အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အအေးမိဖျားနာခြင်း

စွမ်းအားပြည့်တဲ့ ကိုယ်ခံအားအတွက် ပြည့်စုံလုံလောက်တဲ့ အာဟာရဓာတ်

လူတစ်ယောက် ကောင်းကောင်းမွန်မွန် ကျန်းမာပျော်ရွှင်စွာ သွားလာလှုပ်ရှားနိုင်ဖို့ဆိုရင် ကိုယ်ခံအား ကောင်းဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်က စွမ်းရည်ပြည့်ဝနေမယ်ဆိုရင် ရောဂါအမျိုးမျိုးကို တွန်းလှန်ပြီး ခန္ဓာကိုယ်က ကျန်းကျန်းမာမာရှိနေမယ်။ ကိုယ်ခံအားစနစ်က မကောင်းဘူးဆိုရင်တော့ ရောဂါပိုးအမျိုးမျိုး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး မကျန်းမမာရှိနေမယ်၊ ခဏခဏဖျားနာ နေမကောင်းဖြစ်လိမ့်မယ်။ အခုလို ရောဂါအမျိုးမျိုး ပေါ်ထွက်နေတဲ့အချိန်မှာဆိုရင် ကိုယ်ခံအားစနစ် စွမ်းအားပြည့်ဝနေဖို့က မဖြစ်မနေကို လိုအပ်တာပေါ့။ ဒီကိုယ်ခံအားပေါ်ကို သက်ရောက်နေတဲ့အချက်ကလည်း တစ်ခုမကပါဘူး။ ဒီတော့ အမျိုးမျိုးသော ရောဂါတွေကိုတိုက်ထုတ်ဖို့ ကာကွယ်ဖို့ လိုအပ်တဲ့ ကိုယ်ခံအားကောင်းနေစေဖို့ ကောင်းမွန်တဲ့အစားအသောက်နဲ့ အာဟာရ ပြည့်ဝဖို့လိုအပ်ပါတယ်။ ကိုယ်ခံအား ဆိုတာက ဘာလဲ……… ကိုယ်ခံအားဆိုတာက နားလည်လွယ်အောင် ပြောပြရရင်  ခန္ဓာကိုယ်အတွက် ခံတပ်တစ်ခုပါ။ ကိုယ်တွင်းကို ရောဂါတွေမဝင်ရောက်လာစေဖို့ ကာကွယ်ပေးပြီး ဝင်ရောက်လာတဲ့ ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးပါတယ်။ ကျန်းမာနေစေဖို့ဆိုရင် ကိုယ်ခံအားဆိုတဲ့ ခံတပ်ကြီး ခိုင်မာတောင့်တင်းနေဖို့က […]


အအေးမိဖျားနာခြင်း

ခုခံအားတက်ဖို့ နည်းလမ်းတွေ

လူ့ခန္ဓာကိုယ်ရဲ့ immune system လို့ခေါ်တဲ့ ခုခံအားစနစ်ဟာ ရောဂါပိုးတွေကနေ ကာကွယ်တိုက်ထုတ်ပေးပါတယ်။ များသောအားဖြင့် ခုခံအားစနစ်ဟာ အလုပ်ကောင်းကောင်းလုပ်ပေမယ့် တစ်ခါတရံမှာတော့ ခုခံအားစနစ်ယိုယွင်းနေတတ်ပါတယ်။ အဲဒီအခါ ကျွန်မတို့တတွေ ဖျားနာကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ခန္ဓာကိုယ် ခုခံအားစနစ်ကို အရှိန်မြင့်စေတဲ့ နည်းတွေရှိပါတယ်။  ခုခံအားစနစ်ဆိုတာ အထူးဆဲလ်တွေ၊ တစ်သျှူးတွေ၊ ပရိုတင်းဓာတ်တွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဟာ ပြင်ပကဝင်လာတဲ့ ရောဂါပိုးမွှားတွေကို စုပေါင်းတိုက်ထုတ်ကြတဲ့ စနစ်ဖြစ်ပါတယ်။  ခုခံအားစနစ် အားကောင်းနေတဲ့အချိန်မှာ ဘက်တီးရီးယား ၊ ကပ်ပါးကောင်၊ ဗိုင်းရပ်စ်တွေ စတဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့ ပိုးမွှားတွေကို တွေ့တဲ့အခါ ဒီပိုးမွှားတွေကို တုံ့ပြန်ဖျက်ဆီးဖို့အချက်ပေးပါတယ်။ ဘယ်လိုအခြအနေတွေက ခုခံအားကိုနည်းစေသလဲ  ယျေဘုယျအားဖြင့် ခုခံအားစနစ်ဟာ သဘာဝအလျောက် အလုပ်ကောင်းကောင်းလုပ်ပြီး ဘာမှအထူးတလည်ပြုပြင်ပေးဖို့မလိုအပ်လှပါဘူး။ သို့ပေမယ့် အောက်ဖော်ပြပါ အခြေအနေမျိုးတွေမှာတော့ ခုခံအားကျဆင်းနေနိုင်ပါတယ်။ (၁) မွေးရာပါ ခုခံအားကျဆင်းတဲ့ အခြေအနေရှိခြင်း ၊ […]


