လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်ကို သွားတဲ့ သွေးကြောပိတ် ဒါမှမဟုတ် ပေါက်တဲ့အခါ လေဖြတ်ရောဂါ ဖြစ်တတ်ပါတယ်။ လေဖြတ်တာက အရေးပေါ် ကုသမှု လိုအပ်တဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေ ဖြစ်ပါတယ်။ အလားတူပဲ သွေးကြောဖောင်းတာ၊ သွေးကြောနံရံတွေ အားပျော့ပြီး ဖောင်းလာတာကလည်း ဖောက်ထွက်ပြီး အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ လေဖြတ်ခြင်းနဲ့ သွေးကြောဖောင်းခြင်း အကြောင်းတွေ၊ ကုသနည်းတွေ၊ ပြန်လည်ထူထောင်ရေး နည်းလမ်းတွေကို ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း (Transient Ischemic Attack) ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ များသောအားဖြင့် လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပြီး ဂရုမစိုက်ဘူးဆိုရင် သိပ်မကြာခင်ကာလမှာ လေဖြတ်ဝေဒနာခံစားရနိုင်ခြေ မြင့်မားလှပါတယ်။ ပုံမှန်အားဖြင့် Ministroke လို့လည်းခေါ်ဆိုကြတဲ့ ယာယီလေဖြတ်ခြင်း ဟာ လေဖြတ်ဝေဒနာနဲ့ လက္ခဏာအားလုံး တူညီနေတတ်ပါတယ်။ အဓိက ကွဲပြားချက်ကတော့ အချိန်ကာလဖြစ်ပြီးတော့ ယာယီလေဖြတ်တယ်ဆိုရင် အချိန်ကာလ အနည်းငယ်သာဖြစ်လေ့ဖြစ်ထရှိပါတယ်။ ယာယီလေဖြတ်တာဟာ မိနစ် အနည်းငယ်ကနေ နာရီပိုင်း၊ တစ်ခါတစ်ရံ ၂၄ နာရီဝန်းကျင်အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ယာယီလေဖြတ်တာဖြစ်ပြီး ၁ နှစ်ဝန်းကျင်မှာ လေဖြတ်ဝေဒနာကို ကြုံရတတ်ပါတယ်။ ဘာကြောင့် ယာယီလေဖြတ်ခြင်း ဖြစ်ရတာလဲ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်ဝေဒနာအမျိုးအစားတစ်မျိုးဖြစ်တဲ့ Ischemic Stroke နဲ့ မူလဇစ်မြစ်ခြင်းတူညီပါတယ်။ Ischemic Stroke ဖြစ်ရတဲ့အကြောင်းအရင်းက ဦးနှောက်ကို သွေးစီးဆင်းမှု နည်းပါးပြီး […]

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း ကို ရှာဖွေမည်။

လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောပေါက်၍ လေဖြတ်ခြင်းအကြောင်း

သွေးကြောပေါက် လေဖြတ်ခြင်းဆိုတာ ဦးနှောက်ထဲက သွေးကြောပေါက်သွားလို့ လေဖြတ်ခြင်း ဖြစ်ပါတယ်။ သွေးထွက်လာတဲ့အခါ ဦးနှောက်ဟာ ရောင်လာပြီး ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေပါတယ်။ လေဖြတ်ခြင်းရဲ့ ၁၃%ခန့်ဟာ သွေးကြောပေါက်လို့ လေဖြတ်ရခြင်း ဖြစ်ပါတယ်။ ဘယ်အရာတွေက သွေးကြောပေါက် လေဖြတ်ခြင်း ဖြစ်စေသလဲ အဓိကဖြစ်စေတဲ့ အရာများကတော့ ဦးနှောက်ဒဏ်ရာရခြင်း သွေးတိုးခြင်း သွေးကြောဖောင်းလာခြင်း ပုံမှန်မဟုတ်သော သွေးကြောများ သွေးရောဂါများ (hemophillia၊ sickle cell anemia စသည်) အသည်းအလုပ်မလုပ်ခြင်း ဦးနှောက်ကင်ဆာ စတာတွေပဲ ဖြစ်ပါတယ်။ လက္ခဏာတွေက ဘာတွေလဲ စကားပြောခက်ခဲခြင်း၊ မပီသခြင်းနဲ့ တခြားသူတွေ ဘာပြောနေတယ်ဆိုတာ နားလည်ဖို့ ခက်ခဲခြင်း ကိုယ်ခန္ဓာ တစ်ဖက်ဖက်တွင် ခြေလက်အားနည်းခြင်း မျက်လုံးတစ်ဖက်တွင်ဖြစ်စေ နှစ်ဖက်စလုံးဖြစ်စေ အမြင်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း ပြင်းထန်စွာခေါင်းကိုက်ခြင်း အန်ခြင်း မူးဝေခြင်း ကောင်းကောင်းမရပ်နိုင်ခြင်း လမ်းလျှောက်ရခက်ခြင်း စတာတွေ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောပိတ်လေဖြတ်ခြင်းအကြောင်း

