အခြားကလေးကျန်းမာရေးပြဿနာများ

သားသားမီးမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာလေးတွေနဲ့ ကာကွယ်နည်း၊ ဂရုစိုက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ

အသည်းရောင် အသားဝါက အသံတိတ်ရောဂါ တစ်မျိုးပါ။ အသည်းကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြမချင်း သတိမထားမိတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ အသည်းရောင်ရောဂါ ဖြစ်နေရင် သိထားနိုင်စေဖို့အတွက် ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အသည်းရောင် အသားဝါရောဂါက ကလေးတွေမှာ အရင်က သိပ်အဖြစ်မများပေမယ့် အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် အသက် ၁ နှစ်ကနေ ၁၆ နှစ်ကြားအရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အသည်းရောင် အသားဝါရောဂါ ဆိုတာ အသည်းရောင် အသားဝါရောဂါဆိုတာ အကြမ်းဖျင်းအနေနဲ့ အသည်းရောင်ရမ်းတာကို ဆိုလိုတာပါ။ ဗိုင်းရပ်စ်တွေ၊ ဓာတုဗေဒပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အရက်၊ မိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ ကိုယ်ခံအားက အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိတာတွေကြောင့် အသည်းရောင်နိုင်ပါတယ်။ အသည်းရောင်တာက […]

အခြားကလေးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

သွင်ပြင်လက္ခဏာနဲ့ ပတ်သက်ပြီး သင့်ကလေးကို ဘယ်လိုကူညီပေးမလဲ

Body image ဟာ လူတစ်ယောက် သူတို့ကိုယ်ခန္ဓါနဲ့ ပတ်သက်တဲ့ အမြင်၊ သူတို့ဘယ်လိုပုံစံရှိတယ်လဲဆိုတဲ့ အတွေးနဲ့ အမြင်လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ကလေးတွေ အသက်ကြီးလာချိန်မှာ သူတို့ရုပ်ပန်းသွင်ပြင်နဲ့ အခြားသူတွေက ဘယ်လိုပြောကြလဲဆိုတာနဲ့ ပတ်သက်ပြီးသတိထားမိလာနိုင်ပါတယ်။ Body image ပြဿနာတွေဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှုတွေကို လျော့ကျစေနိုင်ပြီး စိတ်ပူမှုကို မြင့်တက်စေနိုင်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေတွေမှာတော့ အစားအသောက်ဆိုင်ရာ ရောဂါဆိုးတွေဖြစ်တဲ့ binge eating နဲ့ anorexia ကို ဖြစ်စေနိုင်ပါတယ်။     အသက်ငယ်ရွယ်သူတွေမှာ Body image ပြဿနာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းများ Media လွှမ်းမိုးမှု ဒီအချက်ဟာ လူတစ်ယောက် သူတို့ရဲ့ကိုယ်ခန္ဓါကို ကျေနပ်မှုမရှိခြင်းရဲ့ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ပါတယ်။ မြင့်မားပြီး သဘာဝမကျတဲ့ စံနှုန်းတွေ၊ ရုပ်ရှင်တွေ၊ ကြော်ငြာ၊ ကာတွန်းစာအုပ်၊ မဂ္ဂဇင်းတွေဟာ ပြီးပြည့်စုံတဲ့ကိုယ်ခန္ဓါ […]


