ရာသီတုပ်ကွေး

ရာသီတုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး နှာခေါင်း၊ လည်ပင်းနဲ့ အဆုတ်ကို ထိခိုက်စေပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရပေမယ့် လက္ခဏာတွေကို သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သိထားဖို့ လိုပါတယ်။ ဒီမှာဆက်ဖတ်နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရာသီတုပ်ကွေး

နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်အတိုင်းအတာအထိ အသက်ဆုံးရှုံးနေရသလဲ .......

တုပ်ကွေးကြောင့် အသက်ဆုံးရှုံးမှုလို့ ပြောလိုက်လို့ တုပ်ကွေးဖြစ်ရင် သေလို့လား ...... တုပ်ကွေးက အဲ့လောက် ကြောက်စရာကောင်းလို့လား.... လို့ ထင်နေစရာ ရှိပါတယ်။ တုပ်ကွေးကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်ပါတယ်။ သေဆုံးနိုင်ခြေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ လူတွေက တုပ်ကွေးထက် COVID-19 ကို စိုးထိတ်နေခဲ့ကြပါတယ်။ ဒီလို စိုးထိတ်မှုတွေကြောင့် အပြင်ထွက်တဲ့အခါ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ လက်ကို သေချာ ဂရုတစိုက်ဆေးကြောတာ၊ ကျန်းမာစေတဲ့ အလေ့အထတွေကို လိုက်နာတာကြောင့် တုပ်ကွေး ဖြစ်ပွားမှုက ရှေ့နှစ်တွေကထက် ကျဆင်းခဲ့ပါတယ်။ နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်ထိ သေဆုံးမှုတွေရှိနေလဲ ...... ဒီအဖြေကို တိတိကျကျ ပြောပြဖို့က ခက်ပါမယ်။ နှစ်စဉ် တုပ်ကွေးကြောင့် ကမ္ဘာတလွှားမှာ လူဦးရေ များစွာ သေဆုံးနေကြပါတယ်။ တုပ်ကွေးက ဖြစ်တိုင်း […]

ရာသီတုပ်ကွေး ကို ရှာဖွေမည်။

ရာသီတုပ်ကွေး

အအေးမိတာလား၊ တုပ်ကွေးလား

အတော်များများက အအေးမိတုပ်ကွေးလို့ ကြားရင် ရောဂါတစ်ခုတည်းလို့ထင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အအေးမိတာနဲ့ တုပ်ကွေးက နည်းနည်းတော့ ကွာပါတယ်။ ဒီ နှစ်မျိုးက ပြသတဲ့လက္ခဏာတွေလည်း နည်းနည်းကွဲပြားတာကြောင့် အအေးမိတာလား၊ တုပ်ကွေးလား ဆိုတာကို ဘယ်လိုခွဲခြားကြမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။ ယေဘုယျပြောရမယ်ဆို အအေးမိရောဂါက တုပ်ကွေးလောက်မပြင်းထန်ပါဘူး။ အအေးမိရင် ၂-၃ ရက်ကနေ တစ်ပတ်လောက်ထိ နေရတာ မအီမလည်ဖြစ်တတ်ပေမယ့် တုပ်ကွေးဆိုရင်တော့ တစ်ပတ်ကျော်တဲ့အထိ ခံစားရတတ်ပါတယ်။ နောက်ပြီး ကိုယ်ခံအားသိပ်မကောင်းတဲ့သူတွေဆို တုပ်ကွေးဝင်ရင် အဆုတ်ရောင်ရောဂါလို နောက်ဆက်တွဲပိုပြင်းထန်တဲ့ရောဂါတွေခံစားရနိုင်ပါတယ်။ အအေးမိ လက္ခဏာတွေက ဘာတွေလဲ ပထမဆုံးနဲ့ အသိသာဆုံးပြတတ်တဲ့ လက္ခဏာကတော့ လည်ချောင်းနာတာပါပဲ။ ပြီးရင် နှာခေါင်းပိုင်းမှာ ပြဿနာပေါ်လာမယ်။ နှာရည်ယို၊ နှာပိတ်တာတွေဖြစ်လာပြီးရင် ချောင်းပါဆိုးလာလေ့ ရှိပါတယ်။ ကလေးတွေမှာ အအေးမိရင် ဖျားပါဖျားတတ်ပေမယ့် လူကြီးတွေမှာတော့ သိပ်ဖျားလေ့မရှိပါဘူး။ အအေးမိတာအများစုက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ အအေးမိတာကို […]


