ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

သားဆက်ခြားခြင်း

ဟော်မုန်းမပါတဲ့ သားဆက်ခြားနည်း များ

အိမ်ထောင်ကျလို့ သားဆက်ခြားနည်း သုံးတော့မယ်ဆိုရင် ခုခေတ်မှာက အမျိုးအစားအစုံ ရှိပါတယ်။ အမျိုးသား သုံးလား။ အမျိုးသမီးသုံးလား။ သောက်ဆေးလား၊ ထိုးဆေးလား၊ သားအိမ်ထဲထည့်မှာလား၊ လက်မောင်းအောက်ထဲ ထည့်မှာလား စသဖြင့် အမျိုးအစား စုံပါတယ်။ သားဆက်ခြားနည်းက နှစ်ယောက်လုံးအတွက် ရှိပေမယ့် တကယ်တမ်း အမျိုးသမီးတွေကပဲ သုံးတာများပါတယ်။ သူတို့သုံးတဲ့ထဲမှာ အများစုက ဟော်မုန်းနဲ့ သားဆက်ခြားတဲ့ နည်းက ပိုများပါတယ်။ ဒါပေမယ့် တချို့သော အမျိုးသမီးတွေက ဟော်မုန်းပါတာတွေကို သိပ်မကြိုက်ကြပါဘူး။ ရာသီပုံမှန်မလာလို့၊ ဝလာလို့၊ အသားအရည်တွေ ညစ်လာလို့ စတဲ့ အကြောင်းပြချက် မျိုးစုံနဲ့ပါ။ တစ်ဆက်တည်းမှာပဲ သူတို့တွေ မေးကြတာက ဟော်မုန်းမပါတဲ့ သားဆက်ခြား နည်းလမ်းတွေ မရှိဘူးလား ဆိုတာပါပဲ။ သိပ်ရှိတာပေါ့။ ဟော်မုန်းမပါဘဲလည်း သားဆက်ခြားလို့ ရတာပေါ့။ ဒါတွေက ဘာနည်းလမ်းတွေလဲ ဆိုတာကို […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား ။ လိင်ဆက်ဆံခြင်းဟာ သင့်ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် လို့ ဒီအချက်တွေကြောင့် ပြောရတာပါ။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေအဖြစ်နည်းမယ်။ ပျော်ရွှင်ကျန်းမာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင် ထားသူတစ်ယောက်ဟာ တစ်နာရီမှာ (၄)မိုင်ကနေ (၆)မိုင်ထိ လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်နေသူတစ်ယောက်နဲ့ ညီမျှပါတယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတာ မျိုး၊ လေဖြတ်တာမျိုးတွေဖြစ်ဖို့ ရာခိုင်နှုန်း နည်းပါးပါတယ်။ လိင်ဆက်ဆံနေစဉ် လှုပ်လှုပ်ရှားရှား ရှိနေမယ့်အတွက် နှလုံးခုန်နှုန်း မြင့်တက်နေမှာပါ။ ဒါဟာနှလုံး ကျန်းမာရေးအတွက် အထူးကောင်း မွန်ပြီး သက်လုံလည်း ကောင်းစေပါတယ်။ ဒါ့အပြင် ကျားဟော်မုန်း (testosterone)နဲ့ မဟော်မုန်း (estrogen)ကိုလည်း ထိန်းညှိပေးနိုင်ပါသေးတယ်။ နာကျင်မှုကို လျော့နည်းသက်သာစေပါတယ်။ သင့်ရဲ့ အိမ်ထောင်ဖက် (သို့) ချစ်သူ (သို့) ပါတနာဟာ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ

သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ ! “ဆရာရေ...ကျွန်တော့် အခြေအနေကတော့ ဆေးကူမှရမယ်ထင်ပါတယ်...ဘယ်လောက်မှတောင်မကြာလိုက်ဘူး...” “ဆရာရေ... ကျွန်တော်က စိတ်လှုပ်ရှားတတ်တယ်...တစ်ခါတလေ တစ်မိနစ်တောင် မကြာလိုက်ဘူး....” အဲ့ဒီလိုမျိုး ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို သံသယဝင်တာတွေနဲ့ပတ်သက်ပြီး ဆွေးနွေး၊ တိုင်ပင်ပေးဖို့ခဏခဏ အကူအညီတောင်းခံရပါတယ်။ ယေဘုယျအားဖြင့်တော့ ကိုယ့်လက်တွဲဖော်နဲ့အတူနေတဲ့အချိန်က တစ်မိနစ်လောက်သာ ကြာတယ်ဆိုရင်တော့ ဒါကို သုက်လွှတ်မြန်ခြင်းလို့ပြောလို့ရပါတယ်။ သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ .......... သုက်လွှတ်မြန်တာ ဘယ်လိုလုပ်ရမလဲ တချို့ကလည်း ရုပ်ရှင်တွေ အမွှမ်းတင်ထားတာတွေ ကြည့်ပါများပြီး နာရီ၀က်လောက်မှ မကြာရင်တော့ ကိုယ့်ကိုကိုယ် သုက်လွှတ်မြန်တဲ့ ရောဂါရှိတယ်လို့ ထင်တတ်ကြပါတယ်။ အကယ်၍ သင့်စွမ်းဆောင်ရည်က ၅ မိနစ်လောက် ဆိုရင်တော့ ပုံမှန်လို့ ပြောလို့ရပါတယ်။ သုက်လွှတ်မြန်တာ က အကြောင်းရင်း များစွာရှိတဲ့ အထဲမှာ ပထမ အကြောင်းအရင်းကတော့ ငယ်ငယ်ကတည်းက လိင်ကိစ္စနဲ့ဆိုင်တဲ့ အတိတ်ဆိုးတွေကြောင့်ပဲ ဖြစ်ပါတယ်။ လိင်မှုကိစ္စ အစ စောစော […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

အရက်သောက်ခြင်းဟာ သင့်လိင်မှုဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲ

အရက်သောက်ခြင်းဟာ သင့်လိင်မှုဘဝအတွက် ကောင်းကျိုးပေးမှာလား။ ဆိုးကျိုးဖြစ်စေသလား။ ဒီမေးခွန်းတွေအတွက် တိတိကျကျအဖြေပေးဖို့ ခက်ပါတယ်။ အကောင်းရော အဆိုးပါ ဒွန်တွဲနေတယ်ဆိုပေမဲ့ သေချာတာကတော့ သက်ရောက်မှုက ရှိကိုရှိနေပါတယ်။ ဒါဆိုရင် ဘယ်လိုသက်ရောက်မှုတွေများ ဖြစ်နေနိုင်မလဲ။ ၁. အရက်ကြောင့် အတားအဆီး‌၊ အဟန့်အတားတွေ လျော့နည်းသွားစေပါတယ်။ အရက်သောက်ခြင်းကြောင့် လိင်ဆက်ဆံလိုစိတ်နိုးကြွလာတာမျိုးမဟုတ်ပါဘူး။ စိတ်ပူပန်မှုတွေ ‌စိုးရိမ်ကြောင့်ကြမှုတွေ လျော့နည်းသွားတဲ့ အခြေအနေဟာ အတူတူနေဖို့ ၊ ကိုယ့်ရဲ့ ပါတနာကို စိတ်ကျေနပ်မှုပေးဖို့ ပိုပြီး အသင့်ဖြစ်နေစေပါတယ်။ ဒါ့အပြင် အချို့အမျိုးသားများဟာ အတူတူနေစဉ် မိမိရဲ့စွမ်းဆောင်ရည်အတွက် စိုးရိမ်ပူပန်မှုရှိတတ်ပါတယ်။ ထိုအခါ အရက် အနည်းငယ်သောက်ပြီး ရဲဆေးတင်ခြင်းအားဖြင့် သူတို့ရဲ့ စိုးရိမ်သောကကို လျော့နည်းသွားစေတဲ့အတွက် လိင်မှုစွမ်းဆောင်ရည်လည်း ပိုကောင်းလာကြတယ်လို့ ဆိုပါတယ်။ ၂. အရက်ဟာ လက်ရှိပစ္စုပ္ပန်ကိုပဲ အာရုံရောက်စေပါတယ်။ အိမ်ထောင်သည်တွေမှာ အတူတူနေတဲ့ အကြိမ်ရေနည်းလာခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ "Stress" ဆိုတဲ့ […]


