အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားလှပအောင်ခွဲစိတ် တော့မယ်ဆိုရင် ဒါတွေသိထားသင့်တယ်နော်

အမျိုးသမီးတွေအတွက် ရွေးချယ်စရာ အလှအပကုထုံးတွေ အခုခေတ်မှာပေါများလွန်းလို့ ခြေဆုံးခေါင်းဆုံးတောင် ပြင်ပစ်လိုက်လို့ရနေပါပြီ။ ဒီဆောင်းပါးမှာတော့ အခုနောက်ပိုင်းပြုလုပ်သူများလာတဲ့ ရင်သားလှပအောင်ခွဲစိတ် ပြုပြင်မှု (Breast Augmentation) နဲ့ပတ်သက်ပြီး သိသင့်တာလေးတွေ ပြောပြပေးချင်ပါတယ်။ အမျိုးသမီးတွေက လက်ရှိရင်သားထက် အရွယ်အစားပိုကြီးလာအောင်၊ ပုံပန်းသဏ္ဍာန် ပိုလှလာအောင်နဲ့ ပိုပြီးတင်းရင်းလာအောင် ရင်သားခွဲစိတ်မှုလုပ်ကြပါတယ်။ ခွဲစိတ်တဲ့အခါ ရင်ဘတ်ကြွက်သား ဒါမှမဟုတ် ရင်သားအသားစကြားကို ရင်သားပစ္စည်း(breast implant) ထည့်သွင်းလေ့ရှိပြီး ခွဲစိတ်မှုလုပ်ပြီးရင် (၇) နှစ်ကနေ (၁၂) နှစ်အထိ ခံပါတယ်။ ဘာ့ကြောင့် ရင်သားလှပအောင်ခွဲစိတ် မှုတွေ  လုပ်ကြတာလဲ များသောအားဖြင့် နဂိုကတည်းက ရင်သားအရွယ်အစားသေးနေရင် ကိုယ်ဝန်ရှိလို့၊ ဝိတ်ကျသွားလို့၊ မိခင်နို့တိုက်ကျွေးနေလို့ ပြောင်းလဲသွားတဲ့ ရင်သားပုံစံ၊ အရွယ်အစားကို ပြန်ပြုပြင်ချင်ရင် ရင်သားတစ်ဖက်နဲ့ တစ်ဖက်မညီမညာ ဖြစ်နေတာကို ပြန်ညှိချင်ရင် ခွဲစိတ်ကုသမှုတစ်ခုခုလုပ်ပြီးလို့ ပြောင်းလဲသွားတဲ့ ရင်သားကို နဂိုအတိုင်းပြန်လုပ်ချင်ရင် ရင်သားခွဲစိတ်မှုလုပ်ကြပါတယ်။ ရင်သားပလတ်စတစ်ခွဲစိတ်မှုမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ်ထုတ် ပြီးနောက်ပိုင်း ဘာတွေသိထားသင့်သလဲ

