brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း
ကျန်းမာရေးစောင့်ရှောက်မှု

ကြော်ငြာ

  1. ကိုယ်ဝန်ဆောင်ကျန်းမာရေး
  2. မိခင်ကျန်းမာရေး
  3. မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု

မျှဝေပါ။

ဘေဘီလေးတွေမွေးပြီးနောက်ပိုင်း အသားအရေလျော့တွဲမနေစေဖို့ မေမေတို့အတွက် လက်ဆောင်စကား (၅) ခွန်း

ဘေဘီလေးတွေမွေးပြီးနောက်ပိုင်း အသားအရေလျော့တွဲမနေစေဖို့ မေမေတို့အတွက် လက်ဆောင်စကား (၅) ခွန်း

လူပိစိလေးတစ်ယောက်လုံးကို လွယ်ထားရတဲ့မေမေတွေရဲ့ခန္ဓာကိုယ်အရေပြားတွေဟာမွေးပြီးတဲ့အခါ ချက်ချင်းတော့ပြန်မကျုံ့နိုင်ပါဘူး။ အရေပြား၊ အထူးသဖြင့် ဗိုက်အရေပြားမှာလျော့ရဲတွဲနေတာမျိုးဖြစ်ကျန်ခဲ့နိုင်တယ်၊ ဗိုက်ပူနေနိုင်တယ်။ ကလေးထွားလေပိုဆိုးလေ၊ အမြွှာမွေးတဲ့ဗိုက်ဆို ပိုဆိုးလေပါပဲ။

ကိုယ်ဝန်ကြောင့် အရေပြားမှာ အပြောင်းအလဲတွေ အများကြီးဖြစ်စေနိုင်မယ့်တော်တော်များများက မီးဖွားပြီးနောက်ပိုင်းပုံမှန်ပြန်ဖြစ်ကြပါတယ်။ ပုံမှန်ပြန်မဖြစ်တာက ခုနကပြောတဲ့ အရေပြားလျော့တွဲမှုပြဿနာပါ။ အရေပြားဆိုတာ collagen ၊ elastin တို့နဲ့ဖွဲ့စည်းထားတာမို့ ခန္ဓာကိုယ်ကြီးလာတာနဲ့အမျှ သူကလိုက်ပြန့်ကားလာနိုင်ပါတယ်။ပြဿနာကပြန်ပိန်သွားတဲ့အခါ (ဗိုက်ပြန်ချပ်) အရေပြားက နဂိုအနေအထားပြန်ဖြစ်ဖို့ မလွယ်ပါဘူး။

ဘေဘီလေးတွေ မွေးထားတဲ့မေမေတွေအနေနဲ့ အရေပြားလျော့တွဲတာဖြစ်ကျန်ခဲ့ရင် အရင်လိုမလှနိုင်တော့ဘူးဆိုတာ သတိမမေ့နဲ့နော်။ တစ်သားမွေးတစ်သွေးလှဆိုတာ ဒီအတိုင်းတော့ သူ့အလိုလိုဖြစ်မလာပါဘူး။ ဗိုက်ရွဲ၊ အဆီတက်ပြီး အရေပြားတွေတွဲကျန်မနေရစ်အောင် ဂရုစိုက်သင့်တဲ့အချက်လေးတွေကို လက်ဆောင်ပြောပြမယ်နော်။

ဒါပေမယ့် တစ်ခုတော့ မှတ်ထားနော်….ချက်ချင်းတော့မရဘူး။ အရေပြားတွေပြန်တင်းရင်းလာဖို့ စိတ်ရှည်ရှည်နဲ့ကြိုးစားရင်း အချိန်တစ်ခုစောင့်ရပါမယ်။

(၁) ပရိုတင်းများများစားပါ

ပရိုတင်းနဲ့ အကျိုးပြုအဆီတွေစားသုံးတဲ့အခါ ကြွက်သားတည်ဆောက်မှုကိုအားပေးတယ်။ ပရိုတင်းက အသားအရေကိုတင်းရင်းစေဖို့ အရေးပါတဲ့အာဟာရဓာတ် collagen လည်းပါဝင်တယ်။

(၂) လှုပ်လှုပ်ရှားရှားလေ့ကျင့်ခန်းလုပ်ပါ

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးရင် ကိုယ်ရည်စစ်ပြီး ကြွက်သားအနေအထားကျနလာပါလိမ့်မယ်။ ခွဲမွေးထားတဲ့သူတွေတော့ မလုပ်သင့်ဘူးဆိုပေမယ့် လမ်းလျှောက်တာလောက်တော့ ပုံမှန်လုပ်လို့ရတယ်မလား။ယောဂကစားတာနဲ့ တခြားလေ့ကျင့်ခန်းတွေက ဗိုက်အရေပြား၊ တင်၊ ရင် တို့အတွက် အသားတင်းရင်းကျစ်လျစ်စေဖို့ အဓိကအရေးပါပါတယ်။