ကလေးကျန်းမာရေး

မောင်နှမ အချင်းချင်း ပြိုင်ဆိုင်မှုကို ဘယ်လိုလျှော့ချမလဲ

ကလေးတစ်ယောက်ထက်များတဲ့ မိသားစုတွေမှာ မောင်နှမ၊ ညီအမ အချင်းချင်း ပြိုင်ဆိုင်မှုဟာ အဖြစ်များပါတယ်။ သူတို့ဟာ အခု အတူတူ ဆော့ကစားနေပေမယ့် ခဏနေရင် ငိုပြီး ရန်ဖြစ်နိုင်ပါတယ်။ ဒါဟာ မိဘတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ဖြစ်ပါတယ်။ ကံကောင်းစွာပဲ မောင်နှမ အချင်းချင်း ပြိုင်ဆိုင်မှု နည်းပါးစေတဲ့ နည်းလမ်းတွေကို ကြိုးစားကြည့်နိုင်ပါတယ်။   ကလေးတစ်ယောက်ဆီရဲ့ ထူးချွန်မှုတွေကို လေးစားပါ။ ကလေးတိုင်းမှာ မတူညီတဲ့ ထူးချွန်မှုတွေ ရှိကြပြီး ဒါကို လေးစားသင့်ပါတယ်။ တကယ်လို့ သင်ဟာ ကလေးကို အခြား မွေးချင်းတစ်ဦးဦးနဲ့ အမြဲ နှိုင်းယှဉ်ပြောနေမယ်ဆိုရင် သူတို့ကြားမှာ ယှဉ်ပြိုင်မှု ဖြစ်ပေါ်လာပါလိမ့်မယ်။ ဥပမာ အချို့မိဘတွေက သားကြီး သင်္ချာ ဘယ်လောက်တော်ပြီး သားငယ်ဟာ မတော်ကြောင်း ပြောတတ်လေ့ရှိပါတယ်။ ကလေးဟာ ဉာဏ်တုံးတာမျိုးမဟုတ်ပဲ တခြားကိစ္စကိုသာ စိတ်ဝင်စားတာ ဖြစ်ပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေကို ခြင်ကိုက်ခြင်းမှ ဘယ်လိုကာကွယ်မလဲ

ခြင်ကိုက်ခြင်းဟာ ကလေးငယ်ရဲ့ အသားအရေကို ယားယံစေရုံသာမက သေစေနိုင်တဲ့ ရောဂါတွေကိုပါ ရရှိစေနိုင်ပါတယ်။ ကလေးငယ်တွေဟာ ခြင်ကိုက်အခံရနိုင်ဆုံးသူတွေ ဖြစ်ပါတယ်။ အောက်ဖော်ပြပါအချက်တွေက ဒီလို အန္တရာယ်ရှိတဲ့ အင်းဆက်အကိုက်ခံရခြင်းကနေ ကာကွယ်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ကာကွယ်နိုင်တဲ့ အဝတ်အစားကို ဝတ်ပါ။ တကယ်လို့ သင်နဲ့ သင့်ကလေးငယ်ဟာ ခြင်များတဲ့နေရာမှာ အချိန်အကြာကြီးနေမယ်ဆိုရင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေကို ဝတ်သင့်ပါတယ်။ အဝတ်အစားတွေဟာ ခြင်ကိုက်ခံရခြင်းကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုအဝတ်အစားတွေကို ဓာတုပစ္စည်းပါဝင်သော (သို့) သဘာဝ ခြင်မကိုက်တဲ့ဆေးတွေနဲ့ ပေါင်းစပ်ပြီးလည်း အသုံးပြုနိုင်ပါတယ်။ ခြင်တွေကို ပိုမိုဆွဲဆောင်နိုင်တဲ့ တောက်ပတဲ့ (သို့) ပန်းပွင့်ပုံစံရှိတဲ့ အဝတ်အစားတွေကို မဝတ်ဆင်သင့်ပါဘူး။ ခြင်ကိုက်မခံရအောင် ဆေးလိမ်းပါ။ ၁။ အသက်၂ လ အောက် ကလေးငယ်တွေမှာ ခြင်ကိုက်မခံရဆေး အသုံးမပြုသင့်ပါဘူး။ ၂။ ခြင်ကိုက်မခံရစေတဲ့ ဆေးတွေကို ပြတ်ရှနာ၊ အနာတွေပေါ်ကို မလိမ်းသင့်ပါဘူး။ ၃။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး ကွန်ပျူတာအသုံးပြုမှုကို ဘယ်လိုကြီးကြပ်မလဲ

