သွေးအားနည်းရောဂါများ

သွေးအားနည်းရောဂါများ ဟာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့အတွက် ဖြစ်ရတဲ့ အကြောင်းရင်း၊ လက္ခဏာနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

သွေးအားနည်းရောဂါများ

သွေးအားနည်းရောဂါ (Anemia)

သွေးအားနည်းရောဂါဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပေါ့။ သွေးအားနည်းတာက အချို့သောကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတစ်ခုဆိုလည်း မများပါဘူး။ ဒီဆောင်းပါးလေးထဲမှာ သွေးအားနည်းရောဂါနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။ သွေးအားနည်းရောဂါ ဆိုတာ ခန္ဓာကိုယ်ထဲမှာ ကျန်းမာတဲ့ သွေးနီဥဆဲလ် အရေအတွက် တအားနည်းသွားတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်လာပါတယ်။ သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်တွေသယ်ပို့ပေးတာပါ။ သွေးနီဥဆဲလ်အရေအတွက် နည်းသွားတဲ့အခါ  ကိုယ်ထဲမှာ အောက်ဆီဂျင်ပမာဏ ကျသွားသလို သွေးမာဏလည်း ကျသွားပါတယ်။ သွေးအားနည်းရောဂါရဲ့ အတွေ့ရ အများဆုံး လက္ခဏာက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မရောက်ရှိတာပါ။ သွေးအားနည်းရောဂါ ခံစားနေရသလားဆိုတာကို သွေးနီဥဆဲလ်တွေထဲက ပရိုတင်း တစ်မျိုးဖြစ်တဲ့ ဟီမိုဂလိုဘင်ကို တိုင်းတာပြီး သိရှိနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားနေရသူတွေမှာ သွေးအားနည်းရောဂါ […]

သွေးအားနည်းရောဂါများ ကို ရှာဖွေမည်။

သွေးအားနည်းရောဂါများ

သလဆီးမီးယား သွေးအားနည်းရောဂါကို ဘယ်လိုကုသမလဲ

သလဆီးမီးယားရောဂါအတွက် ကုသမှုဟာ ရောဂါရဲ့ အမျိုးအစားနဲ့ ပြင်းထန်မှုအပေါ် မူတည်ပါတယ်။ ရောဂါဗီဇ သယ်ဆောင်သူများ ဒါမှမဟုတ် အယ်လ်ဖာအမျိုးအစား၊ ဘီတာအမျိုးအစားများဟာ ရောဂါလက္ခဏာ သိပ်မပြင်းထန်သလို လက္ခဏာ မပြတာလည်း ရှိတတ်ပါတယ်။ ကုသမှုအနည်းငယ်၊ ဒါမှမဟုတ် လုံးလုံး မလိုအပ်ဘဲ ရှိနိုင်ပါတယ်။ အတော်အတန် ပြင်းထန်တဲ့ သလဆီးမီးယားနဲ့ ဆိုးရွားတဲ့ သလဆီးမီးယား အမျိုးအစားတွေမှာ စံပြုကုသမှု ၃မျိုးနဲ့ ကုသလေ့ရှိပါတယ်။ အဲဒီကုသမှုတွေကတော့ သွေးသွင်းခြင်း၊ သံဓါတ်ဓါတ်ပြုကုထုံး၊ ဖောလစ်အက်ဆစ်အားဖြည့်သုံးစွဲခြင်း စတာတွေ ပါဝင်ပါတယ်။ တခြားနည်းစနစ်တွေ ရှိသေးပေမယ့် သိပ်မသုံးကြပါဘူး။   စံပြုကုသမှုများ သွေးသွင်းခြင်း သွေးနီဥဆဲလ်များပေးခြင်းကို အတော်အတန်ပြင်းထန်တဲ့ သလဆီးမီးယားနဲ့ ဆိုးရွားတဲ့ သလဆီးမီးယား အမျိုးအစားတွေမှာ လုပ်ဆောင်ပါတယ်။ ဒီကုသမှုကတဆင့် ပုံမှန်ဟေမိုဂလိုဘင်ပါဝင်တဲ့ ကောင်းမွန်တဲ့သွေးဆဲလ်တွေ ရရှိနိုင်ပါတယ်။ သွေးသွင်းခြင်းအတွက် သွေးပြန်ကြောထဲကို အပ်ထည့်ပြီး ပိုက်မှတဆင့် သွင်းပါတယ်။ သွေးသွင်းရာမှာ ၁နာရီမှ […]


သွေးအားနည်းရောဂါများ

Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Hemolytic anemia (သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ ) ကဘာလဲ။ သွေးကြောပြင်ပတွင် သွေးနီဥ ပေါက်ကွဲသည့် သွေးအားနည်းရောဂါ သည် ကိုယ့်ဆဲလ်ကို ဖျက်ဆီးသော ခုခံအား စနစ် autoimmune ကြောင့် ဖြစ်သည်။ ကောင်းသော သွေးနီဥများကို ဘေလုံး (spleen) မှ ဖျက်ဆီး သောကြောင့် သွေးအားနည်း လာရခြင်းဖြစ်သည်။ အခြား သွေးနီဥ ပေါက်ကွဲစေသည့် အကြောင်းများမှာ – ကူးစက်ရောဂါ အကျိတ်များ ကိုယ့်ဆဲလ်ကို ဖျက်ဆီးသော ခုခံအား စနစ် (autoimmune) ဆေး ဘေးထွက် ဆိုးကျိုး သွေးကင်ဆာ အကျိတ်ကင်ဆာ သွေးကြောထဲတွင် ပေါက်ကွဲသော သွေးအားနည်းရောဂါမှာ သင့်ခန္တာကိုယ်မှ ပုံစံ ချို့ယွင်းနေသော သွေးနီဥ ထုတ်လုပ်သော ကြောင့် ဖြစ်သည်။ မျိုးရိုးလိုက် တတ်သည်။ sickle cell anemia နှင့် Thalassaemia တို့ဖြစ်သည်။ Hemolytic anemia (သွေးနီဥ […]


သွေးအားနည်းရောဂါများ

Aplastic Anemia (ရိုးတွင်းချည်ဆီပျက်စီး၍ သွေးအားနည်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Aplastic Anemia (ရိုးတွင်းချည်ဆီပျက်စီး၍ သွေးအားနည်းခြင်း ) ကဘာလဲ။ ရိုးတွင်းချည်ဆီပျက်စီး၍သွေးအားနည်းခြင်းဆိုသည်မှာ ခန္ဓါကိုယ်မှ သွေးဆဲလ်အသစ်များထုတ်လုပ်ခြင်း ရပ်တန့်သွားခြင်းဖြစ်ပါတယ်။ ထိုသို့သွေးအားနည်းခြင်းဖြစ်လာလျှင် မောပန်းခြင်း ၊ ရောဂါပိုးများဝင်ရောက်လွယ်ခြင်းနှင့် သွေးထွက်လွယ်ခြင်းတို့ဖြစ်စေပါတယ်။   Aplastic Anemia (ရိုးတွင်းချည်ဆီပျက်စီး၍ သွေးအားနည်းခြင်း ) က ဘယ်လောက်အဖြစ်များသလဲ   ရိုးတွင်းချည်ဆီပျက်စီးခြင်းလို့သိကြတဲ့ ရိုးတွင်းချည်ဆီပျက်စီးပြီး သွေးအားနည်းခြင်းဟာ ရှားပါးပြီး အမေရိက သွေးဂျာနယ်ရဲ့စစ်တမ်းများအရ နှစ်စဉ် လူတစ်သန်းမှာ ဝ.၇ မှ ၄.၁ ရာခိုင်နှုန်းအထိဖြစ်လေ့ရှိပါတယ်။ ဆီးချိုသွေးချို ၊အစာအိမ်နှင့် ကျောက်ကပ်ရောဂါဌာနမှအချက်အလက်များအရ ထိုရောဂါဟာ ယောက်ျားလေးရော မိန်းကလေးရောတွင် ညီမျှစွာဖြစ်လေ့ရှိပြီး အသက်၂၀ နှင့် ၂၅ ကြား နှင့် အသက် ၆၀ အထက်ပိုင်းများတွင်ဖြစ်တာတွေ့ရပါတယ်။ အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့်ဆက်လက်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAplastic Anemia (ရိုးတွင်းချည်ဆီပျက်စီး၍ သွေးအားနည်းခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့…… – မောပန်းခြင်း ၊ – […]