ဒါပေမယ့် ကျွမ်းကျင်တဲ့ ထရိန်နာမပါဘဲ ကိုယ့်ဘာသာလုပ်ရင် အမှားပါနိုင်တယ်။ သူတို့ကတော့ ကလေးမီးဖွားထားတဲ့သူတွေရှောင်သင့်တဲ့လှုပ်ရှားမှုတွေကို အကြံပြုပေးနိုင်ပါတယ်။

မီးဖွားထားတဲ့သူတွေအတွက်ဘေးကင်းတဲ့လှုပ်ရှားမှုကတော့(ခွဲမွေးထားရင် ချုပ်ရိုးကျက်ပြီးမှနော်)ရေကူးတာ၊ လမ်းလျှောက်တာတွေရပါတယ်။ အနည်းအကျဉ်း ပုံမှန်လေးလှုပ်ရှားရင် ရပါပြီ။

(၃)ရေသောက်ပါ

ရေသောက်မှ အသားအရေကို ရေဓာတ်ဖြည့်ပေးနိုင်ပြီး ကျုံ့ဆန့်နိုင်စွမ်းပိုကောင်းစေနိုင်ပါတယ်။ရေပိုသောက်ပေးမှ အဆီလောင်ကျွမ်းရတာပိုလွယ်မယ်၊ ဗိုက်မှာ အရည်စုနိုင်ခြေလည်းလျော့နည်းစေမယ်။

(၄) အဆီလိမ်းပါ (Essential oils)

အပင်ထွက် သဘာဝအဆီတွေက အရေပြားကိုပြုပြင်ကုသရာမှာ အတော်ကောင်းပါတယ်။ သူတို့မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ရောင်ရမ်းမှုလျော့စေတဲ့ဂုဏ်သတ္တိတွေကြောင့်ပါ။ အခုဆိုမေမေတို့အတွက်ထုတ်လုပ်တဲ့ လိမ်းဆေးအဆီတွေ၊ တင်းရင်းစေတဲ့ခရင်မ်တွေ ရှိနေပြီဆိုတော့ ပိုအဆင်ပြေတာပေါ့။ ဒီလိုမျိုး တစ်နေ့နှစ်ကြိမ်လောက် နှိပ်နယ်လိမ်းပေးတာ သွေးလည်ပတ်မှုကိုလည်းကောင်းစေပါတယ်။

(၅) အသားတင်းရင်းစေတဲ့အာဟာရဓာတ်တွေဖြည့်တင်းပါ

အသားအရေတင်းရင်းစေနိုင်တဲ့ collagen နဲ့elastin တို့ကို ပိုတိုးစေမယ့်ဆေးတွေအများကြီးရှိနေပါတယ်။ အမျိုးသမီးအားဆေးတွေပေါ့။ သူတို့မှာ အများအားဖြင့်collagen ၊ ဗီတာမင် စီ၊ နဲ့retinoidsတွေပါဝင်တဲ့အတွက် အသားအရေကိုပြန်လည်တင်းရင်းလှပစေပါလိမ့်မယ်။

ကလေးဘယ်နှယောက်မွေးတဲ့မေမေပဲဖြစ်ဖြစ် လှပြီးရင်းလှနေတဲ့ ရုပ်ရှင်မင်းသမီးတွေကိုတွေ့တယ်မလား။ တစ်သားမွေးတစ်သွေးလှချင်ရင် ဘေဘီလေးတွေကိုပဲ ဂရုစိုက်မနေဘဲ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပေးပါ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးလို့။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

fact-check
Hello Sayarwon Panel
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel
Yun Sandi Nan Mon မှ ရေးသားသည်။ · 08/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။
hellobacsi white

Helloဆရာဝန်အနေဖြင့် ပိုမို ကျန်းမာပျော်ရွှင်စေဖို့ နှင့်ကျန်းမာရေးနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် စိတ်ချရသော ကျန်းမာရေး အချက်အလက်များကို ထောက်ပံ့ပေးသည့် ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်ပေးသူ ဖြစ်ချင်ပါတယ်။

  • ကျန်းမာရေး ဆောင်းပါးများ
  • ကျန်းမာရေး ကိရိယာများ

သတင်းအချက်အလက်

  • ကျွန်ုပ်တို့အကြောင်း
  • ကိုယ်ရေးအချက်အလက်စောင့်ထိန်းခြင်းမူဝါဒ
  • ကြော်ငြာနှင့် စပွန်ဆာ လက်ခံခြင်းဆိုင်ရာ မူဝါဒ
  • တည်းဖြတ်ခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာမူဝါဒ
  • ဝဘ်ဆိုက်အသုံးပြုမှု စည်းမျဉ်းများ

Hello Health

  • Hello Health အကြောင်း

    • https://www.dmca.com/ProtectionPro.aspx?r=m
    © 2026 Hello Health Group Pte. Ltd. All Rights Reserved. Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။