ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

HIV နှင့် AIDS ရောဂါ

ခုခံအားကျဆင်းမှုရောဂါ ဘဝသံသရာ

၂၀၁၄ ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်း မှတ်တမ်းအရ လူ ၁.၂ သန်းသည် AIDS ရောဂါကြောင့် သေဆုံးနေကြပါသည်။ ခုခံအား ကျဆင်းသော ပိုးမွှား သို့မဟုတ် HIV ရောဂါပိုးမွှားများ သို့မဟုတ် AIDS ရောဂါများ ဖြစ်ပွားစေသော ရောဂါပိုးမွှားများ ဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များဖြင့် ရောဂါပိုးမွှားများ အကြောင်း ရှင်းပြပေးပါမည်။ ထို ရောဂါပိုးမွှားများသည် ကိုယ်ခန္ဓါ၏ ခုခံအားကို ကျဆင်းစေပါသည်။ အဘယ်ကြောင့်ဆိုသော် CD4 ဆဲလ်ပမာဏကို လျော့ကျစေသောကြောင့် ဖြစ်သည်။ HIV ပိုးမွှားသည် CD4 ပမာဏကို သုံး၍ ခန္ဓါကိုယ် အနှံ့အပြားကို ပွားများစေပါသည်။ ထိုဖြစ်စဉ်ကို HIV ဘဝသံသရာဟု ခေါ်ပါသည်။ HIV ဆေးများသည် ထိုကဲ့သို့ သံသရာ အဆင့်ဆင့်တွင် တစ်ဆင့်ချင်း ပိတ်သွားပြီး […]


HIV နှင့် AIDS ရောဂါ

ခုခံအားကျဆင်းမှုရောဂါ ဘယ်လိုကူးစက်လဲ

HIV ရောဂါပိုးသည် ခန္ဓါကိုယ်ရှိ အရည်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ဥပမာ - သွေး၊ သုတ်ရည်၊ သုတ်မလွှတ်ခင် ထွက်သော အရည်၊ စအိုမှ အရည်၊ ယောနိမှ အရည်နှင့် နို့ရည်တို့ ဖြစ်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို အတူတကွ သုံးစွဲခြင်း တို့သည် ရောဂါပိုး ကူးစက်နိုင်သော အခြေအနေများ ဖြစ်ပါသည်။ အောက်ဖော်ပြပါ အချက်များရှိလျှင် ရောဂါပိုး ကူးစက်နိုင်ခြေများပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ (ပုံမှန် အတိုင်းဖြစ်စေ၊ ပါးစပ်နှင့် လိင်ဆက်ဆံသည် ဖြစ်စေ) ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။ ထို့အပြင် လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုပါက သို့မဟုတ် မိမိဆက်ဆံသော အမျိုးသားက တခြားသော အမျိုးသား တစ်ယောက်နှင့် ထပ်၍ လိင်ဆက်ဆံပါက ရောဂါပိုး […]


HIV နှင့် AIDS ရောဂါ

HIV ဆေး၏ နောက်ဆက်တွဲ ဆိုးကျိုးများ

မည်သည့်ဆေးမဆို ဘေးထွက်ဆိုးကျိုး ရှိသည်။ တချို့ဆေးများ၏ ဘေးထွက်ဆိုးကျိုးများမှာ ဆိုးရွားသော်လည်း တချို့မှာ မသိသာပေ။ HIV လူနာများ သောက်ရသော ART ဆေးများသည်လည်း ရေတို ရေရှည် ဘေးထွက်ဆိုးကျိုးများ ခံစားရစေနိုင်ပါသည်။ ART ဆေးများသည် ခန္ဓါကိုယ်တွင် HIV ပိုးများကို နှိမ်နင်းနေချိန်တွင် အောက်ပါ လက္ခဏာများ ရတတ်သည်။ သွေးအားနည်းခြင်း ဝမ်းလျှောခြင်း ခေါင်းမူး၊ ခေါင်းကိုက်ခြင်း နုံးချိခြင်း ပျို့အန်ခြင်း ကိုယ်လက်နာကျဉ်ခြင်း ထုံကျဉ်ခြင်း အနီကွက် အနီစက်များပေါ်ခြင်း အဆီထုထည် ဆုံးရှုံးမှုဖြစ်ခြင်း၊ အဆီစုလာခြင်း သွေးတွင်းအချိုဓါတ် များပြားလာခြင်း အရိုးပွခြင်း သွေးတွင်း lactic အက်စစ် များပြားလာခြင်း နှုတ်ခမ်းတဝိုက်နှင့် လျှာ ယောင်ယမ်းခြင်း အသည်းကို ထိခိုက်စေခြင်း ART ဆေးများသည် ရေရှည်တွင် ဘေးထွက် ဆိုးကျိုးများ ရှိပါသည်။ […]


