက်နှာလေ့ကျင့်ခန်းလုပ်ပါ မျက်နှာလေ့ကျင့်ခန်းလုပ်တာက အဆီပိုတွေဖယ်ရှားပေးပြီး မျက်နှာအသားအရေကို တင်းရင်းလှပစေပါတယ်။ မျက်နှာကို သွယ်လျလှပစေပြီး အရေးအကြောင်းကင်းစေဖို့လည်း အထောက်အပံ့ပေးမှာ အသေအချာပါ။နေ့စဉ်မျက်နှာကြွက်သားတွေကိုလေ့ကျင့်ခန်းလုပ်ပေးပါ။ ကိုယ်အလေးချိန်ထိန်းပါ မျက်နှာမှာ အဆီတက်လာတာက အရမ်းဝနေပြီဆိုတဲ့ပြယုဂ်တစ်ခုပါ။ ဒါကြောင့်နေ့စဉ်ပုံမှန်ခန္ဓါကိုယ်ကျစ်လျစ်စေမယ့်လေ့ကျင့်ခန်းလုပ်ပြီး မျက်နှာပေါ်မှာ အဆီပိုတွေမရှိအောင်လုပ်ဆောင်ပေးပါ။ တစ်ပတ်တာမှာ မိနစ် ၁၅၀ ကနေ မိနစ် ၃၀၀လောက်အထိလေ့ကျင့်ခန်းလုပ်ပေးဖို့လိုပါမယ်။ အပြေးလေ့ကျင့်တာ၊ လမ်းလျှောက်တာနဲ့ရေကူးတာလိုမျိုး လေ့ကျင့်ခန်းတွေလုပ်ပေးလို့ရပါတယ်။ ရေများများသောက်ပါ ရေသောက်တာက ခန္ဓါကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ မျက်နှာအဆီတွေဖယ်ရှားဖို့အတွက်လည်း အထောက်အပံ့ဖြစ်စေတဲ့နည်းလမ်းကောင်းတစ်ခုပေါ့။ရေသောက်တာက အစားတွေအများကြီးမစားမိအောင်ကာကွယ်ပေးပြီး အဆီပိုတွေဖြစ်မလာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကိုကောင်းကောင်းလည်ပတ်စေပြီး အဆီပိုတွေကိုလောင်ကျွမ်းစေဖို့ အားပေးပါတယ်။ အရက်လျှော့သောက်ပါ အရက်သောက်သုံးမှုက မျက်နှာအဆီတွေကိုစုစေပြီး မျက်နှာအမ်းတာကိုဖြစ်စေနိုင်ပါတယ်။ အရက်သောက်သုံးမှုက ကိုယ်အလေးချိန်တက်လာစေဖို့လည်း အထောက်အပံ့ပေးနေပါတယ်။ ဒါကြောင့် […]


