လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းတွေကို ဂရုစိုက်တာက တစ်ကိုယ်ရည်သန့်ရှင်းရေးကို ထိန်းသိမ်းရာရောက်သလို ဘက်တီးရီးယားပိုးတွေ မဝင်အောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့

ဟင်းချက်လို့ပဲဖြစ်ဖြစ်၊ အသားငါးတွေ ဆေးကြော သန့်စင်လို့ပဲဖြစ်ဖြစ်၊ လက်သည်းကို အရောင် ပြောင်းစေနိုင်တဲ့ အရာ တစ်ခုခုကို ကိုယ်တွယ် ထိတွေ့မိလို့ပဲဖြစ်ဖြစ် လက်သည်းတွေ ဝါနေလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့ ဝါနေတဲ့ လက်သည်းတွေ ဖြူလာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားပါမယ်။ လက်သည်းတွေဘာကြောင့် ဝါ လက်သည်းတွေ ဝါရတာက ကျန်းမာရေးကြောင့်ပဲ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့တဲ့ အကြောင်းအရင်းတွေ ဖြစ်ကြတဲ့ ဟင်းတွေ ချက်ပြုတ်တာ (အထူးသဖြင့် အရောင်တင်မှုန့်နဲ့နနွင်းမှုန့် သုံးပြီး ချက်ရတာမျိုးတွေ) အသား၊ ငါးတွေကို ဆား၊ နနွင်းနယ်တာ အသား၊ ငါး၊ ပုစွန်စတာတွေကို ဆေးကြောတာ လက်သည်းဆိုးဆေးတွေ အရောင်ပါတဲ့ အရာတွေကို ကိုယ်တွယ်ထိတွေ့ရတာတွေကြောင့် လက်သည်း ဝါတာ အရောင်ပြောင်းတာတွေ ဖြစ်နိုင်ပါတယ်။ ဝါနေတဲ့ လက်သည်းတွေ ဖြူစေဖို့ ဝါနေတဲ့ လက်သည်းတွေ […]