ရာသီတုပ်ကွေး

တုပ်ကွေးအတွက် သဘာဝကုထုံးများ

တုပ်ကွေးရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပါတယ်။ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးများစွာ ရှိပါတယ်။ တုပ်ကွေးဖြစ်ပွားချိန်မှာ ရောဂါဝေဒနာကို သက်သာစေမယ့် သဘာဝနည်းလမ်းတွေ ရှိပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ တုပ်ကွေးဖြစ်ပွားချိန်မှာ ဆောင်ရွက်သင့်တဲ့ သဘာဝကုထုံးတွေ ဖြစ်ပါတယ်။ တုပ်ကွေးအတွက် သဘာဝကုထုံးများ က ဘာတွေ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ တုပ်ကွေးအတွက် သဘာဝကုထုံးများ တုပ်ကွေးအတွက် သဘာဝကုထုံးများ ကတော့ ရေ သို့မဟုတ် အရည်များများသောက်ပါ တုပ်ကွေးဖြစ်ပွားနေချိန်မှာ ရိုးရိုးရေ ဒါမှမဟုတ် အရည်များများ သောက်ဖို့လိုပါတယ်။ ရေများများသောက်ရင် နှာခေါင်း၊ ပါးစပ်နဲ့ လည်ချောင်းရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာကနေ ချွဲ သလိပ်တွေ ထွက်သွားအောင် အထောက်အကူ ပြုပါတယ်။ တုပ်ကွေးဖြစ်နေချိန်မှာ ပုံမှန်စားသောက်ခြင်း မပြုရင် ရေဓာတ်ခမ်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။ ဖျားခြင်း၊ ဝမ်းပျက်ခြင်း စတာတွေကြောင့်လည်း ရေဓာတ်ဆုံးရှုံးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝအောင် အောက်ပါအရည်တွေ သောက်သုံးနိုင်ပါတယ်။ - ရေ - […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက်ဆိုးတာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ချောင်းဆိုးတယ်ဆိုတာ ကျွန်တော်တို့ အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းမျာ ရှိနေတဲ့ ယားယံစေတဲ့ ပစ္စည်းတွေနဲ့ ချွဲသလိပ်တွေကို ဖယ်ရှားပေးဖို့ ခန္ဓာကိုယ်က လျင်မြန်စွာ တုံ့ပြန်လိုက်တဲ့ အပြုအမူတစ်ခုပါ။ ပုံမှန်အားဖြင့် • ချွဲ၊ သလိပ်တွေ ပါတဲ့ ချောင်းအစို • ချွဲသလိပ် မထွက်ဘဲ ဒီအတိုင်း ဆိုးတဲ့ ချောင်းအခြောက် ဆိုပြီး ချောင်း အမျိုးအစား ၂ မျိုး ခွဲခြားလို့ ရပါတယ်။ အဓိက ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေ ၁။ ပန်းနာရင်ကျပ် အသက်ရှူလမ်းကြောင်းဟာ ရောင်ပြီး ကျဉ်းလာမယ်။ အဲ့ဒီအတွက် အသက်ရှူရတာ ပုံမှန်လူတွေလို မဟုတ်ဘဲ အနည်းငယ် ခက်ခဲလာမယ်။ ချောင်းအစို၊ အခြောက် ၂ မျိုးလုံး တွေ့ရတတ်ပြီး ချောင်းခြောက်ဆိုးတာ ပိုအဖြစ်များပါတယ်။ ချောင်းဆိုးတာအပြင် အသက်ရှူတဲ့အခါ ချွဲသံပါနေတာ၊ အသက်ရှူ မဝတာ၊ ရင်ဘတ်မှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက်ဝေဒနာ ကင်းဝေးစေဖို့ အိမ်တွင်းကုထုံး