အမေရိကန်နှလုံးအဖွဲ့အစည်းရဲ့ အဆိုအရ နှစ်စဉ်နှစ်တိုင်း လူ ၈သိန်းနီးပါးဟာ လေဖြတ်ခြင်းဒဏ် ခံစားရပြီး လေးပုံသုံးပုံခန့်ဟာ ပထမဆုံးအကြိမ် ဖြစ်ပွားတာတာလို့ သိရပါတယ်။ သွေးကြောပိတ်လို့ဖြစ်တဲ့ လေဖြတ်ခြင်းကတော့ အားလုံးရဲ့ ၈၅%ခန့် ရှိပါတယ်။ ဦးနှောက်ကိုသွားတဲ့ သွေးကြောအတွင်း သွေးခဲကြောင့် ပိတ်ဆို့တာဖြစ်ပြီး ဦးနှောက်ဟာ သွေးရရှိတာ နည်းသွားပါတယ်။ သန်းပေါင်းများစွာသော လူသားတို့ဟာ ဒီလေဖြတ်ခြင်း အမျိုးအစားကို အကြောင်းအမျိုးမျိုးကြောင့် ခံစားရပါတယ်။ သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။ ၁။ သွေးခဲပိတ်၍ လေဖြတ်ခြင်း သွေးခဲဟာ ဦးနှောက်ပြင်ပ အထူးသဖြင့် နှလုံးထဲမှာ ဖြစ်ပေါ်ပြီး သွေးစီးကြောင်းနဲ့အတူ ဦးနှောက်ထဲ ရောက်လာပါတယ်။ ဥိးနှောက်ဟာ လူတယောက်ရဲ့ တနေ့တာစွမ်းအင်ရဲ့ ၂၀%ကို အသုံးပြုပါတယ်။ ဒါကြောင့် အလွန်သေးငယ်တဲ့ သွေးကြောကလေးတွေဟာ ဦးနှောက်ထဲမှာ ရှိပါတယ်။ သွေးခဲဟာ ဦးနှောက်ထဲ ရောက်သွားတဲ့အခါ သေးငယ်တဲ့ သွေးကြောလေးတွေကို ပိတ်သွားစေပြီး […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်ခြင်း၏ စိတ်ပိုင်းဆိုင်ရာ ထိရောက်မှု

