မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

လမ်းလျှောက်တာ၊ ပြုံးတာ၊ စပ်စုတာ စတာလေးတွေက မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုတွေပါပဲ။ အသက် ၁နှစ်က ၅နှစ် ကလေးတွေကို ဘယ်လိုမျိုး ထိန်းကျောင်းသင့်တယ်ဆိုတာ ပညာရှင်တွေက ဒီလို အကြံပြုထားပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေး အသက် ၁ နှစ်ခွဲကျော်ပြီဆိုရင် ဘေဘီလေးက မတ်တတ်စမ်းဖို့ စပါပြီ။ လမ်းလျှောက်ဖို့ ခြေမလေးတွေနဲ့ တိုင်ပင်ခေါ်တဲ့ အဆင့်ကို တော်တော်လေး ကျော်လာပြီပေါ့။ မတ်တတ်စမ်းရင်း အမှီပြု အားယူထဖို့ ဟိုဟာ ဆွဲလိုက် ဒီဟာ ဆွဲလိုက်တွေ လုပ်တော့မှာပါ။ ဒီအချိန်မှာ ကလေးကို အပူလောင်တာမျိုးတွေ တစ်ခုခု ပိတာမျိုး ထိခိုက်မှုတွေ မဖြစ်အောင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ မေမေရေပဲ ခေါ်နေတာ မဟုတ်တော့ဘဲ မေမေရေ ဖေဖေရေ ခေါ်ရင်း နောက်ကနေ ပြေးလိုက်လာတော့မှာ ဖြစ်တာကြောင့် ကလေးအနားကနေ ထထွက်သွားချိန်တိုင်းမှာ ကလေးကို ထိုင်နေဖို့၊ မလိုက်လာဖို့ သေချာမှာတာမျိုး လုပ်ဖို့ လိုအပ်လာပြီ ဖြစ်သလို ကလေးနားက ထထွက်ချိန်မှာ ကလေးလိုက်လာလားဆိုပြီး နောက်ကို လှည့်ကြည့်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ မတ်တတ်ပြေး […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေရဲ့ တီထွင်ကြံဆဉာဏ်ကို ထိခိုက်စေနိုင်တဲ့ မိဘတွေရဲ့ အပြုအမူ (၅)မျိုး

ဘယ်မိဘမဆို ကိုယ့်ရဲ့ ကလေးတွေကို ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်စေချင်တာ၊ တီထွင်ကြံဆတတ်စေချင်တာ၊ အနာဂတ်ဘဝခရီးလမ်းမှာ အောင်မြင်မှုသရဖူဆောင်းနိုင်တဲ့ လူတော်ဖြစ်စေချင်တာ သဘာဝပါပဲ။ ကလေးတွေကို ထိန်းကျောင်းပေးတဲ့ နေရာမှာ မေတ္တာတစ်ခုတည်းနဲ့တော့ မပြီးပြည့်စုံနိုင်ပါဘူး။ ကလေးတွေအပေါ်မှာ ကိုယ်လုပ်မိလိုက်တဲ့ အပြုအမူလေးတွေက ကလေးတွေရဲ့ ဦးနှောက်အာရုံထဲမှာ စွဲထင်သွားတတ်ပြီး သူတို့ရဲ့ ကြီးပြင်းလာတဲ့ ပုံစံ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်က ကိုယ့်ရဲ့ ကလေးကို လူတော်တစ်ယောက်အနေနဲ့ ကြီးပြင်းလာစေဖို့ ရည်မှန်းထားတယ်ဆိုရင်တော့ အောက်ပါ အချက်လေးတွေကို ရှောင်ကြဉ်ဖို့ အကြံပေးလိုက်ပါတယ်နော်။ ၁။ အိမ်ထဲမှာ ပိတ်လှောင်ထားတာ။ မိဘအများစုမှာ ကြုံတွေ့ရတတ်တဲ့ စိုးရိမ်မှုပြဿနာက ကိုယ့်ရဲ့ ကလေး အပြင်ထွက်ဆော့လိုက်လို့ တစ်ခုခု ထိမိ၊ ခိုက်မိတာတွေ ဖြစ်သွားမလား၊ တခြားကလေးတွေနဲ့ ဆော့ကစားမိလို့ ရောဂါတွေ ကူးလာမလား အစရှိတဲ့ စိုးရိမ်မှုတွေကြောင့် ကိုယ့်ရဲ့ ကလေးကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ဒီနည်းလမ်းတွေကိုကျင့်သုံးပါ