လိင်အင်္ဂါကြွက်နို့များ

Cervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး)

အသုံးပြုပုံများCervarix (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ကို ဘာအတွက်အသုံးပြုကြသလဲ Cervarix ဆိုတာဘာလဲ Cervarix ဆိုတာ သားအိမ်ခေါင်းကင်ဆြာဖစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်အမျိုးအစားတွေဖြစ်တဲ့HPV 16 နဲ့ HPV 18 တို့ကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်မျိုးဖြစ်ပါတယ်။Cervarix ကာကွယ်ဆေးကို အသက် ၉နှစ်ကနေ ၂၅ နှစ်အတွင်း မိန်းကလေးတွေမှာ ထိုးပေးနိုင်ပါတယ်။ HPV ကူးစက်ခံရတာက အဖြစ်များကြပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံမှုကတဆင့်ကူးစက်နိုင်တဲ့ရောဂါပိုးဖြစ်ပါတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့အမျိုးသမီးတိုင်းမှာ သားအိမ်ခေါင်းကင်ဆာမဖြစ်နိုင်ပါဘူး။ သားအိမ်ခေါင်းကင်ဆြာဖစ်စေနိုင်တဲ့တခြားအကြောင်းရင်းတွေရှိနိုင်ပါသေးတယ်။ Human papillomavirus (HPV) ဗိုင်းရပ်စ်က လိင်အင်္ဂါကြွက်နို့၊သားအိမ်ခေါင်းကင်ဆာ၊ စအိုကင်ဆာ၊အပြင်ယောနိမှာဖြစ်တဲ့ ကင်ဆာရောဂါတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ Cervarix ကို ဘာအတွက်အသုံးပြုကြသလဲ HPV စစ်ဆေးမှု သို့မဟုတ် Pap Test (သားအိမ်ခေါင်းချွဲမြှေးယူစစ်ဆေးမှု) တို့လုပ်ဆောင်ပြီးရောဂါပိုးကူးစက်ခံခြင်းမရှိရင်Cervarix ကို ထိုးနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးက HPVကြောင့်ဖြစ်တဲ့ ကင်ဆာရောဂါတွေကိုမကုသနိုင် သလို HPV […]


ရေယုန်

Herpes Simplex Virus Infection (ရေယုန်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Herpes Simplex Virus Infection (ရေယုန်ရောဂါ) ကဘာလဲ။ ရေယုန်ဗိုင်းရပ်မှာ အမျိုးအစား၂မျိုးရှိပါတယ်။ အမျိုးအစား၁ ( ပါးစပ်တစ်ပိုက်ရေယုန်) နဲ့အမျိုးအစား၂( လိင်အင်္ဂါတစ်ဝိုက်ရေယုန်) တို့ဖြစ်ပါတယ်။ အမျိုးအစား၁က ပါးစပ်နဲ့နှုတ်ခမ်းတစ်ဝိုက် အနာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် လိင်အင်္ဂါတစ်ဝိုက်ရေယုန်ကိုလည်း ဖြစ်စေနိုင်ပေမဲ့ အဓိကအားဖြင့်တော့ အမျိုးအစား၂ကြောင့်ဖြစ်ါပတယ်။ အမျိုးအစား၂က လိင်အင်္ဂါနဲ့စအိုတစ်ဝိုက်ရေယုန်ကို ဖြစ်စေပါတယ်။ အမျိုးအစား၂က အခြားနေရာတွေမှလည်း ဖြစ်နိုင်ပြိး မကြာခဏပေါက်လေ့ရှိတာကတော့ ချက်အောက်မှာဖြစ်ပါတယ်။ Herpes Simplex Virus Infection (ရေယုန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အရ အသက်၅၀အောက်လူ၃.၇သန်း ( ၆၇%) မှာ အမျိုးအစား၁ကူးစက်ခံနေရပြီး အသက်၁၅-၄၉နှစ်လူ၄၁၇သန်း (၁၁%) က အမျိုးအစား၂ကူးစက်ခံနေရကြောင်း သိရပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHerpes Simplex Virus Infection (ရေယုန်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ ပါးစပ်ရေယုန်မှာတော့ လက္ခဏာတိတိကျကျမရျိပါဘူး။ […]