လေဖြတ်ခြင်းဟာ သင့်ဘဝရဲ့ အရာအားလုံးကို ရုတ်တရက် ပြင်းထန်စွာ ထိခိုက်သွားစေတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ လေဖြတ်သွားတဲ့ လူအများစုဟာ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းတွေ ဖြစ်တတ်ပါတယ်။ လေဖြတ်ခြင်း အတွေ့အကြုံတွေဟာ ကွာခြားနိုင်ပါတယ်။ ဒါပေမယ့် လူအများ တူညိစွာ ခံစားရတာကတော့ အရင်ကဘဝမျိုး ဆုံးရှုံးသွားပြီဆိုတဲ့ ခံစားမှုမျိုးဖြစ်ပါတယ်။ ဆုံးရှုံးမှုကြီးကြီးမားမား ရင်ဆိုင်ရသူများဟာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း ကြုံရပါတယ်။ ထိတ်လန့်ခြင်း၊ လက်မခံနိုင်ခြင်း၊ ဒေါသထွက်ခြင်း၊ ပူဆွေးခြင်းစတာတွေဟာ ဒီလိုကြီးမားတဲ့ အပြောင်းအလဲတွေကြုံရင် ပုံမှန်ခံစားရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ လေဖြတ်ပြီးနောက်မှာ ခံစားရမယ့်စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ကိုင်တွယ်ရင်ဆိုင်ဖို့ အလွန်ခက်ပါတယ်။ သင်ဘယ်လိုခံစားနေရသလဲ၊ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ မသိရင် အဲ့ဒီခံစားချက်တွေနဲ့ပဲ လွှမ်းမိုးသွားပြီး ပြသနာတွေပဲ ကြုံနိုင်ပါတယ်။ လေဖြတ်ပြိးချိန်ကြုံရတဲ့ စိတ်ခံစားမှုတွေဟာ အတိုင်းအတာ အမျိုးမျိုးရှိပါတယ်။ ဒီလိုခံစားရခြင်းဟာ ပုံမှန်ကိစ္စတခုပါ။ ဒါပေမယ့် သူတို့တွေက သင့်ဘဝကို […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဆယ်ကျော်သက်များနဲ့ လေဖြတ်ခြင်း

အရွယ်ရောက်ခါနီး လူငယ်တွေမှာ လေဖြတ်ခြင်းဟာ တကယ့်ကို ကံဆိုးခြင်းပါပဲ။ ဆယ်ကျော်သက်ဆိုတာ ဘဝမှာ သရဖူဆောင်းဖို့ ဟန်ပြင်နေချိန်ဖြစ်ပါတယ်။   ကလေးအထူးကု။ အသက်ဆယ်နှစ်လောက်အထိ အများစုဟာ ကလေးအထူးကုဆီ သွားပြရပါတယ်။ အချို့ကလေးကုသဌာနတွေမှာ လူငယ်တွေအတွက် ရည်ရွယ်တဲ့ အရွယ်ရောက်ဆေးပညာဌာနကိုပါ ဖွင့်လှစ်ထားတတ်ပါတယ်။ အရွယ်ရောက်စ လူငယ်များမှာ ကလေးများ၊ လူကြီးများနဲ့ မတူတဲ့ ကျန်းမာရေးပြသနာတွေ ရှိနေတတ်လို့ပါပဲ။ အာရုံကြောနှင့်လေဖြတ်ခြင်းအထူးကု။ လူငယ်တွေ လေဖြတ်ရင် ပိုပြီး အာရုံစိုက်ဖို့ လိုတာကြောင့် အာရုံကြောအထူးကုနဲ့ ဂရုတစိုက်ပြသဖို့ လိုပါတယ်။ လေဖြတ်တဲ့လူနာတွေကို အများဆုံးကြည့်ရှုတဲ့ ဆရာဝန်ရုံးခန်းဟာ သင့်ကို အကူအညီပိုပြိး ပေးနိုင်ပါတယ်။ ခွဲစိတ်ကုသမှုအပါအဝင် အထူးပစ္စည်းကိရိယာတွေ တပ်ဆင်ထားလို့ပဲ ဖြစ်ပါတယ်။ စာသင်ကျောင်း။ လေဖြတ်ပြီးနောက်ပိုင်း ကျောင်းမှာ အထူးသင်ထောက်ကူပစ္စည်းတွေ လိုအပ်ပါတယ်။ စာသင်ကျောင်းတွေမှာ သင်ဟာ အကူအညီ လိုအပ်သလား၊ ပြန်လည်ကောင်းမွန်လာနိုင်လား ဆိုတာ စစ်ဆေးပြီး ကူညီပေးနိုင်ပါတယ်။ တခါတရံ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးနှောက်သွေးကြောဖောင်းခြင်း ကနေ လေဖြတ်နိုင်ပုံကို လေ့လာကြည့်ရအောင်