သားအိမ်ထုတ်တယ်ဆိုတာ ဗိုက်အောက်ပိုင်းကနေ ခွဲစိတ်ပြီး သားအိမ်ကိုဖယ်ရှားတဲ့ ကုသမှုဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ရာမှာ partial hysterectomy (သားအိမ်ကိုပဲဖယ်ရှားပြီး သားအိမ်ခေါင်းကို နဂိုအတိုင်းချန်ထားခဲ့တာ) နဲ့ total hysterectomy (သားအိမ်နဲ့ သားအိမ်ခေါင်းကို လုံးဝဖယ်ရှားလိုက်တာ) ဆိုပြီးရှိပါတယ်။ တစ်ခါတလေ total hysterectomy ခွဲစိတ်မှုမှာ သားဥအိမ်၊ သားဥပြွန် သို့မဟုတ် နှစ်ခုစလုံးကိုပါ ဖယ်ရှားရတာတွေ ပါဝင်တတ်ပါတယ်။ ခွဲစိတ်တဲ့အခါ မိန်းမကိုယ်ကနေသားအိမ်ထုတ်ခွဲစိတ်ခြင်း(vaginal hysterectomy) အပါအဝင် တခြားနောက်ဆုံးပေါ် သားအိမ်ထုတ်ခွဲစိတ်နည်းတွေ ရှိပါသေးတယ်။ ဆိုးကျိုးအနည်းဆုံးနဲ့ ကိုယ်နဲ့အသင့်တော်ဆုံးနည်းလမ်းကို ဆရာဝန်က ရွေးချယ်ဆုံးဖြတ်ပေးပါလိမ့်မယ်။ ခွဲစိတ်ပြီးတဲ့အခါ ခွဲစိတ်မှုပြီးတဲ့အခါ ကိုယ့်ရဲ့ဆရာဝန်၊ ဆရာမတွေက - နာကျင်မှုနဲ့ပတ်သက်တဲ့လက္ခဏာတွေ စောင့်ကြည့်ကုသပေးကြမယ်၊ နာကျင်မှုသက်သာစေဖို့နဲ့ ခွဲစိတ်ဒဏ်ရာပိုးမဝင်စေဖို့ ဆေးတွေပေးမယ်၊ ခွဲစိတ်မှုသက်သာလာတာနဲ့ ပုံမှန်အတိုင်းလှုပ်ရှားနိုင်အောင် အားပေးကူညီကြပါလိမ့်မယ်။ နာလန်ထူမယ့် ကာလ အမျိုးသမီးအများစုအတွက်တော့ ဝမ်းဗိုက်ကနေခွဲစိတ်မှုနောက်ပိုင်းမှာ ပြန်လည်နာလန်ထူနိုင်ဖို့ ၆ ပတ်လောက် ကြာနိုင်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာတဲ့ လေဒီလေးတစ်ယောက်ဖြစ်စေဖို့ ဘာတွေစားမလဲ

အာဟာရတွေက နေ့စဉ်လှုပ်ရှားမှုတွေကို အကောင်းဆုံးလုပ်နိုင်စေဖို့ပဲ မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာရောဂါကင်းပြီး ကျန်းမာနေစေဖို့လည်း နေ့စဉ်စားသုံးမှုထဲမှာ အာဟာရပြည့်ဝမျှတအောင်စားသုံးတတ်ဖို့လိုပါမယ်။ ဒီတော့ ကျန်းမာတဲ့ လေဒီလေးတစ်ယောက်ဖြစ်စေဖို့ ဘာတွေစားရမလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လေဒီလေးတွေအတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်တွေက အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်အတွက် အာဟာရလိုအပ်ချက်ကပိုမြင့်မားလာနိုင်ပါတယ်။ ဒီတော့ ငယ်စဉ်ကတည်းက အာဟာရပြည့်ဝအောင်စားသုံးပြီး ခန္ဓာကိုယ်မှာ ရောဂါတွေဖြစ်မလာအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ လေဒီလေးတစ်ယောက်ကျန်းမာဖို့ဆိုရင်တော့ • သံဓာတ် • ကယ်လ်ဆီယမ် • ဖောလစ်အက်ဆစ် • omega-3 fatty acid • ဗီတာမင် D • ဗီတာမင် B12 • ဗီတာမင် C • Choline • ပရိုတင်း • ရေဓာတ်တို့ပြည့်ဝဖို့လိုပါမယ်။ ကျန်းမာတဲ့ လေဒီလေးတစ်ယောက်ဖြစ်စေဖို့ ဘာတွေစားကြမလဲ…….. ကျန်းမာတဲ့လေဒီလေးတစ်ယောက်ဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့် အစားအစာတွေကို ပုံမှန်လေးစားသုံးပေးသင့်ပါတယ်။ ပဲအမျိုးမျိုး အမျှင်ဓာတ်၊ ပရိုတင်း နဲ့ ဖောလစ်အက်ဆစ်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အသားတွေမှာပါဝင်နေတဲ့ ပြည့်ဝဆီပါဝင်ခြင်း မရှိဘဲ ကြွက်သားတွေအတွက်အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေး တို့အတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်

