ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

အဓမ္မပြုကျင့်ခံရသူတစ်ယောက်ကို ဘယ်လိုစောင့်ရှောက်မှုပေးမလဲ   အဓမ္မပြုကျင့်မှုဆိုတာ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း (Sexual assault) ပုံစံတစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေး၊ ကျားမမရွေး ကြုံတွေ့ရနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ မိန်းမကိုယ် သို့မဟုတ် စအိုထဲကို လိင်အင်္ဂါ၊ ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခု (ဥပမာ လက်ချောင်း)၊ ပြင်ပပစ္စည်းတခုခု အလိုမတူဘဲ ထိုးသွင်းခြင်းကို အဓမ္မပြုကျင့်မှုမြောက်တယ်လို့ သတ်မှတ်ပါတယ်။ အသက်ငယ်ရွယ်တဲ့ ကလေးတွေဆိုရင်တော့ အလိုတူခြင်း၊ မတူခြင်းကို စဉ်းစားစရာ မလိုဘဲ ထိုးသွင်းမှုရှိတယ်ဆိုတာနဲ့ အဓမ္မပြုကျင့်မှုအဖြစ် သတ်မှတ်လို့ရပါတယ်။ အရင်ကတော့ အဲဒီလိုအဓမ္မကျင့်ခံရသူတစ်ယောက်ကို Victim နစ်နာခံစားရသူုလို့ ပြောခဲ့ကြပါတယ်။ ခုတော့ အဲဒီအသုံးအနှုန်းအစား Survivor ရှင်သန်ကျန်ရစ်သူလို့ သုံးပါတယ်။ သဘောကတော့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံခဲ့ရတာတောင် ရှင်သန်နိုးထနိုင်သူအဖြစ် စိတ်ခွန်အားပေးချင်တာကြောင့် ဖြစ်ပါတယ်။ အဲဒီလို ရှင်သန်ကျန်ရစ်သူတစ်ယောက်မှာ ရှိနေနိုင်တဲ့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ၊ တရားဥပဒေနဲ့ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

အဓမ္မပြုကျင့်ခံရပြီးရင် ကိုယ်ဝန်ရမသွားအောင် ဘယ်လိုလုပ်မလဲ

"အဓမ္မပြုကျင့်ခံရပြီးရင် ကိုယ်ဝန်ရမသွားအောင် ဘယ်လိုလုပ်မလဲ" အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ (Prevention) နဲ့၊ ဖြစ်လာခဲ့ရင် တုန့်ပြန်ဆောင်ရွက်ဖို့ (Response) ဆိုတဲ့ အပိုင်း၂ပိုင်းရှိပါတယ်၊၊ ကာကွယ်ဖို့ဟာ လတ်တလောအနေအထားအရ ခက်ခဲနေသေးတဲ့အချိန်မှာ ဖြစ်လာခဲ့ရင် ကိုယ်ဝန်ရတာလို၊ ရောဂါပိုးတွေကူးစက်တာလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင်တော့ တုံ့ပြန်ဆောင်ရွက်လို့ ရနိုင်ပါတယ်၊၊   အဓမ္မပြုကျင့်ခံရသူတစ်ယောက်မှာ ဘာလိုအပ်ချက်တွေ ရှိနေသလဲ စဉ်းစားကြည့်ရအောင်။ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အားပေးကူညီမှုများ၊ တရားဥပဒေအကာအကွယ်နဲ့ လုံခြုံရေးလိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်၊၊ ဒါတွေကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းက မဆောင်ရွက်နိုင်ပါဘူး၊၊ အားလုံးပူးပေါင်းဆောင်ရွက်မှ ရမှာပါ၊၊ ဒီထဲကမှ အရေးကြီးဆုံးလည်းဖြစ်၊ ဘယ်သူ့အကူအညီမှလည်း မလိုတဲ့အပြင် အင်မတန်မှလည်း အကျိုးများနိုင်တာတစ်ခုကို ပြောပါမယ်၊၊ အဲဒါကတော့ “အရေးပေါ်ကိုယ်ဝန်တားဆေး” သောက်ဖို့ပါပဲ၊၊ အဲဒီဆေးကတ်မှာ ဆေး၂လုံးပါပါတယ်၊ ၂လုံးစလုံးကို တစ်ပြိုင်နက်တည်း သောက်ရမှာဖြစ်ပြီး ၂နာရီအတွင်း အန်ထွက်ခဲ့ရင် ထပ်သောက်ဖို့ လိုပါမယ်၊၊ […]


