အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

Ovaritis (သားဥအိမ်ရောင်ရောဂါ)

Ovaritis (သားဥအိမ်ရောင်ရောဂါ) ဆိုတာဘာလဲ။ Ovaritis ဟာ သားဥအိမ်ရောင်ခြင်းဖြစ်ပြီး သားဥအိမ်မှာ ရောဂါပိုးဝင်ခြင်းနဲ့ ရောင်ခြင်းတွေကိုဖြစ်စေတဲ့ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။ သားဥအိမ် တစ်ခုတည်းရောင်ခြင်းဟာ အဖြစ်နည်းပါတယ်။ အခြားရောင်ရမ်းခြင်းတွေလိုပဲ သားဥအိမ်ရောင်ခြင်းဟာ ရုတ်တရက် (သို့) နာတာရှည်ဖြစ်နိုင်ပါတယ်။ subacute ရောင်ခြင်းရဲ့ လက္ခဏာတွေဟာ သားဥအိမ် နာတာရှည်ရောင်ခြင်းမှာ တွေ့ရတတ်ပါတယ်။ သားအိမ်နဲ့ သားဥအိမ်ရောင်ခြင်းဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး မျိုးပွားနိုင်စွမ်းကို ပျောက်ဆုံးစေနိုင်ပါတယ်။ Ovaritis(သားဥအိမ်ရောင်ရောဂါ)ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Ovaritis ဟာ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ Ovaritis (သားဥအိမ်ရောင်ရောဂါ)ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ ပုံမှန်အခြေအနေမှာ တကယ်လို့ လူနာဟာ ရုတ်တရက်သားဥအိမ်ရောင်ခြင်း ဖြစ်မယ်ဆိုရင် ဖျားနာခြင်း၊ ဗိုက်အောင့်ခြင်း၊ အခြားလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ နာတာရှည် အခြေအနေတွေမှာတော့ ယေဘုယျအားနည်းခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း အကြောင်း သိကောင်းစရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Blighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ကဘာလဲ။ သန္ဓေမပါသော ကိုယ်ဝန်အဖြစ်လည်း သိကြပါတယ်။ မျိုးဥက မျိုးအောင်ပြီး သားအိမ်နံရံမှာကပ်တွယ်ပေမယ့် သန္ဓေသားအဖြစ်ဖွံ့ဖြိုးလာခြင်း မရှိတာပါ။ ဒီပြသနာ ဟာ အမျိုးသမီးတစ်ဦးသည်သူမကိုယ်ဝန်ကြောင်းကို မသိမှီ ပထမဦးဆုံးသုံးလပတ်အတွင်းတွေ့ကြုံတတ်ပါတယ်။ ဒီပုံစံဟာ ကိုယ်ဝန်ပျက်ကျခြင်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ သို့သော်အမျိုးသမီးအနေနဲ့ရာသီလာခြင်းမရှိသလို ကိုယ်ဝန်ရှိတယ်ဆိုပြီးလည်း ပြနေတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ်ဝန်နဲ့ဆိုင်တဲ့ဟော်မုန်းများ ထုတ်လုပ်မှုဖြစ်ပြီး ကိုယ်ဝန်လက္ခဏာတွေဖြစ်ပေါ်လို့ဖြစ်ပါတယ်။ ဒါပေမယ့်အချင်းကြီးထွားလာမှု ရပ်ပြီး ဟော်မုန်းပမာဏ ကျဆင်းသွားတဲ့အခါ, လက္ခဏာပျောက်ကွယ်သွားပါတယ်။ဤအဆင့်မှာအသေးစားဝမ်းဗိုက်နာခြင်း နှင့်သွေး အစက်အပြောက်သို့မဟုတ်သွေးထွက်ခြင်းဖြစ်နိုင်ပါတယ်။   လက္ခဏာများBlighted Ovum (သားအိမ်အသားလုံးတည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရောဂါဖြစ်နေတဲ့အမျိုးသမီး အနေနဲ့ ပထမဦးဆုံးလအနည်းငယ်မှာ ကိုယ်ဝန်လက္ခဏာအချို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ပြီးရင် ဒါတွေ တွေ့ကြုံခံစားနိုင်ပါတယ်။ – ဝမ်းဗိုက်တောင့်တင်းခြင်း – ယောနိမှ သွေးစက်ဒါမှမဟုတ် သွေးထွက်ခြင်း – ယခင်ထက်ပိုပြီး ရာသီသွေးပေါ်ခြင်း အထက်ပါ စာရင်းမှာမပါတဲ့ အချို့လက္ခဏာတွေရှိကောင်းရှိနိုင်ပါသည်။ သင်လက္ခဏာနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိပါကသင့်ဆရာဝန်နှင့်တိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ဖော်ပြပါ လက္ခဏာတွေရှိရင် ပြသင့်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် တည်ဆောက်ပုံမတူကြတဲ့ အတွက် […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်

မီးယပ်ရောဂါဟာ အတော်စိတ်ညစ်ရသလို မသက်မသာလဲ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လို တိတိပပကိစ္စတွေက မီးယပ်ရောဂါကို ဖြစ်စေတာလဲ။ အောက်မှဖော်ပြထားတဲ့ အကြောင်းအရာက မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်အကြောင်း အချက်အလက်တွေကို ပေးပါလိမ့်မယ်။ မီးယပ်ရောဂါအကြောင်း ဘာသိလဲ။ မီးယပ်ရောဂါကို အမျိုးသမီး မျိုးပွားစနစ်ရဲ့ လုပ်ဆောင်မှုအပေါ် ထင်ထင်ရှားရှား သက်ရောက်မှုရှိတဲ့ စနစ်မကျမှုလို့ မြင်ကြပါတယ်။ မကြာခဏ အမြင်ရဆုံးဖြစ်တဲ့ လက္ခဏာတွေကတော့ ယောနိယားယံခြင်း၊ ရာသီလာခြင်း၊ တင်ပါးဆုံနာကျင်ကိုက်ခဲခြင်း၊ ယောနိမှ မူမမှန်သော သွေးဆင်းခြင်း၊ ရင်သားနာကျင်ခြင်းနဲ့ အကျိတ်ထွက်ခြင်းတို့ ဖြစ်ပါတယ်။ အဲ့လက္ခဏာတွေရဲ့ ပြင်းထန်မှုက ပုံမှန်ဆိုရင် အမျိုးသမီးတွေရဲ့ အသက်ပေါ် မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက္ခဏာတွေက အသက်ကြီးတာနဲ့အတူ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေကြောင့် ဖြစ်လာတဲ့အတွက်ပါ။ ဒါ့အပြင် hairsutism သို့မဟုတ် hairiness လို့ သိကြတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သောကုထုံး

