အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ

Deep throat ဆိုတာ သာမန်အတိုင်း ပါးစပ်နဲ့ လိင်ဆက်ဆံတာထက် ပိုပါတယ်။ အမျိုးသားလိင်အင်္ဂါကို မျိုချပြီး ဆက်ဆံတာပဲ ဖြစ်ပါတယ်။ ပါးစပ်ဆက်ဆံတာက တချို့သော လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ဒီလိုပဲ Deep throatကလည်း ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှု ရှိနေတာပါ။ Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လိုဆက်စပ်နေသလဲ။ Deep throat လုပ်တဲ့အခါ လည်ချောင်းထဲထိ မျိုချရတာကြောင့် အာခေါင်နောက်က လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ မြှင့်တက်လာနိုင်ပါတယ်။ Deep throatကြောင့် လည်ချောင်းဖြစ်စေတဲ့ တရားခံက HPV ဗိုင်းရပ်စ်လို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဒီဗိုင်းရပ်စ်က သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိထားပြီးသား ဖြစ်မှာပါ။ ရောဂါပိုး ရှိနေတဲ့ လိင်တံနဲ့ […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှု

လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့အနိုင်ကျင့်ခံရမှုဟာ လူတစ်ယောက်ရဲ့ဘဝကို အရမ်းကိုဆိုးရွားတဲ့ သက်ရောက်မှုပေးနိုင်တာကြောင့် တားဆီးကာကွယ် ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။     လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် အကူအညီတောင်းခံရန် တရားခံလက်က ထွက်ပြေးပြီး ရဲစခန်း အရေးပေါ်ဖုန်းကိုခေါ်ဆိုအကူအညီတောင်းပါ။ သင့်ခန္ဓါကိုယ်ပေါ်မှာ တရားခံဆီကကျန်ရစ်ခဲ့ တဲ့ သက်သေအထောက်အထားတွေကို ကာကွယ်ပါ။ ဒါမှ ရဲစခန်းမှာအမှုဖွင့်တဲ့အခါ တရားမျှတမှုတောင်းဆိုရာမှာပိုလွယ်ကူစေမှာပါ။ အတိအကျပြောရရင် စစ်ဆေးမှုမခံယူ ရခင် ခေါင်းမဖြီးပါနဲ့၊သင့်ခန္ဓါကိုယ် ဘယ်အစိတ်အပိုင်းကိုမှ သန့်ရှင်းရေးမလုပ်ပါ နဲ့၊ အဝတ်တွေမလဲပစ်ပါနဲ့။ အခင်းဖြစ်ရာ နေရာကို မထိပါနဲ့၊ လက်ရာခြေရာမပျက် ပါစေနဲ့ဦး။ တော်တော်လေးနေရခက်မယ်ဆိုရင်တောင်မှ အနီးဆုံးအရေးပေါ်ခန်းကို တန်းသွားပါ။ တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းနိုင်ဖို့ သုက်ရည်၊တံထွေး၊ဆံပင်၊နဲ့ အဝတ်အစားချည်စ၊ စတဲ့ သင့်ခန္ဓါကိုယ်ပေါ် တရားခံဆီကနေ ကျန်ရစ်ခဲ့တဲ့ သက်သေအထောက်အထား တွေကို ဆရာဝန်တွေက စုဆောင်း စစ်ဆေး ပေးပါလိမ့်မယ်။ သင်ကိုယ်တိုင်တောင်မသိတဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့နှောင့်ယှက်မှု