လိင်မှတဆင့်ကူးစက်သော အခြားရောဂါများ

မျက်လုံးထဲ သုက်ရည် ဝင်သွားတဲ့အခါ

လိင်ကိစ္စနဲ့ ပတ်သက်လာရင် ဒါသည်လည်း တော်တော်များများ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကိစ္စထဲမှာ ပါပါတယ်။ တချို့ယောက်ျားလေးတွေမှာက ထိုးသွင်းဆက်ဆံပြီးသွားရင် မျက်နှာပေါ်ကို သုက်လွှတ်ချင်တဲ့ အာသီသမျိုးတွေ ရှိတတ်ပါတယ်။ ဒီအတိုင်းက ကိစ္စမရှိပေမဲ့ မတော်တဆ မျက်လုံးထဲ သုက်ရည် ဝင်သွားခဲ့ရင်တော့ ခံရသူက မသက်သာဘူးပေါ့။ တချို့ကျတော့လည်း သုက်ရည်က မျက်လုံးထဲ ဝင်သွားလို့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရသွားနိုင်လားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ခုဆောင်းပါးမှာ မျက်လုံးထဲ သုက်ရည်ဝင်ခြင်းနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ မျက်လုံးကို ပွတ်လို့ ရလား။ ကိုယ့်မျက်လုံးထဲ တစ်ခုခု ဝင်သွားပြီဆိုရင် အရင်ဆုံး လုပ်တတ်ကြတာက မျက်လုံးကို လက်နဲ့ ပွတ်လိုက်တာပဲ ဖြစ်မှာပါ။ ဒီအခြေအနေမျိုးမှာတော့ မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဝင်တဲ့ သုက်ရည်ပမာဏက သိပ်မများဘူးဆိုရင် လက်နဲ့ ပွတ်လိုက်တဲ့အခါ အဲ့ဒီ အရည်တွေက […]


HIV နှင့် AIDS ရောဂါ

အိပ်ချ်အိုင်ဗီ ကူးစက်မှု ယုံတမ်းစကားများ

အိပ်ချ်အိုင်ဗီပိုး ကူးစက်တာနဲ့ပတ်သက်ပြီး အမှတ်မှားနေကြတဲ့ ယုံတမ်းစကားတချို့ကို ရှင်းပြပေးချင်ပါတယ်။ ဆေးပညာတိုးတက်မှုကြောင့် အခုချိန်မှာ အိပ်ချ်အိုင်ဗီပိုး ရှိမရှိအချိန်တိုတိုနဲ့ စမ်းသပ်နိုင်နေပြီဖြစ်သလို ရောဂါပိုး ထိန်းချုပ်မှုမှာလည်း အများကြီးတိုးတက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ လုံးဝပျောက်ကင်းအောင်မကုသနိုင်သေးတဲ့ အတွက် ရောဂါကူးစက်မခံရအောင်ကာကွယ်ဖို့အတွက် မှန်ကန်တဲ့အသိရှိဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အခုတစ်ခေါက်တော့ အိပ်ချ်အိုင်ဗီပိုးကူးစက်မှုနဲ့ပတ်သက်တဲ့ ယုံတမ်းစကားတွေကို ဖြေရှင်းပေးချင်ပါတယ်။ ၁ - အိပ်ချ်အိုင်ဗီပိုးရှိသူနဲ့ ထိတွေ့မိလိုက်ရုံနဲ့ရောဂါပိုးကူးစက်သွားတယ် အိပ်ချ်အိုင်ဗီပိုးရှိသူနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက်တာ လိုထိတွေ့မှုတွေလုပ်ရုံနဲ့ ရောဂါမကူးပါဘူး။ ရောဂါပိုး ရှိသူရဲ့ ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေမှာတော့  (သွေး၊ နို့ရည်၊ မစင်ရည်၊ လိင်ဆက်ဆံတဲ့အခါထွက်တဲ့ အရည်များ၊ သုက်ရည်) မှာတော့ အိပ်ချ်အိုင်ဗီပိုးပါဝင်တယ်။ ဒီလိုအရည်တွေက နောက်လူတစ်ယောက်ရဲ့ စအို၊ လိင်အင်္ဂါ၊ ပါးစပ် လိုနေရာတွေနဲ့ ထိတွေ့မိရင်တော့ အိပ်ချ်အိုင်ဗီ ပိုးကူးစက်ခံရနိုင်ပါတယ်။ တံတွေးကနေ အိပ်ချ်အိုင်ဗီပိုးမကူးစက်ပါဘူး။ ၂ - အိပ်ချ်အိုင်ဗီပိုးက ခြင်ကနေတဆင့် […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