ဦးနှောက်သွေးကြောဖောင်းခြင်း (Cerebral aneurysm) ဆိုတာ ဘာလဲ သွေးကြောဖောင်းခြင်းဆိုတာ သွေးကြောရဲ့ အားနည်းတဲ့နေရာကနေ ဖောင်းထွက်လာခြင်း ဖြစ်ပါတယ်။ သွေးကြောဟာ ပူဖောင်းလို ဖောင်းလာတယ်လို့ ဥပမာပေးကြပါတယ်။ ဦးနှောက်ရဲ့နက်ရှိုင်းတဲ့နေရာတွေမှာရှိတဲ့ အဓိကသွေးကြောတွေမှာ ဖြစ်တတ်ပါတယ်။ ခွဲစိတ်နေစဉ် သွေးကြောင်ဖောင်းတာကို လိုက်ရှာတဲ့အခါ ဦးနှောက်အသားတွေကို ဂရုတစိုက် ဖယ်ရှားကြည့်ရပါတယ်။ ဦးနှောက်သွေးကြောဖောင်းတာတွေဟာ ဦးနှောက်ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း သွေးလည်ပတ်တဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။   ဘယ်လောက်အဖြစ်များလဲ လူဦးရေရဲ့ ၁.၅ ကနေ ၅ရာခိုင်နှုန်း ခန့်ထိဟာ ဦးနှောက်သွေးကြောဖောင်းခြင်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အမေရိကန်ရဲ့ လူဦးရေ ၃ သန်းမှ ၅ သန်း အထိဟာ ဦးနှောက်သွေးကြောဖောင်းခြင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အများစုဟာ လက္ခဏာ မပြပါဘူး။ ဖြစ်ပွားသူတွေရဲ့ ဝ.၅ ကနေ ၃ ရာခိုင်နှုန်း ခန့်ဟာ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

သွေးကြောပေါက်လေဖြတ်ခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ဦးနှောက်အကျိတ်

ဦးနှောက်အကျိတ်ဟာ လေဖြတ်စေနိုင်ပေမယ့် လက္ခဏာတွေဟာ တခြားလေဖြတ်ခြင်းရဲ့ လက္ခဏာတွေနဲ့ ကွဲပြားပါတယ်။ ဦးနှောက်အကျိတ် သွေးယိုတဲ့အခါ တခြား သွေးကြောပေါက်လို့ လေဖြတ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ပါတယ်။ ဦးနှောက်အကျိတ် သွေးယိုခြင်းကြောင့် ဖြစ်တဲ့ လေဖြတ်ခြင်းဟာ ရှားပါးပြီး ဦးနှောက်တွင်း သွေးယိုတဲ့ အကြောင်းရင်းတွေရဲ့ ၁ ကနေ ၁၀% ထိ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ သွေးကြောပေါက်ခြင်း အပါအဝင် ဦးနှောက်တွင်း သွေးယိုခြင်း၊ amyloid ပရိုတိန်းကြောင့် သွေးကြောရောဂါဖြစ်ခြင်း၊ ဦးခေါင်းထိခိုက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဦးနှောက်အကျိတ် သွေးယိုစီးစေခြင်းဟာ အောက်ပါ အခြေအနေတွေမှာ မူတည်ပါတယ်။ အန္တရာယ်မရှိသေးသည့်အဆင့် အန္တရာယ်ပေးသည့်အဆင့် မူလအဆင့် ကူးစက်သည့်အဆင့် ဦးနှောက်အကျိတ်အမျိုးအစားအလိုက် ကွဲပြားတဲ့ ပုံစံတွေရှိပြီး သွေးယိုနိုင်ခြေ နည်းခြင်းများခြင်း ဖြစ်စေနိုင်ပါတယ်။ ဥပမာ - Pituitary adenoma […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ဦးခေါင်းထိခိုက်မိခြင်းဟာ လေဖြတ်စေနိုင်သလား