သွေးအားနည်းရောဂါများ

Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ကဘာလဲ။ အဖြစ်အများဆုံးသွေးအားနည်းခြင်း(ကျန်းမာသောသွေးနီဥနည်းခြင်း)ပုံစဖြစ်သည်။ သွေးနီဥများသည် အောက်စီဂျင်ကိုခန္ဓါကိုယ်တစ်သျူးများစီသို့ပို့ပေးသည်။ နာမည်အတိုင်း သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်သော သွေးအားနည်းခြင်းသည် သံဓါတ်အားနည်းခြင်းကြောင့်ဖြစ်သည်။ သံဓါတ်မလုံလောက်သောကြောင့် သွေးနီဥအတွင်းရှိအောက်စီဂျင်သယ်ယူပေးသောအရာကိုခန္ဓါကိုယ်မှကောင်းစွာမထုတ်နီုင်တော့ပေ။ ထို့ကြောင့်သင့်အား ပင်ပန်းစေခြင်း အသက်ရူရခက်ခြင်းများဖြစ်စေသည်။ သံဓါတ်အားနည်းခြင်းကို သံဓါတ်အားဖြည့်ဆေးများဖြင့်ပြန်ဖြည့်နိုင်သည်။ သို့သော်အကယ်၍ အတွင်းပိုင်းသွေးထွက်သည်ဟု သံသယရှိပါက စမ်းသပ်မှုကုသမှုများလိုတတ်သည်။ Iron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသမီးများနှင့် သံဓါတ်ပါသောအစားအစာကိုရှောင်သူများတွင် ပိုဖြစ်တတ်သည်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများIron Deficiency Anemia (သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အလွန်မောပန်းလွယ်ခြင်း အားနည်းခြင်း ဖြူဖျော့ခြင်း ရင်ဘတ်အောင့်ခြင်း ရင်ခုန်နှုန်းမြန်ခြင်း အသက်ရူကြပ်ခြင်း ခေါင်းကိုက်ခြင်း မူခြင်း လက်ဖျားခြေဖျားအေးခြင်း လျှာယောင်ခြင်း သို့မဟုတ် အနာဖြစ်ခြင်း လက်သည်းများကျွတ်ဆက်ခြင်း အာဟာရမရှိသောအစားများအားစားချင်စိတ်ပြင်းခြင်း ဥပမာ ရေခ၊ဲ ဖုန်များ မစားချင်မသောက်ချင်ခြင်း (ကလေးငယ်များနှင့် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ရှိသောကလေးများတွင်ပိုဖြစ်တတ်သည်) အချို့သောကိစ္စများတွင် ရောဂါမပြင်းထန်တတ်ပေ။ သို့သော် သံဓါတ်ချို့တဲ့ခြင်ကြောင့်ဖြစ်သောသွေးအားနည်းရောဂါ ပိုဆိုးလာပါက ရောဂါလက္ခဏာများပေါ်လာတတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် […]


