အသက်ရှူလမ်းကြောင်းကျန်းမာရေး

အသက်ရှူလမ်းကြောင်းစနစ်က ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့အတွက် ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာနဲ့ အသက်ရှူလမ်းကြောင်းကို ရောဂါပိုးတွေ အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို  သိရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ အသက်ရှူလမ်းကြောင်းကို ကျန်းမာစေဖို့ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ့် အချက်အလက်တွေကို ဖတ်ရှု့နိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသက်ရှူလမ်းကြောင်းကျန်းမာရေး

အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ

အဆုတ် လို့ ပြောလိုက်ရင် အသက်ရှူတာထက် ပိုပြီးဘာကိုမှ မတွေးကြပါဘူး။ အဆုတ်က အသက်ရှူရုံတင် အသုံးဝင်တာလားဆိုတော့ မဟုတ်သေးပါဘူး။ အဆုတ်က တစ်နေ့တာမှာ အကြိမ်ရေ ၂၅၀၀၀ လောက် အသက်ရှူပါတယ်။ အသက်ရှူတာ တစ်ချက်တိုင်းမှာ အောက်ဆီဂျင်တွေကို ရယူပြီး အဆုတ်ထဲကနေ သွေးကြောတွေဆီ ပို့ဆောင်ပေးပါတယ်။ အသက်ရှင်သန်ဖို့အတွက် နှလုံးက အရေးကြီးသလို အဆုတ်ကလည်း အရေးကြီးပါတယ်။ အခုနောက်ပိုင်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံ နဲ့ ညစ်ညမ်းမှုတွေ ပိုများလာတဲ့ ပတ်ဝန်းကျင် အနေအထားကြောင့် အဆုတ်ထိခိုက်တာတွေ ပိုများလာသလို အဆုတ်ရောဂါတွေကြောင့် အသက်ဆုံးရှုံးတာတွေလည်း များလာပါတယ်။ အဆုတ်ရောဂါကြောင့် အသက်ဆုံးရှုံးသူတွေထဲမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုများပါတယ်။ အခုတစ်ခေါက်တော့ အသက်ဆုံးရှုံးသည်အထိ ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ကြိုတင်သိရှိပြီး ကာကွယ်နိုင်စေဖို့အတွက် အဆုတ်ရောဂါရဲ့ သတိပေးလက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အဆုတ်ရောဂါမှာ သတိပေးလက္ခဏာတွေ […]

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အသက်ရှူလမ်းကြောင်းကျန်းမာရေး ကို ရှာဖွေမည်။

အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ပေါက်ပေါက်ဆုပ် အဆုတ် (Popcorn lung)

ရောဂါအကျဉ်း ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာဘာလဲ။ ပေါက်ပေါက်ဆုပ် အဆုတ်ရောဂါဆိုတာ အဆုတ်ထဲမှာရှိတဲ့ အသေးဆုံးလေပြွန်အိတ်လေးတွေမှာ ဓာတုပစ္စည်းတွေကို ရှူရှိုက်မိတာကြောင့် လေပြွန်နံရံတွေမှာ အမာရွတ်တွေဖြစ်၊ ကျဉ်းမြောင်းသွားပြီးတော့ နောက်ဆုံးအခြေအနေမှာ လေပြွန်တွေပါ ပိတ်ဆို့သွား၊ အသက်အန္တရာယ်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါကို Bronchiolitis Obliterans လို့လဲခေါ်ပါတယ်။ အဓိပ္ပါယ်ကတော့ bronchiolitis လေပြွန်ငယ်လေးတွေယောင်ယမ်းခြင်းနဲ့ obliterans ပိတ်ဆို့ခြင်း ပါ။ ဒါကြောင့် ဒီရောဂါဟာ လေပြွန်အိတ်ငယ်လေးတွေ ယောင်ယမ်းခြင်းကြောင့် လေပြွန်တွေပိတ်ဆို့တဲ့ အဆုတ်ရောဂါ ဖြစ်ပါတယ်။ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများ ၂၀၀၄ ခုနှစ်မှာ ယူအက်စ်ရဲ့ ရောဂါထိန်းချုပ်မှုနဲ့ ကာကွယ်မှုဋ္ဌာန (CDC) ကနေပြီးတော့ Popcorn Lung ရောဂါကေ့စ်တွေကိုစတင်ပေါ်ပေါက်လာကြောင်း သတင်းပို့ပါတယ်။ နောက်ကြောင်းပြန်လိုက်ကြည့် တဲ့အခါ မီဆိုရီပြည်နယ်က မိုင်ခရိုဝေ့ဖ်ထဲမှာ ဖောက်တဲ့ ပေါက်ပေါက်ဆုပ် စက်ရုံတစ်ရုံကသူတွေမှာ Bronchiolitis obliterans ရောဂါတွေကို တွေ့ရှိခဲ့ရပါတယ်။ ယူအက်စ်ရဲ့ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ခန္ဓာကိုယ်မှာအဆုတ်ရဲ့ တာဝန်ကဘာများလဲ

