မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

လမ်းလျှောက်တာ၊ ပြုံးတာ၊ စပ်စုတာ စတာလေးတွေက မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုတွေပါပဲ။ အသက် ၁နှစ်က ၅နှစ် ကလေးတွေကို ဘယ်လိုမျိုး ထိန်းကျောင်းသင့်တယ်ဆိုတာ ပညာရှင်တွေက ဒီလို အကြံပြုထားပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေးဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေး အသက် ၁ နှစ်ခွဲကျော်ပြီဆိုရင် ဘေဘီလေးက မတ်တတ်စမ်းဖို့ စပါပြီ။ လမ်းလျှောက်ဖို့ ခြေမလေးတွေနဲ့ တိုင်ပင်ခေါ်တဲ့ အဆင့်ကို တော်တော်လေး ကျော်လာပြီပေါ့။ မတ်တတ်စမ်းရင်း အမှီပြု အားယူထဖို့ ဟိုဟာ ဆွဲလိုက် ဒီဟာ ဆွဲလိုက်တွေ လုပ်တော့မှာပါ။ ဒီအချိန်မှာ ကလေးကို အပူလောင်တာမျိုးတွေ တစ်ခုခု ပိတာမျိုး ထိခိုက်မှုတွေ မဖြစ်အောင် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ မေမေရေပဲ ခေါ်နေတာ မဟုတ်တော့ဘဲ မေမေရေ ဖေဖေရေ ခေါ်ရင်း နောက်ကနေ ပြေးလိုက်လာတော့မှာ ဖြစ်တာကြောင့် ကလေးအနားကနေ ထထွက်သွားချိန်တိုင်းမှာ ကလေးကို ထိုင်နေဖို့၊ မလိုက်လာဖို့ သေချာမှာတာမျိုး လုပ်ဖို့ လိုအပ်လာပြီ ဖြစ်သလို ကလေးနားက ထထွက်ချိန်မှာ ကလေးလိုက်လာလားဆိုပြီး နောက်ကို လှည့်ကြည့်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ မတ်တတ်ပြေး […]

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဒေါသထွက်တိုင်း ကိုယ့်ကလေးကိုအော်ပြောတာ အကျင့်ဖြစ်နေပြီလား

လူဆိုတာကတော့ ဒေါသ ထွက်ရင် လုပ်သမျှအမှားပါတတ်တာပါပဲ။ မိဘတွေမှာလည်း ဒီလိုပါပဲ၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဆိုးဒေါသထွက်ပြီး အနားမှာရှိတဲ့ ကလေးကို အော်ဟစ်ပြောဆိုလိုက်တယ်၊ ပြီးတော့လည်း ဘာမှမဟုတ်သလို မေ့သွားတာပါပဲ။ ပတ်ဝန်းကျင်ကတော့ ကရုဏာဒေါသလို့ အမည်တပ်ပေမယ့် ဆေးပညာအရတော့ ဒီလိုအပြုအမူက ကလေးတွေအတွက် တစ်ဘဝစာ စိတ်ဒဏ်ရာဖြစ်စေနိုင်တဲ့အထိ ဆိုးရွားတဲ့ လုပ်ရပ်ပါပဲ။ ဒေါသထွက်တိုင်း ကိုယ့်ကလေးကိုအော်ပြောတာ အကျင့်ဖြစ်နေပြီလား ကလေးတွေဆိုတာ မသိနားမလည်သေးတဲ့အရွယ်ပါ။ ဒီတော့ အမှားလုပ်မိတာတွေ ရှိမယ်၊ လူကြီးတွေကို စိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်မိတာတွေ ရှိမယ်၊ ဒါတွေက ကလေးတစ်ယောက်ရဲ့ သဘာဝပဲလေ။ ဒါကို ကလေးမယူခင်ကတည်းက မိဘတွေအနေနဲ့ သိထားဖို့လိုပါတယ်။ ကိုယ်ကတော့ ဒေါသ ထွက်လို့ အော်ချင်တိုင်းအော်လိုက်ပါရဲ့။ အအော်ခံလိုက်ရတဲ့ ကလေးမှာက သေရာပါမယ့် စိတ်ဒဏ်ရာတစ်ခုလို ကျန်ရစ်ခဲ့တာပါ။ ဒေါသထွက်တိုင်း ကိုယ့်ကလေးကိုအော်ပြောတာ ကောင်းမွန်တဲ့ ဖြေရှင်းနည်း တစ်ရပ် မဟုတ်ပါဘူး။ ကလေးကိုအော်တတ်တဲ့ အကျင့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးက အဖော်အရမ်းမက်တယ် ဘယ်လိုလုပ်ရမလဲ

