ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားရောဂါများသည် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ ရောဂါသိပ်မဆိုးရင် အိမ်တွင်းကုထုံးများ သုံးနိုင်ပြီး အရေးကြီးရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကူးစက်တတ်တဲ့ အရေပြားပြဿနာများအကြောင်းကို ဒီစာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်နိုင်သော အရေပြားရောဂါများ

အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ

[embed-health-tool-due-date]လူတိုင်းဟာ သူတို့ရဲ့ ဘဝသက်တမ်းတလျှောက်မှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ အရေပြားမှိုပိုး ကူးစက်တာကို ခံစားရဖူးမှာပါ။ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ၊ စိုထိုင်းဆ များတာ၊ ရာသီဥတုပူနွေးတာတွေက မှိုပိုးကူးစက်တတ်တဲ့ အကြောင်းရင်းခံတွေပါ။ ကလေးလေးတွေမှာဆိုရင် မှက္ခရု လူကြီးတွေမှာဆိုရင် ပေါင်ခြံမှာ ပွေးပေါက်တာ၊ သဲဝဲစားတာတွေက အဖြစ်များတဲ့ အရေပြားမှိုရောဂါတွေ ပါ။ အရေပြားပြဿနာတွေ ဖြစ်စေနိုင်တဲ့ မှိုပိုးတွေက လူတိုင်းရဲ့ အရေပြားတိုင်းမှာ ရှိနေနိုင်ပြီး စိုထိုင်းဆ များလာတဲ့အခါ၊ ပူးနွေးအိုက်စပ်ပြီး လေဝင်လေထွက် မကောင်းချိန်တွေမှာ သဲဝဲ၊ ပေါင်ခြံပွေး နဲ့ ခြေသည်းမှိုစွဲတာတွေ ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အရေပြားမှိုရောဂါတွေ ဘယ်ကနေ ကူးစက်နိုင်သလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အဖြစ်များတဲ့ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာများ မှိုပိုးအများစုက လူသားတွေကို မထိခိုက်စေပေမယ့် အချို့သော မှိုပိုးတွေကတော့ ထိခိုက်စေနိုင်ပါတယ်။ မှိုပိုး ကူးစက်မှုက […]