ခန္ဓာကိုယ်က အစိတ်အပိုင်းများစွာနဲ့ ပါဝင်ဖွဲ့စည်းထားသလို အစိတ်အပိုင်းတစ်ခုစီအလိုက်မှာလည်း တာဝန်အသီးသီးရှိကြပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအားလုံးက သူတို့တာဝန် သူတို့ကြေမှ ခန္ဓာကိုယ်က အကောင်းဆုံးလှုပ်ရှားနိုင်မှာပါ။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ရယူသိုလှောင်ပေးနေတဲ့ အဆုတ်အကြောင်းကို နည်းနည်လောက်ပြောပြပေးပါရစေ။ အဆုတ်ဆိုတာ အဆုတ်ဆိုတာက  ခန္ဓာကိုယ်ရဲ့လိုချင်တဲ့ အောက်ဆီဂျင်ကို ရယူပေးပြီး သွေးကြောတွေထဲကနေတဆင့် ခန္ဓာကိုယ်ထဲမှာ ပြန်လည်ဖြန့်ဝေပေးပါတယ်။ လူတစ်ယောက်ဟာ တစ်နှစ်တာမှာ အကြိမ်ရေ ၆ သန်းလောက်ထိအသက်ရှူပါတယ်။ အဆုတ်ကြောင့် ခန္ဓာကိုယ်ကျန်းမာသလို အဆုတ်မကောင်းတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေများလာပါတယ်။ ကိုယ်ထဲမှာ အဆုတ် ဘယ်နှခုရှိလဲ........... ခန္ဓာကိုယ်မှာ အဆုတ်က နှစ်ခုရှိပါတယ်။ ဘယ်ဘက်မှာတစ်ခု ၊ ညာဘက်မှာတစ်ခုပါ။ အဆုတ်က ရင်ဘတ်ထဲမှာရှိနေပြီး နံရိုးရဲ့နောက်ဖက်မှာရှိနေပါတယ်။ ထိပ်ပိုင်းက ခပ်ဝိုင်းဝိုင်းသဏ္ဍာန်ရှိပြီး ရင်ဝမ်းခြားမြှေးနဲ့ ဆုံတဲ့နေရာမှာ ခပ်ပြားပြားသဏ္ဍာန်ရှိနေပါတယ်။အဆုတ်ကတစ်စုံလို့ဆိုပေမယ့် တစ်ခုနဲ့တစ်ခုက ပုံစံမတူပါဘူး။ ဘယ်ဘက်အဆုတ်မှာ နှလုံးအတွက် နေရာလေး ခပ်ဝိုက်ဝိုက်လပ်နေတတ်ပြီး ညာဘက်အဆုတ်ကတော့ အောက်ဘက်မှာ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချမလဲ

လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လာရင် လူတော်တော်များများက ပြင်ပက ကားအိတ်ဇောပိုက်က ထွက်တဲ့ အခိုးအငွေ့တွေလောက်ကိုပဲ သတိထားမိတတ်ပါတယ်။ တကယ်တမ်းက ပြင်ပလေထုညစ်ညမ်းမှုထက် အိမ်တွင်းလေထုညစ်ညမ်းမှုက လူတွေရဲ့ ကျန်းမာရေးကို ပိုပြီးဒုက္ခဖြစ်စေတာပါ။ ဘာကြောင့်လဲဆိုတော့ အပြင်မှာက လေထုကို ညစ်ညမ်းစေတဲ့ အရာတစ်ခုက ဘေးဘက်တွေကို ပြန့်နှံ့သွားဖို့ ပိုလွယ်တဲ့အတွက် ရှူမိရင်တောင် အဆိပ်ပမာဏက သိပ်မများတော့ပါဘူး။ အိမ်ထဲမှာဖြစ်တဲ့ လေထုညစ်ညမ်းမှုဟာဆိုရင် ဘေးဘက် နံရံ၊ ပြတင်းပေါက်၊ တံခါးတွေနဲ့ အလုံပိတ်ထားလိုက်တော့ အဆိပ်ငွေ့တွေက အပြင်ဘက်ကို ရောက်မသွားဘဲ အိမ်ထဲမှာနေနေတဲ့သူတိုင်း ဒီလေကို ရှူမိပြီး အဆိပ်သင့်ရတော့တာပေါ့။ ဒီအဆိပ်ငွေ့တွေကို နေ့စဉ်ရက်ဆက် ရှူနေရတဲ့အခါ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေအပြင် ပြင်းထန်တဲ့ ကင်ဆာဝေဒနာအဆင့်ထိပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဓိက အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်အရာတွေက ဖြစ်စေနိုင်လဲ၊ ဘယ်လိုကာကွယ်မှုမျိုးတွေ […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ် (Asthma) အကြောင်း ဘာတွေသိထားဖို့လိုအပ်မလဲ

ပန်းနာရင်ကျပ် (Asthma) ပန်းနာရင်ကျပ်ဆိုတာကလေပြွန်ကျဉ်းမြောင်း၊ရောင်ရမ်းပြီး ချွဲသလိပ်တွေအများကြီးဖြစ်နေတဲ့ အခြေအနေတစ်ရပ်ပါ။ ဒီအခြေအနေက အသက်ရှုရခက်စေပြီးချောင်းဆိုးတာ၊ အသက်ရှုပြတ်တောင်းပြတ်တောင်းဖြစ်တာ နဲ့ အသက်ရှုတဲ့အခါ တရွှီရွှီမြည်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါက အချို့သူတွေအတွက်တော့ အသေးစားကျန်းမာရေးပြဿနာလို့ ဆိုနိုင်ပေမယ့် အချို့သူတွေအတွက်ကတော့နေ့စဉ်လုပ်ဆောင်မှုတွေကိုပါထိခိုက်တဲ့အထိဖြစ်စေနိုင်သလို အသက်အန္တရာယ်ကိုပါဖြစ်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါကို အမြစ်ပြတ်ပျောက်ကင်းသွားအောင် မကုသနိုင်ပေမယ့်ရောဂါလက္ခဏာတွေကိုတော့ ထိန်းချုပ်လို့ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပေါ်ပုံက တစ်ချိန်နဲ့တစ်ချိန်မတူနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့ပြသပြီး သင့်တော်တဲ့ ကုသမှုကိုခံယူနိုင်ဖို့ကအရေးကြီးပါတယ်။သေချာဂရုစိုက်နေထိုင်မယ်ဆိုရင် ပန်းနာရင်ကျပ်ဝေဒနာသည်တွေကလည်း သာမန်လူတွေလိုပဲ ကျန်းကျန်းမာမာနေထိုင်မှာပါ။ ပန်းနာရင်ကျပ်ဝေဒနာရဲ့ လက္ခဏာတွေက ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေက လူတစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ဒါပေမယ့် ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူတွေမှာ အခုလိုလက္ခဏာတွေကတော့ပြသနိုင်ပါတယ်။ အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်မယ် ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ်ကြီးဖြစ်နေမယ် ရင်ဘတ်အောင့်မယ် အသက်ရှုတစ်ချက်တစ်ချက်ရပ်သွားတာကြောင့်ကောင်းကောင်းအိပ်မပျော်တာမျိုးဖြစ်မယ် အသက်ရှုတဲ့အခါ တရွှီရွှီမြည်နေမယ် အအေးမိတာ၊ တုပ်ကွေးဖြစ်တဲ့အခါချောင်းဆိုးတာက အခြားသူတွေထက် ပိုဆိုးမယ် အသက်ရှုလမ်းကြောင်းပိုးဝင်တဲ့အခါ ပုံမှန်ထက်ပိုပြီး ပြင်းပြင်းထန်ထန်ခံစားရတာ အသက်ရှုရခက်လာတာ ပန်းနာရင်ကျပ် အမျိုးအစားတွေက ပန်းနာရင်ကျပ်ဝေဒနာရှိကြတာချင်းတူပေမယ့်ရောဂါကို စတင်ဖြစ်ပေါ်စေတဲ့ အခြေအနေချင်းတော့မတူပါဘူး။ Exercise-induced asthma(လေ့ကျင့်ခန်းကြောင့်ဖြစ်သော ပန်းနာရင်ကျပ်ရောဂါ) - […]


