မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်မှာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေက အံ့မခန်းပါပဲ။ ကလေးတွေ ကျန်းမာကြံ့ခိုင်ဖို့ အကြံဉာဏ်ကောင်းတွေကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဖွံ့ဖြိုးမှု

မတ်တတ်ပြေး နဲ့ မူကြိုအရွယ် ကလေး တစ်ယောက် ဘယ်လိုဖွံ့ဖြိုးလာသလဲ။ ကလေးလေးရဲ့ အသက်  ၁နှစ် ကနေ ၅ နှစ်တာကာလအတွင်းမှာ အရပ်အမောင်းရော ကိုယ်အလေးချိန်ပါ ပြောင်းလဲလာပါပြီ။ ပုံပန်းသဏ္ဍာန်လေးလည်း ပြောင်းလဲလာတော့မှာပါ။ ကလေးက တစ်နှစ်ကို ၃ လက်မလောက် အရပ်တက်လာမှာ ဖြစ်သလို ကိုယ်အလေးချိန်ကလည်း တစ်နှစ်ကို ၄ ပေါင်ခွဲလောက်စီကို တိုးလာတော့မှာပါ။ ကလေးက သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်မှုတွေကို စတင် လုပ်ဆောင်နေပါပြီ။ အရိုးတွေ၊ ဦခေါင်းခွံနဲ့၊ မျက်နှာတွေ ကြီးထွားဖွံ့ဖြိုးလာပါပြီ။ ဒီကာလမှာ မျက်နှာဝိုင်းဝိုင်းလေးကနေ မျက်နှာကျပုံစံ အမျိုးမျိုး ပြောင်းလာတော့မှာပါ။ အကြောင်းကတော့ သားသားမီးမီးတို့ရဲ့ နဖူး၊ နှာခေါင်း၊ မေးစေ့တွေက ထင်းထင်းလာပါပြီ။ မေးရိုးတွေကျယ်လာပြီး သွားတွေလည်း စုံလာပြီ။ ပခုံးလေးကျဉ်းလာပြီး ဗိုက်ကလေးက ချပ်ရပ်လာပြီ။ ကိုယ်နေဟန်ထား […]

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ် ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့အတွက် မိုးရာသီ အစားအစာလမ်းညွှန်

မိုးလေးကျလာရင် မေမေတိုင်း စိုးရိမ်တာက သားသားမီးမီးတို့ ဖျားနာမှာကိုပါ။ အခုနှစ်မှာတော့ ရာသီတုပ်ကွေးအပြင် မေမေတို့ စိုးရိမ်စရာတစ်ခုတိုးလာပါပြီ ဒါကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲကြီး (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာထားတဲ့ COVID-19 ပါ။ ဒီတော့ မုတ်သုံကာလမှာ သားသားမီးမီးတွေကို မုတ်သုံ​ကြောင့်ဖြစ်မယ့် ရောဂါတွေကိုရော ​ကိုဗစ်ကိုပါ ကာကွယ်ဖို့အတွက် ကိုယ်ခံအားကောင်း အောင် မေမေတို့အနေနဲ့ ဘာတွေများ ပြင်ဆင်ပေးမယ် စိတ်ကူးလဲ........... ကလေးတွေကို မိုးရာသီမှာ ရောဂါကင်းပြီး ကျန်းမာနေစေဖို့ ချစ်ရတဲ့ သားသားမီးမီးတို့ကို မိုးရာသီမှာ ရောဂါကင်းပြီး ကျန်းမာနေစေဖို့ဆိုရင် နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ဒါလေးတွေ ပါဝင်အောင် ပြင်ဆင်ပေးပါ။ နနွင်း ဟင်းချက်တဲ့အခါ နနွင်းကို ထည့်တတ်ကြပါတယ်။ ဒီနနွင်းက ဟင်းကို အရောင်လှစေရုံတင် မဟုတ်ဘဲ ရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။ နနွင်းမှာပါတဲ့ curcumin က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မိဘများ သိထားသင့်တဲ့ ကလေးနို့မှုန့် အာဟာရအကြောင်း