ကိုယ့်ရင်နှစ်သည်းချာ ရတနာလေးတွေ ကိုယ့်မျက်စိအောက်မှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းကဆန္ဒပါ။ ကိုယ်ဝန်စဆောင်တည်းက ဗိုက်ထဲကလေးအတွက် ဆုတောင်းလိုက်ရတာ အမော။ မွေးပြီးတော့လည်း ကိုယ့်ကလေးတွေကို ညဏ်ရည်ပိုင်းမှာရော ကိုယ်ခန္ဓါကြီးထွားမှု အပိုင်းမှာရော သူများတွေထက် မသာရင်တောင် တန်းတူတော့ ဖြစ်စေချင်ကြတာချည်းပဲလေ။ ဒါတွေက ကလေးပေါ်မှာပဲ မူတည်နေတဲ့ အရာတွေ မဟုတ်ပါဘူး။ မိဘတွေဘက်လည်း သေချာ ဂရုစိုက် ပြင်ဆင်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်။ ဘယ်လိုမျိုး မိဘတွေ ဘက်က ဂရုစိုက်မှုတွေ လုပ်ပေးရမှာလဲ။ ။ မွေးပြီး ၆ လလောက်အထိကိုတော့ မိခင်နို့တစ်မျိုးတည်းပဲတိုက်ပြီး ၆လကျော်ရင်တော့ ဖြည့်စွက်စာတွေ ကျွေးရတယ်ဆိုတာ အာလုံးသိပြီးဖြစ်မှာပါ။ အရေးကြီးဆုံးအချိန်က ၂ နှစ်ကျော်တဲ့ အချိန်ပါ။ ၂ နှစ်ကျော်ဆိုရင် ကလေးက စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရရော ဖွံ့ဖြိုးနေတဲ့ အချိန်လို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ

မိဘနှစ်ပါးရဲ့ မူလဘာသာစကား မတူညီတဲ့ အနေအထားမျိုးအပါအဝင် အမျိုးမျိုးသော အခြေအနေတွေမှာ ကလေးဟာ ဘာသာစကားနှစ်မျိုး စလုံးကို သင်ယူရင်း ကြီးပြင်းလာရတတ်ပါတယ်။ ဒီလို ကြီးပြင်းလာရတာဟာ ကောင်းသလား၊ ဆိုးသလား ဆိုတာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေလည်း အများအပြား ရှိနေပါသေးတယ်။ ဒီလို အငြင်းပွားမှုတွေထဲမှာ မှားယွင်းစွာ လက်ခံထားကြတဲ့ အချက်အလက်လေးတွေလည်း ရှိနေပါတယ်။ အခု ဆောင်းပါးလေးမှာတော့ အဆိုပါ အယူအဆမှားတွေကို တင်ပြသွားမှာပဲ ဖြစ်ပါတယ်။ ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ ဘာသာစကားနှစ်မျိုး နဲ့ ကြီးပြင်းခြင်း : ဘာတွေ အယူအဆ မှားနေကြသလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ၁။ တစ်မျိုးထက်ပိုတဲ့ ဘာသာစကားတွေနဲ့ ကြီးပြင်းလာခြင်းဟာ ကလေးကို ရှုပ်ထွေးသွားစေတယ် ဒါဟာ အယူအဆအမှားတွေ အားလုံးထဲမှာ သဘာဝအကျဆုံး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား

ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား ..... သင်ကိုယ်တိုင်ရော ဘယ်လို ထင်ပါသလဲ။ ကိုယ်တိုင်ရဲ့ ယူဆချက် မှန်ရဲ့လားဆိုတာကို ဆန်းစစ်ကြည့်ရအောင်နော်။ ကလေးတွေကို ရိုက်ပြီးဆုံးမမှဖြစ်မှာလား သားသမီးကို ဆုံးမတာလည်း ဆုံးမတာပေါ့လေ။ ဒါပေမယ့် ကလေးတွေကို  ရိုက်မောင်းပုတ်မောင်း နဲ့ ဆုံးမတာမျိုးကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ ဆုံးမမှုမျိုးပါ။ သားသမီးတွေကို ရိုက်နှက်ဆုံးမခြင်းအားဖြင့် ကလေးတွေဟာ- လူကြောက်တတ်၊ လူရှိန်တတ်လာမယ်၊ အပေါင်းအသင်းမဆန့်တော့ဘူး။ လူစိမ်းတွေကို ကြောက်တတ်လာမယ်။ ရန်လိုဒေါသထွက်တတ်လာမယ်။ ထိခိုက်အနာတရဖြစ်မယ်။ စိတ်ဒဏ်ရာတွေ ရသွားမယ် အစရှိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ရိုက်နှက်ဆုံးမရတဲ့ အခြေအနေမဆိုက်ရအောင် ဘာတွေ လုပ်နိုင်မလဲဆိုတာကို ကြည့်ကြရအောင်။ ၁။ ပတ်ဝန်းကျင် အနေအထားကို ပြောင်းပေးပါ။ မီးဖိုချောင်ထဲ၊ ကြောင်အိမ်ထဲကို သင့်ကလေးက မွှေနှောက်သောင်းကျန်းနေတယ်ဆိုရင် ကြောင်အိမ်ကို သော့ခတ်ထားပါ။ မီးဖိုချောင်နဲ့ ကလေးကို ဝေးဝေးထားပါ။ အရုပ်တရုပ်ကို ကလေးက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်နည်း

မိဘတိုင်းကတော့ သူတို့ရဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းစေချင်ကြမှာပါ။ ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ပျိုးထောင်လို့ရတဲ့နည်းတွေရှိတယ်ဆိုရင် မိဘတိုင်းစိတ်ဝင်စားကြမယ်ထင်ပါတယ်။ ကိုယ့်ရဲ့ကလေးတွေကို ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ကြီးပြင်းလာအောင် ဘယ်လိုပျိုးထောင်ပေးလို့ရလဲဆိုတာက ဆက်ကြည့်လိုက်ရအောင်ပါ။ ကျန်းမာပျော်ရွှင်အောင်မြင်တဲ့ ကလေးတွေအဖြစ်ပျိုးထောင်ကြမယ် ကလေးတွေရဲ့ လက်ဦးဆရာက မိဘတွေပါ။ ကလေးတွေဆိုတာက ဖယောင်းလေးတွေလိုပါပဲ။ ပုံသွင်းတဲ့အတိုင်းဝင်တဲ့အရွယ်လေးတွေပါ။ ကလေးကို ငယ်စဉ်ကတည်းကသေချာပျိုးထောင်ပေးမယ်ဆိုရင် ကလေးကကောင်းမွန်စွာနဲ့ကြီးပြင်းအရွယ်ရောက်လာမှာ အသေအချာပါပဲ။ (၁) ကလေးတွေကို ချစ်ပေးပါ - ဒါက သိပြီးသားအကြောင်းအရာလို့ထင်စရာရှိပါတယ်။ ဒါပေမယ့်လည်း ကလေးကိုချစ်ခြင်းမေတ္တာပေးဖို့က အရေးကြီးဆုံးအချက်တစ်ခုပါ။ သင့်အနေနဲ့ အားနည်းချက်ရှိနေရင်ဖြစ်ဖြစ် ဘယ်လိုပဲဖြစ်နေနေ ကလေးကိုတော့ ချစ်ခြင်းမေတ္တာတွေအကန့်အသတ်မရှိပေးနိုင်ပါတယ်။ ကလေးတွေအနေနဲ့ မိသားစုတွေဆီကနေ ချစ်ခြင်းကိုလက်ခံရရှိသင့်သလို သူငယ်ချင်းတွေ၊ အတန်းဖော်တွေ နဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ချစ်ခြင်းတွေကိုရရှိဖို့လိုအပ်ပါတယ်။ မတော်တဆက ကလေးကိုအော်ငေါက်မိတာ၊ အသံမာမာနဲ့ပြောမိတာမျိုးရှိခဲ့ရင် ကလေးကိုနွေးနွေးထွေးထွေးပွေ့ဖက်ပြီး သင့်အနေနဲ့ ကလေးကိုချစ်ကြောင်းပြောပြပြီးအော်ငေါက်မိတာအတွက် စိတ်မကောင်းတဲ့အကြောင်းပြောပြပေးပါ။ အကန့်အသတ်မဲ့တဲ့ ချစ်ခြင်းမေတ္တာတွေက ကလေးအတွက် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကိုရိုက်ပြီးဆုံးမ မှာလား ဆိုးကျိုးတွေရှိနိုင်ပါတယ်

