brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

မျှဝေပါ။

Transient Ischemic Attack (လေဖြန်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Transient Ischemic Attack (လေဖြန်းခြင်း) ကဘာလဲ။

Transient ischemic attack (TIA) ဆိုတာ ၂၄နာရီအောက်သာကြာမြင့်လေ့ရှိတဲ့ ပုံမှန်အားဖြင့် မိနစ်ပိုင်းသာကြာတဲ့ အာရုံကြောသို့ ခဏတာ သွေးရောက်ရှိမှု ပြတ်လတ်သွားတဲ့ ရောဂါ ပုံစံမျိုးဖြစ်ပါတယ်။

ဒီရောဂါကို mild stroke လေဖြန်းခြင်းလို့လည်း ခေါ်ကြပါတယ်။ ဒီဖြစ်ရပ်က က ဦးနှောက်တစ်စိတ်တစ်ပိုင်းကို သွေးမရောက်တဲ့ အခါဖြစ်တတ်ပါတယ်။ အရင်က သွေးကြောရုတ်တရက်ပိတ်ဖူးလျှင် ဒီရောဂါဖြစ်နိုင်ချေပိုများပါတယ်။

Transient Ischemic Attack (လေဖြန်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက် ၆၀ ကျော်တွေမှာ ပိုအဖြစ်များနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ အာရှ၊ အာဖရိက နှင့် မြေထဲပင်လယ်တွေမှာ ဖြစ်နိုင်ချေပိုများပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဒီလူမျိုးစုတွေမှာ ဦးနှောက်သွေးမရောက်ခြင်းကို ဖြစ်စေနိုင်တဲ့ ဝမ်းချုပ်ခြင်း နှင့် သွေးတိုးနိုင်ခြင်တို့ကြောင့် ဖြစ်ပါတယ်။

လက္ခဏာများ

Transient Ischemic Attack (လေဖြန်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

transient ischemic attack ရဲ့ အဖြစ်အများဆုံးရောဂါ လက္ခဏာတွေကတော့ တကိုယ်လုံးက အာရုံကြောတွေ အားနည်းသလို ခံစားရမှာ ဖြစ်ပါတယ်။ တခြားလက္ခဏာ တွေကတော့ ခေါင်းမူးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အမြင်နှစ်ထပ်ဖြစ်ခြင်း၊ မှတ်ဉာဏ်ပျောက်ခြင်း၊ ထုံခြင်း၊ စကားပြောခက်ခဲခြင်း၊မျိုချရခက်ခဲခြင်း၊ ကျင်ခြင်း၊ အမြင်အာရုံ နင့် လမ်းလျှောက်ခြင်းဆိုင်ရာ ပြသနာများ တို့ဖြစ်ကြပါတယ်။

လူနာ ၇၀% လောက်မှာ လက္ခဏာတွေက ၁၀ မိနစ်တောင် မကြာပဲ ပျောက်သွားနိုင်ပြီး ၉၀%လောက်ကတော့ ၄ နာရီလောက် အကြာမှာ ပျောက်ကင်းသွားနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်မှာ လေဖြန်းခြင်း၏ လက္ခဏာတွေ ပြလာပြီဆိုလျှင် ဆရာဝန်နဲ့ ပြပါ။ အချိန်နဲ့ အမျှ ကုသနိုင်လျှင် နောက်ဖြစ်လာနိုင်တဲ့ လေဖြတ်ခြင်း ကို ကာကွယ်ရာရောက်ပါတယ်။

အကြောင်းရင်းများ

Transient Ischemic Attack (လေဖြန်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

TIA ကိုဖြစ်စေတဲ့ အကြောင်းကတော့ သွေးလွှတ်ကြောထဲမှာ သွေးများရပ်တန့်ပြီး ခဲစေကာ သွေးစီးဆင်းနေမှုကို ပိတ်ဆို့စေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ များသောအားခြင့် သင့်ခန္ဒါကိုယ်က ဒီသွေးခဲကို ဖျက်ဆီးနိုင်ပြီး ပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။

TIA က ဦးနှောက်သွေးကြောထဲမှာ သွေးပိတ်မိရာကနေလဲ ဖြစ်နိုင်ပါတယ်။ ဒီသွေးခဲက နှလုံး သို့ လည်ပင်းသွေးလွှတ်ကြောမှ လာပြီး ပိတ်မိကာ ဦးနှောက်ကို သွေးမရောက်ခြင်းဖြစ်စေခြင်းဖြင့် ဦးနှောက်က သွေးအတွင်းမှ အောက်ဆီဂျင်မရနိုင်ဖြစ်စေပါတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မာစေသော အကြောင်းအရာများ

