အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျွန်ုပ်တို့ရဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာစေဖို့ အဆုတ်အပြင် တခြားအရာတွေကိုပါ ဂရုစိုက်ရမှာပါ။ အသက်ရှူလမ်းကြောင်းရောဂါတွေကို ဘယ်လိုဂရုစိုက်သင့်သလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Smoke Inhalation (မီးခိုးမှိုင်းမိခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Smoke Inhalation (မီးခိုးမှိုင်းမိခြင်း ) ကဘာလဲ။ မီးလောင်ရာမှာထွက်လာတဲ့ အရာတွေကို ရှူ ရိုက်မိတာကိုမီးခိုးမှိုင်းမိတာလို့ ခေါ်ပါတယ်။ အရာဝတ္ထုတွေ အပူချိန်အမြင့်ဆုံးနဲ့ လောင်ကျွမ်းပြိုကွဲရာတာကို မီးကျွမ်းတယ်လို့ခေါ်ပါတယ်။ မီးခိုးငွေ့တွေကတော့ အမှုန်အမွှားလေးတွေနဲ့gas တွေပေါင်းထားတာကို ခေါ်ပါတယ်။ မီးပွင့်တဲ့အခါ ထွက်လာတဲ့ ပေါင်းစပ်မှုကို သေချာမခန့်မှန်းနိုင်ပါဘူး။ လောင်ကျွမ်းနေတဲ့အရာရယ်၊ မီးအပူချိန်ရယ်၊ အောက်စီဂျင်ပမာဏရယ်ပေါင်းစပ်ပြီး ကွဲပြားတဲ မီးခိုးငွေ့တွေ ဖြစ်လာပါတယ်။ မီးလောင်တဲ့အခါ မီးခိုးငွေ့ရှူ မိလို့သေတာဟာ အဖြစ်များဆုံပါ။ ဒီအရာဟာ ကိုယ်တွင်းဖြစ်စဉ်အတော်များများကို ထိခိုက်စေပါတယ်။ လေပြွန်အထက်ပိုင်းကို အပူလောင်စေခြင်း၊ မီးခိုးမှုန်ကြောင့် ဓါတုလှုံဆော်မှုတွေ ဖြစ်ခြင်း၊ အသက်ရှူ မရခြင်း ၊ CO ဓါတ်ငွေ့ကြောင့် အဆိပ်သင့်ခြင်း၊ အခြား cyanide ဓါတ်ငွေ့များကြောင့် ဖြစ်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။ Smoke Inhalation (မီးခိုးမှိုင်းမိခြင်း ) က ဘယ်လောက်အဖြစ်များသလဲ မီးလောင်တဲ့အခါ မီးခိုးငွေ့ရှူ မိလို့သေတာဟာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ကဘာလဲ။ အဆုတ်ထဲရေဝင်ခြင်းဆိုတာ သင့်အဆုတ်နဲ့ ရင်ခေါင်းကြားထဲမှာ အရည်များစုလာခြင်းဖြစ်ပါတယ်။ အဆုတ်ကို ရင်ခေါင်းထဲမှာ ချောမွေ့စွာလှုပ်ရှားနိုင်စေဖို့ အဆုတ်ထဲမှာအရည်နည်းနည်းရှိတာဟာ ပုံမှန်ဖြစ်ပါတယ်။ အရည်တွေအများကြီးစုပုံလာရင်တော့ အဆုတ်အပေါ်ဖိအားသက်ရောက်ပြီး အသက်ရှူရခက်ခဲနိုင်ပါတယ်။ Pleural Effusion (အဆုတ်ထဲရေဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဆုတ်ထဲရေဝင်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ချောင်းခြောက်ဆိုးခြင်း ဖျားခြင်း လှဲအိပ်နေစဉ် အသက်ရှူရခက်ခြင်း ရင်ဘတ်အောင့်ခြင်း အသက်ရှူမဝခြင်းတို့ဖြစ်ပါတယ်။ အရည်တွေစုပုံစေတဲ့ အကြောင်းရင်းရောဂါရဲ့ လက္ခဏာများလည်း ခံစားရနိုင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများPleural