အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ဆက်ဆံလို့ ရတဲ့ အရွယ်ရောက်ပြီဆိုရင် လိင်ကတဆင့် ရောဂါတွေ ကူးစက်တာ၊ သူများကို ကူးစေတာတွေ ဖြစ်လာနိုင်ပါတယ်။ အန္တရာယ်ကင်းစွာ လိင်ဆက်ဆံပြီး လိင်မှကူးစက်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဒီမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ

Deep throat ဆိုတာ သာမန်အတိုင်း ပါးစပ်နဲ့ လိင်ဆက်ဆံတာထက် ပိုပါတယ်။ အမျိုးသားလိင်အင်္ဂါကို မျိုချပြီး ဆက်ဆံတာပဲ ဖြစ်ပါတယ်။ ပါးစပ်ဆက်ဆံတာက တချို့သော လိင်ကတဆင့် ကူးစက်ရောဂါတွေ ဖြစ်စေနိုင်တယ်ဆိုတာ သိထားပြီးသားပါ။ ဒီလိုပဲ Deep throatကလည်း ဖြစ်နိုင်ပါတယ်။ ပိုဆိုးတာက Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှု ရှိနေတာပါ။ Deep throatနဲ့ ကင်ဆာ ဖြစ်နိုင်ခြေ ဘယ်လိုဆက်စပ်နေသလဲ။ Deep throat လုပ်တဲ့အခါ လည်ချောင်းထဲထိ မျိုချရတာကြောင့် အာခေါင်နောက်က လည်ချောင်းကင်ဆာဖြစ်နိုင်ခြေ မြှင့်တက်လာနိုင်ပါတယ်။ Deep throatကြောင့် လည်ချောင်းဖြစ်စေတဲ့ တရားခံက HPV ဗိုင်းရပ်စ်လို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဒီဗိုင်းရပ်စ်က သားအိမ်ခေါင်းကင်ဆာဖြစ်စေနိုင်တယ်ဆိုတာကိုတော့ သိထားပြီးသား ဖြစ်မှာပါ။ ရောဂါပိုး ရှိနေတဲ့ လိင်တံနဲ့ […]

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ဆယ်ကျော်သက်ကိုယ်ဝန်ရစေသော အကြောင်းရင်းများ

ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းသည် လက်ရှိတစ်ကမ္ဘာလုံးဆိုင်ရာ အရှုပ်ထွေးဆုံး ပြဿနာများထဲမှ တစ်ခုဖြစ်ပြီး မိခင်ရော ကလေးကိုပါ ကြီးမားသော နောက်ဆက်တွဲ ပြဿနာများ သယ်ဆောင်လာပါသည်။ အချို့နိုင်ငံများတွင် အသက် ၁၂ နှစ် မှ ၁၈ နှစ်ကြား ဆယ်ကျော်သက်များသည် သဘောတူကြည်ဖြူလျှင် လိင်ဆက်ဆံခြင်းကို ဥပဒေအရ ခွင့်ပြုထားသော်လည်း မည်သည့်အစိုးရမှ သူတို့ကို ထိုအသက်အရွယ်အတွင်း ကိုယ်ဝန်ဆောင်ဖို့ မထောက်ခံပါ။ သင်၏ တန်ဖိုးရှိလှသော သမီးရတနာကို ထိုသို့ နောင်တရဖွယ် အခြေအနေမှ ကာကွယ်လိုလျှင် သူတို့၏စိတ်ဆန္ဒတွေကို လှုံ့ဆော်ပေးသည့် အကြောင်းရင်းများကို အရင်လေ့လာသင့်သည်။ သို့မှသာ သူတို့ကို ကာကွယ်ပေးဖို့ အသင့်တော်ဆုံးသော အစီအစဉ်ကို ဆွဲနိုင်မည် ဖြစ်သည်။ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း၏ အဖြစ်များဆုံး အကြောင်းရင်းများကို ဤဆောင်းပါးတွင် ဖော်ပြလိုက်ပါသည်။ လမ်းညွှန်သင်ကြားပေးမှုမရှိခြင်း ယဉ်ကျေးမှုအများစုတွင် လိင်ဆက်ဆံခြင်းကို မပြောအပ်၊ မဆိုအပ်သောအရာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းသည် ဆယ်ကျော်သက်များ၏ လိင်မှုကိစ္စများကို မရပ်တန့်စေနိုင်ပါ

