ရာသီတုပ်ကွေး

ရာသီတုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး နှာခေါင်း၊ လည်ပင်းနဲ့ အဆုတ်ကို ထိခိုက်စေပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပေမယ့် လက္ခဏာတွေကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိထားဖို့ လိုပါတယ်။ ဒီမှာဆက်ဖတ်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီတုပ်ကွေး

နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်အတိုင်းအတာအထိ အသက်ဆုံးရှုံးနေရသလဲ .......

တုပ်ကွေးကြောင့် အသက်ဆုံးရှုံးမှုလို့ ပြောလိုက်လို့ တုပ်ကွေးဖြစ်ရင် သေလို့လား ...... တုပ်ကွေးက အဲ့လောက် ကြောက်စရာကောင်းလို့လား.... လို့ ထင်နေစရာ ရှိပါတယ်။ တုပ်ကွေးကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်ပါတယ်။ သေဆုံးနိုင်ခြေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ လူတွေက တုပ်ကွေးထက် COVID-19 ကို စိုးထိတ်နေခဲ့ကြပါတယ်။ ဒီလို စိုးထိတ်မှုတွေကြောင့် အပြင်ထွက်တဲ့အခါ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ လက်ကို သေချာ ဂရုတစိုက်ဆေးကြောတာ၊ ကျန်းမာစေတဲ့ အလေ့အထတွေကို လိုက်နာတာကြောင့် တုပ်ကွေး ဖြစ်ပွားမှုက ရှေ့နှစ်တွေကထက် ကျဆင်းခဲ့ပါတယ်။ နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်ထိ သေဆုံးမှုတွေရှိနေလဲ ...... ဒီအဖြေကို တိတိကျကျ ပြောပြဖို့က ခက်ပါမယ်။ နှစ်စဉ် တုပ်ကွေးကြောင့် ကမ္ဘာတလွှားမှာ လူဦးရေ များစွာ သေဆုံးနေကြပါတယ်။ တုပ်ကွေးက ဖြစ်တိုင်း […]

ရာသီတုပ်ကွေး ကို ရှာဖွေမည်။

ရာသီတုပ်ကွေး

တုပ်ကွေးနဲ့ဝေးဝေးနေရအောင်

မိုးအေးအေးလေးနဲ့ အိပ်လို့ကောင်းသလို ကြည်လင်လန်းဆန်းစွာနိုးထရတဲ့ နံနက်ခင်းလေးက သဘောတွေ့စရာကောင်းတယ်နော်။ မိုးတွင်းက ပတ်ဝန်းကျင်လည်းအေးမြစိမ်းစိုလို့နေရတာကောင်းပေမယ့် မိုးအေးမှုနဲ့အတူပါလာတတ်တဲ့ တုပ်ကွေးကတော့ ခံရခက်သား။ ဒီတစ်ခေါက်မိုးတွင်း တော့ တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေမယ်လို့ ဆုံးဖြတ်ထားတဲ့ Hello ဆရာဝန်ပရိသတ်ကြီးများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ဖြစ်အောင်ဖတ်ကြည့်ဖို့ အကြံပြုပါရစေ။ မိုးတွင်းမှာ ဘာလို့ တုပ်ကွးအဖြစ်များတာလဲ...... အေးမြတဲ့ရာသီဥတုမှာ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက ရှင်သန်ပေါက်ဖွားလွယ်ကြသလို ပူနွေးတဲ့အချိန်တွေမှာထက် အချိန်ကြာကြာပိုပြီး အသက်ရှင်နိုင်တာကြောင့်အေးမြတဲ့ရာသီဥတုတွေဖြစ်တဲ့ မိုးတွင်းနဲ့ဆောင်းတွင်းမှာ အအေးမိတုပ်ကွေးအဖြစ်များကြတာပါ။ တုပ်ကွေးနဲ့ခပ်ကင်းကင်းနေနိုင်စေမယ့် နည်းလမ်းတွေ တုပ်ကွေးကရှောင်လွှဲလို့ရတဲ့ရောဂါတစ်ခုပါ။ အခုပြောပြတဲ့နည်းလမ်းလေးတွေကို လိုက်နာလို့ မိုးတွင်းကို တုပ်ကွေးကင်းကင်းနဲ့ဖြတ်ကျော်ရအောင်လား။ အာဟာရြပည့်ဝအောင်စားပါ ဒါကတော့ တုပ်ကွေးတင်မဟုတ်ဘဲရောဂါပိုးတိုင်းကို တိုက်ထုတ်ဖို့အတွက် အရေးပါတဲ့အချက်တစ်ခုပါ။ အာဟာရပြည့်ဝမှ ကိုယ်ခံအား ကောင်းပြီးရောဂါပိုးတွေကို အကောင်းဆုံးတိုက်ထုတ်နိုင်မှာပါ။ ဒါကြောင့် အစားကို အချိန်မှန်မှန်နဲ့ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားပေးပါ။ အိပ်ရေးဝပါစေ တစ်ညတာမှာ အနည်းဆုံး အိပ်ချိန်ကို ၇ နာရီလောက်တော့ရှိအောင်အိပ်ပေးပါ။ ညဉ့်နက်တဲ့အထိ […]


