အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ဒီပြဿနာကို ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုပြီး တွေးရခက်နေပြီလား......... ဒါဆိုရင်တော့ မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံသက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ မိန်းမကိုယ်မှာ ဝက်ခြံဘာကြောင့်ဖြစ်............ မိန်းမကိုယ်မှာ ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းကတော့ တစ်ခုမကပါဘူး။ အရေပြား ဓာတ်မတည့်တာ ရေချိုးဆပ်ပြာရည်တွေနဲ့ ထိတွေ့မိတာ အမွှေးနံ့ပြင်းတဲ့ ဆပ်ပြာတွေနဲ့ ထိတွေ့မိတာ မိန်းမကိုယ်ကို ရေမွှေးဆွတ်တာ feminine wipes သုံးတာ အမွှေးခဲနဲ့ ပွတ်တိုက်တာ လိုးရှင်းလိမ်းတာ ပေါင်ဒါသုံးတာ လစဉ်သုံးတွေ သုံးတာ tampons သုံးတာ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတာ သုက်ပိုးသတ်ဆေးတွေ သုံးတာ ချောဆီသုံးတာ ဆေးဝါးတွေ သောက်သုံးရတာ အတွင်းခံကို လျှော်တဲ့အခါ ဆပ်ပြာမှုန့်တွေ အလွန်အကျွံသုံးတာ မီးပူတိုက်တဲ့အခါ သုံးတဲ့ အမွှေးဆီတွေကြောင့် မိန်းမကိုယ်မှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

အဖြူဆင်း တယ်ဆိုတာ အမျိုးသမီးတိုင်းလိုလို မကြာခဏ ဖြစ်တတ်ကြတဲ့ အရာပါ။ အဖြူ ဘာကြောင့်ဆင်းရတာလဲ၊ အဖြူဆင်းတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးလား။ ရောဂါတစ်ခုခုများ ဖြစ်နေလို့လား။ အရင်ကတော့ မသိသာဘူး၊ ဒီရက်ပိုင်းမှ အဖြူတွေ တအားဆင်းနေတယ်၊ ပြဿနာ တစ်ခုခုများရှိနေလား မသိဘူးဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ဆရာဝန် သွားပြသင့်၊ မပြသင့်ကို ဒီဆောင်းပါးလေးမှာ အဖြေရှာကြည့်ရအောင်။ အမျိုးသမီးများနှင့် အဖြူဆင်းခြင်း အမျိုးသမီးများနှင့် အဖြူဆင်းခြင်း အကြောင်းလေး လေ့လာကြည့်လိုက်ရအောင်နော်။ အဖြူဆင်းတဲ့အခါ ဆင်းလာတဲ့ အရည်ရဲ့ အပျစ်၊ အကျဲ နဲ့ အရောင်တွေပေါ် မူတည်ပြီး ဘာကြောင့်ဖြစ်တယ်ဆိုတာကို အကြမ်းဖျင်း ခွဲခြားလို့ ရပါတယ်။ အဖြူရောင် အဖြူရောင်ပါတဲ့ အဖြူဆင်းခြင်းဟာ ရာသီစက်ဝန်း အစ နဲ့ ရာသီစက်ဝန်းပြီးဆုံးချိန် တစ်နည်းအားဖြင့် ရာသီ မလာခင် နဲ့ လာပြီးစ အချိန်တွေမှာ ဖြစ်တတ်ပြီး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိန်းမကိုယ် ရနံ့လေး သင်းစေဖို့ ရေမွှေးတွေ ဆွတ်ကြသတဲ့လား

