အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားပင့်တင်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်   ရင်သားပင့်တင်ခြင်း-၎င်းကို mastopexy လို့လည်းခေါ်ပါတယ်။ ခွဲစိတ်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးတော့ သင့်ရဲ့ရင်သားပုံစံကို ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ ရင်သားပင့်တင်ခြင်း၊ ပြင်ဆင်ခြင်းလုပ်တဲ့အခါမှာ ပိုနေတဲ့ အရေပြားတွေကိုဖယ်လိုက်ပြီးတော့ရင်သား တစ်ရှုးတွေကိုပြန်လည်ပုံစံပြောင်းကာ ရင်သားကိုတင်းတင်းရင်းရင်းရှိပြီး အပေါ်လေးမှာ တင်နေအောင်ပြန်လည်ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ရင်သားပင့်တင်ပြုပြင်ခြင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။   ရင်သားပင့်တင်ပြုပြင် ခွဲစိတ်ခြင်းဆိုတာ ပိုနေတဲ့အရေပြား အစိတ်အပိုင်းတွေကို ဖယ်ရှားပစ်ပြီးတော့ ရင်သားပုံစံမပျက်အောင် ပုံဖော်ခြင်းနဲ့ တင်းရင်းအောင်ပြုပြင်ပေးခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ရင်သားကို တင်ရင်းအောင်နဲ့ ပင့်တင်ကြပါတယ်။ ရင်သား ပင့်တင်ခြင်းက areola ရဲ့ အရွယ်အစားကိုပါ သေးသွားစေပါတယ် အချိန်ကြာလာတာနဲ့အမျှ ပြန်ပြီးကြီးနိုင်ပါတယ်။   ဘယ်လိုလူတွေလုပ်သင့်သလဲ။   ၁။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်အချိန်မှာ ပြုလုပ်သင့်သလဲ။   တကယ်လို့ သင့်မှာ ရင်သားတွဲလာတာရှိရင်သို့မဟုတ် သင့်နို့သီးခေါင်းက အောက်ကိုတွဲကျနေတယ်ဆိုရင် သင်က ရင်သားပင့်တင်ပြုပြင်ခြင်းကို ပြုလုပ်သင့်ပါတယ်။ ရင်သားပင့်တင်ပြုပြင်ခြင်းက သင့် ပုံစံနဲ့ သင့် ကိုယ်ပိုင်ယုံကြည်မှု ကိုပိုပြီး တိုးတက်စေမှာပါ။   ၂။ ရင်သားပင့်တင်ပြုပြင်ခြင်း ကို ဘယ်လိုလူတွေက ပြုလုပ်သင့်သလဲ။   ရင်သားပင့်တင်ပြုပြင်ခြင်းကို သင့်ရင်သား […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းကြောင့်ရရှိနိုင်တဲ့ကောင်းကျိုး၉ချက်

အမျိုးသမီးတို့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုမှာမိန်းမကိုယ်သန့်ရှင်းမှုကိုချန်ထားခဲ့လို့မရပါဘူး။အတွင်းပိုင်းမိန်းမကိုယ်ကသူ့ဘာသာသူသန့်ရှင်းရေးလုပ်တတ်တယ်ဆိုပေမယ့်အပြင်ပိုင်းမိန်းမကိုယ်ကသာမန်အရေပြားပဲဖြစ်တာကြောင့်မိန်းမကိုယ်အတွက်သီးသန့်ထုတ်ထားတဲ့သန့်စင်ဆေးရည်သုံးပေးရင်ပိုကောင်းပါတယ်။ရေချိုးရင်းတိုက်တဲ့ဆပ်ပြာတွေကမိန်းမကိုယ်အတွက် ပြင်းအားအရမ်းများတာကြောင့် ပြင်းအားပျော့တဲ့သန့်စင်ဆေးရည်များကိုသာ သုံးပေးသင့်ပါတယ်။ ဒီဆောင်းပါးမှာတော့ မိန်းမကိုယ်သန့်စင်ဆေးရည်သုံးခြင်းအားဖြင့် ရနိုင်တဲ့ကောင်းကျိုး (၉) ချက်ကို ပြောပြပေးသွားမှာပါ။ ၁။ရောဂါပိုးတွေရန်ကနေကာကွယ်ပေးတယ်။ မိန်းမကိုယ်သန့်ရှင်းမှုကအမျိုးသမီးတစ်ယောက်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။ သာမန်အရေပြားဖြစ်တဲ့မိန်းမကိုယ်အပြင်ပိုင်းအတွက်ကတော့သန့်စင်ဆေးရည်တွေသုံးပေးတာကသာအကောင်းဆုံးပါ။သန့်စင်ဆေးရည်တွေကသင့်မိန်းမကိုယ်ကိုသန့်ရှင်းမှုနဲ့ပိုးမွှားကင်းစင်မှုကိုပေးစွမ်းနိုင်မှာအသေအချာပါ။ ၂။ pHပမာဏကိုထိန်းညှိပေးတယ်။ ။ မိန်းမကိုယ်ရဲ့ pH ဓါတ်က ရောဂါပိုးတွေမဝင်အောင်၊ မယားယံအောင်နဲ့ အနံ့အသက်တွေမထွက်အောင် ကျန်းမာနေအောင် ထိန်းသိမ်းပေးထားပါတယ်။ မိန်းမကိုယ်ကသူ့ဘာသာ pHပမာဏကိုထိန်းထားနိုင်စွမ်းရှိပေမယ့်လည်းအကြောင်းအမျိုးမျိုးကြောင့်ပျက်သွားနိုင်ပါတယ်။ pHပမာဏကိုပုံမှန်အတိုင်းမထိန်းနိုင်တဲ့အခါမိန်းမကိုယ်တွင်းပိုးဝင်ခြင်းနဲ့အခြားပြဿနာအမျိုးမျိုးဖြစ်နိုင်ပါတယ်။မိန်းမကိုယ်သန့်စင်ဆေးရည်အများစုကpHကိုထိန်းပေးတဲ့အာနိသင်ဘာတာကြောင့်မိန်းမကိုယ်သန့်စင်ဆေးရည်သုံးလိုက်တာနဲ့pHပမာဏလည်းထိန်းပြီးသားဖြစ်သွားပါတယ်။ ၃။အရေပြားအားလုံးနဲ့သင့်တော်တယ်။ ။ အချို့သောအမျိုးသမီးတွေကမိန်းမကိုယ်သန့်စင်ဆေးရည်သုံးရင်ကိုယ့်အသားအရေနဲ့မသင့်တော်ဘဲဓါတ်မတည့်မှုတွေ ဖြစ်မှာကြောက်ကြပါတယ်။ ဒီလိုဆိုရင်တော့ အသားအရေအားလုံးနဲ့သင့်တော်အောင်ထုတ်ထားတဲ့သန့်စင်ဆေးရည်မျိုးကို အသုံးပြုဖို့ပြောပါရစေ။ ဒီလိုအသုံးပြုပေးတာက အရေပြားကို ထိခိုက်မှုမရှိနိုင်ဘဲ သန့်ရှင်းကျန်းမာစေနိုင်ပါတယ်။ ၄။အနံ့ဆိုးတွေကနေကင်းဝေးအောင်စွမ်းဆောင်ပေးနိုင်တယ်။ ။ သန့်စင်ဆေးရည်အများစုကမွှေးပျံ့တဲ့ရနံ့တွေအမျိုးမျိုးနဲ့ထုတ်ထားတာဖြစ်လို့သန့်ရှင်းမှု၊မွှေးပျံ့မှုကိုပေးစွမ်းပြီးသင့်ကိုဆွဲဆောင်မှုရှိစေမှာအသေအချာပါ။ဒါပေမယ့်အရမ်းကြီးအနံ့ပြင်းတဲ့သန့်စင်ဆေးရည်တွေကမိန်းမကိုယ်အရေပြားကိုထိခိုက်စေတတ်ပြီးခြောက်သွေ့စေပါတယ်။ ဒါကြောင့် သန့်စင်ဆေးရည်ရွေးချယ်တဲ့အခါ အမွှေးနံ့သိပ်ပြင်းတာမျိုးကိုရွေးချယ်ပေးပါ။ ဒါမှအသားအရေခြောက်သွေ့တာတွေမဖြစ်စေဘဲ သန့်စင်ပြီးအနံ့အသက်ကင်းတဲ့ မိန်းမကိုယ်ဖြစ်စေမှာပါ။ ၅။ပုံမှန်မဟုတ်သောအရည်များမိန်းမကိုယ်မှဆင်းခြင်းကိုကာကွယ်ပေးတယ်။ ။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေကမကောင်းတဲ့ပိုးမွှားတွေကိုသန့်စင်ပေးနိုင်လို့မိန်းမကိုယ်ပိုးဝင်ခြင်းရဲ့လက္ခဏာတစ်ခုဖြစ်တဲ့အနံ့နံတဲ့အရည်များဆင်းခြင်းကိုကာကွယ်ပေးပါတယ်။ ၆။မိန်းမကိုယ်အရေပြားအစိုဓါတ်ကိုထိန်းပေးတယ်။ ။ မိန်းမကိုယ်သန့်စင်ဆေးရည်များဟာအရေပြားခြောက်သွေ့ခြင်းကိုကာကွယ်ပေးပြီးအစိုဓါတ်ကိုထိန်းပေးတာကြောင့်သုံးပြီးတာနဲ့ခြောက်ခြောက်သွေ့သွေ့မဖြစ်နေဘဲ သက်တောင့်သက်တာရှိစေမှာပါ။ ၇။မိန်းမကိုယ်ပိုးဝင်ခြင်းကိုကုသဖို့တစ်ဘက်တစ်လမ်းကကူညီပေးတယ်။ ။ မိန်းမကိုယ်ပိုးဝင်ခြင်းကြောင့် ဖြစ်တဲ့ယားယံခြင်းကိုသက်သာစေဖို့အတွက်မိန်းမကိုယ်သန့်စင်ဆေးရည်တွေကတစ်ဖက်တစ်လမ်းမှကူညီပေးနိုင်ပါတယ်။ ၈။မိန်းမကိုယ်ကနေအခြားနေရာများကိုပိုးများပျံ့ ခြင်းကိုကာကွယ်ပေးနိုင်တယ်။ သင့်တွင်မိန်းမကိုယ်ပိုးဝင်ခြင်းရောဂါအစတည်းကရှိနေရင်မိန်းမကိုယ်အနီးနားကနေရာတွေကိုပါပိုးထပ်ဝင်ခြင်းမရှိစေဖို့အတွက် မိန်းမကိုယ်သန့်စင်ဆေးရည်တွေက ကာကွယ်ပေးပါတယ်။ ၉။သဘာဝမှရတဲ့ပစ္စည်များနဲ့ထုတ်ထားလို့ နေ့စဉ်အသုံးပြုနိုင်တယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်တွေဟာသဘာဝကရတဲ့ပစ္စည်းများနဲ့သာအဓိကထားထုတ်ထားတဲ့အတွက်ကြောင့်အသားအရေကိုထိခိုက်ခြင်းမရှိ၊ ဓါတ်မတည့်ခြင်းတွေကို မဖြစ်စေနိုင်ဘဲ နေ့စဉ်အသုံးပြုနိုင်တယ်။ ဒါက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက

မိန်းမလှလေးတစ်ယောက်ဖြစ်ဖို့က တစ်ကိုယ်ရေသန့်ရှင်းရေးတော်တော်လေးအရေးကြီးပါတယ်။ အသန့်ကြိုက်တာကပြဿနာမဟုတ်ပါဘူး။ သန့်ရှင်းမှုအားနည်းတာကသာပြဿနာဖြစ်မှာပါ။ မိန်းကလေးတွေကယောကျာ်းလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုပြီးဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက ကျန်းမာရေးအတွက်တော်တော်လေးအထောက်အကူဖြစ်စေတဲ့အရာပါ။ တစ်ခါတလေ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ အဆင်မပြေတာမျိုးဖြစ်ဖူးကြလားလေဒီတို့ရေ.... ဥပမာ အရေပြားယားယံတာ။ မိန်းမကိုယ်ယားယံတာတို့လိုမျိုးပြဿနာတွေပေါ့။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ အကြောင်းအရင်းက ခန္ဓါကိုယ် အစိတ်အပိုင်းတစ်ခုခုမှာ ယားယံနေတဲ့အခါနေရထိုင်ရတော်တော်လေးခက်ခဲပါတယ်။ ဒီလိုယားယံမှုတွေထဲမှာမှ မိန်းမကိုယ်မှာယားယံတဲ့အခါတော်တော်လေးနေရထိုင်ရခက်စေပါတယ်။ ဒီလိုဖြစ်တာက အရမ်းကြီးစိတ်ပူရမယ့်ကိစ္စမဟုတ်ဘူးဆိုပေမယ့် တစ်ခါတရံမှာ မိန်းမကိုယ်ယားယံမှုကရောဂါပိုးတစ်ခုခုကူးစက်ခံထားရတဲ့ လက္ခဏာတစ်ရပ်ဖြစ်နေနိုင်ပါတယ်။ မိန်းမကိုယ်ယားယံမှုဖြစ်စေတဲ့ အကြောင်းအရင်းတွေက မိန်းမကိုယ်ကပျော့ပျောင်းတဲ့ တစ်ရှုးလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိန်းကလေးတစ်ယောက်ပေါ့ပါးကျန်းမာနေစေဖို့ဆိုရင် ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းကျန်းမာဖို့လိုအပ်မှာပါ။ ဒီထဲမှာ မိန်းမကိုယ်ကျန်းမာဖို့ကလည်း ချန်ထားလို့မရတဲ့ အချက်တစ်ခုပေါ့။ ကျန်းမာတဲ့ မိန်းမကိုယ်တစ်ခုဖြစ်ဖို့ဆိုရင် အကျိုးပြုဘက်တီးရီးယားလေးတွေရှင်သန်ဖို့လိုအပ်ပါတယ်။နောက်တစ်ချက်က အဖြူရောင် ဒါမှမဟုတ် အကြည်ရောင် အချွဲလေးတွေထုတ်ပေးဖို့လည်းလိုပါမယ်။ အနံ့အသက်ေတာ့ကင်းဖို့လိုတာပေါ့နော်။ ဒီအချွဲလေးတွေထွက်ရှိမှုပမာဏကဟော်မုန်းပမာဏေပါ်မှာလည်း မူတည်ပါသေးတယ်။ ဒီအချက်တွေကြောင့် မိန်းမကိုယ် ယားယံနိုင်ပါတယ် မိန်းမကိုယ်ယားယံစေတဲ့အကြောင်းအရင်းတွေကတော်တော်လေးတော့များပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်နေရက်နဲ့ မိန်းမကိုယ်ယားယံရတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သင်ဟာ Single mother တစ်ယောက်လား

ဒီစာလုံးလေးဟာ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတယ်ဆိုပေမယ့် လူအတော်များများနဲ့ ရင်းနှီးပြီးသား စာလုံးလေးပါ။ မသိသေးသူတွေအတွက် နည်းနည်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် Single mother ဆိုတာဟာ မိမိကလေး ကြီးပြင်းလာသည်အထိ (ခင်ပွန်းသည် မရှိဘဲ) တစ်ဦးတည်း ပြုစုပျိုးထောင်ပေးနေတဲ့ မိခင်တွေကို ဆိုလိုပါတယ်။ လူသိများထင်ရှားသူတွေထဲမှာလည်း Single mother တွေ ဒုနဲ့ဒေး ရှိပါတယ်။ Single mother ဖြစ်လာရခြင်း နောက်ခံအကြောင်းရင်းတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူပါလိမ့်မယ်။ လက်ထပ်ပြီး ကိုယ်ဝန်ရှိချိန်မှာမှ ခင်ပွန်းသည်နဲ့ ကွဲသွားလို့၊ လက်မထပ်ခင် ကိုယ်ဝန်ရှိခဲ့ပေမယ့် ယောက်ျားလေးဖက်က တာဝန်မယူ၊ လက်မထပ်လို့၊ ခင်ပွန်းသည် ဆုံးပါးသွားလို့ စသဖြင့် အကြောင်းရင်းအမျိုးမျိုးကြောင့် Single mother ဖြစ်လာရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Single mother တစ်ဦးအနေနဲ့ မိမိရဲ့ ကလေးကို ပြုစုပျိုးထောင်ရာမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်သန့်စင်ဆေးရည် ရွေးချယ်မယ်ဆို သတိထားကြည့်သင့်တဲ့အချက် (၅) ချက်