Transient Ischemic Attack (လေဖြန်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

transient ischemic attack ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • မိသားစုတွင် ရောဂါရာဇဝင်ရှိနေခြင်း ။ ။ သင့်မိသားစုထဲမှာ ဒီရောဂါဖြစ်ဖူးလျှင် သင့်မှာလဲ ဖြစ်နိုင်ချေပိုများပါတယ်။
  • အသက်အရွယ် ။ ။ အသက်ကြီးလေ ပိုဖြစ်နိုင်လေဖြသစ်ပါတယ် အထူးသဖြင့် အသက် ၅၅ နှစ်နောက်ပိုင်းတွေမှာ ပိုဖြစ်လာနိင်ပါတယ်။
  • လိင် ။ ။အမျိုးသားတွေမှာ အမျိုးသမီးတွေထက် ဒီရောဂါကို ပိုဖြစ်နိုင်ချေပိုများပါတယ်။ သို့သော်လည်း သေဆုံးမှုတစ်ဝက်လောက်က အမျိုးသမီးတွေ ဖြစ်ကြပါတယ်။
  • ယခင်က TIA ဖြစ်ဖူးလျှင် ။ ။ပုံမှန်ထက် ၁၀ ဆပြန်ဖြစ်နိုင်ချေရှိပါတယ်။
  • Sickle cell disease။ ။ sickle cell anemia လို့လဲ ခေါ်ပါတယ်။ လေဖြတ်ခြင်းက ဒီရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပါတယ်။ သွေးဆဲလ်တွေက အောက်ဆီဂျင်မပါတဲ့ sickle ဆဲလ်တွေကို သယ်လာပြီး သွေးလွှတ်ကြောတွေထဲမှာ ပိတ်ဆို့ပြီး ဦးနှောက်သို့ သွေးရောက်ခြင်းကို ပိတ်စေပါတယ်။
  • လူမျိုး ။ ။လူမည်းတွေမှာ သွေးတိုးနှင့် ဆီးချိုရောဂါတွေ ကြောင့် TIA ဖြစ်နိုင်ချေ ပိုများပါတယ်။

သို့သော် သင်ထိန်းချုပ်နိုင်တဲ့ အန္တရာယ်တွေရှိပါတယ်။ ၎င်းတို့မှာ

  • သွေးတိုးခြင်း
  • ကိုလက်စထရောများခြင်း
  • နှလုံးသွေးကြောရောဂါများ နှင့် အဆုတ်ရောဂါများယ ဆီးချိုသွေးချို
  • ကိုယ်အလေးချိန်များခြင်း
  • Homocysteine သိပ်သည်းမှုများခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Transient Ischemic Attack (လေဖြန်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က သင့်ကို ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေ မေးခြင်း နှင့် လက်တွေ့စမ်းသပ်မှုတွေ လုပ်ခြင်ဖြင့် ရောဂါရှာဖွေပါလိမ့်မယ်။ ဦးနှောက်၏ မူမမှန်မှုတွေကို သိရှိနိုင်ရန် CT သို့ သံလိုက်ဓါတ်မှန်ရိုက်ခြင်းတို့လည်း လုပ်နိုင်ပါတယ်။

Transient Ischemic Attack (လေဖြန်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုက သင့်ရဲ့ရောဂါအခြေအနေပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ လေဖြတ်ခြင်းအား ကာကွယ်နိုင်ရန် ဆရာဝန်က အကြံဉာဏ်တွေ ပေးပါလိမ့်မယ်။

သွေးတိုး၊ဆီးချို၊ ဆေးလိပ်ဆွဲခြင်း၊ ကျန်းမာရေးနဲ့ မညီတဲ့ လူနေမှုပုံစံ နှင့် ကိုလက်စထရောများခြင်းတွေကို ကုသသင့်ပါတယ်။ ဆရာဝန်က သင့်ကို aspirin, clobidogrel and warfarin တွေ သောက်ခိုင်းစေပြီး သွေးကျဲစေပြီး သွေးခဲခြင်ကို ကာကွယ်ပါမယ်။ ပိတ်နေတဲ့ သွေးလွှတ်ကြောကို ဖွင့်ဖို့ ခွဲစိပ်ရနိုင်ချေ ၇၀ % ရှိပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက transient ischemic attack ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် transient ischemic attack ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • TIA ဖြစ်လျှင် ရောဂါလက္ခဏာတွေကို သေချာ အာရုံစိုက်ကြည့်ပါ။ ဘာလုပ်လိုက်လို့ လာဖြစ်တာလဲ။ အရင်က ဒီလိုမျိုးခ့စားရဖူးလား။ ဘယ်လောက်ကြာလဲ။ ဒီဟာတွေက ဆရာဝန်ကို ပြောပြရမယ့် အရေးကြီးတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။
  • ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေပဲ သောက်ပါ။ တချို့ဆေးတွေက ပုံမှန် သွေးစစ်ခြင်းတွေ လိုအပ်နိုင်ပါတယ်။
  • တခြားရောဂါတွေ ရှိလျှင် ဥပမာ ဆီးချိုသွေးချို။ ကိုလက်စထရောများခြင်း နှင့် သွေးတိုးခြင်းတို့ဖြစ်ပါတယ်။
  • ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန် ပြန်ပြပါ။
  • ဆေးသောက်နေစဉ် TIA ဖြစ်ခြင်း၊ ခေါင်းအလွန်ကိုက်ခြင်းက ပုံမှန်လို မဟုတ်လျှင်၊ဆေးများရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံနေရလျှင် ဆရာဝန်ကို ပြောပြပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Dr. K Zin Thwe
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. Kaung Thar မှ ရေးသားသည်။ · 29/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။