အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်နှုတ်ခမ်းသား မှာ အဖုအကျိတ်အလုံးလေးတွေ စမ်းမိတယ်။ ဘာရောဂါဖြစ်နိုင်လဲ။

အမျိုးသမီး တစ်ယောက်အတွက် မိန်းမကိုယ်ဆိုတာ အရမ်းကို ဂရုစိုက် ရတဲ့ အရာတစ်ခုပါ။ သန့်သန့်ရှင်းရှင်းဖြစ်ဖို့ မိန်းမကိုယ်ကို သန့်စင်ဆေးကြောရတယ်။ မိန်းမကိုယ် ပိုးဝင်တာ မဖြစ်ဖို့ အတွင်းခံကို မှန်မှန်လဲပေးရတယ်။ ဒီလောက် ဂရုစိုက်နေတဲ့ ကြားထဲကတောင် မိန်းမကိုယ်နှုတ်ခမ်းသား မှာ အဖုအကျိတ်လေးတွေ ထွက်လာခဲ့ရင် ခေါင်းကြီးသွားတတ်ကြတာ မိန်းကလေးတိုင်းပါ။ ဒီလို မိန်းမကိုယ်အပြင် နှုတ်ခမ်းသားမှာ အဖုအကျိတ်လေးတွေ ပေါ်လာတဲ့ ကိစ္စက စိုးရိမ်ရလား။ သားဖွားမီးယပ်ဆရာဝန်တွေ ပြောပြချက်အရတော့ ဒီလို မိန်းမကိုယ်နှုတ်ခမ်းသား မှာ အလုံးအကျိတ်လေးတွေ စမ်းမိတိုင်း ကင်ဆာကို စိတ်ပူစရာ မလိုပါဘူး။ မိန်းမကိုယ်က အလုံးအကျိတ်တွေဟာ များသောအားဖြင့် ယာယီလောက်သာဖြစ်တတ်ပြီး သူ့ဘာသာပြန်ပျောက်သွားတာများပါတယ်။ ဒါပေမယ့် ဘယ်လို အကြောင်းအရာတွေကြောင့် မိန်းမကိုယ်နှုတ်ခမ်းသားမှာ အလုံးအကျိတ်တွေပေါက်လဲဆိုတာ သိထားရင် ပိုကောင်းတာပေ့ါ။ ဒါတွေကြောင့် မိန်းမကိုယ်နှုတ်ခမ်းသား မှာ အလုံးအကျိတ်တွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ဆပ်ပြာဘာကွာခြားလဲ။ ဘယ်ဟာကိုအသုံးပြုသင့်လဲ ။ ။

မိန်းကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့အလှတရားဆိုတာ အပေါ်ယံအရေပြားအလှနဲ့တင် မပြီးပါဘူး။ အရေးကြီးတဲ့ မိန်းမကိုယ်တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိဖို့လည်းလိုပါတယ်။ အပေါ်ပိုင်းကတော့ မိတ်ကပ် တွေနဲ့ မှုန်နေအောင် ခြယ်သထားပေမယ့် အတွင်းပိုင်းမိန်းမကိုယ်က အနံ့ဆိုး တွေထွက်နေမယ်၊ ယားယံနေမယ်ဆိုရင် စိတ်ထဲ ကသိကအောက်နဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိ ဖြစ်တတ်တာကြောင့် မိန်းမကိုယ်သန့်ရှင်းရေးအတွက် အချိန်ပေးဖို့လည်းလိုပါတယ်။ ။ မိန်းမကိုယ်သန့်ရှင်းရေးကို ဂရုမစိုက်ဘဲပေါ့ဆမိလိုက်တဲ့အခါ မိန်းမကိုယ်ယားယံပြီး လူကြားထဲ ကုတ်ရဖဲ့ရခက်တဲ့အပြင် ညညဆိုလည်း အိပ်ပျော်နေရင်း မသိစိတ်က ကုတ်မိတော့ မနက်ကျ စပ်နေတာ အဖြူဆင်းလွန်းပြီး စိုစိစိုစိနဲ့ သက်တောင့်သက်သာ မရှိတာ အနံ့ဆိုးတွေထွက်နေတာ နဲ့ ပိုးဝင်ပြီး ရောင်နေလို့ အမျိုးသားနဲ့အတူနေတဲ့အခါ နာကျင်ပြီး အိမ်ထောင်ရေးသုခ မပြည့်ဝတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ အမျိုးသမီးတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ မိန်းမကိုယ်သန့်ရှင်းရေးက အရေးကြီးလာတာပေါ့။ ။ မိန်းမကိုယ်သန့်ရှင်းရေးကို ဘယ်လိုဂရုစိုက်မလဲ ဒီလို မိန်းမကိုယ်သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးသန့်စင်ဆေးရည်ရွေးဝယ်မယ်ဆို ဒီ(၇) ချက်ကို အရင်စဉ်းစားပါ