ဖုန်းနဲ့ ချစ်တင်းနှောခြင်းရဲ့ အံ့သြဖွယ်အချက်များ

ဖုန်းနဲ့ ချစ်တင်းနှောခြင်းဟာ ယနေ့ခေတ်မှာ အလွန်ခေတ်စားလာတဲ့ အလေ့အထ တစ်ခုပါ။ အထူးသဖြင့် LDRS ဝေးကွာနေတဲ့ ချစ်သူရည်းစားတွေ အသုံးပြုတာများပါတယ်။ ဒါပေမဲ့ Phone Sex (Sex Chat)ခြင်းဟာ ငယ်ရွယ်သေးတဲ့ (အသက်မပြည့်သေးသူ)ဆယ်ကျော်သက် တွေအတွက်တော့ အနှုတ်သဘော ဆောင်တဲ့ဆိုးကျိုးတွေ ရှိလာပါတယ်။ Sex chat ခြင်းကို တလွဲ အသုံးပြုမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ သမီးရည်းစား ဆက်ဆံရေးမှာ ဆိုးရွားတဲ့ အကျိုးသက် ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ Sex chat ခြင်းသာမကပါဘူး၊ လူတွေဟာ မိမိတို့ရဲ့ လိင်စိတ်ဆန္ဒတွေကို ပြည့်ဝစေဖို့ လိင် ကိရိယာ (Sex toy) တွေကိုတောင် အသုံးပြုလာကြပါတယ်။ ဒါဟာ နောက်ဆုံးပေါ် တီထွင်ဆန်းသစ်ခြင်းပါ။ လူငယ်တွေမှာ ခေတ်စားလာတဲ့ ဖုန်းထဲကနေ လိင်ဆက်ဆံခြင်း (Sex Chat)လို့ပြော […]


HIV နှင့် AIDS ရောဂါ

HIVမှာ တွေ့ရတဲ့ opportunistic infectionများ

HIVရှိတဲ့ လူနာတစ်ယောက်မှာ တချို့သော ရောဂါပိုးတွေ၊ ကင်ဆာတွေ ဖြစ်လာခဲ့ရင် ဒါကို  Opportunistic လို့ ခေါ်ပါတယ်။ ဒီပိုးတွေ၊ ကင်ဆာတွေ ရှိနေရင် HIVကနေ AIDS (ခုခံအားကျဆင်းမှု ရောဂါအစုအဝေး)လို့ ပြောင်းခေါ်လို့ရပါပြီ။ CD4လို့ ခေါ်တဲ့ ခုခံအားဆဲလ်တွေ ပမာဏတစ်ခုအောက် ကျဆင်းသွားရင်လည်း AIDS လို့ ပြောလို့ရပါတယ်။ Opportunistic infection ဆိုတာဘာလဲ။ Opportunistic infection ဆိုတာ ခုခံအားကျဆင်းတဲ့ သူတွေမှာ အတွေ့ရများတဲ့ ရောဂါတွေပါ။ ခဏခဏလည်း ဖြစ်တတ်သလို ပြင်းလည်း ပြင်းထန်ပါတယ်။ HIV အစပိုင်းမှာတော့ ဆေးသောက်တာရော၊ ခုခံအားကောင်းနေသေးတဲ့ အတွက်ကြောင့်ရော ဒီရောဂါတွေ ဝင်မလာသေးပါဘူး။ ဒါပေမယ့် တချို့တွေကျတော့ HIV ရှိမှန်းလည်း မသိဘူး၊ ဆေးလည်း မကုကြဘူး၊ ခုခံအားကလည်း မကောင်းဘူးဆိုရင် ရောဂါပိုးတွေ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