ဘာအကြောင်းမှ မပြောခင် အရင်ဆုံး မေးချင်တာလေး ရှိပါတယ်။ မိန်းမကိုယ်က ပန်းတစ်ပွင့်လို မွှေးကြိုင်နေစရာ လိုလို့လား။ မိန်းမကိုယ်မှာ သဘာဝ အနံ့ရှိပါတယ်။ ကျန်းမာတဲ့ မိန်းမကိုယ်ဖြစ်ဖို့အတွက် တကယ်တမ်းမှာ ဘာ Product မှ မလိုအပ်ပါဘူး။ ဒီလိုပြောဖို့အတွက် မိန်းမကိုယ်ရဲ့ သဘာဝကို အရင်ရှင်းပြဖို့ လိုအပ်လာပါပြီ။ ပြင်ပက ဝင်လာတဲ့ ပိုးမွှားတွေ၊ မှိုတွေရဲ့ ရန်ကို တိုက်ထုတ်ဖို့ မိန်းမကိုယ်ထဲမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေ နဲ့ မှိုတွေ ရှိပါတယ်။ မိန်းမကိုယ်တွင်းက ထွက်တဲ့ အချွဲတွေ၊ အရပ်စကားပြောရရင် အဖြူတွေက မိန်းမကိုယ်ကို pH ပမဏ မျှတအောင်နဲ့ မိန်းမကိုယ် သန့်ရှင်းအောင် အလိုအလျောက် သန့်စင်ပေးပြီးသားပါ။ ဒီအရာတွေကြောင့် မိန်းမကိုယ်တိုင်းမှာ ပင်ကိုယ်သဘာဝ ရနံ့ရှိပါတယ်။ ကြော်ငြာတွေကတော့ မိန်းမကိုယ်တွေဟာ ကြာညိုနံ့ပဲ သင်းရမလိုလို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အတွင်းခံ နှင့် ရှက်ရွံ့ခြင်း ပြဿနာ

ဒါပေါ့။ အတွင်းခံ ကို လူတိုင်း ဝတ်ကြတာပေါ့။ ဒါပေမဲ့ လျှော်ဖွပ်ပြီး လှန်းတဲ့အခါမှာတော့ ယောက်ျားလေး အတွင်းခံတွေဆို ဘယ်နေရာ ဘယ်လို လှန်းလှန်း ပြဿနာ မရှိပေမဲ့ မိန်းကလေး အတွင်းခံတွေကိုတော့ ထဘီနဲ့ အုပ်လှန်းတာက လှန်း၊ နေမရ၊ လေမရတဲ့ အိမ်တွင်း အရိပ်ထဲ ထည့် လှန်းလိုလှန်းနဲ့ ပြဿနာတွေ တန်းစီတက်ကြတော့တာပါပဲ။ ဘာကြောင့် ယောက်ျားလေး အတွင်းခံတွေက ပွင့်လင်းမြင်သာခွင့် ရှိပြီး မိန်းကလေး အတွင်းခံတွေကိုက ကွယ်ဝှက်နေကြတာလဲ။ တခြားအဝတ်တွေလည်း အဝတ်၊ အတွင်းခံလည်း အဝတ်ပါပဲ။ မရှက်ပါနဲ့။ ရဲရဲသာ အပြင်ထုတ်လှန်းပါ။ တကယ်က ယောက်ျားလေး အတွင်းခံ ဖြစ်စေ၊ မိန်းကလေး အတွင်းခံဖြစ်စေ၊ လေဝဝရှူရဖို့ လိုပါတယ်။ မိန်းကလေးတွေရဲ့ အတွင်းခံတွေဟာ မိန်းကလေးတွေရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်း၊ အနူးညံ့ဆုံး အစိတ်အပိုင်းနဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများ နှင့် တစ်ကိုယ်ရေ အာသာဖြေခြင်း