ကလေးကအဖော်အရမ်းမက်လို့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူးဆိုတဲ့မေမေတွေရှိလား။ ဒါဆိုရင်တော့ စိတ်မညစ်ပါနဲ့တော့။ ဒီနည်းလမ်းလေးတွေကိုလက်တွေ့အသုံးချကြည့်ဖို့ပြောပါရစေ။ အဖော်မက်တာက ကလေးတွေရဲ့သဘာဝ ကလေးတိုင်းလိုလိုက အဖော်မင်ကြသူတွေပါပဲ။ တစ်ယောက်တည်း မွေးထားတဲ့ကလေးတွေနဲ့ အကြီးတွေ အသက်ကွာလွန်းတဲ့ကလေးတွေက အခြားကလေးတွေထက် ပိုပြီးအဖော်မက်ကြပါတယ်။ အဖော်မက်တာက ပြဿနာမဟုတ်ပေမယ့် ကလေးက အဖော်မက်တာအရမ်းလွန်ပြီး သူငယ်ချင်းတွေရဲ့ အနိုင်ကျင့်ခံ၊ ခိုင်းဖက်ဖြစ်လာတာကတော့ပြဿနာပါ။ မေမေတို့အနေနဲ့လည်း အရမ်းစိတ်မကောင်းဖြစ်မိမှာအမှန်ပဲလေ။ အဖော်မက်တဲ့ ကလေးတွေက သူငယ်ချင်းတွေဘာပြောပြောခေါင်းညိတ်လုပ်ပေးလို့ သူ့ကိုခင်နေရင်ပြီးရောနေနေတာက အချိန်ကြာလာတဲ့အခါပြဿနာရှိလာနိုင်ပါတယ်။ ကလေးက အဖော်အရမ်းမက်တဲ့ ပြဿနာကို ဒီလိုဖြေရှင်းပါ လူဆိုတာ အပေါင်းအသင်းပတ်ဝန်းကျင်ရှိရမှာမှန်ပေမယ့် အကျိုးမပြုဘဲ အနိုင်ကျင့်တဲ့ ပတ်ဝန်းကျင်အခြေအနေကတော့ကောင်းကျိုးထက် ဆိုးကျိုးများလာနိုင်ပါတယ်။ ကလေးက အဖော်အရမ်းမက်နေပြီဆိုရင်.... ကလေးကို အချိန်ပေးပါ ကလေးတွေ အဖော်အရမ်းမက်ရတဲ့ပြဿနာတစ်ခုက မိဘတွေက သူ့ကို အချိန်လုံလောက်အောင် မပေးနိုင်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ် အချိန်ပေးနိုင်အောင်ကြိုးစားပေးပါ။ နားထောင်ပေးပါ ကလေးတွေမှာလည်း ငယ်သေးလို့တွေးပူတာမရှိဘူး၊ စိတ်ဖိစီးမှုမရှိဘူးမထင်ပါနဲ့။ ကလေးတွေမှာလည်း ရင်ဖွင့်ချင်တဲ့ အကြောင်းအရင်းတွေရှိနေပါတယ်။ ဒါကြောင့် ကလေးရဲ့ အရင်းနှီးဆုံး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ပန်းပုဆရာကောင်းတစ်ယောက် ဖြစ်ပါစေ ။ ။

