မွေးဖွားပြီးကာလကိုယ်တိုင် ဂရုစိုက်မှု
ဘေဘီလေး မွေးဖွားပြီးချိန်မှာ ကျန်းမာနေအောင် ကိုယ်တိုင် ဘယ်လို ဂရုစိုက်ရမလဲ
မေမေ တစ်ယောက်ဖြစ်ရတဲ့ အခိုက်အတန့်က အမျိုးသမီးတိုင်းအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးနဲ့ ပီတိအဖြစ်ရဆုံး အခိုက်အတန့်ပါ။ ဘေဘီလေးကို လွယ်ထားရပြီလို့ စသိချိန်ကတည်းက ဘေဘီလေးကို ထိခိုက်မှု ကင်းစေဖို့၊ ကျန်းကျန်းမာမာနဲ့ လူ့လောကထဲကို ရောက်ရှိခေါ်ဆောင်နိုင်ဖို့ ဆိုပြီး အစစအရာရာကို နည်းနည်းမှ အလွဲမခံ စောင့်ရှောက်ကြတာကို မလုပ်တဲ့ မေမေရယ်လို့ မရှိပါဘူး။ ဒါပေမယ့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ဘေဘီလေးကိုပဲ ဂရုစိုက်မိပြီး ဘေဘီလေးကို သေချာလေး ပျိုးထောင်ဦးဆောင်ပေးမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစစိုက်ဖို့ကိုတော့ မေမေတိုင်းက မေ့နေတတ်ကြပါတယ်။ ဘေဘီလေးကို ဗိုက်ထဲ လွယ်ထားစဉ်ကတော့ ဘေဘီလေးကို ထိခိုက်မှာစိုးတဲ့ စိတ်နဲ့ဂရုစိုက်တာက ကိုယ့်ကိုယ်ကိုယ် အပေါ်မှာပါ သက်ရောက်မှု ရှိနေပေမယ့် ဘေဘီလေးကို မွေးဖွားပြီးချိန်မှာတော့ ဘေဘီလေးကိုပဲ ဂရုစိုက်ရင်း ကိုယ်တိုင်ကို ဂရုမစိုက်မိတဲ့ မေမေတွေ အများကြီးပါ။ တကယ်ကတော့ မေမေ […]
