မိန်းကလေးတွေရဲ့ကျန်းမာရေးမှာ မိန်းမကိုယ်သန့်ရှင်းရေးက တကယ်ကိုအရေးပါတဲ့အချက်ပါနော်။ မိန်းမကိုယ်သန့်ရှင်းရေးကိုဂရုမစိုက်မိရင် ရောဂါပိုးဝင်တာတွေ၊ နောက်ဆက်တွဲပြဿနာတွေရှိလာနိုင်ပါတယ်။ မှိုပိုးဝင်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းစတာတွေကို အမျိုးသမီးရောဂါလို့ခေါ်တာပေါ့။ ဒါတွေတစ်ခုမှ မဖြစ်အောင် သန့်ရှင်းရေးဂရုစိုက်ရမှာပေါ့။ ရေနဲ့ဆပ်ပြာသုံးရင်တော့ နုနယ်တဲ့မိန်းမကိုယ်ကို ထိခိုက်စေနိုင်တာကြောင့် pH level ထိန်းညှိပေးနိုင်တဲ့ မိန်းမကိုယ်သန့်စင်ဆေးရည်နဲ့ကာကွယ်သင့်ပါတယ်။ မိန်းမကိုယ်သန့်စင်ဆေးရည်သုံးတဲ့အခါမှာလည်း တွေ့ရာဝယ်၊ ကြိုက်သလိုသုံးလို့တော့ ဘေးမကင်းနိုင်ပါဘူး။ အရွေးမှန်ဖို့နဲ့ အသုံးပြုပုံမှန်ကန်ဖို့အရေးကြီးပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကင်းဝေးစေနိုင်ဖို့အတွက် အရည်အသွေးစိတ်ချရတဲ့အမှတ်တံဆိပ်ကိုရွေးချယ်နိုင်ဖို့လိုတာပေါ့။ Feminine Wash ဝယ်သုံးတော့မယ်ဆို ဘယ်လိုမျိုးတွေစဉ်းစားပြီးရွေးချယ်မလဲ စဉ်းစားကြည့်ရအောင်နော်။ (၁) အမွှေးနံ့ပြင်းတဲ့အမျိုးအစားတွေကိုရှောင်ပါ မိန်းမကိုယ်အနံ့အသက်ကောင်းအောင်ဆိုပြီး အနံ့မွှေးတဲ့အမျိုးအစားတွေကိုမရွေးလိုက်ပါနဲ့။ အနံ့ပြင်းတဲ့သန့်စင်ဆေးရည်တွေက ဓာတုပစ္စည်းတွေလည်းပါဝင်မှုပိုများသလို ဓာတ်မတည့်မှုတွေ၊ ယားယံမှုတွေဖြစ်လာစေနိုင်ပါတယ်။ (၂) သင့်တော်တဲ့ pH အဆင့် ကိုထိန်းပေးနိုင်မယ့်အမျိုးအစားကိုရွေးပါ ရိုးရိုးရေချိုးဆပ်ပြာတွေက အမျိုးသမီးတွေအတွက်က မိန်းမကိုယ်မှာ ရှိသင့်တဲ့ pH အဆင့်ထက်ကျော်လွန်နေတာကြောင့် pH အဆင့် ၃.၅ ကနေ ၄.၅ အတွင်းမှာထိန်းညှိပေးနိုင်မယ့် Feminine […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ

မိန်းကလေးနဲ့ယောကျာ်းလေး အဝတ်အစားဝတ်ရပုံကို စဉ်းစားကြည့် မိန်းကလေးက အမြဲတစ်ခုပိုဝတ်ရတယ်နော်။ အဲ့ဒီအရာကို မဝတ်ရင်လည်း စိတ်ကမလုံခြုံ ပတ်ဝန်းကျင်အမြင်မှာလည်း မတင့်တယ်။ ဝတ်ပြန်ရင်လည်း ချောင်နေရင်ကျ ဝတ်မကောင်း။ မိန်းကလေး အတွင်းခံ ဘရာစီယာ ဆိုတာ ကျပ်ကျပ်ဝတ်ရတာဆိုတဲ့ လူကြီးသူမတို့ရဲ့ ဆုံးမစကားကလည်းရှိနေပြန်တော့ အရှက်အကြောက်ကြီးတဲ့ တို့မြန်မာ မိန်းကလေးတွေက ဘရာစီယာဆိုတာ ကျပ်ကျပ်ဝတ်ရတဲ့ အမျိုးဆိုပြီး အရိုးစွဲနေတတ်တယ်လေ။ ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်းဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားချင်တယ်မလား။ မဝတ်ဘဲ နေပြန်ရင်လည်း ဟာလာဟင်းလင်းဖြစ်နေပြန်ရောလေ။ အဲတော့ မရှိလည်းမကောင်း ရှိလည်းမကောင်း ဆိုတဲ့ ဘရာစီယာကို ဘယ်လိုဝတ်သင့်သလဲ။ တင်းတင်းကျပ်ကျပ် ဝတ်တိုင်းကောင်းသလား။ ကြည့်ရအောင်။ မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာ မဝတ်လည်းမကောင်း ဝတ်လည်းမကောင်းတဲ့ ဘရာစီယာအကြောင်း သိရအောင် ကြည့်လိုက်ကြစို့လား။ ၁။ သင်၏ကျောကုန်းနှင့် လည်ပင်းရိုးများအတွက် ဘရာစီယာ ကျပ်ကျပ် သည်မကောင်းပေ။ အမျိုးသမီးတော်တော်များများက ဘရာစီယာရဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘာလို့ အဖြူဆင်း ရတာလဲ၊ နောက်ဆက်တွဲ ဘာပြဿနာတွေ ရှိနိုင်လဲ

မိန်းမကိုယ်ကနေ ရာသီသွေးမဟုတ်ဘဲ ဆင်းလာတဲ့အရည် သို့မဟုတ် အချွဲလေးတွေကို အဖြူဆင်း တယ်လို့ခေါ်ပါတယ်။ အဖြူဆင်းတယ်ဆိုတိုင်းမကောင်းတာမဟုတ်ပါဘူး။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်း ဂလင်းတွေကနေထုတ်ပေးလိုက်တဲ့အရည်တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ရောပါဖယ်ရှားစေတာဖြစ်ပါတယ်။ ဒီလိုဆင်းမှ မိန်းမကိုယ်သန့်စင်စေပြီးရောဂါပိုးဝင်ခြင်းကိုကာကွယ်နိုင်မှာပါ။အများအားဖြင့်တော့ အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါ။ ဆင်းတဲ့ပမာဏ၊ အရောင်၊အနံ့တို့က ရာသီစက်ဝန်းကိုမူတည်ပြီး မတူညီတတ်ကြပါဘူး။ ဥပမာ သားဥကြွေတဲ့အချိန်၊ ကလေးနို့တိုက်တဲ့ကာလတို့ဆိုရင် အဖြူပိုဆင်းတတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အနံ့တစ်မျိုးရှိတဲ့အဖြူဆင်းခြင်းဖြစ်နိုင်တယ်။ အဖြူဆင်းတာရောဂါတစ်ခုမဟုတ်ပေမယ့် ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်းဖြစ်လာရင်တော့ အရောင်ညစ်တာ၊အနံ့ဆိုးတာ၊ ပိုစေးကပ်တာတွေအပြင် မိန်းမကိုယ်မှာ ယားယံတာ၊ စပ်တာ၊လောင်တာတွေပါဖြစ်စေနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အဖြူဆင်း ခြင်းက ဘာကြောင့်ဖြစ်ရတာလဲ မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေပမာဏထိန်းညှိမှုမှာ တစ်ခုခုပြောင်းလဲမှုရှိလာတာနဲ့ အဖြူဆင်းခြင်းရဲ့ အနံ့၊အရေင်နဲ့ အနေအထား(ဥပမာ - ပျစ်ချွဲမှုအတိုင်းအတာ)တို့ကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီလိုအပြောင်းအလဲဖြစ်စေနိုင်တဲ့ အချက်တွေကတော့ - ပဋိဇီဝပိုးသတ်ဆေး ဒါမှမဟုတ် စတီးရွိုက်ဆေးသုံးစွဲခြင်း ဘက်တီးရီးယားကြောင့်မိန်းမကိုယ်ရောင်ရမ်းခြင်း(Bacterial vaginosis) မိန်းမကိုယ် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်နံနေတယ်ဆိုတာ ချစ်သူကို စိတ်မထိခိုက်စေဘဲ ဘယ်လိုပြောပြသင့်လဲ။

