အခြားကလေးကျန်းမာရေးပြဿနာများ

သားသားမီးမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာလေးတွေနဲ့ ကာကွယ်နည်း၊ ဂရုစိုက်နည်းလေးတွေကို ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ

အသည်းရောင် အသားဝါက အသံတိတ်ရောဂါ တစ်မျိုးပါ။ အသည်းကို ထိခိုက်စေနိုင်တယ်ဆိုပေမယ့် ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် မပြမချင်း သတိမထားမိတာမျိုး ရှိနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးလေးတွေမှာ အသည်းရောင်ရောဂါ ဖြစ်နေရင် သိထားနိုင်စေဖို့အတွက် ကလေးလေးတွေမှာ ဖြစ်တတ်တဲ့ အသည်းရောင် အသားဝါ လက္ခဏာများ အကြောင်း ပြောပြပေးချင်ပါတယ်။ အသည်းရောင် အသားဝါရောဂါက ကလေးတွေမှာ အရင်က သိပ်အဖြစ်မများပေမယ့် အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားမှုတွေ မြင့်တက်နေပါတယ်။ အထူးသဖြင့် အသက် ၁ နှစ်ကနေ ၁၆ နှစ်ကြားအရွယ် ကလေးတွေမှာ အဖြစ်များပါတယ်။ အသည်းရောင် အသားဝါရောဂါ ဆိုတာ အသည်းရောင် အသားဝါရောဂါဆိုတာ အကြမ်းဖျင်းအနေနဲ့ အသည်းရောင်ရမ်းတာကို ဆိုလိုတာပါ။ ဗိုင်းရပ်စ်တွေ၊ ဓာတုဗေဒပစ္စည်းတွေ၊ ဆေးဝါးတွေ၊ အရက်၊ မိုးဗီဇဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ ကိုယ်ခံအားက အသည်းဆဲလ်တွေကို မှားယွင်းတိုက်ခိုက်မိတာတွေကြောင့် အသည်းရောင်နိုင်ပါတယ်။ အသည်းရောင်တာက […]

အခြားကလေးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

အစာစားချင်စိတ်မရှိတဲ့ ကလေးကို ဘယ်လို ကူညီပေးနိုင်မလဲ

ယနေ့အချိန်ထိလည်း အစာစားပုံမူမမှန်တဲ့ (eating disorders)ရောဂါတွေရဲ့ အဓိကအကြောင်းရင်းကို မသိနိုင်ကြသေးပါဘူး။ ဒါဟာ စိတ်ပိုင်းဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာနဲ့ ပတ်ဝန်းကျင်ပြဿနာတွေ အားလုံးပေါင်းစည်းသွားခြင်းရဲ့ ရလဒ်လည်းဖြစ်နိုင်ပါတယ်။ အကြောင်းရင်းက ဘာပဲဖြစ်နေပါစေ၊ ဒါဟာ ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာတွေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဆီ ဦးတည်စေနိုင်ပါတယ်။ ကလေးတွေဟာ စားချင်စိတ်ဘာဖြစ်လို့အစောကြီးဆုံးရှုံးရတာလဲ။ Anorexia ဟာ ကလေးဘဝမှာ ဒါမှမဟုတ် အရွယ်ရောက်ကာစအခြေအနေမျိုးမှာ အဖြစ်များတဲ့ အစားအသောက်ဆိုင်ရာမူမမှန်မှု ပြဿနာတစ်မျိုးပါ။ အကြောင်းရင်းကတော့ ဝလာမှာကြောက်လို့ ဒါမှမဟုတ် ကျောင်းကအခြားသူငယ်ချင်းတွေ စမှာစိုးလို့ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ မိန်းကလေးငယ်တွေကတော့ ပိုပြီးဖြစ်လွယ်ကြပါတယ်။ anorexia ခံစားနေရတဲ့ထဲကမှ ၅%ကနေ ၁၅%ထိသာ ယောက်ျားလေးတွေဖြစ်တတ်ပါတယ်။ ကလေးတွေရဲ့ စားသောက်မှုဆိုင်ရာ မူမမှန်မှုတွေကို ဖြစ်စေတဲ့ အကြောင်းရင်းလည်း များစွာရှိပါတယ်။ အဖြစ်အများဆုံးတွေကတော့.. - သူတို့တွေ ပိုပိန်လေ ကျန်းမာရေးပိုကောင်းနိုင်လေလို့ အသိအမြင်မှားတာပါ။ - ကလေးတွေအပေါ် သူတို့ပတ်ဝန်းကျင်က သူငယ်ချင်းတွေရဲ့ စကားတွေ၊ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြုစု ပျိုးထောင်ပေးခြင်း