ရင်သားတွဲကျတာ နဲ့ပတ်သက်ပြီး တချို့တွေက မျိုးရိုးဗီဇကို အပြစ်ဖို့တယ်။ တချို့တွေက ကမ္ဘာ့ဆွဲအားကို ရမယ်ရှာတယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ရင်သားတွဲကျတာ က အမျိုးသမီးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ ဒါပေမယ့် မပူပါနဲ့။ သိပ္ပံနဲ့နည်းပညာတွေ တိုးတက်ထွန်းကားလာတာနဲ့အမျှ ဆေးပညာဟာလည်း ကျွဲကူးရေပါဆိုသလို ခမ်းနားဖွံ့ဖြိုးလာတာမို့ ဒီကိစ္စဟာ ပြဿနာမဟုတ်တော့ပါဘူး။ ကျွန်မတို့အမျိုးသမီးတွေအားလုံးဟာ ပြည့်ဖြိုးပြီးတင်းတင်းရင်းရင်းရှိတဲ့ရင်သားကို အလိုရှိကြတာမို့ ရင်သားကို ပြန်လည်ပင့်တင်ပေးတဲ့ခွဲစိတ်မှုအပါအဝင် တခြားခွဲစိတ်မှုတွေဟာ အလွန်ပဲခေတ်စားလာပါပြီ။ ဒီခွဲစိတ်မှုနဲ့ပတ်သက်ပြီး ပိုမိုသိရှိစေနိုင်ဖို့အတွက် အောက်ပါဆောင်းပါးကို ဖတ်ရှုပေးပါဦး။ ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သောကုထုံး ဒီလိုမျိုး ရင်သားတွဲကျခြင်းအတွက် ရင်သားကို ပင့်တင်ပေးတဲ့ခွဲစိတ်မှုကို ဆေးပညာစာလုံးနဲ့ Mastoplexy လို့ ခေါ်ပြီး သူ့ရဲ့အဓိကရည်ရွယ်ချက်က သင့်ရဲ့ရင်သားတွေကို ရှိသင့်တဲ့နေရာ ဒါမှမဟုတ် ပိုပြီးတင်းတင်းရင်းရင်းနဲ့ အပေါ်ရောက်နေအောင်(ငယ်ငယ်တုန်းကလိုပေါ့) နေရာပြန်ချတာပဲ ဖြစ်ပါတယ်။ ဘာလို့ ဒီခွဲစိတ်မှုကို ပြုလုပ်ကြတာလဲ။ အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ကနေ နို့ရည်တွေကို ထုတ်လုပ်တာ၊ သိုလှောင်တာတွေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

Hirsutism (အမျိုးသမီးအမွေးထူခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hirsutism (အမျိုးသမီးအမွေးထူခြင်း) ကဘာလဲ။ အမျိုးသမီး အမွေးထူခြင်း ဆိုသည်မှာ အမျိုးသမီးများ မျက်နှာနှင့် ခန္ဓါကိုယ်တွင် အမွေးများ အလွန်အကျွံပေါက်ခြင်း ကိုဆိုလိုသည်။ မည်းနက်၍ ထူသော အမွေးများသည် အမျိုးသားများတွင် အမွေးပေါက်သော နေရာများဖြစ်သည့် အပေါ်နှုတ်ခမ်း၊ မေးစေ့ နှင့် ပါးသိုင်းမွေး ပေါက်သည့်နေရာများတွင် ပေါက်လာသည်။ Hirsutism (အမျိုးသမီးအမွေးထူခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသမီးတွင် အမွေးထူသော ပြဿနာ သည် အလွန်အဖြစ်များပါသည်။ အမျိုးသမီး များ၏ ၅-၁၀ရာခိုင်နှုန်းတွင် ဖြစ်ပွားပါသည်။ များသော အားဖြင့် အန္တရာယ်မရှိသော်လည်း အမျိုးသမီးများ၏ ပုံပန်း သဏ္ဍာန်ကို ထိခိုက်စေနိုင်သည်။ ခန္ဓါကိုယ် အမွေးအမျှင် ထူခြင်းသည် မြေထဲပင်လယ်ဒေသရှိ Cascasian အမျိုးသမီး များတွင် ပုံမှန်ပင်ဖြစ်သည်။ အမျိုးသမီးအများစုသည် ဆေးကု သမှု မလိုအပ်ပါ။ ကုထုံးသည် အမွေးထူခြင်း ကို သက်သာစေ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကလေးမွေးဖွားပြီးတဲ့နောက် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ခြင်း

သင်ကလေးမွေးပြီးတဲ့အခါအိမ်မှာရင်သွေးလေးနဲ့နေရတာအသားကျနေပြီးအလုပ်လုပ်နေသေးတယ်ဆိုတာတောင်မေ့တေ့တေ့ဖြစ်နေတဲ့အချိန်မှာရုတ်တရက်သင်သတိရလိုက်တာကမီးဖွားခွင့်ကုန်တော့မယ်ဆိုတာပါပဲ။ ကလေးကတညလုံးငိုနေလို့တညလုံးမအိပ်ရတဲ့နေ့မျိုးမှာမနက်ခြောက်နာရီထရုံးသွားပြီးတနေကုန်အလုပ်လုပ်ရမှာတွေးမိရင်အတော်လေးလန့်သွားပါလိမ့်မယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဖူး။"ဒီမွေးကင်းစကလေးလေးနဲ့ဘယ်လိုများတနေကုန်ခွဲပြီးနေရပါမလဲ" ဆိုတာကိုတွေးလိုက်မိရင်လည်းအပြစ်မကင်းသလိုခံစားရပါဦးမယ်။ အလုပ်ပြန်ဝင်ဖို့အကြာကြီးစဉ်းစားပြီးဘယ်လောက်ပဲခက်ခက်ခဲခဲနဲ့ဆုံးဖြတ်ချက်ချထားချထား၊ဒီလိုဆုံးဖြတ်တာဟာအကောင်းဆုံး၊အမှန်ဆုံးလို့ဘယ်လိုပဲသေချာသေချာတကယ်တမ်းအလုပ်ပြန်လုပ်ရဖို့နီးလာလေလေသင့်မှာအတွေးပေါင်းသောင်းခြောက်ထောင်နဲ့လုံးချာလိုက်လေ ဖြစ်နေမှာပါ။ အောက်မှာဖော်ပြထားတဲ့အချက်ငါးချက်ကိုလိုက်နာကျင့်သုံးမယ်ဆိုရင်တော့သင့်ရဲ့လုပ်ငန်းခွင်သို့အပြန်ခရီးဟာ (အဖုအထစ်အနည်းငယ်ရှိကောင်းရှိနိုင်ပေမယ့်) သင်ထင်ထားတာထက်ပိုပြီးဖိအားနည်းနည်းလျော့သွားစေမယ်လို့မျှော်လင့်ရပါတယ်။ ၁။ သင့်ရဲ့အချိန်ဇယားအသစ်နဲ့အသားကျအောင်ကြိုးစားပါ။ ကလေးနဲ့အလုပ်ကြားမှာဟန်ချက်ညီညီနေနိုင်ဖို့အချိန်နည်းနည်းတော့ယူရပါမယ်။ သင့်ရဲ့တနေ့တာအချိန်ဇယားဟာအလုပ်တွင်ပြီးစနစ်တကျစီမံထားမယ်ဆိုရင်တော့သင့်အနေနဲ့အချိန်တိုအတွင်းမှာဟန်ချက်ညီညီနေနိုင်မှာပါ။ ဖြစ်နိုင်ရင်ကလေးထိန်းကိုတပတ်လောက်ဒါမှမဟုတ်ဒီထက်စောပြီးခေါ်ပါ။ ဒါမှသင့်အနေနဲ့အချိန်ဇယားအသစ်အဆင်ပြေမပြေဆန်းစစ်လို့ရမှာဖြစ်ပြီးကလေးနဲ့ခွဲနေရာတာကိုလည်းနေသားကျမှာ ဖြစ်ပါတယ်။ အဆင်မချောတာလေးတွေရှိရင်ကြိုကာထားနိုင်ဖို့အတွက်အလုပ်ပြန်စလုပ်တဲ့ပထမအပတ်မှာပုံမှန်ထရမယ့်အချိန်ထက်စောပြီးနှိုးစက်ပေးထားပါ။ သင့်ကလေးဒါမှမဟုတ်ကလေးထိန်းနေမကောင်းဖြစ်လို့ကသီလင်တ ဖြစ်လာနိုင်တဲ့အခြေအနေတွေအတွက်လည်းကြိုတင်ပြင်ဆင်စဉ်းစားထားပါ။ ၂။ တတ်နိုင်သမျှအနားယူပါ။ အလုပ်လုပ်နေရတဲ့မိခင်တွေအတွက်အဓိကရန်သူကစိတ်ရောလူပါအလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်းပါ။ တချက်လဲသွားပြီဆိုရင် ပြန်ထနိုင်ဖို့မလွယ်ပါဖူး။ ဒါကြောင့်အိမ်အလုပ်တွေထက်အိပ်ချိန်ကိုဦးစားပေးပါ။ လက်တွဲဖော်ရဲ့အကူအညီကိုတတ်နိုင်သမျှယူပါ။ ဘာလို့လဲဆိုတော့သင်ဟာအိပ်ယာကစောစောထရတဲ့အတွက်အိပ်ယာဝင်ရင်လည်းစောစောဝင်သင့်လို့ပါပဲ။ ၃။ ဘယ်အရာကိုမှမလစ်ဟင်းစေနဲ့။ မေမေသူငယ်ချင်းတွေနဲ့အဆက်မပြတ်ပါစေနဲ့။ သင်မီးဖွားခွင့်ရနေတဲ့အချိန်မှာတခြားမေမေအသစ်လေးတွေနဲ့သူငယ်ချင်းတွေ ဖြစ်ကောင်းဖြစ်ခဲ့မှာပါ။ သင်အလုပ်ပြန်လုပ်ချိန်မှာလည်းဒီသူငယ်ချင်းမိတ်ဆွေတွေကိုမေ့မထားပါနဲ့။ တခြားမိခင်တွေနဲ့ပေါင်းသင်းဆက်ဆံနေဖို့ကလည်းစိတ်ပိုင်းဆိုင်ရာခွန်အားအတွက်အရေးကြီးပါတယ်။ ရုံးမှာလည်းအကောင်းဆုံးကြိုးစားပါ။ သင်ရုံးပြန်တက်တဲ့ပထမဆုံးနေ့အလုပ်စားပွဲမှာထိုင်လိုက်တာနဲ့အလုပ်ပေါင်းသောင်းခြောက်ထောင်ကသင့်ကိုကြိုဆိုနေမယ့်အပြင်အိမ်မှာကျန်ခဲ့တဲ့ကလေးကိုလည်းပူပန်နေတဲ့အတွက်သင်ဟာစိတ်ရောလူပါပင်ပန်းပြီးတော်တော်အခြေအနေဆိုးနေမှာပါ။ ဒါပေမယ့်သင်စိတ်ဓါတ်ကျပြီးပင်ပန်းနေတယ်လို့သင့်သူဋ္ဌေးကမယူဆသွားပါစေနဲ့။ သင့်ရဲ့စိုးရိမ်ပူပန်စိတ်တွေကိုကိုယ့်စိတ်ထဲမှာပဲသိမ်းထားပါ။ လုပ်ဖော်ကိုင်ဖက်တွေကိုလိုက်ပြောပြမနေပါနဲ့။ သူတို့မသိပါစေနဲ့။ သင်သိထားရမှာကသင်အခုလိုပတ်ချာရမ်းတိုင်ပတ်နေတာဟာသင့်စွမ်းဆောင်ရည်ပိုမြင့်မားလာပြီးပိုတော်လာဖို့ဖြစ်တယ်ဆိုတာပါပဲ။ အရှုံးမပေးလိုက်နဲ့။ သင်အလုပ်ပြန်တက်တဲ့ပထမလအနည်းငယ်မှာ "ငါတော့ဒီပုံစံအတိုင်းဘယ်လိုမှဆက်မဖြစ်နိုင်တော့ဖူး။ အလုပ်ထွက်မှ ဖြစ်တော့မယ်" လို့တွေးမိတဲ့ရက်တွေမလွှဲမရှောင်သာကြုံလာရမှာပါ။ ဒါပေမယ့်အားတင်းထားပါ။ ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရမိခင်တွေဟာသူတို့ရဲ့အချိန်ဇယားအသစ်နဲ့အထိုင်ကျဖို့အချိန်လိုတယ်လို့ဆိုပါတယ်။ တကယ်လို့လအနည်းငယ်ကြာလာတာတောင်အဆင်မပြေနိုင်သေးဖူးဆိုရင်သင့်အနေနဲ့သူဌေးကိုသွားတွေ့ပြီးတပတ်မှာတရက်နှစ်ရက်လောက်အိမ်ကနေအလုပ်လုပ်ခွင့်ရဖို့ဒါမှမဟုတ်အချိန်ပိုင်းအလုပ်စီစဉ်ပေးဖို့ဆွေးနွေးတောင်းဆိုပါ။ တခုရှိတာကသူဌေးနဲ့သွားမတွေ့ခင်မှာကိုယ်ဖြစ်ချင်တဲ့အစီအစဉ်ကိုကြိုတင်ပြီးသေချာကျနစွာဆွဲသွားပါ။ ဒါပေမယ့်သင့်သူဌေးကသင့်တောင်းဆိုချက်ကိုလိုက်လျောဖို့ ငြင်းဆန်ပြီးအခုလက်ရှိအတိုင်းဆက်လုပ်နိုင်မလားဒါမှမဟုတ်အလုပ်ထွက်မလားဆိုတဲ့ Do or Die မေးခွန်းကိုမေးလာနိုင်တယ်ဆိုတာလည်းစိတ်ထဲမှာတွေးထားပါ။ ဒီလိုအနေအထားရောက်လာပြီဆိုရင်တော့လက်ရှိအလုပ်ဟာသင်နဲ့တကယ်ပဲသင့်တော်ရဲ့လားဆိုတာစဉ်းစားပြီး ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့အချိန်တန်ပါပြီ။   ၄။ မိခင်နို့ကိုမဖြစ်ဖြစ်အောင်တိုက်မယ်။ အလုပ်လုပ်နေတဲ့အမေတွေအနေနဲ့မိခင်နို့ကိုဘယ်လိုရအောင်တိုက်မလဲဆိုတဲ့လမ်းညွှန်ချက်တွေကိုလေ့လာပါ။ သင့်အနေနဲ့မိခင်နို့ပဲမဖြစ်ဖြစ်အောင်ဆက်တိုက်ဖို့ရည်ရွယ်ထားတယ်ဆိုရင်အလုပ်ပြန်မလုပ်ခင်မှာနို့ညှစ်ထုတ်တဲ့အချိန်ဇယားကိုအသေအချာ ပြင်ဆင်ပါ။=နို့ညှစ်ထုတ်ပြီးရေခဲသေတ္တာထဲမှာအအေးခံထားကာနို့ဗူးထဲထည့်ပြီးအဲ့ဒီနို့ကိုတယောက်ယောက်ရဲ့အကူအညီနဲ့ကလေးကိုတိုက်စေတဲ့အလေ့အကျင့်ကိုလုပ်ငန်းခွင် ပြန်မဝင်ခင်တစ်လလောက်အလိုကတည်းကလုပ်ပါ။ အလုပ်ခွင်ထဲမှာနို့ညှစ်ထုတ်ဖို့အချိန်ဇယားနဲ့ပတ်သက်ပြီးသူဌေးကိုအကူအညီတောင်းဆွေးနွေးကာနှစ်ဦးနှစ်ဖက်အဆင်ပြေအောင်လုပ်ပါ။ =နို့ညှစ်ထုတ်နိုင်မယ့်သီးသန့်လုံခြုံတဲ့နေရာကိုရှာဖွေပါ။ ၅။ အသေအချာစဉ်းစားပါ။ သတ်မှတ်ထားတဲ့ရက်မှာအတိအကျရုံးပြန်တက်ပါမယ်လို့စာချုပ်ချုပ်ထားရတဲ့အလုပ်မျိုးတွေကလွဲပြီးသင်အလုပ်ထွက်ဖို့လည်းစဉ်းစားနိုင်ပါတယ်။ အလုပ်ထွက်မယ့်အကြောင်းဘယ်အချိန်မှာသူဌေးကိုအသိပေးရမလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့စောစောပြောလေကောင်းလေပါပဲ။ Hello […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

သင့်ရဲ့ ဇနီးဟာ မိန်းမကိုယ် ခွဲစိတ်ပြုပြင်မှု ခံယူပြီးတဲ့နောက်မှာ သင် သူမကို ဘယ်လိုကူညီမလဲ

မိန်းမကိုယ် ပြန်လည်ခွဲစိတ်ပြုပြင်မှု ပြုလုပ်ခြင်းဟာ သင့်ရဲ့ ချစ်ဇနီးအတွက် လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ ခွဲစိတ်မှုလုပ်ငန်းစဉ် များစွာ ပြုလုပ်ခြင်းခံထားရပြီး ဒီအချိန်မှာ သူမဟာသင့်ရဲ့ အားပေးကူညီမှုကို လိုအပ်တယ်ဆိုတာသိဖို့ အရမ်းအရေးကြီးပါတယ်။ ကုသမှုခံယူပြီးတဲ့နောက် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနှင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကို လျစ်လျူမရှုသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၎င်းတို့ဟာ သင့်ဇနီးရဲ့ ကျန်းမာရေးနှင့် စိတ်ခံစားမှု အခြေအနေကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အတွက်ဖြစ်ပါတယ်။ မိန်းမကိုယ် ပြန်လည်ခွဲစိတ်ပြုပြင်မှု ပြီးတဲ့အခါ ဘာတွေဖြစ်လာနိုင်သလဲ ၎င်းခွဲစိတ်ခြင်းဟာ သူမကို ငယ်ရွယ်နုပျိုတဲ့အချိန်ကာလသို့ ပြန်ရောက်တဲ့ ခံစားမှုမျိုးကို ပေးနိုင်တဲ့ အတွက်ကြောင့် ကောင်းသော်လည်း သူမကိုထိခိုက်စေမယ့် ဆိုးကျိုးအချို့ ရှိနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။ ကုသမှုခံယူပြီးတဲ့နောက်မှာ သင့်ရဲ့ဇနီးဟာ ခွဲစိတ်ထားတဲ့နေရာမှ သွေးခြည်ဥခြင်းနှင့် ရောင်ရမ်းခြင်းတွေကို ပထမရက် အနည်းငယ်အတွင်းမှာ ခံစားရပြီးသူမရဲ့ စိတ်ခံစားမှုတွေရော သင့်တွင်ပါ သက်သောင့်သက်သာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိမိဇနီးသည် မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ပြီးနောက် မည်သို့စောင့်ရှောက်ရမည်နည်း

မိန်းမကိုယ်အင်္ဂါ ပြန်လည်ပြုပြင်ခြင်းသည် မိမိ၏ချစ်ဇနီးအတွက် မလွယ်ကူလှပါ။ လုပ်ဆောင်ချက် အဆင်ပြေချောမွေ့သည့်တိုင် မိမိခင်ပွန်း၏ အားပေးထောက်ခံမှုလိုအပ်ပါသည်။ ဖြစ်နိုင်ချေရှိသော အန ္တရာယ်နှင့် ဘေးထွက်ဆိုးကျိုးများကို သိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်များမှာ ဇနီးသည်၏စိတ်နှင့် ကိုယ်ခန္ဓါကျန်းမာရေးအတွက် အရေးကြီးသောကြောင့်ဖြစ်ပါသည်။ မိန်းမကိုယ်အင်္ဂါပြန်လည်ပြုပြင်ပြီးနောက် ဘာတွေဖြစ်လာနိုင်သလဲ ခွဲစိတ်ပြီးလျှင် သူမသည် ငယ်ရွယ်နုပျိုခြင်းကို ယခင်ကကဲ့သို့ခံစားနိုင်သည်ဆိုသော်လည်း ထိုအတွက်ဘေးထွက်ဆိုးကျိုးများလည်းခံစားရနိုင်ပါသည်။ ခွဲစိတ်ပြုပြင်ပြီးသော ပထမဦးဆုံးနေ့တွင်လျှင် သွေးခြည်ဥခြင်း၊ ရောင်ခြင်းကြောင့် အနည်းငယ် စိတ်ကသိကအောင့်ဖြစ်စေပါသည်။ စစချင်းတွင် ထိုခံစားမှုမျိုးကို အကျွမ်းဝင်မည်မဟုတ်ပါ။ မိမိနှင့် မိမိဇနီးတို့ အတူနေချိန်တွင်လည်း အနည်းငယ် သက်ရောက်မှုရှိနိုင်ပါသည်။ ထိုသို့သော ခံစားမှုများကိုကျင့်သားရရန် အချိန်တစ်ခုလိုအပ်ပါသည်။ ထိုသို့သောဖြစ်ရပ်များသည် ခွဲစိတ်ပြုပြင်ပြီးဖြစ်လေ့ဖြစ်ထရှိသော အချက်များဖြစ်သည့်အတွက် စိုးရိမ်ဖွယ်မရှိပါ။ သို့သော် ဖြစ်လေ့ဖြစ်ထရှိသော အချက်များကို သိထားခြင်းဖြင့် ထိတ်လန့်မှုမျိုးမရှိတော့ပါ။ ဘယ်လိုစောင့်ရှောက်မလဲ အချို့သောအချက်များသည် ဆေးနှင့် ထိန်းချုပ်နိုင်ပါသည်။ ဆရာဝန်၏ ညွှန်ကြားချက်ကို အမြဲလိုက်နာရပါမည်။ ကုသမှုခံယူပြီး ခန္ဓါကိုယ်ကို […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မိမိရင်သားကို ကိုယ်တိုင်ဘယ်လို စမ်းသပ်နိုင်မလဲ