ကိုယ့်ကလေးတွေကို လူတော် လူကောင်းဖြစ်စေချင်ကြတာ မိဘတိုင်းပါ။ ဒါပေမယ့် ကလေးတစ်ယောက် တော်ဖို့၊ လူကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ကလေးအပေါ်မှာ အများကြီးမူတည်နေတာ မဟုတ်ဘဲ မိဘတွေရဲ့ ထိန်းကျောင်းပျိုးထောင်ေပးမှုနဲ့ အများကြီး သက်ဆိုင်နေတဲ့ အရာပါ။ သားသမီးမကောင်း မိဘခေါင်း ဆိုသလိုမျိုးပေါ့။ ဒီတော့ ကလေးတွေကို ဘယ်လိုပုံစံမျိုးနဲ့ အုပ်ထိန်းကြမလဲ ။ ။ ကလေးတစ်ယောက်ကို ပျိုးထောင်တဲ့နေရာမှာ မိဘတွေ ရှောင်ရ ဆောင်ရမယ့် အချက်တွေရှိပါတယ်။ ဒါတွေကို မိဘတွေ အနေနဲ့ သေချာသိထားမှ ကိုယ့်ကလေးရဲ့ အနာဂတ်ကို လှပအောင် ထုဆစ်ပုံဖော်ပေးနိုင်တဲ့ ပန်းပုဆရာကောင်းတွေဖြစ်ကြမှာပါ ။ ။ ကလေးတစ်ယောက်ကို အုပ်ထိန်းတဲ့နေရာမှာ ဒါတွေလုပ်ပေးပါ။ ကလေးပြောချင်တဲ့ စကားတိုင်းကို စိတ်ရှည်ရှည်နားထောင်ပါ။ ဒါမှ သူတို့လေးတွေ ဘာတွေခံစားနေရလဲ ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲဆိုတာ သိမှာပါ။ သူတို့ကို သင်ယုံကြည်ကြောင်းပြပါ။ - ကလေးတွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ရေကြောက်တဲ့ကလေးတွေကို ရေကူးသင်ပေးတော့မယ်ဆိုရင်

ကလေးတွေဆိုတာ အရာရာကို စူးစမ်းလေ့လာတတ်တယ်ဆိုပေမယ့် ရေကူးရမှာနဲ့ ပတ်သက်လာရင်တော့ တော်တော်များများ ကြောက်တတ်ကြပါတယ်။ အချင်းချင်း ရေပက်ရတာ၊ မိသားစုလိုက် ရေနဲ့ ပျော်ပျော်ပါးပါးကစားကြတဲ့အခါ ပြဿနာမရှိပေမယ့် ရေကူးတဲ့အချိန်မှာတော့ ကြောက်စိတ်တွေ ဝင်လာတယ်ဆိုတာ ဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မိဘဆိုတာကတော့ ကိုယ့်သားသမီးနဲ့ ပတ်သက်လာရင် အရာရာကို တွေးပူတတ်ကြတာမလား။ ဒီတော့ ရေကူးရမှာကြောက်တဲ့ ကိုယ့်ကလေးကို ရေကူးသင်ပေးတော့မယ်ဆိုရင် မိဘတွေအနေနဲ့ ဘာတွေသိထားသင့်လဲ၊ ဘယ်လိုကူညီပေးသင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ကလေးတွေ ရေကြောက်တယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ လူတော်တော်များများက ကြောက်စိတ်ကို မှားယွင်းတယ်၊ မရှိသင့်ဘူးလို့ ခံယူထားကြတဲ့အခါမှာ ကလေးတွေစိတ်ထဲမှာ ဖြစ်လာတဲ့ ကြောက်တဲ့စိတ်ကို နားလည်မပေးတတ်ကြပါဘူး။ ဒါက လူတွေမကြာခဏ လုပ်တတ်ကြတဲ့ အမှားတစ်ခုပါ။ ဒီတော့ အရင်ဆုံးလုပ်ပေးရမှာက ကလေးတစ်ယောက်မှာ ကြောက်စိတ်ဖြစ်တယ်ဆိုတာ သဘာဝပါပဲ။ လူကြီးတွေအတွက်တော့ ရေကူးတယ်ဆိုတာ သာမန်လေ့ကျင့်ခန်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ဘက်လိုက်တတ်တဲ့မိဘကြောင့် ကလေးဘဝ ဘယ်လိုပြောင်းလဲသွားနိုင်လဲ