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း ကို ရှာဖွေမည်။

လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

ခြေသည်းလက်သည်းလေးတွေ ကျန်းမာစေဖို့ ဘာတွေစားရမလဲ

ခြေသည်းလက်သည်းလေးတွေက ခန္ဓါကိုယ်ရဲ့ ကျန်းမာရေးအခြေအနေတွေကို တစ်စေ့တစောင်းဖော်ပြပေးနေတဲ့အရာလေးတွေပါ။ခြေသည်းလက်သည်းလေးတွေ ကျန်းမာလှပတာကလည်း အလှတိုးစေတဲ့အချက်တစ်ခုပါပဲ။ မျက်နှာေလးလှဖို့ လိုသလိုခြေသည်းလက်သည်းလေးတွေ သန့်ရှင်းကျန်းမာနေဖို့ကလည်းမေ့ထားလို့မဖြစ်တဲ့ အရာတစ်ခုပေါ့။ တစ်နေ့တာလုပ်ဆောင်မှုတွေမှာ မဖြစ်မနေပါဝင်လုပ်ဆောင်နေရတဲ့ လက်လေးတွေမှာနေရာယူထားတဲ့ လက်သည်းလေးတွေလှပနေတာကလည်း ဆွဲဆောင်မှုတိုးစေနိုင်မယ့်အချက်ပါ။ ဒီတစ်ခေါက်တော့ ကျန်းမာလှပတဲ့ခြေသည်းလက်သည်းလေးတွေ ပိုင်ဆိုင်နိုင်စေဖို့အတွက် ဘာတွေစားသုံးပေးသင့်လဲဆိုတာကိုပြောပြပေးပါရစေ။ ခြေသည်းလက်သည်းလေးတွေကျန်းမာလှပစေဖို့ လက်သည်းတွေ ကျိုးလွယ် အက်လွယ်ဖြစ်နေတယ်၊ အရောင်ပြောင်းနေတယ်။ လက်သည်းမှာ အစင်းကြောင်းတွေပေါ်နေတယ်ဆိုတာက ခန္ဓါကိုယ်က လုံလောက်တဲ့ အာဟာရမပြည့်ဝဘူးဆိုတာကိုဖော်ပြနေသလိုရောဂါတစ်ခုခုခံစားနေရတယ်ဆိုတာကိုဖော်ပြနေတာပါ။ ဒါကြောင့်ခြေသည်းလက်သည်းလေးတွေကိုလည်း မပြတ်ဂရုစိုက်ပေးသင့်ပါတယ်။ ငါး - ငါးကခြေသည်းလက်သည်းလေးတွေနဲ့ ခန္ဓါကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက်တော်တော်လေးအထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ ငါးမှာပါဝင်တဲ့ ပရိုတင်းဓါတ်တစ်မျိုးကခြေသည်းလက်သည်းတွေကျန်းမာဖို့ အတော်လေးအထောက်အကူဖြစ်စေနိုင်တာပါ။ ဒါကြောင့် ဆယ်လ်မွန်ငါး၊တူနာငါး၊ ပုဇွန်၊ ဂဏန်းလိုမျိုး ပင်လယ်စာတွေကို တစ်ပတ် ၃ ကြိမ်လောက်စားပေးပါ။ အသားထက် ငါးများများစားပေးပါ။ ဥအမျိုးမျိုး - ဥအမျိုးမျိုးမှာ အရိုး နဲ့ ခြေသည်းလက်သည်းတွေကို ကျန်းမာစေနိုင်တဲ့ အာဟာရဓါတ်တွေနဲ့ ဗီတာမင်တို့ပါဝင်နေပါတယ်။ ဥအမျိုးမျိုးမှာပါဝင်နေတဲ့ ဗီတာမင် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) ကဘာလဲ။ ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း ဆိုသော်လည်း ခြေသည်း၊ လက်သည်းတွင်မကဘဲ လက်သည်းအောက်ရှိ အသား၊ လက်သည်းအရင်းနှင့် လက်သည်းဘေးရှိ အသားတို့လည်း အကျုံးဝင်ပါသည်။ လက်သည်းထိခိုက် ဒဏ်ရာရခြင်းဆိုသည်မှာ က်သည်းကျိုးခြင်း၊ စုတ်ပြဲခြင်း၊ ကျေမွခြင်း၊ သွေးခြေဥခြင်းတို့ အပြင် လက်သည်းခွံ ကျွတ်ထွက်ခြင်းတို့ ဖြစ်နိုင်ပါသည်။ Nail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) က ဘယ်လောက်အဖြစ်များသလဲ အလွန်အဖြစ်လှသော ရောဂါဖြစ်ပြီး အသက်အရွယ် မရွေးဖြစ်ပွားနိုင်ပါသည်။ ဖြစ်ပွားမှု့နှုန်းကို လျော့ချရန် ဆောင်ရွက်နိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။ လက္ခဏာများNail Injuries ( ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေသည်း၊ လက်သည်းထိခိုက် ဒဏ်ရာရခြင်းရဲ့ အဖြစ်အများဆုံး ပုံစံငါးမျိုးရှိပါသည်။ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ကဘာလဲ။ ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်းသည် ခဏတာဖြစ်သောအခြေအနေဖြစ်ပြီး ခြေသည်းလက်သည်းအောက်တွင် သွေးသို့မဟုတ် အရည်များစုပြုံခြင်းဖြစ်သည်။ လက်သည်းအောက်ရှိသွေးကြောများတွင်အချို့ထိခိုက်မှုများောကာင့်အထိကဖြစ်သည်။ Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများSubungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ပြင်းထန်စွာကိုက်ပြီးနာခြင်း အနက်ရောင်ပြောင်းသွားခြင်း(နီခြင်းကြက်သွေးရင့်ရောင် ခရမ်းအနက်) ဖြစ်သောလက်သည်းအောက်တောက်လျောက်သို့မဟုတ်အစိတ်အပိုင်းတချို့။ လက်ချောင်းခြေချောင်းထိပ်များတွင်နာခြင်း နှင့်ယောင်ခြင်း   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲကတစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ ဆက်သွယ်သင့်ပါတယ်။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ ဖြစ်ပွားမှုအကြောင်းရင်းများ။ အကြောင်းရင်းများSubungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ကိုဘာတွေကဖြစ်စေသလဲ ထိုထိခိုက်မှုများကလွယ်လွယ်ကူကူဖြစ်နိုင်သည်။ ကားတခါးသို့မဟုတ် အိမ်တံခါးတွင်သင့်လက်ချောင်းညှပ်ခြင်း လေးသောအရာဥပမာ တူဖြင့် လက်ချောင်းကိုထိမိခြင်း လေးသောအရာ ဥပမာလေ့ကျင့်ခန်းလုပ်သောကိရိယာ ခြေထောက်ပေါ်ကျခြင်း မာသောရောတွင် သင့်ခြေချောင်းကိုသစ်ငုတ်အကြွင်းအကျန်စူးမိခြင်း လက်သည်းခြေသည်းအောက်တွင်မဲနေပြီးထိခိုက်မှုမရှိခဲ့ပါက အခြားအရာများကိုဖယ်ရန်ဆရာဝန်နှင့်တိုင်ပင်ပါ။ ဖြစ်နိုင်ခြေများငါ့ဆီမှာ Subungual hematoma (ခြေသည်းလက်သည်းအောက်တွင်ခဏတာသွေးစုခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ အသေးစိတ်သိရှိလိုပါက […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းရှည်ထားမရဘဲ လက်သည်းခဏခဏ ကျိုးလို့ စိတ်ညစ်နေရလား