ချောင်းဆိုးပြီဆိုမှတော့ ချောင်းအစိုပဲ ဆိုးဆိုး၊ ချောင်းခြောက်ပဲ ဆိုးဆိုး တော်တော်လေးကို နေရထိုင်ရ ခက်စေမှာပါ။ ချောင်းအစိုကျတော့လည်း နှာရည်က တတောက်တောက်ကျ၊ ချောင်းဆိုးရင်လည်း ချွဲသလိပ်တွေ ကပ်ပါ၊ စကားပြောတော့လည်း ချွဲသံနဲ့ စိတ်ညစ်စရာကြီးနော်။ ချောင်းခြောက်ကျတော့လည်း လည်ချောင်းက တစ်ခုခု ကပ်ပြီး ယားနေသလို၊ အရေပြားမဟုတ်တော့ ကုတ်လို့လည်း မရ၊ ဆိုးဖန်များလာတော့ လည်ချောင်းကနာ၊ ဘေးလူတွေကိုလည်း အားနာရသေးတယ်မလား။ ခုဆောင်းပါးမှာတော့ ရာသီ အကူးအပြောင်းကာလကြောင့် ဆိုးနေတဲ့ ချောင်းခြောက်တွေကို အိမ်မှာပဲ အလွယ်တကူ သက်သာစေအောင် လုပ်လို့ရမယ့် ကုထုံးတွေနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အရမ်းလည်း အလုပ်မရှုပ်စေတာကြောင့် အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက်လည်း အလုပ်ပိုစေမှာ မဟုတ်ပါဘူး။ ၁။ ငုံဆေး သကြားလုံး ငုံပါ။ ပူရှိန်း၊ သံပရာ၊ ပျားရည်၊ လိမ္မော် အစရှိသဖြင့် အရသာ အမျိုးမျိုးနဲ့ […]


အအေးမိဖျားနာခြင်း

အဖျားမတိုင်းဘဲ ဖျားနေပြီလားဆိုတာကို ဘယ်လို သိနိုင်မလဲ……………….

ဖျားနေပြီဆိုရင် အဖျားတိုင်းမှ ဖျားနေတာကို သိနိုင်တာမဟုတ်ပါဘူး။ ဒီနည်းလမ်းတွေနဲ့လည်း သိနိုင်ပါတယ်။ ဖျားနေတာကို အဖျားမတိုင်းဘဲ သိနိုင်မယ့်နည်းလမ်းတွေက ဘာတွေလဲ………… အဖျားရှိနေတဲ့အခါ ဒီနည်းလေးတွေသုံးပြီး ဆန်းစစ်လို့ ရပါတယ်။ ကိုယ်ပူစမ်းပါ ဖျားနေပြီထင်တယ်ဆိုရင် လက်ဖဝါး​လေး နဖူးပေါ်တင်ပြီး စမ်းကြည့်ကြတယ်နော်။ ဒါက ကိုယ်အပူချိန်ကို ဆန်းစစ်တဲ့ အရိုးစင်းဆုံးနည်းလမ်းတစ်ခုပါ။ တကယ်ကတော့ အဖျားရှိနေလားဆိုတာကို သိဖို့ဆိုရင် လက်ဖဝါးနဲ့ မဟုတ်ဘဲ လက်ဖမိုးနဲ့ နဖူး နဲ့ လည်ပင်း အောက်ဘက်တွေကို စမ်းကြည့်ရမှာပါ။ လက်ဖဝါးက အပူကို ခံစားသိလွယ်တာကြောင့် ကိုယ်ပူနေတာကို တိတိကျကျ သိဖို့ခက်နိုင်ပါတယ်။ ဒါကြောင့် အဖျားရှိနေလား ဆိုတာကို သိဖို့ လက်ဖမိုးနဲ့ စမ်းပါ။ အသားတွေ နီနေလားဆိုတာကို စစ်ပါ အဖျားသွေးရှိတဲ့အခါ တော်တော်များများက ပါးလေးတွေနီနေတာ နှုတ်ခမ်းလေးတွေ ရဲနေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက် ဖျားနေလားဆိုတာကို သိနိုင်ဖို့ဆိုရင် မျက်နှာ အသားအရေနဲ့ နှုတ်ခမ်းအရောင်ကို သေချာကြည့်ပါ။ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချွဲသလိပ် အရောင်တွေက ပြောနေတဲ့ ရောဂါများအကြာင်း

