ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကလူတိုင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပါ။ လုံခြုံဘေးကင်းတဲ့ လိင်ဆက်ဆံခြင်း အကြောင်းအရာတွေကို ဆွေးနွေးခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ဆွေးနွေးတယ်ဆိုတာထက် ပိုပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး နဲ့ ကျန်းမာပျော်ရွှင်သော လိင်မှုဘဝ လမ်းညွှန်ကဏ္ဍမှာ လိင်ပညာပေး၊ လိင်ပိုင်းဆိုင်ရာ ရောဂါတွေ ကာကွယ်ခြင်း၊ အကာအကွယ်အသုံးပြုခြင်း၊ လိင်မှုစွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ အခြားသော ကျန်းမာပျော်ရွှင်စေမည့် လိင်မှုဘဝ လမ်းညွှန်ချက်များကို ဖော်ပြပေးထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား

လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးက အရွယ်ရောက်ပြီးသူတိုင်းနဲ့ သက်ဆိုင်ပါတယ်။  လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ဗဟုသုတတွေကို မှန်ကန်စွာ ရရှိထားမှ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို အထိအခိုက် ကင်းကင်းနဲ့ တည်ဆောက်နိုင်မှာပါ။ ဒီတစ်ခေါက်တော့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နိုင်စေဖို့ ကိုယ်တိုင်ရဲ့ လိင်မှုရေးရာ သိရှိထားမှုတွေက မှန်ကန်ရဲ့လား ဆိုတာကို ဆောင်းပါးလေးကို ဖတ်ရင်း အတူတူ အဖြေထုတ်ကြည့်ဦးစို့နော်။ ကဲ ....... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား ......... လိင်မှုရေးရာ အမှန်အမှား အဖြေထုတ်ကြည့်ရအောင်လား လိင်မှုရေးရာ အမှန်အမှား အဖြေမထုတ်ခင် မေးခွန်းလေးတွေကို အရင် သေချာအောင် ဖတ်ကြည့်ပေးပါနော်။ ၁. တစ်ကိုယ်ရေ အာသာဖြေတာက စိတ်ဖိစီးမှု သက်သာစေတာ အပြင် များစွာသော ကျန်းမာရေး ကောင်းကျိုးတွေ ရှိပါတယ်။ ၂. လူတစ်ယောက်မှာ လိင်ကတဆင့် […]

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန် ကို ရှာဖွေမည်။

ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

အမျိုးသား နို့သီးခေါင်းထိပ်မှ အရည်စိမ့်ထွက်လာတာ ဘာကြောင့်လဲ

နို့သီးခေါင်းကို မညှစ်ဘဲ သူ့အလိုလို အရည်စိမ့်ထွက်လာတာမျိုးလည်း ရှိသလို လက်နဲ့ အားထည့်ပြီး ညှစ်မှ ထွက်လာတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲထွက်ထွက် အမျိုးသားတွေ နို့သီးခေါင်းမှ အရည်ကြည်တွေ စိမ့်ထွက်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ လိုအပ်ပါတယ်။ ထွက်လာတဲ့အရည်ကြည်ရဲ့ အရောင်၊ စေးပျစ်မှု၊ နို့သီးခေါင်းထိပ်ရဲ့ ပုံစံအနေအထားအပြင် တခြားသော အခြေအနေတွေပေါ် မူတည်ပြီး ဘာရောဂါဖြစ်လဲဆိုတာ သေချာစစ်ဆေးလို့ ရမှာပါ။ အမျိုးသားတွေ ရင်သားမှာ နို့ထွက်ပြွန်တွေ ပါလား။ အမျိုးသမီးတွေလိုပါပဲ။ မွေးလာတာနဲ့ အမျိုးသားတွေရဲ့ နို့သီးခေါင်းမှာ နို့ထွက်နိုင်တဲ့ ပြွန်လေးတွေ၊ တစ်ရှူးတွေ ပါဝင်ပါတယ်။ လူပျိုဖြစ်ပြီးနောက်ပိုင်း ကျားဟော်မုန်း အဆမတန် များလာတဲ့အခါ မိန်းကလေးတွေလို ရင်သား ကြီးမလာဘဲ အဆီ၊ ကြွက်သားတွေပဲ စုလာပါတယ်။ တချို့သော တစ်ရှူးတွေ၊ နို့ထွက်ပြွန်တွေ ကျန်ခဲ့ရင်တောင်မှ ဒီအခြေအနေကို ပုံမှန်မဟုတ်ဘူးလို့ […]