ရာသီတုပ်ကွေး

တုပ်ကွေးဖြစ်နေချိန်မှာ ဘယ်လိုအစာအာဟာရတွေကို စားပေးသင့်လဲ

အအေးမိတုပ်ကွေးရောဂါဟာ ဝေဒနာ အလွန်မပြင်းထန်တဲ့တိုင်အောင် အစားပျက်၊ အသောက်ပျက်၊ အလုပ်ပျက်ရလောက်တဲ့အထိ လူကို ဒုက္ခပေးလွန်းတဲ့ ရောဂါတွေထဲက တစ်မျိုးပါပဲ။ အထူးသဖြင့် ဒီလို မိုးတွင်းနဲ့ ဆောင်းတွင်းလို ကာလမျိုးတွေမှာ အအေးမိတုပ်ကွေး ဖြစ်တဲ့လူဦးရေဟာ သာမန်အချိန်ထက် ပိုများနေတတ်ပါတယ်။ လက်ကို သေချာမဆေးမိတာကြောင့်၊ လူသူ ထူထပ်တဲ့ နေရာတွေကို သွားနေရတာကြောင့်၊ နှာချေ၊ ချောင်းဆိုးတဲ့အခါမှာ လက်ကိုင်ပဝါကို အသုံးမပြုတာကြောင့် အစရှိသဖြင့် အအေးမိတုပ်ကွေးရောဂါပိုးဟာ လူတစ်ဦးကနေတစ်ဆင့် ကူးစက်ပါတယ်။ အအေးမိတုပ်ကွေးဖြစ်ပြီဆိုရင်တော့ အိမ်မှာပဲ သေချာအနားယူတာ အကောင်းဆုံးပါပဲ။ ဒီလိုအချိန်တွေမှာ လူက ဖျားပြီး မောပန်းနေမယ့်အပြင် ခံတွင်းပျက်လို့ အစာအာဟာရကို သေချာပြည့်ဝစွာ စားသုံးပေးဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ အာဟာရရှိမှ ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကို ကာကွယ်ခုခံပေးနိုင်မှာပါ။ ဒါကြောင့် နာလန်ပြန်မထူခင်အချိန်အထိ ပုံမှန်စားနေကျအစာတွေကို ခဏရှောင်ထားပြီး […]


ရာသီတုပ်ကွေး

တုပ်ကွေးရာသီရောက်ပြီဆို ခုလိုအချက်လေးတွေ သိထားပြီး ကြိုပြင်ဆင်ထားဖို့ လိုပါတယ်။ ။