လူကြီးများကဲ့သို့ ကလေးများတွင်လည်း စိတ်ဖိစီးမှု ရှိတတ်ကြသည်။ ကျောင်း၊ လူမှုပတ်ဝန်းကျင်၊ မိသားစု ပဋိပက္ခများသည် ကလေးများအား ဝန်ထုတ်ဝန်ပိုးဖြစ်စေ၍ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်ပါသည်။ မိဘများအနေဖြင့် ကလေး၏ စိတ်ဖိစီးမှုကို ကျန်းမာပျော်ရွှင်စေသော နည်းလမ်းများဖြင့် ကူညီဖြေရှင်း ပေးနိုင်ကြပါသည်။ သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် ပြုစု ပျိုးထောင်ပေးခြင်း သင့်ကလေးအား စိတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်ရှိအောင် အခုလို ပြုစု ပျိုးထောင်ပေးလို့ ရအောင်ပါ။ သင့်ကလေး၏ စိတ်ဖိစီးမှုကို သတိထားမိကြောင်းပြောပြပါ။ သင့်ကလေး တစ်ခုခုဖြစ်နေသည်ဟု သတိထားမိလျှင် ကလေးနှင့် စကားပြောဆို ကြည့်သင့်ပါသည်။ သင့်ကလေး၏ စိတ်ဖိစီးမှုကို ရုတ်တရက် သတိထားမိလိုက် သကဲ့သို့ လိမ္မာပါးနပ်စွာ ပြောဆိုကြည့်သင့်သည်။ ထိုအခါ သူတို့ကို ဂရုစိုက်သည်ဟု ခံစားရလာလိမ့်မည်။ အချိန်ပြည့် အချိန်ဇယားများ ဆွဲပေးထားခြင်းမျိုး မလုပ်ပါနှင့်။ ကျောင်း၌ နာရီများစွာ တက်ရသည့်အပြင် အချိန်ပိုများ၊ အိမ်စာများ စသည်တို့ဖြင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင် မျက်ရည်ကြောင်းပိတ်ခြင်း

ပုံမှန်မျက်ရည်ဖြစ်ပေါ်ခြင်းနှင့် မျက်ရည်လမ်းကြောင်း ပိတ်ခြင်း အညစ်အကြေး အမှုန်အမွှားများကို ကာကွယ်ဖို့ မျက်လုံးမှာ စိုစွတ်တဲ့ မျက်ရည်ပြင် အလွှာ၃လွှာ ပါဝင်ပါတယ်။ ပထမဆုံး အဓိကအလွှာကတော့ မျက်လုံးအပေါ်ပိုင်းမှာရှိတဲ့ မျက်ရည်ဂလင်းက စီးထွက်လာပါတယ်။ မျက်တောင်ခတ်တဲ့အချိန်မှာ မျက်ခမ်းဟာ မျက်ရည်များကို မျက်လုံးမျက်နှာပြင်ပေါ် ပျံ့နှံ့သွားစေပါတယ်။ ဒုတိယအရည်ပြင်ကတော့ အဆီပါတဲ့အလွှာဖြစ်ပြီး မျက်ခမ်းမှာရှိတဲ့ မိုင်ဘိုးမီးယန်းလို့ခေါ်တဲ့ ဂလင်းကနေ လာပါတယ်။ နောက်ဆုံးအလွှာကတော့ အပါးလွှာဆုံးဖြစ်ပြီး မျက်ကြည်လွှာကို အာဟာရဓါတ်ပေးတဲ့အပြင် မျက်လုံးမျက်နှာပြင်မှာ မျက်ရည်ဓါတ်ကို မြဲစေပါတယ်။ ပုံမှန်အခြေအနေမှာ မျက်လုံးကနေ မျက်ရည်ထုတ်ပေးပြီး မျက်ရည်အိတ်ထဲကို မျက်ရည်ကြောလေးတွေကနေ သွားပါတယ်။ အဲဒီကတဆင့် မျက်ရည်လမ်းကြောင်းနဲ့ နှာခေါင်းထဲကို စီးပါတယ်။ တကယ်လို့ မျက်ရည်လမ်းကြောင်း ကောင်းကောင်း မစီးရင် ပိတ်ဆို့မှု ဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပေမယ့် မွေးကင်းစနဲ့ ပုခက်တွင်းနေ အရွယ်တွေဟာ ပိုဖြစ်တတ်ပါတယ်။ ဘယ်အရာတွေက မျက်ရည်လမ်းကြောင်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