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့အနိုင်ကျင့်မှုတို့ဟာ တားဆီးကာကွယ်ကြရမယ့် ပြစ်မှုကြီးတစ်ခုဖြစ် ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အောက်ပါဆောင်းပါးက အကြံဉာဏ်အချက်အလက်တွေ ဖော်ပြပေးထားပါ တယ်။ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုနဲ့နှောင့်ယှက်မှုတွေက ဘာလဲ အနိုင်ကျင့်မှုတခြားအမျိုးအစားတွေမှာလိုပဲ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ တခြားသူတစ်ဦး တစ်ယောက်ကို ရန်စ၊စော်ကား၊ ထိခိုက်စေဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ရည်ရွယ်တဲ့ အာရုံစိုက်မှု၊ မှတ်ချက်ပြောဆိုမှု၊ အမူအရာနဲ့ လုပ်ရပ်တွေ ပါဝင်ပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုမှာ လိင်အမျိုးအစား တစ်ခုတည်းကိုပဲ အန္တရာယ်ရှိတာမဟုတ်ပါဘူး။ ယောကျာ်းလေးအချင်းချင်း၊ မိန်းကလေးအချင်းချင်း၊ ယောကျာ်းလေးတွေက မိန်းကလေးတွေကို၊ မိန်းကလေး တွေက ယောက်ျားလေးတွေကို ကာယိန္ဒြေပျက် အောင် ကျူးလွန်နိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ် အကန့်အသတ်မရှိ ပါဘူး။ ဆိုရရင် အရွယ်ရောက်ပြီးသူတွေက ငယ်သူတွေကို နှောင့်ယှက်လာနိုင်ပြီး ငယ်သူတွေက လည်း အသက်ပိုကြီးသူကိုနှောင့်ယှက်လာနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတို့က မလိုလားတဲ့ အာရုံစိုက်ခံရမှု၊ မှတ်ချက်စကားတွေ၊ လုပ်ရပ်တွေ၊ ခြေလက်အမူအရာတွေနဲ့ အသားချင်းထိတွေ့မှုတွေ ပါဝင်တာချင်းတူတာကြောင့် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ သွေးသားရင်းချင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်း နဲ့ကိုယ်ဝန်ဖျက်ချမှု ပြဿနာ

မုဒိမ်းကျင့်ခံရတာကြောင့်ရတဲ့ ဒါမှမဟုတ် သွေးသားချင်းရတဲ့ ကိုယ်ဝန်မျိုးကို ဖျက်ချတာ အကောင်းဆုံးလို့ လူအများအပြားက ယူဆကြပါတယ်(လိင်အကြမ်းဖက်ခံရတာနဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခံရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ သူတွေတောင်အပါအဝင်ပေါ့)။ ဒါပေမယ့် သုတေသနပြု လေ့လာချက်တွေအရ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာကြောင့် ကိုယ်ဝန်ရှိလာတဲ့ အမျိုးသမီး အများစုဟာ ကိုယ်ဝန်ကို မဖျက်ချချင်ဖူးလို့ ဆိုပါတယ်။ ဒီလို ကိုယ်ဝန်ကို ဖျက်ချတာဟာ သူတို့ရဲ့ စိတ်ဒါဏ်ရာကို ပိုလို့တောင်ဆိုးလာစေတယ်လို့ ပြောကြပါတယ်။   ငြင်းကြခုန်ကြတဲ့ ဘက်နှစ်ဘက်လုံးက သဘောတူကြတာကတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကနေ ရလာတဲ့ ကိုယ်ဝန်ကို ဖျက်ချဖို့ လိုကောင်းလိုမှာဖြစ်ပြီး ဒီလို ဖျက်ချလိုက်တာဟာ သူတို့ကို အိပ်မက်ဆိုးကြီးထဲက(ဝါ) အရိပ်မည်းကြီးထဲက ရုန်းထွက်နိုင်အောင် အထောက်အကူပေးတယ်ဆိုတဲ့ ယေဘုယျ ကောက်ချက်ကိုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ မိခင်နဲ့ကလေးကို လုံလောက်တဲ့ ကျန်းမာရေး၊လူမှုရေး စောင့်ရှောက်မှုပေးနိုင်ဖို့ဆိုတာ တကယ်ကိုပဲ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

စအို နဲ့ လိင်ဆက်ဆံခြင်း

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ၉၀% သော အမျိုးသား အချင်းချင်း လိင်ဆက်ဆံတဲ့ အမျိုးသားတွေနဲ့ ၅% ကနေ ၁၀% သော လိင်ဆက်ဆံတဲ့ အမျိုးသမီးတွေဟာ စအိုအဝအတွင်း ထိုးသွင်းဆက်ဆံခံရမှုကို နှစ်သက်ကြပါတယ်။ ဒီလို စအို နဲ့ လိင်ဆက်ဆံခြင်း က များစွာသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ စအို နဲ့ လိင်ဆက်ဆံခြင်း စအို နဲ့ လိင်ဆက်ဆံခြင်းလို့ အလွယ်ခေါ်ကြတဲ့ လိင်ဆက်ဆံခြင်းဟာ လိင်တံကို စအိုအတွင်းကို ထိုးသွင်းတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူကို ဆိုလိုပါတယ်။ စအိုဟာ အာရုံခံနိုင်စွမ်းမြင့်မားတဲ့ အာရုံကြောတွေနဲ့ ပြည့်နှက်နေတာကြောင့် စအိုနဲ့လိင်ဆက်ဆံတဲ့သူတွေဟာ ကျန်းမာရေး ပြဿနာတွေကိုလည်း ရင်ဆိုင်တတ်ကြရပါတယ်။ ထိုးသွင်းခံရသူအတွက် စအိုဟာ လိင်လှုံ့ဆော်မှုကို တုန့်ပြန်တဲ့ ရမ္မက်ကြွလွယ်တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။ သူဟာ လိင်တံ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အကာအကွယ်မဲ့ ဆက်ဆံပြီး လုပ်ရမည့်အရာ ၃ခု

တကယ်လို့ သားဆက်ခြားနည်းတခုခု သောက်ဖို့ မေ့ရလောက်အောင် စိတ်ဆန္ဒတွေ ပြင်းထန်သွားသလား၊ ဒါမှမဟုတ် နည်းတခုခုကို မှားယွင်းစွာ အသုံးပြုမိလိုက်သလား။ စိတ်မပူပါနဲ့။ ဒီအဆင့်(၃)ခုကို လုပ်ဆောင်လိုက်လို့ ရပါတယ်။ အကာအကွယ်မဲ့ ဆက်ဆံမှုပြုမိလိုက်ပြီဆိုရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရသွားမှာ၊ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားမှာကတော့ စိတ်အပူကြဆုံးပါပဲ။ လိင်ဆက်ဆံတော့မယ်ဆိုရင် အကာအကွယ်ယူထားသင့်တာတော့ မှန်ပေမယ့် ကွန်ဒုံးပေါက်ပြဲသွားတာ၊ နေ့စဉ်သောက်ဆေးကဒ်ကို သောက်ဖို့ မေ့သွားတာ၊ ကြိုတင်မပြင်ဆင်ထားဘဲ အတူနေမိလိုက်တာ၊ လုံးဝကို မေ့လျော့သွားတာ စတဲ့ အကြောင်းရင်းတွေကြောင့် အကာအကွယ်မဲ့ ဆက်ဆံမိတာမျိုးတွေ ရှိနိုင်ပါတယ်။ အဲဒါတွေကြောင့်ပဲ ရောဂါတွေ ကူးစက်ခံရတာ၊ မလိုချင်ဘဲ ကိုယ်ဝန်ရတာတွေ ရှိလာပါတယ်။ အဲဒီလိုမဖြစ်အောင် ဒါတွေ လုပ်လို့ ရပါတယ်။   (၁) ပုံမမှန်တာတွေကို သတိထားကြည့်ပါ လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ရောဂါရှိမှန်းမသိခင်ကတည်းက လက္ခဏာတွေ ရှိနေတတ်ပါတယ်။ တကယ်လို့ ခုပြောမယ့် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ချောဆီ နှင့် ပတ်သတ်ပြီး သိထားသင့်သော အချက်၆ချက်