ခုလို ဆောင်းရာသီဟာ ဆောင်းရဲ့ အငွေ့အသက်တွေပါတဲ့ လေအေးအေးမှ ကြိုက်တဲ့သူတွေ အတွက်ကတော့ အသာယာဆုံးရာသီတစ်ခုပါ။ မိုးရဲ့ အငွေ့အသက်တွေ ကုန်သွားပြီဆိုပြီး တုပ်ကွေးရာသီကုန်ပြီလို့ ပြောလို့မရပါဘူး။ ဗိုင်းရပ်ပိုးတွေကိုက အေးနေရင်ပိုပြီး ရှင်သန်နိုင်တဲ့ သဘောရှိတာကြောင့် လေထဲမှာ မမြင်ရတဲ့ ပိုးတွေရှိနေနိုင်ပါသေးတယ်။ မိုးရာသီတစ်ခုပဲ တုပ်ကွေးရာသီ မဟုတ်ပါဘူး။ ဆောင်းရာသီမှာလည်း တုပ်ကွေးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ဆောင်းရောက်တော့မှာမို့လို့ အနွေးထည်ေလးတွေဝယ်ပြီး အအေးဒဏ်ခံနိုင်ဖို့ ကြိုပြင်ဆင်ထားကြသလို ဆောင်းတွင်းတုပ်ကွေး အတွက်လည်း ကြိုပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ တုပ်ကွေးရာသီရောက်လာတာနဲ့ ဘာတွေကြိုပြင်ဆင်ထားဖို့ လိုအပ်လဲ။ ။ ကိုယ်ချစ်တဲ့ သူတစ်ယောက် နေမကောင်းဖြစ်တာကို ဘယ်သူမှတော့ မမြင်ချင်ကြဘူးလေ။ ဒါကြောင့် ကိုယ့်မိသားစုဆီကို မခေါ်ဘဲနဲ့ အမြဲရောက်ရောက်လာတတ်တဲ့ အအေးမိ တုပ်ကွေးရန်ကနေ ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ။ တုပ်ကွေးရာသီရောက်ပြီဆို ဘာတွေပြင်ဆင်ထားဖို့ လိုအပ်လဲ။ ။ ဈေးဝယ်ထွက်ပါ - ဈေးဝယ်ထွက်ဆိုလို့ အနွေးထည်ချည်းပဲ […]


ရာသီတုပ်ကွေး

သင်က ခဏခဏ ဖျားတတ်တဲ့သူလား။ ဒါဆိုရင် တုပ်ကွေးရာသီကို ဒီအချက်လေးတွေနဲ့ ဖြတ်ကျော်လိုက်ပါ။

တုပ်ကွေးဆိုတာ တစ်အိမ်တည်းနေတဲ့သူချင်းအတူတူ ခုခံအားနည်းတဲ့ သူကိုပဲဝင်တတ်တဲ့ အမျိုးပါ။ အားနွဲ့သူဆို ပို အနိုင်ကျင့်တဲ့ လူဆိုးကြီးပေါ့။ သင်ကလည်း ခုခံအားနည်းတဲ့သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် တုပ်ကွေး အနိုင်ကျင့်တာ မခံရဖို့ ခုပြောထားတဲ့ အချက်လေးတွေ လိုက်လုပ်ကြည့်သင့်တယ်နော်။ ဒါမှ ဘယ်လိုရာသီပဲရောက်ရောက် တုပ်ကွေးကို မမှုဘဲ နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။ ခုခံအားစနစ်ကို ဘာတွေက ထိခိုက်စေလဲ။ ။ ခုခံအားဆိုတာ ကိုယ်တွင်းစစ်တပ်ကြီးရဲ့ ဗိုလ်မှူးချုပ်ကြီးပါ။ အပြင်ကဝင်လာတဲ့ ရန်သူပိုးမွှားတွေ အကုန်လုံးကို သူအားကောင်းလို့ကတော့ အပြတ်ချေမှုန်းတဲ့သူပါ။ ဒါပေမယ့် သူအားနည်းတဲ့ အချိန်လည်းရှိပါတယ်။ ခုခံအား စနစ်ကို အားနည်းအောင် လုပ်တဲ့ သူတွေကတော့ စိတ်ဖိစီးမှုများတာ အရက်၊ ဘီယာ အသောက်များတာ၊ ဆေးလိပ်သောက်တာ အချို နဲ့ အသင့်စား အစားအသောက်တွေ ပိုကြိုက်တတ်တာ အိပ်ရေးပျက်များတာ အဝလွန်နေပြီး ကိုယ်လက်လေ့ကျင့်ခန်း မလုပ်တာ […]