ရာသီတုပ်ကွေး

အအေးမိတာချင်းအတူတူ ကလေးနဲ့ လူကြီး ဘယ်လိုကွာသွားလဲ

ဘာလိုလိုနဲ့ အအေးမိတုပ်ကွေး ရာသီကာလကိုတောင် ပြန်ရောက်လာတော့မယ်နော်။ ဒီလို နွေဦး၊ မိုးတွင်းကာလတွေဆိုတာ ကျား၊ မ အသက်အရွယ် မရွေး မကြာခဏဆိုသလို နှာစေးအအေးမိ ချောင်းဆိုးပြီး ဖျားနာတတ်ကြတဲ့ အချိန်ကာလတွေပေါ့။ အအေးမိတုပ်ကွေးကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေဟာ လေထုထဲမှာ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ရှိနေနိုင်ပြီး မွေးကင်းစကလေးမှ ဘိုးဘိုးဘွားဘွားအရွယ်ထိ ကူးစက်ခံရနိုင်တယ်နော်။ ဒီဆောင်းပါးမှာတော့ ကလေးအအေးမိတာနဲ့ လူကြီးအအေးမိတာ ဘာတွေကွာခြားသွားလဲ၊ ဘယ်လိုပိုပြီး ဂရုစိုက်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ ကလေးတွေက အဖျားတက်ဖို့ ပိုလွယ်တယ်။ အအေးမိတုပ်ကွေးရဲ့ အဓိကလက္ခဏာကတော့ ချောင်းဆိုးခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လည်ချောင်းနာခြင်းတွေ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကို ကလေးပဲဖြစ်စေ၊ လူကြီးပဲ ဖြစ်စေ ခံစားရနိုင်ပေမယ့် ကလေးတွေကတော့ လူကြီးတွေထက် ကိုယ်ပူရှိန်တက်ဖို့ ပိုလွယ်ကူနိုင်ပါတယ်။ လူကြီးတွေမှာလည်း အဖျားတက်တာမျိုး […]


ရာသီတုပ်ကွေး

တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။

တုပ်ကွေး ဆိုတာ ကူးစက်တတ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတစ်မျိုးဖြစ်ပြီး ဆောင်းဦးနဲ့ ဆောင်းတွင်းပိုင်းမှာ အဖြစ်များပါတယ်။ တုပ်ကွေးက တစ်ခါတစ်လေ အလုပ်ပျက် ကျောင်းပျက် ဆေးရုံတက်ရတဲ့အထိ ဆိုးတတ်ပါတယ်။ ဒါကြောင့် တုပ်ကွေးဖြစ်ရင် ဘာလုပ်ကြမလဲ။ ပိုးသတ်ဆေးသောက်ကြမလား။ ပိုးသတ်ဆေးတွေက ဘာလုပ်ပေးသလဲ။ ပိုးသတ်ဆေးဆိုတာ ဘတ်တီးရီးယားတွေကို သတ်ပေးတဲ့ ဆေးတစ်မျိုးပါ။  တုပ်ကွေးဆိုတာကရော ဘာလဲ။ တုပ်ကွေးဆိုတာကတော့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ ချောင်းဆိုးနှာချေလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကနေ ကူးတတ်ပါတယ်။ အမှုန်အမွှားတွေက တံခါးလက်ကိုင်မှာ၊ စားပွဲမျက်နှာပြင်မှာ ကပ်နေတတ်ပြီး ဒီပစ္စည်းတွေကို ကိုင်မယ်။ ပြီးတော့ မျက်နှာတို့ ပါးစပ်တို့ နှာခေါင်းတို့ကို ကိုင်မယ်ဆိုရင်လည်း ကူးစက်တတ်ပါတယ်။ ဒါကြောင့်လက်မကြာခဏဆေးဖို့ ပြောရတာပါ။ တုပ်ကွေးဖြစ်ပြီဆိုရင် -ဖျားမယ် -ချမ်းတုန်မယ် -ချောင်းဆိုးမယ် -နှာရည်ယိုမယ် -လည်ပင်းနာမယ် ​-ကိုယ်လက်တွေကိုက်မယ် -နုန်းမယ် -ခေါင်းကိုက်ပါမယ် ဒီလောက်ဆိုရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးမှာ ဘက်တီးရီးယားတွေကို သေစေတဲ့ ပိုးသတ်ဆေးက အလုပ်မဖြစ်ဘူးဆိုတာ နည်းနည်းတော့ သဘောပေါက်လောက်ပါပြီ။ တုပ်ကွေးဖြစ်တာ ပိုးသတ်ဆေးသောက်မိရင်ဘာဖြစ်မလဲ။ တစ်ခွန်းတည်းပြောရရင် ဆေးယဉ်ပါးဖြစ်တတ်ပါတယ်။ ဆိုလိုတာက […]


