အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

သင့်ရင်သားများကို လျော့ရဲစေတဲ့ နေ့စဉ်အမူအကျင့် ၅ရပ်

အမျိုးသမီးများရဲ့ ရင်သားဟာ အသက်အရွယ်နဲ့အတူ လန်းဆန်းခြင်းတွေ လျော့ပါးသွားတတ်ပါတယ်။ ဆိုးတဲ့အချက်က ရင်သားရဲ့ အသားစိုင်များဟာ ကိုယ်ခန္ဓါရဲ့ တခြားတစ်သျှူးတွေထက် နှစ်နှစ်သုံးနှစ်စောပြီး အိုမင်းရင့်ရော်လာတတ်တယ်လို့ Genome Biology မှာ ဖော်ပြထားပါတယ်။ မျိုးရိုးဗီဇပိုင်းကိုတော့ မပြုပြင်နိုင်ပေမယ့် သင့်ရင်သားတွေ စောစီးစွာ ရင့်ရော်တွဲကျမသွားအောင် ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေ ရှိနေပါတယ်။ တချို့ အမူအကျင့်တွေကို ရှောင်ရှားခြင်းဖြင့် သင့်ရဲ့ရင်သားတွေကို တတ်နိုင်သမျှ နုပျိုနေအောင် ထိန်းထားနိုင်ပါလိမ့်မယ်။ ၁။ မတော်သော ဘရာစီယာဝတ်ဆင်ခြင်း ဒီအကျင့်ဟာ ထင်ထားတာထက် ပိုပြီး လူကြိုက်များပါတယ်။ ဘရာစီယာအများစုဟာ လျော့လွယ်တင်းလွယ်တဲ့ အရာတွေနဲ့ ချုပ်လုပ်ထားပြီး အချိန်ကြာလာတာနဲ့အမျှ ကျယ်ပြီးလျော့ရဲလာပါတယ်။ ဒါပေမယ့် သူ့ရဲ့အဓိကလုပ်ငန်းက ရင်သားကို ပင့်တင်ထိန်းသိမ်းပေးဖို့ပါပဲ။ သိပ်မတော်တဲ့ ဘရာစီယာတွေ ဝတ်ခြင်းကြောင့် ရင်သားတွေဟာ လျော့ရဲလာပါတယ်။ ရင်သားဟာ တုန်လှုပ်မှုများရင် ရင်သားရဲ့အရေပြားကို ဖိအားဖြစ်စေလို့ ဖြစ်ပါတယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

နို့သီးခေါင်းမှ အရည်များထွက်ခြင်း

နို့သီးခေါင်းမှ အရည်များထွက်ခြင် သားမြတ်(ရင်သား)မှာရှိတဲ့ နို့သီးခေါင်းကနေ အရည်တစ်မျို းမျိ ု ုးထွက်ခြင်းကိုဆိုလိုပါတယ်။ ကိုယ်ဝန်ဆောင်သည် မဟုတ်တဲ့အမျိ ု းသမီးတွေနဲ့ ကလေးနို့မတိုက်တဲ့ အမျို းသမီးတွေမှာပါ ထွက်တတ်ပါတယ်။ ဖြစ်နိုင်ရင် နို့သီးခေါင်းကနေ အရည်တစ်မျိ ု းမျိ ု းထွက်နေပြီဆိုပါက ဆရာဝန်ဆီသွားပြီး စစ်ဆေးမှုခံယူတာ အကောင်းဆုံးပါပဲ။ အမျိ ု းသားတစ်ယောက်အတွက် နို့သီးခေါင်းကနေ အရည်တွေထွက်နေတယ်ဆိုရင် ကြီးမားတဲ့ ပြဿ နာအကြောင်းခံတစ်ခုခုရှိနေနိုင်ပါတယ်။ အဲ့ဒါကို ဘယ်လိုပုံစံမျိ ု းတွေ့ရတတ်သလဲ ရင်သားတစ်ဖက် သို့ နှစ်ဖက်စလုံးကနေ ထိုအရည်တွေထွက်တတ်ပါတယ်။ အလိုလျောက်သော်လည်းကောင်း ရင်သားကိုလက်နဲ့ ညှစ်လိုက်ရင်သော်လည်းကောင်းထွက်လာတတ်ပါတယ်။ ထိုအရည်တွေဟာ အကြည်ရောင် နို့ကဲ့သို့အရောင်နောက်နောက် သို့ အရောင်တစ်မိ ျု းမျိ ု း ရှိတတ်ပါတယ်။ တစ်ခါတစ်ရံ သွေးကဲ့သို့အရောင်တွေဖြစ်တတ်ပါတယ်။ ထိုအရည်တွေဟာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများတွင် တွေ့ရသော လိင်မှုဆိုင်ရာပြဿနာများ

