ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားရောဂါများသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ရောဂါသိပ်မဆိုးရင် အိမ်တွင်းကုထုံးများ သုံးနိုင်ပြီး အရေးကြီးရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကူးစက်တတ်တဲ့ အရေပြားပြဿနာများအကြောင်းကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

ကူးစက်နိုင်သော အရေပြားရောဂါများ ကို ရှာဖွေမည်။

ကူးစက်နိုင်သော အရေပြားရောဂါများ

နှင်းခူနာကိုပျောက်စေသော သဘာဝနည်းလမ်းများ

အဓိပ္ပါယ်ဖွင့်ဆိုချက် နှင်းခူနာဆိုတာဘာလဲ။ နှင်းခူနာဟာ အရေပြားကို နီရဲပြီး ယားယံစေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ သူဟာ နာတာရှည်ဖြစ်ပြီး အချိန်ပိုင်းအလိုက်ပြန်ဖြစ်လိုက် သက်သာသွားလိုက် ဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ပန်းနာရင်ကျပ် (သို့) ဓါတ်မတည့်ရောဂါ တို့နဲ့ တွဲဖြစ်တတ်ပါတယ်။ ကုသမှု နှင်းခူနာကို ဘယ်လိုသဘာဝ နည်းတွေနဲ့ကုသနိုင်သလဲ။ စိုစွတ်ပြီးအေးတဲ့ အရာနဲ့ ဖိထားပါ။ ဖြစ်ပွားတဲ့နေရာမှာ အရေပြားကို ကာကွယ်ဖို့နဲ့ ယားယံမှုကို ကာကွယ်ဖို့ ပတ်တီးစည်းထားနိုင်ပါတယ်။ ရေနွေးနဲ့ ရေချိုးပါ။ ချိုးမယ့်ရေကို မုန့်ဖုတ်ဆိုဒါ၊ မချက်ရသေးတဲ့ အုပ်ဂျုံ သို့ colloidal oatmeal တွေဖြူးပေးပါ။ ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိ စိမ်ပြီး အခြောက်သုတ်ကာ ဆေးပါတဲ့ လိုးရှင်းတွေ၊ အစိုဓါတ်ထိန်းပစ္စည်း တွေ၊ ဒါမှမဟုတ် နှစ်မျိုးလုံး ပေါင်းပြီး အသုံးပြုနိုင်ပါတယ်။ ဆိုးဆေး […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ကြွက်နို့ ဘယ်လိုကုသကြမလဲ

ကြွက်နို့တွေဟာ အလွန်ကူးစက်လွယ်ပြီး တိုက်ရိုက်ထိမိခြင်းနဲ့ ကူးစက်နိုင်ပါတယ်။ ကြွက်နို့အများစုဟာ နာကျင်ခြင်း မရှိပေမယ့် အချို့ကတော့ နာကျင်မှု (သို့) ကသိကအောက် ဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ကြွက်နို့အကုန်လုံးဟာ ကုသဖို့ မလိုအပ်ပါဘူး။ သူတို့ဟာ လပေါင်းများစွာ (သို့) နှစ်ပေါင်းများစွာ ကြာရင် အလိုလို ပျောက်သွားတတ်ပါတယ်။ ဒါဟာ ဘာလို့လဲဆိုတော့ အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ခံအားစနစ်က ကြွက်နို့ကိုဖြစ်စေတဲ့ Human Papilloma Virus ဗိုင်းရပ်စ် ကို ဖျက်ဆီးနိုင်လို့ပဲဖြစ်ပါတယ်။ ကြွက်နို့ ကိုကုသခြင်း (သို့) သူ့အလိုလို ပျောက်သွားအောင် စောင့်ဆိုင်းခြင်းဟာ သင့်အပေါ်ပဲ မူတည်ပါတယ်။ ဒါပေမယ့် အောက်ဖော်ပြပါ အချက်တွေ ရှိရင်တော့ ကုသဖို့ လိုအပ်ပါလိမ့်မယ်။ နာကျင်ခြင်း စိတ်ကသိကအောက်ဖြစ်ခြင်း ယားယံခြင်း ကြီးလာခြင်း (သို့) အခြား ကိုယ်ခန္ဓါအစိတ်အပိုင်းတွေကို […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြား မှိုရောဂါအမျိုးမျိုး

အရေပြားတွင်မှိုစွဲခြင်း ဆိုသည်မှာအဘယ်နည်း။ မှိုစွဲရောဂါများသည် မှိုအမျိုးအစားအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပြီး အရေပြားယားယံခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ မှိုရောဂါပိုးသည် အရေပြား၏ ဆဲလ်အသေများတွင် ခိုအောင်းကြီးထွားကြသည်။ မှိုရောဂါပိုးပေါ်တွင် မူတည်ပြီး အုပ်စုများခွဲခြားထားသည်။ အရေပြားတွင် မှိုစွဲသောရောဂါအမျိုးမျိုး ကစားသမားခြေထောက် (ခြေပွေး) (Tinea pedis) ထိုရောဂါသည် ခြေချောင်းများကြားနေရာကဲ့သို့သော နွေးပြီး စိုစွတ်သော အရေပြားနေရာများတွင် ပေါက်ပွားသည်။ ထိုရောဂါပိုးသည် သင့်ခြေဖဝါးကို နီရဲယားယံစေပြီး အရေပြားများကွာကျစေသည်။ သင်၏ခြေထောက်သည် တဖြည်းဖြည်းနှင့် ခြောက်သွေ့အက်ကွဲလာပြီး အရေကြည်ဖုများလည်းဖြစ်ပေါ်နိုင်သည်။ ထိုရောဂါကို စိုစွတ်၍ ရောဂါပိုးရှိနေသောကြမ်းပြင်များ ဥပမာအားဖြင့် အများသုံးရေချိုးခန်းများ၊ ရေကူးကန်များ နှင့် ချွေးထုတ်ခန်းများတွင် ဖိနပ်မပါဘဲ သွားသည့်အခါတွင် ကူးစက်ခံရနိုင်သည်။ ခြေထောက်မှတဆင့် ခန္ဓါကိုယ်၏ အခြားနေရာများသို့လည်း ပျံနှံ့နိုင်သည်။ လက်သည်းခြေသည်းတွင် မှိုစွဲခြင်း (Tinea unguium) လက်သည်းခြေသည်းတွင် မှိုစွဲခြင်း သည် များသောအားဖြင့် လက်သည်းခြေသည်းထောင့်တွင် စဖြစ်ပြီး အောက်ခြေဘက်သို့ တဖြည်းဖြည်း ပျံနှံ့သည်။ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

