ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်
လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား
လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]