ချောဆီ ဆိုတာ လိင်ဆံဆက်ဆံခြင်းကို သက်သောင့်သက်သာနဲ့ ချောမွတ်နေအောင် လုပ်ပေးတဲ့ အရာပါ။ အထူးသဖြင့် လိင်ဆက်ဆံချင်စိတ် ဖြစ်လာပေမယ့်လည်း မအင်္ဂါ မစိုစွတ်နိုင်တဲ့ သူတွေအတွက်ပေါ့။ ဒါ့အပြင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ကွန်ဒုံးသုံးတဲ့အခါမှာလည်း ချောဆီက လွယ်လွယ်ကူကူနဲ့ ဆက်ဆံနိုင်စေပြီး ခံစားမှုအပြည့် ရနိုင်အောင် ကူညီပေးမှာပါ။ ချောဆီတွေက ဘယ်လို အလုပ်လုပ်တာလဲ။ ချောဆီတွေမှာ ဂျယ်ပုံစံနဲ့ အရည်ပုံစံ ဆိုပြီး ရှိပါတယ်။ ချောဆီကို လိင်မဆက်ဆံမီ မိန်းမအင်္ဂါအတွင်းအပြင်နဲ့ လိင်တံတို့ မှာ သုတ်လိမ်းကြပါတယ်။ ပြီးနောက်မှာ အရေပြားက စုပ်ယူသွားပါတယ်။ ရေအခြေခံ၊ အဆီအခြေခံနဲ့ ဆီလီကွန်အခြေခံဆိုပြီး ချောဆီသုံးမျိုးရှိပါတယ်။ ရေအခြေခံ၊ ဆီလီကွန်အခြေခံကတော့ အခြေအနေ တော်တော်များများအတွက် အသုံးတည့်ပြီး အဆီအခြေခံကတော့ ကွန်ဒုံးနဲ့တွဲသုံးမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ ချောဆီ နဲ့ ဆင်တူတဲ့ အခြားအရာတွေကော […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းစော်ကားခံရပြီးတဲ့နောက် သင့်ကိုယ်သင်အပြစ်တင်မိခြင်းက ကျော်လွှားနိုင်မယ့် နည်းလမ်း ၅သွယ်

လိင်ပိုင်းစော်ကားခံရပြီးတဲ့နောက် သင့်အနေနဲ့ ဒီအဖြစ်အပေါ် မကောင်းမြင်စိတ်တွေပေါ်ပေါက်လာပြီး စိတ်ထဲမှာလည်း မကောင်းခံစားရပြီးကိုယ့်ကိုယ်ကို လည်းအပြစ်တင်နေတတ်ပါတယ်။ ဒီခံစားချက်တွေက သင့်ဘဝကိုထိခိုက်နိုင်ပြီး ဘယ်လိုကျော်လွှားရမလဲသိပါသလား?အခြားသူတွေကသင့်ကိုကူညီပေးနိုင်ပေမယ့် သင့်ကိုယ်သင် ကူညီမှာကအရင်ပါ။ သင်တစ်ယောက်တည်းမဟုတ်ဘူးလို့ သတိရပေးပါ။ သင့်ကို နားလည်ပေးနိုင်တဲ့အခြားအမျိုးသမီးတွေလည်းရှိပါသေးတယ်။ (၁) သင့်ခံစားချက်ကို နားလည်ပါစေ တစ်ချို့လူအသိုင်းအဝိုင်းဟာ ကျူ းလွန်ခံရသူကို ဒီမတရားမှုအတွက် အပြစ်ဖို့ကြပါတယ်။ သူတို့ယုံကြည်တာကတော့ ဒီလိုဖြစ်ရတာဟာ သင့်အဝတ်အစားကြောင့်, သင့်အပြုအမူကြောင့် , ဒါမှမဟုတ် သင်က အရက်ဆိုင်တွေ ဘားတွေသွားတာကြောင့်လိုပြောကြပါလိမ့်မယ်။ ဒါဟာ အပြစ်ရှိသလိုခံစားရပြီး ကိုယ်ကိုယ်ကိုလည်း အပြစ်တင်တတ်ပါတယ်။ သင့်ကိုယ်သင်ကာကွယ်ဖို့ ဒီကိစ္စမဖြစ်အောင်တားဖို့ သင်တစ်ခုခုလုပ်ခဲ့သင့်တယ်လို့တွေးသလို မလုပ်ခဲ့တာကို နောင်တရသလိုဖြစ်တတ်ပါတယ် ။ တကယ်လို့သင့်မှာ အနာတရတွေရှိမယ်ဆိုရင်တောင် သင်စိတ်သက်သာရာရပါဦးမယ်။ ဘာလို့လဲဆိုတော့ သင်ဟာ မတရားပြုကျင့်ခံရသူဆိုတာ သက်သေပြနေလို့ဖြစ်ပါတယ်။ ဒါတောင်မှ သင့်မိသားစုကို အရှက်ကွဲအောင်လုပ်ထားမိသလိုဖြစ်နေတဲ့အတွက် သင်အပြစ်ရှိသလိုခံစားနေရပါမယ်။   (၂) သင့်ကိုယ်သင် အကောင်းတွေပဲပြောပေးပါ ဘာပဲဖြစ်ဖြစ် မုဒိန်းကောင်သာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မုဒိန်းမှုမှဖြစ်သည့် ရုပ်ပိုင်း စိတ်ပိုင်း သက်ရောက်မှုများ