မိဘမှန်ရင် သားသမီးတိုင်းကို ညီတူမျှတူချစ်တယ် ဆိုပေမယ့် သားသမီးတွေကတော့ ဒီလိုမြင်ချင်မှ မြင်မှာပါ။ ကလေးအရွယ်ဆိုတာ သေချာလည်း စဉ်းစားတတ်သေးတာ မဟုတ်တော့ သူတို့မြင်တဲ့အရာကိုပဲ စိတ်ထဲမှာ စွဲနေရင်းနဲ့ ငယ်စဉ်ကတည်းက စိတ်ဝေဒနာတစ်ခုလို ဖြစ်သွားမယ်။ ဒီလိုဖြစ်နေတာကို ဘယ်သူ့မှ ဖွင့်မပြောဘဲ တစ်ယောက်တည်းမြိုသိပ်လိုက်တဲ့ ကလေးတွေ ကြီးလာတဲ့အခါ စိတ်ကျန်းမာရေးပြဿနာတွေအပြင် မူးယစ်ဆေးဝါး၊ အရက်တွေကို အလွန်အကျွံသုံးစွဲတာ၊ ပညာရေးမှာ ထိခိုက်လာတာ၊ အိမ်တွင်းရေးနဲ့ ပတ်သက်လာရင်လည်း မိဘတွေအပေါ် သံယောဇဉ်နည်းသွားတာ၊ နာကျည်းစိတ်၊ သိမ်ငယ်စိတ်၊ အထီးကျန်စိတ်ေတွ ပိုပြီးဖြစ်လာနိုင်ပါတယ်။ မိဘတွေက တကယ်ပဲ ဘက်လိုက်ရဲ့လား။ မိဘတော်တော်များများကတော့ ကိုယ့်ရဲ့ သားသမီးတိုင်းကို တူညီစွာ ချစ်တတ်ကြပါတယ်။ ဒါပေမယ့် တချို့မိဘတွေအနေနဲ့ကတော့ ချွင်းချက်ပေါ့။ ဥပမာပြောရရင် ယောက်ျားလေးလိုချင်တဲ့ မိဘတွေက ကိုယ့်ကလေးတွေထဲမှာ ယောက်ျားလေးတွေကိုပဲ ဦးစားပေးဂရုစိုက်တာမျိုးပေါ့။ မိန်းကလေးတွေကို မချစ်တာမဟုတ်ပေမယ့် သူတို့ထက်စာရင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