Effusion (အဆုတ်ထဲရေဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ အဆုတ်မှာရောဂါပိုးဝင်ခြင်း/ထိခိုက်မိခြင်းတို့ကြောင့် အဆုတ်ထဲရေဝင်နိုင်ပါတယ်။ အဆုတ်ထဲရေဝင်စေတဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Pneumoconiosis (နျူမိုကိုနီရိုစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pneumoconiosis (နျူမိုကိုနီရိုစစ်) ကဘာလဲ။ ဖုန်မှုန့်မြေမှုန့်များကိုရှူရှိုက်မိခြင်းကနေ အဆုတ်မှာပုံပြီးပျက်စီးမှုပျက်သွားခြင်းကြေင့် ဖြစ်တဲ့အဆုတ်ရာဂါတစ်မျိုးဖြစ်ပါတယ်။ အလုပ်အကိုင်ဆက်နွှယ်အဆုတ်ရောဂါလို့ သတ်မှတ်လေံရှိပါတယ်။ အက်စ်ဘတ်စတိုစစ်၊ ဆီလီကိုစစ်၊ နဲ့ အနက်ရောင်အဆုတ်ရောဂါလို့ခေါ်တဲ့ ကျောက်မီးသွေးအလုပ်သမားတွေမှာဖြစ်တဲ့ နျူမိုကိုနိရိုစစ် တွေပါပါတယ်။ ရောဂါအပြင်းအထန်က ဖုန်မှုန့်အမျိုးအစား၊ အဆုတ်ကိုသက်ရောက်မှုအနည်းအမျိား နဲ့ ဘယ်လောက်ထိတွေ့ရလဲဆိုတာပေါ်မူတည်ပြီး ကွဲလွဲပါတယ်။ တခါတလေမှာ လက္ခဏာမပြတတတ်တာမျိုးရျိပြီး ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း အဆုတ်ကနေလေတွေကောင်းကောင်းရှူသွင်းရှူထုတ်နေခြင်းရှိမရှိစမ်းသပ်ခြင်းတွေကနေ နျုူမိုကိုရိုနီရိုစစ်အစောပိုင်းလက္ခဏာတွေရှိမရှိ အလုပ်သမားတွေကို ဆာဗေးကောက်တဲ့အခါမှသာ ရောဂါတွေ့လေ့ရှိပါတယ်။ Pneumoconiosis (နျူမိုကိုနီရိုစစ်) က ဘယ်လောက်အဖြစ်များသလဲ ၁၉၉၀ခု အယောက်၂၅၁၀၀၀သေဆုံးရာကနေ ၂၀၁၃ခုမှာ ၂၆၀၀၀၀သေဆုံးလာကြပါတယ်။ သေဆုံးသူတွေထဲမှာ ၄၆၀၀၀က ဆီလီကိုစစ်၊ အက်စဘတ်တိုစစ်ကြောင့် သေဆုံးသူ ၂၄၀၀၀၊ နဲ့ နျူမိုကိုနိရိုစစ်ကြောင့်သေဆုံးသူ ၂၅၀၀၀ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPneumoconiosis (နျူမိုကိုနီရိုစစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ အစောပိုင်းအဆင့်မှာ လူနာတွေမှာလက္ခဏာလုံးဝမပြတတ်ပါဘူး။ နျူမိုကိုနိရိုစစ် ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ချောင်းဆိုးခြင်း သလိပ်ပါခြင်း သလိပ်မပါဘဲချောင်းဆိုးခြင်း ရင်ဘတ်တင်းဆို့နေခြင်း အသက်ရှူမဝခြင်း လမ်းလျှောက်ခြင်း လှေကားတက်ခြင်းတွေလိုမျိုး […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Histoplasmosis (ဟစ်တိုပလက်စ်မိုးစစ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Histoplasmosis (ဟစ်တိုပလက်စ်မိုးစစ်) ကဘာလဲ။ ငှက်နဲ့လင်းနို့်တွေမှာ တွေ့ရလေ့ရှိတဲ့မှိုပိုးတွေကို ရှူမိခြင်းကြောင့်ဖြစ်ပါတယ်။ ချောင်းဆိုးခြင်းနှာချေခြင်းတွေကနေကနေ ကူးစက်ပျံ့ပွားနိုင်ပါတယ်။ ငှက်လင်းနို့အညစ်အကြေးတွေရှိနေတဲ့မြေကြီးကေနလည်း ကူးစကနိုင်တာကြောင့် လယ်သမားတွေ၊ မြေကြီးပြုပြင်သူတေမှာ ကူးစက်ခံရနိုငချေများပါတယ်။ ကူးစက်ခံရတဲ့လူအများစုမှာ လက္ခဏာတွေမပြတာကြောင့် ကူးစက်ခံနေရမှ်န်းသိပ်သတိမပြုမိတတ်ပါဘူး။ လူအချို့မှာဆိုရင်တော့ အထူးသဖြင့်ကလေးငယ်နဲ့ခုခံအားကျဆင်းနေသူတွေမှာ ပြင်းထန်နိုင်ပါတယ်။ အဆိုးရွားဆုံးအဆင့်ရောက်နေရင်တောင်မှ ထိရောက်တဲ့ကုသမှုပေးုင်ပါတယ်။ Histoplasmosis (ဟစ်တိုပလက်စ်မိုးစစ်) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   လက္ခဏာများHistoplasmosis (ဟစ်တိုပလက်စ်မိုးစစ်) ရဲ့လက္ခဏာတွေကဘာတွေလဲ အမျိုးအစားအများကြီးတွေ့ရပါတယ်။ မပြင်းထန်တဲ့အခြအနေမျာ လက္ခဏာမပြတတ်ပေမယ့် ပြင်းထန်တဲ့အခြေအနေတွေမှာတော့ အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။ လက္ခဏာတွေပေါ်လာတဲ့အခါမျာ ကူးစက်ခံ၇ပြီး ၃ရက်ကနေ၁၇ရက်ထိပေါ်နေလေ့ရှိပါတယ်။ ဖျားခြင်း ချမ်းတုန်ခြင်း ခေါင်းကိုက်ခြင်း ကြွက်သားများနာကျင်ြခ်င်း ချောင်းခြောက်ဆိုးခြင်း ရင်ဘတ်အောင့်ခြင်း အချို့လုူတွေမှာ အဆစ်နာခြင်းနဲ့အဖုအပိမ့်ထခြင်းတွေ ဖြစ်နိုင်ပါတယ် ။ အဆုတ်လေခိုခြင်းကဲံသို့ အဆုတ်ရောဂါရှိနေတဲ့လူနာတွေမျာဆိုရင် နာတာရှည်ရောဂါဖြစ်ုနိင်ပါတယ်။ နာတာရှည်ရောဂါလက္ခဏာတွေကတော့ ကိုယ်အလေးချိန်ကျခြင်းနဲ့ ချောင်းဆိုးသွေးပါခြင်းဖြစ်ပါတယ်။ တစ်ခါတ်စလေမှာ တီဘီရောဂါနဲ့အလားတူတတ်ပါတယ်။ အဆိုးရွားအပြင်းထန်ဆုံးအခြေအနေမှာဆိုရင်တော့ ကလေးတွေနဲ့ခုခံအားကျနေသူတွေမှာ ဖြစ်နိုင်ပါတယ်။ ပါးစပ်၊ အသည်း၊ ဦးနှောက်အာရုံကြော၊ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Legionnaires' disease (လီဂျီရိုနယ်ရီရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Legionnaires’ disease (လီဂျီရိုနယ်ရီရောဂါ) ကဘာလဲ။ ကူးစက်ပိုးဝင်ခြင်းကြောင့် ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်ပါတယ်။ လီဂျီယိုနယ်လားလို့ခေါ်တဲ့ဘတ်တီးရီးယားကြောင့် ဖြစ်ပါတယ်။ လူတစ်ဦးကနေ တစ်ဦးကိုမကူးစက်နိုင်ပါဘူး။ လူအများစုမှာ ဘတ်တီးရီးယားကိုရှူရှိုက်မိခြင်းကြောင့် ရောဂါရသွားပါတယ်။ အသက်ကြီးသူတွေ၊ ဆေးလိပ်သောက်သူတွေနဲ့ ခုခံအားနည်းနေသူတွေမှာ ဖြစ်နိုင်ချေများပါတယ်။ လီဂျီယိုနယ်လားဘတ်တီးရီးယားက တုပ်ကွေးနဲ့အလားတူတဲ့ဖျားနာခြင်းမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဆုတ်ရောင်ခြင်းသက်သက်ဒါမှမဟုတ်ဖျားနာခြင်းသက်သက် သို့နှစ်ခုတွဲပြီးတော့လည်း