သားသမီးတွေအတွက်ဆိုရင် အမြဲတမ်း အကောင်းဆုံးဆိုတဲ့ အရာတွေကိုမှ ပေးစွမ်းချင်တယ်ဆိုတာ မိဘတွေရဲ့ စေတနာပါ။ ကိုယ်ဝန်ဆောင်ချိန်ကာစလို့ ကလေးမွေးပြီး ကျန်းမာစွာ ကြီးပြင်းလာတဲ့အထိ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ပေးဖို့တတ်သူတွေပါ။ ကိုယ့်ကလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့မှာ အာဟာရဟာ အလွန်ကြီးမားတဲ့နေရာက ပါဝင်နေတယ်ဆိုတာကို မိဘတွေသိနားလည်ဖို့လိုအပ်ပါတယ်။ ကလေးတွေအတွက် အဓိကလိုအပ်တဲ့ အစာအာဟာရ ကလေးမွေးပြီး ၆လအထိ အချိန်ကိုတော့ မိခင်နို့ တစ်မျိုးတည်းကိုသာ မဖြစ်မနေ တိုက်ဖို့ လိုအပ်ပါတယ်။ မိခင်နို့မှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်တဲ့အပြင် ကလေးတွေကို ဉာဏ်ကောင်းထက်မြက်စေအောင်လည်း ကူညီပေးနိုင်ပါတယ်။ ကလေး အသက် ၆လနောက်ပိုင်းမှာတော့ မိခင်နို့အပြင် ဖြည့်စွက် အာဟာရအနေနဲ့ နို့မှုန့်ကိုပါ ကျွေးလို့ ရပါတယ်။ ကလေးနို့မှုန့် မှာလည်း ကလေးတွေအတွက် အရိုးသန်စွမ်းစေမယ့် သံဓာတ်တွေ၊ ဦးနှောက် ဉာဏ်ရည်အတွက် Omega-3, […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အကောင်းဆုံးနို့ ရွေးချယ်နည်း လမ်းညွှန်

ကလေးတစ်ယောက် ကောင်းမွန်စွာ အရွယ်ရောက်လာစေဖို့ ငယ်စဉ်ကတည်းက အာဟာရပြည့်ဝဖို့ လိုပါမယ်။ ကောင်းမွန်ပြည့်စုံတဲ့ အာဟာရဓာတ်မရရှိတဲ့ကလေးတွေဟာ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေနောက်ကျတတ်ပါတယ်။ ကလေးတွေရဲ့ အာဟာရလမ်းကြောင်းမှာ မဖြစ်မနေအရေးပါတာကတော့ နို့တိုက်ကျွေးမှုပါ။ ဒီ တစ်ခေါက်တော့ ကလေးတစ်ယောက် ကြီးထွားစေဖို့ မဖြစ်မနေ လိုအပ်တဲ့ နို့အာဟာရတွေထဲကမှ ကလေးအတွက် အသင့်တော်ဆုံး နဲ့ အာဟာရအပြည့်ဆုံးဖြစ်မယ့် နို့ကို ဘယ်လိုရွေးချယ်မလဲဆိုတဲ့ နည်းလမ်းလေး ဆွေးနွေးရအောင်လား …………… ကလေးတစ်ယောက် ဘယ်အရွယ်ထိ နို့သောက်သင့်လဲ…………. ကလေးတစ်ယောက်ဟာ အသက် ၁၀ နှစ်အထိ အာဟာရပြည်ဝတဲ့ နို့ကို သောက်သုံးဖို့လိုပါမယ်။ မွေးစကနေ ၅ နှစ်အထိက မှတ်ဉာဏ်တည်ဆောက်ဖို့၊ဦးနှောက်နဲ့ အာရုံကြောတွေ အကောင်းဆုံး ဖွံ့ဖြိုးဖို့နဲ့ ကိုယ်ခံအား တည်ဆောက်ဖို့ ဖြစ်ပြီး ၅ နှစ် ကနေ ၁၀ နှစ်အတွင်းမှာတော့ ရှိသင့်တဲ့ ကိုယ်အလေးချိန် နဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့ကို ပျိုးထောင်ရတာ ပျော်စရာအကောင်းဆုံးပါ