ရာသီတုပ်ကွေး

တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော်

ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာက မိုးတွင်းကာလဆိုရင် တုပ်ကွေး၊ ငှက်ဖျားတွေ စတင်ဖြစ်ပြီး အေးတဲ့ ဆောင်းရာသီမှာတော့ ဒီလိုဖျားနာခြင်းတွေဟာ ပုံမှန်ထက်ပိုပြင်းထန်နိုင်သလို တစ်ဦးကနေ နောက်တစ်ဦး ကူးစက်ဖို့လည်း အရမ်းမြန်တာကို မမေ့သင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီလိုတုပ်ကွေးကို ဖြစ်စေတဲ့ ရောဂါပိုးတွေဟာ အေးမြပြီး ခြောက်သွေ့တဲ့ ရာသီမှာ အသက်ရှင်ရလွယ်ကူသလို ချမ်းစိမ့်တဲ့လေတွေထဲမှာလည်း အမြဲလိုလို ပါနေတတ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးဗဟုသုတ နည်းလွန်းတဲ့သူအများစုရဲ့ လက်ကိုင်ပဝါနဲ့ ပါးစပ်ကို မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးတတ်တဲ့ အကျင့်ဆိုးကြောင့် ပုံမှန်ထက်ပိုပြီး တုပ်ကွေးတွေ အဖြစ်များနိုင်ပါတယ်။ နောက်တစ်ချက် ဂရုစိုက်သင့်တာကတော့ ခြင်ပါ။ ခြင်ဆိုတာက ပူတဲ့အချိန်မှာ ပွားတာများတယ်၊ အေးတဲ့အချိန်မှာ သိပ်မတွေ့ရဘူးဆိုပေမဲ့ လုံးဝလျစ်လျူရှုထားလို့ မရပါဘူး။ အထူးသဖြင့် ဒီလိုဆောင်းတွင်းမှာက အပြင်သိပ်မသွားဘဲ အိမ်မှာပဲ အမြဲအောင်းနေတတ်တာဆိုတော့ ခြင်ကိုက်ခံရဖို့ ပိုလွယ်ကူနိုင်ပါတယ်။ […]