ဒီကိစ္စက အမျိုးသားတွေ တော်တော်များများ ဖွင့်ပြောဖို့ လက်ရှောင်တတ်ကြတဲ့ ကိစ္စပါ။ လိင်ပိုင်းဆိုင်ရာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ကိစ္စဖြစ်တာကြောင့်ရော၊ ကိုယ်က သဘောရိုးနဲ့ ပြောလိုက်ပေမဲ့ ကိုယ့်ချစ်သူမှာ စိတ်မလုံခြုံတာ၊ စိတ်ထိခိုက်သွားတာ၊ ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုနည်းပြီး ရှက်သွားနိုင်တာပေါ့။ ဒါဆိုရင် ကိုယ့်ချစ်သူရဲ့ မိန်းမကိုယ်က နံနေတာ ဘယ်လိုဖွင့်ပြောလို့ ရမလဲဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ မိန်းမကိုယ်မှာ အနံ့အသက်ရှိတာ သဘာဝပါ။ လူတော်တော်များများ ထင်ထားသလို မိန်းမကိုယ်က နှင်းဆီရနံ့လေး သင်းနေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပြီး ထိခိုက်လွယ်တဲ့၊ အလွန်နူးညံ့ပြီး ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားဖို့ လွယ်ကူတဲ့ နေရာဖြစ်လို့ သူ့အနံ့နဲ့သူတော့ ရှိနိုင်ပါတယ်။ တော်တော်လေးကို စိတ်ကသိကအောက်ဖြစ်စရာ အနံ့မျိုး ထွက်လာပြီဆိုရင်တော့ အနည်းငယ် စိတ်ပူစရာ ဖြစ်လာနိုင်ပါတယ်။ မိန်းမကိုယ်ကို အရင်ဆုံး သေချာစစ်ဆေးကြည့်ပါ။ ဒီလိုကိစ္စမျိုးကို တိုက်ရိုက်ဖွင့်မပြောခင် ဘယ်နေရာက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီတို့ကျန်းမာရေးအတွက် ပုံမှန်ပြုလုပ်သင့်တဲ့ စစ်ဆေးမှုများ

ဝေဒနာ ခံစားနေရတာမရှိဘူး၊ ဘာမှမဖြစ်ဘူး၊ ပုံမှန်လှုပ်ရှားသွားလာနိုင်နေတယ်ဆိုတာနဲ့ ကိုယ့်မှာဘာရောဂါမှမရှိဘူး၊ ကျန်းမာတယ် လို့သေချာပြီလား။ခေါင်းကိုက်တာ၊ဗိုက်အောင့်တာ၊ ဟိုနားဒီနားနာကျင်တာ စတဲ့အသေးအဖွဲလက္ခဏာတွေတော့ဖြစ်ကြမှာပါ။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဒီလိုအသေးအဖွဲလေးတွေက ကိုယ့်မှာရှိနေတဲ့ရောဂါအကြောင်းရင်းခံတွေကိုဖော်ပြနေကြတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်နေသလား၊ကျန်းမာရေးအတွက်မကောင်းတဲ့ နေထိုင်စားသောက်မှုပုံစံတွေလုပ်မိနေသလားစတဲ့ ကိုယ့်အခြေအနေတချို့က အန္တရာယ်ရှေ့ပြေးအချက်တွေဖြစ်နေနိုင်လို့ အလေးပေးလေ့လာသုံးသပ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ များသောအားဖြင့် ကျွန်မတို့မိန်းကလေးတွေက