သင့်ကလေးငယ်ဟာ ဘယ်မှာလဲ၊ ဘယ်သူနဲ့ အပြင်သွားသလဲ၊ ဘာတွေလုပ်နေလဲဆိုတာ သိဖို့လွယ်ကူပါတယ်။ ဒါပေမယ့် အငယ်ဆုံးကလေးငယ်တွေကတောင် အချိန်အများကြီးကို digital ပစ္စည်းတွေနဲ့ အသုံးပြုနေခြင်းဟာ များပြားလာပါတယ်။ ကလေးငယ်တွေဟာ ကျွန်ုပ်တို့ထက်ပိုပြီး ယခုခေတ်နည်းပညာနဲ့ ရင်းနှီးမှု ရှိကြပါတယ်။     ကမ္ဘာအသစ်ကို ရင်ဆိုင်ပါ။ ယခုခေတ်မှာ ကလေးငယ်တွေရဲ့ digital ဘဝဟာ တခါတရံမှာ လမ်းလျှောက်တတ်ကာစ အချိန်ကတည်းက စတင်ပြီး အလင်းရဲ့ လျင်မြန်နှုန်းနဲ့ တိုးတက်လာပါတယ်။ မိဘတစ်ယောက်အနေနဲ့ ကလေးငယ်တွေကို စိုးရိမ်တယ်ဆိုတာ ဖြစ်သင့်ပါတယ်။ သူတို့ဟာ လူအချင်းချင်း တွေ့စဉ်မှာ ဘယ်တော့မှ ပြောဖြစ်မှာ မဟုတ်တဲ့ အရာတွေကို အွန်လိုင်းမှာ ပြောကြခြင်းကြောင့် ဆိုးရွားသော အတင်းပြောခြင်း၊ အနိုင်ကျင့်ခြင်း၊ ဂုဏ်သိက္ခါ ဖျက်ဆီးခံရခြင်းတွေ ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေရဲ့ လူမှုဆက်ဆံရေးတွေဟာ လူကြီးတွေရဲ့ အမြင်ကွယ်ရာမှာ တိုးတက်လာနိုင်တာကြောင့် သူတို့ဘာတွေလုပ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး စောင့်ကြည့်နေသ့င်ပါတယ်။ မိဘအတော်များများဟာ သူတု့ိရဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင်၏ ရှက်ကြောက်တတ်သောကလေးကို ကူညီပေးပါ

လူတိုင်းသည် မတူညီသော ပင်ကိုစရိုက်၊ ကိုယ်ရည်ကိုယ်သွေးများဖြင့် မွေးဖွားလာကြသည်။ ထင်ရှားသော ပင်ကို စရိုက်များဖြင့် သင့်ကလေးသည် ပတ်ဝန်းကျင်ကို တုံ့ပြန်သည့်အခါ သူတို့၏ ကိုယ်ပိုင်ဟန်ပန်နည်းလမ်းများရှိကြသည်။ ပုံစံများစွာထဲမှ ရှက်ကြောက်တတ်ခြင်းသည် အဖြစ်အများဆုံး ဖြစ်ပုံရသည်။ ရှက်ကြောက်တတ်သည့် ဗီဇရှိသော ကလေးများသည် အခြားသူများနှင့် ဆက်ဆံရသည့်အခါ စိတ်မသက်မသာခံစားကြရတတ်သည်။ ရှက်ကြောက်တတ်ခြင်းသည် ပေါ်လာပြီးပျောက်သွားတတ်သော အရာမဟုတ်ပေ။ မိဘများသည် ကလေးကို အခြားသူများနှင့် ဆက်ဆံသည့်အခါ ယုံကြည်ချက်ရှိပြီး သက်တောင့်သက်သာဖြစ်စေရန် ကူညီပေးသင့်သည်။   သင့်ကလေးကို ရှက်ကြောက်တတ်ခြင်းမှ ကင်းဝေးစေရန် ကူညီနိုင်မည့် နည်းလမ်းကောင်းများ အောက်ပါတို့သည် ရှက်ကြောက်တတ်သော ကျောင်းမနေခင်အရွယ်သင့်ကလေးကို အခြားသူများနှင့် လူမှုဆက်ဆံရေးတွင် ပါဝင်လာစေရန် ကူညီပေးရန် ဖြစ်သည်။ -သင့်ကလေးကို တဖြည်းဖြည်း အားပေးပါ။ သင်၏ ရှက်ကြောက်တတ်သော ကလေးကို အခြားသူမရင်းနှီးသော လူကြီးတစ်ယောက်ကို ဇွတ်အတင်း လက်ခံရင်းနှီးစေလို၍ မရပေ။ ထိုသူသည် သင့်ကလေးနှင့် အတူတကွ ဆော့ကစားပေးပြီး သင့်ကလေးမှ […]


အခြားကလေးကျန်းမာရေးပြဿနာများ

စိုးရိမ်ပူပန်တတ်တဲ့ သင့်ကလေးကို ဘယ်လို ဖေးမကူညီမလဲ

ငါတို့ကလေးတွေက သူတို့ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့၊ ပူပန်ဖို့ ငယ်သေးတယ်၊ မရင့်ကျက်သေးဘူး လို့တွေးတာဟာ မိဘတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အထင်မှားမှုတစ်ခုပါ။ ဒါပေမယ့် ကလေးတွေရဲ့ စိုးရိမ်ပူပန်မှုဟာ အမှန်တကယ်ဖြစ်ကြောင်း သိပ္ပံနည်းကျ သက်သေပြပြီးသားပါ။ ဒါကို သတိမထားမိတာ၊ မကုသမိတာမျိုးဆို အချိန်ကြာလာတာနဲ့အမျှ သိသိသာသာ ဆိုးရွားလာပြီး စိတ်မမှန်တော့တဲ့အထိ ပြင်းထန်နိုင်ပါတယ်။   ကလေးတွေမှာဖြစ်တဲ့ စိုးရိမ်ပူပန်မှုဆိုတာ ဘာလဲ။ ကျွန်တော်တို့ သက်တမ်းတစ်လျှောက်မှာ စိုးရိမ်ပူပန်မှုတွေကို ကြုံတွေ့ ဖြတ်သန်းဖူးကြပါတယ်။ ဒါပေမယ့် ဒီပုံမှန် စိုးရိမ်ပူပန်မှုတွေက ယာယီပါ။ အချိန်တစ်ခုကြာရင် ပျောက်ပြယ်သွားမှာပါ။ ကလေးတွေအတွက်ကျတော့ ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကိုခံစားနေရပြီဆိုရင် အလွန်အမင်း ကြောက်ရွံ့နေမယ်၊ ဖိအားတွေများနေမယ်၊ စိတ်ဓါတ်တွေကျနေမယ်၊ စိတ်ပင်ပန်းမယ်။ သူတို့ဘဝကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ဖို့ကို ပိတ်ပင်တားဆီးနိုင်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ စိုးရိမ်ပူပန်လွန်မှုဆိုတာ ကျွမ်းကျင်မှန်ကန်တဲ့ ကုသမှုကို လိုအပ်တဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သွေးကင်ဆာသည် ကျောင်းနေကလေးတစ်ယောက်ကို သင်ဘယ်လိုကူညီမလဲ

သွေးကင်ဆာဖြစ်နေတဲ့ကလေးတွေဟာ သူတို့နေမကောင်းဖြစ်လို့ ကုသမှုခံယူရတိုင်း ကျောင်းတက်နိုင်မှာမဟုတ်ပါဘူး။ သူတို့ဟာ ကျောင်းမှာရှိတဲ့သူငယ်ချင်းတွေနဲ့ ဆရာမတွေကို လွမ်းဆွတ်နေနိုင်သလို သာမန်၊ ပုံမှန်ကျောင်းသားတစ်ယောက်ရဲ့ လူနေမှုဘဝကိုလည်း တမ်းတနေပါလိမ့်မယ်။ ကျောင်းပြန်တက်ဖို့ဆိုတာ သွေးကင်ဆာရောဂါသည် ကလေးတစ်ယောက်အတွက်တော့ ထွက်ပေါက်တစ်ခုလည်းဖြစ်နိုင်သလို စိန်ခေါ်မှုတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခြေအနေဟာ သူတို့မှာ တောက်ပနေတဲ့အနာဂတ်ရှိနေတယ်ဆိုတာနဲ့ ကင်ဆာရောဂါ အပြည့်အဝပျောက်နိုင်ချေရှိနေသေးတယ်ဆိုတဲ့ အတွေးတွေအတွက် အထောက်အပံ့တော့ ဖြစ်မှာပါ။   ကလေးကျောင်းပျက်တိုင်း ကျောင်းကို အသိပေးပါ။ ကလေးရဲ့ကျောင်းနဲ့ အဆက်အသွယ်မပြတ်စေဘဲ ဆရာတွေနဲ့ သူ့အတန်းဖော်လေးတွေ၊ ကျောင်းသားလေးတွေကို သင့်ကလေးရဲ့ကျန်းမာရေးအတွက် ဂရုစိုက်ပေးနိုင်ဖို့ ၊ စိတ်ဝင်တစားရှိဖို့ တိုက်တွန်းကြည့်ပါ။ ဆရာ၊ဆရာမတွေကလည်း ကလေးကို ကျောင်းမှာသူလွတ်သွားတဲ့ သင်ခန်းစာတွေကို ပြန်လည် ရှင်းပြပေးနိုင်ပါလိမ့်မယ်။ ကျောင်းအုပ်ကြီးဆီကို ကလေးရဲ့ရောဂါအခြေအနေတွေ၊ ကုသဖို့ အစီအစဉ်တွေကို ရေးပြီး ပို့ပေးဖို့ လည်း လိုအပ်ပါလိမ့်မယ်။ ကျောင်းက ကလေးရဲ့ အခြေအနေတွေ၊ ကုသမှု အချိန်စာရင်းတွေနဲ့ သင့်ကလေး ဘယ်လောက်ကျောင်းပျက်နိုင်မလဲဆိုတာ သိသင့်ပါတယ်။ ကလေးရဲ့အခြေအနေကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကြောက်လန့်ခြင်းအား ထိန်းချုပ်အနိုင်ယူနိုင်ရန် ကလေးများကို အကူအညီပေးခြင်း