အမျိုးသမီးများဧ။်ဘဝတွင် လိင်မှုကိစ္စသည် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လိင်နှင့်ဆိုင်သောပြဿနာများသည် သာယာပျော်ရွှင်မှုကို ထိခိုက်စေရုံသာမက လိင်နှင့်ပတ်သက်သောရောဂါများပါ ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် အဖြစ်များသောပြဿနာများကို သိရှိခြင်းဖြင့် မိမိဧ။် ပြဿနာများကို ကိုယ်တိုင်ဆန်းစစ်နိုင်ရုံသာမက လိုအပ်ပါက ကျွမ်းကျင်သူများနှင့် ပြသဆွေးနွေးနိုင်ပါလိမ့်မယ်။ အမျိုးသမီးများတွင်တွေ့ရသော လိင်နှင့်ဆိုင်သောပြသနာများဧ။် လက္ခဏာများ သင့်ဘဝတစ်လျှောက်လုံးဧ။် မည်သည့်အခြေအနေတွင်မဆို လိင်မှုဆိုင်ရာပြဿနာများကို တွေ့ရနိုင်ပါတယ်။ ထိုပြဿနာများသည် ထပ်တလဲလဲ သို့မဟုတ် မကြာခဏ တွေ့ရနိုင်တယ်။ အဆင်ပြေသော လိင်မှုဆက်ဆံရေးသည် ကိုယ်၊စိတ်၊လိင်ဆက်ဆံဖက်နှစ်ဦးကြား ဆက်ဆံရေး၊ယုံကြည်မှု နှင့် နေထိုင်မှုပုံစံေတွပေါ်မူတည်ပါတယ်။ ထိုအချက်များအနက် တစ်ခုခုတွင် ပြဿနာပေါ်ပါက လိင်မှုကိစ္စတွင်ထိခိုက်နိုင်ပါတယ်။ အမျိုးသမီးများတွင် တွေ့ရများသော လိင်နှင့်ဆိုင်သော ပြဿနာများမှာ… လိင်ဆက်ဆံလိုစိတ်ကင်းမဲ့ခြင်း ဒီအခြေအနေတွင် သင်သည်အမျိုးသားနှင့်အတူနေလိုစိတ် ကင်းမဲ့နေတတ်သည်။ အမျိုးသားမှအတူနေရန် ကြိုးစားသည့်အခါတွင်လည်း ငြင်းဆန်နေတတ်သည်။ နာကျင်မှု လိင်ဆက်ဆံမှုပြုလုပ်သည့် အချိန်တိုင်း နာကျင်နေတတ်ပါတယ်။မိန်းမကိုယ် နှုတ်ခမ်းသား၊အတွင်းသားနှင့် ဆီးခုံတွင် နာကျင်နေတတ်သည်။ နာကျင်မှုသည် လိင်ဆက်ဆံမှုနှင့် ဆက်စပ်နေရုံသာမက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သား၌ ရောဂါပိုးကူးစက်ခံရခြင်း