ဂနိုရောဂါ(ဆီးပူညောင်းကျ)

ဆီးပူညောင်းကျ ရောဂါအကြောင်း ဘာတွေ သိထားဖို့လိုသလဲ ။ ။

လိင်ဆက်ဆံရာက တဆင့်ကူးစက်တတ်တဲ့ ပြဿနာတွေထဲမှာ နာမည်ကြီး HIV၊ ကာလသား ရောဂါတို့လောက်သာ လူသိများကြပေမယ့် ဆီးပူညောင်းကျ ရောဂါ ကိုမေ့နေတတ်ကြပါတယ်။ သူကလည်း လိင်ဆက်ဆံရာက တဆင့်ကူးစက်တတ်ပြီး အဖြစ်များတဲ့ရောဂါတစ်ခုပါ။ သူ့ကို ဆေးပညာအရ Gonorrhea လို့လည်း ခေါ်ကြပါတယ်။ ဆီးပူညောင်းကျ ရောဂါအကြောင်း ဘာတွေ သိထားဖို့လိုသလဲ ။ ။ Gonorrhea ဆီးပူညောင်းကျ ရောဂါဆိုတာဘာလဲ ။ ။ ဆီးပူညောင်းကျ ရောဂါဆိုတာ လိင်ဆက်ဆံရာတဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်ခုပါ။ သူက Neisseria gonorrhoeae ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပြီး အဲဒီ ဘက်တီးရီးယားတွေက အမျိုးသားတွေရဲ့ လိင်တံ၊ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်၊ လည်ချောင်းနဲ့ စအိုတို့လိုနေရာမျိုးမှာ အများဆုံး ပေါက်ပွားလေ့ရှိပါတယ်။ ဆီးပူညောင်းကျ ရောဂါက ဘယ်လိုလူတွေမှာ အဖြစ်များလဲ။ လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တယ်ဆိုတော့ လိင်ကိစ္စစိတ်အဝင်စားဆုံးဖြစ်တဲ့ အသက် ၁၅ […]


သားဆက်ခြားခြင်း

သန္ဓေတားဆေးတွေကြောင့် လေရှူတိုင်းဝဝလာလို့ စိတ်ညစ်နေပြီလား။ ။

တားဆေးသောက်တဲ့ အမျိုးသမီးတိုင်း ငြီးငြူကြတဲ့အသံတွေ ကြားဖူးမှာပါ။ သန္ဓေတားဆေးတွေကြောင့် ဝလာတယ်၊ တားဆေး သောက်ပြီး ကိုယ်အလေးချိန်တွေ တက်လာတယ်ဆိုတဲ့ စကားသံလေးတွေပေ့ါ။ သန္ဓေတားဆေးတွေကြောင့် လေရှူတိုင်းဝဝလာလို့ စိတ်ညစ်နေပြီလား။ ။ ဒါပေမယ့်လည်း အိမ်ထောင်ကျပြီး ကလေးမလိုချင်သေးရင် အသုံးပြုလို့ရတဲ့ သန္ဓေတားနည်း တွေထဲမှာ တားဆေးသောက်ဆေးဝယ်သောက်ရတာက အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးဖြစ်နေတာကြောင့် သူ့ကို မသောက်လို့ကလည်း မရ။ သောက်ပြန်တော့လည်း လေရှူတိုင်းဝဝ လာလာတယ်လို့ပြောရလောက်အောင်ကို ကိုယ်အလေးချိန် တက်လာတော့လည်း စိတ်ညစ်နေကြတဲ့ မမတို့ရှိကြလား။ ဒီဆောင်းပါးလေးထဲမှာ တားဆေးကြောင့် တက်လာတဲ့ ကိုယ်အလေးချိန်ကို ဘယ်လိုပြန်ချရမလဲပြောပြပေးမယ်နော် ။ ။ တားဆေးတွေက ဝစေသလား၊၊ တားဆေးနဲ့ ကိုယ်အလေးချိန်ကြားက ဆက်စပ်မှုကို ခုထက်ထိ သက်သေပြဖို့ ကြိုးစားနေကြဆဲပါ၊၊ တားဆေးသောက်ပြီး ဝလာတာ၊ ပိန်လာတာတွေက တကယ်တော့ ဆက်စပ်မှု မရှိဘူးလို့ ဆိုကြပါတယ်၊၊ တားဆေးက ကိုယ်အလေးချိန်တက်တာကို မဖြစ်စေပေမယ့် […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ

အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့ကနေ နေ့စဉ် သုက်ပိုးတွေကို ထုတ်လုပ်ပေးပါတယ်။ သုက်ပိုးတွေဟာ ကျန်းမာပြီး လျင်မြန်စွာသွားလာနိုင်မှ ကိုယ်ဝန်ရနိုင်ခြေနဲ့ မွေးလာတဲ့ ကလေးက ကျန်းမာဖွံ့ဖြိုးမှာပါ။ ဒီအတွက် အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်တွေဟာ ကျန်းမာတဲ့ သုက်ပိုးတွေနဲ့ ပြည့်နေဖို့ အရေးကြီးပါတယ်။ သုက်ပိုးကောင်ရေ ပြည့်ဝခြင်း ဖြစ်စဉ် (Spermatogenesis) သုက်ရည်အတွင်းမှာ သုက်ပိုးကောင်တွေ ပြည့်သွားပြီး မျိုးပွားဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ နေ့စဉ် သုက်ပိုးတွေ ထုတ်လုပ်ပေးပြီး လုံးဝပြည့်သွားဖို့ ၆၄ ရက်ထိ ကြာနိုင်ပါတယ်။ ဒီလို သုက်ပိုးတွေ ပြည့်ဝနေတဲ့အခါ ထိုးသွင်းဆက်ဆံမှုအပြီး မိန်းမကိုယ်ကနေ မျိုးဥအတွင်းသို့ လျင်မြန်စွာ သွားလာနိုင်ပြီး မျိုးအောင်နိုင်ခြေ မြင့်မားစေပါတယ်။ ကိုယ်ခန္ဓာက နေ့စဉ် သုက်ပိုးအကောင်ရေ ဘယ်လောက်ထုတ်ပေးနိုင်လဲ။ တစ်စက္ကန့်မှာ သုက်ပိုးအကောင်ရေ ၁၅၀၀ ခန့် ထုတ်ပြီး တစ်နေ့မှာ အကောင် သန်းပေါင်းများစွာ ဝှေးစေ့ကနေ […]


သားဆက်ခြားခြင်း

တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းသောက်မယ်ဆို ဘာတွေသိထားဖို့လိုလဲ ။ ။

သန္ဓေတားတဲ့ နည်းတွေ အများကြီးရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ သောက်ဆေး၊ ၃ လခံထိုးဆေး၊ လက်မောင်းတွင်းထည့် ပစ္စည်း နဲ့ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်းဆိုပြီး အမျိုးမျိုးရှိတဲ့အနက် ကိုယ်နဲ့သင့်တော်တဲ့ သန္ဓေတားနည်းကို ရွေးပြီး အသုံးပြုနေကြတဲ့သူချည်းပါ။ သန္ဓေတားနည်းတိုင်းမှာ သူ့ ဆိုးကျိုးနဲ့သူရှိတာကြောင့် သူတို့နဲ့မတည့်တဲ့သူတွေရှိတာကြောင့် တစ်ခုသုံးရတာ အဆင်မပြေလို့ နောက်တစ်ခု ပြောင်းလိုက်တာမျိုးတွေရှိတတ်ပါတယ်။ အဲဒီ အထဲမှာ အများဆုံးကတော့ တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းတာပါပဲ။ ပြောင်းလို့ရတယ်ဆိုပေမယ့် လိုက်နာရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတာ ကြည့်ရအောင် ။ ။ တားဆေးထိုးဆေးကနေ သောက်ဆေးပြောင်းရင် ဘယ်လို အချက်တွေ လိုက်နာရမလဲ ။  အဆင့် ၁ - ကိုယ်က ဘယ်လိုတားဆေးမျိုး သောက်မလဲဆိုတာ အရင်ရွေးပါ။ ဟော်မုန်း နှစ်မျိုးပါတာလား၊ တစ်မျိုးတည်းပါတဲ့ဟာလား၊ ဟော်မုန်း ပမာဏ နည်းတဲ့တားဆေးသောက်ဆေးကို […]