သားဆက်ခြားခြင်း

ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ

အမျိုးသမီးတွေရဲ့ သမိုင်းပေးတာဝန်တွေထဲမှာ ကလေးမွေးဖွားတာနဲ့ ကလေးကို ပြုစုပျိုးထောင်ပေးရတာလည်း အပါအဝင်ပါပဲ။ ကလေးကို ပျိုးထောင်တဲ့နေရာမှာလည်း ကလေးတစ်ယောက်ကို သေသေချာချာပျိုးထောင်ပေးဖို့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ၂ နှစ်တန်သည် ၃ နှစ်တန်သည်လောက်ခြားဖို့ လိုအပ်တဲ့အတွက် သားဆက်ခြားဖို့ မဖြစ်မနေဆောင်ရွက်သင့်ပါတယ်။ ဒီတော့ စဉ်းစားရမှာက ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ ဆိုတာပေါ့။ အခုတစ်ခေါက်တော့ ကလေးမွေးဖွားပြီးတဲ့ မိခင်အသစ်စက်စက်လေးတွေအတွက် ဘယ်သားဆက်ခြားနည်းက အသင့်တော် ဆုံးဖြစ်မလဲ ဆိုတာကိုပြောပြချင်ပါတယ်။ ကလေးမွေးထားပြီး ကလေးနို့တိုက်နေချိန်မှာလည်း ကလေးရနိုင်ခြေရှိပါတယ်။ ဒါကြောင့် ကလေးမွေးဖွားပြီးတဲ့ မိခင်တွေအနေနဲ့ သင့်တော်တဲ့သားဆက်ခြားနည်းကို သေသေချာချာရွေးချယ်ဖို့လိုပါမယ်။ ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကို အသုံးပြုမလဲ ကလေးမွေးပြီးရင် ဘယ်သားဆက်ခြားနည်းကိုအသုံးပြုမလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကလေးမွေးပြီးပြီးချင်း သားဆက်ခြားနည်းသုံးဖို့လိုမလား ကလေးမွေးပြီး ၃ပတ်လောက်နေရင် ကလေးရနိုင်ခြေ ရှိလာပါပြီ၊၊ ကလေးနို့တိုက်တာပဲ၊ ရာသီမလာသေးဘူးလေဆိုရင်တောင် ကလေးရနိုင်ခြေ ရှိနေတယ်ဆိုတာကို သိထားရပါမယ်၊၊ ဒါကြောင့် […]


သားဆက်ခြားခြင်း

IUD နဲ့ပတ်သက်တဲ့ အယူအဆအမှားများ

မရေရာတဲ့သတင်းတွေ အတည်မပြုနိုင်တဲ့ အကြောင်းအရာတွေက လူတစ်ယောက်စကား တစ်ယောက်နားကနေ တဆင့်တဆင့် ပြန့်နှံ့သွားပြီး သေချာခိုင်မာတဲ့အကြောင်းအရာကြီးလိုဖြစ်နေတာကို ကိုယ့်အနီးဝန်းကျင်မှာ ကြုံဖူးကြမှာပေါ့။ ဒီလိုအစချီရတာက IUD နဲ့ပတ်သက်ပြီး စာဖတ်သူတွေအကြားမှာဖြစ်နေတဲ့ အချို့အကြောင်းအရာတွေက မှားနေတယ်ဆိုတာကို ပြောပြချင်လို့ပါ။ IUD နဲ့ပတ်သက်ပြီး အယူအဆအမှားတွေ၊ မရေရာတဲ့အကြောင်းအရာတွေအများအပြားရှိနေပါတယ်။ သိထားတဲ့အကြောင်းအရာတွေက မှန်ရဲ့လားဆိုကို ဆန်းစစ်ကြည့်ရအောင်။ ဒါမျိုးတွေကြားဖူးလား ကြားဖူးထားရင်လည်း အယူအဆအမှားတွေမို့လို့ မေ့ဖျောက်လိုက်ပါလို့ပြောပါရစေ။ ဘာတွေလည်းသိရအောင် ဆက်ကြည့်လိုက်ကြပါစို့။ (၁) IUD ကအန္တရာယ်များတယ်။ ကူးစက်ရောဂါတွေဖြစ်စေနိုင်သလို မျိုးမအောင်တာမျိုးဖြစ်စေနိုင်ပါတယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုအရ IUD ကိုအသုံးပြုတဲ့ အမျိုးသမီးတွေက အခြားသန္ဓေတားနည်းကို အသုံးပြုတဲ့အမျိုးသမီးတွေထက် ပိုးဝင်ကူးစက်တာတွေ၊ မျိုးမအောင်တာမျိုး တွေဖြစ်နိုင်ခြေတိုးစေနိုင်တာကိုမတွေ့ရပါဘူး။ (၂) IUD ကနာကျင်ပေမယ့်၊ အကျိုးမရှိဘူး IUD ထည့်တဲ့အခါ ခံစားရတဲ့နာကျင်မှုဝေဒနာက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ IUD ထည့်တဲ့အခါ ခန္ဓါကိုယ်က ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို ကြိုတင်မသိနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး […]