သားဆက်ခြားခြင်း

အလုပ်များတဲ့ အမျိုးသမီးများအတွက် အသင့်တော်ဆုံး သားဆက်ခြားနည်း IUD

ဇနီးမယားဆိုတဲ့ ဂုဏ်ပုဒ်ကို စတင်ခံယူလိုက်တယ်ဆိုရင် အိမ်မှုကိစ္စတွေ၊ လင်သားလိုအပ်ချက်တွေဖြည့်ဆည်းပေးရတာနဲ့ တခြားအမျိုးမျိုးသော အိမ်ထောင်မှုကိစ္စရပ် တွေကို နိုင်နင်းအောင်ဆောင်ရွက်ရတာက မြန်မာအမျိုးသမီးတိုင်းတွေ့ကြုံရတတ်တဲ့ ကိစ္စတစ်ခုပါပဲ။ ယနေ့ခေတ်မှာဆိုရင် အမျိုးသမီးတွေက အိမ်ထောင်မှုလုပ်ငန်းတွေ၊ မိခင်တာဝန်တွေကိုသာမက တစ်ဖက်တစ်လမ်းကနေ ဝင်ငွေတိုးအောင်ဆောင်ရွက်လာ တာကြောင့် အားလပ်ချိန်နည်းလာကြပါတယ်။ ဒီကြားထဲ ကလေးယူဖို့ အဆင်သင့်မဖြစ်သေး တာကြောင့် အလုပ်များတဲ့အမျိုးသမီးတွေအတွက် အချိန်ကုန်သက်သာပြီး လွယ်ကူတဲ့ သန္ဓေတားနည်းတွေကို စဉ်းစားရှာဖွေရတာကလည်း အလုပ်တစ်လုပ်ပါ။ဆေးထိုး၊ ဆေးသောက်လိုမျိုး သန္ဓေတားနည်းတွေက မေ့လျော့သွားမယ်ဆိုရင် ကလေးရသွားနိုင်တာကြောင့် အလုပ်များတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေအတွက် အသင့်တော်ဆုံး သန္ဓေတားနည်းတစ်ခုကို ညွှန်းပေးချင်ပါတယ်။ အဲဒါကတော့ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ကြေးနီ IUD ပါ။ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း ကြေးနီ IUD ဆိုတာ ဘာလဲ ။ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်းကြေးနီ IUD သားအိမ်ရဲ့ ၄ ပုံ ၁ပုံ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လိင်ကိစ္စနဲ့ပတ်သက်လို့ သင်သိထားသင့်တဲ့အချက် ၁၄ ချက်

လိင်မှုကိစ္စဆိုတာ လူရယ်လို့ဖြစ်လာရင် အရွယ်ရောက်လာသူတိုင်း သိထားသင့်တဲ့သဘာဝတစ်ခုပါ။ ဒါ့ကြောင့် လူ့ဘဝမှာ အရေးပါတဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ လိင်မှုရေးရာကိစ္စတွေကို လိင်ပညာပေးအဖြစ်နဲ့လေ့လာသိရှိထားဖို့ ရှက်ရွံ့နေစရာမလိုပါဘူး။ လိင်ကိစ္စနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို သိနားလည်ထားခြင်းက ကောင်းမွန်တဲ့ ဗဟုသုတကို ပိုင်ဆိုင်ထားခြင်းသာဖြစ်ပါတယ်။ လိင်မှုကိစ္စမှာဗဟုသုတရှိမထားတဲ့ မိန်းကလေးတွေဟာ မတော်တဆကိုယ်ဝန်ရသွားတာလိုမျိုး လိင်ကိစ္စကြောင့်မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ ကြုံရတတ်တဲ့ အတွက် ပိုပြီး သိထားသင့်ပါတယ်။ လိင်ဆက်ဆံမှုနဲ့ လိင်ကျန်းမာရေးအကြောင်းအရာတွေကို သိထားမှ ကိုယ့်ဘဝအတွက်ဆုံးဖြတ်ချက်မှန်ကန်ပြီး ပိုအဆင်ပြေ၊ပိုဘေးကင်းတဲ့ လိင်မှုဘဝကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်လို့ အရွယ်ရောက်ပြီးသူတိုင်း အတွက် အရေးကြီးပါတယ်။ လူတိုင်းသိထားသင့်တဲ့ လိင်မှုရေးရာအချက် ၁၄ ချက်ကိုဖော်ပြလိုက်ပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေကတော့ ၁ ။ လိင်ဆက်ဆံမှုမှာ နှစ်ဦးနှစ်ဘက် စိတ်ပျော်ရွှင်မှုတူညီတယ် ယောက်ျားတွေက မိန်းမတွေထက် လိင်ကိစ္စမှာပိုစိတ်ပါတယ်ဆိုတဲ့ယူဆချက်ကို သိပ္ပံနည်းကျအထောက်အထားရှိမနေပါဘူး။ လူ့အဖွဲ့အစည်းရဲ့စောင့်ထိန်းရမယ့်ဓလေ့ထုံးစံတွေနဲ့ ပုံသေအတွေးအခေါ်တွေကြောင့်ပဲ မိန်းကလေးတွေဟာ သဘာဝအရလိင်ကိစ္စမှာသာယာပျော်ရွှင်တဲ့ စိတ်ခံစားချက်တွေကိုရှက်ရွံ့စိတ်နဲ့ဖုံးကွယ်ထားကြပုံပါပဲ။ ဒါပေမယ့် မိန်းကလေးတွေဟာယောကျာ်းလေးတွေလောက် လိင်ကိစ္စကိုစိတ်မပါဘူးဆိုတာကတော့ မှားပါတယ်။ ၂။ ပထမဆုံးအကြိမ် အတူနေရုံနဲ့ ကိုယ်ဝန်ရနိုင်ပါတယ် မိန်းကလေးတစ်ယောက်က […]