သားဆက်ခြားခြင်း

ကလေးမွေးပြီးနောက်ပိုင်း သန္ဓေတားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ ။ ။

မီးဖွားပြီးပြီဆိုတာနဲ့ မေမေတို့ ခေါင်းထဲ အရင်ဆုံးရောက်လာတာ နောက်ကိုယ်ဝန်ကို ဘယ်အချိန်ကျမှ ယူမယ်ဆိုတဲ့ အတွေးတွေပဲဖြစ်ပါတယ်။ ရင်သွေး တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ ၂ နှစ်လောက်ခြားနိုင်ရင် ကောင်းပါတယ်။ ဒီကြားထဲ မရည်ရွယ်ဘဲ သားဦးလေး ၂ နှစ်မပြည့်ခင်မှာ နောက်ကိုယ်ဝန်ရသွားတဲ့ အဖြစ်အပျက်တွေကလည်း ရှိတော့ မီးဖွားပြီးတာနဲ့ သားဆက်ခြားဖို့၊ သန္ဓေတားနည်း တွေလုပ်ဖို့ စပြီးစဉ်းစားရတာပေါ့။ ဒါ့ကြောင့် ဒီဆောင်းပါးထဲမှာ လူသုံး အများဆုံးနဲ့ သုံးရ အလွယ်ကူဆုံးဖြစ်တဲ့ သန္ဓေတားသောက်ဆေး တားဆေးကို မီးဖွားပြီး ဘယ်အချိန်မှာ ပြန်စသောက်ရမလဲဆိုတဲ့အကြောင်း လေး ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။ ကလေးမွေးပြီးနောက်ပိုင်း တားဆေးကို ဘယ်အချိန်မှာ ပြန်သောက်ရမှာလဲ။ သိကြတဲ့အတိုင်း ဆေးတွေဆိုတာ သူ့ဆိုးကျိုးနဲ့သူရှိတဲ့အတွက် မီးဖွားပြီးခါစ နို့တိုက် နေတဲ့ မေမေတို့ဆို ပိုလို့တောင် ဆေးသောက်တဲ့နေရာမှာ ဂရုစိုက်ရဦးမှာပါ။ တားဆေးမှာလည်း တားဆေးအလျောက် […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

