ရာသီလာခြင်း

ရာသီလာတယ်ဆိုတာ ဟော်မုန်းအပြောင်းအလဲကြောင့် လစဉ် သွေးဆင်းတာပဲ ဖြစ်ပါတယ်။ သားအိမ်ကနေ အမြှေးပါးလေးတွေ ကွာကျတာကို ရာသီလာတယ်လို့ ခေါ်ပါတယ်။ ရာသီလာတဲ့အကြောင်းနဲ့ ပုံမှန်မဟုတ်တဲ့ ရာသီတွေအကြောင်းကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီလာခြင်း

ရာသီလာခါနီးမှာ ကိုယ်ခံအား မကျအောင် ဘာတွေ စားမလဲ။

လေဒီလေးတွေ တစ်လတစ်ခါ ကြုံတွေ့ရတဲ့ ရာသီလာခါနီးမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှုကင်းနေစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီလိုပြောလိုက်လို့ လေဒီတွေက ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်လို့လား။ ဘာကြောင့် ကျတာလဲ။ ဘာတွေစားပေးဖို့လိုမလဲလို့ သိချင်သွားပြီလား။ ဒါဆိုရင်တော့ ဆောင်းပါးလေး ဖတ်ကြည့်လိုက်နော်။ အရင်က ရာသီလာခါနီးမှာ ကိုယ်ခံအားကျတာက သိပ်စိုးရိမ်စရာ မကောင်းပေမယ့် အခုလိုမျိုး ရောဂါပိုးတွေ အနီးဝန်းကျင်မှာ ရှိနေချိန်မှာတော့ ရာသီလာခါနီးမှာ ကိုယ်ခံအားနည်းသွားတာက စိုးရိမ်စရာကောင်းတဲ့ အနေအထား တစ်ရပ်ကို ရောက်လို့ လာပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအားကျတတ်သလား။ ဟုတ်ပါတယ်။ ရာသီလာခါနီးမှာ ကိုယ်ခံအား ကျတတ်ပါတယ်။ အကြောင်းကတော့ ရာသီလာတဲ့ကာလအတွင်းမှာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက မျိုးဥကြွေဖို့အတွက် ကိုယ်ခံအားကို အားနည်းအောင် လုပ်ဆောင်ထားတာကြောင့်ပါ။ မေမေတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဘေဘီလေးကို ခန္ဓာကိုယ်က လက်ခံအောင် ကိုယ်ခံအားကို […]

ရာသီလာခြင်း ကို ရှာဖွေမည်။

ရာသီလာခြင်း

သက်သာတာကိုမှ ကြိုက်တဲ့ လေဒီတို့အတွက် ရာသီဘောင်းဘီ

ဓမ္မတာလာတဲ့အခါ သုံးကြတဲ့ ပစ္စည်းအမျိုးမျိုးထဲကမှ ကိုယ်တို့လို ဟိုဟာလည်း လုပ်ရမှာပျင်း၊ ဒီဟာလည်း ချိန်ရမှာ ပျင်းနဲ့ အပျင်းတစ်တတ်တဲ့ လေဒီတို့အတွက် တအားအဆင်ပြေစေမယ့် ပစ္စည်းကတော့ Menstrual Pants လို့ခေါ်တဲ့ ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးပါပဲ။ (Period Panties မဟုတ်ဘူးနော်။) လေဒီတို့ မျက်စိထဲ မြင်အောင် ပြောရမယ်ဆိုရင် ဒါက ကလေးတွေကို ဝတ်ပေးတဲ့ ဒိုင်ပါလေးလိုပါပဲ။ လိုတဲ့အချိန်ဝတ်တယ်။ အချိန်ပြည့်သွားရင် ဖတ်ဆို ချွတ်ရင်ချွတ်၊ မချွတ်ရင် ဘေးက ဖြဲပြီး အွန့်ဆို လွှင့်ပစ်လိုက်ရုံပဲမို့ အချိန်ကုန်၊ စိတ်ပင်ပန်း အင်မတန် သက်သာသောပါပဲ။ ဒါဆို သူ ဘယ်လို အလုပ်လုပ်လဲ။ ကောင်းကျိုးတွေက ဘာတွေလဲ။ လေ့လာကြည့်ကြရအောင်။  ရာသီလာရင်သုံးရတဲ့ အတွင်းခံ ဘောင်းဘီလေးရဲ့ ကောင်းကျိုး ပုံမှန် Tampon နဲ့ M-cup […]