သားဆက်ခြားခြင်း

အရေးပေါ်သန္ဓေတားဆေးကို သောက်ပါများရင် ဘေးကင်းပါ့မလား

အရေးပေါ်သန္ဓေတားဆေးဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီးတဲ့အခါ အရေးပေါ်သုံးစွဲကြတဲ့သားဆက်ခြားသောက်ဆေးဖြစ်ပါတယ်။ အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် – သန္ဓေတားဆေးမသုံးထားခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊ ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊ ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊ သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊ သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion) ရက်တွက်သန္ဓေတားနည်းမှာ ရက်အတွက်မှားခြင်း၊ သားအိမ်တွင်းထည့်ပစ္စည်း (IUD)သို့မဟုတ် အရေပြားအောက် ထည့်သွင်းရတဲ့သန္ဓေတားပစ္စည်း ကိုထုတ်လိုက်ပြီးတဲ့အချိန်တွေမှာ အရေးပေါ်သန္ဓေတားနည်းတွေကိုသုံးကြပါတယ်။ ဒါပေမယ့် သုံးစွဲရလွယ်ကူတယ်ဆိုတာနဲ့ပဲ ပုံမှန်သားဆက်ခြားဆေးတွေ၊ နည်းလမ်းတွေကို မသုံးတော့ဘဲ ဒီဆေးကိုပဲ လိင်ဆက်ဆံပြီးတိုင်းသောက်နေကြသူတွေရှိလာပါတယ်။ ဒီတော့ အရေးပေါ်သားဆက်ခြားဆေးကို ထပ်ကာတလဲလဲသောက်ရင် ဘာတွေဖြစ်လာနိုင်သလဲ အရေးပေါ်သားဆက်ခြားသောက်ဆေးအများစုက ပရိုဂျက်စတင်ဟော်မုန်းပဲပါတဲ့levonorgestrelသောက်ဆေးတွေဖြစ်ပါတယ်။ ဒီဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီး သို့မဟုတ် သန္ဓေတားဆေးသောက်ဖို့၊ ထိုးဖို့ ပျက်ကွက်ခဲ့တဲ့အခါ ၃ ရက်(၇၂ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား

လက်ထပ်ပြီးစမှာ ၃ လခံထိုးဆေး သုံးသင့်သလား   လက်ထပ်တော့မယ့် စုံတွဲတွေအတွက် အသုံးပြုလို့ရမယ့် သားဆက်ခြားနည်းတွေအကြောင်း ရေးလာခဲ့တာ ၃ ပုဒ်ရှိပါပြီ။ ဒီလအတွက် နောက်ဆုံးအနေနဲ့တော့ ခုမှ မင်္ဂလာဆောင်မယ့်၊ ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ မိန်းကလေးအနေနဲ့ ၃ လခံဆေး ထိုးသင့်သလား ဆိုတာကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီထိုးဆေးမှာ ထူးခြားချက် ရှိလို့ပါ။ သားဆက်ခြားနည်းတွေအားလုံးထဲမှာမှ သူ့တစ်ခုတည်းမှာ ရှိတဲ့ ပြဿနာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆေးထိုးရပ်လိုက်ပေမယ့် ကလေးပြန်ရဖို့ လအနည်းငယ် စောင့်ရတယ်ဆိုတာပါပဲ။ လုံးဝကို ပြန်မရနိုင်တော့တာမျိုး မဟုတ်ဘဲ အခိုက်အတန့်သဘော စောင့်ရတာပါ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။ တချို့ ၆ လလောက်နေမှ ကိုယ်ဝန်ပြန်ရတယ်၊ တချို့က ၁၀ လ၊ တချို့ကျတော့လည်း ဆေးထိုးရပ်လိုက်ပြီး သိပ်မကြာဘူး၊ ကိုယ်ဝန်ရသွားတယ်။ နောက်ပြီး အဲ့လို […]