ဟိုးခေတ်တုန်းကလိုရေချိုးရင် ဆပ်ပြာနဲ့ တစ်ကိုယ်လုံးတိုက်ပစ်တာ(ခန္ဓာကိုယ်အောက်ပိုင်းအပါအဝင်)၊ သန့်စင်ခန်းထဲမှာ ဆပ်ပြာတုံးထားထားတာမျိုး လုပ်နေတုန်းလား။ မိန်းမကိုယ်ကို ကိုယ်တိုက်ဆပ်ပြာတွေ၊ ရေချိုးဆပ်ပြာတွေနဲ့ သန့်စင်တဲ့အခါနေရတာ တစ်မျိုးမဖြစ်မိဘူးလား။ သန့်ရှင်းသွားတာပဲလို့ ပထမတော့ထင်မိမှာပေါ့။ ဒါပေမယ့် တစ်ခါကနေ နှစ်ခါ၊ နှစ်ခါကနေ သုံးခါဆို ခြောက်တောက်တောက်နဲ့နေရခက်သလို၊ ယားသလိုလို တစ်မျိုးတော့ဖြစ်လာမှာပါပဲ။ ဆပ်ပြာတွေမှာက ဘက်တီးရီးယားသေစေဖို့၊ အနံ့မွှေးဖို့၊ အညစ်အကြေးတွေသန့်စင်နိုင်ဖို့၊ အရောင်လှဖို့၊ တာရှည်ခံဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးအတွက် ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ လက်၊ ခြေထောက်နဲ့ ခန္ဓာကိုယ်အသားအရေအတွက် ထုတ်လုပ်တာမို့ အဆင်ပြေနိုင်ပေမယ့် အဲဒီနေရာတွေထက် ပိုနုနယ်တဲ့ မိန်းမကိုယ်အတွက်တော့ အသုံးပြုဖို့မသင့်တော်ပါဘူး။ ဒီနေရာမှာ ကယ်တင်ရှင်ဝင်လာတာက ခုနောက်ပိုင်းဈေးကွက်မှာ သုံးလာကြတဲ့အမျိုးသမီးသန့်စင်ဆေးရည်ပဲဖြစ်ပါတယ်။ သတိထားဖို့က ဆပ်ပြာတော့မသုံးဘူး သန့်စင်ဆေးရည်ဝယ်သုံးမယ်ဆိုလည်း အရွေးမှားခဲ့ရင် ဆပ်ပြာထက်တောင် ပိုဆိုးသွားနိုင်တယ်နော်။ ဘယ်လိုရွေးရမလဲ (၁)အရောင်တု၊ ဓာတုပစ္စည်း၊ ဆပ်ပြာ မပါတာပဲကောင်းပါတယ် သေချာကြည့်ပါ။ (၂) အမွှေးနံ့ မပြင်းသင့်ပါဘူး မိန်းမကိုယ်က အနံ့ဆိုးထွက်မှာစိုးလို့ဆိုပြီး အနံ့မွှေးတဲ့အမျိုးအစားတွေကိုမရွေးလိုက်ပါနဲ့။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကိုယ်ဝန်လည်း မရှိ နို့တိုက်နေတာလည်း မဟုတ်ဘဲနဲ့ သားမြတ်ကနေ အရည်တွေ ဘာကြောင့် ထွက်နေရတာလဲ ။ ။