လေဒီလေး တို့အနေနဲ့ ဘယ်အသက်အရွယ်ကိုရောက်ရောက် ကျန်းမာနေစေဖို့ဆိုရင် လိုက်နာရမယ့် အချက်လေးတွေရှိနေပါတယ်။ ဒါတွေက ဘာတွေများလဲဆိုတာကို သိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ အရွယ်တိုင်းမှာ ကျန်းမာတဲ့ လေဒီလေး ဖြစ်စေဖို့ အရွယ်တိုင်းမှာ ကျန်းမာတဲ့ လေဒီလေ းဖြစ်ဖို့ဆိုရင် ဘယ်အသက်အရွယ်ကိုပဲရောက်ရောက် အာဟာရပြည့်ဝအောင်စားပြီး သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ဖို့လိုပါမယ်။ ဒါမှကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက်ကြီးပြင်းနိုင် မှာပါ။ နောက်တစ်ချက် သတိထားရမှာက အသက်အရွယ်အလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝအောင် ဖြည့်မိဖို့ ပါ။ ဒါမှ ရောဂါကင်းပြီး ကျန်းမာလှပတဲ့ လေဒီတစ်ယောက်ဖြစ်တော့မပေါ့။ လေဒီလေးတွေအတွက် မရှိမဖြစ်လိုအပ်မယ့် အာဟာရဓာတ်တွေက အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်အတွက် အာဟာရလိုအပ်ချက်ကပိုမြင့်မားလာနိုင်ပါတယ်။ ဒီတော့ အသက်အရွယ်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် လိုအပ်တဲ့ အာဟာရတွေပြည့်ဝနေဖို့လိုမှာပါ။ ဒီတော့ လေဒီလေးတွေအတွက် မရှိမဖြစ်လိုအပ်မှာက ဘယ်အာဟာရတွေလဲလို့သိချင်နေပြီလား။ ဆက်ကြည့်လိုက်နော်။ • သံဓာတ် • ကယ်လ်ဆီယမ် • ဖောလစ်အက်ဆစ် • omega-3 […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

RV uterus ဆိုတာ

ဒီတစ်ခေါက်တော့ မေမေဖြစ်နိုင်တဲ့အခွင့်အရေးကိုပိုင်ဆိုင်ထားတဲ့ လေဒီလေးတို့မှာ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေလေးတစ်ရပ်အကြောင်းကို ဆွေးနွေးချင်ပါတယ်။ Retroverted (RV) uterus ဆိုတာ Retroverted (RV) ဆိုတာက သားအိမ်က ပုံမှန်အခြေအနေမဟုတ်ဘဲ နောက်လန်နေတာပါ။ သားအိမ်က ရှိသင့်တဲ့ပုံစံအတိုင်းတည့်တည့်ရှိမနေဘဲ နောက်ကို နည်းနည်းကွေးနေတာမျိုးပါ။ ဒီအချက်ကို ပုံမှန်အတိုင်းတော့ မသိနိုင်ပါဘူး။ အမျိုးသမီး ၅ ဦးမှာ ၁ ဦးနှုန်းလောက် RV ကိုခံစားနေရတာပါ။ RV utreus (သားအိမ်နောက်လန်တယ်) ဆိုတာကသားအိမ်အဝကနေ အတွင်ပိုင်းထဲကို ဆက်သွားတဲ့ လမ်းကြောင်းက အောက်ဘက်ဆီကို ဦးတည်နေတာပါ။ အမျိုးသမီးတိုင်းမှာ မွေးလမ်းကြောင်းအဆုံးမှာ သားအိမ်ဝရှိနေပြီး သားအိမ်ဝနဲ့ တစ်ဆက်တည်းမှာ သားအိမ်ရှိနေပါတယ်။ ဒီလမ်းကြောင်းတွေက ပုံမှန်ဆိုရင် တဖြောင့်တည်းရှိနေတတ်တာဖြစ်ပြီး RV (သားအိမ်နောက်လန်ခြင်း) ခံစားနေရသူတွေမှာတော့ သားအိမ်ခေါင်းပိုင်းက သားအိမ်နဲ့ တဖြောင့်တည်းဖြစ်မနေဘဲ ထောင့်ချိုးပုံစံမျိုးရှိနေတာပါ။ ဘယ်လိုလက္ခဏာတွေခံစားရနိုင်လဲ.................. RV (သားအိမ်နောက်လန်ခြင်း) RV […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားလျော့တွဲနေတာကို ပုံကျလာစေမယ့် သဘာဝနည်း (၄) ခု