ဆယ်ကျော်သက်အရွယ်များတွင် လိင်ဆက်ဆံခြင်းသည် ထိန်းချုပ်ရခက်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ ယင်းတို့မှာ လိင်မှတဆင့် ကူးစက်သောရောဂါများဖြစ်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုကိမှုများဖြစ်လာခြင်းတို့ဖြစ်စေနိုင်ပါသည်။ ထို့ပြင် ဆယ်ကျော်သက်များသည် ကိုယ်ဝန်မရအောင်ကာကွယ်နည်းများကို မသိရှိပါက ကိုယ်ဝန်ရလာမည်ဖြစ်သည်။ ထို့ကြောင့် အချို့သော နိုင်ငံများတွင် အရွယ်ရောက်သော မိန်းမပျိုများသည် အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းများ ပြုလုပ်လေ့ရှိကြသည်။ သို့သော် ထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ထိရောက်မှုရှိပါသလား။ အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းဆိုတာဘာလဲ။ ဆယ်ကျော်သက် မှသည် အရွယ်ရောက်ပြီးသော သူများအနေဖြင့် အိမ်ထောင်ပြုချိန်မှသာလျှင် လိင်ဆက်ဆံခြင်းကို ပြုလုပ်ပါမည်ဟု ကတိပြုခြင်းဖြစ်ပါသည်။ ယင်းဓလေ့သည် အချို့သော မိန်းကလေးအုပ်စုများကြားနှင့် အချို့သော မျိုးနွယ်စုများကြားတွင် ရေပန်းစားသော အလေ့အထဖြစ်ပါသည်။ အိမ်ထောင်မပြုမီအထိ အပျိုရည်မပျက်ရန် ကတိသစ္စာခံယူခြင်းသည် ဘာကြောင့် ထင်ထားသလောက် ထိရောက်မှုမရှိရတာလဲ။ အမေရိကန်ပြည်ရှိလေ့လာသူများ၏ ပြောကြားချက်အရ အဆိုပါ ကတိကဝတ်များသည် ၁၈ လခန့်သာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် သိထားသင့်သည့် အချက်များ

လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဆိုသည်မှာ လူတယောက်ကို ထိုသူ၏ ခွင်ပြုချက် သဘောဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း အပြုအမူများကို ကျူးလွန်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ ယင်းတို့တွက် မုဒိန်းကျင့်ခြင်း၊ မုဒိန်းမှုကျူးလွန်ရန် ကြိုးပမ်းခြင်း၊ ကလေးငယ်များကို ဗလက္ကာရပြုခြင်း နှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများပြုလုပ်ခြင်း တို့ ပါဝင်ပါသည်။ လူတယောက်အနေနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ကာကွယ်ရန် မဖြစ်နိုင်ဟုသင်ထင်နေပါလိမ့်မည်။ သို့သော် သင့်ကိုသင် လျှော့မတွက်ထားပါနှင့်။ သင်သည် မည်သူပင်ဖြစ်စေ၊ မည်သည့်နေရာမှ လာသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်နိုင်ရန် ဖြစ်နိုင်ပါသည်။ အဖြစ်အပျက်များကို ရှာဖွေစုံစမ်းပါ။ သင့်ကိုယ်သင်နှင့် သင်ချစ်ရသောသူများကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကိုကာကွယ်နိုင်ရန်အတွက် ပထမဦးဆုံးလုပ်ရမည်မှာ သင့်ကိုယ်သင် အသိပညာဗဟုသုတများ ကြွယ်ဝအောင် လေ့လာရန်ဖြစ်ပါသည်။ သင်သည် အပြင်လောကတွင် နာရီနှင့် အမျှဖြစ်နေသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ဆိုင်သော အကြောင်းအရာများကို ဖတ်ရှုသင့်သည်။ ထိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ပြုလုပ်သူများသည် သူစိမ်းများသာ ဖြစ်သည်ဟု သင်မထင်မှတ်လိုက်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု ကြောင့် ဖြစ်နိုင်သော အန္တရာယ်များ