ကူးစက်နိုင်သော အရေပြားရောဂါများ ကို ရှာဖွေမည်။

ကူးစက်နိုင်သော အရေပြားရောဂါများ

Scabies (ဝဲပေါက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Scabies (ဝဲပေါက်ခြင်း ) ကဘာလဲ။ ဝဲသည် အရေပြားရောဂါတစ်ခုဖြစ်ပြီး သေးငယ်ငယ်သော ပိုးလှေးဖြစ်သည့် Sarcoptes scabiei ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ သင့်အရေပြားတွင် ထိုပိုးမှမျိုးပွားပြီးနောက် အရေပြားကိုဆွကာ ဥများချလေ့ရှိသည်။ ထို့မှ ပိုးလှေးနှင့်ခန္ဓါကိုယ်ဓါတ်မတည့်မှုဖြစ်ပြီး ဖြစ်သောအရေပြားတစ်ဝိုက် ယားယံလာခြင်းဖြစ်သည်။ ညအခါတွင် အထူးကို ကုတ်ချင်နေပါလိမ့်မည်။ အဆိုမှအဏုကြည့်မှန်ပြောင်းနှင့်မှမြင်ရသည့် ပိုးလှေးများသည် ၂ လအထိ သင့်အရေပြားတွင် အောင်းနေနိုင်ပါသည်။ ဝဲကို အလွန်ကူးစက်လွယ်သောရောဂါအဖြစ် ယူဆကြ၏။ ၎င်းသည် မိသားစုတွင်း၊ မူကြိုတွင်း၊ ကျောင်းစာသင်ခန်းတွင်း၊ ထောင်တွင် စသည်ဖြင့် အရေပြားချင်းထိတွေ့ရာမှ ပျံ့နှံ့နိုင်ပါသည်။ Scabies (ဝဲပေါက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန်အဖြစ်များ၏။ ကမ္ဘာပေါ်၌ တစ်နှစ်လျှင် သန်း ၃၀၀ လောက်ကို ဖြစ်ကြောင်း တင်ပြချက်များရှိပါသည်။ ဆင်းရဲချမ်းသာမရွေး၊ လူမှုရေးလယ်ဗယ်မရွေး၊ နေထိုင်မှုပုံစံမရွေး၊ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Impetigo (အနာစက်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Impetigo (အနာစက်) ကဘာလဲ။ အနာစက်ဆိုသည်မှာ အလွန်ကူးစက်လွယ်သော အရေပြားကူးစက်ရောဂါတစ်ခုဖြစ်ပြီး အရေပြားတွင် နာကျင်သောအနာများကို ဖြစ်စေပါသည်။ အနာများသည့် အနီရောင်ရှိပြီး နေရာအနှံ့ပေါက်နိုင်၏။ တစ်ချို့ဖြစ်ရပ်များတွင် နှာခေါင်း၊ ပါးစပ်၊ လက်နှင့် ခြေတွင် အဖြစ်များ၏။ အနာကွဲသည့်အခါတွင် အရည်များစိမ့်ထွက်တတ်ပြီး အဝါရောင်ချပ်ပြားများ ဖြစ်လာနိုင်ပါသည်။ Impetigo (အနာစက်) က ဘယ်လောက်အဖြစ်များသလဲ အနာစက်ရောဂါသည် ကလေးများတွင် အဖြစ်များသော အရေပြားကူးစက်ရောဂါဖြစ်ပြီး အထူးသဖြင့် ၂-၅ နှစ်အတွက်းကလေးများတွင် အဖြစ်များ၏။ လူကြီးများတွင်ဖြစ်ခဲသည်။ များသောအားဖြင့် တခြားသော အရေပြားလက္ခဏာ သို့မဟုတ် ကူးစက်ရောဂါတို့နှင့် တွဲလာတတ်ပြီး အမျိုးသားများတွင် အဖြစ်များသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများImpetigo (အနာစက်) ရဲ့လက္ခဏာတွေကဘာတွေလဲ အနာစက် ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ အနီရောင်အနာများ မြန်မြန်ပေါက်လွယ်သော ရည်ကြည်ဖုများ ပေါက်ခြင်း ရည်အနည်းငယ်ကြာသည်အထိ အရည်များစီးကျတတ်ပြီး နောက်တွင် အဝါရောင်ချပ်ပြားကြီးဖြစ်သွားတတ်ခြင်း နှာခေါင်း၊ ပါးစပ်နှင့် တခြားနေရာများတွင် […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ခြေဖဝါးကြွက်နို့နဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ

ခြေဖဝါးကြွက်နို့ကိုင်တွယ်နည်းများ၊ ဖြေရှင်းနည်းများ ခြေဖနောင့်နေရာတွေမှာ ဖြစ်တတ်တဲ့ မာကြောတဲ့အကျိတ်စေ့ပုံစံကြီးထွားမှုတွေ ဖြစ်ပါတယ်။ မပြင်းထန်ပေမဲ့လည်း သင့်ကိုမသက်မသာဖြစ်မှုနဲ့နာကျင်မှုကို ခံစားရစေနိုင်ပါတယ်။ ကြွက်နို့နဲ့ပတ်သက်ပြီး နည်းလမ်းအချို့ရှိပါတယ်။ Cryotherapyနည်းလမ်းအသုံးပြုခြင်း သင့်ဆရာဝန်ရဲ့လုပ်ဆောင်ပေးမှု လိုပါတယ်။ ပထဆုံးကတော့ သင့်သွေးထဲကိုဓါတုပစ္စည်းတွေ ဝင်သွားတဲ့အခါ နာကျင်မှုတွေမခံစားရအောင် ကူညီပေးဖို့ဖြစ်ပါတယ်။ ကြွက်နို့ရှိတဲ့နေရာကို ထုံသွားအောင်ခံစားမှုမရှိတော့အောင် သင့်ဆရာဝန်က ပြုလုပ်ပေးပါလိမ့်မယ်။ နိုက်ထရိုဂျင်အရည်ဖြန်းခြင်း သို့ ဝါဂွမ်းနဲ့တို့ပေးခြင်းတွေကို ပြုလုပ်ပေးပါလိမ့်မယ်။ ရလဒ်ကတော့ ကြွက်နို့တစ်ဝိုက်အရေကြည်အိတ်လေးဖြစ်ပေါ်လာပြီး ဆဲလ်အသေတွေရက်သတ္တပတ်အနည်းငယ်အတွင်း ကွာကျသွားပါလိမ့်မယ်။ ဗိုင်းရပ်စ်ပိုးကိုတိုက်ထုတ်ဖို့အတွက် သင့်ကိုယ်ခံအားကိုလှုံ့ဆော်ပေးခြင်းဖြ်င့်လည်း အကူအညီပေးပါတယ်။ salicylic acidနဲ့ပေါင်းပြီးကုသမှုပေးခြင်းဖြင့်လည်း ကုသမှုအောင်မြင်နိုင်ချေရာနှုန်းကို မြင့်စေပါတယ်။ salicylic acidသုံးခြင်း ဆရာဝန်ဆေးစာမပါဘဲ အလွတ်ဝယ်နိုင်တဲ့ပစ္စည်းတွေနဲ့လည်း ကြွက်နို့ကိုဖယ်ရှားနိုင်ပါတယ်။ သင့်အခြေအနေနဲ့သင့်တော်မယ့် အရည်သို့ကပ်ခွာ ဖြစ်နိုင်ပါတယ်။ ကြွက်နို့နေရာကိုပထမဦးစွာ သန့်စင်ပေးပြီး မိနစ်၂၀လောက်ရေစိမ်နူးထားရမှာ ဖြစ်ပါတယ်။ အရေးကြီးလိုအပ်တဲ့ဓါတုပစ္စည်းတွေ သင့်အရေပြားထဲဝင်ရေက်နိုင်ပြီး ထိထိရောက်ရောက်အကျိုးပေးနိုင်ဖို့ ရေမြုပ်ကျောက်သို့လက်သည်းတိုက်တံစဉ်းကို သုံးပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ထို့နောက်မှာ salicylic acidဆေးရည်သို့ ကပ်ခွာကို […]


ကူးစက်နိုင်သော အရေပြားရောဂါများ

Dyshidrosis (နှင်းခူစို)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dyshidrosis (နှင်းခူစို) ကဘာလဲ။ နှင်းခူစိုသည်လက်ဖဝါး ခြေဖဝါးများပေါ်တွင်အရည်ကြည်ဖုလေးများပေါက်သော အရေပြားရောင်ရမ်းမှုဖြစ်စဉ် တမျိုးဖြစ်ပါသည်။ ထိုအရည်ကြည်ဖုလေးများသည် ၁-၂ မီလီမီတာရှိပြီး ၃ပတ်အကြာတွင် အနာကျက်သွားပါသည်။ အနာကျက်ပြီးနောက်နီရဲနေခြင်းမျိုးမရှိသော်လည်း ပြန်ဖြစ်နိုင်ချေရှိပါသည်။ မကြာခဏ ပြန်ဖြစ်သောအခါ အရေပြားအက်ကွဲကြောင်းများဖြစ်ခြင်း၊ ထူပြင်းလာခြင်းတို့ဖြစ်နိုင်ပါသည်။ Dyshidrosis (နှင်းခူစို) က ဘယ်လောက်အဖြစ်များသလဲ နှင်းခူစိုသည် လက်အရေပြားရောင်ရမ်းသော ရောဂါများတွင် တတိယအဖြစ်များဆုံးရောဂါဖြစ်ပြီး အမျိုးသမီးများသည် အမျိုးသားများထက် ၂ဆပို အဖြစ်များကြောင်းတွေ့ရသည်။ နှင်းခူစိုဖြစ်သော သူတဝက်ခန့်သည် အရေပြားဓါတ်မတည့်ခြင်းကြောင့် ယားယံခြင်းများနှင့် တွဲလေ့ရှိကြောင်းလည်းတွေ့ရသည်။၎င်းသည်လည်း အတွေ့ရများသော နှင်းခူမျိုးပင်ဖြစ်ပါသည်။ သို့သော်နှင်းခူသည် ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လက္ခဏာများDyshidrosis (နှင်းခူစို) ရဲ့လက္ခဏာတွေကဘာတွေလဲ အချို့သော အရည်ကြည်ဖုများကို အောက်ပါအတိုင်းတွေ့ရသည်။ ၃မီလီမီတာထက်သေးသော အဖုများ သည်လက်ချောင်းခြေချောင်းများ၏ ထိပ်၊ ဘေး နှင့် လက်ဖဝါး၊ ခြေဖဝါးများတွင်တွေ့ရသည်။ အရည်နောက်ပြီး အရေပြားထဲနက်သော အဖုများ သည်အသားနှင့် တပြေးတည်း သိုကမဟုတ် အနည်းငယ်သာကြွတက်နေခြင်းကြောင့် အလွယ်တကူပေါက်သွားခြင်းမျိုးမရှိပေ။ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ငါးမျက်စိနှင့် အသားမာကုသရန် နည်းလမ်း ၆သွယ်