ရာသီလာခြင်း

ဓမ္မတာမတိုင်မီ ထွက်တဲ့ ဝက်ခြံ

အမျိုးသမီးတွေ အနေနဲ့ ဓမ္မတာကာလ နီးပြီဆိုရင် Mood Swing တွေ ဖြစ်တာ၊ အထီးကျန်တာ၊ နေရထိုင်ရ သက်သောင့်သက်သာ မဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာ၊ စိတ်အားငယ်တာ စသဖြင့် အမျိုးမျိုးသော ခံစားချက်တွေ ဖြစ်ရပါတယ်။ အဲဒီမှာ လူသိထင်ရှား ပြဿနာတက်တာကတော့ ဝက်ခြံပါပဲ။ ရာသီလာမယ့် ရက်ကို ဝက်ခြံကြည့်ပြီး တွက်ရမလိုလို ဓမ္မတာ လာခါနီးဆိုရင် ဝက်ခြံတွေက တစ်လုံးပြီး တစ်လုံး အပြိုင်ကို ထွက်လာကြတာများ မိုးဦးကျပေါ်တဲ့ မှိုတွေလိုပဲနော်။ ဒီတော့ ဒီဝက်ခြံတွေကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတဲ့အကြောင်းလေး ဖော်ပြပေးလိုက်ပါတယ်။ ဘာလို့ ဓမ္မတာနီးမှ ဝက်ခြံပေါက်ရတာလဲ။ ရှင်းပါတယ်။ ဟော်မုန်းတွေကြောင့်ပါပဲ။ ရာသီမလာခင်မှာ အက်စထရိုဂျင်နဲ့ ပရိုဂျက်စတုန်း လယ်ဗယ်တွေ ကျသွားပါတယ်။ ဒီဟော်မုန်း ကျဆင်းမှုဟာ အဆီဂလင်းတွေကနေ အဆီကို ပိုထုတ်လွှတ်စေပြီး အဆီတွေများလာတော့ အားလုံးသိတဲ့အတိုင်း […]


ရာသီလာခြင်း

ရာသီသွေးမှာ သွေးတုံးသွေးခဲတွေ ပါနေတာ စိုးရိမ်စရာလား။

လစဉ်ရာသီလာရင်းနဲ့ ရုတ်တရက် ကိုယ့် padမှာ သွေးတုံးသွေးခဲတွေ တွေ့လိုက်ရတဲ့အခါ သိပ်လည်း လန့်မသွားပါနဲ့။ ဒါက ဖြစ်ရိုး ဖြစ်စဉ်ထဲက တစ်ခုပါ။ များသောအားဖြင့်တော့ ရာသီစလာလာချင်း ၁ရက် ၂ရက်မှာ သွေးဆင်းလည်း များတတ်သလို သွေးတုံးသွေးခဲလည်း ပါတတ်ပါတယ်။ အများစုအတွက်တော့ ဒါဟာ ပုံမှန် အခြေအနေပါ။ ဒါပေမယ့် တချို့သော ရောဂါကြီးကြီးမားမားတွေမှာလည်း ရာသီသွေးထဲမှာ သွေးတုံးသွေးခဲတွေ ပါလာတတ်ပါသေးတယ်။ ဒါကြောင့် ဘယ်လို အခြေအနေမျိုးဆိုရင် စိတ်ပူစရာ မလိုဘူးလဲ။ ဘယ်လိုမျိုးဆိုရင် ဆရာဝန်နဲ့ ပြသင့်သလဲဆိုတာ ပြောပြပေးသွားပါမယ်။ သွေးတုံးသွေးခဲတွေ ဘယ်က ဖြစ်လာတာလဲ။ ရာသီလာတဲ့အချိန်မှာ သားအိမ်နံရံက ဆဲလ်တွေ သေ၊ သွေးကြောတွေ ပုပ်ပြီး အချွဲတွေနဲ့ အတူ ကွာကျလာပါတယ်။ အလွယ်မြင်အောင် ပြောရရင် သားအိမ်နံရံ ကွာကျလာတာပါ။ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်အရ တစ်နေရာရာက သွေးထွက်လာရင် […]