လမ်းလျှောက်ခြင်း အနုပညာ

နေ့စဉ်လျှောက်လှမ်းနေတဲ့ခြေလှမ်းလေးတွကို သဘောကျရဲ့လား။ အခြားသူတွေက လမ်းလျှောက်ရင် စမတ်ကျလှပပြီး ကိုယ့်ကျမှအဆင်မပြေဘူးဖြစ်နေတယ်၊လို့ ထင်နေလား။ ဒီလိုဖြစ်နေတာက ဘာကြောင့်လို့ သင်ထင်လဲ။ အဖြေသိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ ကိုယ့်ဆီမှာရှိနေတဲ့ အပြုအမူတွေရဲ့ ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက်က ငယ်စဉ်ဘဝက ထိတွေ့မြင်တွေ့ခဲ့ရသူတွေထံကနေ သင်ယူထားတာပါနော်။ ခြေလှမ်းလှလှလှမ်းပါစေ သင်စီးနေတဲ့ ဖိနပ်နှစ်ဖက်မှာ တစ်ဖက်နဲ့ တစ်ဖက် အထူအပါးမညီတာမျိုး၊ နောက်မြီးပေါက် ထိပ်ပေါက်ဖြစ်နေမျိုးတွေ ရှိနေလား။ ရှိနေတယ်ဆိုရင်တော့ သင့်ရဲ့လမ်းလျှောက်ပုံနဲ့ ခြေထောက်အနေအထားကြောင့်ဖြစ်နေတာပါ။ ဒီပြဿနာတွေရဲ့အစက ဘာဖြစ်မယ်လို့ သင်ထင်ပါသလဲ။ မြန်မာမှုနယ်ပယ်မှာ " လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ " ဆိုတဲ့စကားရှိပါတယ်။ သင့်ရဲ့လမ်းလျှောက်တဲ့ပုံစံ၊ အမူအကျင့်စတာတွေက သင်ငယ်စဉ်က သင့်မိဘနဲ့ ပတ်ဝန်းကျင်ကနေ သင်ယူရရှိလာတာပါ။ လက်ဦးဆရာက မိဘတွေဆိုပေမယ့် ဒီနေ့ခေတ်မှာတော့ ကလေးတွေကို ထိန်းသိမ်းစောင့်ရှောက်ကြတာက မိဘတွေတင်မဟုတ်တော့ပါဘူး။ မိဘတွေက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ... အခု....ရပ်

ကလေးက ထမင်းခွံနေချိန်မှာ ထမင်းမစားဘူးဘဲလုပ်နေတယ်၊ သိပ်နေတာကိုတော်တော်နဲ့မအိပ်ဘူး။ အရမ်းမဆော့ပါနဲ့ဆိုတာကိုတောက်တောက်နဲ့လျှောက်ပြေး နေတယ်။ ကလေးကလည်းပြောရခက်လိုက်တာ စိတ်မရှည်တော့ဘူး။ ဘယ်လိုပြောပြောမရပါလားဆိုပြီးဖြစ်နေချိန်မှာ ဘာလုပ်တတ်ကြလဲမေမေဖေဖေတို့.........ကြောက်အောင်ခြောက်တယ်ဟုတ်......... ကလေးတွေကို လိုသလိုပုံစံကျစေဖို့ မိဘတွေထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခု ကလေးက ပြောရဆိုရခက်တဲ့အချိန်မှာ မိဘအများစုထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခုရှိတယ်လေ။ ဒါကတော့ ကလေးကိုကြောက်အောင်ခြောက်ပြီး ဖြစ်စေချင်တဲ့ပုံစံအတိုင်း လုပ်ခိုင်းတာ၊ နေခိုင်းတာပါ။ ဘာတွေနဲ့ အများဆုံး ခြောက်လှန့်တတ်ကြလဲ သိလား။ ငယ်စဉ်ကတည်းက ကိုယ်တွေကိုယ်တိုင်တောင် ခြောက်ခံခဲ့ရသေးတယ်လေ။ဒေဝေါကြီးရေ လာပါ။ ထမင်းမစားဘူးလုပ်နေတယ်၊ မအိပ်သေးဘူးလား ဒေဝေါကြီးကို ခေါ်လိုက်မှာနော်ဆိုတာမျိုးလေ။ ဒီတစ်ခုတည်းလားဆိုတော့ မဟုတ်သေးပါဘူး။ဂေါ်ဇီလာကြီးဆိုတာမျိုး ရုပ်ရှင်ထဲကကြောက်စရာသတ္တဝါကြီးတွေ၊ ပင့်ကူကြီး၊ အိမ်မြှောင်ကြီး၊ ကလေးဖမ်းတဲ့လူကြီးဆိုတာမျိုးတွေလေ။ ကိုယ်တိုင်တောင် အခြောက်ခံခဲ့ရဖူးတယ်ဟုတ်။ ဒီလို ခြောက်လှန့်လိုက်လို့ ကလေးကဖြစ်စေချင်တဲ့အတိုင်း ငြိမ်ငြိမ်လေးလိုက်လုပ်ပေးတာက စိတ်ကျေနပ်စရာဖြစ်ပေမယ့်ရေရှည်မှာ ကလေးအတွက် မကောင်းပါဘူး။ အကြောက်တရား ကြီးစိုးခံလိုက်ရပါတယ်နော်။ အကြောက်တရားနဲ့ ကြီးပြင်းစေမှုက ကလေးအရွယ်မှာတင်ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ အသက်ကြီးတဲ့အထိ စိတ်ထဲမှာ တစ်ချိန်လုံးစွဲနေမယ်ဆိုတာကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