လူတိုင်း ချောင်းဆိုး ချွဲထွက်ဖူးမှာပါ။ ချွဲဘယ်အခါမှာ ထွက်သလဲဆို အဆုတ်မှာ ရောဂါတစ်ခုခုရှိနေရင်၊ ပိုးဝင်ရင် ထွက်နိုင်ပါတယ်။ သလိပ်လို့လည်း ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုကတည်းက သူ့ကို စိုစွတ်အောင် လုပ်ပေးမယ့် အချွဲအနည်းငယ် ရှိပြီးသားပါ။ ဒီအချွဲတွေက ခန္ဓာကိုယ်ထဲကို အမှုန်အမွှားတွေ၊ ရောဂါပိုးတွေ ဝင်လာတဲ့အခါ ဖမ်းယူလိုက်ပြီး အပြင်ကို ချောင်းဆိုးပြီး ပြန်ထုတ်ပေးပါတယ်။ အဆုတ်ထဲကို ပိုးဝင်တာ များရင်တော့ ဒီအချွဲတွေက ပိုများ ပိုပျစ်လာပြီး သလိပ်အနေနဲ့ ထွက်လာပါတယ်။ သလိပ်က အရောင်အမျိုးမျိုးရှိတာကို မြင်ဖူးကြပါသလား။ သလိပ်အရောင်တွေက ဘာကို ပြောချင်တာလဲ ဆိုတာ ဆက်ကြည့်ရအောင်။ ချွဲ သလိပ် အရောင်တွေက ပြောနေတဲ့ ရောဂါများအကြာင်း အစိမ်းရောင် သို့မဟုတ် အဝါရောင် သလိပ်က အစိမ်းရောင် သို့မဟုတ် အဝါရောင် ဖြစ်နေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်က ပိုးဝင်တာကို ပြန်ပြီး […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ချောင်းခြောက် လား ချောင်းစိုလား

ချောင်းဆိုးလို့များ ဆေးခန်းသွားပြလိုက်ရင် ဆရာဝန်က "ချောင်းခြောက် လား၊ ချောင်းစိုလား" "သလိပ်ထွက်လား" လို့ မေးလေ့ရှိပါတယ်။ ဘာလို့လည်း ဆိုတော့ ချောင်းခြောက်ဆိုးတာနဲ့ သလိပ်ထွက်တာက ဖြစ်တဲ့ အကြောင်းရင်းလည်း ကွာသလို ကုသနည်းလမ်း ကွာပါတယ်။ ဒါကြောင့် မေးရတာပါ။ တကယ်တော့ ချောင်းဆိုးတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေး လုပ်ငန်းတစ်ခုပါပဲ။ အသက်ရှူလမ်းကြောင်းထဲကို တစ်ခုခုဝင်လာတဲ့အခါ ဦးနှောက်က အာရုံကြောတွေကနေ တဆင့် ဒီအပစ္စည်းတွေ အပြင်ထွက်သွားအောင်လို့ ချောင်းဆိုးခိုင်းပါတယ်။ အသက်ရှူလမ်းကြောင်းမှာ နဂိုတည်းက အချွဲလွှာရှိပါတယ်။ ရောဂါပိုးဝင်လာတဲ့ အခါ ဒီပိုးကို တိုက်ထုတ်ဖို့ အချွဲလွှာတွေ ပိုထူလာပါတယ်။ ဒါကို သလိပ်လို့ ခေါ်ပါတယ်။ အရပ်အခေါ်တော့ ချောင်းအစို ဆိုးတယ်ပေါ့။ ဒီလောက်ဆိုရင် ချောင်းခြောက်ဆိုးတယ် ချောင်းအစို ဆိုးတယ်ဆိုတာ ဘာလဲလို့ သိလောက်ပါပြီ။ ဆက်ပြီး သူတို့ကို […]