သင်ဟာ ကလေးကိုရိုက်ပြီးဆုံးမ တတ်သူလား။ ရိုက်ဆုံးမတဲ့နည်းလမ်းက ကလေးကို တကယ်လိမ္မာသွားစေမှာလား။ မိဘတွေဟာ ကလေးတွေကို ရိုက်ဆုံးမတဲ့အခါ ဒေါသထွက်နေချိန်ဖြစ်တာကြောင့် တစ်ခါတရံ စိတ်မထိန်းနိုင်ဘဲ ကိုယ့်စိတ်ဖြေသလို လုပ်နေမိတတ်ပါတယ်။ မိဘအနေနဲ့ ကိုယ့်စိတ်ကို အရင်ထိန်းပြီးမှ ဆုံးမသင့်သလောက်ဆုံးမမယ်ဆိုရင် အကောင်းဆုံးပါ။ မိဘတွေက ကလေးကို ရိုက်ရတော့မယ်လို့ တွေးလိုက်ရင် အလိုလိုကို စိတ်မာထားရမယ်လို့ ခံယူထားကြပါတယ်။ အသည်းမာရမယ်ပေါ့။ ဒါ့ကြောင့်ပဲ ကလေးကိုရိုက်ပြီးမှ သနားပြီးပြန်ငိုတဲ့ တချို့မိဘတွေလည်း ရှိပါတယ်။ နောက်တစ်ချက်က အခုလိုရိုက်ခံရအောင် ကလေးက သူ့ဘာသာဖန်တီးခဲ့တာလို့ တွေးတာဖြစ်ပါတယ်။ အရိုက်ခံရအောင်လုပ်တာ သူတို့အမှားပဲ၊ ငါတို့မှားတာမဟုတ်ဘူးလို့ တွေးကြတာပါ။ ကလေးကိုရိုက်ပြီးဆုံးမ လိုက်ရင် ကလေးရဲ့အပြုအမူတွေကို ခဏတာအတွင်း ထိန်းချုပ်နိုင်မှာလား ကလေးတစ်ယောက်က အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊ နားလည်မှတ်သားနိုင်စွမ်းနဲ့ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် ရိုက်ဆုံးမခြင်းကို အန္တရာယ်လို ကလေးက သတိအနေအထားနဲ့ သိရှိလက်ခံလိုက်ပြီး ချက်ချင်းတုံ့ပြန်လာပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတွေရဲ့ ကြီးထွားမှုအတွက် ဗီတာမင်တွေရဲ့ အရေးပါမှုများ

ဗီတာမင်ဆိုတာကတော့ အခြေခံအားဖြင့် ရှင်သန်ခြင်းရဲ့ အဓိက ရင်းမြစ်လို့ အဓိပ္ပါယ်ရပါတယ်။ ဗီတာမင်တွေနဲ့သတ္တုဓါတ်တွေဟာ ကျွန်တော်တို့ခန္ဓါကိုယ်တွေ အထူးသဖြင့် ကလေးတွေအတွက် အရေးပါတဲ့ ကွန်ပေါင်းတွေပါပဲ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဟာ ကျွန်တော်တို့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကူညီပေးပါတယ်။ မြင်သာအောင်ပြောရမယ်ဆိုရင် အရိုးတွေ၊ ကြွက်သားတွေ၊ အရည်ပြားတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေ တည်ဆောက်နိုင်ဖို့အတွက်နဲ့ ကူးစက်ရောဂါတွေကိုလည်း ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်တစ်ခုခု ချို့တဲ့ခြင်းဟာ ပြင်းထန်တဲ့ ပြဿနာတွေအများစုကို ဦးတည်စေတတ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓါတ်များ ၊ အခြေခံများ သင့်ကလေးဟာ သူ့ရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ (essential vitamins and minerals)ကို လိုအပ်ပါတယ်။ ဒီထဲမှာတော့ ဗီတာမင် A, B, C, D, E စသဖြင့်နဲ့ ကယ်လ်စီယမ်၊ သံဓါတ်၊ အိုင်အိုဒင်း၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးများကို လိမ္မာယဉ်ကျေးစေရန် သွန်သင်ခြင်း