ညီအကိုမောင်နှမများ ပြိုင်ဆိုင်မှုများအား ကိုင်တွယ်ခြင်း

ပဋိပက္ခ စဖြစ်လာရင် ဘာလုပ်မလဲ အများစု ယုံကြည်တဲ့အချက်နဲ့ မတူတာကတော့ ကျွမ်းကျင်သူများက အကြံပြုတာဟာ မိဘများအနေနဲ့ မိမိကလေးများ အချင်းချင်းရန်ဖြစ်တဲ့အခါ လူအများနဲ့ သက်ဆိုင်တဲ့နေရာ မဟုတ်ရင်၊ အန္တရာယ် ကြီးကြီးမားမား မဖြစ်လောက်ရင် စောစီးစွာ ဝင်ဟန့်တာမျိုး မလုပ်ရဘူးလို့ ဆိုပါတယ်။ ကလေးများ စကားများရန်ဖြစ်တာကို လုံးလုံး ခွင့်မပြုခြင်းဟာ သူတို့ရဲ့ကိုယ်ပိုင် ပြသနာဖြေရှင်းနိုင်စွမ်းကို အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးများရဲ့ စိတ်ထဲမှာ စွဲသွားမှာက ပြသနာတခုခုကြုံမယ်ကြံတိုင်း တယောက်ယောက်က လာပြီး ကူညီ ကယ်တင်နိုင်လိမ့်မယ် ဆိုတာပါပဲ။ နောက်တချက်က ကလေးတယောက်ဟာ ကျန်တဲ့တယောက်ထက် ပိုပြီး မျက်နှာသာ ပေးခံရတယ်လို့ မှားယွင်းပြီး နားလည်သွားနိုင်ပါတယ်။ ကလေးများကို သူတို့ဖာသာ ပြသနာဖြေရှင်းစေတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ရောက်ဟန့်တားဖို့ လိုအပ်ရင် အောက်ပါအချက်တွေကို စဉ်းစားရပါမယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ ဓါတ်လိုက်ခြင်း