သားသမီးတိုင်းကို ရင်နဲ့အမျှချစ်ကြတဲ့သူတွေက မိဘတွေကလွဲလို့ အခြားသူမရှိပါဘူး။ မေမေက ကိုးလဆယ်လလွယ်ပြီး မွေးဖွားပေးသလို ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် မေမေနဲ့ ဗိုက်ထဲက ကလေးဘေးကင်းစေဖို့ အမြဲမပြတ်စောင့်ကြည့်ပေးသူက ဖေဖေပါ။ ဒီလိုမေမေနဲ့ဖေဖေရဲ့ အနှိုင်းမဲ့တဲ့ မေတ္တာတွေကြောကြောင့် သားသားမီးမီးတို့က ကျန်းမာပျော်ရွှင်စွာ လူလားမြောက်လာရတာပါ။ မိဘတွေက ဖြစ်ချင်တာတွေကို ထုတ်မပြောရင်တောင် ဘာလို့သိနေတာလဲ။ ဒီခံစားချက်ကို ကိုယ်တိုင်ကြုံဖူးမယ်ထင်ပါတယ်။ ဘာစားချင်လိုက်တာ၊ ဘာလေးကိုတော့ ရှာနေတာ မတွေ့ဘူးဆိုပြီး အမှုမဲ့အမှတ်မဲ့ပြောလိုက်ရင်တောင် ချက်ကျွေးတာ၊ အဆင်သင့်ရှာပေးထားတာတွေကြောင့် အံ့အားသင့်ခဲ့ရတဲ့ မေမေ့ရဲ့ အလိုက်သိမှုတွေကြောင့် အဆင်ပြေခဲ့ရတာ ရေတွက်လို့မကုန်အောင်ပါ။ အဖေတွေဟာ အမေတွေလောက် ဂရုစိုက်မှုတွေကို သိသိသာသာဖော်ပြလေ့မရှိကြပေမယ့် ဘေးကနေ မသိမသာ ထိန်းကျောင်းပေးနေပါတယ်။ နေ့စဉ်ဘဝပြဿနာတွေမှာ ပါဝင်လေ့မရှိရင်တောင် ဘဝရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချဖို့ တွေဝေမှုတွေဖြစ်နေချိန်မှာ အကောင်းဆုံးဖြစ်အောင် လမ်းပြပေးတတ်ကြပါတယ်။ ငယ်ငယ်မှာ ချစ်ခြင်းမေတ္တာအပြည့်အဝရရှိခဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြည့်ဝသူတွေအဖြစ်ကြီးပြင်းလာကြပါတယ်။ ချစ်ခြင်းမေတ္တာကိုလည်း လက်ဆင့်ကမ်းမျှဝေတတ်ကြပါတယ်။ ကိုယ်တိုင်မိဘနေရာရောက်တဲ့အခါမှာလည်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ

မိုးဦးတော့ကျလာခဲ့ပါပြီ။ မိုးနဲ့အတူ ကူးစက်ရောဂါတွေ၊ မှိုရောဂါတွေ၊ အရေပြားရောဂါတွေ၊ ကာလဝမ်းလို၊ တုပ်ကွေးလို ရောဂါတွေလည်း ကပ်လျက်လိုက်ပါလာကြပါတော့မယ်။ မိမိရဲ့ နေအိမ်မှာ ကလေးတွေ ရှိတယ်ဆိုရင် ဒီကာလဟာ မိဘတွေအတွက်တော့ ရင်ပူစရာကာလတစ်ခုပါပဲ။ ရာသီအကူးအပြောင်းမှာ ဖျားတာနာတာမျိုးက ကလေးတွေမပြောနဲ့ လူကြီးတွေမှာတောင် ဖြစ်တတ်တာမျိုးမဟုတ်လား။ ခုလိုကာလမျိုးမှာ ရင်သွေးတွေကို စားတာသောက်တာ နေတာထိုင်တာကအစ ဂရုတစိုက်ရှိနေဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ အစားအသောက်ပါပဲ။ ကလေးတွေ ရဲ့ နုနယ်တဲ့ အစာအိမ်လေးတွေဟာ အစာပေါင်းစုံကို လက်ခံနိုင်စွမ်းမရှိပါဘူး။ ခုလို ရာသီအကူးအပြောင်းတွေမှာ ကိုယ်ခံအားပိုနည်းနေနိုင်တာမို့ အဖျားအနာပိုဖြစ်နိုင်ပါတယ်။ လူတိုင်းနီးပါးရဲ့ ကျန်းမာရေးပြဿနာတွေမှာ အစာအိမ်က ရာခိုင်နှုန်းတော်တော်များများ အရေးပါနေတတ်တယ်မဟုတ်လား။ ဒါကြောင့် ဒီလို ရာသီအကူးအပြောင်းကာလတွေမှာ ရင်သွေးတွေကို မကျွေးမွေးပဲ သတိထား ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို ဖော်ပြချင်ပါတယ်။ ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာများ ရာသီအကူးအပြောင်းမှာ ကလေးတွေကို မကျွေးသင့်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