ပန်းနာရင်ကျပ်

ပန်းနာရင်ကျပ်ရောဂါရှိသူတွေ ဆောင်သင့် ရှောင်သင့်တဲ့ အစားအသောက်များ

ပန်းနာရင်ကျပ်ဝေဒနာအတွက် အထူးသီးသန့်စားသောက်မှုပုံစံရယ်လို့ မရှိပါဘူး။ အစားမတော်တစ်လုတ်ဆိုတဲ့ စကားအတိုင်း အစားအသောက်တွေကိုသေချာချင့်ချိန်စားသုံးမှုက အာဟာရြဖစ်ပြီး ခန္ဓါကိုယ်ကို ကျန်းမာစေတယ်ဆိုပေမယ့် ကိုယ်နဲ့မတည့်တာကို စားမိရင်တော့ ကျန်းမာရေးကိုထိခိုက်တာအထိဖြစ်နိုင်ပါတယ်။ အစားအသောက်ကို သေချာချင့်ချိန်စားသုံးမယ်ဆိုရင်တော့ အစာလည်းဆေးဆေးလည်းအစာဆိုတဲ့ စကားအတိုင်း ကျန်းမာရေးကို အထောက်အကူပြုနိုင်မှာပါ။နေ့စဉ်နေ့တိုင်းလေ့ကျင့်ခန်းလုပ်မယ်၊ ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါကို သက်သာလာစေဖို့ အထောက်အကူပြုပေးနိုင်မှာပါ။ ပန်းနာရင်ကျပ်ရောဂါ အတွက် အကောင်းဆုံးအစားအစာတွေက အချို့သောအစားအစာတွေက ပန်းနာရင်ကျပ်ရောဂါအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ အချို့သောအစားအစာတွေက ပန်းနာရင်ကျပ်ရောဂါကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ပန်းနာရင်ကျပ်ရောဂါအတွက် အကောင်းဆုံးဖြစ်စေမယ့် အစားအသောက်တွေက - ပန်းသီး - တစ်နေ့ပန်းသီး တစ်လုံးစားပေးပါ။ တစ်ပတ်တာမှာ ပန်းသီး ၂ လုံးကနေ ၅ လုံးခန့်စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ရောဂါဖြစ်နိုင်ခြေကို ၃၂ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ပန်းသီးက အသက်ရှုလမ်းကြောင်းကို ကျန်းမာစေနိုင်တာကြောင့် ပန်းနာရင်ကျပ်ရှိသူတွေ စားသုံးဖို့ သင့်တော်တဲ့ အစားအစာတစ်ခုပါ။ သခွားမွှေး -သခွားမွှေးမှာပါဝင်နေတဲ့ ဗီတာမင် C ကအဆုတ်ကိုထိခိုက်ပျက်စီးစေနိုင်တဲ့free […]