နို့အုံရောင်ရမ်းနာဆိုတာဟာ ရင်သား၌ရောဂါပိုးကူးစက်ခံရခြင်း ဖြစ်ပါတယ်။ ရင်သားရှိ တစ်ရှူ း(အသားစ)အတွင်း၌ ဖြစ်ပွားလေ့ရှိပါတယ်။ နို့တိုက်မိခင်တွေမှာ အဖြစ်များပါတယ်။ အကြောင်းမှာ ကလေးအားနို့တိုက်စဉ် မိခင်ရဲ့နို့သီးခေါင်း၌ အနာတရဖြစ်တတ်ပါတယ်။ ထိုအခါ ကလေးငယ်ရဲ့ပါးစပ်ထဲက ဘက်တီးရီးယားတွေဟာ ထိုဒဏ်ရာမှတစ်ဆင့် မိခင်နို့အတွင်းသို့ အလွယ်တကူ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နို့တိုက်ခြင်းကြောင့်ဖြစ်တဲ့ နို့အုံရောင်ရမ်းနာအဖြစ်လည်း သိကြပါတယ်။ နို့တိုက်မိခင်မဟုတ်တဲ့ အမျို းသမီး တွေမှာလည်းဖြစ်ပွားတတ်ပါတယ်။ ဒီလိုဖြစ်ပွားမှုကတော့ လူသိမများပါဘူး။ ရောဂါပိုးကူးစက်ခံရပြီဆိုရင် ရင်သားရှိ အဆီတစ်ရှူ း၌ ပြောင်းလဲမှုတွေဖြစ်ပေါ်လာပါတယ်။ အကျိုးဆက်အနေနဲ့ ရောင်ရမ်းခြင်း၊နာကျင်ခြင်းတို့ကိုခံစားရနိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရမှုအများစုက ကလေးနို့တိုက်ခြင်း သို့ နို့ပြွန်တွေပိတ်ဆို့ခြင်းကြောင့် ဖြစ်တတ်ပါတယ်။ ရာခိုင်နှုန်းအနည်းငယ်ကတော့ ဖြစ်လေ့သိပ်မရှိတဲ့ ရင်သားကင်ဆာအမျို းအစားတွေနဲ့ ဆက်နွယ်နေပါတယ်။ ဘယ်အရာတွေက ရင်သား၌ရောဂါပိုးကူးစက်ခံရမှုကို ဖြစ်စေတာလဲ။ ရင်သားရောဂါပိုးကူးစက်ခံရမှုအများစုကို ဖြစ်စေတဲ့အကြောင်ရင်းကတော့ Staphylococcus aureus (စတက်ဖလိုကော့ကပ်စ် အောရီးယပ်စ်)ဆိုတဲ့ ဘက်တီးရီးယားပဲဖြစ်ပါတယ်။ သူဟာ ရောဂါပိုးကူးစက်ခံရခြင်းမှတစ်ဆင့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သင့်ရင်သားတွေကပြောနေတဲ့ သင့်ကျန်းမာရေး

သင့်ရင်သားတွေဟာ ပုရိသတွေကို ဆွဲဆောင်ဖို့ဆိုတာထက် ပိုတယ်လို့ ပြောရင် အံ့ဩသွားမလား မသိဖူး။ သင့်အနေနဲ့ သင့်ရင်သားတွေကို ဂရုတစိုက် မရှိခဲ့ဖူးဆိုရင် အခု အချိန်ကစပြီး ဂရုစိုက်ချိန်တန်ပါပြီ။ ဘာလို့လဲဆိုတော့ သင့်ရင်သားတွေဟာ သင့်ရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အများကြီး ပြောပြနေလို့ပါပဲ။   (၁) ရင်သားကြီးလာတာ သင့်ရင်သားတွေဟာ အဆီဆဲလ်တွေနဲ့ အဓိက ဖွဲ့စည်းထားတာမို့ ရင်သားတွေကြီးလာတယ်လို့ သတိထားမိရင် သင်ဝလာတာကြောင့် ဖြစ်နိုင်သလို သင့်အနေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံထားဖူးတယ်ဆိုရင် သင်ကိုယ်ဝန်ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရင်သွေးကို နို့ချိုတိုက်ကျွေးဖို့ ရင်သားမှာရှိတဲ့ နို့ပြွန်တွေက စတင်ပြင်ဆင်ရပြီဖြစ်လို့ပါ။ တားဆေးသုံးတာ နဲ့ ဓမ္မတာလာစဉ် ဟော်မုန်းအပြောင်းအလဲကြောင့်လည်း ရင်သားကြီးလာနိုင်ပါတယ်။   (၂) ရင်သားရှုံ့သွား/သေးသွားတာ သင်ပိန်သွားတဲ့အချိန် ဒါမှမဟုတ် estrogen ဟော်မုန်းပမာဏနည်းသွားချိန်တွေမှာ ရင်သားက ရှုံ့သွား၊သေးသွား နိုင်ပါတယ်။ တကယ်လို့ သင်ဟာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားပြည်တည်နာဖြစ်ခြင်း