အရပ်ရှည် ဖို့ကလေးဘဝကတည်းကသေသေချာချာဂရုစိုက်ကြမယ်။

ဒီနေ့ခေတ်ကြီးမှာ အရပ်ရှည် ခြင်းဟာလည်း လာဘ်တစ်ပါးပါပဲ။ ယောကျ်ားလေးတွေရော၊ မိန်းကလေးတွေအတွက်ပါ အရပ်မြင့်ခြင်းက အခြားသူတွေထက် တစ်ပန်းသာတဲ့ ခေတ်ကြီးမှာ မေမေတို့အနေနဲ့ မိမိတို့ကလေး အရပ်ရှည်လာနိုင်ဖို့အတွက် ဂရုစိုက်ပေးရမယ့် တာဝန်ရှိပါတယ်။ အရပ်မြင့်ခြင်း မမြင့်ခြင်းဟာ မျိုးရိုးဗီဇ ပေါ်မူတည်တယ်ဆိုတာ မှန်ပေမယ့် မျိုးရိုးဗီဇ တစ်ခုတည်းနဲ့ သတ်ဆိုင်တာတော့ မဟုတ်ပါဘူး။ အစားအသောက်နဲ့ နေထိုင်မှုပုံစံတွေကလည်း အရပ်မြင့်အောင် ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် အခုအစားအသောက်၊ အနေအထိုင် ပြောင်းလိုက်ရုံနဲ့ ခုချက်ချင်း အရပ်မြင့်လာမှာ မဟုတ်ပါဘူး။ ကလေးငယ်ဘဝတည်းက သေသေချာချာ စားသောက်နေထိုင်မှုပုံစံတွေ ကောင်းမွန်အောင် ဂရုစိုက်ထားမှသာ ဖွံ့ဖြိုးကြီးဖွားတဲ့ အရွယ်ရောက်တဲ့အခါ တစ်ဖြည်းဖြည်းနဲ့ အကျိုးခံစားလာရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ မိမိကလေးအတွက် အရပ်ရှည်လာစေဖို့ ငယ်ဘဝထဲက ဘယ်လို ကျွေးမွေး၊ပြုစုသင့်တယ် ဆိုတာလေးတွေကိုမျှဝေပေးသွားပါမယ်။ ၁။ နေ့စဉ်အစားအစာတွေကို မျှတအောင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မိုးတွင်းမှာ ကိုယ့်ကလေး ကျန်းမာအောင် ဘာတွေ ကျွေးမွေးမလဲ

မိုးရာသီရောက်လာပြီဆိုရင် ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးကနေစလို့ အရေပြားရောဂါတွေအထိ ကျန်းမာရေးပြဿနာတွေ များတတ်ပါတယ်။ အထူးသဖြင့် ရင်သွေးတွေမှာပေါ့။ ကလေးတွေ မိုးတွင်းကာလမှာ ကျန်းမာရေးကောင်းမွန်နေဖို့ ဆိုရင် မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုက အရေးအကြီးဆုံး အချက်ပါပဲ။ ရင်သွေးတွေကို ကျန်းမာနေအောင်ပြုစုစောင့်ရှောက်တဲ့ မိဘတိုင်းဟာ ကိုယ့်ကလေးကို အာဟာရမျှတစွာ ကျွေးမွေးပြီး ကိုယ်ခံအားစနစ်ကောင်းမွန်နေအောင် အာဟာရဓာတ်တွေ ပြည့်ဝနေအောင် ကျွေးမွေးတတ်ကြတယ်မဟုတ်လား။ ပုံမှန်အချိန်မှာတောင် ရင်သွေးတွေကို ဘယ်လိုအစာတွေ ကျွေးရမယ်ဆိုတာက ခေါင်းခဲစရာပြဿနာတစ်ခုပါ။ ခုလို မိုးရာသီမှာ ရင်သွေးတွေရဲ့ ကျန်းမာသန်စွမ်းမှုကို မြှင့်တင်ပေးပြီး ဖျားတာနာတာကင်းအောင် အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ရွေးချယ်နိုင်ဖို့က ပိုပြီး ခေါင်းခဲစရာဖြစ်နေမှာပါ။ ဒီလိုဆိုရင်တော့ မပူပါနဲ့။ မိုးရာသီမှာ ရင်သွေးတွေရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။ မှတ်သားပြီး ပြန်လည်အသုံးချကြည့်နိုင်ပါတယ်။ ၁။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလို့ခေါ်တဲ့ Antioxidants ပါဝင်နေတာမို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေ မြင်ဖူးတယ် မဟုတ်လား။ မိဘဆိုတာ ကိုယ့်သားသမီးနဲ့ ပတ်သက်လာရင် အကောင်းဆုံးကိုပဲ ဖြည့်ဆည်းပေးချင်ကြတာပါပဲ။ တစ်ခါတစ်လေ ကိုယ့်ကလေး ကောင်းစေဖို့ဆိုပြီး လုပ်မိလိုက်တဲ့ အရာတွေကို မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်သွားတတ်တာမျိုးတွေလည်း ရှိပါတယ်။ မိဘတွေ အမှားမဟုတ်ဘဲ ကိုယ့်ကလေးက အစားရွေးလွန်းတာ၊ ကျန်းမာရေး ပြဿနာမျိုးတွေ ရှိနေတာ အစရှိသဖြင့် အကြောင်း အမျိုးမျိုးကြောင့်လည်း ပိန်နေတတ်ပါတယ်။ ခုဆောင်းပါးလေးမှာတော့ ပိန်ပြီး ညှက်နေတဲ့ ကလေးတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ မိဘတွေအနေနဲ့ ဘာတွေ ပြင်ဆင်ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဘာကြောင့် ကလေးတွေ ပိန်ပြီးညှက်လွန်းနေ တာလဲ။ ၁။ ပရိုတင်းဓာတ် ချို့တဲ့ခြင်း အဓိက အဖြစ်များရတဲ့ အကြောင်းရင်းကတော့ အာဟာရဓာတ် ချို့တဲ့ခြင်းဆိုတဲ့ Malnutrition ပြဿနာပါပဲ။ ဆင်းရဲတဲ့ တိုးတက်ဆဲ နိုင်ငံတွေ၊ ကျန်းမာရေးနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားရွေးတဲ့ ကလေးတွေအတွက် မိဘများ ဘယ်လိုပြင်ဆင်ကြမလဲ