ခန္ဓါကိုယ်အချိုးအစားပုံကျလှပဖို့က အလှအပကိုတန်ဖိုးထားတဲ့မိန်းကလေးတိုင်းရဲ့ဆန္ဒဖြစ်မှာပါ။ ရှိသင့်တဲ့အချိုးအစားအတိုင်း အချိုးကျနေဖို့ဆိုရင်တော့ ရင်သားတင်းရင်းလှပမှုကလည်း အရေးပါပါတယ်။ ဒါ့ကြောင့်မိန်းကလေးတွေက ရင်နဲ့တင် တက်ဖို့ ၊ အချိုးကျလှပဖို့ (ပြောရရင် ကိတ်ဖို့ပေါ့) ဂျင်မ်တွေမှာ အားကစားလုပ်ရင်း ကြိုးစားကြပါတယ်။ မကိတ်သေးတဲ့သူတွေက ကြိုးစားရင်ရပေမယ့် ရင်ရှိပြီးသား မိန်းကလေးတွေမှာ တင်းရင်းမှုမရှိဘဲ လျော့တွဲလာတာက အလှပျက်စေပါတယ်။ ဒါကလည်း သဘာဝဆိုတာထက် ကိုယ့်ရဲ့နေထိုင်မှုပုံစံ၊ အမှုမဲ့အမှတ်မဲ့အမူအကျင့်တွေကြောင့်လည်းဖြစ်နိုင်တာပေါ့၊ ဥပမာ - ကိုယ်ကျပ်အားကစားဝတ်စုံမဝတ်ဘဲ လေ့ကျင့်လှုပ်ရှားတာမျိုး၊ ကိုယ့်အိမ်မှာဆို အတွင်းခံမဝတ်ဘဲ နေတတ်တဲ့အကျင့်မျိုးတွေက ရင်သားလျော့တွဲစေတဲ့အမူအကျင့်တွေထဲမှာ ပါဝင်ပါတယ်။ ဘာလို့ ရင်သားလျော့တွဲရတာလဲ အသက်အရွယ်ကြောင့်ဒီလိုဖြစ်လာတာက သဘာဝဆိုပေမယ့် လူငယ်တွေမှာရော ဘာလို့ဖြစ်လာရလဲ။ ဒီအချက်တွေကြောင့် ရင်သားလျော့တွဲစေနိုင်ပါတယ် - ကိုယ်ဝန်ဆောင်ခြင်း ဆေးလိပ်သောက်ခြင်း ရင်သားအရွယ်အစားကြီးခြင်း ကိုယ်အလေးချိန်အများကြီးကျဆင်းသွားခြင်း ကိုယ်အလေးချိန်များခြင်း နေရောင်ခြည်ထိတွေ့မှုများခြင်း သွေးဆုံးခြင်း ပြင်းထန်တဲ့အားကစားလေ့ကျင့်ခန်းတွေလုပ်ခြင်း၊ စတာတွေပါဝင်ပါတယ်။ ဒီတော့ အသက်ကြီးလို့ပဲဖြစ်ဖြစ်၊ နေထိုင်ပုံလွဲမှားလို့ပဲဖြစ်ဖြစ်၊ ဘေဘီလေးမွေးထားလို့ပဲဖြစ်ဖြစ် လျော့တွဲမှုပြဿနာဖြစ်လာတဲ့လေဒီတွေအတွက် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