ရာသီတုပ်ကွေး

ဖျားမှာကြောက်လား။ ဒီလိုကာကွယ်ပါ။

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားပုံအတိုင်းပဲရောဂါတော်တော်များများက မဖြစ်ခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ရောဂါဖြစ်လာရင် ခန္ဓါကိုယ်ကတုံ့ပြန်တိုက်ခိုက်ရတဲ့အတွက် မလိုအပ်ဘဲ ပင်ပန်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ရောဂါတွေကို မဖြစ်ခင်က ကာကွယ်ကြဖို့ပြောပါရစေ။ ခန္ဓါကိုယ်ကျန်းမာနေစေဖို့အတွက် တာဝန်အရှိဆုံးသူက ကိုယ်တိုင်ပါ။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အလေ့အထလေးတွေကိုမွေးမြူပြီး ခန္ဓါကိုယ်ထဲကို မလိုလားအပ်တဲ့ရောဂါဘယတွေ ဝင်မလာအောင် တားဆီးလိုက်ပါ။ တုပ်ကွေးအန္တရာယ်ကို ကိုယ်တိုင်ကာကွယ်လိုက်ပါ ရာသီအကူးအပြောင်းတွေ အပူအအေးမမှန်တဲ့အချိန်တွေမှာ တုပ်ကွေးမိတာ အအေးမိဖျားနာတာတွေအဖြစ်များကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ပတ်ဝန်းကျင်ကလူတွေဖျားတိုင်း လိုက်မဖျားဖို့ဆိုရင် ဒီအဆင့်လေးတွေလုပ်ကြည့်ပြီး ကာကွယ်လိုက်ပါ။ လက်တွေသေချာဆေးကြောပေးပါ - လက်ချောင်းလေးတွေကနေရာတော်တော်များများကို ထိတွေ့နေရတာကြောင့် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ အများကြီး ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်တွေကိုသေချာဆေးကြောပေးဖို့ မမေ့ပါနဲ့။ရေနဲ့ဆပ်ပြာအလွယ်တကူမရနိုင်တဲ့အခါမျိုးမှာ လက်ကိုသန့်စင်နိုင်စေဖို့အတွက် သွားလေရာကိုရေမလိုလက်သန့်ဆေးရည်ေဆာင်သွားပေးပါ။ ချောင်းဆိုးနှာချေရင် တစ်သျှူးအသုံးပြုပေးပါ - နှာချေချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လက်နဲ့အုပ်လိုက်မယ်ဆိုရင် လက်ဖဝါးမှာရောဂါပိုးတွေပေကျံသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်ကသူတွေအတွက်ပါရောဂါကင်းဖို့ဆိုရင် နှာချေချောင်းဆိုးတိုင်း တစ်သျှူးအသုံးပြုပေးပါ။ တစ်သျှူးမရှိဘူးဆိုရင် လက်ကိုကွေးလိုက်ပြီးကွေးထားတဲ့လက်ထဲကို နှာချေချောင်းဆိုးတာမျိုးလုပ်ပေးပါ။ မျက်နှာကို […]


အသက်ရှူလမ်းကြောင်းကျန်းမာရေး

တုပ်ကွေးဖြစ်ပြီဆို ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ

လည်ချောင်းတွေယားပြီး တဟွတ်ဟွတ်ဆိုးနေတဲ့ချောင်းနဲ့ နှာတချေချေဖြစ်နေပြီဆို ဇာတ်လမ်းတော့စပြီလို့ သိကြမှာပါနော်။ နှာရည်ကျတာ၊ ကိုယ်လက်နည်းနည်းကိုက်ခဲလာတာဆိုသေချာနေပါပြီ။ ဒါပေမယ့် ရိုးရိုးအအေးမိတာထင်ပြီး ကြက်စွပ်ပြုတ်ပဲသောက်နေတာထက် ဘယ်အချိန်မှာဆရာဝန်ပြသင့်ပြီလဲဆိုတာ သိထားသင့်ပါတယ်။ အအေးမိ၊တုပ်ကွေးဆိုတာ ရာသီဥတုအေးတဲ့အခါအဖြစ်များတဲ့၊ ပြန့်ပွားလွယ်တဲ့ဝေဒနာဖြစ်ပါတယ်။ ဒါ့ကြောင့် နေမကောင်းတဲ့အချိန်ဆို တတ်နိုင်ရင် အလုပ်၊ကျောင်းမသွားသင့်သလို လူများတဲ့ ပွဲတွေ၊တွေ့ဆုံပွဲတွေ၊ မားကတ်တွေကိုရှောင်သင့်ပါတယ်။ အများအားဖြင့်တော့ လက္ခဏာတွေက သိပ်မပြင်းထန်တတ်ဘဲ ကိုယ်ခံအားနဲ့သက်သာသွားတတ်ပေမယ့် အိမ်မှာပဲသက်သာအောင်နေရာကနေ၂၄ နာရီအတွင်း အဖျားမကျဘူးဆိုရင်ဆေးခန်းပြသင့်ပါတယ်။ဝေဒနာပိုဆိုးလာပြီဆိုရင်တော့ရောဂါပိုးဝင်တာတစ်ခုခုရှိနေနိုင်ပါတယ်။ ဘာလက္ခဏာတွေဖြစ်လာရင်ဆေးခန်းပြသင့်နေပြီလဲ အသက်ရှူရအဆင်မပြေဘူး၊ ရင်ဘတ်အောင့်လာတယ် အအေးမိတုပ်ကွေးဖြစ်တိုင်း အသက်ရှူရခက်တာ၊ ရင်ဘတ်အောင့်တာတွေ မဖြစ်စေလောက်ပါဘူး။ တကယ်လို့ ဒီလက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ ပန်းနာရင်ကျပ် သို့မဟုတ် အဆုတ်ရောင်နမိုးနီးယားတို့လိုရောဂါပိုးဝင်တာတွေဖြစ်နေနိုင်ပါတယ်။ အဖျားမကျဘူး အိမ်မှာဂရုစိုက်ရင်း ကိုယ်အပူချိန်မကျဘူး၊ မသက်သာဘူးဆိုရင် ကုသမှုလိုအပ်နေတဲ့ရောဂါကူးစက်ခံရမှုတစ်ခုခုရှိနေနိုင်ပါတယ်။ယေဘုယျအားဖြင့် လူကြီးတစ်ယောက်ရဲ့ကိုယ်အပူချိန်က ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်ဆိုရင် အဖျားရှိတယ်လို့ ယူဆရပါတယ်။ မျိုချလို့မရဘူး ဒါ ပုံမှန်မဟုတ်ပါဘူး။ လည်ချောင်းနာတယ်ဆိုတာက တစ်ခုခုမျိုချတိုင်း နည်းနည်းနာတာပဲရှိပေမယ့်ရေနဲ့အစာ ဘာမှမျိုချမရလောက်အောင်နာကျင်နေတယ်ဆိုရင်တော့ရောဂါပိုးဝင်တာ ဒါမှမဟုတ် ထိခိုက်ထားတာရှိနေနိင်လို့ […]