အစားနဲ့ ပတ်သက်လာရင် ဟိုဟာမစား၊ ဒီဟာမစား အရမ်းကြေးများတဲ့ ကလေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲ မြင်တွေ့နေရမှာပါ။ တကယ်တမ်းတော့ ကလေးတွေအရွယ်မှာ အစားကြေးများတယ်ဆိုတာ ပုံမှန် တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ဒါကို အကြောင်းပြပြီး မိဘတွေအနေနဲ့ လိုတာထက်ပိုတဲ့ အတင်းအကြပ် ဖိအားပေးပြီး စားခိုင်းတာမျိုး၊ သူတို့ စားချင်တာတွေကို လုံးဝ ပိတ်ပင်တာမျိုးတော့ လုံးဝ မလုပ်သင့်ပါဘူး။ ဘယ်အချိန်မှာ ကလေးတွေ အစားရွေးတတ်နေပြီလဲ။ အသက် ၂ နှစ်အထက် ကြီးလာတဲ့အခါ ကလေးတွေကို အမာစာတွေ နည်းနည်းချင်း စပြီး ကျွေးလာရပါတယ်။ အစပိုင်းမှာတော့ ကလေးတွေအတွက် စားရတာ နည်းနည်း အခက်အခဲ ဖြစ်နိုင်ပေမယ့် ကျင့်သားရလာတဲ့အခါမှာ အဆင်ပြေသွားမှာပါ။ အဲဒီနောက်ပိုင်း အသက် ၄ နှစ်ဝန်းကျင်အရွယ်မှာ ကလေးတွေအနေနဲ့ ကိုယ်စားနေတဲ့ အစားအစာနဲ့ ပတ်သက်ပြီး အရသာ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ လို့ ပြောရတာက လူတိုင်း ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့ လိုမယ်။ ဒါမှ ကျန်းမာမယ်။ ခန္ဓာကိုယ် သွက်လက်ပေါ့ပါးမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ ဒီလိုပါပဲ ဖွံ့ဖြိုးဖို့ စတင်နေတဲ့ ကလေးတွေမှာလည်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးမှုကိုပါ အထောက်အပံ့ပေးပါတယ်။ သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ .... ကလေးကို အသက် ၂ နှစ်ကျော် ၃ နှစ်လောက်ကစပြီး လေ့ကျင့်ခန်းလုပ်ပေးတဲ့ အကျင့်လေးကို မွေးမြူပေးမယ်ဆိုရင် နှလုံး ကျန်းမာစေနိုင်တယ် နှလုံးက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာပါ။ နှလုံး ကြွက်သားတွေဟာလည်း ခန္ဓာကိုယ်ရဲ့ အခြား ​ကြွက်သားတွေလိုပါပဲ နေ့စဉ် လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ နှလုံးက ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးလေလေ သန်မာပြီး […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း