လိင်အင်္ဂါပေါ် အနီစက်တွေ၊ အနီဖုတွေ ဖြစ်လာတာ ဘာကြောင့်လဲ

အမျိုးသားတွေမှာ မကြာခဏ ဖြစ်တတ်တဲ့ ပြဿနာလို့ ဆိုနိုင်ပါတယ်။ တခြားရောဂါ ကြီးကြီးမားမား မရှိဘဲ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာ၊ ကိုယ်သုံးနေတဲ့ ဆပ်ပြာ၊ အလှကုန်ပစ္စည်းတွေနဲ့ ဓာတ်မတည့်တာ၊ ပွန်းပဲ့ထိခိုက်မိတာကြောင့် ဖြစ်နိုင်ပြီး ပုံမှန်အားဖြင့် တစ်ရက် နှစ်ရက်လောက်နဲ့ ပျောက်ကင်းသွားပါတယ်။ ဒီလိုမှမဟုတ်ဘဲ အနီစက်တွေ၊ အနီဖုတွေ ထနေတာ ရက်တွေ အရမ်းကြာနေပြီ၊ နေရာအနှံ့ကို ပျံ့လာတယ်ဆိုရင်တော့ တခြား ကူးစက်ခံရတဲ့ ရောဂါတစ်မျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းကြောင့်ဆိုရင်တော့ အနီစက်တွေသာမက တခြားသော လက္ခဏာအမျိုးမျိုးလည်း ပြနိုင်ပါတယ်။ အနီစက်တွေ၊ အနီဖုတွေက ဘယ်လိုပုံစံရှိလဲ။ ကူးစက်ခံထားရတဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး ယားယံတာ၊ ပျော့အိအိဖြစ်နေတာ၊ အနီကွက် အကြီးကြီးဖြစ်နေတာ၊ အဖုအပိမ့်တွေ အစုအပြုံပေါက်နေတာ၊ အဖုတွေထဲမှာ အရည်၊ ပြည်တွေ ပြည့်ဖောင်းနေတာ၊ အဖုက တဖြည်းဖြည်း ရောင်ပြီး ကြီးလာတာ၊ အချိုင့်ပုံစံ ဖြစ်နေတာ၊ […]


ကျန်းမာပျော်ရွှင်သော လိင်မှုဘဝလမ်းညွှန်

ဆီးပူညောင်းကျရောဂါအကြောင်း သိကောင်းစရာများ

ဆီးပူညောင်းကျရောဂါဆိုတာ ဘာလဲ ဆီးပူညောင်းကျရောဂါဆိုတာ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီး ၎င်းကိုဖြစ်ပွားစေတဲ့ ဘက်တီးရီးယားပိုးမွှားကို Neisseria gonorrhoea လို့ ခေါ်ပါတယ်။ မိန်းမကိုယ်၊ ပါးစပ်၊ စအိုတို့မှာ လိင်ဆက်ဆံရာကတဆင့် တစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်သလို ကလေးမီးဖွားစဉ်အချိန်အတွင်း ရောဂါရှိသူ မိခင်ကတဆင့် ရင်သွေးဆီ ကူးစက်တတ်ပါတယ်။ ဆီးပူညောင်းကျရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ လူအများစုဟာ ရောဂါကူးစက်ခံရပြီးပြီးချင်း ရောဂါလက္ခဏာ ပြလေ့မရှိပါဘူး။ ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံပြီး အနည်းဆုံး ၂ရက်ကနေ ၁၀ရက်ကြာတဲ့အခါမှ လက္ခဏာပြလေ့ရှိသလို အချို့လူတွေမှာ ရက်ပေါင်း ၃၀လောက်ကြာမှ လက္ခဏာပြတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေမှာ ဖြစ်လေ့ဖြစ်ထများတဲ့ ဆီးပူညောင်းကျရောဂါ လက္ခဏာတွေကတော့ မိန်းမကိုယ်မှ စိမ်းဝါရောင် သို့မဟုတ် အဖြူရောင် အရည်ဆင်းခြင်း ဝမ်းဗိုက်အောက်ပိုင်း သို့မဟုတ် ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲခြင်း ဓမ္မတာလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း မျက်စိနီရဲပြီး ယားယံခြင်း လိင်ဆက်ဆံပြီးတိုင်း သွေးဆင်းခြင်း […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