တကယ်လို့ သင်ဟာ ရင်သားကို ဆရာဝန်နဲ့ စမ်းသပ်ဖို့ ရှက်နေတယ် (သို့) အလုပ်ရှုပ်လွန်းတယ်ဆိုရင် အိမ်မှာ ကိုယ်တိုင် စမ်းသပ်နိုင်ပါတယ်။ ကိုယ်တိုင်စမ်းသပ်ခြင်းဟာ အကျိတ်တွေကို ရှာဖွေဖို့ ကိုယ်တိုင် စစ်ဆေးတဲ့နည်းတစ်မျိုးပြဲ ဖစ်ပါတယ်။ ပုံမှန် ရင်သားစစ်ဆေးခြင်းဟာ ရင်သားကင်ဆာကို စောစီးစွာ တွေ့ရှိဖို့အတွက် အရေးပါတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အခြား အဆင့်မြင့်တဲ့ စစ်ဆေးမှုတွေဖြစ်တဲ့ ပုံမှန် mammogram ရိုက်ခြင်းနဲ့ ယှဉ်ရင်တော့ ကိုယ်တိုင်စမ်းသပ်ခြင်းဟာ အကျိုးရရှိမှု ပိုနည်းပါတယ်။ ဒါပေမယ့် သင့်ရင်သားတွေထဲမှာ ပုံမမှန်မှုကို ကြိုတင် သိရှိနိုင်ခြင်းဟာ ဘယ်တော့မှ အကျိုးမယုတ်ပါဘူး။ ကိုယ်တိုင်စမ်းသပ်ခြင်းကို လုပ်ဖို့ အကောင်းဆုံးအချိန်ကတော့ ရာသီဆု့းသွားပြီး ရက်ပေါင်းများစွာ အကြာမှာပဲ ဖြစ်ပါတယ်။ ဟော်မုန်ပြောင်းလဲမှုတွေဟာ ရင်သားရဲ့ အရွယ်အစားကိုပြောင်းလဲစေနိုင်တာမို့ ရင်သားတွေ ပုံမှန်အတိုင်း ရှိချိန်မှာ စမ်းသပ်တာ အကောင်းဆုံးပဲ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရိုးရိုးရင်သားအကျိတ်

ရင်သားကို ကိုယ်တိုင်စမ်းကြည့်ပြီး အကျိတ်တွေ့ပြီ ဆိုပါစို့။ လူအတော်များများဟာ ဒီလိုအချိန်မှာ ကြောက်လန့်သွားကြပြီး ကင်ဆာလို့ တန်းမြင်ယောင်ကြပါလိမ့်မယ်။ တကယ်တော့ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များပါတယ်။ စစ်ဆေးကြည့်ပြီးရင်တော့ အမျိုးသမီးတွေမှာ တွေ့တတ်တဲ့ အကျိတ်တွေဟာ benign ဖြစ်တာများပါတယ်။ သူတို့ဟာ အသက်အန္တရာယ် မရှိပါဘူး။ Benign အကျိတ်တွေဟာ ဘာတွေလဲ။ Benign အကျိတ်တွေဟာ ရင်သားအတွင်းမှာ ဖြစ်ပေါ်တဲ့ ကင်ဆာ မဟုတ်တဲ့ အကျိတ်တွေပဲ ဖြစ်ပါတယ်။ ကင်ဆာ ကျိတ်တွေနဲ့ မတူတာက benign အကျိတ်တွေဟာ ရင်သားကို ထိခိုက်ခြင်း မရှိသလို အခြားနေရာတွေကို ပြန့်ပွားခြင်းလည်း မရှိပါဘူး။ သုတေသနတွေအရ benign အကျိတ်တွေကို သုံးမျိုးခွဲခြားနိုင်ပါတယ်။ နောက်ပိုင်းမှာ အန္တရာယ် မရှိတဲ့ မပွားနိုင်တဲ့ ရောဂါများ ကင်ဆာဖြစ်ပွားနှုန်း အနည်းငယ်မှ အလယ်အလတ်ထိ ရှိတဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း