သားဆက်ခြားခြင်း

သားဆက်ခြားတဲ့ကိစ္စမှာ အမျိုးသားတွေ ဘယ်လိုပါဝင်ကြမလဲ

ရုတ်တရက်ကြည့်လိုက်ရင် သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ချင်စရာပါ။ တကယ်တမ်း ကြည့်လိုက်ရင်လည်း အင်မတန် စိတ်ချရတဲ့ သားဆက်ခြားနည်း အများစုက အမျိုးသမီးတွေပဲ အသုံးပြုရတာဖြစ်သလို၊ ကိုယ်ဝန်ဆောင်၊ ကလေးမွေးရတာကလည်း အမျိုးသမီးတွေပါပဲ။ ဒါပေမယ့် အမျိုးသားတွေအနေနဲ့လည်း ဒီကိစ္စမှာ ပါဝင်ပေးဖို့ သိပ်ကိုလိုအပ်တဲ့အကြောင်း ပြောပြလိုပါတယ်။ ၁။ အမျိုးသား ပါဝင်ပေးရမယ့် သားဆက်ခြားနည်းတွေ သားဆက်ခြားနည်းအများစုက အမျိုးသမီးတွေပဲ သုံးလို့ရတာ ဆိုပေမယ့် အမျိုးသားဘက်က သုံးလို့ရတဲ့ သားဆက်ခြားနည်းတချို့လည်း ရှိပါတယ်။ အထူးသဖြင့် ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေဆို အသားအရည် ပြောင်းသွားမှာ၊ ကိုယ်အလေးချိန် တက်မှာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်တော့ တချို့ သတို့သမီးလောင်းတွေက မသုံးချင်ကြဘူး။ အလှအပပျက်မယ်ပေါ့လေ။ ဒီလိုအခါမှာ အမျိုးသားတွေအနေနဲ့ အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်းတွေ ရှိပါတယ်။ အမျိုးသမီးသုံး နည်းတွေလောက်တော့ ထိရောက်မှု မကောင်းပေမယ့် […]


သားဆက်ခြားခြင်း

“သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ”

~ မင်္ဂလာခန်းမကြီးထဲ ~ ဒီမင်္ဂလာခန်းမကြီးထဲ ~ တို့နှစ်ဦးလက်တွေတွဲ ခိုင်မြဲသောအချစ်တွေ သက်သေထူမယ် ~ တစ်သက်မှာ တစ်မင်္ဂလာ ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုမှာတော့ အိမ်ထောင်ရေးဆိုတာကို သိပ်တန်ဖိုးထားကြတယ်။ လွယ်လွယ်မတည်ဆောက်တတ်ကြသလို၊ လွယ်လွယ်နဲ့လည်း အိမ်ထောင်တစ်ခုကို အဆုံးသတ်လေ့ မရှိပါဘူး။ ဒါကြောင့် ချစ်သူနှစ်ဦး ဘဝတစ်ခုကို အတူဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီလက်ထပ်မင်္ဂလာပွဲလေးကို တစ်သက်လုံးအမှတ်တရ ဖြစ်နေအောင် စီစဉ်ကြတယ်။ Pre-wedding photo ကို စိတ်ကူးဆန်းဆန်းနဲ့ လှလှလေးတွေ ရိုက်မယ်၊ မင်္ဂလာဧည့်ခံပွဲကို ခမ်းခမ်းနားနား လုပ်မယ်၊ လက်မှတ်ထိုးတဲ့ အခမ်းအနားကို ဘယ်လိုအစီအစဉ်နဲ့ ဘယ်နေရာမှာ လုပ်မယ်၊ ဒီလိုမျိုး စိတ်ကူးကောင်းရင် ကောင်းသလို၊ တတ်နိုင်ရင် တတ်နိုင်သလို အမှတ်တရလေးတွေ ဖန်တီးကြတယ်။ အဲဒီလိုတွေ လက်ထပ်ပွဲနဲ့ပတ်သက်ပြီး စီစဉ်နေကြတဲ့တစ်ပြိုင်တည်းမှာ နောင်တစ်ချိန်ရလာမယ့် မိသားစုလေးအတွက်လည်း စီမံကိန်းချထားဖို့ […]