အမျိုးသားတွေ လိင်စိတ်ခံစားမှု ရှိသလို အမျိုးသမီးတွေဟာလည်း သွေးသားဆန္ဒ ရှိကြပါတယ်။ ဒါပေမဲ့ အမျိုးသားတွေကသာ ငယ်ကတည်းက (မှားသည်/မှန်သည် အသာထား) လိင်ပိုင်းဆိုင်ရာ အသိပညာတွေနဲ့ နီးစပ်ကြပြီး အမျိုးသမီးဟာ လိင်စိတ်ဆန္ဒတွေကို ချိုးနှိမ်ထားဖို့နဲ့ လိင်ဆက်ဆံခြင်းဟာ ကြောက်စရာ၊ ရှက်စရာ၊ ရွံစရာကောင်းတယ်ဆိုတဲ့ အသိတွေနဲ့ ကြီးပြင်းလာကြရတာပါ။ ဒါကြောင့်လည်း အမျိုးသမီးနဲ့ တစ်ကိုယ်ရေ အာသာဖြေခြင်း ဆိုလိုက်ရင် အပြစ်တွေ လုပ်နေသလို ဟင်ခနဲ နှာခေါင်းရှုံ့သွားကြမယ့်သူတွေထဲ အမျိုးသမီးတွေ ထိပ်ဆုံးက ပါနေတာပေါ့။ ဒါပေမဲ့ မိန်းကလေးတွေဟာလည်း တစ်ကိုယ်ရေ အာသာဖြေခြင်းကို လုပ်သင့်ပါတယ်။ ဘာကြောင့် လုပ်သင့်တာလဲဆိုတဲ့ အကြောင်းရင်းတွေကတော့… ၁။ ခန္ဓာကိုယ်ကို ကောင်းကျိုးတွေ ပေးစွမ်းနိုင်ပါတယ်။ အာသာဖြေခြင်းက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး Endorphins လို့ခေါ်တဲ့ နေထိုင်ကောင်းခြင်းကို ဖြစ်ပေါ်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးကို ဦးနှောက်က ထုတ်ပေးနိုင်ပါတယ်။ တကယ်လို့များ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာရေးအတွက် ဘရာ လျှော့ဝတ်ကြမယ်

ဘရာ စီယာဆိုတာက အမျိုးသမီးတွေအတွက် မရှိမကောင်း ရှိမကောင်းအရာပါ။ မဝတ်ထားပြန်ရင်လဲ စိတ်ထဲမလုံမခြုံဖြစ်စေသလို အချိန်အကြာကြီး ဝတ်ဆင်ထားမိရင်လဲ ကျန်းမာရေးအတွက် ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဘရာ လျှော့ဝတ်ကြမယ် တချို့မိန်းကလေးတွေကျတော့လည်း လှချင်တာမို့ မိန်းကလေး အတွင်းခံ ဘရာစီယာကို ခပ်ကျပ်ကျပ်ဝတ်ကြတယ်။ ကျပ်ကျပ်ဝတ်လေ ပုံပိုပေါ်လေ၊ ပိုကြီးသယောင်လည်း ဖြစ်တယ်ဆိုတော့ ပစ္စည်းရှိကြောင်းလည်း ကြွားလို့ရတာပေါ့။ ဒါပေမယ့် ဘရာစီယာကို အချိန်တိုင်း ဝတ်နေပြန်ရင်လဲ ကျန်းမာရေးကို ထိခိုက်နိုင်တယ်လို့ အပေါ်မှာ ဆိုခဲ့တယ် မဟုတ်လား။ ဟုတ်ပါတယ်။ ဘရာ စီယာကို အမြဲဝတ်နေရင် အောက်ပါကျန်းမာရေးပြဿနာတွေ ကြုံရနိုင်ပါတယ်။ ကျန်းမာရေးအတွက် ဘရာ လျှော့ဝတ်ကြမယ် လို့ ပြောရတာက ဘရာ အမြဲ ဝတ်ထားတာက ဒီလို ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်ရနိုင်တာကြောင့်ပါ။ ရင်သားကင်ဆာ ဘရာစီယာကို တင်းတင်းကျပ်ကျပ် ဝတ်တဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက်