နေ့တစ်နေ့တာရဲ့ ဘယ်အချိန်ဟာ အတူတူနေလို့ အကောင်းဆုံးလဲ

ဒီမေးခွန်းကို ဖြေတဲ့နေရာမှာ အမျိုးမျိုး သဘောထားကွဲလွဲနိုင်ခြေရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ ဟိုးအရင်ထဲက ကိုယ့် အကြောင်းပြချက်နဲ့ကိုယ်၊ ကိုယ့်အကြိုက်နဲ့ကိုယ် ငြင်းကြခုန်ကြတာ ယနေ့ထိပါပဲ။ အထူးသဖြင့်တော့ အမျိုးသားထုကြီးနဲ့ အမျိုးသမီးထုကြီးဟာ ဒီနေရာမှာ အကြိုက်က လုံးဝကွဲပြားနေပါတယ်။ ဟုတ်ပါတယ်။ အမျိုးသားတွေရဲ့ အတူတူနေဖို့ စိတ်အပါဆုံးအချိန်ဟာ အိပ်ရာနိုးနိုးချင်း မနက်ပိုင်း ဖြစ်ပြီး အမျိုးသမီးတွေကတော့ အိမ်မှုကိစ္စ အဝဝကို လုပ်ဆောင်ပြီးသွားလို့ နားရတဲ့အချိန်၊ ကလေးတွေကို သိပ်ပြီးချိန်ဖြစ်တဲ့ ညပိုင်းဖြစ်ပါတယ်တဲ့။ ဘာလို့ ဒီလိုမတူကွဲပြားနေရသလဲဆိုတာကတော့ အကြောင်းရင်းတွေ ရှိပါတယ်။ ဒါတွေကို အပြန်အလှန် နားလည်သဘောပေါက်ပြီး အဆင်ပြေအောင် ညှိယူကြမယ်ဆိုရင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ၁. ကျားဟော်မုန်း (testosterone) အမျိုးသားတွေရဲ့ ကျားဟော်မုန်း (testosterone) ဟာ မနက် ၆နာရီနဲ့ ၉နာရီ ကြားမှာ အမြင့်ဆုံးဖြစ်တဲ့ အတွက် ကျားလိင်အင်္ဂါထောင်မတ်ဖို့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်တဲ့ရောဂါများစွာ ရှိပါတယ်။ လူသိများတာကတော့ HIV ပိုး နဲ့ ကာလသားရောဂါပိုးတွေ ကူးနိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အသည်းရောင် အသားဝါ Bပိုး၊ Cပိုး တွေဟာလည်း လိင်ဆက်ဆံရာကတဆင့် ကူးစက်တတ်တာကို မေ့ထားလို့မရပါဘူး။ ရောဂါပိုးတွေရဲ့ သဘာဝ နဲ့ ဗီဇလက္ခဏာ တွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြတဲ့ အလျောက် incubation period လို့ခေါ်တဲ့ ကူးစက်မှုအစပျိုးချိန်တွေဟာလည်း တစ်ခုနဲ့ တစ်ခု မတူညီကြပါ။ ဆိုလိုတာကတော့ သင်စိုးရိမ်လို့ စစ်‌ဆေးချင်ရင်‌တောင် တစ်နေ့တည်း တစ်ချိန်တည်းမှာ စစ်ဆေးကြည့်လို့ အဆင်မပြေနိုင်ပါဘူး။ ဘယ်ရောဂါပိုးတွေ က ဘယ်အချိန်တွေမှာ စစ်ဆေးမှ အဖြေမှန်ပေါ်နိုင်မလဲဆိုတဲ့ အသေးစိတ်ကို အောက်မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။ Bacterial infections (ဘက်တီးရီးယားပိုးမွှားများ)ဖြစ်တဲ့ Chalamydia, Gonorrhoea(ဆီးပူညောင်းကျ), Mycoplasma, Ureplasma […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း