RV uterus လေဒီလေးတို့အတွက် လေ့ကျင့်ခန်း

သားအိမ်နောက်လန်ခြင်း (RV uterus)က ၂၀ရာခိုင်နှုန်းသော အမျိုးသမီးတွေမှာ တွေ့ရတတ်ပြီး ပုံမှန်အခြေအနေပဲ ဖြစ်ပါတယ်၊၊ များသောအားဖြင့် ဒုက္ခမပေးတတ်သလို လက္ခဏာလည်း ပြလေ့မရှိပါဘူး၊၊ ဒါပေမယ့် တချို့တွေမှာ သားအိမ်လန်နေလို့ အတူနေရင် နာတာမျိုး ဖြစ်နိုင်ပါတယ်၊၊ ဒါကိုသက်သာဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်လို့ရသလို ခွဲစိတ်ကုသမှုခံယူလို့ရတယ်ဆိုတယ်။ ခွဲစိတ်တာတော့ မလုပ်ချင်ဘူး။ လေ့ကျင့်ခန်းပဲလုပ်မယ်ဆိုတဲ့ လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးထဲက လေ့ကျင့်ခန်းလေးတွေက အကောင်းဆုံးအထောက်အကူပြုပေးနိုင်မှာပါ။ သားအိမ်နောက်လန်ခြင်း (RV uterus) ဘာကြောင့်ဖြစ်ရတာလဲ........ ဒီအခြေအနေက အမျိုးသမီး ၅ ဦးမှာ ၁ ဦးနှုန်းခံစားရလေ့ရှိတဲ့ အခြေအနေတစ်ရပ်ပါ။ အများစုအတွက် ဒါက ပုံမှန်ပါပဲ၊၊ တင်ပဆုံအရွတ်တွေ အားနည်းမှုကြောင့် ဖြစ်နိုင်သလို မွေးရာပါလည်း ဖြစ်နိုင်ပါတယ်၊၊ ရောဂါကြောင့်ဆိုရင်တော့ Endometriosis (သားအိမ်အတွင်းမြှေးနံရံ ပြဿနာ) ခံစားနေရတာ သားအိမ်ထဲကို ပိုးဝင်ကူးစက်တာ ဆီးလမ်းကြောင်းပိုးဝင်ကူးစက်တာ တင်ပဆုံပိုင်း ခွဲစိတ်ကုသမှုခံယူထားသူတွေမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ်ကျတဲ့ပြဿနာကို ကုသလို့ရလား ။ ။

မိန်းမကိုယ်ဝမှာ တစ်ဆို့ဆို့ကြီးနဲ့၊ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ဖြစ်နေလို့ ဆရာဝန်ဆီ ပြေးတဲ့အခါ သားအိမ်ကျ နေပြီဆိုတဲ့ ဝေဒနာကိုယ့်မှာ ခံစားနေရပြီဆိုတဲ့ အဖြေထွက်လာပြီဆိုရင်လန့်သွားတတ်ကြတာ အမျိုးသမီးတိုင်းပါ။ ဗိုက်ထဲမှာရှိရမယ့် သားအိမ်ကြီးက ဘာ့ကြောင့် မိန်းမကိုယ်အပြင်ဘက်ကို ထွက်ကျလာတာလဲ။ ဘယ်လို ကုသကြမလဲ။ သားအိမ်ကျတဲ့ ပြဿနာ ဘာ့ကြောင့်ဖြစ်ရတာလဲ။ အဓိကကတော့ သားအိမ်ကိုထိန်းထားတဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ် တွေ အားလျော့သွားတာကြောင့်ဖြစ်ရတာပါ။ ဒီတော့ ဒီ ကြွက်သားနဲ့ အရွက်တွေကို အားလျော့စေတဲ့ ပြဿနာတွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်တဲ့ အကြိမ်အရေအတွက်များတာ မီးဖွားချိန် သားအိမ်ဝန်းကျင်ကို ထိခိုက်မိတာ ပေါင်ချိန်များတဲ့ ကလေး၊ ကလေးကြီးကြီးတွေ ကို မိန်းမကိုယ်ကနေ ရိုးရိုးမွေးတာ ကိုယ်အလေးချိန် များနေတာ အဝလွန်နေတာ သွေးဆုံးချိန် အီစတိုဂျင်ဟော်မုန်းနည်းလာတာ နာတာရှည် ဝမ်းချုပ်လို့ တစ်ခါဝမ်းသွားရင် ညှစ်ညှစ်ပြီးသွားရတာ နာတာရှည် ချောင်းဆိုးရလွန်းလို့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ။ ။