လက်သည်းရှည် ထားမရဘဲ လက်သည်းခဏခဏ ကျိုးလို့ စိတ်ညစ်နေရလား ပြီးပြည့်စုံတဲ့ လက်တစ်စုံပိုင်ဆိုင်ဖို့တာ ကျန်းမာပြီး လှပတဲ့ လက်သည်းလေးတွေရဲ့ အကူအညီမပါဘဲ မရနိုင်ပါဘူး။ ကြည်လင်တဲ့ လက်သည်းလေးတွေ ပါဝင်မှသာ လက်ရဲ့ အလှ ပြည့်စုံမှာပါ။ တချို့ မိန်းကလေးတွေမှာတော့ လက်သည်းရှည်လေး ရဖို့ အတော်ခက်ပါတယ်။ ဘာလို့လဲဆိုတော့ လက်သည်းကကြွပ်ဆတ်ပြီး ကျိုးတာကြောင့် အမြဲလက်သည်းပြန်ညှပ်လို့ပါပဲ။ ဒါမျိုးတွေ ကင်းဝေးဖို့ဆိုရင်တော့ လက်သည်းကျိုးရတဲ့အကြောင်းရင်းနဲ့ လက်သည်းမကျိုးဘဲ ကြည်လင်ဖြူစင်အောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ သိထားဖို့ လိုပါတယ်။ ဖတ်ကြည့်ပါဦးနော်။ လက်သည်းဆိုတာ ကျန်းမာတဲ့ လက်သည်းဆိုတာ အရောင်အသွေးလည်းတူတူရှိနေတာ ဖြစ်ပြီး လက်သည်းရှည်ထွက်လာတဲ့ ပုံသဏ္ဍာန်လေးလည်း တူညီနေခြင်းပါ။ ပြင်ပ ထိခိုက်မှုတွေ ရှိလာရင်လည်း ကြံ့ကြံ့ခိုင်နေဖို့ လိုပါတယ်။ ကိုယ့်ရဲ့ လက်သည်းဟာ ပျော့ပြောင်းပြီး အားနည်းတယ်ဆိုရင်တော့ ကျိုးလွယ်နေမှာ ဖြစ်ပြီး လက်သည်းရှည်လည်း အရမ်းကို နှေးနေမှာပါ။ ပြီးရင် […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း))

အဓိပ္ပါယ်ဖွင့်ဆိုချက်Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ကဘာလဲ။ လက်သည်းပိုးဝင်ခြင်းဆိုတာ လက်သည်းနဲ့ ခြေသည်းနားတစ်ဝိုက်က အရေပြားပိုးဝင်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ ပိုးဝင်တဲ့လက်သည်းပန်းကုံးဟာ ရောင်လာမယ်၊ ဖောင်းလာမယ် ပြီးတော့ ထိရင်နာမယ်။ ယိစ်လို့ခေါ်တဲ့ မှိုနဲ့ တခြားမှိုတွေ၊ ဘတ်တီးရီးယားတွေဟာ ဖြစ်ပွားစေတဲ့ပိုးကောင်တွေပဲဖြစ်တယ်။ လက်သည်းပိုးဝင်ခြင်းဆိုတာ တစ်ဖြည်းဖြည်းချင်းဖြစ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာတယ်ပေမဲ့ တစ်ခါတစ်လေဗျုန်းစားကြီးပေါ်လာပြီး ၁ ရက် ၂ ရက်နဲ့ ပျောက်ကင်းသွားတတ်ပါတယ်။ ဆေးမကုပဲထားမယ်ဆိုရင်တော့ ပိုးဝင်တာဟာ ပိုဆိုးလာပြီးတော့ လက်သည်းကျွတ်တဲ့ထိဖြစ်နိုင်ပါတယ်။ Paronychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) က ဘယ်လောက်အဖြစ်များသလဲ အမေရိကနိုင်ငံမှာတော့ လက်ပိုးဝင်တဲ့ရောဂါတွေထဲက ၃၅% ဟာ လက်သည်းပိုးဝင်ခြင်းဖြစ်ပြီးတော့ အဖြစ်အများဆုံးလို့လည်း ပြောလို့ရပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပြီးတော့ အမျိုးသားတွေထက် ၃ ဆ လောက်ကို ပိုဖြစ်တတ်ပါတယ်။ အသက်ရွယ်မရွေးဖြစ်နိုင်ပြီးတော့ အန္တရာယ်ဖြစ်စေတဲ့ အချက်တွေကိုလည်း ရှောင်ရှားနိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။   လက္ခဏာများParonychia (လက်သည်းပိုးဝင်ခြင်း(လက်စွယ်ငုပ်ခြင်း)) ရဲ့လက္ခဏာတွေကဘာတွေလဲ လက်သည်းပိုးဝင်ခြင်းရဲ့ တွေ့ရများတဲ့လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။ လက်သည်းပြောင်းလဲခြင်း-ဥပမာ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