အလုပ်တွေများနေရင် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်မိဖို့မေ့နေတတ်တယ်။ အလှအပကလွဲလို့ပေါ့။ ခန္ဓါကိုယ်ထဲမှာ တခုခုခံစားမိနေလည်း ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ဒီလိုပဲနေလိုက်ကြတာပဲ။ အရေးကြီးတဲ့ရောဂါလက္ခဏာတစ်ခုခုဖြစ်နေနိုင်မလားဆိုတာလည်းမသိဘဲ အမှုမဲ့အမှတ်မဲ့နေမိကြတယ်။ မိသားစုဗာဟီရကိစ္စတွေနဲ့ လုံးလည်လိုက်နေတဲ့ အိမ်ရှင်မတွေဆို ပိုဆိုးတာပေါ့။ ဒါပေမယ့် ကျန်းမာရေးဆိုတာ ကျား မ မရွေး မပေါ့လျော့သင့်တဲ့အရာတစ်ခုဖြစ်သလိုရောဂါကိုကြိုတင်မကာကွယ်နိုင်ရင်တောင်စောစောကုသနိုင်ဖို့က ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်တယ်ဆိုတာပါပဲ။ အသက်အရွယ်ကြီးကြီး ငယ်ငယ် မိန်းကလေးဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ပုံမှန်လုပ်သင့်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေရှိပါတယ်။ ဆရာဝန်နဲ့ ပုံမှန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူမယ်ဆိုရင်ရောဂါရှိမရှိကြိုသိရတော့ ဆင်ခြင်နေထိုင်လို့ရတာပေါ့။ အဖြစ်များတဲ့ နှလုံးရောဂါ၊ ဆီးချိုသွေးချိုနဲ့ ကင်ဆာတချို့ကိုတောင်ဖြစ်ခါစမှာစောစောသိရရင် ကုသမှုအချိန်မီပြီး သက်တမ်းစေ့ကျန်းမာစွာနေနိုင်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မွေးလမ်းကြောင်း (Vagina) ဘာကြောင့်ကျပ်ရတာလဲ

လိင်ဆက်ဆံချိန်မှာ မွေးလမ်းကြောင်း နာကျင်ခြင်းနဲ့ နေရထိုင်ရခက်တာမျိုးတွေ ဖြစ်မယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့ မွေးလမ်းကြောင်းဟာသေးလွန်းနေတယ်လို့ စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ တကယ့် အမှန်တရားက ဘယ်မွေးကြောင်းက လိင်ဆက်ဆံဖို့ အတွက် ကြပ်တယ်ဆိုတာ မရှိပါဘူး။ လိင်စိတ် မပြင်းထန်သေးတဲ့ အချိန်မှာ မွေးလမ်းကြောင်းဟာ ၃ လက်မကနေ ၄ လက်မ အထိ ရှည်ပါတယ်။ ဒီအတိုင်းအတာက လိင်တံတစ်ချို့နဲ့ Sex Toy တစ်ချို့ အတွက် ကြပ်ကောင်းကြပ်နေနိုင်ပေမဲ့ လိင်စိတ်တက်ကြွလာတဲ့ အခါမှာ မွေးလမ်းကြောင်းဟာ ပိုရှည်ပြီး ကျယ်လာပါတယ်။ဒါ့အပြင် လိင်စိတ်များပြားနေတဲ့ အချိန်မှာ မွေးလမ်းကြောင်းကနေ သဘာဝ ချောဆီတွေလည်း ထွက်လာတဲ့ အတွက် မွေးလမ်းကြောင်း ကြပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ တကယ်တော့ မွေးလမ်းကြောင်း ကြပ်ပြီး လိင်ဆက်ဆံချိန်မှာ နာကျင်နေတယ်ဆိုတာ သင်ဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း