အခြားကလေးကျန်းမာရေးပြဿနာများ

သားသားမီးမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာလေးတွေနဲ့ ကာကွယ်နည်း၊ ဂရုစိုက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ

အသည်းရောင် အသားဝါက အသံတိတ်ရောဂါ တစ်မျိုးပါ။ အသည်းကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြမချင်း သတိမထားမိတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ အသည်းရောင်ရောဂါ ဖြစ်နေရင် သိထားနိုင်စေဖို့အတွက် ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အသည်းရောင် အသားဝါရောဂါက ကလေးတွေမှာ အရင်က သိပ်အဖြစ်မများပေမယ့် အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် အသက် ၁ နှစ်ကနေ ၁၆ နှစ်ကြားအရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အသည်းရောင် အသားဝါရောဂါ ဆိုတာ အသည်းရောင် အသားဝါရောဂါဆိုတာ အကြမ်းဖျင်းအနေနဲ့ အသည်းရောင်ရမ်းတာကို ဆိုလိုတာပါ။ ဗိုင်းရပ်စ်တွေ၊ ဓာတုဗေဒပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အရက်၊ မိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ ကိုယ်ခံအားက အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိတာတွေကြောင့် အသည်းရောင်နိုင်ပါတယ်။ အသည်းရောင်တာက […]

အခြားကလေးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ကိုယ်အပူချိန်ကျခြင်းကို ဘယ်လိုကုသပေးမလဲ

သင့်အနေနဲ့ ကိုယ်အပူချိန်တက်ပြီး ဖျားတာကိုသာ တရင်းတနှီးကြားဖူးမှာဖြစ်ပြီး ကိုယ်အပူချိန်ကျဆင်းခြင်းကိုတော့ သိပ်ကြားဖူးမယ် မထင်ပါဘူး။ ဒါပေမယ့် ဒါဟာ ကလေးတွေမှာ အရေးကြီးတဲ့ ပြဿနာတခုပဲ ဖြစ်ပါတယ်။ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေရှိတဲ့ ကလေးတွေမှာ ကိုယ်အပူချိန်ကျတာမျိုး အဖြစ်များပါတယ်။   ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ဘယ်လောက်လဲ။ ဘယ်လိုတိုင်းတာမလဲ။ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ၃၇ဒီဂရီ စင်တီဂရိတ်လောက်ရှိပြီး ကလေးရဲ့ တနေ့တာလှုပ်ရှားသွားလာမှုတွေအပေါ် မူတည်ကာ အဆိုပါ အပူချိန်ထက် အနည်းငယ်များတာ၊နည်းတာမျိုးက ပြဿနာမဟုတ်ပါဘူး။ ချိုင်းကြားမှာ တိုင်းတာတဲ့အပူချိန်ဟာ ပါးစပ်ထဲမှာ တိုင်းတာတဲ့အပူချိန်ထက် အနည်းငယ် လျော့နည်းမှာဖြစ်ပြီး အတိကျဆုံးသော ရလဒ်ကို ရရှိနိုင်ဖို့အတွက် ပြဒါးတိုင်ကို စအိုတွင်းထည့်ပြီး တိုင်းတာရမှာ ဖြစ်ပါတယ်။   ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်းဟာ အန္တရာယ်ရှိသလား။ ခန္ဓာကိုယ်အပူချိန် ပုံမှန်ထက် အနည်းငယ်ကျဆင်းခြင်းဟာ ကိုယ်အင်္ဂါတွေကို ထိခိုက်မှု မဖြစ်စေတဲ့အတွက် အန္တရာယ်မရှိပါဘူး။ ဘာကြောင့် ကိုယ်ခန္ဓာအပူချိန်ကျဆင်းရသလဲဆိုတာကသာ ပိုပြီးအရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ တချို့ကလေးတွေဟာ မွေးကတည်းက ပုံမှန်ခန္ဓာကိုယ်အပူချိန်ဟာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ချိုလိမ်စုပ်ခြင်းသည် သင့်ကလေးအတွက် ကောင်းမွန်ပါသလား