သင်သတိမထားမိတဲ့ လက်သည်းနီရဲ့ အန္တရာယ်

တောက်ပတဲ့ အရောင်အသွေးတွေနဲ့ သစ်သီးနံ့လေးတွေ မွှေးကြိုင်နေတဲ့ စွဲမက်ဖွယ်အရောင်တွေရဲ့ နောက်ကွယ်က အဆိပ်ဖြစ်စေနိုင်တဲ့အရာတွေက လက်သည်းအောက်ခြေကနေတဆင့် သွေးကြောတွေထဲရောက်ရှိသွားပြီး ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်လို့ လေ့လာမှု အသစ်တစ်ရပ်အရသိရပါတယ်။ လက်သည်းနီတွေထဲမှာ endocrine disruptor တစ်ရပ်ဖြစ်နိုင်ခြေရှိတဲ့ triphenyl phosphate (TPHP) ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်နေတယ်လို့ Environmental Working Group ကဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ လက်သည်းနီဆိုးပြီးတဲ့နောက်မှာ ၁၀ နာရီကနေ ၁၄ နာရီအကြာမှာ သွေးထဲကို TPHPတွေရောက်ရှိသွားတယ်လို့ လေ့လာမှုအရသိရပါတယ်။ TPHP နဲ့ထိတွေ့မှုက မျိုးပွားအင်္ဂါနဲ့ ဖွံ့ဖြိုးကြီးထွားမှုအပိုင်းမှာ ပြဿနာရှိစေနိုင်တယ်လို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ TPHP ကို ပလပ်စတစ်နဲ့ သားရေအိမ်ထောင်ပရိဘောဂတွေ ပြုလုပ်တဲ့နေရာမှာ အသုံးပြုလေ့ရှိပါတယ်။ လက်သည်းနီအများစုမှာ အဆိပ်သင့်စေတယ်လို့ သိထားကြတဲ့ ဓာတ်ပစ္စည်း ၃ မျိုးဖြစ်တဲ့ dibutyl phthalate (DBP)၊ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်း၊ခြေသည်း သွေးခြည်ဥခြင်း ဖြစ်စေသော အကြောင်း နှင့် ကုသနည်းများ