ငါးမျက်စိနဲ့ အသားမာတွေဟာ သိပ်မဆိုးရွားတဲ့ ပြသနာတွေမို့ သင့်အနေနဲ့ သက်တောင့်သက်သာ မဖြစ်မှု၊ နာကျင်မှုတွေဖြစ်လာမှသာ ကုသမှု ခံယူနိုင်ပါတယ်။ ဘယ်လိုနည်းတွေ သုံးနိုင်လဲသိထားရင် အထောက်အကူဖြစ်ပါတယ်။ ငါးမျက်စိနဲ့ အသားမာများကို နူးညံ့စွာဖယ်ထုတ်ပါ ငါးမျက်စိနဲ့ အသားမာများကို သင်ကိုယ်တိုင် ရိုးရှင်းတဲ့ ပစ္စည်းတွေသုံးပြီး ဖယ်ထုတ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာဝန်ပြနိုင်ရင် ပိုကောင်းပါတယ်။ ဆရာဝန်ပြတဲ့အခါ သင့်ကို ရောဂါပိုးဝင်နိုင်ခြေ နည်းစေပါတယ်။ သိပ်မထူတဲ့ ငါးမျက်စိနဲ့ အသားမာများကို ရေနွေးနွေးနဲ့ ၁၀ မိနစ်ခန့် စိမ်ထားပေးပါ။ ပြီးရင် ချေးတွန်းကျောက်နဲ့ ပွတ်တိုက်ပေးပါ။ ပတ်ချာလည်ဖြစ်ဖြစ်၊ ဘေးတိုက်ဖြစ်ဖြစ် နူးညံ့စွာ တိုက်ပေးပါ။ အရေပြားတွေ အများကြီး ပါမသွားအောင် သတိပြုပါ။ သွေးထွက်ပြီး ရောဂါပိုးဝင်နိုင်လို့ ဖြစ်ပါတယ်။ ဆေးဖတ်များသုံးပါ ဆေးဆိုင်တွေမှာ ဆေးဖတ်တွေ ဝယ်နိုင်ပါတယ်။ မုန့်လက်ကောက်ပုံစံရှိတဲ့ ဆေးဖတ်တွေဖြစ်ပြီး အရေပြားပြန်ကောင်းလာအောင် အကာအကွယ်ပေးပါတယ်။ အရေပြားနဲ့ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ငါးမျက်စိနဲ့ အသားမာအကြောင်း အခြေခံအချက်အလက်များ