သားဆက်ခြားခြင်း

သန္ဓေတားဆေးရဲ့တခြားကျန်းမာရေးအကျိုးကျေးဇူးများ

သန္ဓေတားဆေးတွေက ကိုယ်ဝန်မရအောင်တားပေးနိုင်တယ်လို့ သိထားကြပြီးဖြစ်ပါတယ်။ ထိုးဆေးနဲ့သောက်ဆေးရှိကြတဲ့အထဲမှာသောက်ဆေးတွေက တခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေနိုင်သေးတယ်ဆိုတာ သင်သိရဲ့လား။ သန္ဓေတားခြင်းထက် ကုသရေးလိုမျိုး တခြားအကြောင်းရင်းတွေအတွက်လည်း သန္ဓေတားဆေးတွေကို အသုံးပြုကြပါတယ်။ ဒါဆို စိတ်ချလုံခြုံရတဲ့လိင်ဆက်ဆံမှုအတွက် အပြင် သန္ဓေတားဆေးကို ဘာလို့သောက်ကြတာလဲ။ အဓိကအားဖြင့် အက်စထရိုဂျင်နဲ့ ပရိုတက်စတင်ဟော်မုန်းတွေပါဝင်တဲ့ နှစ်မျိုးစပ်သောက်ဆေးနဲ့ ဟော်မုန်းတစ်မျိုးတည်းပါတဲ့ ပရိုဂျက်စတင်သီးသန့်သောက်ဆေး ဆိုပြီးသန္ဓေတားဆေးအမျိုးအစားနှစ်မျိုးရှိပါတယ်။ သန္ဓေတားဆေးတွေက အမျိုးသမီးရဲ့သားဥအိမ်ကနေ မမျိုးဥထွက်မလာအောင် တားဆီးပေးတာဖြစ်ပြီး သားအိမ်နံရံကအကျိအချွဲတွေကို ထူစေတဲ့နည်းနဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ပေးပါတယ်။ ဓမ္မတာလာချိန်နာကျင်ကိုက်ခဲမှုသက်သာစေဖို့ ဆရာဝန်ဆေးညွှန်းပေးတာရှိသလို ရာသီသွေးပေါ်ချိန်မှန်စေဖို့လည်းသုံးကြပါတယ်။ တားဆေးမှာ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေလို့ပါ။ပေါင်းစပ်သန္ဓေတားဆေးနဲ့ ပရိုဂျက်စတင်သန္ဓေတားဆေးနှစ်မျိုးလုံးက ရာသီလာစဉ်နာကျင်ကိုက်ခဲမှုတွေကိုလျော့ပါးစေပြီးသွေးဆင်းများခြင်းကို ထိန်းပေးနိုင်သလို သားအိမ်ပြင်ပသန္ဓေတည်ခြင်း(ectopic pregnancy)ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ ဒါ့အပြင် - ဝက်ခြံ အရိုးပါးခြင်း ရင်သားနဲ့သားအိမ်အတွင်းအကျိတ်ဖြစ်ခြင်း မျိုးဥအိမ်ကင်ဆာ သားအိမ်၊သားဥပြွန်၊မျိုးဥအိမ်တို့မှာပြင်းထန်တဲ့ရောဂါပိုးဝင်ခြင်း သံဓါတ်အားနည်းခြင်း(သွေးအားနည်းခြင်း) PMS ( ရာသီမလာခင် ခံစားရတဲ့လက္ခဏာများ) ကို ကာကွယ်တားဆီးပေးပါတယ်။   သန္ဓေတားဆေးတွေက ဘယ်လိုရောဂါအခြေအနေတွေအတွက် အကျိုးအာနိသင်ရှိသလဲ သန္ဓေတားဆေးတွေကိုရောဂါအခြေအနေအတော်များများကိုကုသရာမှာအသုံးပြုကြပါတယ် - (၁) Polycystic […]