လက်သည်းခွံ၊ ခြေသည်းခွံတွေအောက်မှာ အနီရောင်၊ အညိုရောင်တွေ ပြောင်းပြီး သွေးယိုနေတာမျိုး သတိထားမိဖူးပါသလား။ ‘ဒုက္ခပဲ၊’ ‘ဘာလို့သွေးတွေယိုနေပါလိမ့်၊’ ‘သွေးယိုနေတယ်၊ ရောဂါကြီးတစ်ခုခုတော့ဖြစ်ပြီထင်တယ်’ စသည်ဖြင့်ကော တွေးခဲ့ဖူးပါသလား ။ စိတ်မပူပါနဲ့။ ထို လက်သည်းခွံအောက် သွေးယိုခြင်း၊ သွေးခြည်ဥခြင်းဟာ ထိုလက်သည်း၊ အရိုး နဲ့ အခြားတစ်ရှူးတွေမှာ ထိခိုက်မှုတွေရှိတာမဟုတ်ရင် စိတ်ပူစရာအရာတစ်ခု မဟုတ်ပါဘူး။ အကြောင်းအရင်းတွေ လက်သည်းအောက်မှာ သွေးခြည်ဥခြင်းဟာ များသောအားဖြင့်တော့ လက်သည်း ထိခိုက်မှုကြောင့် ရလာတာပါ။ ဥပမာ- • လက်ချောင်းတွေကို ထုမိခြင်း • အလေးတုံး ခြေချောင်းတွေပေါ်  ပြုတ်ကျခြင်း • ကားတံခါးကြား လက်ချောင်းညပ်ခြင်း၊ အိမ်တံခါးကြား ခြေချောင်းညပ်ခြင်း • ကြမ်းပြင်၊ လမ်းပေါ်မှာ ခြေမဖြင့်ဆောင့်ပြီး နင်းမိခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ အကျိတ်များပေါ်ခြင်းကဲ့သို့ အခြားအချက်တွေကြောင့်လည်း လက်သည်းအောက် သွေးခြည်ဥနိုင်ပါတယ်။ လက်သည်း၊ ခြေသည်းအောက်မှာ အကျိတ်ပေါ်တဲ့အခါ လက်သည်း၊ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းပန်းကုံးတွေကို ဂရုစိုက်ခြင်း

လက်သည်းညှပ်ခြင်း ပြုလုပ်မယ်ဆိုရင် လူတွေဟာ ပန်းကုန်းတွေကိုပါ ညှပ်လိုက်ကြပါတယ်။ ဒါပေမယ့် သူဟာ လက်သည်းခြေသည်းတွေရဲ့ ကျန်းမာစွာ ကြီးထွားလာနိုင်မှုကို ကာကွယ်ပေးတာကြောင့် အရေးကြီးပါတယ်။ တကယ်တော့ ပန်းကုန်းဆိုတာ အရေပြားတစ်မျိုးပဲဖြစ်ပါတယ်။ သူဟာ အရေပြားကို ရောဂါပိုးဝင်ခြင်းကနေ ကာကွယ်ပေးမယ့် ပါးလွှာတဲ့ အလွှာတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် လက်သည်းပန်းကုန်းတွေကို သေချာစွာ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ သူတို့ကို သေချာစွာ ကာကွယ်ပေးဖို့ အောက်ဖေါ်ပြပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။ ပန်းကုန်းတွေကို ချန်ထားပါ။ အရေပြား ဆရာဝန်တွေက လက်သည်းပန်းကုန်းတွေကို ညှပ်ပစ်ခြင်းဟာ လက်သည်းကျန်းမာရေးအတွက် မကောင်းဘူးလို့ ဆိုပါတယ်။ ပန်းကုန်းတွေဟာ လက်သည်းနဲ့ eponychium ကြားက နေရာကို ပိတ်ထားပေးပြီး သူ့ကို ဖယ်ရှားလိုက်ခြင်းဟာ ရောဂါပိုးဝင်ခြင်းနဲ့ ယားယံခြင်းတွေကို ပိုဖြစ်စေနိုင်ပါတယ်။ လက်သည်းပန်းပန်ုးတွေကို ညှပ်လိုက်ခြင်းဟာ အခြားလက်သည်းပြဿနာတွေဖြစ်တဲ့ အဖြူရောင်အကြောင်းများ၊ အဖြူရောင်အကွက်များကို […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းပန်းကုံးများကို ဂရုစိုက်ရန်နည်းလမ်း ၆သွယ်