ငါးမျက်စိနဲ့ အသားမာများကို ကြုံဖူးကြားဖူးကြပါလိမ့်မယ်။ မကြားဖူးလည်းကိစ္စမရှိပါဘူး။ ဒီစာကိုဆက်ပြီးဖတ်ကြည့်ရင် အခြေခံအကြောင်းအရာတွေ သိရပါလိမ့်မယ်။ ငါးမျက်စိနဲ့ အသားမာများမဖြစ်အောင် ဘယ်လိုရှောင်ကျဉ်ရမလဲသိလာနိုင်ပါတယ်။ ငါးမျက်စိနဲ့ အသားမာဆိုတာဘာတွေလဲ ငါးမျက်စိနဲ့ အသားမာတွေဟာ အရေပြားမှာ ထူထဲခြောက်သွေ့ပြီး မာကျောလာခြင်းပဲ ဖြစ်ပါတယ်။ သူတို့ဟာအရေပြားကိုတခုခုနဲ့ ဆက်တိုက်ဖိမိပွတ်တိုက်မှုများလာတာကြောင့် ကာကွယ်ရအောင် ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတဲ့ အရေပြားဟာပုံမှန်အရေပြားထက် အာရုံခံစားမှုနည်းပါးပါတယ်။ အသားမာဟာ ငါးမျက်စိထက် ပိုကြီးပြီးတိကျတဲ့ပု့စံမရှိပါဘူး။ ငါးမျက်စိနဲ့ အသားမာတွေကို လက်ဖဝါး၊ ခြေဖဝါး၊ လက်ချောင်းနဲ့ခြေချောင်းလေးတွေမှာတွေ့နိုင်ပါတယ်။ အသားမာများကိုတော့ ပစ္စည်းအချို့ကို ကိုင်တွယ်တာများလာတဲ့အခါ (ဥပမာ- ထွန်ခြစ်၊ ကြက်တောင်ရိုက်တဲ့ ဘက်တံ၊ ဆိုင်ကယ်လက်ကိုင်) ဖြစ်တတ်ပါတယ်။ မတော်တဲ့ဖိနပ်တွေစီးရင်၊ လမ်းလျှောက်တာပုံမမှန်ရင်၊ ခြေပြားခြင်းအရိုးအတက်ထွက်ခြင်းစတဲ့ပြသနာတွေရှိရင် ငါးမျက်စိနဲ့ အသားမာများဟာ ခြေဖဝါးမှာလည်း ဖြစ်လာတတ်ပါတယ်။ ငါးမျက်စိနဲ့ အသားမာများဟာဗိုင်းရပ်စ်၊ ဘက်တီးရီးယားများကြောင့် မဖြစ်ပွားတတ်ပါဘူး။ ဆိုးရွားပြင်းထန်မှုလည်းမရှိပါဘူး။ အတွေ့များတဲ့ လက္ခဏာတွေကဘာတွေလဲ ယောဘုယျအားဖြင့် • ဖြစ်ပွားတဲ့ အရေပြားဟာထူထဲကြမ်းတမ်း၊ ခြောက်သွေ့မာကြောလာတတ်ပါတယ်။ • […]


