သွေးအားနည်းရောဂါ (Anemia)
သွေးအားနည်းရောဂါဆိုတာက ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံလောက် ခံစားနေရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပေါ့။ သွေးအားနည်းတာက အချို့သောကျန်းမာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတစ်ခုဆိုလည်း မများပါဘူး။ ဒီဆောင်းပါးလေးထဲမှာ သွေးအားနည်းရောဂါနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပါမယ်။ သွေးအားနည်းရောဂါ ဆိုတာ ခန္ဓာကိုယ်ထဲမှာ ကျန်းမာတဲ့ သွေးနီဥဆဲလ် အရေအတွက် တအားနည်းသွားတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်လာပါတယ်။ သွေးနီဥဆဲလ်တွေက ခန္ဓာကိုယ်က တစ်ရှူးတွေဆီကို အောက်ဆီဂျင်တွေသယ်ပို့ပေးတာပါ။ သွေးနီဥဆဲလ်အရေအတွက် နည်းသွားတဲ့အခါ ကိုယ်ထဲမှာ အောက်ဆီဂျင်ပမာဏ ကျသွားသလို သွေးမာဏလည်း ကျသွားပါတယ်။ သွေးအားနည်းရောဂါရဲ့ အတွေ့ရ အများဆုံး လက္ခဏာက ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ တစ်ရှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် လုံလောက်အောင် မရောက်ရှိတာပါ။ သွေးအားနည်းရောဂါ ခံစားနေရသလားဆိုတာကို သွေးနီဥဆဲလ်တွေထဲက ပရိုတင်း တစ်မျိုးဖြစ်တဲ့ ဟီမိုဂလိုဘင်ကို တိုင်းတာပြီး သိရှိနိုင်ပါတယ်။ အမျိုးသမီးတွေနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ ခံစားနေရသူတွေမှာ သွေးအားနည်းရောဂါ […]
