ယေဘူယျအားဖြင့်လူအများစုသည် လက်သည်းခြေသည်းများကို ပါတီပွဲမတက်ခင်ထိ၊ပြောင်လက်သောလက်သည်းဆိုးဆေးများမဆိုးမိခင်ထိ သတိမပြုမိတတ်ကြပေ။ သို့သော်လည်း မိခင်သဘာဝတရားက လက်သည်းခြေသည်းများကို ပေးအပ်ထားသည်မှာ အကြောင်းရင်းရှိပါသည်။ လက်သည်း ပန်းကုံးလေးများသည်သင်၏လက်ချောင်းလေးများကို အခုအခံအဖြစ် ကာကွယ်ပေးထားသည်။ ခြေထောက် နှင့် လက်တို့ကဲ့သို့ပင် သူတို့သည်လည်း ခန္ဓါကိုယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အောက်ပါတို့သည် သင်၏လက်သည်းပန်းကုံးလေးများကလိုအပ်နေသော ဂရုစိုက်ရန် နည်းလမ်း (၆) ခုဖြစ်သည်။   (၁)လက်သည်းပန်းကုံးလေးများပါအောင် လက်သည်းညှပ်ခြင်းကိုရှောင်ပါ အရေပြားဆရာဝန်များက လက်သည်းပန်ကုံးလေးများပါအောင် မညှပ်သင့်ကြောင်း သေသေချာချာသတိပေးတတ်သည်။ ထိုသို့ညှပ်ပါက မကြာခဏဆွပေးသကဲ့သို့ရှိပြီး ရောဂါပိုးများလည်းဝင်တတ်သောကြောင့်ဖြစ်သည်။ လက်သည်းပန်ကုံးများကို ညှပ်ခြင်းဖြင့် လက်သည်းတွင် အစင်းကြောင်းများဖြစ်ခြင်း၊အဖြူစက်များ အဖြူစင်းများထခြင်း၊ဘက်တီးရီးယားပိုးဝင်ခြင်းစသော ကျန်းမာရေးပြဿနာများအပြင် အနေရခက်သည့်အပြင် အမြင်မတင့်တယ်ခြင်းမျိုးလည်းဖြစ်တတ်သည်။   (၂)လက်သည်းညှပ်ကို အဝေးမှာထားပါ သင်၏လက်သည်းပန်းကုံးများသည်နူးညံ့သော အစိတ်အပိုင်းဖြစ်ပြီးသူတို့ကို ညှပ်ခြင်းဖြင့် မာကျောကြွပ်ဆတ်လာတတ်သည်။ လက်သည်းမညှပ်ရဟု ဆိုလိုက်လျှင် အချို့ က မည်သည်အထိရှည်မည် မသိသော လက်သည်းမျိုးဖြစ်၍ လက်ခံချင်မှ လက်ခံလိမ်မည်။ လက်သည်းညှပ်ခြင်း မညှပ်ခြင်းက လက်သည်း၏ […]


လက်သည်းခြေသည်း ထိန်းသိမ်းခြင်း

လက်သည်းတွေမဝါအောင် ဘယ်လိုကာကွယ်ရမလဲ

လက်သည်းတွေမဝါအောင်ဘယ်လိုကာကွယ်ရမလဲ။ သင့်လက်သည်းတွေဟာ မာကျောသိပ်သည်းနေတဲ့ အပေါ်ယံအရေပြားဆဲလ်ပြင်ကြီးပါ (epidermis cells)။ သင့်အရေပြားကို ဖြစ်စေတဲ့ ဆဲလ်တွေနဲ့အတူတူပါပဲ။ ဒါပေမဲ့ လက်သည်းပေါ်က ဆဲလ်တွေကတော့ ဆဲလ်သေတွေဖြစ်ပြီး keratin လို့ခေါ်တဲ့ ပရိုတိန်းတွေနဲ့ ဖြည့်ဆည်းထားပါတယ်။ သင့်လက်သည်းခွံရဲ့ ၄ပုံ၃ပုံကသာ အရေပြားနဲ့တွဲဆက်ထားပြီးအရေပြားပေါ်မှာ ရှိနေတာပါ။ လက်သည်းလေး ပြီးပြည့်စုံစွာကြီးထွားလာဖို့ အချိန် ၆လခန့်ယူရပြီး အမျိုးသားတွေရဲ့ လက်သည်းက အမျိုးသမီးတွေရဲ့ လက်သည်းထက် ပိုရှည်လွယ်ပါတယ်။ အရေပြားလိုပါပဲ၊ လက်သည်းကျန်းမာဖို့ အောက်ဆီဂျင်လိုပါတယ်။ လက်သည်းထဲမှာရှိတဲ့ keratin က သူတို့ထဲကို ရေတွေဖြတ်သန်း စီးဆင်းစေပါတယ်။ ပုံမမှန်လက်သည်းခွံတွေနဲ့ အရေခွံကွာခြင်း၊ ကွဲအက်ခြင်း၊ အရောင်မညီခြင်းတွေက ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေး ပြဿနာတွေရဲ့ သင်္ကေတပါ။ အဝါရောင် လက်သည်းတွေက ဆိုရီရေးစစ်ရောဂါသို့မဟုတ် မှိုစွဲကပ်ခြင်းကို ပြပါတယ်။ အဆုတ်ရောဂါတစ်ခုခု သို့မဟုတ် ဆေးလိပ်သောက်ခြင်း တွေကြောင့်လည်း […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း