ငယ်ရွယ်စဉ်အချိန်မှာတော့ ဆယ်ကျော်သက်တွေအတွက် အမှန်နဲ့ အမှားကို ခွဲခြားဖို့တွေ သူတို့အပြုအမူတွေရဲ့ ပြင်းထန်မှုတွေကို သတိပြုမိဖို့တွေဆိုတာ ခက်ခဲလှပါတယ်။ ဒါကပဲ ငယ်ရွယ်စဉ်အချိန်မှာ လိင်ဆက်ဆံမှု က ဘာကြောင့် ငြင်းဆန်ရခက်ခဲလဲဆိုတာရဲ့ အဖြေလည်းဖြစ်နိုင်သလို အန္တရာယ်အလွန်များတဲ့ ကိစ္စတစ်ခုလည်းဖြစ်နိုင်ပါတယ်။ မရင့်ကျက်သေးတဲ့အရွယ်မှာ လိင်ဆက်ဆံခြင်းက ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေအားလုံး လိင်ဆက်ဆံနေကြပြီ။ ကျွန်တော်ရော လုပ်သင့်လား။ လိင်ကိစ္စနဲ့ ပတ်သက်လို့ ပတ်ဝန်းကျင်ရဲ့ဖိအားတွေကို ဂရုစိုက်မနေပါနဲ့။ သင့်ခန္ဓါကိုယ်ကို ဘာလုပ်လိုက်ပါတို့ ဘယ်အချိန်မှာလုပ်ပါတို့ စသဖြင့် ဘယ်သူမှ ပြောပိုင်ခွင့်မရှိပါဘူး။ လိင်ဆက်ဆံတယ်ဆိုတာလည်း အခြားသူတွေနဲ့ ဝင်ဆံ့ဖို့ နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ မိုက်တယ်ဟ ဆိုတဲ့ ခံစားချက်မျိုးရစေမှာမဟုတ်သလို ချက်ချင်းကြီး ရင့်ကျက် အရွယ်ရောက်သွားစေမှာလည်း မဟုတ်တာ သေချာပါတယ။် လူတိုင်းကလုပ်နေတာပဲလို့ ယူဆပြီး သင့်ကိုယ်သင်လည်း ဖိအားတွေပေးမနေပါနဲပ။ သင့်သူငယ်ချင်းတွေကတော့ သူတို့လိင်ဆက်ဆံနေကြပြိဆိုတာ ကြွားကောင်းကြွားနေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ပြုသင့်မပြုသင့်နှင့်ပတ်သက်၍ သိကောင်းစရာများ

ကိုယ်ဝန်ဆောင်ခြင်းဟာ အမျိုးသမီးတွေ တန်ဖိုးထားသင့်တဲ့ အံ့သြဖွယ်အတွေ့အကြုံဖြစ်ပါတယ်။ ဒါပေမယ့် စုံတွဲများ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု ကို ရှောင်ရှားဖို့ အကြောင်းရင်းဖြစ်လာသင့်ပါသလား? အချို့အချို့သောအခြေအနေများမှာ မိခင်နှင့်သူမ၏ကလေးနှစ်ဦးစလုံး၏လုံခြုံရေးအတွက် လိင်ဆက်ဆံမှု အကြိမ်ရေများနှင့်လိင်ပိုင်းဆိုင်ရာလှုပ်ရှားမှုကိုယ်ဟန်အနေအထားတွေကို ပြုပြင်ဖို့လိုသော်လည်း, ကိုယ်ဝန်ဆောင်စဉ်အတွင်း လိင်ကိစ္စကို လုံးဝ တားမြစ်ထားခြင်းမရှိပါဘူး လိင်ဆက်ဆံခြင်းက ကိုယ်ဝန်ပျက်ကျစေပါသလား? အများစုသော ကျန်းမာတဲ့ ပုံမှန်ကိုယ်ဝန်များမှာ လိင်ပိုင်းဆိုင်ရာကိစ္စတွေက အန္တရာယ် မရှိပါဘူး။ အော်ဂဇင်ခေါ် စိတ်ကျေနပ်မှု ရနေစဉ်အတွင်း, သင့်ရဲ့သားအိမ်က တစ်နာရီလောက်ထိ အားကောင်းစွာ ကျုံ့နေတယ်ဆိုတာ မှန်ပါတယ်။ အထွတ်အထိပ် ရောက်ချိန်ကလည်း သိသိသာသာပြင်းထန်နိုင်ပါတယ်။ ကံကောင်းတာက ဤကျုံ့ညှစ်ခြင်းက သင့်ရဲ့ကလေးကို မထိခိုက်နိုင် ပါဘူး။ သင့်ကိုယ်ဝန်ရဲ့ နောက်ဆုံးသုံးလပတ်မှာမဟုတ်လျှင် orgasm က လမစေ့ပဲ ကလေးမွေးစေတာမျိုး မဖြစ်ပေါ်ပါဘူး။ ထို့ပြင်များစွာသောသိပ္ပံပညာရှင်တွေကအမေတွေအတွက် လမစေ့ဘဲမွေးဖွားမှု အန္တရာယ်များကို ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံမှု က လျှော့ချနိုင်ပေးတယ်ဆိုတာ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ကိစ္စကပေးစွမ်းနိုင်သော အံ့အားသင့်စရာ ကျန်းမာရေးအကျိုးကျေးဇူး ၁၀ ချက်