ကိုယ်က ကလေးအမေတစ်ယောက်လည်း မဟုတ်ဘဲနဲ့ နို့သီးခေါင်းကို ညှစ်လိုက်တဲ့အခါတိုင်း အထဲကနေ အရည်လိုမျိုး အဆီလိုမျိုး အဖတ်လေးတွေထွက်လာရင် လန့်သွားတတ်ကြတာထုံးစံပါ။ ရင်သားကင်ဆာနဲ့ များဆက်စပ်နေလို့လားပေါ့။ အဲလို နို့သီးခေါင်းထဲကနေ အဆီလိုမျိုး အဖတ်လေးတွေ ထွက်လာတတ်တိုင်း စိတ်ပူရလား။ ပုံမှန်ဆိုရင်ရော ဒီလိုပဲ ထွက်တတ်လား ။ ။ ရင်သား ကင်ဆာနဲ့များ ဆက်စပ်မှုရှိလား ။ ဒါဆို ပုံမှန် ဖြစ်လေ့ရှိတဲ့ နို့သီးခေါင်းထဲက အရည်ထွက်တာနဲ့ ပုံမှန် မဟုတ်တာကို ဘယ်လိုခွဲခြားကြမလဲ ။ ။ ပုံမှန် - ညှစ်လိုက်တဲ့အချိန်တိုင်းမှာ နှစ်ဖက်လုံးက အရည်တူညီစွာထွက်လာရပါမယ်။ ထွက်လာတဲ့အရည်ကလည်း အကြည်ရောင်၊ အဝါရောင် အပြင် အဆီလိုမျိုး ပျစ်ပျစ်လေးတွေလည်းထွက်လာနိုင်ပါတယ်။ ရင်သားမှာ နာကျင်တာ၊ ရောင်ရမ်းနေတာမျိုးလည်း ရှိမနေပါဘူး။ ပုံမှန်မဟုတ်သော - ညှစ်လိုက်တဲ့အချိန်မှာ တစ်ဖက်တည်းက ပဲ အရည်တွေထွက်နေပြီး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ပိန်ချင်လို့ Gymဆော့ မှ ကိုယ်အလေးချိန်ပိုတက်လာတဲ့ ပျိုမေတွေ

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ ကိုယ်ခန္ဓာ၊ အလှအပနဲ့ ကျန်းမာရေးကို ဂရုစိုက်လာကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အထ တစ်ခုပါပဲ။ ပိန်ချင်လို့ Gymဆော့ တဲ့ မိန်းကလေးတွေ ကိုယ်အလေးချိန် ချိန်ပြီးတော့မှ "ဆရာရယ် သမီး ၃ပေါင်တောင် ထပ်တက်လာတယ်" ဆိုပြီး ညည်းနေကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါဆိုရင် သေချာလည်း ကစားပါရက်နဲ့ ဘာလို့ ကိုယ်အလေးချိန် မကျဘဲ ပိုတောင် တက်လာရတာလဲ။ ပျိုမေတွေကြား အမေးများနေတဲ့ ဒီပြဿနာလေးရဲ့ တရားခံအကြောင်းရင်းတွေကို ပြောပြပေးမယ်နော်။ Gymဆော့မှ ဘာလို့ အလေးချိန်ပိုတက်လာတာလဲ၊၊ ၁။ ညစာမစားဘဲ နေခြင်း ညစာတစ်နပ် လျှော့စားလိုက်လို့ ကိုယ်အလေးချိန် ကျသွားမှာပါဆိုပြီး ထင်ဖူးကြမှာပါ။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ ကိစ္စတစ်ခုပါပဲ။ ညစာကို ဘာဆို ဘာမှမစားပဲ နေလိုက်တဲ့အခါ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီတွေလှချင်လို့ လုပ်မိနေတဲ့ ကျန်းမာရေးထိခိုက်စေတဲ့အပြုအမူတွေ