အဆုတ်ပွရောဂါ

အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း

မင်္ဂလာပါ Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခေါက်မှာ ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ ရာသီအကူးအပြောင်းနဲ့ ဆောင်းရာသီမှာ ဖြစ်တတ်တဲ့  အသက်ရှုလမ်းကြောင်း ပိုးဝင်ခြင်း ဖြစ်ပါတယ် ။ ခုခံအားနည်းလေ့ရှိတဲ့ ကလေးငယ်များ ၊ အဘိုးအဘွား သက်ကြီးရွယ်အိုများ ၊ နာတာရှည် ဝေဒနာသည်များ(နှလုံးနှင့် အဆုတ်ရောဂါ ဝေဒနာရှင်များ) နဲ့ အကြောင်းအမျိူးမျိုးကြောင့် ခုခံအားနည်းနေသူတွေမှာ အဖြစ်များလေ့ရှိပါတယ် ။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ အသက်ရှုလမ်းကြောင်းကို အပေါ်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ် ။ အသက်ရှုလမ်းကြောင်း အပေါ်ပိုင်းမှာတော့ နှာခေါင်းဝကနေ အသံကြိုးအထိပါပြီး အောက်ဘက်ခြမ်းကိုတော့ အသံကြိုးကနေ အဆုတ်အထိဆိုပြီး နှစ်ပိုင်းခွဲထားပါတယ် ။ လက္ခဏာတွေက ဘာတွေလဲ အသက်ရှုလမ်းကြောင်း ပိုးဝင်ရင်တော့ အသက်ရှုမဝခြင်း ၊ ချောင်းဆိုးခြင်းနှင့် နှာစေးခြင်း ၊ လည်ချောင်းနာခြင်း ၊ […]


အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ

ကျန်းမာရေးအတွက် လေကို ဝယ်ရှူရတော့မှာလား

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သတင်းတစ်ခုတက်လာပါတယ်။ ဒါကတော့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ Oxygen Bar ဆိုပြီး ဖွင့်ထားတယ်ဆိုတဲ့ သတင်းပါပဲ။ လူတွေဟာ သန့်ရှင်းတဲ့လေကို ဝယ်ရှူနေကြရပါပြီ။ အဲ့ဒီမတိုင်ခင်လေးပဲ အိန္ဒိယမှာလည်း လေထု အဆမတန် ညစ်ညမ်းနေမှုကြောင့် ကျောင်းတွေလည်း ပိတ်ခဲ့ရပါသေးတယ်။ ဒီလိုပါပဲ… နောက်သတင်းတစ်ခုကတော့ နိုဝင်ဘာ ၁၉ ရက်နေ့က တက်လာတဲ့ သတင်းပါ။ ဘန်ကောက်မြို့ဟာ ကမ္ဘာ့လေထုအဆိုးဝါးဆုံးမြို့တွေစာရင်းရဲ့ အဆင့် ၁၂ မှာ ရှိနေပါတယ်ဆိုတဲ့ သတင်းဖြစ်ပြီး အဲ့ဒီစာရင်းမှာ ပါဝင်နေတဲ့ မြို့တွေကို ဖော်ပြထားတဲ့ ဇယားပြပုံနဲ့တကွ တက်လာခြင်းပဲဖြစ်ပါတယ်။ ပိုစိတ်ဝင်စားဖို့ ကောင်းစေတဲ့အရာကတော့ Yangon, Myanmar ဆိုပြီး ပြူးနေအောင်ရေးထားတဲ့စာလုံးကြီးကို Bangkok, Thailand ဆိုတဲ့ စာလုံးရဲ့အပေါ် အဆင့် ၁၁ […]