လိင်ဆက်ဆံခြင်းက ပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေဆိုတာ အိပ်ယာထဲမှာပဲ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ လိင်ဆက်ဆံခြင်းဟာ ခံစားလို့ကောင်းရုံသာ မဟုတ်ဘဲ သင်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးရှိနိုင်ပါတယ်။ ဒီနေရာမှာ “နိုင် ” ဆိုတဲ့စကားလုံးလေးကို ကျွန်တော် သုံးသွားတာ သတိထားပေးပါ။ “ နိုင်” ဆိုတဲ့ စကားလုံးကိုသုံးရတာတော့ တန်ဆေးလွန်ဘေးဆိုတဲ့သဘောကို သတိမထားမိဘဲ လုပ်ဆောင်နေမိမှာစိုးရိမ်လို့ပါ။ အခု ဒီစာလေးထဲမှာတော့ Hello Sayarwon ကိုဖတ်ရှုအားပေးနေကြတဲ့ ကျန်းမာရေးချစ်မြတ်နိုးသူ စာဖတ်သူများအတွက် သင့်တင့်မျှတတဲ့ လိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးကျေးဇူးသက်ရောက်နိုင်လဲဆိုတာဖော်ပြလိုက်ပါတယ်။   ၁။ သင့်ရဲ့ ကိုယ်ခံအားစနစ်ကို အမြဲတမ်း တက်ကြွနေစေနိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာပုံမှန်ဖြစ်နေတဲ့သူတွေဟာ သိပ်မဖျားကြပါဘူး။ ” လို့ လိင်ကျန်းမာရေးဆိုင်ရာ PHD ဆရာဝန်ဖြစ်သူ ယိုန်ကေဖူလ်ဘရိုက် (Yvonne K. Fulbright) က ဆိုပါတယ်။ လိင်မှုကိစ္စတွေပုံမှန်လုပ်ဖြစ်နေသူတစ်ယောက်ဟာ ရောဂါပိုးမွှားနဲ့ ဗိုင်းရပ်စ်တွေကို […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ   အဓမ္မပြုကျင့်မှုဆိုတာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း (Sexual assault) ပုံစံတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး၊ ကျားမမရွေး ကြုံတွေ့ရနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ မိန်းမကိုယ် သို့မဟုတ် စအိုထဲကို လိင်အင်္ဂါ၊ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု (ဥပမာ လက်ချောင်း)၊ ပြင်ပပစ္စည်းတခုခု အလိုမတူဘဲ ထိုးသွင်းခြင်းကို အဓမ္မပြုကျင့်မှုမြောက်တယ်လို့ သတ်မှတ်ပါတယ်။ အသက်ငယ်ရွယ်တဲ့ ကလေးတွေဆိုရင်တော့ အလိုတူခြင်း၊ မတူခြင်းကို စဉ်းစားစရာ မလိုဘဲ ထိုးသွင်းမှုရှိတယ်ဆိုတာနဲ့ အဓမ္မပြုကျင့်မှုအဖြစ် သတ်မှတ်လို့ရပါတယ်။ အရင်ကတော့ အဲဒီလိုအဓမ္မကျင့်ခံရသူတစ်ယောက်ကို Victim နစ်နာခံစားရသူုလို့ ပြောခဲ့ကြပါတယ်။ ခုတော့ အဲဒီအသုံးအနှုန်းအစား Survivor ရှင်သန်ကျန်ရစ်သူလို့ သုံးပါတယ်။ သဘောကတော့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရတာတောင် ရှင်သန်နိုးထနိုင်သူအဖြစ် စိတ်ခွန်အားပေးချင်တာကြောင့် ဖြစ်ပါတယ်။ အဲဒီလို ရှင်သန်ကျန်ရစ်သူတစ်ယောက်မှာ ရှိနေနိုင်တဲ့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ တရားဥပဒေနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အဓမ္မပြုကျင့်ခံရပြီးရင် ကိုယ်ဝန်ရမသွားအောင် ဘယ်လိုလုပ်မလဲ