ရာသီတုပ်ကွေး

တုပ်ကွေးကာကွယ်ဆေးထိုးဖို့ အချိန်ဆွဲနေတော့မှာလား

ခုလိုရာသီအကူးအပြောင်းကာလမှာ လူတွေကြည့်လိုက်ရင် တုပ်ကွေးဖြစ်တာနဲ့၊ အအေးမိတာနဲ့၊ ကိုယ်လက်တွေ ကိုက်ခဲရတာနဲ့ စိတ်မချမ်းသာစရာတွေပဲနော်။ တုပ်ကွေးအတွက် တုပ်ကွေးကာကွယ်ဆေးထိုးရင် ထိထိရောက်ရောက်ကာကွယ်နိုင်တယ်ဆိုတာ သိပေမယ့်လည်း အချိန်မပေးနိုင်တာ၊ ပျင်းတာ၊ ဆေးထိုးခံရမှာကြောက်တာတွေကြောင့် ကာကွယ်ဆေးထိုးဖို့ကို လူတွေက လက်တွန့်တတ်ပါတယ်။ အဲ့တော့ တစ်မိနစ်လောက်လေး အနာခံရတာနဲ့ ရက်ပေါင်းများစွာ အစာမစားနိုင်၊ ကိုက်ခဲပြီး ချမ်းသလိုလိုဖြစ်၊ ကိုယ်ပူ၊ ချောင်းဆိုးနေရတာ ဘယ်ဟာက ပိုဝေဒနာခံရတာသက်သာမလဲဆိုတာ ပြန်တွေးကြည့်စေချင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးကို ဘယ်အရွယ်မှာ စထိုးလို့ရပြီလဲ။ အသက် ၆လအထက် ကျား၊ မ မရွေး တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် စောနိုင်သမျှ စောစောထိုးတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးရဲ့ အာနိသင်ဟာ ဆေးထိုးပြီး ၂ပတ် မှ ၄ပတ်အထိ ကြာမှသာ ပြတတ်ပြီး တုပ်ကွေးရောဂါကို ကာကွယ်ပေးနိုင်တာကြောင့်ပါပဲ။ ဒါကြောင့် နေ့ရွှေ့ရက်ရွှေ့မလုပ်ပါနဲ့၊ […]


ရာသီတုပ်ကွေး

ကြက်စွပ်ပြုတ်အပြင် တုပ်ကွေးသက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ

နေမကောင်းဖြစ်နေပြီဆိုရင် တုပ်ကွေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပုံမှန်အတိုင်းတော့မစားနိုင်တော့ပါဘူး။သောက်ရတဲ့ဆေးတွေကြောင့်ရယ်၊နေလို့မကောင်းတာရယ်ကြောင့် ခံတွင်းလည်းပျက်နေနိုင်တယ်။ အစာကြေလွယ်တာတွေပဲ စားရမှာဖြစ်လို့ မစားချင်တာလည်းဖြစ်ရင်ဖြစ်မယ်။ တုပ်ကွေးဖြစ်ရင် ကြက်စွပ်ပြုတ်က အကောင်းဆုံးလို့ပြောကြတယ်နော်။ ဒါပေမယ့် ခံတွင်းပျက်ရတဲ့အထဲ ဒါချည်းပဲ စားနေလို့မှမဖြစ်တာလေ။ ဝေဒနာအမြန်သက်သာပြီး နာလန်ထလာစေဖို့ ကြက်စွပ်ပြုတ်လိုပဲ အကျိုးကျေးဇူးကောင်းတဲ့ အစားအသောက်လေးတွေရှိပါသေးတယ်နော်။ ဘာတွေလဲဆိုတော့ - အရိုးစွပ်ပြုတ် ကြက်စွပ်ပြုတ်လိုပဲ ငါးခေါင်းဟင်းချို သို့မဟုတ် တခြားအရိုးပြုတ်ရည်တွေကလည်းနေမကောင်းချိန်မှာ အာဟာရဓါတ်တွေပေးနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်တွေပါ။ရေဓါတ်ဖြည့်ပေးမယ့်အပြင် အာဟာရဓါတ်မျိုးစုံကို အရည်ထဲမှာ တပါတည်းပေးနိုင်တော့ နည်းနည်းပဲသောက်နိုင်ရုံနဲ့ အားဖြစ်စေပါတယ်။ အရသာရှိတဲ့အပြင် ကယ်လိုရီတွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေပါမယ်၊ ပူပူလေးသောက်ရင် ချွဲသလိပ်တွေပျော်ဖို့ပါ အထောက်အကူပေးနိုင်ပါတယ်။ အုန်းစိမ်းရည် ရေဓါတ်ပြည့်ဝနေဖို့ကနေမကောင်းတဲ့အချိန်မှာ အရေးကြီးဆုံးအချက်ပါ။ ကိုယ်ပူနေမယ်၊ချွေးတွေတအားထွက်ထားမယ်၊ အန်ထားမယ်၊ ဝမ်းလျှောထားမယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓါတ်ကို ပြန်ဖြည့်တင်းဖို့လိုပါတယ်။ ဒီလိုအချိန်မှာ အုန်းစိမ်းရည်ကလည်း အစွမ်းထက်တဲ့ ဆေးတစ်ခွက်ပါပဲ။ ချိုချိုလေးနဲ့ ရင်ထဲအေးစေတဲ့ အုန်းစိမ်းရည်မှာ ဂလူးကို့စ်နဲ့ ဓါတ်ဆားဓါတ်တွေပါဝင်ပါတယ်။ ရေနွေးကြမ်းပူပူ ရေနွေးပူပူလေးသောက်တာကတော့ အအေးမိ၊တုပ်ကွေး […]