ရာသီလာခြင်း

ဘာလို့ ရာသီသွေးတွေ အများကြီးဆင်းနေရတာလဲ။

ဒါက အမျိုးသမီးတိုင်း သိချင်ကြတဲ့ မေးခွန်းပါပဲ။ ရာသီလာတဲ့အချိန်တိုင်း တစ်ကိုယ်လုံးက သွေးတွေ ခမ်းသွားမလားတောင် ထင်ရတယ်။ ဆင်းလိုက်တဲ့ ရာသီသွေးတွေ ဆိုတာ၊ လဲလိုက်ရတဲ့ pad ဆိုတာလည်း မနည်းမနောပါပဲလား။ တချို့က ရာသီစလာတဲ့ရက်မို့လို့ အများကြီး ဆင်းတယ်။ ပြီးရင် နည်းသွားတယ်။ တချို့ကလည်း နေ့တိုင်း အများကြီးကို ဆင်းနေတာ။ ဆချို့က ဟိုအရင် ရာသီစလာတည်းက ဒီလိုပဲ အများကြီး ဆင်းနေတာ။ တချို့ကျတော့ အရင်က အဲ့ဒီလောက် မဟုတ်ပါဘူး။ ဒီလပိုင်းအတွင်းမှာမှ အရင်ကထက် ပိုများလာတာ။ ဟုတ်ကြလား လေဒီတို့။ ဒါတွေဟာ ဘာကြောင့်လဲ။ ပုံမှန်ပဲလား။ ဒါမှမဟုတ် ရောဂါတစ်ခုခုကြောင့်ပဲလား။ စိတ်ထဲက သံသယတွေ ရှင်းသွားအောင် ဆက်ကြည့်ကြဦးစို့။ ရာသီသွေးဆင်းများတယ်ဆိုတာ ဘယ်လိုဟာမျိုးလဲ။ ရာသီသွေးက ပုံမှန်ဆိုရင် ၃၀-၄၀ မီလီလီတာလောက် ဆင်းတတ်ပါတယ်။ တချို့ဆို ၈၀ […]


ရာသီလာခြင်း

ဒီအချိန်ရောက်မှာ ကြောက်နေပြီလား။

သြော် သူတောင် လာတော့မှာပါလား၊ သိပ်မလိုတော့ဘူးပဲ။ သူဆိုတာ မိန်းကလေးတိုင်းရဲ့ 'သူ'ပေါ့။ သူလာတိုင်း လူမှာ နုံးခွေပြီး ဘာမှလည်း မလုပ်ချင်၊ စိတ်တွေလည်းတိုနဲ့ နေလို့ကို အဆင်ပြေမနေဘူး။ တစ်လကို တစ်ခါလောက် ပုံမှန်တွေ့နေရတာ ဆိုတော့ တွေ့တိုင်း စိတ်ရော ကိုယ်ပါ ပင်ပန်းနေတာ သိပ်တော့ အထာမကျလှဘူး။ ကဲ 'သူ'ဆိုတာ ဘယ်သူလည်း သိပြီလား။ 'သူ့'ကို ရင်ဆိုင်ဖို့ လေဒီတို့ကို နည်းလမ်းလေးတွေ ပြောပြပေးမယ်နော်။ ဧည့်သည်မလာခင် ကြိုပြင်ပါ။ ရာသီလာတာကို တချို့တွေက ဧည့်သည်ရောက်နေလို့လို့ သုံးကြတယ်ဗျ။ တစ်လ တစ်ခါလာတဲ့ ဧည့်သည်ပေါ့လေ။ ရာသီချိန်မှာ အဖြစ်များတာတွေက စိတ်မကြည်တာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ဗိုက်အောင့်တာ၊ ဗိုက်ပွတာတွေဖြစ်တတ်ပါတယ်။ အရင်ဆုံး လုပ်ရမှာတော့ ဘယ်နေ့ ရာသီလာမှာလဲဆိုတာ ကြိုတွက်ပါ။ ဒီမှာတွက်လို့ရပါတယ်။ အကောင်းဆုံးကတော့ ရာသီမလာခင် တစ်ပတ်လောက် ကြိုပြင်ပါ။ တခြားအချိန်မှာ ယောဂမလုပ်ရင်တော့ […]