တစ်ခါတစ်လေဖြစ်နိုင်ပါတယ်။ ဖျားနာခြင်းသက်သက်ဆိုရင်တော့ သက်သာသွားလေ့ရှိပေမယ့် လီဂျီရိုနယ်ရီရောဂါကိုမကုသဘူးဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ချက်ချင်းကုသမှုပေးခြင်းက သက်သာပျေက်ကင်းစေနိုင်ပေမယ့် လူအချို့မှာတော့ ကုသမှုအပြီးမှာ ဆက်ဖြစ်ုနိင်ပါသေးတယ်။ Legionnaires’ disease (လီဂျီရိုနယ်ရီရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အဖြစ်နည်းတဲ့အထဲမှာတော့ မပါပါဘူး။ အဖြစ်နည်းတယ်လို့သတ်မှတ်ထားကြတာက ဖြစ်ပွားတဲ့အများစုက ရောဂါဖြစ်မှန်းမသိတတ်ကြပြီး ရောဂါကိုသိထားတဲ့အများစုမှာလည်း ပြည်သူ့ကျန်းမားရေးသက်ဆိုင်သူတွေဆီ သတင်းမရောက်တာမျိုးကြောင့် ဖြစ်ပါတယ်။ ရောဂါအဖြေရှာရှာခြင်း၊ သတင်းပို့ခြင်းမရှိခြင်းက ရောဂါကိုခန့်မှန်းရခက်စေပြီး ဖြစ်ပွားမှုကိုများစေပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများLegionnaires’ disease (လီဂျီရိုနယ်ရီရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ လီဂျီရိုနယ်ရီရောဂါ ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ လီဂျီရိုနယ်ရီရောဂါက […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Respiratory Tract Infection (အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း) ကဘာလဲ။ အသက်ရှုလမ်းကြောင်းကို အပေါ်ပိုင်းနှင့် အောက်ပိုင်းဟု နှစ်မျိုးခွဲထားပါသည်။ အပေါ်ပိုင်း အသက်ရှုလမ်းကြောင်းတွင် နှာခေါင်း၊ နှာခေါင်းလမ်းကြောင်း၊ နှာခေါင်းတွင်း လေအိတ်ခေါင်းများ၊ အာခံတွင်းနှင့် အသံကြိုးအထက်မှ လည်မျိုတို့အထိပါ၏။ အောက်ပိုင်းအသက်ရှုလမ်းကြောင်းတွင်တော့ အသံကြိုးအောက်မှ လည်မျို၊ လေပြွန်ကြီး၊ လေပြွန်ခွဲနှင့် လေပြွန်ငယ်တို့ ပါဝင်ပါသည်။ အဆုတ်ကို အောက်ပိုင်းအသက်ရှုလမ်းကြောင်းတွင် ထည့်နိုင်သလို သီးခြားတစ်ခုအဖြစ်လည်း ယူဆနိုင်ပါသည်။ ၎င်းတွင် လေပြွန်ငယ်များ၊ လေအိတ်ပြွန်များ၊ လေအိတ်ထုပ်များနှင့် လေအိတ်ငယ်များပါဝင်ပါသည်။ အသက်ရှုလမ်းကြောင်းအား ဓါတ်ငွေ့များသယ်ယူခြင်းနှင့် ဖလှယ်ခြင်းပေါ်မူတည်ပြီး ကူးလူးဆက်သွယ်ဇုံနှင့် အသက်ရှုဇုံဟုလည်း ခွဲခြားနိုင်ပါသေးသည်။ လေပြွန်ခွဲများမှထက်ပြီး ပြွန်ငယ် ၂၀ မှ ၂၃ ခုစီထိ ထက်ခွဲသွားကာ လေအိတ်ငယ်တစ်ခုတွင် ပြွန်တစ်ခုစီနှင့် အဆုံးသတ်ပါသည်။ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်းများမှာ လေအိတ်ခေါင်းများ၊ လည်မျို၊ လေပြွန်များနှင့် အဆုတ်များဆီသို့ မည်သည့်ပိုးမဆိုဝင်ခြင်းကို