မုဒိန်းမှု (rape case)ဟာ များပြားတဲ့ ရုပ်ပိုင်း စိတ်ပိုင်း သက်ရောက်မှတွေဖြစ်စေတဲ့အတွက်ရာဇဝတ်မှုမြောက်ပါတယ်။ ဒီကိစ္စက လူတစ်ယောက်ဘဝကို ဘယ်လိုထိခိုက်စေလဲဆိုတာ ကြည့်လိုက်ရအောင်။ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုများ မုဒိန်းမှုတွေမှာ သားကောင်ဖြစ်ရသူတွေဟာ ကျူးလွန်သူ တွေရဲ့ လိင်ပိုင်းအနိုင်ကျင့်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနိုင်ပါတယ်။ အနိုင်အထက် ပြုခံရသူဟာ ဆေးကုသမှုတွေလည်း လိုအပ်ပါလိမ့်မယ်။ ဒီလိုဟာတွေဟာ အများအားဖြင့် ဘယ်ချိန်မှာ တွ့ရသလဲဆိုရင် : - သားကောင်ဖြစ်ရသူဟာ နာကျင်နိင်လောက်တဲ့ ထိုးသွင်းမှုတွေခံရနိုင်ပြီး ဒီလိုနာကျင်မှုကို ဖြစ်နေဆဲသာမက ဖြစ်ပြီးချိန်မှာပါ ခံစားရပါတယ်။ - သားကောင်ဖြစ်ရသူဟာ ဆီးလမ်းကြောင်း ပိုးဝင်မှုတွေရှိပါတယ်။ - ပြီးတော့ ကိုယ်ဝန်လည်း ရသွားနိုင်ပြီး အများစုကဒီအဖြစ်ဆိုးကို သတိရစေတဲ့ကလေးဖြစ်သူကို မလိုချင်ကြပါဘူး။ - လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ ဥပမာ HIV, ဆီးပူညောင်းကျ, chlamydia , အသည်းရောင် ဘီပိုး စတာတွေကူးနိုင်ပါသေးတယ်။ - အပြုခံရသူဟာ လမ်းမလျောက်နိုင်တာ အရိုးကျိုးတာတွေ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကနေ ဘယ်လိုကာကွယ်မလဲ