အလုပ်ထွက်ပြီး မိသားစုကိုပဲ အချိန်ပေးဖို့ ဆုံးဖြတ်လိုက်ပြီလား

ဒီဘက်ခေတ်ကြီးထဲမှာ အိမ်မှာပဲ အမြဲနေပြီး ကလေးတွေနဲ့ အချိန်ကုန်တဲ့ အိမ်ထောင်ရှင်မေမေတွေ နည်းလာပါပြီ။ ငွေရေးကြေးရေး အခြေအနေအရရော၊ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ ဘဝအပေါ် ခံယူချက်ကြောင့် အလုပ်တစ်ဖက်နဲ့ မိသားစုတာဝန်ကို မလစ်ဟင်းအောင် ကြိုးပမ်းကြတဲ့ မေမေတွေဟာ တော်တော်လေးကို စိတ်ရောလူပါ ပင်ပန်းရတဲ့ ကိစ္စပါပဲ။ မကြာမီမှာ ကလေးယူပြီး ပျော်ရွှင်စရာ မိသားစုဘဝလေး ထူထောင်ကြမယ့် မေမေတွေလည်း လုပ်နေတဲ့ အလုပ်ကို ထွက်ရမလား၊ အလုပ်ရော အိမ်မှုကိစ္စကိုပါ တွဲပြီး လုပ်ရမလား တွေဝေနေကြမှာပါ။ ဒီနေ့ဆောင်းပါးလေးမှာ အိမ်မှာပဲ အမြဲနေပြီး မိသားစုနဲ့ အတူအချိန်ကုန်ဆုံးဖို့ ပြင်ဆင်နေတဲ့ မေမေတွေအတွက် ကြုံလာနိုင်တဲ့ ပြောင်းလဲမှုတွေနဲ့ ဘဝကို ဘယ်လိုဟန်ချက်ညီအောင် ထိန်းလို့ ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အိမ်တွင်းပုန်း မေမေတွေအတွက် အားသာချက်တွေ ၁။ မိသားစုဝင်က တစ်ခုခုလိုအပ်တိုင်း ကိုယ်က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