ရာသီတုပ်ကွေး

နေမကောင်း ဖြစ်နေတာလား။ မြန်မြန်သက်သာအောင် ဒါလေးတွေလုပ်နော်

နေမကောင်းဖြစ်တာက အပြင်ရုပ်ပိုင်းဆိုင်ရာကိုတင်မက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ဘယ်သူကတော့နေမကောင်း အကြာကြီးဖြစ်ချင်မလဲနော်။ မြန်မြန်ပြန်ပျောက်ချင်တာပေါ့။ ဒါကြောင့် ကိုယ်နေမကောင်းဖြစ်ရင် သိသင့်တဲ့ အချက်တွေ သိထားပြီး လိုက်နာရင်တော့ ကိုယ်လည်းမြန်မြန်ပြန်ကျန်းမာ၊ ကိုယ်ချစ်တဲ့ သူတွေကိုလည်း နေမကောင်းဖြစ်တာ မကူးတော့ဘူးပေ့ါ။ ဖျားနာရင်ဆေးသောက်တာနဲ့တင် မပြီးပါဘူး။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။ တုပ်ကွေးက ကူးစက်တာမြန်တတ်လား။ ။ တုပ်ကွေးက လေကတစ်ဆင့် ကူးစက်တာ အပြင် ရောဂါရှိတဲ့သူဆီက ထွက်တဲ့ တံထွေး၊ နှာရည်တွေကို ထိမိကိုင်မိတာကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ အိမ်မှာ တစ်ယောက် တုပ်ကွေးဖြစ်ပြီဆိုတာနဲ့ အိမ်သားအားလုံး ကူးစက်နိုင်ခြေရှိပါတယ်။ ကိုယ်ကြောင့် သူများနေမကောင်းဖြစ်သွားရင် အားနာနေရတဲ့ ခံစားမှုကြီးက မကောင်းပါဘူး။ ဒါကြောင့်ကိုယ့်တုပ်ကွေး သူများဆီ မရောက်ဖို့ နဲ့ ကိုယ်လည်း မြန်မြန်ပြန်ကောင်းအောင် လိုက်နာလုပ်ဆောင်ရမယ့် ကိစ္စလေးတွေ ရှိပါတယ်။ ကိုယ့်ဆီမှာ တုပ်ကွေးဖြစ်နေပြီဆို ဘယ်လိုအချက်တွေ […]


