လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်ကို သွားတဲ့ သွေးကြောပိတ် ဒါမှမဟုတ် ပေါက်တဲ့အခါ လေဖြတ်ရောဂါ ဖြစ်တတ်ပါတယ်။ လေဖြတ်တာက အရေးပေါ် ကုသမှု လိုအပ်တဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ အလားတူပဲ သွေးကြောဖောင်းတာ၊ သွေးကြောနံရံတွေ အားပျော့ပြီး ဖောင်းလာတာကလည်း ဖောက်ထွက်ပြီး အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ လေဖြတ်ခြင်းနဲ့ သွေးကြောဖောင်းခြင်း အကြောင်းတွေ၊ ကုသနည်းတွေ၊ ပြန်လည်ထူထောင်ရေး နည်းလမ်းတွေကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း (Transient Ischemic Attack) ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ များသောအားဖြင့် လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး ဂရုမစိုက်ဘူးဆိုရင် သိပ်မကြာခင်ကာလမှာ လေဖြတ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားလှပါတယ်။ ပုံမှန်အားဖြင့် Ministroke လို့လည်းခေါ်ဆိုကြတဲ့ ယာယီလေဖြတ်ခြင်း ဟာ လေဖြတ်ဝေဒနာနဲ့ လက္ခဏာအားလုံး တူညီနေတတ်ပါတယ်။ အဓိက ကွဲပြားချက်ကတော့ အချိန်ကာလဖြစ်ပြီးတော့ ယာယီလေဖြတ်တယ်ဆိုရင် အချိန်ကာလ အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိပါတယ်။ ယာယီလေဖြတ်တာဟာ မိနစ် အနည်းငယ်ကနေ နာရီပိုင်း၊ တစ်ခါတစ်ရံ ၂၄ နာရီဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ယာယီလေဖြတ်တာဖြစ်ပြီး ၁ နှစ်ဝန်းကျင်မှာ လေဖြတ်ဝေဒနာကို ကြုံရတတ်ပါတယ်။ ဘာကြောင့် ယာယီလေဖြတ်ခြင်း ဖြစ်ရတာလဲ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ဝေဒနာအမျိုးအစားတစ်မျိုးဖြစ်တဲ့ Ischemic Stroke နဲ့ မူလဇစ်မြစ်ခြင်းတူညီပါတယ်။ Ischemic Stroke ဖြစ်ရတဲ့အကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းမှု နည်းပါးပြီး […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်းသည် နောင်တွင်လေဖြတ်နိုင်ခြေကိုမြင့်စေသည်

လေ့လာချက်တခုအရ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းဟာ လေဖြတ်နိုင်ခြေကို မြင့်မားစေတယ်လို့ ဆိုပါတယ်။ Calgary တက္ကသိုလ်က အာရုံကြောအထူးကုဆရာဝန် Dr. Aravind Ganesh ဟာ ကိုယ်ဝန်ဆောင်ကာလမှာ သွေးတိုးရှိဖူးတဲ့ အမျိုးသမီးများဟာ လေဖြတ်နိုင်ခြေ ပိုမြင့်မားကြောင့်၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းဟာ သာမန်သွေးတိုးခြင်းထက် ပိုဆိုးကြောင်း ပြောပါတယ်။ လေဖြတ်ခြင်း ဖြစ်ပွားနိုင်ခြေဟာ ၄၀%လောက်ထိ မြင့်တက်နိုင်ကြောင်း Dr. Ganesh တို့ သုတေသနအဖွဲ့က သူတို့ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ဆိုခဲ့ပါတယ်။ သုတေသန ၉ခုခန့်မှာတော့ ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းကို စောင့်ကြည့်ထားပြီး နောင်မှာ လေဖြတ်နိုင်ခြေနဲ့ ပတ်သက်ပုံကို လေ့လာထားပါတယ်။ ဒီသုတေသနတွေမှာ နေရာဒေသမျိုးစုံက အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်ပြီး ၁နှစ်မှ ၃၂နှစ်ကြာတဲ့ အခြေအနေကို လေ့လာထားပါတယ်။ လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်နေစဉ် သွေးတိုးရှိဖူးသူများဟာ နောက်ပိုင်းမှာ လေဖြတ်နိုင်ခြေ ပိုများတယ်လို့ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ကိုယ်ဝန်ဆောင်စဉ် သွေးတိုးခြင်းဟာ လေဖြတ်နိုင်ခြေမြင့်စေတဲ့ အကြောင်းဖြစ်သလား

CDC မှ သုတေသီတဦးဖြစ်သူ Elena V Kuklina ရဲ့ အဆိုအရ ကိုယ်ဝန်ဆောင်ကာလအတွင်းနဲ့ မွေးဖွားပြီးချိန်မှာ လေဖြတ်မှုနှုန်း မြင့်တတ်ပါတယ်။ ၁၉၉၄-၉၅ မှ ၂၀၀၆-၀၇ ကာလအတွင်း ကိုယ်ဝန်ဆောင်နဲ့ ပတ်သက်တဲ့ လေဖြတ်ခြင်းတွေကို နှိုင်းယှဉ်လေ့လာရာမှာ လေဖြတ်မှုနှုန်းဟာ ၅၀%ထိ မြင့်တက်ကြောင်း Kuklina နဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များဟာ တွေ့ရှိခဲ့ပါတယ်။ သွေးတိုးခြင်းနှုန်းမြင့်မားတာဟာ လေဖြတ်မှုကို မြင့်စေတဲ့ အကြောင်းပါပဲ။ ဒီလေ့လာမှုစာတမ်းမှာ ကိုယ်ဝန်ဆောင်စဉ်၊ ကလေးမွေးစဉ်နဲ့ ကလေးမွေးပြီးချိန်စတဲ့ အချိန်ကာသုံးခုနဲ့ သွေးခဲလေဖြတ်ခြင်း၊ သွေးကြောပေါက်လေဖြတ်ခြင်း၊ ယာယီလေဖြတ်ခြင်းစတဲ့ လေဖြတ်ခြင်း အမျိုးအစားအားလုံးနဲ့ ပေါင်းစပ်လေ့လာခဲ့ပါတယ်။ ယခုကာလမှာ အမျိုးသမီးတွေဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကထက် ပိုပြီးလေဖြတ်နိုင်ခြေများပါတယ်။ ကိုယ်ဝန်ဆောင်စဉ်လေဖြတ်ခြင်းကို ကြုံဖူးတဲ့ အမျိုးသမီးများရဲ့ ၄၁%ဟာ သွေးတိုးရှိကြောင်း လေ့လာမှုမှာပါဝင်တဲ့ ဆေးမှတ်တမ်းတွေအရ သိရပါတယ်။ သွေးတိုးခြင်းဟာ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

အမျိုးသမီးများ လေဖြတ်ခြင်းနှင့်ပတ်သက်သည့် လမ်းညွှန်မှုအသစ်များ

ယေဘုယျအားဖြင့် အမျိုးသမီးတယောက်အတွက် လေဖြတ်နိုင်ခြေ အကြောင်းရင်းများဟာ အမျိုးသားတွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် အမျိုးသမီးတဦးအတွက် ဟော်မုန်းဓါတ်များပြောင်းလဲခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်း စတဲ့ကိစ္စတွေကပါ အကျိုးသက်ရောက်မှု ရှိတတ်ပါတယ်။ ဒီတော့ အမျုးသမီးတွေအတွက် လေဖြတ်ခြင်းကို ကာကွယ်နိုင်ဖို့ သီးသန့်လမ်းညွှန်မှုအချို့ကို လိုက်နာဖို့လိုပါတယ်။ အမျိုးသမီးများမှာ လေဖြတ်ခြင်းမှ ကာကွယ်နိုင်ရေး အတွက် သိပ္ပံနည်းကျလေ့လာထားတဲ့ အကြံပြုချက်တွေရှိပါတယ်။ အရေးကြီးတဲ့အချက်တွေကတော့-   ၁။ သွေးတိုးရှိတဲ့ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်းဖြစ်နိုင်ခြေလျှော့ချဖို့ Asprin ပမာဏ အနည်းငယ်နဲ့ ကယ်လ်စီယမ် ဖြည့်စွက်စာစားသုံးခြင်းဖို့ တိုက်တွန်းထားပါတယ်။ ၂။ ကိုယ်ဝန်ဆောင်သွေးတိုးခြင်းဟာ လေဖြတ်နိုင်ခြေကို မြင့်မာေးစတာမို့ ကိုယ်ဝန်ဆောင်ကာလအလွန်မှာလည်း ဖြစ်နိုင်ခြေအကြောင်းအရာတရပ်အနေနဲ့ ထည့်သွင်း စဉ်းစားရမှာဖြစ်ပါတယ်။ ၃။ သွေးပေါင်ချိန်မြင့်တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ ကုသမှုခံယူရေးအတွက် ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ ကုသမှုပုံစံဟာ တဦးချင်း အခြေအနေပေါ်မှာ မူတည်ပါတယ်။ ၄။ အမျိုးသမီးများ ကိုယ်ဝန်တားဆေးမသောက်မီ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ပြီး စိတ်ဓါတ်ကျမှုကို ဘယ်လိုကျော်လွှားမလဲ

လေဖြတ်ခြင်းဟာ ကြီးမားတဲ့ ပြသနာကြီး ဖြစ်ပါတယ်။ ကောင်းစွာကုသနေရင်တောင် မသန်စွမ်းတာ၊ စကားပြောရခက်တာ စတဲ့ ပြသနာတွေ ကျန်နေနိုင်ပါတယ်။ ဒီပြသနာတွေနဲ့အတူ စိတ်ဓါတ်ပါ ကျဆင်းလာခြင်းဟာ ဖြေရှင်းရအခက်ဆုံးအပိုင်းပါပဲ။ စိတ်ဓါတ်ကျဆင်းခြင်းကို ဘယ်လိုရင်ဆိုင် ကျော်လွှားမလဲဆိုတာဟာ လူနာအတွက်ရော ပြုစုသူတွေအတွက်ပါ အရေးကြီးတဲ့ အချက်တခု ဖြစ်ပါတယ်။ စိတ်ဓါတ်ကျခြင်းဟာ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် လေဖြတ်ခြင်းကြောင့် ပြောဆိုဆက်သါယ်ရတာ ခက်ခဲခြင်းတွေနဲ့ ကျန်ရစ်ခဲ့ရင် ကာယကံရှင် ကိုယ်တိုင်တောင် သတိပြုနိုင်ဖို့ ခဲယဉ်းပါတယ်။ သေချာတာကတော့ လေဖြတ်ပြီးရင် မသန်မစွမ်းဖြစ်ခြင်း နဲ့အတူ စိတ်သောကဖြစ်ခြင်းပါ ရင်ဆိုင်ရပါတယ်။ ဒါပေမယ့် စိတ်ဓါတ်ကျခြင်းနဲ့ စိတ်သောကရောက်ခြင်းဟာ ကွာခြားပါတယ်။ စိတ်သောကရောက်ခြင်းဟာ ပုံမှန်ဖြစ်ပေမယ့် စိတ်ဓါတ်ကျဆင်းတဲ့ လက္ခဏာတွေကို ရောထွေးဖုံးကွယ် သွားနိုင်ပါတယ်။ အဲဒီအချက်တွေကတော့ - မျှော်လင့်ချက်မဲ့၊ တန်ဖိုးမဲ့နေသကဲ့သို့ ခံစားရခြင်း အစားအသောက်နှင့် အိပ်စက်ခြင်းပုံစံပြောင်းလဲခြင်း […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောကျဉ်းခြင်းဟာ လေဖြတ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ခုပါ

လေဖြတ်ခြင်း နဲ့ တကျော့ပြန်လေဖြတ်ခြင်းကို လွှမ်းမိုးနေတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဖြစ်နိုင်ခြေအကြောင်းခြင်းရာတွေ သင့်မှာရှိလေ၊ သင်ဟာ လေဖြတ်နိုင်ခြေ အခွင့်အရေးများလေ ဖြစ်ပါတယ်။ လေဖြတ်ခြင်း ဖြစ်ပွားနိုင်ခြေကို သင်ကိုယ်တိုင် မထိန်းချုပ်နိုင်တာတွေ ရှိပါတယ်။ အဲဒီအရာတွေကတော့- အသက်။ အသက်ကြီးလာလေ လေဖြတ်နိုင်ခြေ များလေဖြစ်ပါတယ်။ ကျား/မ ကွဲပြားမှု။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ မိသားစု ရောဂါရာဇဝင် စတာတွေ ဖြစ်ပါတယ်။   သွေးကြောကျဉ်းခြင်းဆိုတာ ဘာလဲ သွေးလွှတ်ကြောဆိုတာ နှလုံးက သွေးတွေကို ခန္ဓါကိုယ်အနှံ့ကို ပို့ဆောင်ပေးတဲ့ သွေးကြောတွေ ဖြစ်ပါတယ်။ သူတို့ အတွင်းပိုင်းကို endothelium လို့ခေါ်တဲ့ ဆဲလ်အလွှာတမျိုးနဲ့ ဖုံးအုပ်ထားပါတယ်။ အဲဒီအလွှာဟာ သွေးစီးဆင်းမှုကောင်းဖို့အတွက် သွေးလွှတ်ကြောတွေရဲ့ အတွင်းနံရံတောင့်တင်းအောင်၊ ချောမွေ့အောင် ထိန်းသိမ်းပေးပါတယ်။ ဒီအလွှာ ပျက်စီးတာနဲ့အတူ သွေးကြောကျဉ်းခြင်း ဖြစ်ပေါ်ပါတယ်။ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုလက်စထရောများခြင်း စတာတွေကြောင့် […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ရောဂါပိုးဝင်ရောက်ခြင်းက လေဖြတ်နိုင်ခြေကိုမြင့်စေသလား

ဆီးချိုရှိသူတွေဟာ လေဖြတ်ခြင်းကို ပိုမိုကြုံတွေ့နိုင်ပါတယ်။ သူတို့မှာ လေဖြတ်နိုင်ခြေ အန္တရာယ်နဲ့ တခြားကျန်းမာရေးပြသနာတွေ ရှိနေလို့ ဖြစ်ပါတယ်။ လေဖြတ်နိုင်တဲ့ ဖြစ်နိုင်ခြေ အကြောင်းအရာတွေများလေ လေဖြတ်နိုင်ခြေ ရှိလေဆိုတာ သတိပြုရပါမယ်။ လေဖြတ်နိုင်ခြေများစေတဲ့ အကြောင်းတွေကို လေ့လာကြည့်ရအောင်။   ဘယ်အရာတွေက လေဖြတ်နိုင်ခြေရှိသလဲ အမျိုးသားလေဖြတ်ခြင်းဆိုင်ရာအဖွဲ့အစည်းရဲ့ အဆိုအရ နှလုံးခါခြင်းဟာ လေဖြတ်နိုင်ခြေ ၅ဆပိုများပါတယ်။ နှလုံးသွေးလွှတ်ကြော၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးကြီးခြင်းနဲ့ တခြားနှလုံးရောဂါတွေဟာ သင့်ကို လေဖြတ်နိုင်ခြေ ပိုများလာစေပါတယ်။ ကိုလက်စထရောများခြင်းဟာ နှလုံးရောဂါကိုရော နှလုံးသွေးကြောကျဉ်းခြင်းကိုပါ ပိုများစေပါတယ်။ ကိုလက်စထရောမြင့်ခြင်းဟာ သွေးလွှတ်ကြောတွေထဲမှာ အနည်တွေထိုင်လာစေပြီး ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေကို ပိတ်ဆို့စေပါတယ်။ ဆီးချိုရောဂါသည်တွေဟာ လေဖြတ်ခြင်းကို ပိုမိုကြုံတွေ့နိုင်ပါတယ်။ သူတို့မှာ လေဖြတ်နိုင်ခြေ အန္တရာယ်နဲ့ တခြားကျန်းမာရေးပြသနာတွေ ဥပမာ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်းနဲ့ နှလုံးရောဂါ စတာမျိုးတွေ ရှိနေလို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ပိုနေပြီး လှုပ်ရှားမှုနည်းတာဟာ သွေးတိုးခြင်း၊ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သင့်မှာ လေဖြတ်နိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေရှိနေသလား

လေမဖြတ်ခင်မှာ လူနာများဟာ တစ်ခုခုဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်ရတတ်ကြောင်း ပြောတတ်ကြပါတယ်။ ဒီလိုအာရုံရတာမျိုးကိုရှေ့ပြေးလက္ခဏာလို့ ခေါ်လေ့ရှိပါတယ်။ တစ်ခါတရံမှာ ရှေ့ပြေးလက္ခဏာတွေဟာ လေဖြတ်ခါနီးရက်အနည်းငယ်လောက်မှာ ကြိုပြတတ်ပါတယ်။ ဒီလိုရှေ့ပြေးခံစားရမှုတွေဟာ ယုံကြည်ရပါသလား။ သိပ္ပံနည်းကျပြောရရင်တော့ ဒါဟာလေဖြတ်နိုင်ခြေရှိတဲ့ လက္ခဏာတွေပါပဲ။ လေဖြတ်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေဟာ ယုံကြည်စိတ်ချရသလား ရှေ့ပြေးလက္ခဏာဆိုတာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ အခိုင်အမာခံစားမိတာမျိုးကို ဆိုလိုပါတယ်။ အများအားဖြင့် ကောင်းတဲ့အရာတွေတော့ မဟုတ်ပါဘူး။ တချို့အခြေအနေတွေမှာ စဖြစ်တာကို သတိပြုမိတတ်ပါတယ်။ ဥပမာလူနာတချို့ဟာ ဦးနှောက်ကို သွေးရောက်နည်းတာကို ခံစားရတတ်ပါတယ်။ လေဖြတ်ခြင်းကနေ သက်သာလာပြီးတဲ့အခါ လူနာတွေဟာ တစ်စုံတစ်ခုမဖြစ်ခင် ကြိုသိနေသလိုမျိုးရှိခဲ့ကြောင်း 'ငါ တစ်ခုခုမကောင်းတာ ဖြစ်တော့မယ်ဆိုတာသိနေတယ်'  'ငါကြောက်နေခဲ့တယ်' စသဖြင့် ပြန်ပြောင်းပြောတတ်ကြပါတယ်။ အဲ့ဒီလက္ခဏာတွေဟာ ကျင်ခြင်း၊ နားမကြားရခြင်း၊ အမြင်အာရုံပုံမှန် မဟုတ်တော့ခြင်း၊ မူးဝေပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စကားမပီခြင်းစသဖြင့် ဖြစ်တတ်ပါတယ်။ လေမဖြတ်မီ ပိုဖြစ်တတ်ပါတယ်။ လေဖြတ်တဲ့လူနာ ၁၆ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Transient Ischemic Attack (လေဖြန်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Transient Ischemic Attack (လေဖြန်းခြင်း) ကဘာလဲ။ Transient ischemic attack (TIA) ဆိုတာ ၂၄နာရီအောက်သာကြာမြင့်လေ့ရှိတဲ့ ပုံမှန်အားဖြင့် မိနစ်ပိုင်းသာကြာတဲ့ အာရုံကြောသို့ ခဏတာ သွေးရောက်ရှိမှု ပြတ်လတ်သွားတဲ့ ရောဂါ ပုံစံမျိုးဖြစ်ပါတယ်။ ဒီရောဂါကို mild stroke လေဖြန်းခြင်းလို့လည်း ခေါ်ကြပါတယ်။ ဒီဖြစ်ရပ်က က ဦးနှောက်တစ်စိတ်တစ်ပိုင်းကို သွေးမရောက်တဲ့ အခါဖြစ်တတ်ပါတယ်။ အရင်က သွေးကြောရုတ်တရက်ပိတ်ဖူးလျှင် ဒီရောဂါဖြစ်နိုင်ချေပိုများပါတယ်။ Transient Ischemic Attack (လေဖြန်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အသက် ၆၀ ကျော်တွေမှာ ပိုအဖြစ်များနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အာရှ၊ အာဖရိက နှင့် မြေထဲပင်လယ်တွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဒီလူမျိုးစုတွေမှာ ဦးနှောက်သွေးမရောက်ခြင်းကို ဖြစ်စေနိုင်တဲ့ ဝမ်းချုပ်ခြင်း နှင့် သွေးတိုးနိုင်ခြင်တို့ကြောင့် ဖြစ်ပါတယ်။ လက္ခဏာများTransient Ischemic Attack […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း