ရင်သားမှာ ပြည်တည်တာဟာ ဘက်တီးရီးယားပိုးကူးစက်တာကြောင့်ဖြစ်ပြီး နာကျင်မှုကို ခံစားရစေပါတယ်။ အများဆုံး ဒုက္ခပေးလေ့ရှိတဲ့ ဘက်တီးရီးယားကတော့ Staphylococcus aureus လို့ခေါ်တဲ့ ဘက်တီးရီးယားပဲ ဖြစ်ပါတယ်။ သင့်ရင်သား ဒါမှမဟုတ် နို့သီးခေါင်းမှာရှိတဲ့ အရေပြားပွန်းရှကွဲရာ လေးတွေကနေ ဒီဘက်တီးရီးယားတွေက သင့်ခန္ဓါကိုယ်ထဲကို ဝင်လာနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ရင်သားမှာရှိတဲ့ အဆီတစ်ရှူးတွေကိုပါ ဆက်လက်တိုက်ခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် နို့ရည်ပို့ပြွန်တွေကိုပါ ဖိလာစေပါတယ်။ ဒီလိုရောင်ရမ်းတဲ့ ရောဂါကို ဆေးပညာအခေါ်အဝေါ်အရ mastitis လို့ခေါ်ဆိုပါတယ်။ ခုနက ရောင်ရမ်းပြီး ဖိထားခြင်းခံရတဲ့ နို့ရည်ပို့ပြွန်တွေကနေ ထွက်လာတဲ့ ပြည်တွေ နေရာလွတ်တခုမှာ စုပုံလာတာကို ပြည်တည်နာ ဖြစ်တယ်လို့ ရည်ညွှန်းပါတယ်။ ရင်သားရောင်ရမ်းတာ (mastitis) ဆိုးရွားလာတဲ့အခါ ပြည်တည်ခြင်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလိုမျိုး ရင်သားပိုးဝင်ပြီး ရောင်ရမ်းပြည်တည်တာဟာ အသက်အရွယ်မရွေး အမျိုးသမီးတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးများရင်သားပြောင်းလဲမှု