"အဓမ္မပြုကျင့်ခံရပြီးရင် ကိုယ်ဝန်ရမသွားအောင် ဘယ်လိုလုပ်မလဲ" အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ (Prevention) နဲ့၊ ဖြစ်လာခဲ့ရင် တုန့်ပြန်ဆောင်ရွက်ဖို့ (Response) ဆိုတဲ့ အပိုင်း၂ပိုင်းရှိပါတယ်၊၊ ကာကွယ်ဖို့ဟာ လတ်တလောအနေအထားအရ ခက်ခဲနေသေးတဲ့အချိန်မှာ ဖြစ်လာခဲ့ရင် ကိုယ်ဝန်ရတာလို၊ ရောဂါပိုးတွေကူးစက်တာလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင်တော့ တုံ့ပြန်ဆောင်ရွက်လို့ ရနိုင်ပါတယ်၊၊   အဓမ္မပြုကျင့်ခံရသူတစ်ယောက်မှာ ဘာလိုအပ်ချက်တွေ ရှိနေသလဲ စဉ်းစားကြည့်ရအောင်။ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အားပေးကူညီမှုများ၊ တရားဥပဒေအကာအကွယ်နဲ့ လုံခြုံရေးလိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်၊၊ ဒါတွေကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းက မဆောင်ရွက်နိုင်ပါဘူး၊၊ အားလုံးပူးပေါင်းဆောင်ရွက်မှ ရမှာပါ၊၊ ဒီထဲကမှ အရေးကြီးဆုံးလည်းဖြစ်၊ ဘယ်သူ့အကူအညီမှလည်း မလိုတဲ့အပြင် အင်မတန်မှလည်း အကျိုးများနိုင်တာတစ်ခုကို ပြောပါမယ်၊၊ အဲဒါကတော့ “အရေးပေါ်ကိုယ်ဝန်တားဆေး” သောက်ဖို့ပါပဲ၊၊ အဲဒီဆေးကတ်မှာ ဆေး၂လုံးပါပါတယ်၊ ၂လုံးစလုံးကို တစ်ပြိုင်နက်တည်း သောက်ရမှာဖြစ်ပြီး ၂နာရီအတွင်း အန်ထွက်ခဲ့ရင် ထပ်သောက်ဖို့ လိုပါမယ်၊၊ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

နာကျင်မှုကို သာယာကြသူများ (Sadomasochism)