အများစုသော ကလေးများသည် တစ်ခုခုကို စုပ်နေတတ်ကြသည်။ အချို့သည် သူတို့၏လက်မနှင့် လက်ချောင်းများကို စုပ်နေတတ်ကြသည်ကို တွေ့ရသည်။ ထို့ကြောင့် သူတို့၏မိခင်များက ချိုလိမ်များဝယ်ပေးထားရန်စဉ်းစားလာကြသည်။ ချိုလိမ်များသည် ကလေးများအတွက် အမှန်တကယ်သင့်တော်ပါသလား။ ချိုလိမ်များနှင့် ပတ်သက်ပြီး သိသင့်သောအချက်များကို လေ့လာပြီး အရေးကြီးသော အကြံပေးချက်များကို လိုက်နာခြင်းဖြင့် သင့်ကလေးကို ချိုလိမ်များကို ဖြတ်သင့် မဖြတ်သင့်စဉ်းစားကြည့်ပါ။   ချိုလိမ်စုပ်ခြင်း၏ကောင်းကျိုးများ အချို့သောကလေးများသည် အစာ တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် ချိုလိမ်များစို့တတ်ကြသည်။ ကောင်းသောအချက်များမှာ ချိုလိမ်စို့နေခြင်းဖြင့် ဂျီကျတတ်သော ကလေးများကို ငြိမ်သွားစေသည်။ ချိုလိမ်သည် ကလေး၏အာရုံကို ခဏတာမျှလွှဲလိုက်သည့် သဘောဖြစ်သည်။ ချိုလိမ်စို့နေရင်း ကလေး အိပ်ပျော်သွားနိုင်သည်။ ကလေးများ လန့်နိုးသောအခါများတွင် ချိုလိမ်လေးငုံထားခြင်းဖြင့် သူ့ကို အကြောက်ပြေစေသည်။ ချိုလိမ်သည် ကလေးများရုတ်တရက်သေဆုံးခြင်းကိုလည်း လျော့နည်းစေပါသည်။ ညဘက်နှင့် အိပ်ချိန်များတွင် ချိုလိမ်ငုံထားခြင်းဖြင့် ကလေးများရုတ်တရက်သေဆုံးခြင်းကိုလည်း လျော့နည်းစေပါသည်။ မိခင်သည် နို့တိုက်မိခင်ဖြစ်ပါက ကလေး […]


အခြားကလေးကျန်းမာရေးပြဿနာများ

လက်မ စုပ်ခြင်း၊ လက်သည်းကိုက်ခြင်း အကျင့်ရှိသော ကလေးတွေမှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေ နည်းပါးနိုင်ပါတယ်။

ကလေးတွေ လက်မ မစုပ်အောင် ကြိုးစားခဲ့ရပြီး မအောင်မြင်ခဲ့တဲ့ မိဘတွေအတွက်ကတော့ အားတက်စရာပါပဲ။ လက်မစုပ်တတ်တဲ့ အကျင့်က ကောင်းကျိုးတွေရှိပါတယ်။ ကလေးဘဝမှာ လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်းတွေဟာ ဓါတ်မတည့်မှုတွေ ကာကွယ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကလေးများတွင် ထိုအကျင့်ကိုလက်ခံသင့်ဟု ရလဒ်တွေက အကြံမပြုထားသော်လည်း လူကြီးဘဝမှာ ဖြစ်လာနိုင်မယ့် ဓါတ်မတည့်မှုတွေကို ကာကွယ်နိုင်မယ်လို့တော့ ပြောထားပါတယ်။   ခံတွင်းရှိပိုးမွှားတွေက ကိုယ်ခံအားပေါ်မှာသက်ရောက်မှုတွေရှိတယ်လို့ နှစ်သုံးဆယ်စာ သုတေသနတွေက ပြောထားပါတယ်။ နယူဇီလန်ရှိ ကျွမ်းကျင်သူများက လက်မ စုပ်တတ်သော သို့မဟုတ် လက်သည်းကိုက်တတ်သော ကလေးများဟာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ပြောကြပါတယ်။ သုတေသနသမား တွေကလည်း ငယ်ရွယ်စဉ်အခါမှာ ပိုးမွှားများနဲ့ ထိတွေ့ခြင်းက နောင်မှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေတွေ လျော့နည်းသွားစေတယ်ဆိုတဲ့ အချက်ကို ထောက်ခံကြပါတယ်။ ကျွမ်းကျင်သူတွေက ၁၉၇၂၊ ၁၉၇၃ နယူးဇီလန်မှာ မွေးသော ကလေး၁၀၀၀ကျော်မှ ယူထားပြီး လေ့လာနေဆဲဖြစ်သော (Dunedin […]