အခြားလေ့ကျင့်ခန်းများ

အသက်ရှည်ရှည် နေထိုင်နေဖို့ ပုံမှန်ရေကူးပေးဖို့ လိုအပ်ပါတယ်။

ရေကူးတယ်ဆိုတာ ကျား၊ မ အသက်အရွယ်မရွေးအတွက် အကောင်းဆုံး အားကစားနည်းလမ်းပါပဲ။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးနေဆဲအရွယ်တွေ ဖြစ်တဲ့ ကလေးေတွ၊ ဆယ်ကျော်သက်ေတွဆိုရင် ပိုပြီးတောင် ရေကူးသင်သင့်ပါတယ်။ ရေကူးခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေ များစွာ ရရှိနိုင်ပါတယ်။ ရေကူးဖို့ အသက်အရွယ် ကန့်သတ်ချက်ရှိလား။ မရှိပါဘူး။ ကလေးတွေအတွက်လည်း ပျော်စရာကောင်းတဲ့ အားကစားနည်းတစ်မျိုး ဖြစ်တယ်။ ဆယ်ကျော်သက်နဲ့ လူငယ်တွေအတွက်ဆိုရင် ကြီးထွားဖွံ့ဖြိုးမှုနှုန်းမြန်စေတယ်။ ရေပုံမှန်ကူးတဲ့ လူလတ်ပိုင်းအရွယ်တွေဆိုရင်လည်း ကျန်းမာတက်ကြွပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစေတယ်။ အသက်ကြီးပိုင်းတွေအတွက်တော့ ရေကူးတဲ့အခါ အနည်းငယ် ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ရေကူးတဲ့အခါ ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ။ တခြားသော အားကစားတွေလိုပါပဲ။ ပုံမှန်ရေကူးတဲ့ သူတွေမှာ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ ၁။ နှလုံးခုန်နှုန်းကို မြန်စေပြီး သွေးလည်ပတ်မှုကောင်းစေတယ်။ ကိုယ်ခန္ဓါနဲ့ နှလုံးကြွက်သားကို ကြံ့ခိုင်စေတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။ ၂။ […]


ကိုယ်အလေးချိန်ကျစေမည့်လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်းက ကိုယ်ခံအားကိုကျစေသလား

Hello ဆရာဝန်ပရိသတ်ကြီးထဲမှာ ခန္ဓာကိုယ် အချိုးအစား လှပချင်လို့ဆိုပြီး တစ်ရက်မပျက် Gym သွားပြီး လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်နေသူတွေများရှိနေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုမယ် ထင်ပါတယ်နော်။ ဒီအချက်တွေကြောင့် ဖျားနာနိုင်ပါတယ် လူတစ်ယောက်က ဒီအချက်တွေကြောင့် ဖျားနာနိုင်ပါတယ်။ စိတ်ဖိစီးမှု များတာ အာဟာရ ပြည့်ဝလုံလောက်အောင် မစားသုံးတာ ပင်ပန်းနွမ်းနယ်တာ အိပ်ရေးပျက်များတာ ဆေးလိပ်သောက်တာ အသက်အရွယ် အရမ်းကြီးနေတာ လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာ လေ့ကျင့်ခန်း နဲ့ ကိုယ်ခံအား အရင်ဆုံး သုတေသန တွေ့ရှိချက်လေးတွေအကြောင်း ပြောပြပေးမယ်နော်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနဲ့ ကိုယ်ခံအားတို့ကြားက ဆက်စပ်မှုကို လေ့လာခဲ့တဲ့အခါမှာတော့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တာက ကိုယ်ခံအားကို ကျစေနိုင်ပြီး ဖျားနာတာမျိုး ဖြစ်စေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို သန်မာစေနိုင်တယ်။ နှလုံးကျန်းမာပြီး ခန္ဓာကိုယ်ကို […]


အခြားလေ့ကျင့်ခန်းများ

ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း

အမျိုးသမီးတစ်ယောက်က တကယ်ကို လှပကြော့ရှင်းတယ်လို့ သတ်မှတ်ခံရဖို့ဆိုရင် မျက်နှာ၊ အသားအရေ နဲ့ ကိုယ်လုံးကိုယ်ပေါက်ကအစ အရာရာလှပဖို့ လိုအပ်ပါမယ်။ အမျိုးသမီး တော်တော်များများက သူတို့ရဲ့ အလှအပတရားနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျတာ ရှားပါတယ်။ အဓိက စိတ်တိုင်းမကျကြတာက သူတို့ရဲ့ ရင်သား အရွယ်အစားနဲ့ပတ်သက်ပြီးတော့ပါ။ ဒီတော့ သဘာဝအတိုင်း ရင်သား ဖွံ့ထွား လှပစေဖို့အတွက် အိမ်မှာတင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။ လေ့ကျင့်ခန်းက ရင်သား အရွယ်အစား အပေါ် ဘယ်လို သက်ရောက်မှုရှိပါသလဲ လေ့ကျင့်ခန်းလုပ်တာက ခွဲစိတ်ပြုပြင်တာနဲ့ ဆေးတွေအသုံးပြုတာထက် ပိုစိတ်ချရပါတယ်။ ကြွက်သားတွေကို တည်ဆောက်ဖို့ ရိုးစင်းလွယ်ကူတဲ့လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးဖို့လိုအပ်ပါမယ်။ ရင်သားတစ်ဝိုက်က ကြွက်သားတွေကိုနေ့စဉ်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ လေ့ကျင့်ခန်းလုပ်တာတွေက ရင်သားကို သဘာဝအတိုင်း ဖွံ့ထွားလှပစေမှာပါ။ နံရံတွန်းတဲ့ လေ့ကျင့်ခန်း နံရံရှေ့မှာ ခပ်မတ်မတ်ရပ်ပေးပါ။ လက်ဖဝါး နှစ်ဖက်ကို […]