ရာသီလာခြင်း

Tampon ဘာလဲ။ ဘယ်လဲ

ခေတ်မီတိုးတက်လာတာနဲ့အမျှ အမျိုးသမီးတွေရဲ့ လစဉ်ဓမ္မတာအတွက် Sanitary Pad (လစဉ်သုံး ဂွမ်းထုပ်) တွေက တစ်ခုတည်းရှိတဲ့ ရွေးချယ်စရာ မဟုတ်တော့ပါဘူး။ ရွေးချယ်စရာတွေ များလာကြပါပြီ။ ဒီထဲမှာမှ ခု ကျွန်မတို့ နိုင်ငံက အမျိုးသမီးအများစု တော်တော်များများ သုံးလာကြတဲ့ အရာကတော့ Tampon ပါ။ ပြောရမယ်ဆိုရင် နိုင်ငံတကာမှာလည်း Tampon ဟာ ပေါ်ပြူလာ အဖြစ်ဆုံး ရွေးချယ်စရာတစ်ခုပါပဲ။ ဘာကြောင့် Tampon ကို ပိုပြီး ရွေးချယ်လာကြတာလဲ။ Tampon ဟာ လစဉ်သုံးဂွမ်းထုပ်တွေလို လှောင်ပိတ်နေမှာ၊ အနံ့ဆိုးမှာ၊ ပေါင်တွေပွန်းမှာ ပူပင်စရာ မလိုရလောက်အောင် အင်မတန် သက်သောင့်သက်သာရှိပါတယ်။ အရာမထင်တာ၊ ဖောင်းမနေတာနဲ့ အနောက်မှာ ပေသွားလား၊ မပေသွားလား စဉ်းစားနေစရာ မလိုတာတွေက ဘောနပ်စ်ပေါ့။ အရင်ဆုံး လက်ကို သေချာဆေး၊ Tampon […]


ရာသီလာခြင်း

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

အဖြူဆင်း တယ်ဆိုတာ မိန်းကလေးတွေ အတော်များများ ကြုံရတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် အဖြူဆင်းတယ် ဆိုရင် မကောင်းဘူးလို့ တချို့က ထင်ကြပါတယ်။ ဘာလို့များလဲ၊ အန္တရာယ်ရှိလား၊ ရောဂါရှိတာလား စိုးရိမ်တတ်ကြတယ်။ အမျိုးသမီးကျန်းမာရေး အတွက် မကောင်းတဲ့ လက္ခဏာလား အဖြူဆင်း တယ် ဆိုတာ တကယ်တော့ အမျိုးသမီးမျိုးပွားအင်္ဂါစနစ် အတွင်းမှာ အရေးပါတဲ့ ထိန်းသိမ်းမှု လုပ်ငန်းစဉ် တစ်ခု ဖြစ်ပါတယ်။ မိန်းမကိုယ်နဲ့ သားအိမ်ခေါင်းအတွင်းပိုင်းမှာရှိတဲ့ ဂလင်းတွေကနေ ထုတ်ပေးတဲ့အရည် တွေက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားသန့်စင်ပေးတာပါ။ ဒီလိုနည်းနဲ့ မိန်းမကိုယ်ကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။ အများအားဖြင့်တော့ အဖြူဆင်းတာက ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာပါ။ ဆင်းတဲ့ ပမာဏ၊ အရောင်၊ အနံ့ တို့က ရာသီစက်ဝန်းကို မူတည်ပြီး မတူညီတတ်ကြပါဘူး။ ဥပမာ သားဥကြွေတဲ့ […]


ရာသီလာခြင်း

လူပြောများနေတဲ့ Menstrual Cup… တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အမျိုးမျိုး ရှိတဲ့အနက်က ဒီဘက်ခေတ် နောက်ပိုင်းမှာ M-cup လို့ခေါ်တဲ့ Menstrual Cup လစဉ်သုံးခွက်လေးတွေ အတော်လေး ခေတ်စားလာတာကို တွေ့ရပါတယ်။ သက်သောင့်သက်သာ ရှိမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှု၊ ရေရှည် ငွေကုန်ကြေးကျ သက်သာမှု စသဖြင့် အမျိုးမျိုးသော အကြောင်းတွေကြောင့် အမျိုးသမီးလေးတွေကလည်း ဒီ Menstrual Cup ကို လစဉ်သုံးဂွမ်းထုပ် (Pad) တွေ၊ Tampon တွေထက် ပိုပြီး အသုံးများလာကြပါတယ်။ တကယ်ရော ဒီ Menstrual Cup တွေက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ ကျွန်မတို့ အတူတူ လေ့လာကြည့်ကြရအောင်။ Menstrual Cup ဆိုတာ ဘာလဲ။ Menstrual Cup ဆိုတာက ပျော့ပျောင်းတဲ့ […]