အခြားကလေးကျန်းမာရေးပြဿနာများ

အစားကြေးများတဲ့ကလေးဟာ မျိုးရိုးကြောင့်ဖြစ်နိုင်

ကလေးတွေကို အာဟာရပြည့်ဝတာတွေကျွေးပါရဲ့သားနဲ့ သိပ်မကြာခင်မှာ အမှိုက်ပုံးထဲရောက်သွားတာ ဘာကြောင့်ပါလဲ။ ဒါဟာမိဘတွေအတွက် အကြီးမားဆုံး စိတ်ညစ်စရာပါ။ လမ်းလျှောက်ခါစကလေးကို ပြုစုပျိုးထောင်ရခြင်းမှာ အစားကြေးများတတ်ခြင်းကလည်း ဒွန်တွဲနေပါတယ်။ တစ်ခါတစ်လေမှာ ကလေးဟာ အစားအသောက်ကိုလည်း စိတ်မဝင်စား၊ အသစ်အဆန်းတွေလည်း မစမ်းသပ်ချင်ဖြစ်နေတာက မိဘတွေအပြစ်သာဖြစ်လာပါတော့တယ်။ အစာကျွေးချိန်ကို စိုးရိမ်နေကြတဲ့မိဘတွေအတွက် ကလေးတွေအစားအသောက်ပျက်လာရခြင်းရဲ့ ရှင်းလင်းချက်တစ်ခုရှိပါတယ်။ ဒါကတော့ မျိုးရိုးနဲ့ဆိုင်ပါတယ်။ မျိုးရိုးဗီဇထဲမှာ ရှိသလား။ ဒါက ကလေးတစ်ယောက်ကို ဘယ်လိုကြီးပြင်းအောင် မွေးမြူသလဲဆိုတာနဲ့ ကလေးရဲ့အစားအသောက်အပေါ်မှာထားတဲ့ သဘောထးကိုကြည့်ရပါတယ်။ အစားအသောက်ကို ငြင်းဆန်ခြင်းဟာ မျိုးရိုးဗီဇရဲ့သက်ရောက်မှုတစ်ခုပါ။ မိဘတွေအနေနဲ့ ကလေးအစားကြေးများခြင်းဟာ သူတို့အပေါ်လုံးဝတာဝန်ရှိတယ်လို့ မတွေးစေချင်ပါဘူး။ ပတ်ဝန်းကျင်ကလည်း သက်ရောက်နိုင်ပါတယ်။ မိဘတွေက ပတ်ဝန်းကျင်ကို အသက်ငယ်တုန်းပြောင်းလဲပေးနိုင်ရင် ကလေးက အစားအသောက်စားဖို့နဲ့ အသစ်အဆန်းတွေကို ဂရုစိုက်တတ်သွားမှာါ။ ကလေးတိုင်းလိုလို အချိုအရသာ၊ နို့အရသာကို ပိုပြီးနှစ်သက်သဘောကျပါတယ်။ တခြားအရသာကို ပြောင်းလဲလိုက်ခြင်းဟာ တဖြည်းဖြည်းဖွံ့ဖြိုးလာတဲ့ အပြောင်းအလဲတစ်ခုပါပဲ။ ကလေးအနေနဲ့ အစားအသောက်ကြေးများလို့ မိဘတွေစိတ်ညစ်နေစရာ မလိုပါဘူး။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါတွေက ဘာတွေလဲ

လူကြီးတွေလိုမျိုးပဲ ကလေးတွေဟာလည်း သူတို့ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လူကြီးတွေမှာလိုပဲ ကလေးတွေမှာ စိတ်ရောဂါလက္ခဏာတွေဟာ တိကျမှုမရှိတာကြောင့် ရောဂါရှိကြောင်း သိရှိဖို့ ခက်ခဲပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါအတော်များများဟာ မွေးရာပါဖြစ်ပါတယ်။ မိဘတွေက ကလေးမှာ ဖြစ်နိုင်တဲ့ စိတ်ရောဂါတွေ၊ လက္ခဏာတွေနဲ့ ကာကွယ်ခြင်းတွေကို နားလည်ပြီး ကလေးတွေကို သဘာဝအတိုင်း ကြီးထွားလာအောင် ကာကွယ်ပေးသင့်ပါတယ်။ ကလေးတွေမှာဖြစ်တဲ့ စိတ်ရောဂါလက္ခဏာတွေက ဘာတွေလဲ။ စိတ်ပူခြင်း ဒီရောဂါဟာ လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာ လက္ခဏာတူညီခြင်းမရှိပါဘူး။ တကယ်လို့ သင့်ကလေးက အချို့အရာတွေ၊ အဖြစ်အပျက်တွေကို ကြောက်ရွံ့၊ စိုးရိမ်မှုနဲ့ တုန့်ပြန်တယ်ဆိုရင်၊ ငိုရင်၊ အာခေါင်ခြစ်အော်ရင် ဒါဟာ စိတ်ရောဂါ လက္ခဏာ တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ တခါတရံမှာ ပြင်းထန်တဲ့ အခြေအနေတွေမှာ စိတ်လှုပ်ရှားခြင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း၊ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးအနိုင်ကျင့်ခြင်း လက္ခဏာများ