ကလေးများကို ခွင့်မပြုသည့်နေရာများ ဘာကြောင့်ရှိရသလဲ။ အရွယ်ရောက်ပြီးသူများနှင့်မတူပဲ ကလေးများသည် အသိပညာနည်းသူများဖြစ်သောကြောင့် သူတို့၏ခံစားမှုနှင့် စိတ်အခြေအနေများအား ကောင်းကောင်းထိန်းချုပ်နိုင်စွမ်း မရှိကြပါ။ ဘယ်နေရာမဆို ကလေးများသည် မိဘများကို အရှက်ရစေနိုင်သည်ကိုမသိကြပဲ ကန်ကျောက် အော်ဟစ်တတ်ကြပါသည်။ ဖြစ်ရပ်အများစုတွင် သူတို့လိုချင်သည်ကိုမရသည့်အခါ ဒေါသထွက်ကြောင်း ပြသတတ်ကြသော်လည်း တချို့အခြေအနေများတွင်တော့ ၎င်းတို့သည် အကြောက်တရား၊ စိုးရိမ်မှုတို့နှင့် ဆက်စပ်နေပါသည်။ ကလေးများ၏ အကျိုးအကြောင်းမရှိ ကြောက်တတ်ခြင်းသည် အသက်ကြီးလာသည်နှင့် တဖြည်းဖြည်းပျောက်သွားတတ်ပါသည်။ သို့သော် မိဘများမှ ဘာလုပ်ရမည်ကိုသိထားလျှင် မြန်မြန်ပျောက်သွားအောင် တွန်းအားပေးနိုင်ပါလိမ့်မည်။ ထိတ်လန့်၍အကြောက်ကြီးနေသောကလေးအား ဘယ်လိုစိတ်ငြိမ်အောင်လုပ်မလဲ။ အေးဆေးပြီး ပုံမှန်ဖြစ်သောအသံကိုထိန်းပြောပါ။ အရွယ်ရောက်ပြီးသူများ စိတ်ထဲတွင်မှတ်ထားရမည့် ပထမဆုံးသောအရာမှာ ကလေးများမှ မရည်ရွယ်ပဲ ပြုလုပ်မိသည့် မကောင်းသော ခံစားချက်များနောက်လိုက်ပြီး စိတ်လိုက်မာန်ပါမလုပ်ရန်ဖြစ်သည်။ ပြောသည်မှာ လွယ်သလောက် တကယ်မလုပ်ရန်ခက်၏။ အသံကျယ်ခြင်းသည် စိတ်အခြေအနေကို ပိုဆိုးဝါးစေသောကြောင့် မိဘများသည် အသံကို နှိမ့်ပြီး တည်တည်ငြိမ်ငြိမ် ဖြစ်နေသင့်သည်။ ရုပ်ပိုင်းဆိုင်ရာဖြင့် ချစ်ခင်မှုကိုပြပါ။ ကလေးလက်များကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