နှင်းခူရောဂါနောက်ဆက်တွဲပြဿနာများ

တခါတရံမှာ နှင်းခူဟာ အရေပြားပေါ်က စိတ်ညစ်စရာပြသနာတွေထက်ပိုတဲ့ ကျန်းမာရေးပြသနာတွေဖြစ်စေတတ်ပါတယ်။ အမြဲတစေ အနာကိုကုတ်ဖဲ့နေလို့ အရေပြားကိုပိုးဝင်တာဟာ နှင်းခူရဲ့အဖြစ်များတဲ့ နောက်ဆက်တွဲပြသနာပါ။ ဒီပြသနာတွေကို ကြိုသိထားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းသွားအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ကြိုတင်ကာကွယ်ရန်နဲ့ ကုသရန်အတွက် သင့်ရဲ့ဆရာဝန်ကလည်း အကြံဉာဏ်ပေးနိုင်ပါတယ်။ ကျန်းမာရေးဆိုင်ရာပြသနာများ ပိုးဝင်ခြင်း ဘက်တီးရီးယားပိုးဝင်ခြင်း။ အရေပြားရောင်ရမ်းလာရခြင်းရဲ့ အဓိကကျန်းမာရေးပြသနာကတော့ staphylococcus aureus ဆိုတဲ့ ပိုးဝင်လာပြီး အရေပြားထဲမှာ နယ်မြေချဲ့ထွင်လာတာပါပဲ။ အရေပြားရောင်ရမ်းလာသူတွေရဲ့ ၆၀ ကနေ ၉၀ ရာခိုင်နှန်းခန့်ဟာ staph ဘက်တီးရီးယားပိုးကူးစက်ခံရတတ်ပါတယ်။ ပိုးဝင်တာပိုများတာနဲ့အမျှ အရေပြားတင်းမာရောင်ရမ်းတာလည်း ဆိုးရွားလာတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ခြင်း။ အရေပြားရောင်ရမ်းလာသူများဟာ ဗိုင်းရပ်စ်ပိုးဝင်ရောက်နိုင်ခြေ များပါတယ်။ ဥပမာပေးရရင် ရေယုန်ပိုးဝင်ရောက်ပြီး နှင်းခူနာနဲ့ ရေယုန်နာတွဲဖြစ်ပြီး အရေပြားအခြေအနေဟာ အရမ်းဆိုးသွားတတ်ပါတယ်။ ဒါ့အပြင် နှင်းခူကြောင့်အရေပြားရောင်ရမ်းနေသူများဟာ လက်ရှိမှတ်ပုံတင်ထားတဲ့ ကျောက်ရောဂါကာကွယ်ဆေး မသုံးစွဲသင့်ပါဘူး။ ရောဂါသက်သာလာတယ်ထင်ရတဲ့တိုင်အောင် eczema vaccinatum […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) ကဘာလဲ။ Pityriasisrosea ဆိုတာ အဖြစ်များတဲ့ အပိန့်ထွက်တဲ့ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ၎င်းအဖုအပိန့်တွေဟာ အဝိုင်းပုံ သို့ ဘဲဥပုံတွေရှိကြပြီး အရွယ်အားဖြင့် ၂.၅ ကနေ ၅ စင်တီမီတာလောက်ထိရှိနိုင်ကြပါတယ်။၎င်းတို့ဟာ ရင်ဘတ်၊ ဝမ်းဗိုက် နှင့် ကျောကုန်းတို့မှာများသောအားဖြင့် ပေါက်တတ်ကြပါတယ်။ အရောင်ကတော့ ပုံမှန်အားဖြင့် အနှီ၊ ပန်းရောင်တွေရှိကြပြီး ပတ်ပတ်လည်မှာ အကြေးခွံလိုမျိုးရှိတတ်ကြပါတယ်။ ဒီအစက်လေးတွေဟာ ၂ ပတ်မှ ၈ ပတ်အတွင်း အမာရွတ်မကျန်ပဲ ပျောက်သွားလေ့ရှိသော်လည်း တခါတရံမှာ အကြာကြီး ရှိနေတတ်ပါတယ်။ ဒီရောဂါဟာ ကူးစက်ရောဂါတော့မဟုတ်ပါဘူး။ Pityriasis Rosea (တိုင်ရီရေးစစ် ရိုစီယာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကနေ ၃၅ နှစ်ထိ ဖြစ်နိုင်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း