Child abuse ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေကို အနိုင်ကျင့်ခြင်း ဖြစ်ပါတယ်။ Child abuse ဟာ မသိသာတာကြောင့် လျစ်လျူရှုခြင်း၊ ကလေးကို ဂရုမစိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒ့ါပြင် အနိုင်ကျင့်ခံရတဲ့ကလေးတွေဟာ သူတို့ကို ဘာဖြစ်နေတယ်ဆိုတာကို အခြားသူတွေကို ပြောနိုင်ခြင်း မရှိပါဘူး။ အချို့ကလေးတွေဟာ အနိုင်ကျင့်ခြင်း အကြောင်းကို နားမလည်ကြပါဘူး။ လူကြီးသတိမထားမိရင် ကလေးတွေဟာ အကူအညီကင်းမဲ့တတ်ကြပါတယ်။ ဒါကြောင့် မိဘတွေက Child abuse အကြောင်းကို သေချာစွာ နားလည်ဖို့လိုအပ်ပြီး သူ့လက္ခဏာတွေနဲ့ ကလေးကို ဘယ်လိုထောက်ပံ့ပေးရမလဲဆိုတာပါ သိရှိဖို့ လိုအပ်ပါတယ်။ Child abuse ရဲ့ အဖြစ်များတဲ့ အမျိုးအစားတွေက ဘာတွေလဲ။ Child abuse ဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်ခြင်း ထက်ပိုပါတယ်။ ကြမ်းတမ်းစွာ ဆက်ဆံခြင်းကြောင့် ဖြစ်တဲ့ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

Circumcision For Children (ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း)

ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း ဆိုတာဘာလဲ လိင်တံ အရေပြားဖြတ်ခြင်း ဆိုတာ ယောက်ျားတန်ဆာရဲ့ ထိပ်ပိုင်းကို ဖုံးအုပ်ထားတဲ့ အရေပြားကို ခွဲစိတ်ပြီး ဖြတ်တောက်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ တချို့ဒေသတွေမှာ အရေပြားဖြတ်ခြင်းကို မွေးခါစကလေးတွေမှာ လုပ်ဆောင်တတ်ကြပါတယ်။ ကြီးမှလုပ်လည်း ရပါတယ်။ တချို့မိသားစုတွေမှာ ဘာသာရေးထုံးတမ်းအရ လုပ်ဆောင်ကြပါတယ်။ ဒါ့အပြင် အရေပြားဖြတ်ခြင်းက လိင်အင်္ဂါသန့်ရှင်းရေး အလွယ်တကူ လုပ်နိုင်ခြင်းနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကျဆင်းစေခြင်း စတဲ့ကောင်းကျိုးတွေ ရှိပါတယ်။ ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း ဘာကြောင့် လုပ်ဆောင်သလဲ အောက်ပါ အခြေအနေတွေမှာ လုပ်ဆောင်ပါတယ်။ ဆေးပညာရှုထောင့်။ -ပန်းငုံခြင်း (အရေပြား မပွင့်နိုင်ခြင်း) -Balanitis xerotica obliterans (ပန်းငုံခြင်းနဲ့ ဆီးလမ်းကြောင်းကျဉ်းခြင်းကို ဖြစ်စေတဲ့ အရေပြားရောဂါ) -ရောဂါပိုး ကူးစက်မှု မကြာခဏဖြစ်ပွားခြင်း ဘာသာရေးရှုထောင့်။ အာဖရိကမှ လူမျိုးစုများနဲ့ ကမ္ဘာအနှံ့က လူမျိုးအချို့ဟာ ဘာသာရေးထုံးတမ်းအရ အရေပြားဖြတ်ခြင်းကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ

အသုံးများလာတဲ့ကျောပိုးအိတ် ကျောပိုးအိတ်တွေကို အရောင်အသွေးစုံစုံလင်လင်၊အရွယ်အစားအမျိုးမျိုး။ အသားအမျိုးမျိုး၊ဒီဇိုင်းအမျိုးမျိုးနဲ့ ထွက်ရှိနေတာကြောင့် ကလေးတွေဟာသူတို့ရဲ့ အသက်အရွယ်နဲ့ အလိုက်ရွေးချယ်နိုင်သလို သူတို့နှစ်သက်တဲ့ဒီဇိုင်းတွေကိုလည်းရွေးချယ်နိုင်ပါတယ်။ ကျောပိုးအိတ်တော်တော်များများမှာကျောင်းသားတွေအနေနဲ့ စာအုပ်တွေနဲ့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူဆောင်လို့အဆင်ပြေစေဖို့ အကန့်တွေအများအပြားထည့်သွင်းပြုလုပ်ထားပါတယ်။ဘေးလွယ်အိတ်တွေ၊စလွယ်သိုင်းလွယ်လို့ရတဲ့ အိတ်တွေ၊ လက်ကနေပိုက်လို့ရတဲ့ အိတ်တွေ နဲ့ကျောပိုးအိတ်တွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ သန်မာတဲ့ကြွက်သားတွေဖြစ်တဲ့နောက်ကျောကြွက်သွား နဲ့ ဝမ်းဗိုက်ကြွက်သားတွေက အိတ်ရဲ့အလေးချိန်ကိုထောက်ပံ့ပေးနိုင်တာကြောင့်ကျောပိုးအိတ်လွယ်တာက အခြားအိတ်တွေထက် ပိုအဆင်ပြေပါတယ်။ ကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်နဲ့လွယ်မယ်ဆိုရင်ကျောပိုးအိတ်ရဲ့အလေးချိန်က ခန္ဓါကိုယ်တစ်ခုလုံးအပေါ်မှာ သက်ရောက်မှာဖြစ်ပြီး အခြားအိတ်တွေလွယ်သလိုမျိုး ပခုံး၊ဂုတ်ပိုးတွေအပေါ်မှာ ဝန်ပိတာမျိုးဖြစ်ပေါ်နိုင်ခြေကိုလျော့ကျစေပါတယ်။ တကယ်လို့များကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်မလွယ်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အရမ်းလေးလံအောင်ပစ္စည်းတွေထည့်ပြီးလွယ်ရင်ပဲဖြစ်ဖြစ် ကြွက်သားတွေနဲ့အဆစ်တွေအပေါ်မှာ ဝန်ပိတာမျိုးနဲ့ ခါးနာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆရာဝန်တွေနဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ကလေးတွေကို သူတို့ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထက်ပိုများတဲ့ကျောပိုးအိတ်တွေကို မလွယ်ခိုင်းသင့်ပါဘူး၊ လို့ အကြံပြုထားပါတယ်။လေးလံတဲ့ကျောပိုးအိတ်ကို ပခုံးပေါ်မှာ ပုံသဏ္ဍန်မှန်မှန်မထားဘူးဆိုရင် အိတ်ရဲ့အလေးချိန်က ကလေးကိုနောက်ကိုဆွဲနေသလိုဖြစ်နေမှာဖြစ်ပါတယ်။ အလေးချိန်များလွန်းတဲ့ကျောပိုးအိတ်ကြောင့် ကလေးတွေမှာ လက်ပျဉ်ကိုင်းတာနဲ့ ခါးကိုင်းတာမျိုးတွေဖြစ်ပေါ်ခံစားရလာနိုင်ပါတယ်။ကျောရိုးပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဝန်ပိမှုက ပခုံး၊ဂုတ်ပိုးနဲ့ခါးနာတာတွေကိုဖြစ်ပေါ်စေပါတယ်။ ပခုံးတစ်ဖက်တည်းမှာပဲကျောပိုးအိတ်ကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးရဲ့အရပ်နဲ့ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်အချက်တွေက သက်ရောက်မှုရှိနေသလဲ