ရာသီလာခြင်း

ရာသီလာခြင်းနဲ့ ပတ်သက်ပြီး ကြားရအများဆုံး ချင်း(ဂျင်း) စကားကြီး (၄)ခွန်း

ကျွန်မတို့ အမျိုးသမီးလေးတွေ အပျိုဖော်ဝင်ပြီဆိုတာနဲ့ စပြီးကြားရတာက ရာသီလာစောရတာဟာ ကိုယ်တိုင်က လိင်စိတ်များရလို့ ဖြစ်တယ်။ ရာသီလာရင် ယောက်ျားလေးတွေနဲ့ ထိလိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်။ ရာသီလာရင် ရေမချိုးရဘူး။ ရာသီလာတာက ခန္ဓာကိုယ်ထဲက မသန့်ရှင်းတဲ့ သွေးတွေ၊ သွေးပုပ်တွေ ဆင်းတာဖြစ်တယ် စတဲ့ ချင်း(ဂျင်း)စကားတွေပါပဲ။ မိရိုးဖလာ လက်ခံခဲ့ကြတဲ့ ဒီ ပါးစပ်ပြောယုံတမ်းစကားတွေကြောင့် တလွဲဆံပင်ကောင်းပြီး အရှက်၊အကြောက် ကြီးကြလွန်းလို့ ရောဂါဝင်လို့ ဝင်မှန်းမသိ ဖြစ်ခဲ့ကြတဲ့ အမျိုးသမီးလေးတွေ မနည်းလှပါဘူး။ ဒီယုံတမ်းစကားတွေထဲက ကျွန်မတို့ ကြားရအများဆုံး ယုံတမ်းစကားတွေကတော့ ၁။ ရာသီလာရင် ရေမချိုးရဘူး။ ခေါင်းမလျှော်ရဘူး။ ဒါဟာ လုံးဝ (လုံး၀) မှားနေတဲ့ အချက်ပါ။ ဘယ်အခြေအနေပဲဖြစ်ဖြစ် တစ်ကိုယ်ရေ သန့်ရှင်းရေးက အရေးကြီးပါတယ်။ ရာသီလာနေချိန်မှာ ရေချိုးလို့လည်း ရသလို ခေါင်းလျှော်လို့လည်း ရပါတယ်။ သွေးတချို့ […]


ရာသီလာခြင်း

Menstrual Cup ကို ဘယ်လိုသုံးရလဲ

Menstrual Cup က ကျန်းမာရေးနဲ့ ညီ၊မညီ ရှေ့မှာ လေ့လာခဲ့ကြပြီးပြီဆိုတော့ ဒီတစ်ခါမှာတော့ Menstrual Cup တွေကို ဘယ်လို အသုံးပြုရသလဲဆိုတဲ့အကြောင်းလေး ထပ်ပြီး လေ့လာကြည့်ကြရအောင်။ Menstrual Cup ဟာလည်း Tampon လိုပဲ မိန်းမကိုယ်ထဲ ထည့်ပြီး အသုံးပြုရတာဖြစ်ပါတယ်။ Tampon သုံးဖူးတဲ့သူတွေဆိုရင်တော့ Menstrual Cup ကို သုံးရတာ ပိုပြီး လွယ်ကူပါလိမ့်မယ်။ ဒါပေမဲ့ ခွက်ဖြစ်တဲ့အတွက်ကြောင့် ခေါက်ထည့်ပြီး အထဲမှာ ပွင့်အောင်လုပ်ရတဲ့ အဆင့်တစ်ဆင့်တော့ ပိုလာတာပေါ့နော်။ Menstrual Cup ကို သုံးတော့မယ်ဆိုရင် အရင်ဆုံး လက်ကို သေချာဆေးပါ။ ခွက်ကို Water-based Lubricant (ရေဓာတ်အခြေခံ ချောဆီ) နဲ့ သုတ်ပါ။ (ဒါကတော့ ထည့်ရင် နာမှာကြောက်တဲ့သူတွေကို ပြောတာပါ။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း