ဓါတ်လိုက်ခြင်းနဲ့ ပတ်သက်တဲ့ မတော်တဆ ဖြစ်ရပ်တွေဟာ ၁၉၉၇မှာ ကလေးပေါင်း ၆၀၀၀ ကျော်ကို ဆေးရုံကိုရောက်စေခဲ့ပါတယ်။ ဓါတ်လိုက်ခြင်းနဲ့ ပတ်သက်တဲ့ ဒဏ်ရာတွေရဲ့ ၇၀%ဟာ လျှပ်စစ်မီးကြိုးတွေ၊ ပလပ်ပေါက်တွေကို ကိုင်တွယ်ကစားတဲ့ ၅နှစ်အောက် ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ ကလေးဟာ အိမ်သုံးပစ္စည်းတွေကို ထိရုံပဲထိမိရင် လက်ကိုပြန်ဆွဲနိုင်ပြီး ဆိုးရွားတဲ့ အန္တရာယ်မဖြစ်တတ်ပါဘူး။ ဒါပေမယ့် ရေထဲမှာ မတ်တပ်ရပ်မိနေချိန်ကိုင်မိရင်၊ ဝါယာကြိုးကို ကိုက်မိရင် လျှပ်စစ်စီးကြောင်းဟာ သွေးကြောနဲ့ အာရုံကြောတွေကို ဖြတ်စီးသွားပြီး သတိလစ်တာတွေ၊ နှလုံးခုန်ရပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓါတ်လိုက်တဲ့ ကလေးတွေကို ဘယ်လို ရှေးဦးပြုစုမယ်ဆိုတာ သိထားသင့်ပြီး မဖြစ်အောင်လည်း ကြိုတင်ကာကွယ်သင့်ပါတယ်။ ဓါတ်လိုက်ခြင်းဆိုတာ ဘာလဲ လူတယောက်ဟာ လျှပ်စစ်ဓါတ်နဲ့ ထိတွေ့ရင် ဓါတ်လိုက်တတ်ပါတယ်။ လျှပ်စစ်စီးကြောင်းဟာ ကိုယ်ခန္ဓါကို ဖြတ်စီးသွားပြီး ရှော့ဖြစ်စေပါတယ်။ ကလေးတွေဟာ လျှပ်စစ်ဓါတ်တွေနဲ့ ထိတွေ့မိတဲ့အခါ […]


အခြားကလေးကျန်းမာရေးပြဿနာများ

မိမိကိုယ်ကိုသေကြောင်းကြံစည်မှုအကြောင်း သင့်ကလေးကို ပြောပြဖို့ နည်းလမ်းများ

အင်တာနက်ဆိုဒ်တွေမှာ မိမိကိုယ်ကိုသေကြောင်း ကြံစည်တဲ့ ဂိမ်းအမျိုးအစားတွေကို တွေ့နိုင်ပြီး သူတို့ဟာ မိမိကိုယ်ကို သတ်သေခြင်းကို နောက်ဆုံးဦးတည်ချက် လုပ်ပေးထားတတ်ပါတယ်။ Suicide game ဆိုတဲ့ စကားလုံးကို အင်တာနက်မှာ ရှာကြည့်ရင် တစက္ကန့်မှာ ၅၆.၃၀၀.၀၀၀ ထက်များတဲ့ ရလာဒ်တွေ ပေါ်လာတာကို တွေ့နိုင်ပါတယ်။ ယနေ့အခါမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကလေးတွေဟာ မိမိကိုယ်ကို သေကြောင်းကြံလာနိုင်တဲ့ အခွင့်အလမ်းတွေ တွေ့လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးမှာ မိမိကိုယ်ကို သေကြောင်းကြံလိုတဲ့ အတွေးအမြင်တွေ ပေါ်လာရင် ပြောဆိုရှင်းပြရပါမယ်။ လက္ခဏာများကို သတိပြုမိခြင်း FACTS ဆိုတဲ့ စကားလုံးဟာ သင့်ကလေးမှာ သေကြောင်းကြံလိုစိတ် ဖြစ်မဖြစ် သိနိုင်မယ့် အတိုကောက်စာလုံးတွေ ဖြစ်ပါတယ်။ F=Feeling ခံစားမှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ တန်ဖိုးမဲ့ခြင်း၊ ဆုံးရှုံးမှုအတွက် ကြောက်ရွံ့ခြင်းနဲ့ သင့်ကလေးကို အရင်နဲ့မတူ ကွဲပြားတဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက စိတ်ချရလား