အလှကြိုက်တာ မိန်းကလေးတွေရဲ့ သဘာဝပါ။ မိန်းကလေးတွေက ငယ်စဉ်အရွယ်ကတည်းက အလှကြိုက်တတ်ကြတာပါ။ ဒါပေမယ့် ကျန်းကျန်းမာမာနဲ့ လှဖို့တော့လိုပါမယ်။ စမတ်ကျကျနဲ့ ကျန်းကျန်းမာမာလှပတဲ့လေဒီလေးဖြစ်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားပေးပါနော်။ လှချင်လို့လေဒီတွေလုပ်မိတတ်တဲ့ အလေ့အထတွေ လှပလိုစိတ်နဲ့ဒီအပြုအမူတွေကို သင်ကိုယ်တိုင်ရော ကျူးလွန်မိနေပြီလား။ ကျန်းမာလှပဖို့ဆိုရင်တော့ ဒါလေးတွေကို သတိထားမှဖြစ်ပါမယ်။ အဝတ်အစားကျပ်ကျပ်တွေဝတ်တာ - အဝတ်အစားခပ်ကျပ်ကျပ်တွေ၊ နိုင်လွန်ပါတဲ့ဘောင်းဘီကျပ်ကျပ်တွေဝတ်တာ၊ ဆွဲသားအဝတ်အစားတွေဝတ်တာက ခန္ဓာကိုယ်အတွက်လေဝင်လေထွက်မကောင်းတာမျိုးဖြစ်စေနိုင်သလို အပူနဲ့အစိုဓာတ်တွေဖြစ်စေနိုင်တာကြောင့် မှိုပိုပေါက်ဖွားပြီး အရေပြားပြဿနာတွေခံစားရနိုင်သလို အရမ်းကျပ်တဲ့အဝတ်စားတွေအချိန်ကြာမြင့်စွာဝတ်ဆင်မှုက နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါကိုဖြစ်စေနိုင်သလို မိန်းမကိုယ်ပိုးဝင်ကူးစက်တာကိုဖြစ်စေနိုင်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတာ -လေဒီတော်တော်များများက ဒေါက်မြင့်ဖိနပ်စီးရတာကို သဘောကျကြပါတယ်။ တကယ်တော့ ဒါက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အထပါ။ဒေါက်မြင့်ဖိနပ်တွေကို အချိန်ကြာမြင့်စွာစီးထားတာက အရိုးတွေကို ထိခိုက်စေနိုင်ပြီး အရိုးပွရောဂါဖြစ်နိုင်ခြေကိုတိုးစေနိုင်ပါတယ်။ နှုတ်ခမ်းနီဆိုးတာ - နှုတ်ခမ်းနီဆိုးတာကလည်း ကြည့်တော့သာလှတာပါ တကယ်တော့ နှုတ်ခမ်းသားကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ အချိန်ကြာမြင့်စွာနှုတ်ခမ်းနီဆိုးထားတဲ့အခါ နှုတ်ခမ်းသားခြောက်သွေ့တာ၊ ကွဲအက်တာတွေကိုခံစားရနိုင်ပါတယ်။ အိုင်းလိုင်နာဆိုးတာ - အိုင်းလိုင်နာက မျက်လုံးလေးကို ထင်းထင်းလေးနဲ့လှစေပေမယ့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အဖြူဆင်းတာကိုသက်သာစေမယ့် အစားအစာတွေ

မိန်းကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကို ကျန်းမာလှပနေစေဖို့ ဂရုစိုက်ရတဲ့ အချက်တွေကတော်တော်လေးတော့များသားနော်။ အသားအရေ၊ ဆံသားကနေစလို့ ခန္ဓါကိုယ်အနံ့အသက်အပြင် လစဉ်ရာသီသွေးပုံမှန်ဆင်းဖို့ကိုရော အစစအရာရာကိုဂရုစိုက်ရပါတယ်။ ကိုယ်တိုင်ဂရုစိုက်မှလည်းဖြစ်မှာကိုး။ ဒီလိုဂရုစိုက်ရတဲ့အထဲမှာ အဖြူဆင်းတာလည်းပါပါတယ်။ တကယ်တော့ ဒါက ကျန်းမာရေးပြဿနာတစ်ခုလို့ဆိုရမှာပါ။ ဒီတစ်ခေါက်တော့ အဖြူဆင်းတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းလို့ရလဲဆိုတာကိုပြောပြပေးပါရစေနော်။ ဒီအစားအစာတွေက အဖြူဆင်းတာကိုသက်သာစေနိုင်ပါတယ် ပဲနံ့သာစေ့ - အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ရေနွေးပူပူထဲကို ရေစင်စင်ဆေးထားတဲ့ ပဲနံ့သာစေ့ထည့်ပြီး နာရီဝက်လောက်စိမ်ထားပေးပါ။ပြီးရင် အအေးခံပြီးသောက်လိုက်ပါ။ ရုံးပတီသီး - အဖြူဆင်းတာကို သက်သာစေတဲ့ အသီးအနှံတစ်မျိုးပေါ့။ရေနွေးဆူဆူထဲမှာ ရုံးပတီသီးကိုထည့်ပြုတ်ပြီး တို့စားလို့ရသလို အချဉ်ရည်နဲ့တိုပစားလို့လည်းရပါတယ်။ ဒိန်ချဉ် - ဒိန်ချဉ်က အကျိုးပြုဘက်တီးရီးယားတွေပါက်ဖွားစေဖို့ အားဖြည့်ပေးပါတယ်။ ဒါ့အပြင် ဘက်တီးရီးယားကြောင့် အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ နံနံစေ့ - နံနံစေ့က အဖြူဆင်းတာကို သက်သာစေနိုင်ပါတယ်။ နံနံစေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကိုရေတစ်ခွက်ထဲမှာ တစ်ညစိမ်ထားပြီးနောက်နေ့မနက်စောစော ဘာမှမစားရသေးခင်မှာသောက်ချလိုက်ပါ။ ဇီးဖြူသီး - အဖြူဆင်းတာကို သက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဇီးဖြူသီးကို […]


အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများ နဲ့ ဗီတာမင် D

တစ်ခါတလေမှာနေရောင်လေးနည်းနည်းလောက် ထိတွေ့တာကလည်း ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်ပါတယ်နော်။ မနက်ခင်းနေရောင် ခပ်နွေးနွေးလေးအောက်မှာ စက်ဘီးနင်းတြာဖစ်ဖြစ်၊ လမ်းလျှောက်တြာဖစ်ဖြစ်လုပ်ပေးတာကခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကိုရရှိစေနိုင်ပါတယ်။ ဗီတာမင် D ကလေဒီတို့ကျန်းမာဖို့အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ကာလရှည်ကြာသိလာခဲ့တဲ့ အသိတစ်ခုက ဗီတာမင် D ကအရိုးတွေကို သန်မာစေတယ်ဆိုတာပါ။ ငယ်စဉ်အရွယ် ကတည်းကနေတောက်လျှောက်ကြားလာခဲ့တာက အရိုး နဲ့ သွားတွေ ကြံ့ခိုင်သန်စွမ်းစေဖို့အတွက် ဗီတာမင် D ပါတဲ့နို့တွေကိုသောက်ဖို့ပြောကြတာပါ။ ဒါပေမယ့် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ရပ်မှာတော့ ဗီတာမင် D က နှလုံးရောဂါ၊ ကင်ဆာ၊ နာကျင်ရောင်ရမ်းမှုဝေဒနာတွေ နဲ့ နာတာရှည်ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဒီဆောင်းပါးလေးထဲမှာ အဓိကပြောချင်တာကတော့ ဗီတာမင် D ကလေဒီတို့အတွက်တော်တော်လေးအထောက်အကူပြုပေးတယ်ဆိုတာကိုပါ။ ဗီတာမင် D နည်းလာတဲ့အခါ အရိုးတွေမှာ ထိခိုက်တာတွေတော်တော်များပါတယ်။နောက်တစ်ချက်က အမျိုးသမီးတွေမှာ ဗီတာမင် D […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးခန္ဓါဗေဒဆိုင်ရာသိထားရမယ့်အချက်များ