ပါရမီများ၊ စွမ်းရည်များသည် ကလေးတစ်ယောက်တွင် မွေးရာပါဖြစ်သော်လည်း ယဉ်ကျေးလိမ္မာခြင်းကတော့ မွေးရာပါမဟုတ်ပါ။ ကြမ်းတမ်းမှုများနှင့် ပြည့်နေသည့် လောကကြီးအတွင်း ကလေးများ လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျေးနေစေဖို့ သွန်သင်ပေးရမှာ မိဘတို့၏ တာဝန်သာဖြစ်သည်။ ယဉ်ကျေးလိမ္မာတယ်ဆိုတာ ဘာတွေလဲ။ ယဉ်ကျေးတယ်၊ လိမ္မာတယ်ဆိုသည်မှာ ထမင်းစားဝိုင်းမှာ စည်းကမ်းမရှိစားတာမျိုးလောက်တင်မဟုတ်ပါ။ တစ်ယောက်၏ ခံစားချက်အပေါ် တစ်ယောက်က အလေးထားခြင်းတို့အထိပါ ပါဝင်ပါသည်။ ယဉ်ကျေးလိမ္မာခြင်းသည် ဘဝနေနည်းတစ်ခု ဖြစ်သည်။ လူမှုရေးဆိုင်ရာ အခမ်းအနားတွေရှိမှ ဟန်လုပ်ရမည်မျိုးမဟုတ်ပါ။ ထို့ကြောင့် ကလေးများကို ငယ်စဉ်ကတည်းက စောနိုင်သလောက် စောစောသင်ပေးပါမှ သူတို့အတွက် အကျင့်တစ်ခုလိုဖြစ်သွားစေမည် ဖြစ်၏။ ကလေးများကို ဘာကြောင့် ယဉ်ကျေးလိမ္မာအောင် သွန်သင်ရပါသလဲ။ ကျွမ်းကျင်သူများက ကလေးများကို စောစောစီးစီး လိမ္မာယဉ်ကျေးအောင် သင်မပေးထားလျှင် ဆိုးကျိုးများစွာ ရင်ဆိုင်ရမည်ဟု ယုံကြည်ကြ၏။ ကြီးကြီးငယ်ငယ် ဘယ်သူမှ ဆိုးသွမ်းသည့်ကလေးမျိုးကို ကြိုက်မည် မဟုတ်ပါ။ လိမ္မာယဉ်ကျေးအောင် မသွန်သင်ဘဲ ကလေးကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကို အိမ်သာသွားတတ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ

ကလေးကသေးခံ(diaper)လေးဝတ်စရာမလိုတော့ဘဲ ရှူးရှူးတည်လို့ရတဲ့၊ နားလည်တဲ့အရွယ်ရောက်နေပြီဆိုရင် စနစ်တကျစည်းကမ်းစပေးလို့ရနေပါပြီ။ လမ်းလျှောက်တတ်ခါစအရွယ်၊ အသက် ၁၈ လကနေ ၂၄ လအတွင်း ဆို အိမ်သာသွားတတ်အောင် ခွက်နဲ့အကျင့်လုပ်ပေးရတော့မှာပါ။ ဒါပေမယ့် သိပ်လောစရာတော့မလိုပါဘူး။ ကလေးကိုစည်းကမ်းပေးတာ သိပ်စောလွန်းသွားရင် သင်ရပိုကြာနိုင်တဲ့အပြင် ကလေးလည်းပင်ပန်းပါတယ်။ ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုက အသင့်ဖြစ်မဖြစ် အရင်ဆုံးကြည့်ရမှာပါ။ အပြုအမူပိုင်းလေးတွေ သင်လို့ရနေပြီဆိုရင်တော့ စလိုက်ပါတော့။ ခွက်လေးနဲ့ အင်အင်းပါတတ်အောင် အကျင့်လုပ်ပေးတာက ကလေးရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်ရော၊ ကျန်းမာရေးအတွက်ပါကောင်းပါတယ်။ တချို့ကလေးတွေဆို အိမ်ထဲပတ်ပြေးဆော့ကစားရင်း အင်အင်းတွေ တစစီပြန့်ကျဲကုန်တာပဲ။ ဒီလိုမဖြစ်ရအောင် တဖြည်းဖြည်းချင်း ကျင့်ယူပေးရင် မိဘလည်းသက်သာတာကြောင့် အသုံးဝင်မယ့်အချက်လေးတွေအကြံပြုလိုက်ပါတယ်။ မှန်ကန်တဲ့အသက်အရွယ်မှာပဲ စသင်ပါ ကလေးအများစုက အသက် ၂ နှစ်နဲ့ ၃ နှစ်အတွင်းမှာ သင်လို့၊ စည်းကမ်းပေးလို့ရတာသေချာပါတယ်။ တချို့ကျတော့ ဉာဏ်ရည်ဖွံ့ဖြိုးမှုမြန်ဆန်တာကြောင့် လူကြီးတွေပြောသမျှ လုပ်သမျှ ငယ်ကတည်းက နားလည်နေတတ်ပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့အသက်အရွယ်အပိုင်းအခြားဆိုတာက ကလေးရဲ့ဖွံ့ဖြိုးမှုကိုအဓိကမူတည်နေတာကြောင့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင့် ကလေးလိင်အာသာဖြေ တာကို မိရင်ဘယ်လိုလုပ်မလဲ

လိင်အာသာဖြေခြင်းဟာ စိတ်ကျေနပ်မှုနဲ့ စိတ်သက်သောင့်သက်သာ ဖြစ်စေဖို့ လိင်အင်္ဂါတွေကို လှုံ့ဆော်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးတွေက သူတို့လက် (သို့) အခြားအရာတွေကို အသုံးပြုပြီး ပွတ်နိုင်ပါတယ်။ လိင်အာသာဖြေခြင်းက ရေချိုးစဉ်မှာ သူတို့ရဲ့ လိင်အင်္ဂါတွေကို ပုံမှန်ကြည့်ရှုလေ့ရှိတဲ့ နှစ်နှစ်ကလေးတွေထက် ပိုပါတယ်။ လိင်အာသာဖြေစဉ်မှာ ကလေးငယ်ဟာ ငေးငိုင်ပြီး ဒီကိစ္စတစ်ခုတည်းကိုသာ အာရုံစိုက်နေတတ်ပါတယ်။ ကလေးတွေက တစ်နေ့မှာ အကြိမ်ပေါင်းများစွာ လိင်အာသာ ဖြေနိုင်ခြင်း (သို့) တစ်ပတ်မှာ တစ်ကြိမ်မှာ လိင်အာသာဖြေခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ကလေးလိင်အာသာဖြေ ခြင်းက အိပ်ချင်ချိန်၊ စိတ်ကျချိန်နဲ့ စိတ်ဖိစီးချိန်တွေမှာ အဖြစ်များပါတယ်။ ဘာလို့ ကလေးတွေ လိင်အာသာဖြေကြတာလဲ။ လိင်အာသာဖြေခြင်းဟာ လမ်းလျှောက်တတ်ကာစ ကလေးတွေနဲ့ ကျောင်းမတက်ရသေးတဲ့အရွယ် ကလေးတွေမှာ ပုံမှန်ဖြစ်တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဟာ ခံစားမှုကောင်းမွန်တာကြောင့် လိင်အာသာဖြေခြင်းကို ဆက်လက်လုပ်ဆောင်တတ်ကြပါတယ်။ အချို့ကလေးတွေဟာ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း