မိန်းကလေးတိုင်းရဲ့ စိတ်ကူးထဲမှာ ထက်မြက် ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ချင်စိတ်က အမြဲရှိနေတာပါ။ တော်ရုံ လှရုံတင်မဟုတ်ပါဘူး။ ကျန်းမာချင်စိတ်လည်း ရှိနေတာပါ။ ကျန်းမာပြီး လှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်တော့ ထင်သလောက်မလွယ်ကူပါဘူး။ ဒီလိုအမျိုးသမီးတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် နေ့စဉ်လိုက်နာရမယ့် နည်းလမ်းတွေရှိပါတယ်။ ဟော်မုန်းညီမျှအောင်၊ အသားအရေလှအောင်၊ ရေဓာတ်ပြည့်ဝအောင်၊ ကိုယ်ခံအားကောင်းအောင်၊ စိတ်ဖိစီးမှုနည်းအောင် လိုက်နာရမယ့်နည်းလမ်းတွေပေါ့။ ဒီလိုအကျိုးတရားတွေကို ရနိုင်ဖို့ အမျိုးသမီးတွေ နေ့စဉ်လိုက်နာသင့်တဲ့ ရိုးရှင်းတဲ့ နည်းလမ်း ၉ ခုကို ဖော်ပြပေးချင်ပါတယ်။ ကျန်းမာလှပတဲ့ အမျိုးသမီး တစ်ယောက်ဖြစ်စေဖို့ နေ့စဉ်လိုက်နာရမယ့် အချက် ၉ ချက် သဘာဝအစားအစာတွေကို အဓိက စားပါ နေ့စဉ်ကျန်းမာဖို့ဆိုရင် အာဟာရပြည့်ဝအောင် စားသောက်ဖို့လိုအပ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် ကျန်းမာစေမှာဖြစ်သလို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကိုလည်း လုံလုံလောက်လောက်ရရှိမှာမို့ အလှအပအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ မနက်ခင်းတိုင်းမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Waist trainer တွေ တကယ်ပဲ အလုပ်ဖြစ်သလား

Waist Trainer တွေ ဆိုတာ ခါးသေးရင်ချီ၊ တင်ပါးလေးကားတဲ့ သဲနာရီပုံစံ ခန္ဓာကိုယ် ရရှိအောင် လုပ်ပေးနိုင်တဲ့ ခါးစည်းတစ်မျိုးလို့ ဆိုကြပါတယ်။ ပြောရမယ်ဆိုရင် ဒါဟာ ဟိုးအရင်ခေတ်က သုံးခဲ့ပြီး နောက်ပိုင်း ကျန်းမာရေး ပြဿနာတွေကြောင့် ရပ်လိုက်ကြတဲ့ Corset Fashion Trend ကိုပဲ ပြုပြင်ပြောင်းလဲပြီး ခေတ်မီအောင် လုပ်ထားတာမျိုးပါ။ ဆိုရှယ်လ်မီဒီယာတွေပေါ်မှာလည်း နာမည်ကျော်တွေကအစ သုံးနေကြတော့ ခေတ်စားလာတာလည်း မဆန်းဘူးလို့ ဆိုရမှာပေါ့။ နာမည်ကြီးတယ်ဆိုပေမဲ့ တကယ် သုံးရင် အန္တရာယ်ကင်းရဲ့လား ဆိုတာကိုတော့ ပြန်ဆန်းစစ်ဖို့ လိုပါတယ်။ ဒီတော့ Waist Trainer တွေ က ဘာတွေ ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ အာမခံကြတာလဲ။ ပြောခဲ့သလို သဲနာရီ ခန္ဓာကိုယ်လေး ဖြစ်ဖို့ ခါးသေးအောင် လုပ်ပေးနိုင်တယ်။ တစ်ရက်ကို ၈နာရီလောက် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဘာကြောင့်များ ရင်သားထိပ်ခေါင်းတွေ ယားယံနေတာလဲ