"Fifty Shades of Grey" ဆိုတာ သိကြမယ်ထင်ပါတယ်။ စာရေးဆရာမ E.L.James ရဲ့ အလွန်ရောင်းအားကောင်းတဲ့ စာအုပ်ဖြစ်ခဲ့ပြီး Fifty Shades of Grey, Fifty Shades Darker နဲ့ Fifty Shades Freed ဆိုပြီး စာအုပ် ၃ အုပ်ရှိပါတယ်။ ရုပ်ရှင်ဇာတ်ကားအဖြစ်လည်းပြန်လည်အသက်သွင်းထားပြီး မကြာခင်မှာနောက်ဆုံး ၃ ကားမြောက်ဖြစ်တဲ့ Fifty Shades Freedတောင် ထွက်လာတော့မှာဖြစ်ပါတယ်။ ဒီစာအုပ်ဖတ်ရင်ပဲဖြစ်ဖြစ် ရုပ်ရှင်ကြည့်ရင်ပဲဖြစ်ဖြစ် ပရိသတ်တွေ ခံစားရမှာတွေကတော့ "လွှမ်းမိုးမှု နဲ့ နာကျင်မှုကို သာယာတဲ့ လိင်ဆက်ဆံခြင်း" ဆိုတဲ့ မျက်စိကို အဝတ်နဲ့အုပ်ပြီး ခုတင်တိုင်တွေမှာ လက်တွေကို ကြိုးတုပ်တာတွေ၊ ကြာပွတ်နဲ့ ရိုက်တာ၊ ကိုယ်ပေါ်ကို ဖယောင်းစက်တွေ ချတာအပြင် တခြားပိုမိုပြင်းထန်တာတွေလည်း […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

လိင်ပညာပေးခြင်းကို ဘယ်အချိန်မှာလုပ်သင့်လဲ။ ဘာကြောင့်လုပ်သင့်လဲ

မိဘတွေနဲ့ကလေးတွေကြားမှာ လိင်အကြောင်းကို ရိုးရိုးသားသား၊ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောဆိုကြဖို့ဟာ အရမ်းအရေးကြီးပါတယ် ။ သင့်ရဲ့ကလေးဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့အတူလူပျို ၊ အပျို ဝင်တဲ့အချိန်မှာ လိင်အကြောင်းတွေကို ပွင့်ပွင့်လင်းလင်းပြောဖို့ပိုပြီး အရေးကြီးပါတယ် ။ သင့်ရဲ့ကလေးကို လိင်ပညာပေးအကြောင်းဘာလို့ပြောသင့်သလဲ၊ ဘယ်အချိန်မှာပြောသင့်သလဲဆိုတာတွေကိုအောက်တွင်ဖတ်၍လေ့လာလိုက်ပါ။ လိင်ပညာပေးအကြောင်းကို ကလေးကိုဘယ်အချိန်မှာ စပြောသင့်ပြီလဲ။ လေ့လာမှုတွေအရ မိန်းကလေးနဲ့ယောက်ျားလေးအများစုဟာ အသက် ၈ နှစ်အရွယ်မှာ လူပျို ၊ အပျိုဖော်ဝင်လာကြပါတယ် ။ ဒါဟာသင့်ကလေးရဲ့လိင်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအကြောင်းကို စပြီးပြောဖို့သင့်တော်တဲ့အချိန်ပါပဲ။ မိန်းကလေးတွေအတွက်ကတော့ ရာသီလာတဲ့အကြောင်းတွေကို ကျောင်းသင်ခန်းစာတွေမှာသင်ကြားကြပါတယ် ။ ဒါပေမယ့် သူတို့သင့်ကိုမေးမြန်းလာတဲ့အခါ သို့မဟုတ် သူတို့ဟာသင့်ရဲ့လမ်းညွှန်မှုကို လိုနေပြီလို့ခံစားရတဲ့အခါ သင့်ရဲ့ကိုယ်တိုင်အတွေ့အကြုံတွေကိုအခြေခံသင်ကြားပေးနိုင်ပါတယ် ။ လိင်ပညာပေးခေါင်းစဉ်တွေမှာတော့ ခန္ဓာဗေဒ ၊ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ နဲ့ကိုယ်ဝန်ဆောင်ခြင်းအကြောင်းတို့ ပါဝင်ပါတယ် ။ သင့်ရဲ့ကလေးဟာ ဒီအကြောင်းတွေကို ကျောင်းမှာသင်ယူလာရအခါမှာ နောက်ထပ်မေးစရာမေးခွန်းတွေပေါ်လာတတ်ပါတယ် ။ ဒါကြောင့်သင်ဟာ သူတို့စိတ်ရှုပ်ထွေးနေတာကိုပြောခွင့်ပေးပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း