ရာသီတုပ်ကွေး

တုပ်ကွေးအဖြစ်များတဲ့ ဆောင်းရာသီကာလကို ပြန်ရောက်လာပြီနော်

ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာက မိုးတွင်းကာလဆိုရင် တုပ်ကွေး၊ ငှက်ဖျားတွေ စတင်ဖြစ်ပြီး အေးတဲ့ ဆောင်းရာသီမှာတော့ ဒီလိုဖျားနာခြင်းတွေဟာ ပုံမှန်ထက်ပိုပြင်းထန်နိုင်သလို တစ်ဦးကနေ နောက်တစ်ဦး ကူးစက်ဖို့လည်း အရမ်းမြန်တာကို မမေ့သင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီလိုတုပ်ကွေးကို ဖြစ်စေတဲ့ ရောဂါပိုးတွေဟာ အေးမြပြီး ခြောက်သွေ့တဲ့ ရာသီမှာ အသက်ရှင်ရလွယ်ကူသလို ချမ်းစိမ့်တဲ့လေတွေထဲမှာလည်း အမြဲလိုလို ပါနေတတ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာ ကျန်းမာရေးဗဟုသုတ နည်းလွန်းတဲ့သူအများစုရဲ့ လက်ကိုင်ပဝါနဲ့ ပါးစပ်ကို မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးတတ်တဲ့ အကျင့်ဆိုးကြောင့် ပုံမှန်ထက်ပိုပြီး တုပ်ကွေးတွေ အဖြစ်များနိုင်ပါတယ်။ နောက်တစ်ချက် ဂရုစိုက်သင့်တာကတော့ ခြင်ပါ။ ခြင်ဆိုတာက ပူတဲ့အချိန်မှာ ပွားတာများတယ်၊ အေးတဲ့အချိန်မှာ သိပ်မတွေ့ရဘူးဆိုပေမဲ့ လုံးဝလျစ်လျူရှုထားလို့ မရပါဘူး။ အထူးသဖြင့် ဒီလိုဆောင်းတွင်းမှာက အပြင်သိပ်မသွားဘဲ အိမ်မှာပဲ အမြဲအောင်းနေတတ်တာဆိုတော့ ခြင်ကိုက်ခံရဖို့ ပိုလွယ်ကူနိုင်ပါတယ်။ […]