ရာသီတုပ်ကွေး

အဖြစ်များတဲ့ တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ဖို့ လိုက်နာသင့်တဲ့ အချက် (၇) ချက်။ ။

မိုးရာသီ ရောက်ပြီဆိုတာနဲ့ တုပ်ကွေးတို့ ခေါင်းထောင်လာပါပြီ။ သိတယ်မလား ခဏနေ ချောင်းဆိုး နှာစေးလိုက်၊ တော်ကြာ၊ ဖျားလိုက်နဲ့ လူကြီးလူငယ်မရွေး တုပ်ကွေးမိတတ်ကြပါတယ်။ ရာသီဥတုကလည်းအေး နေကလည်း မထွက် စိုထိုင်းဆကလည်း များတော့ တုပ်ကွေးပိုးတို့ အကြိုက်ပေါ့။ ဒီတော့ ခု မိုးတွင်းလည်းရောက်နေပြီ အိမ်မှာ တုပ်ကွေးတစ်ယောက်ဖြစ်ပြီဆို တစ်အိမ်လုံးကို ကူးစက်နိုင်တယ်ဆိုတတော့ ဘယ်လိုတွေ ကာကွယ်ကြမလဲ ။ ပထမဆုံးအနေနဲ့ တုပ်ကွေး ရောဂါလက္ခဏာကို အရင်ဆုံး သိထားဖို့လိုပါတယ်။ တုပ်ကွေးရောဂါအများစုက “upper respiratory tract “လို့ခေါ်တဲ့ အပေါ်ပိုင်း အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ် ပိုးမွှားတွေ ဝင်ရောက်ခြင်းမှတဆင့် ဖြစ်တဲ့ ပြဿနာပါ။ သူ့ရဲ့ လက္ခဏာတွေကတော့ ကိုယ်ပူခြင်း ချောင်းဆိုးခြင်း လည်ချောင်းနာခြင်း နှာရည်ယို နှာပိတ်ခြင်း ကိုယ်လက်ကိုက်ခဲခြင်းနှင့် ချမ်းတုန်ခြင်း တို့ပဲ ဖြစ်ပါတယ်။ အိမ်မှာတစ်ယောက်လောက်များ […]