အဆုတ်ပွရောဂါ

အစာသီး ပြီးအဆုတ်ရောင်ခြင်း

ခေါင်းစဉ်ကို ကြည့်ပြီး အစာသီး တာနဲ့ အဆုတ်ရောင်နိုင်လားဆိုပြီး မေးစရာ ရှိပါတယ်။ အစာသီးတိုင်းတော့ မဟုတ်ဘူးပေါ့။ တချို့သူတွေမှာ အစာသီး ပြီး အဆုတ်ထဲရောက်သွားခဲ့ရင် အဆုတ်ရောင်တတ်တာပေါ့။ ဆေးပညာအရ Aspiration pneumonia လို့ ခေါ်ပါတယ်။ အစာသီးတိုင်း အဆုတ်ရောင်မှာလား။ ဘယ်လိုလူတွေက ပိုဖြစ်နိုင်လဲ။ အသက်အန္တရာယ်ရှိလားဆိုတာကို ပြောပြပေးပါမယ်။ အစာသီးပြီး အဆုတ်ရောင်တယ်ဆိုတာ ဘာလဲ။ တစ်ခုခု စားလိုက်လို့၊ သောက်လိုက်လို့ပဲ ဖြစ်ဖြစ်၊ တံတွေးသီးတာပဲ ဖြစ်ဖြစ်၊ စားချဉ်ရည် သီးတာပဲ ဖြစ်ဖြစ် ဒါတွေက အသက်ရှူလမ်းကြောင်းထဲကို ဝင်သွားပါတယ်။ ဒီပစ္စည်းတွေမှာ ပိုးမွှားတွေပါပါတယ်။ ဒီတော့ အဆုတ်ထဲကို ပိုးတွေ ရောက်သွားတော့တာပေါ့။ အဆုတ်က ကောင်းနေရင် သူ့ဟာသူ ခုခံအားစနစ်က ပြန်ပြီးတိုက်လိုက်လို့ ပြဿနာ မရှိပါဘူး။ ဒီလိုမှ မဟုတ်ရင်တော့ အဆုတ်ရောင်လာပါလိမ့်မယ်။ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ။ လူတိုင်းမှာ […]


အအေးမိဖျားနာခြင်း

ကိုယ်ခံအားကောင်းစေဖို့ လုပ်ဆောင်သင့်တဲ့ အချက်အချို့

ရောဂါတွေကလည်း ဆန်းပါသဘိ။ ရောဂါတွေပေါ်လာတိုင်းမှာ ကာကွယ်ဆေး၊ ကုသဆေးတွေကို လိုက်ထုတ်ကြပေမယ့် ရောဂါတစ်ခု စစဖြစ်ပြီဆိုတာနဲ့ ကာကွယ်ဆေး၊ ကုသဆေးတွေကို ချက်ချင်းထုတ်လို့မရပါဘူး။ အချိန်တစ်ခုယူရပါတယ်။ ဒီကာလမှာ ရောဂါကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင် အကောင်းဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ခုက ကိုယ်ခံအားကို အကောင်းဆုံးဖြစ်အောင် ဂရုစိုက်ဖို့ပါ။ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေဂရုစိုက်ရမလဲ……….. ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဒီအချက်လေးတွေကို ဂရုစိုက်ဖို့လိုပါမယ်။ အာဟာရပြည့်ဝပါစေ နေ့စဉ်စားသုံးတဲ့အခါ အာဟာရပြည့်ဝအောင် စားသုံးဖို့ကတော်တော်လေးအရေးပါပါတယ်။ အာဟာရပြည့်ဝမှာ ခန္ဓာကိုယ် မှာ အင်အားပြည့်ဝပြီး ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ နေ့စဉ် စားသုံးတဲ့ အဟာရထဲမှာ ပရိုတင်းနဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ လုံလောက်ပြည့်ဝစွာ ပါဝင်အောင် စားသုံးပေးပါ။ အိပ်ရေးဝပါစေ အိပ်ရေးဝဖို့က ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လိုအပ်တဲ့အချက်တစ်ခုပေါ့။ ညတိုင်း အိပ်ချိန်ကို အနည်းဆုံး ၆ နာရီ ရှိအောင် ဂရုစိုက်ပါ။ အိပ်ချိန်က အနည်းဆုံး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း