သွေးအားနည်းရောဂါများ

Thalassemia (သာလာဆီးမီးယားရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Thalassemia (သာလာဆီးမီးယားရောဂါ) ကဘာလဲ။ သာလာဆီးမီးယားရောဂါဆိုတာ သာလာဆီးမီးယားဆိုသည်မှာ ပုံမှန်မဟုတ်သော ဟီမိုဂလိုဘင်(သွေးနီဥဆဲလ်တွင် အောက်ဆီဂျင်ကို သယ်ဆောင်သော ပရိုတင်း)ကို ခန္ဓါကိုယ်မှ ထုတ်လုပ်သောရောဂါဖြစ်သည်။ သွေးနီဥကို ခန္ဓါကိုယ်မှ အလွန်အကျွံဖျက်စီးသဖြင့် သွေးအားနည်းခြင်းကို ဖြစ်စေသည်။   Thalassemia (သာလာဆီးမီးယားရောဂါ) က ဘယ်လောက်အဖြစ်များသလဲ သာလာဆီးမီးယားသည် မျိုးရိုးလိုက်သော ရောဂါတစ်မျိုးဖြစ်သည်။ ဆိုလိုသည်မှာ ရောဂါသည်၏ မိဘတစ်ဦးဦးသည် မျိုးဗီဇဖောက်ပြန်ခြင်း သို့မဟုတ် အရေးကြီးသော မျိုးဗီဇအပိုင်းအစတစ်ခုခု ပျက်စီးခြင်းကြောင့် ရောဂါသယ်ဆောင်သူ ဖြစ်နေရမည်။ အဓိက သာလာဆီးမီးယားနှစ်မျိုးမှာ အယ်လ်ဖာ နှင့် ဘီတာဖြစ်သည်။ အယ်လ်ဖာသာလာဆီးမီးယားတွင် အယ်လ်ဖာဂလိုဘင်၏ မျီုးဗီဇအနည်းဆုံးတစ်ခု ဖောက်ပြန်ခြင်း၊ မူမမှန်ခြင်း ဖြစ်မည်။ ဘီတာသာလာဆီးမီးယားတွင် ဘီတာဂလိုဘင် မျိုးဗီဇများ ထိခိုက်မှုဖြစ်မည်။ လက္ခဏာများThalassemia (သာလာဆီးမီးယားရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ သာလာဆီးမီးယားအမျိုးအစားပေါ်မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်သည်။ သာလာဆီးမီးယားအပျော့စား သာလာဆီးမီးယားအပျော့စားသည် များသောအားဖြင့် ရောဂါလက္ခဏာမပြပါ။ ပြလျှင်လည်း မပြင်းထန်သော သွေးအားနည်းခြင်းသာ ဖြစ်နိုင်သည်။ ဘီတာသာလာဆီးမီးယား ဘီတာသာလာဆီးမီးယားတွင် ပြင်းထန်သောရောဂါ […]


သွေးအားနည်းရောဂါများ

Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ကဘာလဲ။ ရိုးတွင်းချဉ်ဆီမှ သွေးနီဥအများကြီးထုတ်စေတဲ့ ဖြည်းဖြည်းချင်းကြီးပွားတဲ့သွေးကင်ဆာအမျိုးအစားဖြစ်ပါတယ်။ သွေးဆဲလ်အမျိုးအစားအားလုံးကို သက်ရောက်ပေမယ့် သွေးနီဥအပေါ်မှာတော့ သက်ရောက်မှုအများဆုံးဖြစ်ပါတယ်။ သွေးဆဲလ်တွေူများလာခြင်းက သွေးခဲနိုင်ချေများခြင်းစတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေပါတယ်။ လက္ခဏာတွေက ဖြည်းဖြည်းချင်းသာ ကြီးထွားလာကြပါတယ်။ လက္ခဏာမပြခင် နှစ်ပေါင်းများစွာကြာနိုင်ပါတယ်။ အစောပိုင်းကုသမှုပေးနိုင်ခြင်းက ပြဿနာကိုသေးငယ်စေပါတယ်။ မကုသဘဲထားမယ်ဆိုရင်တော့ အသက်အန္တရယ်များစေပြီး ပိုပြင်းထန်တဲ့သွေးက်ငဆာကိုဖြစ်စေပါတယ်။ Polycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) က ဘယ်လောက်အဖြစ်များသလဲ ရောဂါက သိပ်တော့အဖြစ်မများပါဘူး။ အမျိုးသားတွေမှာ အမျိုးသမီးတွထက် ပိုအဖြစ်များပါတယ်။ အသက်၄၀အောက်တွေမှာ တွေရလေ့မရှိပါဘူး။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPolycythemia Vera (ပိုလီစိုက်သီးမီးရား ဗီရာ) ရဲ့လက္ခဏာတွေကဘာတွေလဲ Polycythemia vera ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ လှဲနေချိန်တွင် အသက်ရှူခက်ခြင်း မူးဝေခြင်း သွေးထွက်များခြင်း အစာမကျေခြင်း ရင်ပြည့်ရင်ကယ်ခံစားရခြင်း( ဘေလုံးကြီးနေငြခ်းကြေင့်ဖြစ်ပါတယ်။ ) ခေါင်းကိုက်ခြင်း ယားယံခြင်း အထူးသဖြင့် ရေပူချိုးပြီးချိန်မှာ အရေပြားနီခြင်း အထူးသဖြင့်မျက်နှာ အသက်ရှူတိမ်ခြင်း အရေပြားအနီးသွေးပြန်ကြောများအတွင် သွေးခဲခြင်းလက္ခဏာများ အရေပြားပြာခြင်း မောပန်းနွမ်းနယ်ခြင်း အနီစက်များပေါ်ခြင်း အမြင်အာရု့ံ့ပိုင်းဆိုင်ရာပြဿနာများ သွေးနီဥများခြင်းက သွေးကုပျစ်စေပြီး သွေးလှည့်ပတ်မှုကိုနှေးစေတာကြောင့် သွေးခဲဖြစ်နိုင်ချေကိုများစေပါတယ်။ […]