မျိုးပွားမှုတာဝန်ကိုဆောင်ရွက်ရတာကြောင့်အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်က အမျိုးသားတွေနဲ့ မတူကွဲပြားနေပါတယ်။ အမျိုးသမီးတွေရဲ့ ပြင်ပမျိုးပွားဖွဲ့စည်းမှုမှာ အပိုင်း ၂ ပိုင်းပါဝင်ပါတယ်၊ ခန္ဓါကိုယ်တွင်းထဲကို သုတ်ကောင်တွေဝင်ရောက်စေနိုင်ဖို့လုပ်ဆောင်ပေးတဲ့အပိုင်းနဲ့ ကိုယ်တွင်းမျိုးပွားအင်္ဂါအစိတ်အပိုင်းကို ကူးစက်ရောဂါပိုးတွေမဝင်ရောက်နိုင်အောင်ကာကွယ်တဲ့အပိုင်းပဲဖြစ်ပါတယ်။ သားဥအိမ်များ သားဥအိမ်တွေဟာ အယ်မွန်လ်သီးအရွယ်အစားလောက်သာရှိတဲ့ သေးငယ်တဲ့ဂလင်းတွေဖြစ်ကြပါတယ်။ သားအိမ် ရဲ့အထက်ပိုင်းဘေးတစ်ဖက်တစ်ချက်စီတင်ပါးဆုံအတွင်းပိုင်းမှာရှိတာဖြစ်ပါတယ်။ သားဥအိမ်တွေဟာ မမျိုးဥ လို့ခေါ်တဲ့ estrogen နဲ့ progesterone တို့လိုမျိုး လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကိုထုတ်လုပ်ပေးပါတယ်။ သားဥတွေကို အမျိုးသမီးတစ်ဦးရဲ့ ငယ်စဉ်ကနေစလို့ အပျိုဖော်ဝင်ပြီးတဲ့နောက် အရွယ်ရောက်တဲ့အချိန် အထိတဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့ oocyte ဆဲလ်တွေကနေဖြစ်ပေါ်စေတာဖြစ်ပါတယ်။ လစဉ်သားဥကြွေချိန်တိုင်း မှာအရွယ်ရောက်ပြီးဖြစ်တဲ့ သားဥတွေကိုထုတ်လွှတ်ပေးပါတယ်။ သားဥတွေဟာ သားအိမ်ဆီကိုမရောက်ခင်မှာ သားဥပြွန်ကိုဖြတ်သန်းလာတာဖြစ်ပါတယ်။ သားဥပြွန် သားဥပြွန်ဆိုတာက သားဥအိမ်ရဲ့အစွန်းပိုင်း သားအိမ်အထက်ပိုင်း ဘယ်ဘက်နဲပညာဘက်အစွန်းတွေမှာရှိနေတဲ့ ကြွက်သားပြွန်အစုံလိုက်ကိုဆိုလိုတာဖြစ်ပါတယ်။ သားဥပြွန်ဟာထိပ်မှာရှိတဲ့ကတော့ပုံ နဲ့အခေါင်းပေါက်ပုံစံရှိတဲ့ infundibulum အရောက်မှာအဆုံးသတ်သွားပြီးဒီအစိတ်အပိုင်းကို လက်ချောင်းလေးတွေနဲ့သဏ္ဍာန်တူတဲ့ fimbriae ဆိုတဲ့အင်္ဂါအစိတ်အပိုင်းနဲ့ဖုံးအုပ်ထားပါတယ်။ fimbriae ကသားဥအိမ်အပြင်ဘက်မှာရှိနေပြီး ထုတ်လွှတ်လိုက်တဲ့ မျိုးဥတွေကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Marie Antoinette syndrome (Marie Antoinette syndrome)

အဓိပ္ပါယ်ဖွင့်ဆိုချက်Marie Antoinette syndrome ဆိုတာဘာလဲ။ Marie Antoinette syndrome ဆိုတာက ဆံပင်တွေ ရုတ်တရတ်ဖြူသွားတဲ့အခြေအနေ (canities) ကို ရည်ညွှန်းပါတယ်။ ဒီနာမည်က ပြင်သစ်ဘုရင်မကြီး Marie Antoinette ရဲ့ပုံပြင်ကနေ ဖြစ်လာတာပါ။ သူမကို ၁၇၉၃ ခုနှစ်မှာ ကွပ်မျက်ခဲ့စဉ်က ရုတ်တရတ်ကြီး ဆံပင်ဖြူတွေပြောင်းသွားတယ်လို့ ဆိုကြပါတယ်။ အသက်ကြီးလို့ ဆံပင်ဖြူတာက သဘာဝပါ။ အသက်ကြီးလာတဲ့အခါ ဆံပင်အရောင်ကို ဖြစ်စေတဲ့ မယ်လနင်ရောင်ခြယ်ပစ္စည်းတွေ စနည်းလာပါတယ်။ ဒါပေမယ့် သည်ရောဂါကတော့ အသက်နဲ့မဆိုင်ဘူး။ alopecia areata ဆိုတဲ့ ရုတ်တရတ်ဆံပင်ကျွတ်တဲ့အခြေအနေနဲ့ ဆက်စပ်နေပါတယ်။ (ပုံပြင်ကမှန်မမှန်မသိရပေမယ့် Marie Antoinette ကွပ်မျက်ခံရတုန်းကအရွယ်က ၃၈ နှစ်ပဲရှိပါသေးတယ်။) Marie Antoinette syndrome ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Marie Antoinette syndrome က […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း