လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းတွေကို ဂရုစိုက်တာက တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းရာရောက်သလို ဘက်တီးရီးယားပိုးတွေ မဝင်အောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

ဟင်းချက်လို့ပဲဖြစ်ဖြစ်၊ အသားငါးတွေ ဆေးကြော သန့်စင်လို့ပဲဖြစ်ဖြစ်၊ လက်သည်းကို အရောင် ပြောင်းစေနိုင်တဲ့ အရာ တစ်ခုခုကို ကိုယ်တွယ် ထိတွေ့မိလို့ပဲဖြစ်ဖြစ် လက်သည်းတွေ ဝါနေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့ ဝါနေတဲ့ လက်သည်းတွေ ဖြူလာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ လက်သည်းတွေဘာကြောင့် ဝါ လက်သည်းတွေ ဝါရတာက ကျန်းမာရေးကြောင့်ပဲ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရင်းတွေ ဖြစ်ကြတဲ့ ဟင်းတွေ ချက်ပြုတ်တာ (အထူးသဖြင့် အရောင်တင်မှုန့်နဲ့နနွင်းမှုန့် သုံးပြီး ချက်ရတာမျိုးတွေ) အသား၊ ငါးတွေကို ဆား၊ နနွင်းနယ်တာ အသား၊ ငါး၊ ပုစွန်စတာတွေကို ဆေးကြောတာ လက်သည်းဆိုးဆေးတွေ အရောင်ပါတဲ့ အရာတွေကို ကိုယ်တွယ်ထိတွေ့ရတာတွေကြောင့် လက်သည်း ဝါတာ အရောင်ပြောင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့ ဝါနေတဲ့ လက်သည်းတွေ […]

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း ကို ရှာဖွေမည်။

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

အိမ်မှာ လက်သည်းသန့်စင်ခြင်း ကောင်းကောင်းပြုလုပ်နိုင်ရန်အတွက် အဆင့်၁၀ဆင့်

သင့်နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့ ၅၀%ကို သင့်ခန္ဓါကိုယ်ရဲ့အခြားသော အစိတ်အပိုင်းတွေနဲ့စာရင် သင့်လက်တွေက ပိုပြီးလုပ်ဆောင် ပေးနေရတာပါ။ ဒီအသုံးများတဲ့ ခန္ဓါကိုယ် အစိတ်အပိုင်းလေးကို ဂရုစိုက်ဖို့ ကျွန်မတို့ ဘယ်လောက် စဉ်းစားပေးခဲ့ကြပါသလဲ။ အထူးသဖြင့် ကျွန်မတို့ အမျိုးသမီးတွေပေါ့။ သူတို့ဟာ ပန်းကန်ဆေးတာကစ ကြမ်းတိုက်တာ အဆုံးအိမ် အလုပ်တွေလုပ်ရင်း ကျွန်မတို့ရဲ့ လက်ချောင်းလေးတွေဟာ အသားအရေနဲ့ တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ chemical အမျိုးမျိုးနဲ့ ပုံမှန်နီးပါး ထိတွေ့နေကြရတာမဟုတ်လား။ သင့်ရဲ့ ပုံပန်းသဏ္ဍာန်ကို ဖော်ပြတဲ့ နေရာမှာ Manicure ကောင်းကောင်း လုပ်ထားခြင်းကလည်း တကယ်ကို အရေးပါပါတယ်။ ဒီနေရာမှာပဲ လက်သည်းတွေကို စွဲလမ်း တပ်မက်ခြင်း အစပြုတော့တာပါပဲ။ အောက်မှာဖော်ပြထားတဲ့ လက်သည်းနဲ့ လက်တွေအတွက် ရိုးရှင်းတဲ့ အလှအပဆိုင်ရာ နည်းလမ်းတွေက သင့်ရဲ့ပုံစံကို ပိုပြီးကြည့်ကောင်းလာစေရုံသာမက သင့်လက်သည်းတွေကို ကျန်းမာသန်စွမ်းတဲ့ ပုံစံလည်း ပေါက်စေပါတယ်။ သင်ကိုယ်တိုင် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့်