သွေးအားနည်းရောဂါများ

Vitamin B12 Deficiency Anemia (ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့လို့ဖြစ်တဲ့သွေးအားနည်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Vitamin B12 Deficiency Anemia (ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့လို့ဖြစ်တဲ့သွေးအားနည်းခြင်း ) ကဘာလဲ။ သင့်မှာ ဗိုက်တာမင် ဘီ ၁၂ ( B12) ချို့တဲ့ တယ်ဆိုတာက သင့် ခန္ဓါကိုယ်အတွက် ဒီ ဗိုက်တာမင်အမျိုးအစား လုံလောက်မှုမရှိတော့တာကို ဆိုလိုပါတယ်။ ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်မှာ အောက်စီဂျင်ကို သယ်ပေးတဲ့သွေးနီဥတွေ ထုတ်လုပ်နိုင်ဖို့အတွက် ဗိုက်တာမင် B12 ကို လိုအပ်ပါတယ်။ အဲဒါကြောင့် ဗိုက်တာမင် B12 နည်းသွားပြီဆိုရင် အလုပ်လုပ်ဆောင် ပေးနေတဲ့ သွေးနီဥတွေ လုံလုံလောက်လောက် မထုတ်နိုင်တော့တဲ့ အတွက် သွေးအားနည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ သွေးအားနည်းခြင်း ဖြစ်တဲ့အခါမှာ သင့်ကို အားအင်လျော့နည်းစေပြီး ပင်ပန်းလွယ်စေနိုင်ပါတယ်။ ဗိုက်တာမင် B12ချို့တဲ့ခြင်းက သင့်ရဲ့ အာရုံကြောတွေကိုလည်းထိခိုက်စေနိုင်တဲ့ […]


သွေးအားနည်းရောဂါများ

Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Folate Deficiency Anemia (ဖောလစ်အက်ဆစ်ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်း ) ကဘာလဲ။ ဖောလစ်အက်ဆစ် ချို့တဲ့ခြင်း ကြောင့် ဖြစ်တဲ့ သွေးအားနည်းခြင်းဆိုတာ သွေးထဲမှာ ဖောလစ်အက်ဆစ် မရှိတာကို ခေါ်ပါတယ်။ folic acid(ဖောလစ်အက်ဆစ်) ဆိုတာဟာ သင့် ခန္ဓါကိုယ် အတွက် သွေးနီဥတွေ ထုတ်ပေးဖို့ ကူညီပေးနိုင်တဲ့ ဗိုက်တာမင် B တစ်မျိုးဖြစ်ပါတယ်။ သင့်မှာ သွေးနီဥတွေ လုံလုံလောက်လောက်မရှိရင် သွေးအားနည်းခြင်း ဖြစ်လာမှာပါ။ သွေးနီဥတွေဟာ ခန္ဓါကိုယ် အစိတ်အပိုင်းတွေအားလုံးကို အောက်စီဂျင် ပို့ဆောင်ပေးပါတယ်။ သွေးအားနည်းခြင်း ဖြစ်လာပြီဆိုရင်တော့ သွေးတွေကို တစ်ရှုး၊ အသားတွေအားလုံးဆီကို အောက်စီဂျင်တွေ လုံလုံလောက်လောက် မပို့ပေးနိုင်တော့ ပါဘူး။ အောက်စီဂျင် လုံလုံလောက်လောက် မရှိတဲ့ အတွက် သင့် ခန္ဓါကိုယ်ကလည်း လုပ်သင့်သလောက် ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး။ Folic […]