ဆိုလိုပါသည်။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) ကဘာလဲ။ အဆုတ်တွင်းရေဝင်ခြင်းဆိုသည်မှာ အဆုတ်တွင်း၌ ရေများစုလာခြင်းကိုဆိုလိုပါသည်။ ရေများသည် လေအိတ်ငယ်များအတွင်စုပုံလာပြီး အသက်ရှုရခက်စေသည်။ များသောအားဖြင့် နှလုံးရောဂါကြောင့်ဖြစ်တတ်ပြီး တခြားသော ကျန်းမာရေးအခြေအနေများကလည်း အဆုတ်တွင်းရေဝင်ခြင်းကို ဖြစ်စေတတ်ပါသည်။ အဆုတ်တွင်းရေဝင်ခြင်းသည် ရုတ်တရတ်ပေါ်လာတတ်သလို (Acute) နာတာရှည်ပုံစံမျိုးလည်း (Chronic) ဖြစ်နိုင်၏။ ရုတ်တရတ်ဖြစ်လာသည်ဆိုပါက ဒီအခြေအနေသည် အသက်သေသည်အထိဖြစ်နိုင်သောကြောင့် ဆေးကုသမှု ချက်ချင်းခံယူရမည်ဖြစ်သည်။ သို့သော်လည်း အချိန်မှီသိရှိလျှင်တော့ ကုသရာနိုင်သောကြောင့် စောလျင်စွာကုလျင် မြန်မြန်သက်သာနိုင်ပါသည်။ အဆုတ်တွင်းရေဝင်ခြင်းကိုကုသရာတွင် ၎င်းကိုရော အောက်ခံရောဂါကိုပါ ကုသရမည်ဖြစ်သည်။ Pulmonary Edema (အဆုတ်တွင်းရေဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အသက်ကြီးသူများ၌ အဖြစ်များသောရောဂါဖြစ်ပြီး ငယ်ရွယ်သူများတွင် ဖြစ်လေ့မရှိပါ။ ၇၅-၈၄ နှစ်လူ ၁၅ ယောက်လျှင် ၁ ယောက်နှုန်းရှိပြီး အသက် ၈၅နှင့်အထက် နှလုံးအလုပ်မလုပ်နိုင်သူ ၇ ယောက်လှင် ၁ ဦးကျ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) ကဘာလဲ။ အဆုတ်ဖုံးအမြှေးရောင်ခြင်းဆိုသည်မှာ အဆုတ်အား ဖုံးအုပ်ထားသည့် အမြှေးပါးရောင်ခြင်းဖြစ်ပါသည်။ အဆုတ်ဖုံးအမြှေးရောင်ခြင်းသည် စူးရှသည့် ရင်ဘတ်အောင့်မှု (Pleratic Pain) ကိုဖြစ်စေပြီး အသက်ရှုလိုက်လျှင် ပိုဆိုးဝါး၏။ အဆုတ်ဖုံးအမြှေးတွင် ပါးလွှာသောအလွှာနှစ်လွှာ ပါဝင်ပြီး အဆုတ်ကိုကာကွယ်ပေးသလို ရင်ဘတ်နံရံမှလည်း ခွာပေးပါသည်။ အလွှာနှစ်ခုကြား၌ အလွှာများ ချောနေစေရန် ချောဆီအဖြစ် အရည်များပါရှိ၏။ အဆုတ်ဖုံးအမြှေးရောင်လာသည့်အခါ အလွှာနှစ်လွှာ ချောမွတ်ဆွာ မပွတ်တိုက်နိုင်တော့ပဲ နာကျင်မှုကိုခံစားရသည်။ အထူးသဖြင့် ချောင်းဆိုနှာချေလျှင် ပိုနာ၏။ Pleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများPleurisy (အဆုတ်ဖုံးအမြှေးရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဆုတ်ဖုံးအမြှေးရောင်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ အသက်ရှု၊ ချောင်းဆိုး၊ နှာချေလိုက်လျှင် ဆိုးဝါးသော ရင်ဘတ်အောင့်ခြင်း အသက်ရှုမဝခြင်း ချောင်းဆိုးခြင်း – တစ်ချို့တွင်သာ ဖျားခြင်း – တစ်ချို့တွင်သာ ရင်ဘတ်အောင့်ခြင်းနှင့်ထိလျှင်နာခြင်း […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