သင်အသက်ကြီးလာတာနဲ့အမျှ သင့်ရင်သားတွေ တွဲလာမယ်၊ပျော့လာမယ်၊ ပုံစံပြောင်းလာမယ်၊ သေးသွားမယ် ပြီးတော့ အလုံးအကျိတ်တွေ ပိုဖြစ်လွယ်လာမယ်။ ဒါတွေဟာ ပုံမှန်ဖြစ်တတ်တဲ့ သဘောတွေပါ။ အသက် လေးဆယ်လောက်ကစပြီး သင့်ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံတွေ ပြောင်းလဲလာမှာပါ။ အသက်ကြီးလာရင် အဆီတစ်ရှူးတွေပိုများလာတာမို့ သင့်ရင်သားက ငယ်ငယ်တုန်းကလို ပြည့်ပြည့်တင်းတင်း ဖြစ်မနေတော့ပါဖူး။ ဒါ့အပြင် မူမမှန်တဲ့ အလုံးအကျိတ်တွေလည်း ဖြစ်လာမှာပါ။ အများအားဖြင့် အန္တရာယ်မရှိတဲ့ အလုံး၊အကျိတ်တွေ ဖြစ်လေ့ရှိပေမယ့်(ဥပမာ အရည်အိတ်တွေ) သူတို့ဟာ ရင်သားကင်ဆာလိုမျိုး ဆိုးရွားတဲ့အခြေအနေတွေရဲ့ အချက်ပေးခေါင်းလောင်းလည်း ဖြစ်နိုင်ပါတယ်။   •ရင်သားပြောင်းလဲမှုများ သင့်ရင်သား ပုံမှန်နဲ့ မတူဘဲ ထူးထူးခြားခြား ပြောင်းလဲနေတာတခုခုရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဆွေးနွေးပါ။ ပထမဆုံး သတိထားမိချိန်မှာပဲ ပြသတာ အကောင်းဆုံးပါ။ နောက်တခါ ပုံမှန် mammogram နဲ့စစ်ဆေးမယ့် အချိန်ထိ စောင့်မနေပါနဲ့။mammogram ဆိုတာဟာ ဆရာဝန်စမ်းသပ်လို့ မသိနိုင်လောက်အောင် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ဆေးတွေရဲ့ တချို့သော ဘေးထွက်ဆိုးကျိုးတွေက ဘာလို့ အမျိုးသမီးတွေကိုပဲ ထိခိုက်ရတာလဲ

သင့်အနေနဲ့ နှာစေးချောင်းဆိုးလို့ပဲဖြစ်ဖြစ်၊ခြေထောက်တံခါးညပ်လို့ပဲဖြစ်ဖြစ် ဆေးခန်းပဲသွားပြပြ၊ဆေးဆိုင်မှာပဲ သွားဝယ်ဝယ် ဆရာဝန် ဒါမှမဟုတ် ဆေးရောင်းတဲ့သူက ဆေးပေးတဲ့အခါ၊ဆေးရောင်းတဲ့အခါ သောက်မယ့်လူနာက ယောက်ျားလား၊မိန်းမလား စဉ်းစားမနေပါဖူး။ ဒီအတိုင်း ပေးလိုက်တာပါပဲ။ ဘာလို့ ဒီလိုအလွယ်တကူပေးရတာလဲ။ ဘာလို့လဲဆိုတော့ ဆေးတွေကို ခန္ဓါကိုယ်က တုန့်ပြန်တဲ့နေရာမှာ ယောက်ျားမိန်းမကွာခြားမှုရှိတယ်လို့ ဘယ်ဆေးကျောင်း၊ဘယ်သင်တန်းကမှ သင်မပေးလိုက်လို့ပါပဲ။ လေ့လာမှုတခုအရ သိရတာက ဈေးကွက်ထဲကနေ ရုတ်သိမ်းလိုက်ရတဲ့ ဆေးတွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေမှာ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရုတ်သိမ်းလိုက်ရတာပါ။ ဒီနေရာမှာ မေးစရာရှိလာတာက အမျိုးသမီးတွေမှာပဲ ဖြစ်ပေါ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို ဈေးကွက်ထဲ ဆေးဖြန့်ပြီးတဲ့အချိန်ကျမှသာ ဘာလို့သိရတာလဲ။ ဆေးဝါးအသစ်တမျိုး ဆရာဝန်တွေလက်ထဲရောက်ပြီး လူနာတွေကို ကုသမှုပေးနိုင်ဖို့အတွက် ပထမဆုံး ဓါတ်ခွဲခန်းထဲမှာ ဆဲလ်လေးတွေနဲ့ စမ်းသပ်တာ၊တိရ စ္ဆာန်လေးတွေနဲ့ စမ်းသပ်တာ၊ပြီးရင် လူတွေမှာ ဆက်လက်စမ်းသပ်သုတေသနပြု သုံးစွဲတာ၊နောက်ဆုံး ဆေးဝါးကွပ်ကဲရေးက အတည်ပြု ခွင့်ပြုချက်ရဖို့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတိုင်း အသက်အရွယ်မရွေးလိုအပ်သော အရေးကြီး အာဟာရများ