1890ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက အခန်းကဏ္ဍတစ်ခုအဖြစ် ပေါ်ထွက်လာပါတယ်။ နှစ်ပေါင်း 120ကြာပြီးနောက် (ဒီနေ့ခေတ်)မှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နိုင်ငံပေါင်း100ကျော်မှာ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ကလေးတွေနဲ့ ပတ်သက်ပြီး အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက ဆွေးနွေးစရာကိစ္စကြီးတစ်ခု ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဆေးဝါးကုသမှုနဲ့ သိပ္ပံနည်းကျအထောက်အကူတွေ မပါလို့ဘဲ ဖြစ်ပါတယ်။   အာရုံကြောစနစ်နဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်း အာရုံကြောစနစ်က ကျွန်ုပ်တို့ကိုယ်ရဲ့ လှုပ်ရှားမှုအားလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောတွေကြားက ဆက်သွယ်မှုက မသေချာဘူး၊ ယိုယွင်းနေတယ်၊ ပျက်စီးနေတယ်ဆိုရင် ဆက်သွယ်မှုနဲ့ ဆက်စပ်နေတဲ့အရာအားလုံး မှားယွင်းသွားနိုင်ပါတယ်။ ကလေးတွေမှာ လေထိုးလေအောင့်၊ မအီမသာဖြစ်ခြင်း၊ နို့်မစို့နိုင်ခြင်း၊ မနက်စာမစားခြင်း၊ အအိပ်နည်းခြင်း၊ ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ အစာခြေရခက်ခြင်း၊ ရင်ကြပ်ခြင်း၊ အပြုအမူပြောင်းလဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

မိဘသွေးအမျိုးအစားက ကလေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

လူသားတွေမှာ အဓိကအားဖြင့် ABO blood group system နဲ့ Rh (Rhesus) blood group system ရယ်ဆိုပြီး အဓိကသွေးအုပ်စုတွေ သတ်မှတ်ထားတာရှိပါတယ်။ တကယ်လို့ သင့်ရဲ့သွေးအမျိုးအစားက A Rh (အတိုကောက်ပြောပြရင် A positive) ဆိုပါက သင်ဟာ ABOသွေးအမျိုးအစားအုပ်စုမှာ Aသွေးအမျိုးအစားဖြစ်ပြီး Rhသွေးအုပ်စုအမျိုးအစားမှာ Rh positiveဖြစ်ပါတယ်။ မိဘရဲ့ ABO သွေးအမျိုးအစားအုပ်စု မတူတာကြောင့် ကလေးရဲ့ကျန်းမာရေးအပေါ်မျာ ထိခိုက်မှုမရှိပေမယ့် ဖခင်ဖြစ်သူက Rh positiveဖြစ်နေပြီး မိခင်က Rh negativeဖြစ်နေမယ်ဆိုရင်မွေးဖွားလာမယ့် ဒုတိယမြောက်ကလေးမှာ Rhဝေဒနာဖြစ်နိုင်ခြေရှိပါတယ်။ ဘာတွေဖြစ်နိုင်သလဲ။ ဖခင်ဖြစ်သူရဲ့သွေးအမျိုးအစားက Rh positiveဖြစ်ပြီး မိခင်ရဲ့သွေးအမျိုးအစားက Rh negativeဖြစ်နေမယ်ဆိုရင် ကလေးရဲ့သွေးအုပ်စုအမျိုးအစားက Rh positiveဖြစ်နိုင်ခြေရှိပါတယ်။ ပထမဆုံး သားဦးကလေးကိုမွေးဖွားချိန်မှာ မိခင်က ကလေးရဲ့သွေးအမျိုးအစားနဲ့ ထိတွေ့မိပြီး မိခင်ရဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