လူမျိုးဘာသာမရွေး၊အသက်အရွယ်မရွေး၊ကျားမ မရွေး လူတိုင်းလူတိုင်းဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုရဲ့ သားကောင်တွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဆိုးရွားလှတဲ့ အဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရလေအောင် ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ကြမလဲ။ ဒီဆောင်းပါးက သင့်ကို အဖြေတခုခုပေးနိုင်မှာပါ။   (၁) ပတ်ဝန်းကျင်ကို သတိမူပါ။ သင်လမ်းလျှောက်သွားတဲ့အခါ ipod လေးနားထောင်သွားမယ်၊နားကြပ်လေးနားထဲထိုးပြီး သင်ကြိုက်တဲ့ EDM သီချင်းတွေနားထောင်သွားမယ်၊မိုးရေထဲလမ်းလျှောက်ရင်း ဟိုတွေးဒီတွေး တွေးမယ်၊မနက်စောစော ထပြေးမယ် ဒါမှမဟုတ် ကားတွေပိတ်နေလို့ စိတ်ညစ်နေမယ် အစရှိသဖြင့် ဒီအခြေအနေတွေဟာ အင်မတန်မှကို ပုံမှန်လှတဲ့၊လူတိုင်းနေ့စဉ်ကြုံတွေ့နေကျ အခြေအနေတွေပါ။ သင်ကြိုက်တဲ့ သီချင်းလေးတွေနားထောင်တာ ဒါမှမဟုတ် တောင်တောင်အီအီ တွေးနေတာဟာ အချိန်ဖြုန်းဖို့ ဒါမှမဟုတ် လမ်းလျှောက်ရင်း အပျင်းပြေစေဖို့ အကောင်းဆုံး အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို လုပ်ရင်းလုပ်ရင်းနဲ့ ပတ်ဝန်းကျင်ကို သတိမထားမိတတ်တော့တာမျိုး၊ဘေးဘီကို အကဲမခတ်မိတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါဆိုရင် လိင်ပိုင်းဆိုင်ရာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေကို အမျိုးသမီးတွေမှာ ဘယ်လိုကာကွယ်မလဲ

လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေဟာ အရမ်းအန္တရာယ်ကြီးပြီး သူ့နာမည်အတိုင်းပဲ လိင်ဆက်ဆံရာကတစ်ဆင့် တစ်ဦးက နောက်တစ်ဦးဆီ ကူးသွားနိုင်တယ်ဆိုတာ ပြောနေစရာတောင်လိုမယ် မထင်ပါဖူး။ ဆိုတော့ ဒီရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပေးပါ။ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။ ကာမပိုင် လင်မယား အချင်းချင်းကလွဲပြီး တခြားသူတွေနဲ့ လိင်ပိုင်းဆိုင်ရာ စပ်ယှက်မှု မရှိအောင် နေထိုင်ရပါမယ်။ ကိုယ့် အိမ်ထောင်ဖက်မှာလည်း လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေမရှိဘူး ပြီးတော့ တစ်လင်တစ်မယားစနစ်ကိုလည်း ကျင့်သုံးမယ်ဆိုရင် ဒီလိုကူးစက်ရောဂါတွေကနေ ကာကွယ်နိုင်ဖို့ စိတ်အချရဆုံးသော နည်းလမ်းဖြစ်မှာပါ။ ဒါပေမယ့် လင်မယား နှစ်ယောက်လုံးမှာ လိင်ကတစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ ရှိမနေဖို့တော့ အရမ်း အရေးကြီးပါတယ်။ ဒါကြောင့် အိမ်ထောင်ဖက်အချင်းချင်း ရောဂါမကူးစက်စေဖို့အတွက် တစ်ဦးနဲ့တစ်ဦးပွင့်ပွင့်လင်းလင်း၊ရိုးရိုးသားသား ပြောဆိုဆွေးနွေးရပါမယ်။ လိင်ဆက်ဆံဖော် အရေအတွက်ကို နည်းနိုင်သမျှနည်း ပါစေ။ တစ်လင်တစ်မယား စနစ်နဲ့ သဘောတရားချင်း အတူတူပါပဲ။ လိင်ဆက်ဆံဖက်များလေလေ လိင်ကတစ်ဆင့်ကူးစက်တဲ့ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း