ကလေးရဲ့အရပ်နဲ့ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်အချက်တွေက သက်ရောက်မှုရှိနေသလဲ ကလေးရဲ့အရပ် ပုမလား၊ မြင့်မလား ဆိုတာနဲ့ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိစေတဲ့ အကြောင်းအချက်တွေ အများကြီးရှိပါတယ်။ ယောကျာ်းလေး၊မိန်းကလေးကွဲပြားမှုနဲ့ မျိုးဗီဇကိစ္စရပ်တွေက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ သက်ရောက်မှုကြီးမားတဲ့အရာတွေဖြစ်ပေမယ့် တခြားအချက်တွေကလည်း အရေးပါနေပါတယ်။ ကလေးရဲ့ကြီးထွားမှုနှုန်းက ပုံမှန်နဲ့စတင်ပြီးမှ တဖြည်းဖြည်းနှေးလာတယ်ဆိုရင် ကလေးကြီးထွားမှုနှုန်းပြ ဇယားမှာ ကြည့်ပြီးသိနိုင်ပါတယ်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးနေရာက အရပ်အမောင်းမှာ စတင်နှေးကွေးလာပြီဆိုရင်တော့ စိုးရိမ်စိတ်တွေဖြစ်လာရပါပြီ။ ကြီးထွားမှုနှေးကွေးနေတာက တခြားကျန်းမာရေးပြဿနာများရှိနေလို့လား။ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိစေတဲ့ ကျန်းမာရေးပြဿနာတွေအများကြီးရှိပါတယ်။ အစားအလွန်အကျွံစားခြင်းက ကြီးထွားမှုလွန်ကဲအောင်နှိုးဆွပေးနိုင်ပြီး ကလေးကို အရွယ်နဲ့မလိုက်အောင် အရပ်ပိုရှည်သွားစေ တတ်ပါတယ်။ ကျောက်ကပ်ရောဂါ ဒါမှမဟုတ် အာဟာရဓါတ်မစုပ်ယူနိုင်တဲ့ရောဂါ တို့လို ရောဂါအခြေအနေတွေက ကြီးထွားမှုနှုန်းကို သိသိသာသာနှေးကွေးသွားစေနိုင်ပါတယ်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု အတွက်က သိုင်းရွိုက်ဟော်မုန်းနဲ့ ကြီးထွားမှုဟော်မုန်းတို့က မရှိမဖြစ်အရေးပါပါတယ်။ ကလေးရဲ့ကြီးထွားမှုနှုန်းနဲ့ အရပ်အမောင်းတို့အပေါ် သက်ရောက်စေနိုင်တဲ့ အကြောင်းရင်းအချက်တွေထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။ ကျား/မ လိင်ကွဲပြားမှု ယောကျာ်းလေး၊မိန်းကလေးကွဲပြားမှုက […]


အခြားကလေးကျန်းမာရေးပြဿနာများ

လေထုညစ်ညမ်းခြင်းနှင့် ကလေးစိတ်ဝေဒနာ ဆက်နွယ်မှု

လေထုညစ်ညမ်းစေတဲ့ အရာတွေဟာ လူတွေရဲ့ ကိုယ်ခန္ဓါကျန်းမာရေးကိုသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်။ အသစ်ထုတ်ဝေထားတဲ့ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုတစ်ခုအရ လေထုညစ်ညမ်းမှု ပမာဏနဲ့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်နှုန်းဟာ ဆက်စပ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက် (Nitrogen dioxide) နဲ့ ထိတွေ့ခြင်းဟာ ကလေးတွေမှာ စိတ်ရောဂါဖြစ်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ BMJ ဂျာနယ်မှာ ထုတ်ဝေထားတဲ့ လေ့လာမှုတစ်ခုဟာ ၅၅၀,၀၀၀သော ဆွီဒင် လူငယ်တွေ (အသက် ၁၈ နှစ် (သို့) ထက်ငယ်သူများ) ကို ၃.၅ နှစ်အတွင်း လေထုညစ်ညမ်းစေတဲ့ အရာတွေနဲ့ ထိတွေ့မှုကို လေ့လာထားတဲ့ အဖြေတွေကို အခြေခံထားပါတယ်။ လေ့လာချိန်ပြီးဆုံးသွားချိန်မှာ အချက်အလက်တွေကို Swedish National Register မှာ မှတ်ထားတဲ့ စိတ်ရောဂါကုသဆေးတွေ (ဥပမာ စိတ်ငြိမ်ဆေး၊ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း