ကူးစက်နိုင်သော အရေပြားရောဂါများ

အရည်ကြည်ဖု၊ ငါးမျက်စိ၊ အသားမာ

အရည်ကြည်ဖု၊ ငါးမျက်စိနဲ့ အသားမာများဟာအရေပြားနဲ့ မျက်နှာပြင်တခုခုပွတ်တိုက်မိနေတဲ့အခါ ဖြစ်ပေါ်လာပါတယ်။ ဒီအခြေအနေတွေကို ကြုံဖူးပါသလား။ သူတို့ဟာဘယ်လိုအရာတွေဖြစ်တယ် ဘယ်လိုပျောက်ကင်းအောင် လုပ်မယ်ဆိုတာစဉ်းစားဖူးပါသလား။ စဉ်းစားဖူးရင်တော့ ဒီစာကိုဆက်ပြီးဖတ်ကြည့်ပါ။ သူတို့ဟာဘာလဲ အရည်ကြည်ဖု အရည်ကြည်ဖုတခုဟာအရည်ကြည်လေးတွေပါတဲ့ အိတ်လေးတခုပုံစံနဲ့ အရေပြားပေါ်မှာပေါ်နေတတ်ပါတယ်။ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ ဥပမာသင်ဟာခြေအိတ်မပါဘဲ ရှူးဖိနပ်စီးမယ်ဆိုရင် ဖိနပ်နဲ့ သင့်ခြေဖဝါးဟာ ဆက်တိုက် ပွတ်တိုက်မှု ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သစ်ရွက်များကိုထွန်ခြစ်နဲ့ဆွဲတဲ့အခါ လက်အိတ်မဝတ်ထားရင် ထွန်ခြစ်လက်ကိုင်နဲ့ လက်နဲ့ ပွတ်တိုက်မှုဟာဆက်တိုက်ပဲပွတ်တိုက်လာနိုင်ပါတယ်။ အသားမာ အသားမာဆိုတာကတော့ လက်ဖဝါးနဲ့ ခြေဖဝါးမှာ အရေပြားထူထဲလာခြင်း ဖြစ်ပါတယ်။ အချိန်ကြာမြင့်စွာပွတ်တိုက်မှုရှိလာရင် ဖြစ်ပွားနိုင်ပါတယ်။ အရေပြားဟာထူလာပြီးမျက်နှာပြင်မှာ အဖုဖြစ်လာနိုင်ပါတယ်။ အသားမာဟာ လက်ဖဝါးနဲ့ ခြေဖဝါးကို ကာကွယ်ဖို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါပေမယ့် ခြေဖဝါးမှာဖြစ်တဲ့ အသားမာဟာ ကိုယ်အလေးချိန်ကို ထမ်းထားရတာကြောင့် နာကျင်လာတတ်ပါတယ်။ ငါးမျက်စိ ငါးမျက်စိဟာ အသားမာနဲ့ ဆင်တူပါတယ်။ သူဟာခြေချောင်းများအနီး အရိုးအောက်ခံရှိတဲ့နေရာ၊ ဒါမှမဟုတ် ခြေချောင်းများ ကြားထဲမှာ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

ဘက်တီးရီးယားပိုးကြောင့်ဖြစ်သော ကူးစက်မြန်အရေပြားရောဂါ (impetigo)

Impetigo ဟာ လွန်စွာကူးစက်နိုင်ပြီး ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ Impetigo နှစ်မျိုးရှိပါတယ်။ Impetigo Contagiosa သူ့ကို non-bullous impetigo လို့ ခေါ်ပါတယ်။ ဒီအမျိုးအစားဟာ အတွေ့အများဆုံးဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ ဒီ Impetigo ဟာ ပါးစပ်နဲ့ နှာခေါင်းတစ်ဝိုက်မှာ နီးမြန်းတဲ့အနာတွေ ဖြစ်ပွားစေပါတယ်။ အရည်ကြည်ဖုတွေ ပေါက်သွားတဲ့အခါ အကွက်တွေ ဖြစ်လာတာဖြစ်ပါတယ်။ အကွက်တွေဟာ အနီရောင်ရှိပြီး အရည်စိမ့်ထွက်တတ်ပါတယ်။ သင့်မှာ ရောင်ရမ်းနေတဲ့ ပြန်ရည်ကျိတ်ရှိနိုင်ပြီး ထိုအကျိတ်ဟာ ပဲစေ့ပုံသဏ္ဍာန်ရှိပြီး ရောဂါပိုးကို တိုက်ထုတ်ပေးနိုင်တဲ့ ဂလင်းဖြစ်ပါတယ်။ Bullous Impetigo အသက်နှစ်နှစ်အောက် ကလေးတွေမှာ ဒီအမျိုးအစားကို အတွေ့များပါတယ်။ လက္ခဏာတွေကတော့ ရင်ဘတ်ပိုင်း၊ လက်နဲ့ ခြေထောက်တွေမှာတွေ့ရတဲ့ အရည်ကြည်ဖုတွေဖြစ်ပါတယ်။ ဒီအရည်ကြည်ဖုတွေဟာ အစပိုင်းမှာ အကြည်ရောင် ရှိပြီး နောက်ပိုင်းမှာ နောက်လာပြီး ပတ်ပတ်လည်မှာ အနီရောင်သန်းလာပါလိမ့်မယ်။ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