လင်မယားတွေ ကုတင်ခွဲအိပ်ကြတာ ပုံမှန်ကိစ္စတစ်ခုပဲလား

ဒီကိစ္စမျိုးက အိမ်ထောင်သက်တမ်း ရင့်လာတဲ့ လင်မယားတွေမှာ မကြာခဏအတွေ့များတဲ့ ကိစ္စပါ။ ခင်ပွန်းနဲ့ ဇနီးဆိုတာ ခွဲမအိပ်ကောင်းဘူးဆိုပြီး ထင်တတ်ကြတဲ့ သူတွေလည်း အများကြီးပါပဲ။ တကယ်တော့ ဒါဟာ ပြဿနာလို့တောင် ခေါင်းစဉ်တပ်လို့ မရတဲ့ ပုံမှန်အခြေအနေတစ်ရပ်ပါပဲ။ အိမ်ထောင် သက်တမ်းကြာလာမှ မဟုတ်ပါဘူး။ တခြားသော ကိစ္စ၊ အကြောင်းရင်းတွေကြောင့်လည်း ကုတင်ခွဲအိပ်တာမျိုးတွေ ရှိပါတယ်။ လူတွေထင်ထားကြသလို ကုတင်ခွဲအိပ်တာ အိမ်ထောင်ပျက်ဖို့ လမ်းစဆိုတာမျိုးတော့ လုံးဝမဟုတ်ပါဘူး။ အဓိကကတော့ ကာယကံရှင် ၂ဦးက အပြန်အလှန် ညှိနှိုင်းပြီး သဘောတူညီမှုရယူထားဖို့တော့ လိုတာပေါ့။ အိမ်ထောင်သည်တွေ ကုတင်ခွဲအိပ်ရတဲ့ အကြောင်းရင်းတွေ ၁။ အလုပ်အကိုင်ကြောင့် ၂ဦးလုံး အလုပ်လုပ်နေတဲ့ အိမ်ထောင်တစ်ခုမှာ အမျိုးသားက ညတော်တော်နောက်ကျတဲ့အထိ အလုပ်လုပ်နေရပြီး အမျိုးသမီးက မနက်အစောကြီးထပြီး ချက်ပြုတ်ပြင်ဆင်ရ၊ အလုပ်သွားရတာမျိုးတွေ ရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့ တစ်နေ့တာအိပ်ချိန်မှာ ဘယ်လိုအနှောင့်အယှက်မျိုးမှ […]


အန္တရာယ်ကင်းစွာ လိင်ဆက်ဆံခြင်း/လိင်မှကူးစက်သောရောဂါများမှ ကာကွယ်ခြင်း

မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ

အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းက HIV အပါအဝင် အခြားသော ကူးစက်ရောဂါများစွာကို ပျော်ပျော်ပါးပါးကြီး ဖိတ်ခေါ်နေသလို ဖြစ်တာကြောင့် လိင်ဆက်ဆံရင် (အထူးသဖြင့် ကိုယ်ဝန်မရချင်တဲ့ အခါမျိုး၊ ကိုယ့်အိမ်ထောင်ဖက် မဟုတ်သူနဲ့ လိင်ဆက်ဆံတဲ့အခါမျိုးမှာပေါ့) ကွန်ဒုံးသုံးရမယ်ဆိုတာ လူတိုင်းလိုလို သိကြပါတယ်။ သုံးလည်းသုံးကြပါတယ်။ ကွန်ဒုံးဟာ ရာနှုန်းပြည့်စိတ်ချရတယ် မဟုတ်ပေမယ့် ရာနှုန်းပြည့်နီးပါး အကာအကွယ်ပေးတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကွန်ဒုံး အသုံးပြုနေရင်း ကွန်ဒုံး ပေါက်ပြဲခြင်းစတဲ့ အခက်အခဲလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီအခက်အခဲတွေထဲကမှ ကွန်ဒုံးပေါက်ပြဲသွားရင် ဘာဆက်လုပ်ရမလဲဆိုတာကို ဒီဆောင်းပါးလေးမှာ မျှဝေပေးသွားမှာပါ။ မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ မတော်တဆ ကွန်ဒုံးပေါက်သွား၊ပြဲသွားခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတော့ ၁။ လမ်းခုလတ်မှာ ပေါက်သွား၊ပြဲသွားရင် ဘယ်လိုလုပ်မလဲ ကောင်းခန်းရောက်နေတုန်း ကွန်ဒုံးပေါက်သွားပြီလို့ ခံစားလိုက်မိရင် တချို့တချို့သော ဆရာသမားတွေဟာ အရှိန်ပျက်မခံဘဲ ဆက်လက်ချီတက်ကြပါတယ်။ ဒါဟာ အင်မတန်မှကို ကြောက်ဖို့ကောင်းသလို၊အင်မတန်လည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း