အမျိုးသမီးတွေအတွက်တော့ ရင်သားဆိုတာဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အလှအပအတွက်ပဲဖြစ်ဖြစ် အိမ်ထောင်ကျ ရင်သွေးရလို့ နို့ချိုတိုက်ကျွေးဖို့အတွက်ပဲ ဖြစ်ဖြစ် ရင်သားက အရေးကြီးလှပါတယ်။ ဒီလို အရေးကြီးတဲ့ ရင်သားရဲ့ထိပ်ခေါင်း (နို့သီးခေါင်း) လေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းအရင်းမရှိပဲ ယားယံနေတတ်ပါတယ်။ ဘာကြောင့်မှန်းမသိပေမယ့် မကြာခဏဆိုရင်တော့ ကျန်းမာရေးပြဿနာ တစ်ခုခုလား၊ ယားနာပဲလား၊ ရင်သားကင်ဆာလားဆိုပြီး စိုးရိမ်စရာဖြစ်လာကြပါလေရော။ ရင်သားထိပ်ခေါင်းယားယံတာက ဘာမှမဟုတ်ဘူးထင်ရပေမယ့် တော်တော်လေးဆိုးရွားတဲ့ ပြဿနာတစ်ခုပါ။ လူရှေ့သူရှေ့များ ယားယံစိတ်ပေါ်လာရင် ကုတ်မရပြုမရ၊ နေရထိုင်ရခက်နဲ့ဆိုတော့လေ။ နေရထိုင်ရခက်ပြီး စိတ်ကသိကအောက်ဖြစ်စရာပါ။ အမျိုးသမီးအများစုဟာ သူတို့ရဲ့ ရင်သားထိပ်ခေါင်းတွေ ယားယံရတဲ့အကြောင်းအရင်းတချို့ရှိပါတယ်။ များသောအားဖြင်တော့ ဆိုးရွားလှတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်လေ့ဖြစ်ထမရှိပါဘူး။ ဖြစ်လေ့ဖြစ်ထရှိစေတဲ့တွေကတော့ Atopic Dermatitis - Atopic dermatitis ဆိုတာက ယားနာဝေဒနာတစ်မျိုးပါ။ Eczema လို့လည်း သိကြပါတယ်။ ဒီယားနာဝေဒနာက ရင်သားထိပ်ခေါင်းမှာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Probiotic က မိန်းမကိုယ်မှိုစွဲတာကို တိုက်ထုတ်ပေးနိုင်သလား

Probiotics ဆိုတာ အကျိုးပြုဘက်တီးရီးယားလေးတွေကို ခေါ်တာပါ။ ခန္ဓာကိုယ်နဲ့ အစာအိမ်ကိုအကျိုးပြုပြီးတော့ ကျန်းမာသန်စွမ်းစေတဲ့ ဘက်တီးရီးယားလေးတွေပေါ့။ သူတို့က ကိုယ်အလေးချိန်ကျစေဖို့၊ အစာခြေစနစ် ကောင်းမွန်စေဖို့၊ ဝမ်းမှန်စေဖို့၊ စိတ်ကျန်းမာစေဖို့ အကျိုးပြုပါတယ်။ ခန္ဓာကိုယ်ရဲ့ အစာခြေစနစ်ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကျန်းမာရေးအတွက်ပါ အကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။ ခုနောက်ပိုင်း သိပ္ပံနည်းကျလေ့လာချက်တွေအရ Probiotics က အမျိုးသမီးတွေရဲ့ မိန်းမကိုယ်မှိုစွဲတာကိုလည်း တိုက်ထုတ်ပေးနိုင်တယ်လို့ သိထားရပါတယ်။ မိန်းမကိုယ်မှိုစွဲခြင်း (Vaginal Infection) ဆိုတာဟာ အရွယ်ရောက်ပြီးအမျိုးသမီးတွေမှာ အဖြစ်များတဲ့ရောဂါတစ်မျိုးဖြစ်ပြီးတော့ ပုံမှန်ကျန်းမာတဲ့မိန်းမကိုယ်မှာ ဒီရောဂါရှိနေပြီဆိုရင်အောက်ပါ လက္ခဏာတွေ ပြသတတ်ပါတယ်။ မိန်းမကိုယ် တစ်ဝိုက်ရောင်ရမ်းခြင်း မိန်းမကိုယ် ယားယံခြင်း ဆီးသွားစဉ်နဲ့ လိင်ဆက်ဆံစဉ်ပူခြင်း လိင်ဆက်ဆံစဉ် နာကျင်ခြင်း မိန်းမကိုယ်တွင် နာကျင်ခြင်း၊ နီခြင်း၊ အနီကွက်များထွက်ခြင်း မိန်းမကိုယ်မှ ဒိန်ချဉ်ကဲ့သို့ဖြူညစ်ညစ်ရောင်အဖတ်များ ထွက်ခြင်း စတာတွေပါပဲ။ STI လိုမျိုး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း