အခြားလေ့ကျင့်ခန်းများ

အပြေးလေ့ကျင့်ရင် ဘယ်လိုကောင်းကျိုး ရနိုင်လဲ

ဆောင်းရာသီဟာ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့အတွက် အကောင်းဆုံး အချိန်ပါပဲ။ မနက်ခင်း လေပြည်လေညှင်းတွေကို ရှူရှိုက်ရင်း အားကစားလုပ်တဲ့အခါ စိတ်ကို ပေါ့ပါးလန်းဆန်းစေပြီး လူကိုလည်း တစ်နေကုန် တက်ကြွနေစေပါတယ်။ ခန္ဓာကိုယ်ကိုလည်း အချိုးအစား ပြေပြစ်စေပြီး အဆီကျစေတယ်။ ဝိတ်ချချင်တဲ့ မိန်းကလေးတွေ၊ ကျန်းမာရေးလိုက်စားလိုသူတွေ ဒီနှစ်ဆောင်းရာသီကနေ စတင်ပြီး မနက်တိုင်း အပြေးလေ့ကျင့်ကြည့်ပါ။ မနက်ခင်း အပြေးလေ့ကျင့်သူတွေမှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြောင်းလဲမှုတွေကို ပြောပြပေးမယ်နော်။ ၁။ ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်။ မနက်ခင်း ပြေးတဲ့အခါ နှလုံးခုန်နှုန်း မြန်လာပြီး ခန္ဓာကိုယ်တွင်း အောက်စီဂျင်ကို ကောင်းစွာလည်ပတ်စေနိုင်ပါတယ်။ မနက်ခင်းမှာ အပြေးလေ့ကျင့်ခြင်းဖြင့် နှလုံးကြွက်သား၊ အမြင်အာရုံနဲ့ ဦးနှောက်ကို ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ အကူအညီပေးတယ်။ လှုပ်ရှားမှုနည်းတဲ့ သူတွေ၊ အထိုင်များတဲ့ သူတွေ နေ့စဉ်အပြေးလေ့ကျင့်ရင် အယ်လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ၂။ စိတ်ကို ပေါ့ပါးလန်းဆန်းစေတယ်။ ကိုယ်လက်လှုပ်ရှား […]