လေဖြတ်ခြင်းရဲ့ ၂၀%ခန့်ဟာ အသက် ၆၅ နှစ်အောက် အရွယ်တွေမှာ တွေ့ရတတ်ပြီး ဒီလေဖြတ်ရခြင်းရဲ့ အကြောင်းရင်းကတော့ နားလည်ရခက်နေဆဲပါပဲ။ ဦးခေါင်းပိုင်းထိခိုက်ခြင်းနဲ့ ခေါင်းထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရတဲ့အခါမှာ လေဖြတ်နိုင်ခြေ များတယ်လို့ သုတေသနတခုက ဆိုပါတယ်။ သုတေသီတွေ တွေ့ရှိတာကတော့ အသက် ၅၀အောက် အရွယ်တွေမှာ ထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရခြင်းမှာ အသက် ၅၀ကျော်အရွယ်တွေထက် ပိုဖြစ်တတ်ပါတယ်။ တကယ်တော့ အသက် ၅၀အောက် တစုံတယောက်အတွက် လေဖြတ်နိုင်ခြေ သိပ်တော့မရှိပါဘူး။ ဒါကြောင့် ၃၀ % လောက် ဖြစ်နိုင်ခြေများလာခြင်းဟာ တယောက်ချင်းစီကိုတော့ သိပ်ပြီး ထိရောက်မှု မရှိပါဘူး။   အကြောင်းရင်းများ ထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရခြင်းဟာ ဦးခေါင်း ဒါမှမဟုတ် ကိုယ်ခန္ဓါကို ထိခိုက်မိလို့ ဒဏ်ရာရစေလို့ ဖြစ်ပါတယ်။ ဒဏ်ရာအတိမ်အနက်ဟာ အဖြစ်အပျက်ရဲ့ သဘောသဘာဝ၊ ထိခိုက်တဲ့အား စတဲ့ အကြောင်းများစွာပေါ် မူတည်ပါတယ်။ ဒဏ်ရာနဲ့ပတ်သက်လို့ အောက်ပါအချက်တွေမှာ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

Lupus ဟာ လေဖြတ်ခြင်းကို ဖြစ်စေသလား

Lupus ဆိုတာ နာတာရှည် ရောင်ရမ်းနာဖြစ်ပြီး သင့်ကိုယ်ထဲက ကိုယ်ခံအားစနစ်ဟာ သင့်ကိုယ်ပိုင် တစ်သျှူးနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်ရင် ဖြစ်တတ်ပါတယ်။ Lupus ကြောင့် ရောင်ရမ်းခြင်းဟာ ကိုယ်ခန္ဓါရဲ့ စနစ်အမျိုးမျိုးကို သက်ရောက်မှုရှိပါတယ်။ အဆစ်အမြစ်တွေ၊ ကျောက်ကပ်၊ သွေးဆဲလ်၊ ဦးနှောက်၊ နှလုံးနဲ့ အဆုတ် စတာတွေ ဖြစ်ပါတယ်။ လက္ခဏာများ Lupus ရဲ့ လက္ခဏာတွေဟာ ရောဂါကြောင့် ဘယ်နေရာကို ထိခိုက်တယ်ဆိုတာပေါ် မူတည်ပါတယ်။ အတွေ့အများဆုံးလက္ခဏာတွေကတော့ - ပင်ပန်းနွမ်းနယ်ခြင်း၊ ဖျားခြင်း အဆစ်အမြစ်နာခြင်း၊ တောင့်တင်းခြင်း၊ ယောင်ခြင်း မျက်နှာတွင် ပါးနှင့်နှာခေါင်းကိုဖုံးသော လိပ်ပြာသဏ္ဍာန် အကွက်ပေါ်လာခြင်း နေရောင်ထိသောအခါ အရေပြားပြသနာ ပိုဆိုးခြင်း အေးသောအခါ၊ ဖိအားများသောအခါ လက်ချောင်းခြေချောင်းများ ဖြူခြင်း ပြာခြင်း အသက်ရှူမြန်ခြင်း ရင်ဘတ်အောင့်ခြင်း မျက်လုံးခြောက်သွေ့ခြင်း ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