ရာသီတုပ်ကွေး

သင်ဟာ တခြားသူတွေထက်ပိုပြီး မကြာခဏဖျားနာတတ်တဲ့သူလား။ ဒါတွေကြောင့်ဖြစ်မှာပါ

ငယ်ငယ်ကကျောင်းပြေးချင်လွန်းလို့ ဖျားချင်ခဲ့ဖူးတယ်ဟုတ်။ ကလေးဘဝတုန်းကတော့ ဖျားပြီဆိုရင် အိမ်မှာနေရမယ်၊ဖေဖေမေမေကို ကပ်ချွဲပြီး လိုချင်တာလေးဝယ်ခိုင်းတယ်၊ စားချင်တာလေး ဝယ်ကျွေးခိုင်းလို့ရလို့ ဖျားချင်ခဲ့ဖူးကြတယ်လေနော်။ဖေဖေမေမေတွေကချီပြီးဆေးခန်းလိုက်ပို့ပေးလို့ ခဏခဏကိုဖျားချင်ခဲ့တာပါ။ ဒါပေမယ့် အရွယ်ရောက်လာတော့ အအေးမိတုပ်ကွေးဖြစ်ရင်ခံစားရတာက မသက်သာလွန်းလို့ မဖျားချင်တော့ပါဘူး။ ဖျားရင်တောင်မြန်မြန်သက်သာချင်တဲ့ဆန္ဒက စဖျားကတည်းကကိုဖြစ်နေတာလေ။ ဒီတော့ ဘယ်အချက်တွေက တုပ်ကွေးဖြစ်ဖို့ အားပေးရာရောက်နေလဲဆိုတာကို သိထားမယ်ဆိုရင် ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး တုပ်ကွေးနဲ့ ခပ်ကင်းကင်းနေလို့ရတာပေါ့။ဖြစ်နိုင်တာကို ဆင်ခြင်လို့ရအောင် ဒီဆောင်းပါးလေးထဲက အကြံဉာဏ်ကိုရယူလိုက်ပါနော်။ တုပ်ကွေးဆိုတာ တုပ်ကွေးဆိုတာက အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာ ပိုးဝင်ကူးစက်တဲ့ ဖျားနာမှုတစ်မျိုးပါ။ တုပ်ကွေးရောဂါပိုးက နှာခေါင်းကနေတဆင့် အသက်ရှုလမ်းကြောင်းတလျှောက် လည်ချောင်းနဲ့ အဆုတ်အထိဝင်ရောက်ကူးစက်တာပါ။ တုပ်ကွေးက တစ်ခါတလေမှာ အအေးမိဖျားနာတာနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးကနောက်ဆက်တွဲရောဂါတစ်သီကြီးနဲ့အတူရောက်လာတတ်တာပါ။ တုပ်ကွေးဖြစ်ပြီဆိုရင် ချောင်းခြောက်ဆိုးမယ် အဖျားနည်းနည်းရှိနေမယ် လည်ချောင်းနာမယ် ကြွက်သားတွေနဲ့ တစ်ကိုယ်လုံးမှာ နာကျင် ကိုက်ခဲတာတွေဖြစ်မယ် ခေါင်းကိုက်မယ် […]