သင်သိပါသလား ဒါတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်ဆိုတာ

ကလေးကို အိုင်းစတိုင်းလောက် ဉာဏ်ရည်မြင့်အောင် မမွေးမြူနိုင်တာ သင့်အပြစ်မဟုတ်ဘူး၊ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့အရာတွေ ကျွေးမိနေတာမသိရင်တော့ သင့်အပြစ်ပဲ။ ဘာလို့ဆို ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်နိုင်တဲ့အချက်တွေထဲမှာ အစာအာဟာရက ထိပ်ဆုံးကပါဝင်လို့ပါပဲ။ ဘာတွေက ထိခိုက်စေတာလဲ အချိုများတဲ့ သောက်စရာတွေ အချိုများတဲ့ သောက်စရာတွေက အဝလွန်ခြင်းကိုဖြစ်စေတဲ့အပြင် အမျိုးအစား ၂ဆီးချိုရောဂါနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ ဒီထက်ပိုဆိုးတာက ဦးနှောက်ကိုလည်းဆိုးကျိုးသက်ရောက်နိုင်တယ်တဲ့။ အချိုများများစားရင် ဦးနှောက်ရောင်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ သင်ယူလေ့လာနိုင်စွမ်းကျဆင်းခြင်းတွေဖြစ်စေနိုင်တယ်လို့ သုတေသနလေ့လာမှုတွေက တွေ့ရှိထားပါတယ်။ ရေခဲမုန့် ကလေးတွေအတွက် အကြိုက်ဆုံးစားစရာထဲမှာ ရေခဲမုန့်လည်းပါဝင်ပါတယ်။ ဒါပေမယ့် ရေခဲမုန့်က ဝိတ်တက်တာနဲ့ ချောင်းဆိုးတာလောက်ပဲဖြစ်စေမယ်လို့ မထင်လိုက်ပါနဲ့။ တစ်ခါတလေက ဘာမှမဖြစ်ပေမယ့် အမြဲစားနေရင် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရေခဲမုန့်တစ်ခွက်မှာပါဝင်တဲ့ ပြည့်ဝဆီ ၁၀ ဂရမ်က သွေးကြောတွေကို ပိတ်ဆို့စေနိုင်ပြီး သကြား ၂၈ ဂရမ်က ဦးနှောက်လုပ်ဆောင်ချက်တွေကို ဟန်ချက်မညီဖြစ်စေနိုင်ပါတယ်။ ကြက်အူချောင်း၊ ဟော့ဒေါ့ ပြုပြင်စီမံထားတဲ့အစားအစာတွေမှာ အငန်ဓာတ်၊ အဆီတွေနဲ့ သကြားပါဝင်မှုများပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးရဲ့လေ့လာသင်ယူမှုစွမ်းရည်ကို ဘယ်လိုပျိုးထောင်မလဲ

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ရဲ့ သားသမီးတွေအတွက် အမြဲစိတ်ပူပန်နေရတာ၊ ပြုစုစောင့်ရှောက်နေရတာ သဘာဝပါပဲ။ ကိုယ်ဝန်ဆောင်စဉ်မှာလည်း သန္ဓေသားနဲ့ မိခင်ကျန်းမာစေဖို့ အစာအာဟာရကို သေချာရွေးချယ်စားသောက်ရတယ်။ ကျန်းမာရေးကိုလည်း ဂရုစိုက်ရတယ်။ ကလေးမွေးပြီးတဲ့နောက်မှာလည်း ကလေးအတွက် အစာအာဟာရ၊ နောင်ရေး၊ ပညာရေး အစရှိသဖြင့် မိဘတွေမှာ မျှော်လင့်ချက်တွေ ကြီးမားရပြန်ပါတယ်။ ကလေးတွေအတွက် ကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ပိုင်ဆိုင်ရစေဖို့ မိဘတွေအနေနဲ့ ပျိုးထောင်ပေးလို့ ရမယ့် နည်းလမ်းတွေ ရှိသလို အစာအာဟာရကိုလည်း သေချာချက်ပြုတ်ကျွေးမွေးပေးဖို့ လိုအပ်ပါတယ်။ ကလေးတွေကို သင်ယူလိုစိတ်ရှိအောင် ဘယ်လိုပျိုးထောင်ပေးမလဲ။ ကလေးတွေဟာ အတုမြင် အတတ်သင်ကြတဲ့ အရွယ်ပါ။ ကလေးတွေရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်ဖို့ မိဘတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်လဲ၊ ဘယ်လို အမူအကျင့်မျိုး လုပ်ဖို့လိုသလဲဆိုတာကို ပြောပြပေးမယ်နော်။ ၁။ စာဖတ်တဲ့ အလေ့အကျင့်ကို မွေးပေးပါ။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုတဲ့ ဆောင်ပုဒ်ကို […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း