သားဆက်ခြားခြင်း

အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

အဆင်သင့်မဖြစ်သေးခင်မှာ ကိုယ်ဝန်မရရှိစေဖို့အတွက် သန္ဓေတားနည်းအမျိုးမျိုးကို အသုံးပြုပြီး သန္ဓေတားလို့ရပါတယ်။ သန္ဓေတားခြင်းက မိသားစုစီမံကိန်းချခြင်းနဲ့ မိသားစုတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာအဆင်ပြေနေဖို့အတွက် အထူးအရေးကြီးပါတယ်။ သန္ဓေတားနည်းတွေမှာ ကွန်ဒုံး၊IUD၊သန္ဓေတားဆေးတွေ၊ ရက်တွက်နည်း၊ အမျိုးသား သားကြောဖြတ်ခြင်း နဲ့ အမျိုးသမီးသားကြောဖြတ်တဲ့ နည်းလမ်းတွေအပါအဝင် နည်းလမ်းအမျိုးမျိုးကိုသုံးပြီး သန္ဓေတားလို့ရပါတယ်။ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိတဲ့ သန္ဓေတားနည်းပေါင်းများစွာရှိတဲ့အတွက် ကိုယ့်လိုအပ်ချက်တွေနဲ့ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ပိုလွယ်ကူရိုးရှင်းရသလဲဆိုတာရဲ့ အဓိကအဖြေပါပဲ။ အမျိုးသမီးတိုင်းဟာနေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံချင်းမတူညီကြတာကြောင့် တစ်ဦးနဲ့တစ်ဦး သင့်တော်တဲ့သားဆက်ခြားနည်းချင်းလည်းကွဲပြားနိုင်ပါတယ်။အောက်ဖော်ပြပါတွေကတော့ သင်သိထားသင့်တဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တဲ့ ထင်ရှားတဲ့ သန္ဓေတားနည်းအမျိုးအစားတွေဖြစ်ပါတယ်။ ဒါတွေကိုသိထားခြင်းဖြင့် သင့်အတွက် ရွေးချယ်ရပိုလွယ်ကူမှာပါ။ ဘယ်တစ်ခုက ကိုယ့်အတွက် အသင့်တော်ဆုံးလဲဆိုတာကို ဒီထက်ပိုပြီးသိနိုင်ဖို့အတွက်ကတော့ ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်တာ အကောင်းဆုံးဖြစ်မှာပါ။ ကွန်ဒုံး Latex ဒါမှမဟုတ် […]


သားဆက်ခြားခြင်း

အရေးပေါ်သန္ဓေတားနည်းနဲ့ပတ်သက်ပြီး သိထားသင့်သည့်အချက်များ

အရေးပေါ်သန္ဓေတားနည်းဆိုတာဘာလဲ အရေးပေါ်သန္ဓေတားနည်းဆိုတာ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ရမသွားစေဖို့ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို ၅ ရက်အတွင်းအသုံးပြုလို့ရတယ်လို့ အကြံပြုထားပေမယ့် လိင်ဆက်ဆံပြီးမြန်မြန်အသုံးပြုနိုင်လေ ထိရောက်လေဖြစ်ပါတယ်။ ဘယ်သူတွေအသုံးပြုနိုင်သလဲ၊ ဘယ်လိုအခြေအနေမျိုးမှာသုံးကြသလဲ ပျမ်းမျှအားဖြင့် အသက် ၁၅ နှစ်အရွယ်ကနေ ၄၄ နှစ်အတွင်းအမျိုးသမီးတွေ ကိုယ်ဝန်မရအောင်တားလိုတဲ့အခါ သုံးကြပါတယ်။ အရေးပေါ်သားဆက်ခြားနည်းကိုအသုံးပြုဖို့ အသက်ကန့်သတ်ချက်မရှိပါဘူး။ အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် - သန္ဓေတားဆေးမသုံးထားခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊ ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊ သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊ သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion) ရက်တွက် သန္ဓေတားနည်းမှာ ရက်အတွက်မှားခြင်း၊ သားအိမ်တွင်းထည့်ပစ္စည်း (IUD)သို့မဟုတ် အရေပြားအောက် ထည့်သွင်းရတဲ့သန္ဓေတားပစ္စည်း ကိုထုတ်လိုက်ပြီးတဲ့အချိန်တွေမှာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း