ရာသီတုပ်ကွေး

အအေးမိ တုပ်ကွေး မှားယွင်းနေတဲ့အထင်အမြင်များ

တုပ်ကွေးရာသီရောက်ပြီဆိုတာနဲ့ရှေ့ဆုံးကဖျားတတ်နာတတ်လွန်းလို့ စိတ်ညစ်နေသူတစ်ယောက်အဖို့ကတော့ မဖျားအောင် ဒါလေးတွေလုပ်ပါဆိုပြီး အသိမိတ်ဆွေတွေဆွေမျိုးတွေကပြောတာတွေကို လိုက်လုပ်မိနေတော့မှာအသေအချာပဲလေ။ ကိုယ်တိုင်တောင်တစ်ခါတစ်ခါ လုပ်မိနေတတ်သေးတာလေ။ ဒါပေမယ့် သူတို့ကစေတနာနဲ့ပြောတာဆိုပေမယ့် အယူအဆတွေကမှားနေမယ်ဆိုရင် အထောက်အကူမပြုနိုင်မှာတော့ အသေအချာပဲလေ။ ဒီတော့ တုပ်ကွေးနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့ အယူအဆအမှားတွေ ကိုယ်တိုင်ရောလုပ်မိနေလားဆိုတာကို ဒီဆောင်းပါးလေးဖတ်ရင်း ဆန်းစစ်ကြည့်လိုက်နော်။ တုပ်ကွေးနဲ့ပတ်သက်လို့ သိထားမိနိုင်တဲ့ အယူအဆအမှားတွေ ဆံပင်ရေစိုနဲ့လေတိုက်တိုက်မှာ ထိုင်မိတာကိုး - ကြားဖူးတယ်မှတ်လား။ခေါင်းလျှော်ပြီးရေမခြောက်ခင် အပြင်ထွက်သွားတာကိုး။ အခုတော့ဖျားပြီလေဆိုတာမျိုးပေါ့။ ဟုတ်များဟုတ်နေလားလို့တွေးမိမှာပေါ့။ တကယ်တော့ ဒါကတိုက်ဆိုင်သွားတဲ့ အကြောင်းအရာတစ်ခုပေါ့။ တကယ်တော့ အအေးမိတုပ်ကွေးြဖစ်တယ်ဆိုတာက ဗိုင်းရပ်စ်ကြောင့်ပါ။ ဆံပင်ကိုခြောက်အောင်သုတ်သင့်တာကမှန်ပေမယ့် ဆံပင်ရေစိုနဲ့ အပြင်ထွက်လို့တော့ တုပ်ကွေးမဖြစ်ပါဘူး။ ရာသီဥတုေအးနေတာကို အနွေးထည်မဝတ်ဘဲ အပြင်ထွက်တယ် -အေးနေတာကို အနွေးထည်ခပ်ပါးပါးတစ်ထည်လောက်တော့ ဝတ်ဦးမှပေါ့။ အအေးမိမယ်လေလို့ ကိုယ့်ကိုချစ်တဲ့သူကလှမ်းမှာတာကြားဖူးကြမှာပေါ့။မေမေ့ဆီက အများဆုံးကြားရနိုင်ပါတယ်။မေမေတွေက သားသမီးတွေကို အမြဲမပြတ်ဂရုစိုက်နေတတ်ကြသူတွေပါ။မေမေက ဂရုဏာမေတ္တာနဲ့ မှာတာကို လျစ်လျူမရှု့ဖို့ပြောချင်ပါတယ်။ ဒါပေမယ့် အနွေးထည်မဝတ်လို့ ခန္ဓါကိုယ်မှာ ပိုအေးသွားတာတော့ဖြစ်နိုင်ပေမယ့် […]


ရာသီတုပ်ကွေး

အသက်သေဆုံးသည်အထိ ပြင်းထန်တဲ့တုပ်ကွေးများအကြောင်း တစ်စေ့တစ်စောင်း

အအေးမိ တုပ်ကွေးလို့ လူတွေပြောလေ့ရှိတာဆိုတော့ တုပ်ကွေးဆိုတာက သိပ်ပြင်းထန်တဲ့ရောဂါတစ်ခုမဟုတ်ဘူးလို့ လူတွေထင်စရာရှိပါတယ်။ တကယ်တမ်းက ရာသီအလိုက်အဖြစ်များလေ့ရှိတဲ့တုပ်ကွေးအပျော့စားကြောင့်သာ တုပ်ကွေးဆိုတာက သိပ်မပြင်းထန်တဲ့ရောဂါတစ်ခုလို့ ထင်မြင်ရတာပါ။ တကယ်တမ်းမှာတော့ အရမ်းပြင်းထန်တဲ့တုပ်ကွေးဗိုင်းရပ်စ်ေတွလည်း ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်တဲ့တုပ်ကွေးတွေအကြောင်းကို ပြောပြပေးသွားမှာပါ။ တုပ်ကွေးဘာကြောင့်ဖြစ်ရတာလဲ တုပ်ကွေးဆိုတာ Influenza လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရတာပါ။ သူက အဓိကအားဖြင့် အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတာဖြစ်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ကိုယ်အပူချိန်တက်ပြီး ဖျားတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ နှာစေး၊ချောင်းဆိုးတာ တွေ ဖြစ်ပါတယ်။ တုပ်ကွေး ဘယ်နှစ်မျိုးရှိလဲ Influenza Virus ကို A, B, C ဆိုပြီး အုပ်စု ကြီး၃ခုခွဲလို့ရပါတယ်။ Influenza Virus A Influenza A ဗိုင်းရပ်စ်ကို Avian Influenza ( Bird Influenza) လို့ လူသိများပါတယ်။ Influenza […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း