ဘယ်အသက်အရွယ်မှာမဆို အမျိုးသမီးတွေဟာ ကျန်းမာရေးနဲ့ အားအင်ပြည့်ဝဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို စုပ်ယူဖို့လိုအပ်ပြီး လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပေးဖို့လိုပါတယ်။ ဒီဆောင်းပါးမှာ ဖေါ်ပြမှာကတော့ အမျိုးသမီးတိုင်း သူတို့ရဲ့ ဆယ်ကျော်သက်၊ ကလေးမွေးတဲ့ အသက်အရွယ်နဲ့ အသက်ကြီးချိန်တွေမှာ လိုအပ်တဲ့ အာဟာရ အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ ကယ်လ်ဆီယမ် Standford Medical University and Clinics က medical nutrition therapist ဖြစ်သူ Heather Schwartz က ကယ်လ်ဆီယမ် လုံလောက်စွာ ရရှိဖို့ဟာ အသက်အရွယ်အကုန်လုံးအတွက် အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။ ကယ်လ်ဆီရမ်ဟာ အရိုးတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါ့ကြောင့် ကယ်လ်ဆီယမ် အများအပြားပါတဲ့ အစားအသောက်တွေ ဖြစ်တဲ့ နွားနို့၊ ချီးစ်၊ ဒိန်ချဉ်နဲ့ အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီ၊ […]


အမျိုးသမီး ကျန်းမာရေး

ရာသီစက်ဝန်း၊ မိန်းမကိုယ်အမြှေးပါး နဲ့ ပတ်သက်သော အယူအဆလွဲများ

မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓါကိုယ်၊ လိင်မှုကိစ္စ၊ အပျိုစင်ဘဝတို့နဲ့ ပတ်သက်ပြီး လွဲမှားတဲ့အသိတွေ ရှိနေပါတယ်။ ရာသီလာနေချိန်မှာဆို ကိုယ်ဝန်မရနိုင်ပါဘူး။ ရာသီလာနေချိန်မှာ ကိုယ်ဝန်ရနိုင်ချေနည်းပေမယ့် ရလည်းရသွားနိုင်ပါတယ်။ ရာသီလာနေတဲ့ရက်တွေမှာ မမျိုးဥ မကြွေနိုင်ဘူးလို့ ပုံမှန်အားဖြင့် သိထားကြပါတယ်။ တကယ်တော့ အဲဒီလို တထစ်ချ ပြောလို့မရပါဘူး။ ရာသီလာတဲ့ရက်နဲ့ မမျိုးဥကြွေချိန်ကို အတိအကျ မှန်းဆရခက်ပါတယ်။ ရာသီလာနေစဉ်မှာရော ပြီးပြီးချင်းမှာပါ မမျိုးဥကြွေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ရာသီစက်ဝန်းက ပုံမမှန်ဖြစ်နေရင်ပေါ့။ နောက်ပြီး ရာသီမလာပေမယ့် သွေးဆင်းတာမျိုး ရှိတတ်တယ်။ အဲဒါကို သင့်အနေနဲ့ ရာသီလာတယ်လို့ ထင်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒီအပြင် လိင်ဆက်ဆံချိန်မှာ မမျိုးဥကြွေမနေဘူး ဆိုရင်တောင် သုက်ပိုးတွေက သင့်ခန္ဓါကိုယ်ထဲမှာ ၅ရက်လောက်အထိ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် အဲဒီ ၅ရက်အတွင်း မမျိုးဥကြွေလာခဲ့မယ်ဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ပုံမှန် ရာသီလာတဲ့သူဆိုရင်တော့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း