သားဆက်ခြားခြင်း

လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ

ချစ်သူသက်တမ်းမှာ တစ်ယောက်ကိုတစ်ယောက် လေ့လာပြီးလို့ နှစ်ယောက်အတူတူ ဘဝတစ်ခုကို တည်ဆောက်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ပြင်ရဆင်ရမှာတွေ အများကြီးဖြစ်လာပါတယ်။ ဘဝနဲ့ပတ်သက်လို့လည်း အစီအစဉ်တွေ ချရတော့မယ်။ အဲဒီထဲမှာ မပါမဖြစ် ပါရမှာတစ်ခုကတော့ မိသားစုစီမံကိန်းဆွဲတာပါပဲ။ တို့နှစ်ယောက် ကလေးဘယ်တော့ယူမယ်၊ ဘယ်နှယောက် ယူမယ်၊ တစ်ယောက်နဲ့တစ်ယောက်ကြား ဘယ်လိုနည်းလမ်းတွေသုံးပြီး တားထားမယ် စသဖြင့် စဉ်းစားကြရပါတယ်။ အဲဒီအခါ သတို့သမီးလောင်းတွေ အမေးများဆုံး မေးခွန်းတစ်ခုကတော့ လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ ဆိုတာပါပဲ။ ဘာလို့ဆိုတော့ ဒီဆေးတွေ အာနိသင်ပြဖို့က တစ်ပတ်စောင့်ရတတ်တယ်လို့ သိထားကြတာကိုး။ တချို့ကတော့လည်း ချက်ချင်းအာနိသင်ပြတယ်လို့ သိထားကြပြန်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ အဲဒီအကြောင်းလေး အရင်ဆုံးရှင်းပြလိုပါတယ်။ လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ ဒီနေရာမှာ ပွင့်ပွင့်လင်းလင်း ပြောပြချင်တာတစ်ခုက တချို့စုံတွဲတွေဟာ လက်ထပ်တဲ့နေ့မှပဲ လင်မယားအရာမြောက်တယ် ဆိုပေမယ့် တချို့ကျတော့ […]


သားဆက်ခြားခြင်း

သားဆက်ခြားဖို့အတွက် စဉ်းစားစရာအဆင့်ဆင့်

သားဆက်ခြားတဲ့ကိစ္စဟာ အိမ်ထောင်သည်တိုင်းအတွက် အင်မတန်မှကို အရေးကြီးတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ အကျိုးကျေးဇူးတွေအများကြီးပဲ ရှိတာမို့ ဒါကို စုံတွဲတော်တော်များများက အလေးထား လုပ်ဆောင်လာကြပါတယ်။ ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးသွားရင် စုံတွဲတစ်တွဲအနေနဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ဘဝတစ်ခုကို ဖြတ်သန်းမယ်၊ မျှော်မှန်းထားတဲ့ အခြေအနေတစ်ခုရောက်အောင် သွားကြမယ် ဆိုတဲ့အခါ အဆင်သင့်မဖြစ်သေးဘဲ ကလေးမရသွားအောင် ကြိုတင်ပြင်ဆင်လာကြတယ်။ အဲဒီအခါ အမျိုးသမီးတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ကျွန်မနဲ့ အသင့်တော်ဆုံး သားဆက်ခြားနည်းက ဘာဖြစ်မလဲ ဆိုတာပါပဲ။ တစ်ခါမှကလည်း မသုံးဖူး၊ အရွယ်တွေက ငယ်သေးတော့ ဒီဆေးတွေ သုံးလို့ ဝလာပြီး မလှတော့မှာကလည်း စိုးသေးတယ်၊ ဒီကြားထဲမှာ တခြားအမျိုးသမီးကြီးတွေရဲ့ စကားကလည်း တစ်စွန်းတစ်စ ကြားထားလေတော့ ပိုပြီး ဝေခွဲရခက်နေတတ်ပါတယ်။ တကယ်တော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း