ရာသီတုပ်ကွေး

H1N1(ရာသီတုပ်ကွေး) မကူးစက်ခံရအောင် ကာကွယ်ဖို့ အဓိကလိုက်နာရမယ့် (၇)ချက်

H1N1 ရာသီတုပ်ကွေး ဗိုင်းရပ်စ်ဟာ တုပ်ကွေးမျိုးစိတ်အသစ်ဖြစ်ပြီး အဖြစ်များတဲ့ရိုးရိုးတုပ်ကွေးရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ ဝက်တွေမှာ ရှင်သန်နေထိုင်နိုင်တဲ့ virus ပိုးဖြစ်ပေမယ့် သေချာကိုင်တွယ်ချက်ပြုတ်ထားတဲ့ ဝက်သားနဲ့ တခြားစားသောက်ကုန်တွေ စားရုံနဲ့တော့ မကူးစက်နိုင်ပါဘူး။ လူလူချင်းသာ ကူးစက်ပါတယ်။ ရောဂါလက္ခဏာတွေကအများအားဖြင့်ဆင်တူပေမယ့် ဝက်တုပ်ကွေးကတော့ အသက်ရှူလမ်းကြောင်းလက္ခဏာတွေအပြင် ဝမ်းလျှောတာနဲ့ ပျို့အန်တာတွေ ပါဖြစ်နိုင်ပါတယ်။ H1N1 ရာသီတုပ်ကွေးကရိုးရိုးတုပ်ကွေးထက် အဆုတ်ထဲကို ပိုနက်ရှိုင်းစွာကူးစက်ရောက်ရှိနိုင်ပါတယ်။ လက္ခဏာ တွေက – ချမ်းတုန်ခြင်း ချောင်းဆိုးခြင်း မောပန်းအားကုန်ခြင်း ဝမ်းလျှောခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်းနဲ့ ခန္ဓါကိုယ်နာကျင်ကိုက်ခဲခြင်း လည်ချောင်းနာခြင်း နှာစေးနှာပိတ်ခြင်း မူးဝေအော့အန်ခြင်းတို့ဖြစ်ပါတယ်။ ဘယ်လိုကူးစက်နိုင်သလဲ ရောဂါရှိနေသူကချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ လေထုထဲရောက်လာတဲ့အမှုန်တွေကနေ ကူးတာပါ။ တုပ်ကွေးဗိုင်းရပ်စ်ပါတဲ့လေတွေကို ရှူရှိုက်မိတဲ့အခါ ဒါမှမဟုတ် ဗိုင်းရပ်စ်ကပ်ငြိကျန်နေတဲ့ မျက်နှာပြင်တစ်ခုခုဆီကနေ မျက်လုံး၊နှာခေါင်းနဲ့ ပါးစပ် စတာတွေဆီကို ကူးစက်ရရှိနိင်ပါတယ်။ လက္ခဏာမပြခင်တစ်ရက်မှာတည်းက ကူးစက်ပိုးကပျံ့နှံ့သွားနိုင်ပြိး နေမကောင်းဖြစ်ပြီး ၇ရက်လောက်ထိ ကူးစက်ပျံ့နှံ့သွားနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးက […]