Hypoxia (အောက်စီဂျင်နည်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hypoxia (အောက်စီဂျင်နည်းခြင်း) ကဘာလဲ။ အောက်စီဂျင်နည်းခြင်းသည် တစ်ရှူးများဆီသို့ အောက်စီဂျင်နည်းပါးစွာရောက်သော အခြေအနေကို ဆိုလိုပါသည်။ ဟိုက်ပေါက်စီးမီးယားဟုခေါ်သော သွေးတွင်းအောက်စီဂျင်ပမာဏ ပုံမှန်ထက်လျော့နည်းခြင်းမှ ဖြစ်ရခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် အထက်ပါအခြေအနေနှစ်မျိုးလုံးကိုညွှန်သည့်အနေဖြင့် အောက်စီဂျင်နည်းခြင်းဟုသာခေါ်လေ့ရှိပါသည်။ အောက်စီဂျင်နည်းခြင်း နှင့် ဟိုက်ပေါက်စီးမီးယားသည် တခြားသောအခြေအနေများ၏လက္ခဏာလည်း ဖြစ်နိုင်သည်။ ထိုအခြေအနေများသည် များသောအားဖြင့် အသက်ရှုစနစ်နှင့် သွေးလှည့်ပတ်မှုတွင်ဖြစ်သော အခြေအနေများဖြစ်သည်။ ပုံမှန်သွေးလွှတ်ကြောတွင်း သွေးများ၌ အောက်စီဂျင် ၇၅ – ၁၀၀ mmHg ရှိရမည်ဖြစ်သည်။ ၆၀ mmHg အောက်ဆိုပါက သင့်တွင် အောက်စီဂျင်နည်းခြင်းဖြစ်နေပြီး အောက်စီဂျင်ရှုရန် လိုအပ်နိုင်ပါသည်။ Hypoxia (အောက်စီဂျင်နည်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများHypoxia (အောက်စီဂျင်နည်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အောက်စီဂျင်နည်းခြင်း၏လက္ခဏာများမှာ တစ်ဦးနှင့်တစ်ဦး မတူတတ်ပါ။ သို့သော် […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အသက်ရှူလမ်းကြောင်းရောဂါအတွက် ဘာတွေသိထားသင့်သလဲ

Respiratory syncytial virus(RSV) သည် အလွယ်တကူ ကူးစက်နိုင်သော ဗိုင်းရပ်စ်ဖြစ်ပြီး ကလေး အသက် ၂ နှစ်အောက်ကလးများတွင် အသက်ရှုလမ်းကြောင်းအား ကူးစက်နိုင်ပါသည်။ ဖြစ်ရပ်တစ်ချို့တွင် RSV ကူးစက်ခြင်းမှ ပြင်းထန်သော နောက်ဆက်တွဲပြဿနာများဖြစ်သည့် လေပြွန်ရောင်ခြင်း (အဆုတ်၏ လေပြွန်ငယ်များရောင်ခြင်း) သို့မဟုတ် နမိုးနီးယားတို့ ဖြစ်တတ်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်ပါသည်။   RSV ကူးစက်ခြင်း၏ လက္ခဏာများ ပုံမှန်အားဖြင့် RSV ကူးစက်ခြင်း၏လက္ခဏာများမှာ အအေးမိခြင်းကဲ့သို့ ချောင်းဆိုးခြင်း၊ နှာစေးခြင်းများလို လက္ခဏာများဖြစ်သည်။ သို့သော် အအေးမိခြင်းနှင့်မတူသည်မှာ RSVB သည် နှာခေါင်းမှလည်းချောင်း ထိုမှ အသက်ရှုလမ်းကြောင်း အောက်ပိုင်းဆီသို့ အလျင်အပြန် ပျံ့နှံ့နိုင်ပြီး အဆုတ်တစ်ရှူးများကို ရောင်ရမ်းစေနိုင်ပါသည်။ RSV ကူးစက်ခံရသူအများစုသည် အအေးမိခြင်းလို ၂-၃ ရက်နှင့်မရက်ပဲ ၁၀ ထိကို ကြောက်စရာကောင်းသလိုလို ခံစားရပါသည်။ RSV […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း