မွေးချင်းမရှိလို့ ပေါင်းသင်းဆက်ဆံရေးမကောင်းမှာ ပူပန်နေပါသလား

တဦးတည်းသောသား၊တဦးတည်းသောသမီးတွေဟာ အများအားဖြင့် မိဘက အလိုလိုက်ခံထားရပေမယ့် လူမှုပေါင်းသင်းဆက်ဆံရေးမှာ ညံ့ဖျင်းတာမျိုး မရှိပါဘူး။ သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်နေထိုင်ပေါင်းသင်းတတ်ခြင်းနဲ့ ညီအကိုမောင်နှမ ရှိမရှိအကြားမှာ ဘာဆက်စပ်မှု၊သက်ရောက်မှုမှ မရှိဖူးလို့ လေ့လာချက်တွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ မိသားစုတွေရဲ့ အရွယ်အစားဟာ တဖြည်းဖြည်းနဲ့ သေးသေးလာပါတယ်။ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မိသားစုတွေရဲ့ အရွယ်အစား သေးငယ်လာတာနဲ့အမျှ ကလေးတွေရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကတော့ ပိုမိုမြင့်တက်လို့ လာပါတယ်။ မိသားစုအရွယ်အစားသေးလာတယ်ဆိုတဲ့ အဓိပ္ပါယ်က ကလေးတွေအနေနဲ့ မွေးချင်းမရှိဘဲ ကြီးပြင်းလာရမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ မွေးချင်းမရှိတဲ့ ကလေးတွေဟာ ညီအစ်ကိုမောင်နှမတွေနဲ့ ပြောဆိုဆက်ဆံရတာမျိုးမရှိတဲ့အတွက် ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းတတ်တယ်လို့ အများက ယုံကြည်ထားကြပါတယ်။   တဦးတည်းသော သား/သမီးဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေ တဦးတည်းသော သား/သမီးတွေဟာ တကိုယ်ကောင်းဆန်တယ်၊အပေါင်းအသင်းမရှိဘူး၊ကြီးကျယ်တယ်၊ဘာမှမလုပ်တတ် မကိုင်တတ်ဖူး အစရှိသဖြင့် နှစ်ပေါင်းများစွာတိုင်အောင် ယူဆခြင်းခံထားရပါတယ်။ မွေးချင်းမရှိသူတွေအားလုံး ဒီပုံစံတွေချည်းပဲလို့ ယူဆလက်ခံထားသူတွေ အခုထိလည်း ရှိနေတုန်းပါပဲ။ ဒါပေမယ့် လေ့လာချက်အများအပြားအရ […]


အခြားကလေးကျန်းမာရေးပြဿနာများ

မိဘများအနေဖြင့် သားသမီးများအပေါ်တွင် အာဏာသုံးခြင်းဖြင့် သက်ရောက်လာနိုင်သည့် အခြေအနေများ

ကလေးများသည် အသက် ၂ နှစ်အရွယ်လောက်မှစတင်ပြီး ကိုယ့်သဘောနှင့်ကိုယ်ပြုမူနေထိုင်ရန် ကြိုးပမ်းခြင်းတို့ဖြစ်လာသောအခါ အများစုသောမိဘများသည် ထိုအခြေအနေနှင့် ရင်ဆိုင်လာကြသည်။ ထိုအခြေအနေသည် မိဘနှင့် သားသမီးကြားထဲတွင် အားပြိုင်မှုတခုဖြစ်လာသည်။ ယင်းသို့ဖြစ်ခြင်းသည် မိဘများအတွက်မူ စိန်ခေါ်မှုကြီးတရပ်ဖြစ်နိုင်ပြီး ထိုစိန်ခေါ်မှုသည် သူတို့သားသမီး ကလေးဘဝမှ ဆယ်ကျော်သက်အထိ ရင်ဆိုင်ရတတ်ပါသည်။ ထိုသို့ရုန်းကန်နေရသော ကာလများတွင် မိဘများအနေဖြင့် ကလေးများတွင် ဝင်လာစေမည့် မကောင်းသော အမြင်နှင့် အတွေးအခေါ်များကို ပြောင်းလဲပေးခြင်း၊ ကောင်းသော အပြုအမူများရှိလာအောင်း လေ့ကျင့်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးရပါသည်။   ကလေးငများကို အာဏာသုံးခြင်း ရှောင်ကြဉ်ပါ။ ကလေး၏အပြုအမူများကို မကောင်း ဟုယူဆပြီး သင်သည် အတင်းကာရော ပြုပြင်စေခြင်းကို ပြုမည့်အစား ထိုသို့အမူအရာများပြောင်းလဲလာခြင်းသည် ကလေးများကျန်းမာခြင်း ကြောင့် တိုးတက်မှုဖြစ်စဉ်တခုဖြစ်ခြင်းဟု ခံယူပြီး သူတို့ကို ပြုမူခွင့်ပေးထားလိုက်ပါ။ မိဘများက မိမိဖြစ်စေချင်သော အရာများကို အာဏာသုံပြီး ပြုပြင်ခိုင်းလိုက်လျှင် သူတို့စိတ်ထဲတွင် သူတို့သည် မည်သည့်အရာကိုမှ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း