ရာသီတုပ်ကွေး

ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးတော့မယ်ဆိုရင်

မိုးလေးအေးလာရင် ပတ်ဝန်းကျင်လေးစိမ်းလန်းလာလို့ စိတ်ချမ်းသာရတာ ကိုယ်တွေတင်မဟုတ်ပါဘူး။ ကိုယ်တွေကို နာဖျားအောင်လုပ်မယ့် တုပ်ကွေးပိုးလေးတွေရောပါ။ တုပ်ကွေးဖြစ်ရင် တစ်ကိုယ်လုံးကကိုက်ခဲ၊ အဖျားကတက်၊ ပါးစပ်ကပျက်နဲ့ခံစားရတော်တော်ခက်တယ်။ ဒီကြားထဲက ကိုယ်ကအိမ်ရဲ့ တုပ်ကွေးဖြန့်ချိသူများဖြစ်ခဲ့ရင် စိတ်ထဲမှာစိတ်မကောင်းတောင်ဖြစ်မိသေးတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းဖို့ဆိုရင် အကောင်းဆုံးနည်းလမ်းက ကာကွယ်တာပါ။ ကာကွယ်ခြင်း ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့ စကားကလည်းရှိသေးတာကိုး။ ဒီတော့ ရာသီတုပ်ကွေးကို ဘယ်လိုများကာကွယ်ကြမလဲ။ လွယ်ပါတယ်။ ဒါကတော့ ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပေါ့။ ကာကွယ်ဆေးထိုးလို့သာပြောတယ် ဘာမှသေသေချာချာမသိဘဲ မထိုးနိုင်ပါဘူးဆိုတဲ့ Helloဆရာဝန်ပရိသတ်ကြီးတွေရှိနေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သိချင်နေတဲ့ အဖြေတွေကို ထုတ်ပေးမှာပါ။ ဘယ်သူတွေက ကာကွယ်ဆေးအထိုးသင့်ဆုံးလဲ....... အခုပြောပြမယ့်သူတွေက ကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်တာပါ။ ကိုယ်ဝန်ဆောင်မေမေတွေ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ ကိုယ်ခံအားနည်းသူတွေ ဆီးချိုရောဂါရှိသူ အသည်းရောဂါရှိသူ ကျောက်ကပ်ရောဂါရှိသူ အဝလွန်နေသူတွေ ခုခံအားကျ ကူးစက်ရောဂါခံစားနေရသူတွေ ကင်ဆာရောဂါရှိသူတွေ ပန်းနာရင်ကျပ်ရောဂါခံစားနေရသူတွေ ကင်ဆာရောဂါခံစားနေရသူတွေ နာတာရှည်ရောဂါတစ်ခုခုရှိသူတွေက မဖြစ်မနေကာကွယ်ဆေးထိုးထားသင့်ပါတယ်။ ရာသီတုပ်ကွေးကာကွယ်ဆေးမထိုးခင် ဘာတွေသိထားဖို့လိုမလဲ......... တုပ်ကွေးကာကွယ်ဆေးထိုးတော့မယ်ဆိုရင် […]


ရာသီတုပ်ကွေး

Monsoon Fruits လို့ခေါ်တဲ့ တုပ်ကွေးရာသီမှာ စားပေးသင့်တဲ့ အသီးအနှံများ ။ ။

အားလုံးသိတဲ့အတိုင်း မိုးရာသီဆိုတာ တုပ်ကွေးတို့ အပျော်ဆုံးကာလတစ်ခုပါ။ ခြောက်သွေ့မှုလည်းမရှိ တစ်ချိန်လုံး စိုစွတ်နေပြီး သူတို့ကို သတ်နိုင်တဲ့ နေရောင်ခြည်လည်း သိပ်မထွက်နိုင်တော့ မိုးရာသီဆိုတာ တုပ်ကွေးရာသီဖြစ်နေရတာပေါ့။ ရာသီကတော့ တားလို့ရမှာ မဟုတ်ဘူး။ အချိန်တန်ရင် ရောက်လာမှာပဲ ဆိုတော့ တုပ်ကွေးရာသီအတွက် ကိုယ့်ဘက်ကပြင်ဆင်စရာ ရှိတာလေးတွေ ပြင်ဆင်ရတာပေါ့။ ခြင်ကိုက်မခံရအောင်နေတာ၊ မိုးရေစိုပြီး မဖျားအောင်ကြိုပြင်ဆင်ရတာ အပြင် မိုးရာသီမှာ အပေါများဆုံးဖြစ်တဲ့ ရောဂါပိုးတွေ ကိုယ်ခန္ဓါထဲ မဝင်အောင် ကြိုကာကွယ်တာမျိုးတွေ လုပ်သင့်ပါတယ်။ တုပ်ကွေးပိုးတွေကို ကိုယ်ခန္ဓါထဲ မဝင်ဖို့အတွက် အဓိကအရေးကြီးဆုံးကတော့ ကိုယ်ခံအားပါ။ ကိုယ်ခံအားကောင်းဖို့အတွက် နံပါတ် ၁ လိုအပ်တာကတော့ အစားအသောက်ပါ။ အစားအသောက်တွေထဲမှာမှ ရောဂါတွေကို ကာကွယ်ပေးဖို့ဆိုတော့ အသီးအနှံတွေက မပါမဖြစ်ပါ။ ဒီတော့ ဘယ်လို အသီးအရွက် တွေ စားပေးရမှာလဲ ။ Monsoon Fruits တုပ်ကွေးရာသီအတွက် […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း