လင်ပါမယားပါသားသမီးများနှင့် ဘယ်လိုဆက်သွယ် ပတ်သက်မလဲ

မိထွေး ပထွေးတိုင်း ရုန်းကန်ရလေ့ရှိသည့် အချက်များထဲမှ တစ်ခုသည် သူတို့၏ အိမ်ထောင်ဖက်မှ ပါလာသော သားသမီးများနှင့် ကောင်းမွန်ပြည့်စုံသော ဆက်ဆံရေးရရှိရန် ဘယ်လိုလုပ်ရမည်ကို မသိခြင်းပင်ဖြစ်သည်။ ကြိုးစားရာတွင် အချိန်နှင့်စိန်ခေါ်မှုတော့ အနည်းငယ် လိုပါလိမ့်မည်။ ထို့ကြောင့် သင့်ဖက်က စိတ်ရှည်ရှည်ထားပြီး အိမ်ထောင်ဖက်၏ကလေးများနှင့် ဆက်နွယ်ပါတ်သတ်ရာတွင် အထောက်အကူပြုမည့် အောက်ပါ အလွယ်ကူဆုံး နည်းဗျူဟာ ၄ ခုကို လေ့လာကြည့်ပါ။   ၁။ ပထမဆုံးတွေ့တွေ့ချင်း ထင်မြင်ချက်သည် အရေးကြီး၏။ · လူတစ်ဦးနှင့် စစတွေ့ချင်း သူ့အပေါ် ထင်မြင်ချက်အမြင်သည် အချိန်အတော်ကြာသည်အထိ မပြောင်းလဲနိုင်သော လူသားတို့၏ သဘာဝဖြစ်ပါသည်။ ထို့ကြောင့် မိထွေး ပထွေးများအနေဖြင့် အိမ်ထောင်ဖက်မှ ပါလာသော ကလေးများနှင့် စစတွေ့ချင်း အကောင်းဆုံးသော ပုံရိပ်ကို ဖန်တီးပြီး အထင်ကြီးလေးစားအောင် သူတို့ဘဝအတွက် အချိန်ပေးနေထိုင်မည့်သူဖြစ်ကြောင်းသိအောင် လုပ်နိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့် နွေးထွေးသော […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ၌ ကိုလက်စထရောမြင့်မားနေခြင်း

ကိုလက်စထရောမြင့်မားတယ်ဆိုတာ လူကြီးကိုရော ကလေးတွေကိုပါ အကျိုးသက်ရောက်စေတဲ့အရာတစ်ခုပါ။ ဒါဟာ ကလေးကြီးပြင်းလာတဲ့အခါ ကျန်းမာရေးပြဿနာတွေအများကြီးကိုဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်တော့ နှလုံးရောဂါပေါ့။ နှလုံးနဲ့ အခြားသော ခန္ဓါကိုယ်အစိတ်အပိုင်းတွေကိုသွေးထောက်ပံ့နေတဲ့ သွေးလွှတ်ကြောနံရံတွေမှာ Plaque တွေစုစည်းလာခြင်းဟာ ကိုလက်စထရောမြင့်မားခြင်းရဲ့ နောက်ဆက်တွဲပြဿနာတစ်ခုပါ။ နှလုံးရောဂါတွေနဲ့ လေဖြတ်ခြင်းတွေကို ဖြစ်စေနိုင်တဲ့ နှလုံးသွေးကြောကျဉ်းခြင်းနဲ့ နှလုံးဆီ သွေးမရောက်ခြင်းတွေဖြစ်စေတဲ့ အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုလို့ Plaque တွေကို သတ်မှတ်ထားပါတယ်။   ကလေးဘ၀ ကိုလက်စထရောမြင့်မားခြင်းအန္တရာယ်က ဘယ်သူတွေမှာအရှိနိုင်ဆုံးလဲ။ ကလေးရဲ့သွေးထဲမှာရှိတဲ့ ကိုလက်စထရောလယ်ဗယ်ဟာ မျိုးရိုး၊အစားအသောက်၊ အဝလွန်ခြင်း စတဲ့အချက်၃ချက်နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိရပါတယ်။ ကိုလက်စထရောမြင့်မားတဲ့ မိဘရဲ့ ကလေးတွေဟာလည်း အများအားဖြင့်တော့ တူညီတဲ့အခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းရမှာပါ။   ကလေးတွေမှာ ကိုလက်စထရောလယ်ဗယ်မြင့်နေတယ်ဆိုတာကို ဘယ်လိုဆုံးဖြတ်မလဲ။ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ကျောင်းနေအရွယ်ကလေးတွေအတွက် ရိုးရှင်းတဲ့သွေးစစ်မှုတစ်ခုကိုလုပ်ပြီး သူတို့ရဲ့ ကိုလက်စထရောကို စစ်ဆေးနိုင်ကြပါတယ်။ မိသားစုထဲမှာ နှလုံးရောဂါရှိနေသူတွေများပြားခဲ့ရင် ဒါမှမဟုတ် ကလေးရဲ့ မိဘမှာ ကိုလက်စထရောမြင့်နေခဲ့ရင်တော့ စစ်ဆေးမှုကို မဖြစ်မနေခံယူဖို့ အရေးကြီးလှပါတယ်။ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း