အအေးမိဖျားနာခြင်း

အအေးမိဝေဒနာကို ကြက်သွန်ဖြူနဲ့ ဘယ်လိုကုသမလဲ

ကြက်သွန်ဖြူမှာ အဖြစ်များတဲ့အအေးမိဝေဒနာကို ပြင်းထန်မှုလျော့ပါးစေနိုင်၊ ကာကွယ်နိုင်တဲ့ အစွမ်းအာနိသင်ရှိတယ်လို့ သုတေသနနှစ်ခုက ဖော်ပြလာပါတယ်။ ဒါဟာ ကြက်သွန်ဖြူမှာပါတဲ့ ဆာလဖာပါရှိတဲ့ ဒြပ်ပေါင်းတွေရဲ့ ကိုယ်ခံအားမြှင့်တင်ပေးတဲ့အာနိသင်ကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးတွေက တစ်နှစ်ကို အနည်းဆုံး ၆ ကြိမ်မှ ၈ ကြိမ်လောက်အထိ အအေးမိဝေဒနာဖြစ်တတ်ကြပြီး လူကြီးတွေကတော့ ၂ ကြိမ်မှ ၄ ကြိမ်ဖြစ်တတ်ကြပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေက အအေးမိရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပေမယ့် ခပ်ဝေးဝေးစဉ်းစားစရာမလိုတဲ့ အိမ်သုံးသဘာဝဆေးနည်းတွေ ရှိနေပါတယ်။ မီးဖိုချောင်တိုင်းမှာရှိနေတဲ့ ကြက်သွန်ဖြူကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် လွန်ခဲ့တဲ့နှစ် ၅၀၀၀ ကျော် ကတည်းကအသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။ ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်မှာ အဓိကကျတဲ့ သွေးဖြူဥဆဲလ်တွေကို နှိုးဆွပေးနိုင်ပြီး အဖြစ်များတဲ့ ရောဂါတွေမှာ ခုခံနိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ သည်နည်းနဲ့ပဲ အအေးမိဝေဒနာကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ အအေးမိဝေဒနာသက်သာစေဖို့ ကြက်သွန်ဖြူကိုဘယ်လိုစားကြမလဲ ၁) ကြက်သွန်ဖြူကိုအစိမ်းဝါးစားပါ အခွံခွာပြီးနှစ်ရက်လောက်လေသလပ်ခံဖြန့်ထားတဲ့ ကြက်သွန်ဖြူနှစ်မွှာသုံးမွှာလောက် ဝါးစားပေးပါ။ […]


အဆုတ်ပွရောဂါ

အဆုတ်ရောင်ဝေဒနာ ခံစားနေရသူတွေ ကျန်းမာစေဖို့

အဆုတ်ရောင်ရောဂါက အခန့်မသင့်ရင် အသက်သေဆုံးသည် အထိဖြစ်နိုင်တဲ့ ပြင်းထန်တဲ့ရောဂါတစ်ရပ်ပါ။ အချိန်မီကုသမှုခံယူဖို့ လိုသလို အာဟာရ သင့်တင့်မျှတအောင် စားသုံးဖို့ကလည်း မေ့ထားလို့မဖြစ်တဲ့အချက်တစ်ခုပေါ့။ ဒီတစ်ခေါက်တော့ အဆုတ်ရောင်ရောဂါခံစားနေရသူတွေ ကျန်းမာစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို hello ဆရာဝန်ပရိသတ်ကြီးကိုပြောပြပေးပါရစေလား....... အဆုတ်ရောင်ရောဂါရှိသူတွေအတွက် ဓာတ်စာ အဆုတ်ရောင်ရောဂါရှိသူတွေအနေနဲ့ ရောဂါသက်သာစေဖို့နဲ့ ရောဂါထပ်တိုးမလာစေဖို့ဆိုရင် ဒီအစားအစာလေးတွေကို စားသုံးပေးသင့်ပါတယ်။ ရေ သင့်အနေနဲ့ အဆုတ်ရောင်ရောဂါ ခံစားနေရမယ်ဆိုရင် ရေများများသောက်တာက ရောဂါကို သက်သာစေဖို့ အကောင်ဆုံး အထောက်အပံ့ပေးနိုင်မှာပါ။ အကြောင်းကတော့ အရည်များများသောက်တာက အဆုတ်ထဲကချွဲတွေကို ပျော်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်တာကြောင့်ပါ။ ရေက ကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အသက်ရှုလမ်းကြောင်းမှာ ကပ်နေတဲ့ အမှုန်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ဆန်၊ဂျုံ ဆန် နဲ့ ဂျုံတို့မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို အားပြည့်စေနိုင်ပြီး ခန္ဓာကိုယ်အပူချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ဆန် နဲ့ ဂျုံတို့မှာပါတဲ့ ဗီတာမင်တွေနဲ့သတ္တုဓာတ်တွေက ကိုယ်ခံအားကောင်းစေနိုင်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေ အဆုတ်ရောင်ရောဂါခံစားနေရတဲ့အခါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု • Defence Service Medical Acadamy

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း