အခြားလေ့ကျင့်ခန်းများ

တင်းရင်းသွယ်လျတဲ့ လက်မောင်းလေးတွေပိုင်ဆိုင်စေဖို့

လက်ပြတ်အင်္ကျီလေးဝတ်ချင်တယ်။ အင်္ကျီကိုယ်ကျပ်လေးလည်းဝတ်ချင်တယ်။ ဒါပေမယ့် လက်မောင်းကကြီးနေလို့ ဝတ်လို့မလှဘူးဆိုပြီး စိတ်ညစ်နေတာလားလေဒီ။ ဒီပြဿနာတွေကိုဖြေရှင်းဖို့လေ့ကျင့်ခန်းလုပ်ကြမယ်လေ။ Gym သွားဖို့ကလည်း အချိန်မရှိဘူး။ ဘယ်လိုစလုပ်ရမှန်းလည်း မသိဘူးဖြစ်နေတယ်ဆိုတဲ့လေဒီတွေကို ဒီဆောင်းပါးလေးကနေတဆင့် သတင်းစကားပါး ကူညီပေးပါရစေနော်။ လက်မောင်းအဆီတက်ခြင်း ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ အဆီတက်နိုင်ပေမယ့် လက်မောင်း၊ ဗိုက်နဲ့ ပေါင်တွေက ပိုပြီး အဆီတက်လွယ်ပါတယ်။ လက်မောင်းအဆီတက်တဲ့အခါ အဝတ်အစားဝတ်ရတာအဆင်မပြေအချိုးမကျသလို ခံစားရနိုင်ပါတယ်။ အချို့ဆို ခန္ဓာကိုယ်အရွယ်အစားနဲ့ မလိုက်အောင် လက်မောင်းမှာ အဆီတက်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကတော့ လေ့ကျင့်ခန်းလုပ်တာက အကောင်းဆုံးဖြစ်မှာပါ။ လက်မောင်းအဆီကျအောင် ဘာလေ့ကျင့်ခန်းတွေလုပ်ရင်ရမလဲသိချင်နေပြီလား။ ဆက်ကြည့်လိုက်ပါနော်။ လက်မောင်းအတွက် အသင့်တော်ဆုံးဖြစ်မယ့်လေ့ကျင့်ခန်းတွေ ဒီလေ့ကျင့်ခန်းတွေက လက်မောင်းအဆီကျစေဖို့နေအိမ်မှာတင် အလွယ်တကူလုပ်လို့ရပါတယ်။ ဝိတ်မမယ် - အချိန်ပေးလုပ်ပေးမယ်ဆိုရင် အဆီကျတဲ့ အပြင်လက်မောင်းသားကို ကျစ်ကျစ်လျစ်လျစ်လေးနဲ့လှပနေစေမှာ အမှန်ပါ။ ဒီလိုလုပ်တာက လက်မောင်းအဆီတင်မဟုတ်ပါဘူး။ ဗိုက်အဆီကိုပါကျစေမှာပါ။ ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက် ဝိတ်တုံးဝယ်ဖို့ မလိုပါဘူး။ ၂ လီတာဝင်ရေသန့်ဘူး တစ်ဘူးထဲကို ရေအပြည့်ဖြည့်လိုက်ပါ။ပြီးရင် […]


အခြားလေ့ကျင့်ခန်းများ

စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အားကစားလုပ် ကြစို့

အားကစားလုပ် ခြင်းဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေဖို့နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွစွာ လုပ်ကိုင်ဖို့ အထောက်အကူပေးနိုင်တယ်ဆိုတာ လူတွေ သိပြီးသား ဖြစ်မှာပါ။ ဒီနေ့ ပြောပြချင်တဲ့ အကြောင်းအရာကတော့ အားကစားက လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို ဘယ်လို ကောင်းသောပြောင်းလဲမှုတွေ ဖြစ်လာစေနိုင်လဲ ဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ Gym ကို သွားပြီး အလေးမနေမှ မဟုတ်ပါဘူး။ ပုံမှန် လမ်းလျှောက်တာ၊ ပြေးတာ၊ ရေကူးတာ၊ စက်ဘီးစီးတာတွေဟာလည်း လေ့ကျင့်ခန်း လုပ်တာနဲ့ အတူတူပါပဲ။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် အမောခံနိုင်တယ်၊ သက်လုံကောင်းလာတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။ အရိုးနဲ့ ကြွက်သားကို သန်မာစေတယ်။ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး မှတ်ဉာဏ်ကောင်းစေတယ်။ စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်တဲ့ ရောဂါ အစရှိတဲ့ စိတ်ရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။ အိမ်ထောင်သည်တွေ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း