သင့်ဆီမှာပွေးရှိနေသလား ဘယ်လိုသိနိုင်မလဲ

ပွေး ဟာ အဖြစ်များတဲ့ အရေပြားရောဂါပိုးတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ အလွန်ကူးစက်လွယ်ပြီး အနီရောင် အကွက်တွေ စက်ဝိုင်းပုံစံ ဖြစ်တာမျိုး ဖြစ်ပါတယ်။ ဒီအနီရောင်အကွက်ဟာ အကြေးခွံပုံစံမျိုးလည်း ရှိတတ်ပါတယ်။ တခါတရံမှာ ဒီအကွက်တွေဟာ ဦးရေပြားမှာ ဆံပင်ကျွတ်ခြင်း၊ ယားယံခြင်းနဲ့ အရည်ကြည်ဖုတွေကို ဖြစ်စေပါတယ်။ ပွေးဟာ လူတွေမှာရော တိရိစ္ဆာန်တွေမှာပါ ဖြစ်တတ်ပါတယ်။ တိရိစ္ဆာန်ကနေ လူတွေကို ပွေးကူးစက်ခံရမှုတွေ ပါရှိပါတယ်။ ကလေးငယ်တွေမှာ အဖြစ်များပေမယ့် အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ပွေးတွေဟာ သံကောင်တွေကြောင့် ဖြစ်တာမဟုတ်ပဲ tinea လို့ ဆေးပညာအရ အသိများတဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တဲ့ အရေပြား ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ မှိုတွေဟာ အလွန်သေးတယ်တဲ့ အကောင်တွေဖြစ်ပြီး ကိုယ်ခန္ဓါ အရေပြား၊ ဆံပင်၊ လက်သည်းခြေသည်းတွေရဲ့ ဆဲလ်အသေတွေထဲမှာ နေထိုင်ကြပြီး သစ်ပင်အခေါက်မှာ ပေါက်ပွားတဲ့ မှိုတွေနဲ့ […]


ကူးစက်နိုင်သော အရေပြားရောဂါများ

နှင်းခူပေါက်နေစဉ် ရှောင်ကြဉ်သင့်သော အစားအစာများ

နှင်းခူနာဆိုတာဘာလဲ။ နှင်းခူနာဟာ အရေပြားကို နီရဲပြီး ယားယံစေတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ အဖြစ်များပြီး အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ သူဟာ နာတာရှည်ဖြစ်ပြီး အချိန်ပိုင်းအလိုက်ပြန်ဖြစ်လိုက် သက်သာသွားလိုက် ဖြစ်တတ်ပါတယ်။ ဒီရောဂါဟာ ပန်းနာရင်ကျပ် (သို့) ဓါတ်မတည့်ရောဂါ တို့နဲ့ တွဲဖြစ်တတ်ပါတယ်။ နှင်းခူနာကို ကုသရင် ဘယ်အစားအစာတွေကို ရှောင်ကြဉ်သင့်သလဲ။ နှင်းခူနာဟာ တစ်ခါတရံမှာ အစားအသောက်နဲ့ မတည့်တာကြောင့် ဖြစ်တတ်ပါတယ်။ အထူးသဖြင့် အသက်တစ်နှစ်မပြည့်မီမှာ အဖြစ်များပါတယ်။ နှင်းခူနာဖြစ်တဲ့ ကလေးတွေမှာ လုပ်ထားတဲ့ လေ့လာမှုအချို့က ဒီကလေးတွေရဲ့ သုံးပုံပုံ တစ်ပုံကနေ နှစ်ပုံအထိဟာ အစားအသောက်နဲ့ မတည့်တာ ဖြစ်ပါတယ်။ ဒါဟာ အစားအသောက်ဓါတ်မတည့်ခြင်းက နှင်းခူနာ ဖြစ်စေတယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် အစားအသောက် ရပ်လိုက်ခြင်းဟာ နှင်းခူနာကို မကုသပေးနိုင်ပါဘူး။ ဒါပေမယ့် ကလေးတွေမှာ ဖြစ်နေတဲ့ လက္ခဏာတွေကိုတော့ သက်သာစေနိုင်ပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း