ကိုယ့်အိမ်မှာပဲခြေသည်းလက်သည်းကိုအလှဆုံးပုံဖော်နိုင်ဖို့အဆင့်၇ဆင့် ဆိုင်မှာခြေသည်းလက်သည်းညှပ်ရတာပုံဖော်ရတာဟာအလှအပအတွက်အရေးကြီးသလိုပျော်ဖို့လည်းကောင်းပါတယ်။ ဒါပေမယ့်ဆိုင်သွားဖို့အချိန်ဒါမှမဟုတ်ပိုက်ဆံကသင့်ဆီမှာအမြဲတမ်းရှိချင်မှရှိနေမှာပါ။ ဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရပြီဆိုရင်သင့်ဆီမှာပစ္စည်းကိရိယာလေးတွေစုံစုံလင်လင်ရှိရုံနဲ့ဆိုင်သွားစရာမလိုဘဲကိုယ့်ဖာသာအိမ်မှာခြေသည်းလက်သည်းအလှဆင်နိုင်ပါပြီ။ လိုအပ်တဲ့ပစ္စည်းကိရိယာလေးတွေက acetone ဓါတ်မပါတဲ့လက်သည်းဖျက်ဆေးနဲ့ဂွမ်းလုံးလေးတွေ လက်သည်းခြေသည်းပုံဖော်တဲ့ကိရိယာလေး (nail file) ဖော့တုံးလေးတွေ လက်ကိုဂျီးချွတ်ဖို့သကြားနဲ့လုပ်ထားတဲ့ scrub လက်သည်းပြင်ရာမှာသုံးတဲ့သွားကြားထိုးတံအရွယ်တုတ်ချောင်းလေးတွေ (Orangewood stick) Moisturizer လက်သည်းခွံတဝိုက်ကိုအစိုဓါတ်ပေးဖို့သုံးတဲ့အဆီလေးတမျိုး(cuticle oil လို့ခေါ်တယ်၊ လက်သည်းနီလိုပဲ ပုလင်းသေးသေးလေးနဲ့) လက်သည်းဆိုးဆေးလေးတွေ (အောက်ခံ၊အရောင်၊အပေါ်လွှာ) အဆင့်၁။ ။ အရင်ဆိုးထားတဲ့ လက်သည်းဆိုးဆေးတွေကို အရင်ဖျက်ပါ။ ပထမဆုံးအဆင့်အနေနဲ့acetoneမပါဝင်တဲ့လက်သည်းဖျက်ဆေးကိုသုံးပြီးလက်သည်းဆိုးဆေးအဟောင်းတွေကိုဖယ်ရှားပစ်ပါ(acetoneကအရမ်းပြင်းပါတယ်)။ ပြီးရင်လက်သည်းညှပ်နဲ့ပုံဖော်ကိရိယာလေး(nail file) ကို သုံးပြီး လက်သည်းကို လိုချင်တဲ့ပုံစံနဲ့ အရှည်ဖြစ်အောင်ပုံဖော်ပါ။ ဒီနေရာမှာ ပြောစရာရှိတာက သင့်ရဲ့နူးညံ့လှတဲ့ လက်သည်းလေးတွေကို အကောင်းဆုံးပုံဖော်နိုင်ဖို့နဲ့ အောက်ကခံထားတဲ့ ဘုတ်ပြားကိုမထိခိုက်စေဖို့ ဖန်နဲ့လုပ်ထားတဲ့ပုံဖော်ကိရိယာကို သုံးသင့်ပါတယ်။ အဲ့ဒီနောက်မှာဖော့တုံးလေးတွေကိုသုံးပြီး လက်သည်းခွံလေးတွေကို ပြောင်ချောသွားအောင် လုပ်ပေးရပါမယ်။ ပိုပြီးတောက်ပြောင်စေဖို့အတွက် ပိုနူးညံ့ညီညာတဲ့ ဖော့တုံးလေးကိုသုံးပြီးထပ်လုပ်နိုင်ပါတယ်။ အဆင့်၂။ ။ ခြေ၊လက်တွေကိုရေထဲမှာစိမ်ပြီးဂျီးချွတ်ပါ။ လက်တွေကိုရေထဲမှာ၂မိနစ်၃မိနစ်လောက် ၊ခြေထောက်ဆိုရင် ၅မိနစ်လောက်စိမ်ထားပါ။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း