သားအိမ်ကျတဲ့ပြဿနာကိုကြားဖူးကြပါသလား။ မိန်းမကိုယ်အဝမှာ တစ်ဆို့ဆို့ကြီးနဲ့ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ခံရခက်တဲ့ ဝေဒနာကြီးတစ်ခုလေ။ အသက်ကြီးလာတဲ့ အမျိုးသမီးတိုင်းနီးပါး ခံစားရလေ့ရှိတဲ့ ပြဿနာတစ်ခုဆိုလည်း မမှားဘူးပေါ့။ ဘာ့ကြောင့်လဲ။ အသက်ကြီးလာတဲ့ အမျိုးသမီးတိုင်း စိတ်ပူရမယ့် ပြဿနာတွေထဲ ဒီ သားအိမ်ကျတဲ့ ပြဿနာက ဘာ့ကြောင့်ပါနေရတာလဲ ။ သားအိမ်ကျတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ သားအိမ်ကိုထိန်းထားတဲ့ pelvic floor muscles လို့ခေါ်တဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ်တွေ အားနည်းသွားတဲ့အခါ သားအိမ်ကိုဆက်မထိန်းနိုင်တော့ဘဲ မိန်းမကိုယ်အပြင်ဘက်ကို သားအိမ်ကျတဲ့ ပြဿနာဖြစ်လာပါတော့တယ်။ ဘယ်သူတွေမှာ အများဆုံးဖြစ်တတ်လဲ။ အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် သွေးဆုံးပြီးသားအမျိုးသမီးတွေ အဝလွန်တဲ့ အမျိုးသမီးတွေ အလေးအပင်မလွန်းတဲ့ အမျိုးသမီးတွေ နာတာရှည်ချောင်းဆိုးဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေ ရိုးရိုးမီးဖွားထားတဲ့ အမျိုးသမီးတွေ နဲ့ ကလေးများများမွေးထားတဲ့ အမျိုးသမီးတွေက ပိုဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲ။ အဓိကကတော့ သားအိမ်ကိုထိန်းထားတဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ် တွေ အားလျော့သွားတာကြောင့်ဖြစ်ရတာပါ။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်

သူကတော့ ဘယ်ချိန်ကြည့်ကြည့်လှနေရောပဲ။ အားကျလိုက်တာဟယ်လို့တွေးနေပြီလား။ အလှတရားက လူတိုင်းမြတ်နိုးတဲ့အရာပါနော်။ မိန်းကလေးတွေဆိုပိုလို့တောင်အလှကြိုက်ဦးမယ်။ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတွေ အဖြစ် ဖြတ်သန်းဖို့ဆန္ဒရှိနေပြီဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်နာပေးပါလို့ ပြောပါရစေနော်။ အလှတရားက မထိန်းသိမ်းရင်ပျက်စီးတတ်ပါတယ်နော် ကြည့်လိုက်တိုင်းလှနေတဲ့ လေဒီလေးတွေက နည်းနည်းလေးမှကြိုးပမ်းမှုမရှိဘဲ လှနေတာတော့မဟုတ်ပါဘူး။ သူတို့တွေကိုလှနေစေတဲ့ အချက်လေးတွေကို ကြည့်လိုက်ရအောင်လား။ လှပကြော့ရှင်းတဲ့လေဒီလေးတစ်ယောက်ဖြစ်ဖို့က ဆံစကနေ ခြေဖျားအထိ ကျန်းမာလှပနေဖို့လိုအပ်မှာပါ။ ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက် ကျန်းမာပျော်ရွှင်ပြီး လှပကြော့ရှင်းတဲ့ လေဒီလေးတို့ရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေများလဲဆိုတော့ ရေလုံလောက်အောင်သောက်ကြတယ် လှပကြော့ရှင်းတဲ့ လေဒီလေးတွေက ရေသောက်မပျင်းကြသလို တစ်နေ့တာမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ရေပမာဏကို ပြည့်ပြည့်ဝဝသောက်တတ်ကြသူတွေပါ။ သွားလေရာကိုရေဗူးလေးတောင် ဆောင်သွားတတ်ကြပါသေးတယ်နော်။ အသားအရေကိုဂရုစိုက်ကြတယ် ကိုယ်တွေကသာ ပင်ပန်းလွန်းလို့ မျက်နှာမသစ်ဘဲ အိပ်ရာဝင်ချင်ဝင်လိမ့်မယ်။ ဘယ်ချိန်ကြည့်ကြည့်လှလိုက်တာဆိုတဲ့ လေဒီလေးတွေကတော့ ဘယ်လောက်ပင်ပန်းနေပါစေ။ ညအိပ်ရာဝင်ခါနီး မိတ်ကပ်တွေဖယ်ရှားသန့်စင်ဖို့နဲ့ လုပ်ဆောင်ပေးသင့်တဲ့အသားအရေ ဂရုစိုက်မှုတွေကို မပျက်မကွက်လုပ်တတ်ကြသူတွေပါ။ လိုအပ်တဲ့ အသားအရေထိန်းသိမ်းမှုတွေကိုလည်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း