ကလေးလေဖြတ်ခြင်းကြောင့်ဖြစ်စေသော ပြဿနာများ

လေဖြတ်ခြင်းဟာ အသက်ကြီးပိုင်းများမှာ အဖြစ်များတယ်ဆိုပေမယ့် တခါတရံ ကလေးသူငယ်များမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးများမှာ လေဖြတ်ရတဲ့အကြောင်းရင်းဟာ လူကြီးတွေနဲ့ ကွာခြားပါတယ်။ လေဖြတ်ခြင်းဟာ ဦးနှောက်ကိုသွားတဲ့ သွေးထောက်ပံ့မှု ပြတ်တောက်သွားတဲ့အခါ ဖြစ်တတ်ပါတယ်။ အဓိကအားဖြင့် လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။ သွေးမရ၍လေဖြတ်ခြင်းဟာ ဦးနှောက်ကို လာတဲ့ သွေးစီးဆင်းမှုကို ပိတ်ဆို့မိရင် ဖြစ်တတ်ပြီး သွေးယိုပြီးဖြစ်တဲ့ လေဖြတ်ခြင်းကတော့ ဦးနှောက်ကို သွားတဲ့ သွေးကြောပေါက်ရင် ဖြစ်တတ်ပါတယ်။ လူကြီးတွေမှာ ၈၀%ခန့်ဟာ သွေးကြောပိတ်ခြင်းကြောင့်ဖြစ်ပြီး ၂၀% ခန့်ဟာ ဥိးနှောက်တွင်း သွေးယိုခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ကလေးတွေမှာတော့ ဖြစ်နိုင်ခြေ အတူတူပဲ ဖြစ်ပါတယ်။ ကလေးတွေမှာလည်း ယာယီလေဖြတ်ခြင်း (TIA) ဖြစ်တတ်ပါတယ်။ ယာယီလေဖြတ်ခြင်းဟာ ဦးနှောက်ရဲ့ သွေးလည်ပတ်မှု ခဏ ရပ်တန့်သွားလို့ ဖြစ်ပါတယ်။ လက္ခဏာတွေဟာ မိနစ်အနည်းငယ်၊ နာရီပိုင်းလောက်ပဲ […]


လေဖြတ်ခြင်းနှင့် ဦးနှောက်သွေးကြောဖောင်းခြင်း

လေဖြတ်နိုင်ခြေမြင့်စေသည့် အကြောင်းရင်းများကို သိပါသလား

ဘယ်သူမဆို အသက်အရွယ်မရွေး လေဖြတ်နိုင်ပါတယ်။ သင့်မှာ လေဖြတ်နိုင်ခြေမြင့်စေတဲ့ အကြောင်းတွေ ရှိနေရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။ သင့်ကိုယ်သင်နဲ့ သင်ချစ်ခင်သူတွေကို လေဖြတ်ခြင်းက ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဖြစ်ပွားနိုင်ခြေ အန္တရာယ်တွေကို နားလည်ပြီး လုပ်ဆောင်သင့်တာတွေ လုပ်ဆောင်ဖို့ပါပဲ။ လေဖြတ်နိုင်ခြေမြင့်စေသည့် အကြောင်းရင်းများ အသက်အရွယ်။ အသက် ၅၅နှစ်ကျော်ရင် တခြား အသက်အရွယ်တွေထက် လေဖြတ်နိုင်ခြေ နှစ်ဆရှိပါတယ်။ လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းတွေမှာ အဖြစ်များပေမယ့် အသက် ၅နှစ်အောက်မှာလည်း ဖြစ်တတ်ပါတယ်။ မိသားစုရာဇဝင်။ သင့်မိသားစုဝင်တဦးဦး လေဖြတ်ဖူးရင် သင့်မှာလည်း ဖြစ်ပွားနိုင်ခြေ များပါတယ်။ အချို့သော လေဖြတ်ခြင်းမျိုးဟာ မျိုးရိုးဗီဇပြသနာကြောင့် ဖြစ်ပါတယ်။ ဥပမာ Cerebral Autosomal Dominant Arteriopathy ဖြစ်ပြီး Sub-cortical Infarcts နဲ့ Leukoencephalopathy (CADASIL) ရတာမျိုး ဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း