သွေးအားနည်းရောဂါများ

Anemia (သွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anemia (သွေးအားနည်းရောဂါ) ကဘာလဲ။ သွေးအားနည်းရောဂါဆိုသည်မှာ သင့်ခန္ဓါကိုယ်တွင် hemoglobin ( တစ်ရှူးများထံသို့ အောက်စီဂျင်သယ်ပေး သော ကျန်းမာသော သွေးနီဥဆဲလ်များ) မလုံလောက်သော ကြောင့် ခံစားရသော အခြေအနေတစ်ခု ဖြစ်သည်။ သွေးအားနည်းရောဂါ ဖြစ်ပါက သင့်ခန္ဓါကိုယ်သည် အောက် စီဂျင် လုံလောက်စွာ မရရှိ၍ လုပ်ငန်းကောင်းစွာ မလုပ်နိုင်ပါ။ သွေးအားနည်းရောဂါ အမျိုးအစား များစွာ ရှိပါသည်။ အဖြစ်အများဆုံး အမျိုးအစားများမှာ- သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ။ နာမည် အတိုင်းပင် သံဓါတ်ချို့တဲ့ပါက သံဓါတ်ချို့တဲ့သော သွေးအားနည်းရောဂါ ဖြစ်ပွားသည်။ သံဓါတ်မရှိပါက ရိုးတွင်းခြင်ဆီသည် လုံလောက်သော hemoglobin မထုတ်လုပ်နိုင်ပါ။ ဗီတာမင် ချို့တဲ့သော သွေးအားနည်းရောဂါ။ ကျန်း မာသော သွေးနီဥဆဲလ်များ ထုတ်လုပ်နိုင်ရန် folate နှင့် ဗီတာမင် ဘီ ၁၂ လိုအပ်သည်။ အချို့တွင် […]


သွေးအားနည်းရောဂါများ

Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) ကဘာလဲ။ အတွေ့ရများဆုံးသွေးဆဲလ်အမျိုးအစားဖြစ်တဲ့ သွေးနီဥဆဲလ်တွေဟာ သွေးစီးကြောင်းကနေ တစ်ဆင့် တစ်ရှူးတွေဆီကိုလိုအပ်တဲ့ အောက်ဆီဂျင်တွေ ရောက်ရှိအောင် ပို့ဆောင်ပေးပါတယ်။ အိုမင်းသွားတဲ့ သွေးနီဥဆဲလ်တွေနေရာမှာ အသစ်တွေအစားထိုးဖို့ ဗီတာမင်ဘီနဲ့ ဖောလစ်အက်ဆစ်က အဓိက လုပ်ဆောင်ပေးပါတယ်။ သွေးနီဥဆဲလ်လောင်းလေးတွေ ရင့်ကျက်တဲ့ သွေးနီဥဆဲလ်အဖြစ် ပြောင်းလဲလာဖို့ လိုအပ်တဲ့အာဟာရတွေဖြစ်ပါတယ်။ ဒီအာဟာရတွေချို့တဲ့သွားချိန်မှာတော့ သွေးနီဥဆဲလ်လောင်း ဘဝနဲ့တင်ပျက်စီးသွားပါတယ်။ ရင့်ကျက်သော သွေးနီဥဆဲလ်ဖြစ်ပွားမှုနည်းသွားပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။   Vitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ သွေးအားနည်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ။ အဖြစ်များတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။ ဖြစ်စေတဲ့အကြောင်းတွေကို ရှောင်ကြဉ်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်။ လက္ခဏာများVitamin B12 And Folate Deficiency Anemia (ဗီတာမင်ဘီ၁၂နှင့် သံဓါတ်ချို့တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း